Tuesday, September 29, 2020

မ စ် ရွီ ဂ န် မဲ ဇ ာ - ၂ ၆


 

ဒီမိုကေရစီ ထက်
အေရးကြီးတာ
ဘာမွ မရွိ။
သူငယ္ခ်င်းမိုးျမင့်။*
ကိုဗစ် ကို နိုင္မွ
ရြေးကောက္ပြဲ နိုင္မယ်။
ကိုဗစ် ကို ရွုံးရင်
ဘဝမွာ
တစ္ခါပဲ သေမယ်။
ရြေးကောက္ပြဲ ရွုံးရင်
(စစ္ဖိနပ်အောက္မွာ)
အခါခါ သေမယ်။
ကိုဗစ္ကိုလည်း
နိုင်အောင္တိုက်။
ရြေးကောက္ပြဲလည်း
နိုင်အောင္လုပ်။
ကိုဗစ် ကို နိုင္မွ
ရြေးကောက္ပြဲ နိုင္မယ်။
ကိုဗစ် သေမွ
ဒီမိုကေရစီ ရွင္မယ်။
မိုးျမင့်သူငယ္ခ်င်း
မင်းတို့ ငါတို့အတြက်
ဒီမိုကေရစီထက် အေရးကြီးတာ
ဘာမွ မရွိ။    ။

အောင်ဝေး

(၉- ၃၀- ၂၀)
##

မ စ္ ႐ြီ ဂ ႏ္ မဲ ဇ ာ - ၂ ၆
 
ဒီမိုေကရစီ ထက္
ေအရးႀကီးတာ
ဘာမြ မ႐ြိ။
သူငယၡ္င္းမ္ိဳး်မင့္။*
ကိုဗစ္ ကို ႏိုငၼြ
ေျရးေကာၾကၸဲ ႏိုငၼယ္။
ကိုဗစ္ ကို ႐ြံဳးရင္
ဘ၀မြာ
တစၡါပဲ ေသမယ္။
ေျရးေကာၾကၸဲ ႐ြံဳးရင္
(စစၹိနပ္ေအာကၼြာ)
အခါခါ ေသမယ္။
ကိုဗစၠိဳလၫ္း
ႏိုင္ေအာငၱိဳက္။
ေျရးေကာၾကၸဲလၫ္း
ႏိုင္ေအာငႅဳပ္။
ကိုဗစ္ ကို ႏိုငၼြ
ေျရးေကာၾကၸဲ ႏိုငၼယ္။
ကိုဗစ္ ေသမြ
ဒီမိုေကရစီ ႐ြငၼယ္။
မ္ိဳး်မင့္သူငယၡ္င္း
မင္းတို႔ ငါတို႔အၾတက္
ဒီမိုေကရစီထက္ ေအရးႀကီးတာ
ဘာမြ မ႐ြိ။    ။

ေ အ ာ င္ ေ ၀ း

(၉- ၃၀- ၂၀)

Monday, September 28, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၅


 

ကမ္ဘာကြီးက
လှိုင်း စီးနေတယ်။
ပထမလှိုင်း ပြီးတော့
ဒုတိယလှိုင်း။
ပြင်သစ်တွေက
LOCK DOWN ချလို့
ဆန္ဒပြသတဲ့။
MASK တပ်ရင်
အောက်ဆီဂျင် နည်းသတဲ့
အမေရိကန်တွေကလည်း
ဆန္ဒပြ။
ရန်ကုန်မှာ
နောက်ဆုံးတိုက်ပွဲ
ဆင်နွှဲနေတယ်
သူတို့ မသိ။
ခေတ်မီမီ
ကမ္ဘာကြည့် ကြည့်မြင်။
ကိုဗစ်လှိုင်းကို
လူထုလှိုင်းနဲ့
တိုက်မှ ရမယ်။
လူတိုင်းမှာ
အောင်ပွဲက ရှိပြီးသား။    ။

အောင်ဝေး

(၉- ၂၈- ၂၀)

##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၅
 
ကမၻာႀကီးက
လိွဳင္း စီးေနတယ္။
ပထမလိွဳင္း ၿပီးေတာ့
ဒုတိယလိွဳင္း။
ျပင္သစ္ေတြက
LOCK DOWN ခ်လို့
ဆႏၵျပသတဲ့။
MASK တပ္ရင္
ေအာက္ဆီဂ်င္ နည္းသတဲ့
အေမရိကန္ေတြကလည္း
ဆႏၵျပ။
ရန္ကုန္မွာ
ေနာက္ဆုံးတိုက္ပြဲ
ဆင္ႏႊဲေနတယ္
သူတို့ မသိ။
ေခတ္မီမီ
ကမၻာၾကည့္ ၾကည့္ျမင္။
ကိုဗစ္လိွဳင္းကို
လူထုလိွဳင္းနဲ့
တိုက္မွ ရမယ္။
လူတိုင္းမွာ
ေအာင္ပြဲက ရွိၿပီးသား။    ။

ေ အ ာ င္ ေ ၀ း
(၉- ၂၈- ၂၀)

Sunday, September 27, 2020

၅ ၄



အလွမ်းက
အဲဒီက
စတာပဲ။
ဖြတ်သန်းခဲ့တဲ့လမ်း
ပြန် လွမ်းကြည့်တဲ့အခါ
သမိုင်းတစ်ခုလုံး
တိုက်ပွဲတွေချည်းပဲ။
တောင်ကုန်း ၃၂-လုံးကို
သိမ်းပိုက်နိုင်ခဲ့ပြီး
အနီရောင်ရဲတိုက်တစ်ခု
တည်ဆောက်နိုင်ခဲ့တယ်။
တက္ကသိုလ်ရိပ်သာလမ်း
လွမ်းလို့ မဆုံးတော့။    ။

အောင်ဝေး
(စက်တင်ဘာ ၂၇၊ ၂၀၂၀)


##

၅ ၄
 
အလြမ္းက
အဲဒီက
စတာပဲ။
ျဖတ္သန္းခဲ့တဲ့လမ္း
ျပန္ လြမ္းၾကည့္တဲ့အခါ
သမိုင္းတစ္ခုလုံး
တိုက္ပြဲေတြခ်ည္းပဲ။
ေတာင္ကုန္း ၃၂-လုံးကို
သိမ္းပိုက္ႏိုင္ခဲ့ၿပီး
အနီေရာင္ရဲတိုက္တစ္ခု
တည္ေဆာက္ႏိုင္ခဲ့တယ္။
တကၠသိုလ္ရိပ္သာလမ္း
လြမ္းလို့ မဆုံးေတာ့။    ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၂၇၊ ၂၀၂၀)

Saturday, September 26, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၄


 
ဒီမိုကရေစီနိုင်ငံမှာလည်း၊ ဒီမိုကရေစီတော်လှန်ရေးဆိုတာ ရှိသည်။
(၁)
အမေရိကန် အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါး(Bernie Sander)
က ဤသို့နှယ် ဆိုလိုက်သည်။
"This is not just an election between Donald Trump and Joe
Biden.  This is an election between Donald Trump and democracy
_ and democracy must win." (The New York Times, September 24,
2020)
ယခု လာမည့် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲသည်၊ အမေရိကန်
ပြည်သူများအနေဖြင့်၊ လက်ရှီသမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရေစီတို့အကြား
ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲအဖြစ် ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ကြောင်း
ဘာနေဆန်းဒါးက ပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဘာနေဆန်းဒါးမှာ ၂၀၁၆
သမ္မတရွေးကောက်ပွဲတုန်းက၊ ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်
ရာတွင်၊ ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ သူသည် နောင်(၄)ျနှစ်
အကြာ၊ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက်၊ ဒီမိုကရက်ပါတီ သမ္မတလောင်း ရွေးရာတွင်၊ ဂျိုးဘိုင်ဒင်ကို ထပ်မံရှုံးနိမ့်ခဲ့သည်)
ဒါက ဘာကိုပြသလဲဆိုတော့၊ သူတို့ အမေရိကမှာလည်း၊ ဒီမိုကရေစီက တော်လှန်နေရတုန်း ဆိုတာကိုပြသည်။
ထရန့်တက်စက အိမ်ဖြူတော်မှာ ဖြုတ်-ထုတ်-သတ် တွေ များခဲ့သည်။
လူကို သတ်တာတော့ မဟုတ်ပါဘူး။ အဲဒီလူရဲ့နိုင်ငံရေးကို သတ်ပစ်တာပါ။
သမ္မတထရန့်က ထင်ရာစိုင်းသူဖြစ်သည်။ သူထင်ရာ သူပြောသည်။ ကိုဗစ်-
19 ကိစ္စကိုကြည့်။ သူထင်ရာ သူလုပ်သည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ထဲကထွက်ပစ်သည်။ နောက် အရေးကြီးတာတစ်ခု ရှိသေးသည်။ CLIMATE
CHANGE ဒါက်ုလည်း ထရန့်လက်မခံ။ ငြင်းဆန်သည်။ သိပ္ပံပညာကို သူ
အထင်သေးသည်။
ပြီးတော့၊ ထရန့်က ခေါင်းမာသည်။ မနေ့တစ်နေ့က နိုင်ငံတော်တရားရုံးချုပ်
တရားသူကြီးတစ်ဦးဖြစ်သူ မစ္စစ်ဂျင်းစဘတ်ဂ် (Ruth Bader Ginsburg) အသက်(၈၇)နှစ် ကွယ်လွန်သွားသည်။ ရီပတ်ဗလီကင်အမတ်တချို့နှင့်
ဒီမိုကရက်အမတ်တွေက ရွေးကောက်ပွဲပြီးမှ ဂျင်းစဘတ်ဂ်နေရာအစားထိုး
ဖို့ တားနေတဲ့ကြားက၊ ထရန့်က တရားသူကြီး အေမီကော်နီဘားရက် (Amy
Coney Barrett) ကို သူ့သဘောနှင့်သူ ရွေးချယ်လိုက်ပြီဖြစ်သည်။
ထရန့်သည် ကမ္ဘာကြီးတစ်ခုလုံး ဖတ်တလတ်တတ် မသေမရှင် ဖျတ်ဖျတ်လူး
နေရသည့် ကိုဗစ်ကပ်အတွင်းမှာ၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုလည်း
သူ မယုံ။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု CLIMATE CHANGE ကိုလည်း သူ
မယုံ။ ထရန့်သည် ငါလည်း စာမတတ်၊ ငါ့ယောက်ဖ ငညိုပြောတာလည်း ငါ
မယုံ ဆိုသည့် အစားထဲကဖြစ်သည်။
သူက တက်လာကတည်းက အညှောက်ကလေးနှင့်။ သူ့လက်ထက်မှာ
အမေရိကန်သတင်းစာတွေက "ဒီမိုကရေစီ သေဆုံးပြီလော" ဆိုပြီးရေးကြ
သည်။
ယခု၊ ဘာနေဆန်းဒါးက ဒါကိုရည်ညွှန်းလို၍၊ လာမည့် ၂၀၂၀၊ နိုသင်ဘာ(၃)
အမေရိကန်သမ္မတရွေးကောက်ပွဲသည်၊ ဒေါ်နယ်ထရန့်နှင့် ဂျိုးဘိုင်ဒင်တို့
ယှဉ်ပြိုင်သည့်ပွဲ မဟုတ်ဘဲ၊ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရေစီ တို့ အားပြိုင်ပွဲ ဖြစ်
သည်ဟု ဆိုလိုက်ခြင်းပင်။
(၂)
သူ့မြင်းသူစိုင်း၊ ဒီမိုကရေစီကို ကျောခိုင်းချင်သူ ဒေါ်နယ်ထရန့်။
သူ့မှာ ဒီမိုကရေစီ မရှိပေမဲ့၊ ကိုဗစ်ကတော့ ဒီမိုကရေစီ ရှိသည်။ လူတိုင်း လွတ်
လပ်စွာ အသက်ရှင်သန်ခွင့်ရှိသည်။ သို့သော် ... အိမ်ထဲမှာ နေပါ။ STAY-AT-
HOME အမိန့်ကို နာခံရသည်။
လူတိုင်း အသက်ရှူခွင့် ရှိသည်။ သို့သော် ... MASK တပ်ပါ။ လူမှုဆက်ဆံရေး၊
တစ်ကိုယ်ရေသန့်ရှင်းရေးတို့တွင် တစ်ဦးနှင့်တစ်ဦး ၆-ပေ ခွာ နေပါ။ လက်ကို
စင်ကြယ်အောင်ဆေးပါ။ စသည်ဖြင့် ဒါတွေက ကိုဗစ်ဒီမိုကရေစီဖြစ်သည်။
ကျောသားရင်သား မခွဲခြား။ သမ္မတသော၊ ကဗျာဆရာသော မခွဲခြား။
အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာထိပ်ဆုံး။ ကိုဗစ်-19 ရောဂါနှင့် ကူးစက်သူ၊ သေဆုံးသူစာရင်းမှာ ထိပ်ဆုံးက မဟုတ်လား။
ယနေ့ ကမ္ဘာတစ်ဝန်း ကူးစက်သူ(၃၂)သန်းကျော်(၃၂,၄၂၉,၉၆၅)။ သေဆုံးသူ
(၁)သန်းနီးပါး(၉၈၅,၈၂၃)။ အမေရိကန်ပြည်ထောင်စု ကူးစက်သူ(၇)သန်း
ကျော်(၇,၂၇၄,၈၉၁)။ သေဆုံးသူ(၂)သိန်းကျော်(၂၀၁,၆၃၄)။ ပြန်ကျန်းမာ
လာသူ(၄)သန်းခွဲကျော်(၄,၅၀၄,၃၇၄)။ (WHO covid-19 dashboard
September 26, 2020)
အမေရိကမှာ ကိုဗစ်ကပ်ကြီးအတွင်း၊ နောက်ထပ် ကပ်ဆိုက်တာတွေ ရှိသေး
သည်။ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်းတွေ
တစ်ခုပြီးတစ်ခု ဝင်ဝင်ဆောင့်နေသည်။ အမေရိကန် အနောက်ဘက်ကမ်းရိုး
တန်း(အထူးသဖြင့် ကယ်လီဖိုးနီးယား)မှာ တောမီးတွေ အကြီးအကျယ် လောင်
နေသည်။
အမေရိကန်မြို့ကြီးတွေမှာ အမေရိကန်လူမည်းထုကြီး၏ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း။
ကိုဗစ်ကပ်ဆိုးဘေးကြောင့် ပိန်ချုံးနေသော အမေရိကသည်၊ တောမီး- မုန်
တိုင်း- လူမည်းမှာလည်း အသက်နဲ့ပါ ဆန္ဒပြ့ပွဲ၊ ညှပ် သုံးညှပ်ကြား၊ ကင်သော
ငါးကဲ့သို့၊ ပြားကပ်ကပ်ကလေး ဖြစ်၍နေလေသည်။ ဒီကြားထဲမှာ သမ္မတက
ဒီမိုကရေစီ မဆန်ပြန်ဘူး။
ဒေါ်နယ်ထရန့်က နိုင်ငံတော်သမ္မတဆိုတော့၊ ကယ်လီဖိုးနီးယားတောမီးကို
သွားကြည့်သည်။ ဟိုက ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ
ဂေဗင်နယူးဆုမ်(Gavin Newsom) က ထရန့်ကို ထရန့်မယုံကြည်သည့်
CLIMATE CHANGE တရား ဟောလွှတ်လိုက်သည်။ ကမ္ဘာ့ရာသီဥတု
ဖောက်ပြန်မှု ဆိုးကျိုးရလဒ်အဖြစ် တောမီးလောင်တာတွေ၊ ရေကြီးတာတွေ
ရင်ဆိုင်လာရသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက သမ္မတကို ပညာပေး
လိုက်ခြင်းဖြစ်သည်။
ဒါက ဒီမိုကရေစီ ဖြစ်သည်။
(၃)
ကျနော်တို့ မြန်မာပြည်မှာကော။
ကိုဗစ်-19 ကပ်ဘေးက ဒီမိုကရေစီရှင်သန် လူးလွန့်စ ကျနော်တို့နိုင်ငံ
သေးသေးကလေးကိုလည်း ဘေးမဲ့မထား။
ပထမလှိုင်းတုန်းက မြန်မာပြည်က လူတွေက သူ့ကို မထီလေးစား လုပ်ရ
ပါ့မလားဆိုပြီး၊ ကိုဗစ်က ဒုတိယလှိုင်းလွှတ်ပြီး၊ အသေရိုက်ချလိုက်တာ၊
ကျနော်တို့မြန်မာပြည်သူတွေ ကျောကော့အောင် ခံနေရပါပြီ။
ကူးစက်(၉,၉၉၁)ဦး။ သေဆုံး(၁၉၈)ဦး။ ပြန်ကျန်းမာ(၂,၆၈၁)ဦး။ (၉-၂၆- ၂၀)
ကျနော်တို့နိုင်ငံမှာလည်း ကပ်ကြီးအတွင်း ရွေးကောက်ပွဲရှိသည်။ လာမည့်
၂၀၂၀ နိုဝင်ဘာ(၈) အထွေထွေရွေးကောက်ပွဲကကော ဘယ်သူနှင့် ဘယ်သူ့
ကြားက ယှဉ်ပြိုင်မှုလဲ။ ကြံ့ဖွတ်ပါတီနှင့် NLD ကြားက အားပြိုင်မှုလား။
သေချာပြန်သုံးသပ်ကြည့်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD က- ၇၉%
အနိုင်ရခဲ့သည်။ အစိုးရ ဖွဲ့နိုင်ခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း (၄၄၀+၂၂၄=
၆၆၄) နေရာတွင်၊ စစ်တပ်က (၁၁၀+၅၆=၁၆၆)နေရာ ရွေးချယ်မခံရဘဲ
အလိုအလျောက်ယူထားသည်။ NLD က (၂၅၅+၁၃၅=၄၉၀)နေရာ အနိုင်
ရသည်။ ကြံ့ဖွတ်ပါတီက (၃၀+၁၁=၄၁)နေရာသာ ရသည်။ ၆% ပဲရှိသည်။
"၄၉၀" နှင့် "၄၁" အကွာကြီး ကွာလှသည်။
သည်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲက ကြံ့ဖွတ်ပါတီနဲ့ NLD ကြားက ယှဉ်
ပြိုင်မှုလို့ ပြောလို့ရမလား။ ဝေးပါသေးတယ်။
တကယ်က မြန်မာပြည်ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ်နဲ့ NLD ကြား
က ပြင်းထန်တဲ့အားပြိုင်မှုပဲ။ တစ်နည်းအားဖြင့် မြန်မာပြည်ရွေးကောက်ပွဲဟာ
စစ်အရေခြုံနဲ့ ဒီမိုကရေစီ အားပြိုင်မှုပဲ။
ကိုဗစ်က ဒိုင်လူကြီးလို့ပဲ ဆိုပါတော့။
ဒါပဲဖြစ်သည်။ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး မပြီးဆုံးသေး။ ပြီးတော့၊ ကိုဗစ်တော်လှန်ရေးလည်း မပြီးဆုံးသေး။
မိတ်ဆွေ၊ ရွေးကောက်ပွဲနေ့မှာ သင် ကျန်းကျန်းမာမာနဲ့ မဲပေးနိုင်မယ်ဆိုရင်၊
ဒါဟာ ဒီမိုကရေစီတော်လှန်ရေးနဲ့ ကိုဗစ်တော်လှန်ရေး၊ တော်လှန်ရေးနှစ်ရပ်
စလုံးမှာ သင် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲလိုက်တာပါပဲ။
ကိုဗစ်ကိုနိုင်မှ၊ ရွေးကောက်ပွဲ နိုင်မယ်။
ကိုဗစ်သေမှ၊ ဒီမိုကရေစီ ရှင်မယ်။    ။

