Saturday, November 28, 2015

ဒီ ေ န ့ က် ေ နာ် အ မု န်း ဆုံး က မ အ လ ပဲ ဖြ စ် တ ယ် အေ မ



ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
မ အ လ ရေ
မ အ လ။
မ ဆ လ သေသွားပြီ
မ ဆ လ အနွယ်တွေလည်းသွားရှာပေါ့ ။
န အ ဖ သေသွားပြီ
န အ ဖ အနွယ်တွေလည်းသွားရှာပေါ့ ။
ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
မ အ လ ရေ
မ အ လ။
ခင်ညွန့် မသေသေးဘူး
ခင်ညွန့် ဝင်စားတွေပေါ်နေပြီ။
၁/၉၀ မမေ့သေးဘူး
၁/၂၀၁၆ တွေကြံစည်နေပြီ။
ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
မ အ လ ရေ
မ အ လ။
လောက်ကိုင်မှာ
မျောက်မှိုင်မှိုင်တာအရေးမကြီးဘူး။
ရွေးကောက်ပွဲ
ခွေးခလောက်ဆွဲသလိုမလုပ်နဲ့ ။
ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
မ အ လ ရေ
မ အ လ။
ပျော်ရွှင်မှုတွေ
ဒေါ်ကျင်ပုဆီမရောက်သေးဘူး။
ရွေးကောက်ပွဲ
ခွေးခလောက်ဆွဲသလိုမလုပ်နဲ့ ။
ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
မ အ လ ရေ
မ အ လ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်။
ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
မ အ လ ရေ
မ အ လ။
မ အ လ တွေ ကျဆုံးပါစေ။
မ အ လ ရေ
မ အ လ။
မ အ လ တွေ ကျဆုံးပါစေ။
ဒီနေ့ ကျနော်အမုန်းဆုံးက မ အ လ ပဲဖြစ်တယ်။
ဒီနေ့ ကျနော်အမုန်းချင်ဆုံးကလည်း မ အ လ ပဲဖြစ်တယ်အမေ။ ။

( လူ ထူ အေ မ နှ စ် တ စ် ရာ ပြ ည့်  ေ မြ း ေ န ့ သို ့ )

 အေမ့သား
ေ အ ာ င္ ေ ၀ း
နိုဝင်ဘာ ၂၇၊ ၂၀၁၅။

Wednesday, November 18, 2015

အ သ ည်း ကွဲ သူ ပု န် ကြီး





ဟုတ်တယ် ကိုပေါက်
ခင်ဗျားဟာ
တကယ့်ကို အသည်းကွဲသူပုန်ကြီးပါ။

ခုတော့
အသည်းကွဲသူပုန်ကြီးက
ကျနော်တို့ ကို ထားခဲ့ပြီပေါ့ ။

မကြည်ရေ
ရောင်နီမလာခင်
အမှောင်ကို သူ ထွန်းညှိခဲ့ပေါ့ ။

ဖြူဖွေးရေ
လက်နက်ကိုင်တဲ့လက်က
ကဗျာကို သူ ရေးခဲ့ပေါ့ ။

ခုတော့
အသည်းကွဲသူပုန်ကြီးရေ
သွားပေဦးတော့။

ဘိုကလေးမြို့ ကလေးရေ
အသည်းကွဲ သူပုန်တစ်ယောက်
လက်နက်ကိုင် ကဗျာဆရာတစ်ယောက်ရဲ
ဝိညာဉ်ကို
ဝမ်းမြောက်ဝမ်းသာ ယူငင်ထားလိုက်ပါတော့။

(ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်ထူးဆောင်ကဗျာဆရာ
က ပု လဲ သို … )
  

နိုဝင်ဘာ ၁၈၂၀၁၅။

Friday, November 6, 2015

အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း



(၁၀)

ဓားနဲ ့ခုတ္လို ့
တုတ္နဲ ့ခံမရိုက္နဲ ့
သေနတ်နဲ့ ပြန်ပစ်။

သေနတ်တွေ
နံရံချိတ်တဲ့
"ချက်ကော့ဗ်"ခေတ်ကုန်ပြီ။ ။

(၁၁)

ပွဲပြီးဖို့ ၁၅ စက္ကန့် အလို။
ပရိသတ်က ငြိမ်လို့ ။

(ဒိုင်ကတော့ မရိုးမရွနဲ့ )

ဖရီးကစ်ကန်မယ့်သူက
ဂိုးပေါက်ကို မကြည့်ဘဲ
ပွဲကြည့်စင်ပေါ် မော့ကြည့်လိုက်တယ်။

ဝေါခနဲ
မျက်လုံးတွေ
ဝိုင်းကန်ထည့်လိုက်တာ
ဘောလုံးက
ခြင်္သေ့ပေါင်ကြားက ၀င်သွားရော။

ခရာမှုတ်သံမဆုံးသေးဘူး
တစ်ကွင်းလုံး
ကြယ်တွေဖွေးလို့ ။ ။

ေ အာ င်ေ ၀း (မြန်မာနိုင်ငံကဗျာဆရာ)