အောင်ဝေး
(၉- ၂၆- ၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၄
 
ဒီမိုကေရစီႏိုင္ငံမွာလည္း၊ ဒီမိုကေရစီေတာ္လွန္ေရးဆိုတာ ရွိသည္။
(၁)
အေမရိကန္ အထက္လႊတ္ေတာ္အမတ္ ဘာေနဆန္းဒါး(Bernie Sander)
က ဤသို့ႏွယ္ ဆိုလိုက္သည္။
"This is not just an election between Donald Trump and Joe
Biden.  This is an election between Donald Trump and democracy
_ and democracy must win." (The New York Times, September 24,
2020)
ယခု လာမည့္ ၂၀၂၀ အေမရိကန္သမၼတေရြးေကာက္ပြဲသည္၊ အေမရိကန္
ျပည္သူမ်ားအေနျဖင့္၊ လက္ရွီသမၼတ ေဒၚနယ္ထရန့္ႏွင့္ ဒီမိုကေရစီတို့အၾကား
ယွဥ္ၿပိဳင္သည့္ ေရြးေကာက္ပြဲအျဖစ္ ရင္ဆိုင္ႀကံဳေတြ့ၾကရမည္ျဖစ္ေၾကာင္း
ဘာေနဆန္းဒါးက ေျပာဆိုလိုက္ျခင္းျဖစ္သည္။ (ဘာေနဆန္းဒါးမွာ ၂၀၁၆
သမၼတေရြးေကာက္ပြဲတုန္းက၊ ဒီမိုကရက္ပါတီတြင္း သမၼတေလာင္းယွဥ္ၿပိဳင္
ရာတြင္၊ ဟီလာရီကလင္တန္ကို ရွံဳးနိမ့္ခဲ့သူျဖစ္သည္။ သူသည္ ေနာင္(၄)ၽႏွစ္
အၾကာ၊ ၂၀၂၀ သမၼတေရြးေကာက္ပြဲအတြက္၊ ဒီမိုကရက္ပါတီ သမၼတေလာင္း ေရြးရာတြင္၊ ဂ်ိဳးဘိုင္ဒင္ကို ထပ္မံရွံဳးနိမ့္ခဲ့သည္)
ဒါက ဘာကိုျပသလဲဆိုေတာ့၊ သူတို့ အေမရိကမွာလည္း၊ ဒီမိုကေရစီက ေတာ္လွန္ေနရတုန္း ဆိုတာကိုျပသည္။
ထရန့္တက္စက အိမ္ျဖဴေတာ္မွာ ျဖဳတ္-ထုတ္-သတ္ ေတြ မ်ားခဲ့သည္။
လူကို သတ္တာေတာ့ မဟုတ္ပါဘူး။ အဲဒီလူရဲ့ႏိုင္ငံေရးကို သတ္ပစ္တာပါ။
သမၼတထရန့္က ထင္ရာစိုင္းသူျဖစ္သည္။ သူထင္ရာ သူေျပာသည္။ ကိုဗစ္-
19 ကိစၥကိုၾကည့္။ သူထင္ရာ သူလုပ္သည္။ WHO ကမၻာ့က်န္းမာေရးအဖြဲ့
ထဲကထြက္ပစ္သည္။ ေနာက္ အေရးႀကီးတာတစ္ခု ရွိေသးသည္။ CLIMATE
CHANGE ဒါက္ုလည္း ထရန့္လက္မခံ။ ျငင္းဆန္သည္။ သိပၸံပညာကို သူ
အထင္ေသးသည္။
ၿပီးေတာ့၊ ထရန့္က ေခါင္းမာသည္။ မေန့တစ္ေန့က ႏိုင္ငံေတာ္တရားရံုးခ်ဳပ္
တရားသူႀကီးတစ္ဦးျဖစ္သူ မစၥစ္ဂ်င္းစဘတ္ဂ္ (Ruth Bader Ginsburg) အသက္(၈၇)ႏွစ္ ကြယ္လြန္သြားသည္။ ရီပတ္ဗလီကင္အမတ္တခ်ိဳ့ႏွင့္
ဒီမိုကရက္အမတ္ေတြက ေရြးေကာက္ပြဲၿပီးမွ ဂ်င္းစဘတ္ဂ္ေနရာအစားထိုး
ဖို့ တားေနတဲ့ၾကားက၊ ထရန့္က တရားသူႀကီး ေအမီေကာ္နီဘားရက္ (Amy
Coney Barrett) ကို သူ့သေဘာႏွင့္သူ ေရြးခ်ယ္လိုက္ၿပီျဖစ္သည္။
ထရန့္သည္ ကမၻာႀကီးတစ္ခုလုံး ဖတ္တလတ္တတ္ မေသမရွင္ ဖ်တ္ဖ်တ္လူး
ေနရသည့္ ကိုဗစ္ကပ္အတြင္းမွာ၊ WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးကိုလည္း
သူ မယုံ။ ကမၻာ့ရာသီဥတုေဖာက္ျပန္မွဳ CLIMATE CHANGE ကိုလည္း သူ
မယုံ။ ထရန့္သည္ ငါလည္း စာမတတ္၊ ငါ ့ေယာက္ဖ ငညိဳေျပာတာလည္း ငါ
မယုံ ဆိုသည့္ အစားထဲကျဖစ္သည္။
သူက တက္လာကတည္းက အေညွာက္ကေလးႏွင့္။ သူ့လက္ထက္မွာ
အေမရိကန္သတင္းစာေတြက "ဒီမိုကေရစီ ေသဆုံးၿပီေလာ" ဆိုၿပီးေရးၾက
သည္။
ယခု၊ ဘာေနဆန္းဒါးက ဒါကိုရည္ညႊန္းလို၍၊ လာမည့္ ၂၀၂၀၊ ႏိုသင္ဘာ(၃)
အေမရိကန္သမၼတေရြးေကာက္ပြဲသည္၊ ေဒၚနယ္ထရန့္ႏွင့္ ဂ်ိဳးဘိုင္ဒင္တို့
ယွဥ္ၿပိဳင္သည့္ပြဲ မဟုတ္ဘဲ၊ ေဒၚနယ္ထရန့္ႏွင့္ ဒီမိုကေရစီ တို့ အားၿပိဳင္ပြဲ ျဖစ္
သည္ဟု ဆိုလိုက္ျခင္းပင္။
(၂)
သူ့ျမင္းသူစိုင္း၊ ဒီမိုကေရစီကို ေက်ာခိုင္းခ်င္သူ ေဒၚနယ္ထရန့္။
သူ့မွာ ဒီမိုကေရစီ မရွိေပမဲ့၊ ကိုဗစ္ကေတာ့ ဒီမိုကေရစီ ရွိသည္။ လူတိုင္း လြတ္
လပ္စြာ အသက္ရွင္သန္ခြင့္ရွိသည္။ သို့ေသာ္ ... အိမ္ထဲမွာ ေနပါ။ STAY-AT-
HOME အမိန့္ကို နာခံရသည္။
လူတိုင္း အသက္ရွဴခြင့္ ရွိသည္။ သို့ေသာ္ ... MASK တပ္ပါ။ လူမွဳဆက္ဆံေရး၊
တစ္ကိုယ္ေရသန့္ရွင္းေရးတို့တြင္ တစ္ဦးႏွင့္တစ္ဦး ၆-ေပ ခြာ ေနပါ။ လက္ကို
စင္ၾကယ္ေအာင္ေဆးပါ။ စသည္ျဖင့္ ဒါေတြက ကိုဗစ္ဒီမိုကေရစီျဖစ္သည္။
ေက်ာသားရင္သား မခြဲျခား။ သမၼတေသာ၊ ကဗ်ာဆရာေသာ မခြဲျခား။
အေမရိကန္ျပည္ေထာင္စုက ကမၻာမွာထိပ္ဆုံး။ ကိုဗစ္-19 ေရာဂါႏွင့္ ကူးစက္သူ၊ ေသဆုံးသူစာရင္းမွာ ထိပ္ဆုံးက မဟုတ္လား။
ယေန့ ကမၻာတစ္၀န္း ကူးစက္သူ(၃၂)သန္းေက်ာ္(၃၂,၄၂၉,၉၆၅)။ ေသဆုံးသူ
(၁)သန္းနီးပါး(၉၈၅,၈၂၃)။ အေမရိကန္ျပည္ေထာင္စု ကူးစက္သူ(၇)သန္း
ေက်ာ္(၇,၂၇၄,၈၉၁)။ ေသဆုံးသူ(၂)သိန္းေက်ာ္(၂၀၁,၆၃၄)။ ျပန္က်န္းမာ
လာသူ(၄)သန္းခြဲေက်ာ္(၄,၅၀၄,၃၇၄)။ (WHO covid-19 dashboard
September 26, 2020)
အေမရိကမွာ ကိုဗစ္ကပ္ႀကီးအတြင္း၊ ေနာက္ထပ္ ကပ္ဆိုက္တာေတြ ရွိေသး
သည္။ အေမရိကန္ အေရွ့ဘက္ကမ္းရိုးတန္းမွာ ဟာရီကိန္းမုန္တိုင္းေတြ
တစ္ခုၿပီးတစ္ခု ၀င္၀င္ေဆာင့္ေနသည္။ အေမရိကန္ အေနာက္ဘက္ကမ္းရိုး
တန္း(အထူးသျဖင့္ ကယ္လီဖိုးနီးယား)မွာ ေတာမီးေတြ အႀကီးအက်ယ္ ေလာင္
ေနသည္။
အေမရိကန္ၿမိဳ့ႀကီးေတြမွာ အေမရိကန္လူမည္းထုႀကီး၏ BLACK LIVES
MATTER ဆႏၵျပပြဲေတြ တၿခိမ္းၿခိမ္း။
ကိုဗစ္ကပ္ဆိုးေဘးေၾကာင့္ ပိန္ခ်ံဳးေနေသာ အေမရိကသည္၊ ေတာမီး- မုန္
တိုင္း- လူမည္းမွာလည္း အသက္နဲ့ပါ ဆႏၵျပ႔ပြဲ၊ ညွပ္ သုံးညွပ္ၾကား၊ ကင္ေသာ
ငါးကဲ့သို့၊ ျပားကပ္ကပ္ကေလး ျဖစ္၍ေနေလသည္။ ဒီၾကားထဲမွာ သမၼတက
ဒီမိုကေရစီ မဆန္ျပန္ဘူး။
ေဒၚနယ္ထရန့္က ႏိုင္ငံေတာ္သမၼတဆိုေတာ့၊ ကယ္လီဖိုးနီးယားေတာမီးကို
သြားၾကည့္သည္။ ဟိုက ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးျဖစ္သူ
ေဂဗင္နယူးဆုမ္(Gavin Newsom) က ထရန့္ကို ထရန့္မယုံၾကည္သည့္
CLIMATE CHANGE တရား ေဟာလႊတ္လိုက္သည္။ ကမၻာ့ရာသီဥတု
ေဖာက္ျပန္မွဳ ဆိုးက်ိဳးရလဒ္အျဖစ္ ေတာမီးေလာင္တာေတြ၊ ေရႀကီးတာေတြ
ရင္ဆိုင္လာရသည္ဟု ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက သမၼတကို ပညာေပး
လိုက္ျခင္းျဖစ္သည္။
ဒါက ဒီမိုကေရစီ ျဖစ္သည္။
(၃)
က်ေနာ္တို့ ျမန္မာျပည္မွာေကာ။
ကိုဗစ္-19 ကပ္ေဘးက ဒီမိုကေရစီရွင္သန္ လူးလြန့္စ က်ေနာ္တို့ႏိုင္ငံ
ေသးေသးကေလးကိုလည္း ေဘးမဲ့မထား။
ပထမလိွဳင္းတုန္းက ျမန္မာျပည္က လူေတြက သူ့ကို မထီေလးစား လုပ္ရ
ပါ ့မလားဆိုၿပီး၊ ကိုဗစ္က ဒုတိယလိွဳင္းလႊတ္ၿပီး၊ အေသရိုက္ခ်လိုက္တာ၊
က်ေနာ္တို့ျမန္မာျပည္သူေတြ ေက်ာေကာ့ေအာင္ ခံေနရပါၿပီ။
ကူးစက္(၉,၉၉၁)ဦး။ ေသဆုံး(၁၉၈)ဦး။ ျပန္က်န္းမာ(၂,၆၈၁)ဦး။ (၉-၂၆- ၂၀)
က်ေနာ္တို့ႏိုင္ငံမွာလည္း ကပ္ႀကီးအတြင္း ေရြးေကာက္ပြဲရွိသည္။ လာမည့္
၂၀၂၀ ႏို၀င္ဘာ(၈) အေထြေထြေရြးေကာက္ပြဲကေကာ ဘယ္သူႏွင့္ ဘယ္သူ့
ၾကားက ယွဥ္ၿပိဳင္မွဳလဲ။ ႀကံ့ဖြတ္ပါတီႏွင့္ NLD ၾကားက အားၿပိဳင္မွဳလား။
ေသခ်ာျပန္သုံးသပ္ၾကည့္။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက NLD က- ၇၉%
အႏိုင္ရခဲ့သည္။ အစိုးရ ဖြဲ့ႏိုင္ခဲ့သည္။
ျပည္သူ့လႊတ္ေတာ္ႏွင့္အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ရပ္ေပါင္း (၄၄၀+၂၂၄=
၆၆၄) ေနရာတြင္၊ စစ္တပ္က (၁၁၀+၅၆=၁၆၆)ေနရာ ေရြးခ်ယ္မခံရဘဲ
အလိုအေလ်ာက္ယူထားသည္။ NLD က (၂၅၅+၁၃၅=၄၉၀)ေနရာ အႏိုင္
ရသည္။ ႀကံ့ဖြတ္ပါတီက (၃၀+၁၁=၄၁)ေနရာသာ ရသည္။ ၆% ပဲရွိသည္။
"၄၉၀" ႏွင့္ "၄၁" အကြာႀကီး ကြာလွသည္။
သည္ေတာ့ ဒီ ၂၀၂၀ ေရြးေကာက္ပြဲက ႀကံ့ဖြတ္ပါတီနဲ့ NLD ၾကားက ယွဥ္
ၿပိဳင္မွဳလို့ ေျပာလို့ရမလား။ ေ၀းပါေသးတယ္။
တကယ္က ျမန္မာျပည္ေရြးေကာက္ပြဲက စစ္အာဏာရွင္စနစ္နဲ့ NLD ၾကား
က ျပင္းထန္တဲ့အားၿပိဳင္မွဳပဲ။ တစ္နည္းအားျဖင့္ ျမန္မာျပည္ေရြးေကာက္ပြဲဟာ
စစ္အေရၿခံဳနဲ့ ဒီမိုကေရစီ အားၿပိဳင္မွဳပဲ။
ကိုဗစ္က ဒိုင္လူႀကီးလို့ပဲ ဆိုပါေတာ့။
ဒါပဲျဖစ္သည္။ က်ေနာ္တို့ ဒီမိုကေရစီေတာ္လွန္ေရး မၿပီးဆုံးေသး။ ၿပီးေတာ့၊ ကိုဗစ္ေတာ္လွန္ေရးလည္း မၿပီးဆုံးေသး။
မိတ္ေဆြ၊ ေရြးေကာက္ပြဲေန့မွာ သင္ က်န္းက်န္းမာမာနဲ့ မဲေပးႏိုင္မယ္ဆိုရင္၊
ဒါဟာ ဒီမိုကေရစီေတာ္လွန္ေရးနဲ့ ကိုဗစ္ေတာ္လွန္ေရး၊ ေတာ္လွန္ေရးႏွစ္ရပ္
စလုံးမွာ သင္ တစ္တပ္တစ္အား ပါ၀င္ဆင္ႏႊဲလိုက္တာပါပဲ။
ကိုဗစ္ကိုႏိုင္မွ၊ ေရြးေကာက္ပြဲ ႏိုင္မယ္။
ကိုဗစ္ေသမွ၊ ဒီမိုကေရစီ ရွင္မယ္။    ။

ေ အ ာ င္ ေ ၀ း
(၉- ၂၆- ၂၀)

Friday, September 25, 2020

ေ ဒါ် သ န် း မြ င့် ေ အ ာ င်


 
သူ့အသက်က
သူချခဲ့တဲ့ မသာတွေရဲ့
အစွန်းထွက်ပဲ ရှိတယ်။
သူ့အိပ်မက်ကတော့
သူချခဲ့တဲ့ မသာအားလုံးပေါင်း
အသက် မကဘူး။
အလုပ်သိပ်များတယ်
နိုင်ငံတော်အတိုင်ပင်ခံကြီးပြီးရင်
သူပဲ။
ဒီနေ့ သူ့မွေးနေ့။
မြို့တော်စည်ပင်က
ကျနော့် အစ်မကြီး။     ။

အောင်ဝေး
(၉- ၂၅- ၂၀)

##

ေ ဒၚ သ န္ း ျမ င့္ ေ အ ာ င္
 
သူ့အသက္က
သူခ်ခဲ့တဲ့ မသာေတြရဲ့
အစြန္းထြက္ပဲ ရွိတယ္။
သူ့အိပ္မက္ကေတာ့
သူခ်ခဲ့တဲ့ မသာအားလုံးေပါင္း
အသက္ မကဘူး။
အလုပ္သိပ္မ်ားတယ္
ႏိုင္ငံေတာ္အတိုင္ပင္ခံႀကီးၿပီးရင္
သူပဲ။
ဒီေန့ သူ့ေမြးေန့။
ၿမိဳ့ေတာ္စည္ပင္က
က်ေနာ့္ အစ္မႀကီး။     ။

ေ အ ာ င္ ေ ၀ း
(၉- ၂၅- ၂၀)

Monday, September 21, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၃




ကိုဗစ်က
ကိုယ်နဲ့ နီးတော့
ခပ်ဝေးဝေး ရွှေ့နေရတယ်။
၆-ပေ မဟုတ်ဘူး
၆-ကမ္ဘာ။
ချစ်သူကို လွမ်းတာတောင်
အလင်းနှစ် ၆-သန်း အကွာက
လွမ်းရတော့မှာလား။
ကိုရိုနာ မဟုတ်ဘူး
ကိုလိုနီ။
စကြဝဠာကိုပါ
မစိုးမိုးနိုင်ဘူး
အာကာသယာဉ်မှူးတွေဆီ
မကူးစက်နိုင်ဘူး
ဘယ်သူ ပြောနိုင်မလဲ။
စိတ်တစ်ခဏလေးရယ်
ငြိမ်ငြိမ်ကလေး နေပါ
အိမ်ထဲမှာပဲ နေပါ။
တစ်သက်လုၤး ကမ္ဘာလှည့်လာတဲ့
အမေရိကန်တွေ
HOME STAY ရမယ်ဆိုတော့
ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း။
ကိုဗစ်က
ပျော်တယ်။
တစ်သက်လုံး ပါတီတက်လာတဲ့
အမေရိကန်တွေ
HOME STAY ရမယ်ဆိုတော့
ဆန္ဒပြပွဲတွေ တဂျိမ်းဂျိမ်း။
ကိုဗစ်က
ပျော်တယ်။
မစိုးရိမ်ပါနဲ့
မပုမီအောင်ရယ်။
မစ်ရှီဂန်မှာ
ကျနော် မသေပါဘူး။
ကျနော့်အသက်က
မြန်မာပြည်မှာ
ကျန်ခဲ့တယ်လေ။     ။

 အောင်ဝေး
(၉- ၂၂- ၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၃

 

ကိုဗစ္က
ကိုယ္နဲ့ နီးေတာ့
ခပ္ေ၀းေ၀း ေရႊ့ေနရတယ္။
၆-ေပ မဟုတ္ဘူး
၆-ကမၻာ။
ခ်စ္သူကို လြမ္းတာေတာင္
အလင္းႏွစ္ ၆-သန္း အကြာက
လြမ္းရေတာ့မွာလား။
ကိုရိုနာ မဟုတ္ဘူး
ကိုလိုနီ။
စၾက၀ဠာကိုပါ
မစိုးမိုးႏိုင္ဘူး
အာကာသယာဥ္မွဴးေတြဆီ
မကူးစက္ႏိုင္ဘူး
ဘယ္သူ ေျပာႏိုင္မလဲ။
စိတ္တစ္ခဏေလးရယ္
ၿငိမ္ၿငိမ္ကေလး ေနပါ
အိမ္ထဲမွာပဲ ေနပါ။
တစ္သက္လုၤး ကမၻာလွည့္လာတဲ့
အေမရိကန္ေတြ
HOME STAY ရမယ္ဆိုေတာ့
ဆႏၵျပပြဲေတြ တၿခိမ္းၿခိမ္း။
ကိုဗစ္က
ေပ်ာ္တယ္။
တစ္သက္လုံး ပါတီတက္လာတဲ့
အေမရိကန္ေတြ
HOME STAY ရမယ္ဆိုေတာ့
ဆႏၵျပပြဲေတြ တဂ်ိမ္းဂ်ိမ္း။
ကိုဗစ္က
ေပ်ာ္တယ္။
မစိုးရိမ္ပါနဲ့
မပုမီေအာင္ရယ္။
မစ္ရွီဂန္မွာ
က်ေနာ္ မေသပါဘူး။
က်ေနာ့္အသက္က
ျမန္မာျပည္မွာ
က်န္ခဲ့တယ္ေလ။     ။

ေ အ ာ င္ ေ ၀ း

(၉- ၂၂- ၂၀)

Friday, September 18, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၂


 
ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါ ဖြစ်သည်။
(၁)
ကျနော် ပြည်တွင်းမှာတုန်းက ရွေးကောက်ပွဲ မဲ မပေးခဲ့ဖူးပါ။ ၁၉၉၀ မေလ၊
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပစဉ်က ကျနော် ထောင်ထဲရောက်နေ
သည်။ ထောင်ထဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲ
အောင်နိုင်ရေးအတွက်ကိုတော့၊ ကျနော်(တို့)လျှို့ဝှက် ဆောင်ရွက်နိုင်ခဲ့ပါ
သည်။ ထိုစဉ်က ကျနော်သည် NLD ဧရာဝတီတိုင်းစည်းရုံးရေး တွဲဖက်တာဝန်
ခံဖြစ်သည်။ (တာဝန်ခံက ဒေါက်တာသက်မင်း ပါ)
ကျနော်တို့ ပုသိမ်အကျဉ်းထောင် ကြိုးတိုက်ထဲကနေ၊ ဒီမိုကရေစီလိုလားသူ
အကျဉ်းထောင်ဝန်ထမ်းတချို့၏ အကူအညီဖြင့် အပြင်နှင့်(ပုသိမ်တိုင်းရုံး၊ ရန်ကုန်ဗဟိုရုံး) အပြန်အလှန်ဆက်သွယ်နိုင်ခဲ့သည်။ ဗဟိုမှာ ကျနော်တို့နှင့်
တာဝန်ယူဆက်သွယ်သူမှာ ကဗျာဆရာမြတ်လှိုင်း ဖြစ်သည်။
"ငုနဲ့ပိတောက် နွေမှာလှိုင်တယ်။ စုနဲ့ခမောက် မေမှာနိုင်မယ်"
ဆရာမင်းသုဝဏ်လား၊ ဆရာတင်မိုးလား၊ ခွဲခြား မမှတ်မိတော့ပါ။ ထိုစဉ်က
အဖွဲ့ချုပ်ကို မဲပေးဖို့ သင်္ကေတမှာ ခမောက်ပုံဖြစ်သည်။ တကယ်လည်း အဲဒီ
၉၀ ရွေးကောက်ပွဲမှာ ခမောက်တွေ ပလူပျံ၊ NLD သောင်ပြို ကမ်းပြို အနိုင်ရ
သောအခါ၊ ကျနော်တို့ ပုသိမ်ထောင်တစ်ခုလုံး အုံးအုံးကျွက်ကျွက် အောင်ပွဲ
ခံခဲ့ကြပါသည်။ လွမ်းမိပါသေးသည်။
အခုတော့ ကျနော်က Party Veteran တစ်ယောက် ဖြစ်နေပါပြီ။ ပြည်ပြေး
တစ်ယောက်အနေနှင့် အမေရိကကို ရောက်နေပါသည်။
အမေရိကန် သမ္မတရွေးကောက်ပွဲတွေကို ကျနော် စပြီးစိတ်ဝင်းစားခဲ့တာက
ကျနော် လွတ်မြောက်နယ်မြေကို ရောက်လာတဲ့ ၂၀၀၇-၂၀၀၈ က ဖြစ်သည်။
ဒီမိုကရက်ပါတီတွင်းမှာ ပါတီသမ္မတလောင်းအဖြစ် ဘားရက်အိုဘားမားနှင့်
ဟီလာရီကလင်တန်တို့ အကြိတ်အနယ် မဲဆွယ်ယှဉ်ပြိုင်နေချိန်က ကျနော်
မဲဆောက်မှာဖြစ်သည်။ ကျောင်းသားတပ်မတော်၊ ဒေါင်းရင်ပြင် မောင်လွမ်း
ဏီအိမ်တော်မှာ နေစဉ်အချိန်။
ကျနော်က ဟီလာရီကလင်တန်ကို သဘောကျသည်။ သူ့ကို ဒီမိုကရက်ပါတီ
သမ္မတလောင်းဖြစ်စေချင်သည်။ သို့သော် ... သူ မဖြစ်။
အမေရိကန်နိုင်ငံရေးမှာ GLASS CEILING ဆိုတာကြီး ရှိသည်။ မှန်သားမျက်
နှာကျက်ဟု ပြန်ရမည်။ ထို မှန်သားမျက်နှာကျက်က အမေရိကန်လူ့အဖွဲ့
အစည်းမှာ၊ အမျိုးသမီးတစ်ယောက် "သမ္မတလောင်း" ဖြစ်ဖို့ အခက်အခဲ၊
အဟန့်အတား၊ ခွဲခြားမှုတွေရှိကြောင်းပြနေသည်။
(၂)
၂၀၀၈ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ဘားရက်
အိုဘားမား အနိုင်ရပြီး သမ္မတဖြစ်လာသည်။ ၂၀၁၂ ရွေးကောက်ပွဲမှာလည်း
အိုဘားမား ဆက်အနိုင်ရသည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊
သမ္မတသက်တမ်း(၂)ဆက်ပြည့်သွားတော့၊ အိုဘားမား အိမ်ဖြူတော်က
ထွက်ခွာရသည်။
၂၀၁၆ ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးတော့၊
ဟီလာရီကလင်တန်က ဘာနေဆန်းဒါးကို နိုင်ပြီး အရွေးခံရသည်။ ရီပတ်
ဗလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ဟီလာရီ ပြိုင်ရသည်။
ကျနော်က ဟီလာရီကလင်တန်ကို အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး
သော အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ ဟီလာရီ
ကလင်တန် ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေထဲ၊ ကျနော် ချွေးနှဲစာ
ဒေါ်လာ(၁၀၀)ထည့်ဝင်ကူညီခဲ့သည်။ (ကျနော် အမေရိကန်CITIZEN မဟုတ်
ပါ။ မဲပေးခွင့်လည်း မရှိပါ)
၂၀၁၆၊ နိုဝင်ဘာလ(၈)ရက်။ အမေရိကန်သမ္မတရွေးကောက်ပွဲနေ့။ တစ်နေ့
လုံး ကျနော်ရင်ခုန်နေသည်။ ညနက်တော့ ကျနော် စကားပင် မပြောနိုင်တော့
ပါ။ ဟီလာရီကလင်တန် ရှုံးပြန်ပါသည်။ ဒေါ်နယ်ထရန့် အနိုင်ရပြီး၊ ၂၀၁၇၊
ဇန်နဝါရီ(၂၀)ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
အမေရိကန်လူထုက ဟီလာရီကို ချစ်ပါသည်။ လူတိုင်းကပေးသည့်မဲ
(POPULAR VOTE ဟုခေါ်သည်)တွင် ဟီလာရီက ဒေါ်နယ်ထရန့်ထက်
မဲပေါင်း ၂ ဒသမ ၈၇ သန်း ပိုရသည်။ ဟီလာရီ (၆၅,၈၅၃,၅၁၄ )မဲနဲ့
၄၈ ဒသမ ၂ %။ ထရန့် (၆၂,၉၈၄,၈၂၈)မဲနဲ့ ၄၆ ဒသမ ၁%။
သို့ရာတွင်၊ အမေရိကန်သမ္မတရွေးကောက်ပုံစနစ်ဟုခေါ်သည့် ELECTORAL
VOTE အရ၊ စုစုပေါင်း (၅၃၈) မဲ (538 members of the Electoral College)
တွင် ထရန့်က (၃၀၄)၊ ဟီလာရီက (၂၂၇) ဖြင့် ဟီလာရီ ရှုံးရခြင်းဖြစ်သည်။
(ELECTORAL VOTE တွင် အနိုင်ရရန် မဲ-၂၇၀ လိုအပ်သည်)
ကျနော် ဖြစ်စေချင်သည့် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုး
သမီးသမ္မတကြီး ဟီလာရီကလင်တန် မဖြစ်တော့။
ဒီတစ်ခါလည်း GLASS CEILING ဟုခေါ်သည့် အမေရိကန်နိုင်ငံရေးတစ္ဆေကြီး
က ချောက်ပြန်သည်။ အမျိုးသမီးတစ်ယောက် "သမ္မတ" ဖြစ်ဖို့ အခက်အခဲ၊
အဟန့်အတားတွေက ရှိနေတုန်းပင်။
(၃)
ကျနော်တို့မြန်မာပြည်မှာလည်း ထို GLASS CEILING ဆိုသည့် မှန်သား
မျက်နှာကျက်ကြီး ရှိပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD
အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ
မဖြစ်ခဲ့ပါ။
စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ (နာဂစ် ခြေ/ဥ)
ဟုခေါ်ကြသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်း
စုကြည် သမ္မတဖြစ်ခွင့် မရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ထို ၂၀၀၈
နာဂစ် ခြေ/ဥ သည် မြန်မာပြည်၏ GLASS CEILING ဖြစ်သည် မဟုတ်လား။
၂၀၀၈ နာဂစ်မုန်တိုင်း မတိုင်မီ၊  န အ ဖ စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံအခြေ
ခံဥပဒေ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ်မည်ဆိုတော့၊ ကျနော်တို့က
ထိုင်းနိုင်ငံ၊ မဲဆောက်မှာ VOTE NO CAMPAIGN လုပ်ခဲ့ကြသည်။ NO
VOTE မဟုတ်ပါ။ VOTE NO ဖြစ်သည်။ လူထုက န အ ဖ ၂၀၀၈ ခြေ/ဥ ကို
ကန့်ကွက်မဲပေးဖို့ လှုံ့ဆော်တာဖြစ်သည်။
သို့သော်၊ န အ ဖ စစ်အုပ်စုက နာဂစ်အလောင်းပေါင်း (၂)သိန်းခွဲကျော်အပေါ်
ကျော်ခွပြီး၊ သူတို့၏ ၂၀၀၈ ခြေ/ဥ ကို အတည်ပြု ပြဋ္ဌာန်းလိုက်လေသည်။
၂၀၀၈ နာဂစ် ခြေ/ဥ က သက်ဆင်းလာသော ၂၀၁၀ ရွေးကောက်ပွဲသည်
စစ်အာဏာရှင်တို့ အလိုကျ အတုအယောင်ရွေးကောက်ပွဲဖြစ်သည်။ (NLD
က ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်)
၂၀၁၅ ရွေးကောက်ပွဲ NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်လာသောအခါ၊ ထို ၂၀၀၈
နာဂစ် ခြေ/ဥ သည် လူထုချဉ်ဖတ် အဟန့်အတား၊ အနှောင့်အယှက်ဖြစ်လာ
ခဲ့သည်။
လွှတ်တော်တွင်းမှာ NLD က ၂၀၀၈ ခြေ/ဥ ပြင်ဖို့ ကြိုးပမ်းသော်လည်း၊ စစ်
တပ်ကိုယ်စားလှယ် ၂၅% နှင့်၊ ကြံ့ဖွတ်နှင့်အပေါင်းပါ စစ်တပ်လိုလားသူများ
၏ နှောင့်ယှက် ဟန့်တား ပိတ်ပင်မှုကြောင့်၊ ကာယကံမြောက် ပြင်ဆင်ခွင့်
မရခဲ့။
သို့ပေမဲ့၊ ဒီ ၂၀၀၈ နာဂစ် ခြေ/ဥ ကို မဖြစ်မနေ ဆက်ပြီးပြင်နိုင်အောင် ကြိုးစား
ရမည်ဟူသော အတွေးအခေါ်စိတ်ဓာတ်အင်အား လူထုနှလုံးသားထဲ ရောက်
သွားသည်။ ဒါက အမြတ်။ လူထု မရှုံး။ NLD လည်း မရှုံး။ သို့သော် ... အကြွေးတော့ တင်သွားသည်။
ယခု ၂၀၂၀။ ၂၀၂၀ ရွေးကောက်ပွဲသည် ထိုအကြွေးကို ပြန်ဆပ်ရမည့်ပွဲ
ဖြစ်သည်။
ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါ ဖြစ်သည်။
ကျနော်တို့သည် ထိုအကြွေးကို ပြန်ဆပ်ဖို့ မဖြစ်မနေ မဲပေးကြရတော့မည်။
မဲပေးဖို့ မဲဆွယ်ကြရတော့မည်။ မဲဆွယ်စည်းရုံးရေးကလည်း ရွေးကောက်ပွဲ
နိုင်ဖို့ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။
(၄)
"ညောင်ပင်မှာနား၊ ညောင်သီးလည်းစား၊ လေးသံကြားလည်း နားထောင်"
ဆိုသည့်စကား ရှိသည်။
ယခု အချိန်အခါသည် ကိုဗစ်-19 ကပ်ရောဂါဘေးဆိုးကြီး ကမ္ဘာတစ်လွှား
ကူးစက်ပြန့်ပွားနေသော အချိန်အခါ ဖြစ်နေသည်။
အမေရိကမှာလည်း သမ္မတရွေးကောက်ပွဲ ရှိသည်။ ကိုဗစ် ရှိသည်။
မြန်မာပြည်မှာလည်း အထွေထွေရွေးကောက်ပွဲ ရှိသည်။ ကိုဗစ် ရှိသည်။
ယခု လတ်တလော မြန်မာပြည်မှာ၊ ကိုဗစ်-19 ကိုရိုနာဗီုင်းရပ်စ် ဒုတိယ
လှိုင်းက အတော်ပြင်းထန်ဆိုးဝါးလှသည်။ ကူးစက်မြန်သည်။ သေဆုံးသူ
များသည်။
ယခု ဤစာရေးနေချိန် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်
အရ၊ ကမ္ဘာတစ်ဝန်းလုံး ကူးစက်ခံရသူ သန်း(၃၀)ကျော်(၃၀,၃၆၉,၇၇၈)။
သေဆုံးသူ (၉)သိန်းကျော်(၉၄၈,၇၅၉)။
အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရသူ (၆)သန်းကျော်(၆,၆၁၃,၇၃၇)။
သေဆုံးသူ (၂)သိန်းနီးပါး(၁၉၆,၄၆၅)။
ကျနော်တို့ မြန်မာပြည်မှာ ကူးစက် (၅,၂၆၃)ဦး။ သေဆုံးသူ (၈၁)ဦး။
ကိုဗစ်က ကျနော်တို့ ရွေးကောက်ပွဲ၊ နိုဝင်ဘာစီးချင်းထိုးပွဲတွေကို ချောင်း
မြောင်းစောင့်ကြည့်နေသည်။ ကျနော်တို့ ရွေးကောက်ပွဲ မဲပေးဖို့တော့၊ မဲ
ဆွယ်ကြရမည်။
မဲတော့ ဆွယ်ပါ။ ကိုဗစ်ကိုတော့ဖြင့် မေ့မထားကြပါနှင့်။ အနည်းဆုံးတော့
MASK တပ်ပြီးမှ မဲဆွယ်ပါ။ ၆-ပေ အကွာက စည်းရုံးပါ။ လူစုလူဝေးနှင့်
ကိုဗစ်ကာလ စည်းကမ်းကန့်သတ်ချက်များကို ဖောက်ဖျက်ရာရောက်သည့်
မဲဆွယ်စည်းမှုများ လုံးဝ(လုံးဝ) မပြုလုပ်မိရန် အလွန်အရေးကြီးပါသည်။
လူထုကို ချစ်သည့်သူအပေါ်၊ လူထုက ပြန်ချစ်ပါသည်။
အဓိကမှာ လူထုချစ်နေဖို့သာဖြစ်သည်။ ယခုအခါ ကိုဗစ်အန္တရာယ်ကို အမှန်
တကယ် ထိထိရောက်ရောက် လက်တွေ့ကျကျ ခုခံကာကွယ်သူကိုသာ
လူထုက အလိုရှိပေလိမ့်မည်။ လူထုက အသိအမှတ်ပြုပေလိမ့်မည်။
ယူတတ်လျှင် ကိုဗစ်သည် အဟန့်အတား၊ အခက်အခဲ မဟုတ်။ အခွင့်အလမ်း၊ အခွင့်အရေးသာ ဖြစ်သည်။ လူထုကို ချစ်ကြောင်းပြသ
နိုင်သည့် အခွင့်ကို ကိုဗစ်က ပေးလိုက်ခြင်းဖြစ်သည်။
လူထုချစ်ရန်၊ ကိုဗစ်ရန်၊ ခုခံကာကွယ်ပါ။ ကိုဗစ်ကိုသာ အရင်ရွေးတိုက်ပါ။
ရွေးကောက်ပွဲက အဖြေထွက်ပြီးသား ဖြစ်သည်။
လူထုမဲကိုရဖို့၊ လူစုလူဝေးနှင့်မဲဆွယ်စည်းရုံးစရာ မလိုပါ။ စိတ်ချင်း ရင်းနှီး
ပြီးသား လူထုကို စိတ်နှင့်မဲဆွယ်ပါ။ စိတ်ချင်းစည်းရုံးပါ။ စိတ်ဆောင်လျှင်
အောင်ပါသည်။
ယနေ့ ဒီမိုကရေစီတော်လှန်ရေးသည်ပင်၊ စိတ်နှင့်တိုက်ရသော စိတ်ဓာတ်
တော်လှန်ရေးဖြစ်သည် မဟုတ်လား။
ကျနော်တို့ဘဝတွေ ၂၀၀၈ နာဂစ် ခြေ/ဥ အောက်မှာ ဖျတ်ဖျတ်လူး မသေမရှင်
နဲ့ ဖတ်တလတ်တတ် ဖြစ်မနေချင်ဘူးဆိုရင် ... ။ အခုလို ၂၀၀၈ နာဂစ် ခြေ/ဥ
ရန်ကို အံကြီးခဲခက် အံကြိတ်ကျော်ဖြတ်နေရသည့်အချိန်တွင် ကျနော်တို့
စိတ်ဓာတ်ခိုင်မာဖို့ လိုပါသည်။
စိတ်ဓာတ်ခိုင်မာမှ၊ အောင်လံခိုင်ပါမည်။
ယဉ်ကျေးမှုနှင့် ရိုင်းစိုင်းမှု၊ ဒီနှစ်ခုက အမြဲ ဒွန်တွဲနေသည်။
ယဉ်ကျေးသူတွေက သေနတ်ပြောင်းထဲ မေတ္တာပန်းတွေ ထိုးစိုက်ဖို့ စဉ်းစား
ကြတယ်။ လူရိုင်းတွေကတော့ သေနတ်မောင်း ညှစ်ဖို့ပဲ အစဉ်အမြဲ စဉ်းစား
နေကြတယ်လေ။     ။

အောင်ဝေး

(၉- ၁၉- ၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၂
 
ဒီမိုကေရစီစနစ္မွာ၊ လူသည္ ေရြးေကာက္ပြဲသတၱ၀ါ ျဖစ္သည္။
(၁)
က်ေနာ္ ျပည္တြင္းမွာတုန္းက ေရြးေကာက္ပြဲ မဲ မေပးခဲ့ဖူးပါ။ ၁၉၉၀ ေမလ၊
ပါတီစုံဒီမိုကေရစီေရြးေကာက္ပြဲ က်င္းပစဥ္က က်ေနာ္ ေထာင္ထဲေရာက္ေန
သည္။ ေထာင္ထဲကေန အမ်ိဳးသားဒီမိုကေရစီအဖြဲ့ခ်ဳပ္ ၁၉၉၀ ေရြးေကာက္ပြဲ
ေအာင္ႏိုင္ေရးအတြက္ကိုေတာ့၊ က်ေနာ္(တို့)လွ်ိဳ့၀ွက္ ေဆာင္ရြက္ႏိုင္ခဲ့ပါ
သည္။ ထိုစဥ္က က်ေနာ္သည္ NLD ဧရာ၀တီတိုင္းစည္းရံုးေရး တြဲဖက္တာ၀န္
ခံျဖစ္သည္။ (တာ၀န္ခံက ေဒါက္တာသက္မင္း ပါ)
က်ေနာ္တို့ ပုသိမ္အက်ဥ္းေထာင္ ႀကိဳးတိုက္ထဲကေန၊ ဒီမိုကေရစီလိုလားသူ
အက်ဥ္းေထာင္၀န္ထမ္းတခ်ိဳ့၏ အကူအညီျဖင့္ အျပင္ႏွင့္(ပုသိမ္တိုင္းရံုး၊ ရန္ကုန္ဗဟိုရံုး) အျပန္အလွန္ဆက္သြယ္ႏိုင္ခဲ့သည္။ ဗဟိုမွာ က်ေနာ္တို့ႏွင့္
တာ၀န္ယူဆက္သြယ္သူမွာ ကဗ်ာဆရာျမတ္လိွဳင္း ျဖစ္သည္။
"ငုနဲ့ပိေတာက္ ေႏြမွာလိွဳင္တယ္။ စုနဲ့ခေမာက္ ေမမွာႏိုင္မယ္"
ဆရာမင္းသု၀ဏ္လား၊ ဆရာတင္မိုးလား၊ ခြဲျခား မမွွတ္မိေတာ့ပါ။ ထိုစဥ္က
အဖြဲ့ခ်ဳပ္ကို မဲေပးဖို့ သေကၤတမွာ ခေမာက္ပုံျဖစ္သည္။ တကယ္လည္း အဲဒီ
၉၀ ေရြးေကာက္ပြဲမွာ ခေမာက္ေတြ ပလူပ်ံ၊ NLD ေသာင္ၿပိဳ ကမ္းၿပိဳ အႏိုင္ရ
ေသာအခါ၊ က်ေနာ္တို့ ပုသိမ္ေထာင္တစ္ခုလံုး အုံးအံုးကၽြက္ကၽြက္ ေအာင္ပြဲ
ခံခဲ့ၾကပါသည္။ လြမ္းမိပါေသးသည္။
အခုေတာ့ က်ေနာ္က Party Veteran တစ္ေယာက္ ျဖစ္ေနပါၿပီ။ ျပည္ေျပး
တစ္ေယာက္အေနႏွင့္ အေမရိကကို ေရာက္ေနပါသည္။
အေမရိကန္ သမၼတေရြးေကာက္ပြဲေတြကို က်ေနာ္ စၿပီးစိတ္၀င္းစားခဲ့တာက
က်ေနာ္ လြတ္ေျမာက္နယ္ေျမကို ေရာက္လာတဲ့ ၂၀၀၇-၂၀၀၈ က ျဖစ္သည္။
ဒီမိုကရက္ပါတီတြင္းမွာ ပါတီသမၼတေလာင္းအျဖစ္ ဘားရက္အိုဘားမားႏွင့္
ဟီလာရီကလင္တန္တို့ အႀကိတ္အနယ္ မဲဆြယ္ယွဥ္ၿပိဳင္ေနခ်ိန္က က်ေနာ္
မဲေဆာက္မွာျဖစ္သည္။ ေက်ာင္းသားတပ္မေတာ္၊ ေဒါင္းရင္ျပင္ ေမာင္လြမ္း
ဏီအိမ္ေတာ္မွာ ေနစဥ္အခ်ိန္။
က်ေနာ္က ဟီလာရီကလင္တန္ကို သေဘာက်သည္။ သူ့ကို ဒီမိုကရက္ပါတီ
သမၼတေလာင္းျဖစ္ေစခ်င္သည္။ သို့ေသာ္ ... သူ မျဖစ္။
အေမရိကန္ႏိိုင္ငံေရးမွာ GLASS CEILING ဆိုတာႀကီး ရွိသည္။ မွန္သားမ်က္
ႏွာက်က္ဟု ျပန္ရမည္။ ထို မွန္သားမ်က္ႏွာက်က္က အေမရိကန္လူ့အဖြဲ့
အစည္းမွာ၊ အမ်ိဳးသမီးတစ္ေယာက္ "သမၼတေလာင္း" ျဖစ္ဖို့ အခက္အခဲ၊
အဟန့္အတား၊ ခြဲျခားမွဳေတြရွိေၾကာင္းျပေနသည္။
(၂)
၂၀၀၈ အေမရိကန္ သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီက ဘားရက္
အိုဘားမား အႏိုင္ရၿပီး သမၼတျဖစ္လာသည္။ ၂၀၁၂ ေရြးေကာက္ပြဲမွာလည္း
အိုဘားမား ဆက္အႏိုင္ရသည္။ အေမရိကန္ဖြဲ့စည္းပုံအေျခခံဥပေဒအရ၊
သမၼတသက္တမ္း(၂)ဆက္ျပည့္သြားေတာ့၊ အိုဘားမား အိမ္ျဖဴေတာ္က
ထြက္ခြာရသည္။
၂၀၁၆ ေရြးေကာက္ပြဲတြင္ ဒီမိုကရက္ပါတီ သမၼတေလာင္းေရြးေတာ့၊
ဟီလာရီကလင္တန္က ဘာေနဆန္းဒါးကို ႏိုင္ၿပီး အေရြးခံရသည္။ ရီပတ္
ဗလီကင္သမၼတေလာင္း ေဒၚနယ္ထရန့္ႏွင့္ ဟီလာရီ ၿပိဳင္ရသည္။
က်ေနာ္က ဟီလာရီကလင္တန္ကို အေမရိကန္ျပည္ေထာင္စု၏ ပထမဆုံး
ေသာ အမ်ိဳးသမီးသမၼတ ျဖစ္လာမည္ဟု ေမွ်ာ္လင့္ထားသည္။ ဟီလာရီ
ကလင္တန္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးရန္ပုံေငြထဲ၊ က်ေနာ္ ေခၽြးႏွဲစာ
ေဒၚလာ(၁၀၀)ထည့္၀င္ကူညီခဲ့သည္။ (က်ေနာ္ အေမရိကန္CITIZEN မဟုတ္
ပါ။ မဲေပးခြင့္လည္း မရွိပါ)
၂၀၁၆၊ ႏို၀င္ဘာလ(၈)ရက္။ အေမရိကန္သမၼတေရြးေကာက္ပြဲေန့။ တစ္ေန့
လုံး က်ေနာ္ရင္ခုန္ေနသည္။ ညနက္ေတာ့ က်ေနာ္ စကားပင္ မေျပာႏိုင္ေတာ့
ပါ။ ဟီလာရီကလင္တန္ ရွံဳးျပန္ပါသည္။ ေဒၚနယ္ထရန့္ အႏိုင္ရၿပီး၊ ၂၀၁၇၊
ဇန္န၀ါရီ(၂၀)ရက္ေန့မွာ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့သည္။
အေမရိကန္လူထုက ဟီလာရီကို ခ်စ္ပါသည္။ လူတိုင္းကေပးသည့္မဲ
(POPULAR VOTE ဟုေခၚသည္)တြင္ ဟီလာရီက ေဒၚနယ္ထရန့္ထက္
မဲေပါင္း ၂ ဒသမ ၈၇ သန္း ပိုရသည္။ ဟီလာရီ (၆၅,၈၅၃,၅၁၄ )မဲနဲ့
၄၈ ဒသမ ၂ %။ ထရန့္ (၆၂,၉၈၄,၈၂၈)မဲနဲ့ ၄၆ ဒသမ ၁%။
သို့ရာတြင္၊ အေမရိကန္သမၼတေရြးေကာက္ပုံစနစ္ဟုေခၚသည့္ ELECTORAL
VOTE အရ၊ စုစုေပါင္း (၅၃၈) မဲ (538 members of the Electoral College)
တြင္ ထရန့္က (၃၀၄)၊ ဟီလာရီက (၂၂၇) ျဖင့္ ဟီလာရီ ရွံဳးရျခင္းျဖစ္သည္။
(ELECTORAL VOTE တြင္ အႏိုင္ရရန္ မဲ-၂၇၀ လိုအပ္သည္)
က်ေနာ္ ျဖစ္ေစခ်င္သည့္ အေမရိကန္ျပည္ေထာင္စု၏ ပထမဆုံးေသာ အမ်ိဳး
သမီးသမၼတႀကီး ဟီလာရီကလင္တန္ မျဖစ္ေတာ့။
ဒီတစ္ခါလည္း GLASS CEILING ဟုေခၚသည့္ အေမရိကန္ႏိုင္ငံေရးတေစၦႀကီး
က ေခ်ာက္ျပန္သည္။ အမ်ိဳးသမီးတစ္ေယာက္ "သမၼတ" ျဖစ္ဖို့ အခက္အခဲ၊
အဟန့္အတားေတြက ရွိေနတုန္းပင္။
(၃)
က်ေနာ္တို့ျမန္မာျပည္မွာလည္း ထို GLASS CEILING ဆိုသည့္ မွန္သား
မ်က္ႏွာက်က္ႀကီး ရွိပါသည္။ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ NLD
အႏိုင္ရၿပီး အစိုးရဖြဲ့ႏိုင္ခဲ့ေသာ္လည္း၊ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ
မျဖစ္ခဲ့ပါ။
စစ္ဖြဲ့စည္းပုံအေျခခံဥပေဒ၊ နာဂစ္ဖြဲ့စည္းပုံအေျခခံဥပေဒ (နာဂစ္ ေျခ/ဥ)
ဟုေခၚၾကသည့္ ၂၀၀၈ ဖြဲ့စည္းပုံအေျခခံဥပေဒေၾကာင့္ ေဒၚေအာင္ဆန္း
စုၾကည္ သမၼတျဖစ္ခြင့္ မရျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ ထို ၂၀၀၈
နာဂစ္ ေျခ/ဥ သည္ ျမန္မာျပည္၏ GLASS CEILING ျဖစ္သည္ မဟုတ္လား။
၂၀၀၈ နာဂစ္မုန္တိုင္း မတိုင္မီ၊  န အ ဖ စစ္အုပ္စုက ၂၀၀၈ ဖြဲ့စည္းပုံအေျခ
ခံဥပေဒ ျပည္လုံးကၽြတ္လူထုဆႏၵခံယူပြဲလုပ္မည္ဆိုေတာ့၊ က်ေနာ္တို့က
ထိုင္းႏိုင္ငံ၊ မဲေဆာက္မွာ VOTE NO CAMPAIGN လုပ္ခဲ့ၾကသည္။ NO
VOTE မဟုတ္ပါ။ VOTE NO ျဖစ္သည္။ လူထုက န အ ဖ ၂၀၀၈ ေျခ/ဥ ကို
ကန့္ကြက္မဲေပးဖို့ လွံဳ့ေဆာ္တာျဖစ္သည္။
သို့ေသာ္၊ န အ ဖ စစ္အုပ္စုက နာဂစ္အေလာင္းေပါင္း (၂)သိန္းခြဲေက်ာ္အေပၚ
ေက်ာ္ခြၿပီး၊ သူတို့၏ ၂၀၀၈ ေျခ/ဥ ကို အတည္ျပဳ ျပ႒ာန္းလိုက္ေလသည္။
၂၀၀၈ နာဂစ္ ေျခ/ဥ က သက္ဆင္းလာေသာ ၂၀၁၀ ေရြးေကာက္ပြဲသည္
စစ္အာဏာရွင္တို့ အလိုက် အတုအေယာင္ေရြးေကာက္ပြဲျဖစ္သည္။ (NLD
က ထိုေရြးေကာက္ပြဲကို သပိတ္ေမွာက္ခဲ့သည္)
၂၀၁၅ ေရြးေကာက္ပြဲ NLD အႏိုင္ရၿပီး အစိုးရဖြဲ့ႏိုင္လာေသာအခါ၊ ထို ၂၀၀၈
နာဂစ္ ေျခ/ဥ သည္ လူထုခ်ဥ္ဖတ္ အဟန့္အတား၊ အေႏွာင့္အယွက္ျဖစ္လာ
ခဲ့သည္။
လႊတ္ေတာ္တြင္းမွာ NLD က ၂၀၀၈ ေျခ/ဥ ျပင္ဖို့ ႀကိဳးပမ္းေသာ္လည္း၊ စစ္
တပ္ကိုယ္စားလွယ္ ၂၅% ႏွင့္၊ ႀကံ့ဖြတ္ႏွင့္အေပါင္းပါ စစ္တပ္လိုလားသူမ်ား
၏ ေႏွာင့္ယွက္ ဟန့္တား ပိတ္ပင္မွဳေၾကာင့္၊ ကာယကံေျမာက္ ျပင္ဆင္ခြင့္
မရခဲ့။
သို့ေပမဲ့၊ ဒီ ၂၀၀၈ နာဂစ္ ေျခ/ဥ ကို မျဖစ္မေန ဆက္ၿပီးျပင္ႏိုင္ေအာင္ ႀကိဳးစား
ရမည္ဟူေသာ အေတြးအေခၚစိတ္ဓာတ္အင္အား လူထုႏွလုံးသားထဲ ေရာက္
သြားသည္။ ဒါက အျမတ္။ လူထု မရွံဳး။ NLD လည္း မရွံဳး။ သို့ေသာ္ ... အေၾကြးေတာ့ တင္သြားသည္။
ယခု ၂၀၂၀။ ၂၀၂၀ ေရြးေကာက္ပြဲသည္ ထိုအေၾကြးကို ျပန္ဆပ္ရမည့္ပြဲ
ျဖစ္သည္။
ဒီမိုကေရစီစနစ္မွာ၊ လူသည္ ေရြးေကာက္ပြဲသတၱ၀ါ ျဖစ္သည္။
က်ေနာ္တို့သည္ ထိုအေၾကြးကို ျပန္ဆပ္ဖို့ မျဖစ္မေန မဲေပးၾကရေတာ့မည္။
မဲေပးဖို့ မဲဆြယ္ၾကရေတာ့မည္။ မဲဆြယ္စည္းရံုးေရးကလည္း ေရြးေကာက္ပြဲ
ႏိုင္ဖို့ လိုအပ္ခ်က္တစ္ရပ္ျဖစ္သည္။
(၄)
"ေညာင္ပင္မွာနား၊ ေညာင္သီးလည္းစား၊ ေလးသံၾကားလည္း နားေထာင္"
ဆိုသည့္စကား ရွိသည္။
ယခု အခ်ိန္အခါသည္ ကိုဗစ္-19 ကပ္ေရာဂါေဘးဆိိုးႀကီး ကမၻာတစ္လႊား
ကူးစက္ျပန့္ပြားေနေသာ အခ်ိန္အခါ ျဖစ္ေနသည္။
အေမရိကမွာလည္း သမၼတေရြးေကာက္ပြဲ ရွိသည္။ ကိုဗစ္ ရွိသည္။
ျမန္မာျပည္မွာလည္း အေထြေထြေရြးေကာက္ပြဲ ရွိသည္။ ကိုဗစ္ ရွိသည္။
ယခု လတ္တေလာ ျမန္မာျပည္မွာ၊ ကိုဗစ္-19 ကိုရိုနာဗီုင္းရပ္စ္ ဒုတိယ
လိွဳင္းက အေတာ္ျပင္းထန္ဆိုး၀ါးလွသည္။ ကူးစက္ျမန္သည္။ ေသဆုံးသူ
မ်ားသည္။
ယခု ဤစာေရးေနခ်ိန္ WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီး၏ထုတ္ျပန္ခ်က္
အရ၊ ကမၻာတစ္၀န္းလုံး ကူးစက္ခံရသူ သန္း(၃၀)ေက်ာ္(၃၀,၃၆၉,၇၇၈)။
ေသဆုံးသူ (၉)သိန္းေက်ာ္(၉၄၈,၇၅၉)။
အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္ခံရသူ (၆)သန္းေက်ာ္(၆,၆၁၃,၇၃၇)။
ေသဆုံးသူ (၂)သိန္းနီးပါး(၁၉၆,၄၆၅)။
က်ေနာ္တို့ ျမန္မာျပည္မွာ ကူးစက္ (၅,၂၆၃)ဦး။ ေသဆုံးသူ (၈၁)ဦး။
ကိုဗစ္က က်ေနာ္တို့ ေရြးေကာက္ပြဲ၊ ႏို၀င္ဘာစီးခ်င္းထိုးပြဲေတြကို ေခ်ာင္း
ေျမာင္းေစာင့္ၾကည့္ေနသည္။ က်ေနာ္တို့ ေရြးေကာက္ပြဲ မဲေပးဖို့ေတာ့၊ မဲ
ဆြယ္ၾကရမည္။
မဲေတာ့ ဆြယ္ပါ။ ကိုဗစ္ကိုေတာ့ျဖင့္ ေမ့မထားၾကပါႏွင့္။ အနည္းဆုံးေတာ့
MASK တပ္ၿပီးမွ မဲဆြယ္ပါ။ ၆-ေပ အကြာက စည္းရံုးပါ။ လူစုလူေ၀းႏွင့္
ကိုဗစ္ကာလ စည္းကမ္းကန့္သတ္ခ်က္မ်ားကို ေဖာက္ဖ်က္ရာေရာက္သည့္
မဲဆြယ္စည္းမွဳမ်ား လုံး၀(လုံး၀) မျပဳလုပ္မိရန္ အလြန္အေရးႀကီးပါသည္။
လူထုကို ခ်စ္သည့္သူအေပၚ၊ လူထုက ျပန္ခ်စ္ပါသည္။
အဓိကမွာ လူထုခ်စ္ေနဖို့သာျဖစ္သည္။ ယခုအခါ ကိုဗစ္အႏၱရာယ္ကို အမွန္
တကယ္ ထိထိေရာက္ေရာက္ လက္ေတြ့က်က် ခုခံကာကြယ္သူကိုသာ
လူထုက အလိုရွိေပလိမ့္မည္။ လူထုက အသိအမွတ္ျပဳေပလိမ့္မည္။
ယူတတ္လွ်င္ ကိုဗစ္သည္ အဟန့္အတား၊ အခက္အခဲ မဟုတ္။ အခြင့္အလမ္း၊ အခြင့္အေရးသာ ျဖစ္သည္။ လူထုကို ခ်စ္ေၾကာင္းျပသ
ႏိုင္သည့္ အခြင့္ကို ကိုဗစ္က ေပးလိုက္ျခင္းျဖစ္သည္။
လူထုခ်စ္ရန္၊ ကိုဗစ္ရန္၊ ခုခံကာကြယ္ပါ။ ကိုဗစ္ကိုသာ အရင္ေရြးတိုက္ပါ။
ေရြးေကာက္ပြဲက အေျဖထြက္ၿပီးသား ျဖစ္သည္။
လူထုမဲကိုရဖို့၊ လူစုလူေ၀းႏွင့္မဲဆြယ္စည္းရံုးစရာ မလိုပါ။ စိတ္ခ်င္း ရင္းႏွီး
ၿပီးသား လူထုကို စိတ္ႏွင့္မဲဆြယ္ပါ။ စိတ္ခ်င္းစည္းရံုးပါ။ စိတ္ေဆာင္လွ်င္
ေအာင္ပါသည္။
ယေန့ ဒီမိုကေရစီေတာ္လွန္ေရးသည္ပင္၊ စိတ္ႏွင့္တိုက္ရေသာ စိတ္ဓာတ္
ေတာ္လွန္ေရးျဖစ္သည္ မဟုတ္လား။
က်ေနာ္တို့ဘ၀ေတြ ၂၀၀၈ နာဂစ္ ေျခ/ဥ ေအာက္မွာ ဖ်တ္ဖ်တ္လူး မေသမရွင္
နဲ့ ဖတ္တလတ္တတ္ ျဖစ္မေနခ်င္ဘူးဆိုရင္ ... ။ အခုလို ၂၀၀၈ နာဂစ္ ေျခ/ဥ
ရန္ကို အံႀကီးခဲခက္ အံႀကိတ္ေက်ာ္ျဖတ္ေနရသည့္အခ်ိန္တြင္ က်ေနာ္တို့
စိတ္ဓာတ္ခိုင္မာဖို့ လိုပါသည္။
စိတ္ဓာတ္ခိုင္မာမွ၊ ေအာင္လံခိုင္ပါမည္။
ယဥ္ေက်းမွဳႏွင့္ ရိုင္းစိုင္းမွဳ၊ ဒီႏွစ္ခုက အၿမဲ ဒြန္တြဲေနသည္။
ယဥ္ေက်းသူေတြက ေသနတ္ေျပာင္းထဲ ေမတၱာပန္းေတြ ထိုးစိုက္ဖို့ စဥ္းစား
ၾကတယ္။ လူရိုင္းေတြကေတာ့ ေသနတ္ေမာင္း ညွစ္ဖို့ပဲ အစဥ္အၿမဲ စဥ္းစား
ေနၾကတယ္ေလ။     ။

ေ အ ာ င္ ေ ၀ း
(၉- ၁၉- ၂၀)

Wednesday, September 16, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၁



မစ်ရှီဂန်မှာလည်း
ရွေးကောက်ပွဲနဲ့ ကိုဗစ်နဲ့။
ရန်ကုန်မှာလည်း
ကိုဗစ်နဲ့ ရွေးကောက်ပွဲနဲ့။
ကိုဗစ် နဲ့ ရွေးကောက်ပွဲ
ဘယ်ဟာ ရွေးမလဲ
တစ်ခု ရွေး။
ရန်ကုန်က
ကိုဗစ်ကို ရွေးတယ်။
ရွေးကောက်ပွဲက
အဖြေ ထွက်ပြီးသား။
စစ်ဦးဘီလူး
ဒုတိယလှိုင်းစီး
ကိုဗစ်က
အဖြေ မထွက်သေးဘူး။
ရန်ကုန်မှာ
ကိုဗစ်ဟာ
ပို ညစ်လာတယ်
ဗိုလ် ဖြစ်လာတယ်။
ကိုဗစ်ကို
ဖြိုပစ်ရမယ်
ရန်ကုန် မကျစေနဲ့။
ကိုဗစ်ကို ရွေးတိုက်
ရွေးကောက်ပွဲက အဖြေထွက်ပြီးသား
ရန်ကုန်။
ကိုဗစ်ကို
အနိုင် တိုက်နိုင်ရင်
ကိုဗစ်ထက်ဆိုး
တိုင်းဖျက်ပြည်ဖျက် ပိုးတွေကိုလည်း
အောင်နိုင်လိမ့်မယ်။
ရွေးကောက်ပွဲက
အဖြေထွက်ပြီးသား
ကိုဗစ်ကို ရွေးတိုက် ရန်ကုန်။
ရန်တွေ
မုချ ကုန်ရမယ်။    ။

အောင်ဝေး

(၉- ၁၇- ၂၀)

COVID-19 LIVE UPDATES SEPTEMBER 17. 2020 8:00 PM
ကူးစက် (၄,၀၄၃)ဦး။  သေဆုံး (၆၀)ဦး။  ပြန်ကျန်းမာ (၉၄၄)ဦး။


##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၁

မစ္ရွီဂန္မွာလည္း
ေရြးေကာက္ပြဲနဲ့ ကိုဗစ္နဲ့။
ရန္ကုန္မွာလည္း
ကိုဗစ္နဲ့ ေရြးေကာက္ပြဲနဲ့။
ကိုဗစ္ နဲ့ ေရြးေကာက္ပြဲ
ဘယ္ဟာ ေရြးမလဲ
တစ္ခု ေရြး။
ရန္ကုန္က
ကိုဗစ္ကို ေရြးတယ္။
ေရြးေကာက္ပြဲက
အေျဖ ထြက္ၿပီးသား။
စစ္ဦးဘီလူး
ဒုတိယလိွဳင္းစီး
ကိုဗစ္က
အေျဖ မထြက္ေသးဘူး။
ရန္ကုန္မွာ
ကိုဗစ္ဟာ
ပို ညစ္လာတယ္
ဗိုလ္ ျဖစ္လာတယ္။
ကိုဗစ္ကို
ၿဖိဳပစ္ရမယ္
ရန္ကုန္ မက်ေစနဲ့။
ကိုဗစ္ကို ေရြးတိုက္
ေရြးေကာက္ပြဲက အေျဖထြက္ၿပီးသား
ရန္ကုန္။
ကိုဗစ္ကို
အႏိုင္ တိုက္ႏိုင္ရင္
ကိုဗစ္ထက္ဆိုး
တိုင္းဖ်က္ျပည္ဖ်က္ ပိုးေတြကိုလည္း
ေအာင္ႏိုင္လိမ့္မယ္။
ေရြးေကာက္ပြဲက
အေျဖထြက္ၿပီးသား
ကိုဗစ္ကို ေရြးတိုက္ ရန္ကုန္။
ရန္ေတြ
မုခ် ကုန္ရမယ္။    ။

ေ အ ာ င္ ေ ၀ း
(၉- ၁၇- ၂၀)

COVID-19 LIVE UPDATES SEPTEMBER 17. 2020 8:00 PM
ကူးစက္ (၄,၀၄၃)ဦး။  ေသဆုံး (၆၀)ဦး။  ျပန္က်န္းမာ (၉၄၄)ဦး။

Sunday, September 13, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ဝ


 
ရွေးကောက်ပွဲရဲ့ပန်းတိုင်က
အာဏာရဖို့ ဖြစ်တယ်။
အာဏာရမှ
ဒီမိုကရေစီ ရမယ်။
ဒီအချိန်မှာ
အာဏာ ငန်းဖမ်းနေသလား
မပြောနဲ့။
မစ်ရှီဂန်မဲဇာမှာလည်း
ရွေးကောက်ပွဲ ရှိတာပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့
နှလုံးသားမြို့တော်မှာလည်း
ရွေးကောက်ပွဲ ရှိတာပဲ။
မစ်ရှီဂန်မှာ
ကိုဗစ် ရှိသလို
နှလုံးသားမြို့တော်မှာလည်း
ကိုဗစ် ရှိတာပဲ။
ကိုဗစ်ဟာ
နိုင်ငံရေးပဲ။
ကျန်းမာရေးဟာ
နိုင်ငံရေးပဲ။
ကိုဗစ်ကို
တရားခံ မလုပ်နဲ့။
ကိုဗစ်ကြောင့် ဘာပြုလို့
ရွေးကောက်ပွဲ ရွှေ့ရမှာလဲ။
ကိုဗစ်ကြောင့် ဘာပြုလို့
ကာလုံ ခေါ်ရမှာလဲ။
ကိုဗစ်ကြောင့် ဘာပြုလို့
ကာပု ကို အာဏာအပ်ရမှာလဲ။
မှတ်ထား
အာဏာက
ကိုဗစ်လက်ထဲမှာ။
မျောက်လက် ဗျောက်မအပ်ချင်ရင်
သင် ကိုဗစ်ကို
အရင် တိုက်ပါ။
အာဏာက
ကိုဗစ်လက်ထဲမှာ။
မစ်ရှီဂန်မှာလည်း
ရွေးကောက်ပွဲ ရှိတာပဲ။
ရီပတ်ဗလီကင်တွေလည်း
မဲဆွယ်ကြတာပဲ။
ဒီမိုကရက်တွေလည်း
မဲဆွယ်ကြတာပဲ။
နှလုံးသားမြို့တော်မှာလည်း
ရွေးကောက်ပွဲနဲ့။
ပါတီတွေလည်း
မဲဆွယ်ကြမှာပေါ့။
မဲဆွယ်တယ်ဆိုတာ
မဲဝယ်တာ မဟုတ်
အသည်း ဆွယ်တာ။
အသည်းကြားက
မဲတစ်ပြား တဲ့။
မဲဆွယ်တယ်ဆိုတာ
အသည်း ဖလှယ်တာ။
မျောက်လက် ဗျောက်မအပ်ချင်ရင်
ကိုဗစ်ကို အရင်တိုက်။
အာဏာက
ကိုဗစ်လက်ထဲမှာ။
ရဲဘော်
ကိုဗစ်ကို တိုက်တာဟာ
အကောင်းဆုံး မဲဆွယ်တာပါပဲ။
ရဲဘော်
ရဲရဲ မဲဆွယ်။
ကိုဗစ်ကို
အနိုင်တိုက်မှ
အာဏာရမယ်။
အာဏာရမှ
ဒီမိုကရေစီ ရမယ်။
ရဲဘော်
မဲဆွယ်
ရဲရဲ မဲဆွယ်။
မကြာခင်
နိုဝင်ဘာ ရောက်တော့မယ်။    ။

အောင်ဝေး

(၉- ၁၄- ၂၀)

COVID-19 LIVE UPDATE 9-14-20 8:00 PM
ကူးစက် (၃,၁၉၅)ဦး။  သေဆုံး (၃၂)ဦး။   ပြန်ကျန်းမာ (၇၉၀)ဦး။

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၀

ေရြးေကာက္ပြဲရဲ့ပန္းတိုင္က
အာဏာရဖို့ ျဖစ္တယ္။
အာဏာရမွ
ဒီမိုကေရစီ ရမယ္။
ဒီအခ်ိန္မွာ
အာဏာ ငန္းဖမ္းေနသလား
မေျပာနဲ့။
မစ္ရွီဂန္မဲဇာမွာလည္း
ေရြးေကာက္ပြဲ ရွိတာပဲ။
ေဒၚေအာင္ဆန္းစုၾကည္ရဲ့
ႏွလုံးသားၿမိဳ့ေတာ္မွာလည္း
ေရြးေကာက္ပြဲ ရွိတာပဲ။
မစ္ရွီဂန္မွာ
ကိုဗစ္ ရွိသလို
ႏွလုံးသားၿမိဳ့ေတာ္မွာလည္း
ကိုဗစ္ ရွိတာပဲ။
ကိုဗစ္ဟာ
ႏိုင္ငံေရးပဲ။
က်န္းမာေရးဟာ
ႏိုင္ငံေရးပဲ။
ကိုဗစ္ကို
တရားခံ မလုပ္နဲ့။
ကိုဗစ္ေၾကာင့္ ဘာျပဳလို့
ေရြးေကာက္ပြဲ ေရႊ့ရမွာလဲ။
ကိုဗစ္ေၾကာင့္ ဘာျပဳလို့
ကာလုံ ေခၚရမွာလဲ။
ကိုဗစ္ေၾကာင့္ ဘာျပုလို့
ကာပု ကို အာဏာအပ္ရမွာလဲ။
မွတ္ထား
အာဏာက
ကိုဗစ္လက္ထဲမွာ။
ေမ်ာက္လက္ ေဗ်ာက္မအပ္ခ်င္ရင္
သင္ ကိုဗစ္ကို
အရင္ တိုက္ပါ။
အာဏာက
ကိုဗစ္လက္ထဲမွာ။
မစ္ရွီဂန္မွာလည္း
ေရြးေကာက္ပြဲ ရွိတာပဲ။
ရီပတ္ဗလီကင္ေတြလည္း
မဲဆြယ္ၾကတာပဲ။
ဒီမိုကရက္ေတြလည္း
မဲဆြယ္ၾကတာပဲ။
ႏွလုံးသားၿမိဳ့ေတာ္မွာလည္း
ေရြးေကာက္ပြဲနဲ့။
ပါတီေတြလည္း
မဲဆြယ္ၾကမွာေပါ ့။
မဲဆြယ္တယ္ဆိုတာ
မဲ၀ယ္တာ မဟုတ္
အသည္း ဆြယ္တာ။
အသည္းၾကားက
မဲတစ္ျပား တဲ့။
မဲဆြယ္တယ္ဆိုတာ
အသည္း ဖလွယ္တာ။
ေမ်ာက္လက္ ေဗ်ာက္မအပ္ခ်င္ရင္
ကိုဗစ္ကို အရင္တိုက္။
အာဏာက
ကိုဗစ္လက္ထဲမွာ။
ရဲေဘာ္
ကိုဗစ္ကို တိုက္တာဟာ
အေကာင္းဆုံး မဲဆြယ္တာပါပဲ။
ရဲေဘာ္
ရဲရဲ မဲဆြယ္။
ကိုဗစ္ကို
အႏိုင္တိုက္မွ
အာဏာရမယ္။
အာဏာရမွ
ဒီမိုကေရစီ ရမယ္။
ရဲေဘာ္
မဲဆြယ္
ရဲရဲ မဲဆြယ္။
မၾကာခင္
ႏို၀င္ဘာ ေရာက္ေတာ့မယ္။    ။

ေ အ ာ င္ ေ ၀ း
(၉- ၁၄- ၂၀)

COVID-19 LIVE UPDATE 9-14-20 8:00 PM
ကူးစက္ (၃,၁၉၅)ဦး။  ေသဆုံး (၃၂)ဦး။   ျပန္က်န္းမာ (၇၉၀)ဦး။

Thursday, September 10, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၉



ဒီနေ့ စက်တင်ဘာ (၁၁)။ ဒိနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ
9/11 Attacks (၁၉)နှစ်ပြည်တဲ့ နှစ်ပတ်လည်နေ့ပါ။
လွန်ခဲ့သော (၁၉)နှစ်က ဒီနေ့ (၂၀၀၁၊ စက်တင်ဘာ- ၁၁) နံနက်ခင်းမှာ
အယ်လ်ကေဒါ (Al-Qaeda) အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ
အကြမ်းဖက်အဖွဲ့က၊ အမေရိကန်ပြည်တွင်းလေကြောင်းခရီးစဉ်(၄)ခုကို
ပြန်ပေးဆွဲပြီး၊ အထင်ကရနေရာကြီး(၃)ခုကို တစ်ချိန်တည်း ဝင်ရောက်
တိုက်ခိုက်ခဲ့တာဖြစ်တယ်။
အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ်- ၁၁ (AA 11) လေယာဉ်နဲ့ ယူနိုက်တက်လေကြောင်းလိုင်း ခရီးစဉ်အမှတ်-၁၇၅ (UA 175) လေယာဉ်
တွေက နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် (World
Trade Center) (အထပ် ၁၁၀) ကို တိုက်ခိုက်ခဲ့တယ်။
အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ်-၇၇ (AA 77) လေယာဉ်နဲ့
ပင်တဂွန်စစ်ဌာနချုပ် (The Pentagon) ကို တိုက်ခိုက်တယ်။
.ယူနိုက်တက်လေကြောင်းလိုင်း ခရီးစဉ်အမှတ်-၉၃ (UA 93) လေယာဉ်
ကတော့၊ ဝါရှင်တန် ဒီ၊စီ က U.S. Capitol အဆောက်အအုံကို တိုက်ခိုက်
ဖို့ ကြံရွယ်ပေမဲ့၊ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေက ပြန်လည်ခုခံ
တိုက်ခိုက်ခဲ့လို့၊ အထမမြောက်ခဲ့ပါဘူး။
ဒီ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ လူပေါင်း (၃)ထောင်နီးပါး (၂,၉၇၇)
သေဆုံပြီး၊ (၂)သောင်း(၅)ထောင် (၂၅,၀၀၀) ဒဏ်ရာရခဲ့ပါတယ်။
(အယ်လ်ကေဒါ အကြမ်းဖက်သမား- ၁၉ ဦးစလုံး သေပါတယ်)
ဒီ အကြမ်းဖက်မှုဖြစ်စဉ်ကို September 11 Attacks ဒါမှမဟုတ်၊ 9/11
လို့ ခေါ်ကြပါတယ်။ သမ္မတဂျော့ဘုရှ် လက်ထက်မှာပါ။
ဒီ လုပ်ကြံမှုကြီးကို ကြိုးကိုင်စီစဉ်တဲ့ အယ်လ်ကေဒါအဖွဲ့ခေါင်းဆောင်
အိုစမာဘင်လာဒင် (Osama bin Laden) ကို၊ သမ္မတအိုဘားမား
လက်ထက်၊ ၂၀၁၁ မေလ(၂)ရက်နေ့၊ ပါကစ္စတန်နယ်မြေထဲမှာ၊ အမေရိ
ကန်အထူးတပ်ဖွဲ့က စီးနင်းသတ်ဖြတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့သမိုင်းစာမျက်နှာမှာ 9/11 လို့ ခေါ်တွင်တဲ့ အဲဒီဖြစ်ရပ်ရှိသလို၊
11/9 လို့ ခေါ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိပါတယ်။
အဲဒါကတော့၊ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့မှာ၊ အရှေ့ဂျာမနီ
(GDR) နဲ့ အနောက်ဂျာမနီ (FRG) နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့၊ ဘာလင်
တံတိုင်းကြီးကို ဖြိုလှဲချလိုက်တဲ့ ဖြစ်စဉ်ပါပဲ။ တည်ဆောက်ခဲ့ပြီး အနှစ်(၃၀)
အကြာမှာ ဒီတံတိုင်းကြီး ဖြိုလှဲခံရတာပါ။
အဲဒီလို ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ဖြစ်ရပ်တွေကို၊ စာပေ၊ ရုပ်ရှင် အနုပညာ
တွေအဖြစ် ဖန်တီးခဲ့ကြတဲ့အကြောင်းကို ဒီနေရာမှာ ပြောပြချင်တာပါ။
စက်တင်ဘာ-၁၁ တိုက်ခိုက်ခံရမှုကို ၂၀၁၇ မှာ ဟောလိဝုဒ်က ဒါရိုက်တာ
Martin Guigui က သရုပ်ဆောင် Charlie Sheen, Whoopi Goldberg
တို့နဲ့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ ဇာတ်ကားနာမည်က "9/11" ပါ။
အိုစမာဘင်လာဒင်ကို စီးနင်းလုပ်ကြံတဲ့ စစ်ဆင်ရေးကို၊ ၂၀၁၂ မှာ၊ ဟောလိဝုဒ်က အမျိုးသမီးဒါရိုက်တာ Kathryn Bigelow က "Zero
Dark Thirty" ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ အော်စကာဆု(အသံ)
ရပါတယ်။
ဒီလိုပါပဲ၊ ၁၉၁၈ မှာဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး ကပ်ရောဂါဘေးကြီးအကြောင်း
ကိုလည်း ဝတ္ထုေတွေ၊ ရုပ်ရှင်တွေ ရေးခဲ့ကြ၊ ရိုက်ခဲ့ကြတာပါ။
၁၉၈၅ မှာ "1918" ဆိုတဲ့ ရုပ်ရှင်။
၁၉၉၀ မှာ "Awakenings" ဆိုတဲ့ ရုပ်ရှင်။
၂၀၀၆ မှာ "The Last Town on Earth" ဆိုတဲ့ ဝတ္ထု။
၂၀၀၉ မှာ "Spanish Flu:The Forgotten Fallen" ဆိုတဲ့ ဗြိတိသျှ
ရုပ်မြင်သံကြားစီးရီး။
၂၀၁၀ မှာ "Downton Abbey" ဆိုတဲ့ ဗြိတိသျှရုပ်မြင်သံကြားသမိုင်း
မှတ်တမ်း။
အခု အချိန်က ၁၉၁၈ စပိန်တုပ်ကွေး ကပ်ဘေးကြီးဖြစ်အပြီး၊ အနှစ်
(၁၀၀)အကြာ၊ ကမ္ဘာကြီးမှာ Covid-19 coronavirus ကပ်ရောဂါ
ဘေးကြီး သင့်နေတဲ့အချိန်ပါ။
ဒီနေ့ 9/11 (စက်တင်ဘာ- ၁၁၊ ၂၀၂၀)မှာ ကမ္ဘာတစ်ဝန်းလုံး ရောဂါပိုး
ကူးစက်ခံရသူ (၂၈)သန်းနီးပါး၊ သေဆုံးသူ (၉)သိန်းကျော် ရှိနေပါပြီ။
အမေရိကန်တစ်နိုင်ငံတည်း ကူးစက် (၆)သန်းကျော်၊ သေဆုံး (၂)သိန်း
နီးနီး ရှိပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ကူးစက် (၂,၂၆၅)ဦး၊ သေဆုံး
(၁၄)ဦးပါ။ ဒါ ဒီနေ့ (စက်တင်ဘာ- ၁၁၊ ၂၀၂၀) WHO ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ကြီးက ထုတ်ပြန်တဲ့သတင်းပါ။
ဒီ ကိုဗစ်-19 ကပ်ကြီး ပြီးသွားရင်ကော၊ ဒီကပ်ကြီးကို ထင်ဟပ်ဖော်ကျူးတဲ့
စာပေ၊ အနုပညာတွေ ထွက်ပေါ်လာဦးမှာလား။
အင်္ဂလန်က ဆရာခွန်ဆိုင်းရဲ့ "ကိုဗစ်ဒိုင်ယာရီ(၁)" စာအုပ်။ ကံ့ကော်ဝတ်
ရည်က ထွက်လာတာတွေ့ရပါတယ်။
ဆရာသစ္စာနီရဲ့ ကိုဗစ်နောက်ခံ အချစ်ဝတ္ထုကြီးလည်း မကြခင် ထုတ်ဝေ
ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
ကိုဗစ်ဟာ စစ်ပွဲကြီးတစ်ခုပါ။ လူတိုင်း တစ်ဦးချင်းပါဝင်တိုက်ခိုက်ရတဲ့
ကမ္ဘာစစ်ကြီးပါ။ ကိုယ်ကစပြီး ခုခံကာကွယ်ရတဲ့ စစ်ကြီး။
 ဒီစစ်ကြီး ပြီး
သွားတဲ့အခါ။ မသေဘဲ ကျန်ရစ်မယ့် စာပေ၊ အနုပညာလက်ရာတွေကို
ခံစားနိုင်ဖို့၊ မိတ်ဆွေ- သင် အခု ကျန်းမာနေဖို့လိုပါတယ်။
၂၀၂၀ နိုဝင်ဘာ- ၉ (11/9) ကျရင်လည်း၊ ရွေးကောက်ပွဲ အောင်ပွဲခံဖို့၊
သင် အခု ကျန်းမာနေမှဖြစ်မယ် မိတ်ဆွေ။
နီနီ ဝါဝါ ပြာပြာ စိမ်းစိမ်း၊ မြန်မာပြည်သူအားလုံး။ ကိုဗစ်ရန်ဘေး၊ ကင်း
စင်ဝေး၊ ငြိမ်းအေးကြပါစေ။    ။

အောင်ဝေး

(စက်တင်ဘာ ၁၁၊ ၂၀၂၀)


##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၉
 
ဒီေန့ စက္တင္ဘာ (၁၁)။ ဒိေန့ဟာ အေမရိကန္ျပည္ေထာင္စုမွာ
9/11 Attacks (၁၉)ႏွစ္ျပည္တဲ့ ႏွစ္ပတ္လည္ေန့ပါ။
လြန္ခဲ့ေသာ (၁၉)ႏွစ္က ဒီေန့ (၂၀၀၁၊ စက္တင္ဘာ- ၁၁) နံနက္ခင္းမွာ
အယ္လ္ေကဒါ (Al-Qaeda) အစၥလာမ္မစ္ အစြန္းေရာက္ စစ္ေသြးၾကြ
အၾကမ္းဖက္အဖြဲ့က၊ အေမရိကန္ျပည္တြင္းေလေၾကာင္းခရီးစဥ္(၄)ခုကို
ျပန္ေပးဆြဲၿပီး၊ အထင္ကရေနရာႀကီး(၃)ခုကို တစ္ခ်ိန္တည္း ၀င္ေရာက္
တိုက္ခိုက္ခဲ့တာျဖစ္တယ္။
အေမရိကန္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္- ၁၁ (AA 11) ေလယာဥ္နဲ့ ယူႏိုက္တက္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္-၁၇၅ (UA 175) ေလယာဥ္
ေတြက နယူးေယာက္ၿမိဳ့က ကမၻာ့ကုန္သြယ္ေရးေမွ်ာ္စင္ညီေနာင္ (World
Trade Center) (အထပ္ ၁၁၀) ကို တိုက္ခိုက္ခဲ့တယ္။
အေမရိကန္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္-၇၇ (AA 77) ေလယာဥ္နဲ့
ပင္တဂြန္စစ္ဌာနခ်ဳပ္ (The Pentagon) ကို တိုက္ခိုက္တယ္။
.ယူႏိုက္တက္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္-၉၃ (UA 93) ေလယာဥ္
ကေတာ့၊ ၀ါရွင္တန္ ဒီ၊စီ က U.S. Capitol အေဆာက္အအုံကို တိုက္ခိုက္
ဖို့ ႀကံရြယ္ေပမဲ့၊ ေလယာဥ္ေပၚပါလာတဲ့ ခရီးသည္ေတြက ျပန္လည္ခုခံ
တိုက္ခိုက္ခဲ့လို့၊ အထမေျမာက္ခဲ့ပါဘူး။
ဒီ အၾကမ္းဖက္တိုက္ခိုက္မွဳျဖစ္စဥ္မွာ လူေပါင္း (၃)ေထာင္နီးပါး (၂,၉၇၇)
ေသဆုံၿပီး၊ (၂)ေသာင္း(၅)ေထာင္ (၂၅,၀၀၀) ဒဏ္ရာရခဲ့ပါတယ္။
(အယ္လ္ေကဒါ အၾကမ္းဖက္သမား- ၁၉ ဦးစလုံး ေသပါတယ္)
ဒီ အၾကမ္းဖက္မွဳျဖစ္စဥ္ကို September 11 Attacks ဒါမွမဟုတ္၊ 9/11
လို့ ေခၚၾကပါတယ္။ သမၼတေဂ်ာ့ဘုရွ္ လက္ထက္မွာပါ။
ဒီ လုပ္ႀကံမွဳႀကီးကို ႀကိဳးကိုင္စီစဥ္တဲ့ အယ္လ္ေကဒါအဖြဲ့ေခါင္းေဆာင္
အိုစမာဘင္လာဒင္ (Osama bin Laden) ကို၊ သမၼတအိုဘားမား
လက္ထက္၊ ၂၀၁၁ ေမလ(၂)ရက္ေန့၊ ပါကစၥတန္နယ္ေျမထဲမွာ၊ အေမရိ
ကန္အထူးတပ္ဖြဲ့က စီးနင္းသတ္ျဖတ္ႏိုင္ခဲ့ပါတယ္။
ကမၻာ့သမိုင္းစာမ်က္ႏွာမွာ 9/11 လို့ ေခၚတြင္တဲ့ အဲဒီျဖစ္ရပ္ရွိသလို၊
11/9 လို့ ေခၚဆိုတဲ့ ျဖစ္ရပ္တစ္ခုလည္း ရွိပါတယ္။
အဲဒါကေတာ့၊ ၁၉၈၉ ခုႏွစ္၊ ႏို၀င္ဘာလ(၉)ရက္ေန့မွာ၊ အေရွ့ဂ်ာမနီ
(GDR) နဲ့ အေနာက္ဂ်ာမနီ (FRG) ႏွစ္ႏိုင္ငံကို ပိုင္းျခားထားတဲ့၊ ဘာလင္
တံတိုင္းႀကီးကို ၿဖိဳလွဲခ်လိုက္တဲ့ ျဖစ္စဥ္ပါပဲ။ တည္ေဆာက္ခဲ့ၿပီး အႏွစ္(၃၀)
အၾကာမွာ ဒီတံတိုင္းႀကီး ၿဖိဳလွဲခံရတာပါ။
အဲဒီလို ကမၻာ့သမိုင္းမွာ ထင္ရွားတဲ့ျဖစ္ရပ္ေတြကို၊ စာေပ၊ ရုပ္ရွင္ အႏုပညာ
ေတြအျဖစ္ ဖန္တီးခဲ့ၾကတဲ့အေၾကာင္းကို ဒီေနရာမွာ ေျပာျပခ်င္တာပါ။
စက္တင္ဘာ-၁၁ တိုက္ခိုက္ခံရမွဳကို ၂၀၁၇ မွာ ေဟာလိ၀ုဒ္က ဒါရိုက္တာ
Martin Guigui က သရုပ္ေဆာင္ Charlie Sheen, Whoopi Goldberg
တို့နဲ့ ရုပ္ရွင္ရိုက္ခဲ့ပါတယ္။ ဇာတ္ကားနာမည္က "9/11" ပါ။
အိုစမာဘင္လာဒင္ကို စီးနင္းလုပ္ႀကံတဲ့ စစ္ဆင္ေရးကို၊ ၂၀၁၂ မွာ၊ ေဟာလိ၀ုဒ္က အမ်ိဳးသမီးဒါရိုက္တာ Kathryn Bigelow က "Zero
Dark Thirty" ဆိုတဲ့နာမည္နဲ့ ရုပ္ရွင္ရိုက္ခဲ့ပါတယ္။ ေအာ္စကာဆု(အသံ)
ရပါတယ္။
ဒီလိုပါပဲ၊ ၁၉၁၈ မွာျဖစ္ခဲ့တဲ့ စပိန္တုပ္ေကြး ကပ္ေရာဂါေဘးႀကီးအေၾကာင္း
ကိုလည္း ၀တၳဳေေတြ၊ ရုပ္ရွင္ေတြ ေရးခဲ့ၾက၊ ရိုက္ခဲ့ၾကတာပါ။
၁၉၈၅ မွာ "1918" ဆိုတဲ့ ရုပ္ရွင္။
၁၉၉၀ မွာ "Awakenings" ဆိုတဲ့ ရုပ္ရွင္။
၂၀၀၆ မွာ "The Last Town on Earth" ဆိုတဲ့ ၀တၳဳ။
၂၀၀၉ မွာ "Spanish Flu:The Forgotten Fallen" ဆိုတဲ့ ၿဗိတိသွ်
ရုပ္ျမင္သံၾကားစီးရီး။
၂၀၁၀ မွာ "Downton Abbey" ဆိုတဲ့ ၿဗိတိသွ်ရုပ္ျမင္သံၾကားသမိုင္း
မွတ္တမ္း။
အခု အခ်ိန္က ၁၉၁၈ စပိန္တုပ္ေကြး ကပ္ေဘးႀကီးျဖစ္အၿပီး၊ အႏွစ္
(၁၀၀)အၾကာ၊ ကမၻာႀကီးမွာ Covid-19 coronavirus ကပ္ေရာဂါ
ေဘးႀကီး သင့္ေနတဲ့အခ်ိန္ပါ။
ဒီေန့ 9/11 (စက္တင္ဘာ- ၁၁၊ ၂၀၂၀)မွာ ကမၻာတစ္၀န္းလုံး ေရာဂါပိုး
ကူးစက္ခံရသူ (၂၈)သန္းနီးပါး၊ ေသဆုံးသူ (၉)သိန္းေက်ာ္ ရွိေနပါၿပီ။
အေမရိကန္တစ္ႏိုင္ငံတည္း ကူးစက္ (၆)သန္းေက်ာ္၊ ေသဆုံး (၂)သိန္း
နီးနီး ရွိပါတယ္။
က်ေနာ္တို့ ျမန္မာႏိုင္ငံမွာ ကူးစက္ (၂,၂၆၅)ဦး၊ ေသဆုံး
(၁၄)ဦးပါ။ ဒါ ဒီေန့ (စက္တင္ဘာ- ၁၁၊ ၂၀၂၀) WHO ကမၻာ့က်န္းမာေရး
အဖြဲ့ႀကီးက ထုတ္ျပန္တဲ့သတင္းပါ။
ဒီ ကိုဗစ္-19 ကပ္ႀကီး ၿပီးသြားရင္ေကာ၊ ဒီကပ္ႀကီးကို ထင္ဟပ္ေဖာ္က်ဴးတဲ့
စာေပ၊ အႏုပညာေတြ ထြက္ေပၚလာဦးမွာလား။
အဂၤလန္က ဆရာခြန္ဆိုင္းရဲ့ "ကိုဗစ္ဒိုင္ယာရီ(၁)" စာအုပ္။ ကံ့ေကာ္၀တ္
ရည္က ထြက္လာတာေတြ့ရပါတယ္။
ဆရာသစၥာနီရဲ့ ကိုဗစ္ေနာက္ခံ အခ်စ္၀တၳဳႀကီးလည္း မၾကခင္ ထုတ္ေ၀
ျဖန့္ခ်ိေတာ့မယ္လို့ သိရပါတယ္။
ကိုဗစ္ဟာ စစ္ပြဲႀကီးတစ္ခုပါ။ လူတိုင္း တစ္ဦးခ်င္းပါ၀င္တိုက္ခိုက္ရတဲ့
ကမၻာစစ္ႀကီးပါ။ ကိုယ္ကစၿပီး ခုခံကာကြယ္ရတဲ့ စစ္ႀကီး။
 ဒီစစ္ႀကီး ၿပီး
သြားတဲ့အခါ။ မေသဘဲ က်န္ရစ္မယ့္ စာေပ၊ အႏုပညာလက္ရာေတြကို
ခံစားႏိုင္ဖို့၊ မိတ္ေဆြ- သင္ အခု က်န္းမာေနဖို့လိုပါတယ္။
၂၀၂၀ ႏို၀င္ဘာ- ၉ (11/9) က်ရင္လည္း၊ ေရြးေကာက္ပြဲ ေအာင္ပြဲခံဖို့၊
သင္ အခု က်န္းမာေနမွျဖစ္မယ္ မိတ္ေဆြ။
နီနီ ၀ါ၀ါ ျပာျပာ စိမ္းစိမ္း၊ ျမန္မာျပည္သူအားလုံး။ ကိုဗစ္ရန္ေဘး၊ ကင္း
စင္ေ၀း၊ ၿငိမ္းေအးၾကပါေစ။    ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၁၁၊ ၂၀၂၀)

Wednesday, September 9, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၈




တို့အားလုံး အနီ။

အနီ ကူးစက်
သွေး ကူးစက်တော့
စက်တင်ဘာ နီ
အောက်တိုဘာ နီ
နိုဝင်ဘာ နီ။

အနီ ကူးစက်
သွေး ကူးစက်တော့
ရန်ကုန် နီ
မန္တလေး နီ
တစ်တောလုံး နီ။

အနီ ကူးစက်
သွေး ကူးစက်တော့
မစ်ရှီဂန် နီ
ဝါရှင်တန် နီ
ကယ်လီဖိုးနီးယား နီ။

အနီ ကူးစက်
သွေး ကူးစက်လို့
တက်ကြွနေတဲ့ တို့အိပ်မက်
ကိုဗစ် ကူးစက်
ပိုး ကူးစက်ရင်
ပျက်လိမ့်မယ်။

ရဲဘော်
မဲလည်း ဆွယ်ပါ
မဲဆန္ဒရှင်တွေရဲ့
အသက်အန္တရာယ်ကိုလည်း
ကာကွယ်ပါ။

ခြင်္သေ့ ကိုက်လို့ မသေ
ကိုဗစ် ကိုက်ရင်
သေမယ်။
(ခြင်္သေ့က အပုန်းကြီး)

ရွေးကောက်ပွဲ ခဲပေါက်သူ
ရွေးကောက်ပွဲ ပွဲလှန့်သူ
ရွေးကောက်ပွဲ ဆဲရေးသူ
ဒီလူတွေ မတိုက်နဲ့။
(အရေးမကြီး)

ကိုဗစ်ကိုပဲ
တိုက်။

ကိုဗစ်ကို နိုင်မှ
ရွေးကောက်ပွဲ
နိုင်မယ်။ ။

အောင်ဝေး

(စက်တင်ဘာ ၁၀၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၈

 

တို့အားလုံး အနီ။

အနီ ကူးစက္
ေသြး ကူးစက္ေတာ့
စက္တင္ဘာ နီ
ေအာက္တိုဘာ နီ
ႏို၀င္ဘာ နီ။

အနီ ကူးစက္
ေသြး ကူးစက္ေတာ့
ရန္ကုန္ နီ
မႏၱေလး နီ
တစ္ေတာလုံး နီ။

အနီ ကူးစက္
ေသြး ကူးစက္ေတာ့
မစ္ရွီဂန္ နီ
၀ါရွင္တန္ နီ
ကယ္လီဖိုးနီးယား နီ။

အနီ ကူးစက္
ေသြး ကူးစက္လို့
တက္ၾကြေနတဲ့ တို့အိပ္မက္
ကိုဗစ္ ကူးစက္
ပိုး ကူးစက္ရင္
ပ်က္လိမ့္မယ္။

ရဲေဘာ္
မဲလည္း ဆြယ္ပါ
မဲဆႏၵရွင္ေတြရဲ့
အသက္အႏၱရာယ္ကိုလည္း
ကာကြယ္ပါ။

ျခေသၤ့ ကိုက္လို့ မေသ
ကိုဗစ္ ကိုက္ရင္
ေသမယ္။
(ျခေသၤ့က အပုန္းႀကီး)

ေရြးေကာက္ပြဲ ခဲေပါက္သူ
ေရြးေကာက္ပြဲ ပြဲလွန့္သူ
ေရြးေကာက္ပြဲ ဆဲေရးသူ
ဒီလူေတြ မတိုက္နဲ့။
(အေရးမႀကီး)

ကိုဗစ္ကိုပဲ
တိုက္။

ကိုဗစ္ကို ႏိုင္မွ
ေရြးေကာက္ပြဲ
ႏိုင္မယ္။ ။

ေ အ ာ င္ ေ ၀ း

(စက္တင္ဘာ ၁၀၊ ၂၀၂၀)

Monday, September 7, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၇



မစ်ရှီဂန်မဲဇာမှာ
အသည်းနာ ကမ္ဘာ မကြေ။

ဟိုတုန်းက
နဖူး အချိန်ခံရရင်
အဲဒါ ခင်ညွန့်ထောက်လှမ်းရေး စစ်နေတာပဲ။

အခု
နဖူးကို ချိန်ပြီ ဆိုရင်တော့
ကိုဗစ်-19 စစ်တာပေါ့။

ထောက်လှမ်းရေး ဖြစ်ဖြစ်
ကိုဗစ် ဖြစ်ဖြစ်
ခေတ် တစ်ခေတ်မှာ
အဲဒီခေတ်ရဲ့
ညစ်ပုပ်ကပ်ကျယ်ကောင်တွေ။

မေတ္တာပို့လို့
မဆုံးဘူး။ ။

အောင်ဝေး


(စက်တင်ဘာ ၈၊ ၂၀၂၀)
COVID-19 LIVE UPDATE September 8, 2020
မြန်မာနိုင်ငံ- ကူးစက်ခံရသူ (၁,၇၀၉)ဦး။ သေဆုံးသူ (၁၀)
ဦး။ ပြန်ကျန်းမာလာသူ (၄၆၀)ဦး။

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၇
 

မစ္ရွီဂန္မဲဇာမွာ
အသည္းနာ ကမၻာ မေၾက။

ဟိုတုန္းက
နဖူး အခ်ိန္ခံရရင္
အဲဒါ ခင္ညြန့္ေထာက္လွမ္းေရး စစ္ေနတာပဲ။

အခု
နဖူးကို ခ်ိန္ၿပီ ဆိုရင္ေတာ့
ကိုဗစ္-19 စစ္တာေပါ ့။

ေထာက္လွမ္းေရး ျဖစ္ျဖစ္
ကိုဗစ္ ျဖစ္ျဖစ္
ေခတ္ တစ္ေခတ္မွာ
အဲဒီေခတ္ရဲ့
ညစ္ပုပ္ကပ္က်ယ္ေကာင္ေတြ။

ေမတၱာပို့လို့
မဆုံးဘူး။ ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၈၊ ၂၀၂၀)
COVID-19 LIVE UPDATE September 8, 2020
ျမန္မာႏိုင္ငံ- ကူးစက္ခံရသူ (၁,၇၀၉)ဦး။ ေသဆုံးသူ (၁၀)
ဦး။ ျပန္က်န္းမာလာသူ (၄၆၀)ဦး။

Saturday, September 5, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၆


စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေ။
(၁)
မနေ့ကထင်သည်။ တစ်နေ့ကရင်လည်း ဖြစ်မယ်။ ကဗျာဆရာ ညလယ်မိုး
ရဲ့ "သာစွလီ" ကဗျာကို FB ပေါ်မယ် ဖတ်လိုက်ရသည်။
"ဗုံးခိုကျင်းထဲမှာတော့၊ တစ်ယောက်နဲ့တစ်ယောက်၊ ၆-ပေခွာ နေလို့မရ
ဘူး" ဆိုတဲ့ ကြေကြေကွဲကွဲအသံကို၊ အခုဖြစ်နေတဲ့ ကိုဗစ်-19 ကပ်ရောဂါ
ဘေးကြီးထဲမှာ၊ သူ၏ကဗျာထဲကနေ နားနှင့်ဆတ်ဆတ် ကြားလိုက်ရ၏။
သြော် ... ကျနော်တို့တွေရဲ့ ဘဝအထွေထွေကလည်း၊ ကိုဗစ်ကြောင့်သေ၊
ပြည်တွင်းစစ်ကြောင့် ကြေနေရတာပဲ မဟုတ်လား။
ဟိုး ရှေးအတီတေကာလ ကဗျာဆရာကြီးဟိုးမားကနေ၊ ယနေ့အခါသမယ
ကဗျာဆရာမလေး မွန်းသူအိမ် အထိ။ လူ့အဖြစ်ဘဝမှာ လူတိုင်းကင်းလို့
မရတဲ့ အရာနှစ်ခု။
အချစ် နဲ့ စစ်။ LOVE & WAR.
အချစ်က ဘူးစင်စိမ်းစိမ်းကလေးပေါ်မှာ၊ ဘူးညွန့်နုနုကလေးတွေ၊ နှာမောင်းအိအိကလေးတွေနဲ့ချိတ်ပြီး၊ တဖြည်းဖြည်း ရစ်ပတ်နွယ်တက်
နေတာနဲ့ တူပါတယ်။ လှတယ်။ `
စစ်ကတော့၊ သံဆူးကြိုးခြံစည်းရိုးတန်းမှာ၊ အလေ့ကျပေါက်နေတဲ့ တောရိုင်းနွယ်ပန်းဝါဝါကလေး၊ နွားကျောင်းသားတွေလက်ချက်နဲ့ ညှိုးနွမ်း
သွားရတာနဲ့ တူပါတယ်။ မလှဘူး။
ဆရာဇော်ဂျီ ဆိုခဲ့ဖူးတယ်။ "အနိဋ္ဌာရုံကို လှအောင် ဖွဲ့နိုင်တာ အနုပညာ
ပဲ" တဲ့။ ဆရာ ညလယ်မိုးရဲ့ကဗျာက ဒီသဘောပါပဲ။ ပြည်တွင်းစစ်က မလှ
ပါဘူး။ ကိုဗစ်စစ်ကလည်း မလှပါဘူး။ အဲဒီ မလှတဲ့ အနိဋ္ဌာရုံကြီးကို ကဗျာ
ဆရာက လှအောင်(ခံစားရအောင်) ရေးဖွဲ့လိုက်တာပါ။ အဲဒါ ကဗျာပါပဲ။
လူသားတစ်ခေတ်ဟာ အချစ်နဲ့ စစ် ကြားမျာ ဗျာများနေရတယ်။ အဲဒီလို
အချစ်နဲ့စစ် ကြား ဗျာများနေရတဲ့ လူသားရဲ့ ဖြစ်တည်မှုဘဝထဲကို၊ ငရဲကို
နှစ်ခြမ်းဖြဲပြီး၊ သရဲလို အခန်းထဲဝင်လာတတ်တာက၊ ကပ်ရောဂါ ကပ်ဘေး
ဆိုးတွေ ဖြစ်နေတယ်။
အခု။ ကိုဗစ်ကာလ၊ ကိုရိုနာအခါသမယ၊ ကျနော်တို့ဟာ ငရဲနဲ့ သရဲ၊ တစ်ခု
ရွေး ဆိုတဲ့ကိန်း ဆိုက်နေတာပါ။ စစ်လား၊ ကိုဗစ်လား။ မကြိုက်လည်း
တစ်ခုခုကို ရွေးရတော့မယ့်၊ ရေလယ်မှာ လှေမှောက်တဲ့ ဘဝပါပဲ။
(၂)
ဒီ အဖြစ်မျိုးတွေက အခုမှ မဟုတ်ပါဘူး။ ဟိုး တုန်းကလည်း ရှိခဲ့ဖူး၊ ကြုံခဲ့
ဖူးတာပါ။
၁၉၁၄ ဇူလိုင်(၂၈)မှာ ပထမကမ္ဘာစစ်ကြီး စဖြစ်တယ်။ စစ်က ၁၉၁၈ နိုဝင်ဘာ(၁၁)ကျမှ ပြီးဆုံးတယ်။ အဲဒီ ပထမစစ်ကြီး မပြီးသေးခင်မီမှာကိုပဲ
စပိန်တုပ်ကွေး(SPANISH FLU/1918 FLU PANDEMIC) လို့ခေါ်တဲံ့
ကပ်ရောဂါဘေးကြီး ကမ္ဘာမှာ ဆိုက်ပါရောလား။ စပိန်တုပ်ကွေးက
၁၉၁၈ ဖေဖော်ဝါရီမှာ စဖြစ်တာ၊ ၁၉၂၀ ဧပြီကျမှပဲ ရပ်တော့တယ်။
ပထမကမ္ဘာစစ်ကြောင့် စစ်သား(၉)သန်းနဲ့ အရပ်သား(၁၃)သန်း သေတယ်
လို့ဆိုတယ်။
စပိန်တုပ်ကွေးကြောင့် လူပေါင်း သန်း(၅၀၀)(အဲဒီတုန်းက ကမ္ဘာ့လူဦးရေရဲ့
သုံးပုံတစ်ပုံ) ရောဂါပိုး ကူးစက်ခံရပြီး၊ လူပေါင်း (၁၇)သန်းနဲ့ သန်း(၅၀)ကြား
သေကြေတယ်။ တချို့ရင်းမြစ်တွေက သန်း(၅၀)နဲ့(၁၀၀)ကြားအထိ ရှိနိုင်
တယ်လို့ဆိုပါသေးတယ်။
ကဲ၊ စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေပဲ မဟုတ်လား။
ဒုတိယကမ္ဘာစစ် ကျတော့ကော။ ၁၉၃၉ စက်တင်ဘာ(၁)မှာ ဒုတိယစစ် စ
ဖြစ်တယ်။ ၁၉၄၅ စက်တင်ဘာ(၂)ကျမှ ပြီးဆုံးတယ်။ ၆-နှစ်နဲ့ တစ်ရက်
တိတိ ကြာတယ်။ စစ်သား သန်း(၂၀)၊ အရပ်သား သန်း(၄၀) သေတယ်လို့
ဆိုပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးခါနီး(၁၉၄၅) မဟာမိတ်အင်အားစုက အမေရိကန်က ဝင်းရိုးတန်း သုံးနိုင်ငံထဲက ဂျပန်ကို အနုမြူဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ရာ
မှာ၊ ဟီရိုရှီးမား(သြဂုတ် ၆) နဲ့ နဂါးစကီး(သြဂုတ် ၉) မြို့ကြီးနှစ်မြို့မှာ လူပေါင်း (၁)သိနး(၂)သောင်း(၉)ထောင် နဲ့ (၂)သိန်း(၂)သောင်း(၆)ထောင်
ကြား အသက်ဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းရှိပါတယ်။
(၃)
ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရကတည်းက စခဲ့တဲ့ ပြည်
တွင်းစစ် (၁၉၄၈- ၂၀၂၀) အနှစ်(၇၀)ကျော်(၇၂-နှစ်)မှာ စစ်သား ဘယ်နှ
ယောက်၊ အရပ်သား ဘယ်နှယောက် သေကြေခဲ့ရပြီလဲ။
ပြည်တွင်းစစ်ဆိုတာ ဘာနဲ့တူသလဲဆိုတော့၊ ရေအောက်အနက် နွံထဲမှာ
အမြစ်ခိုင်ခိုင်တွယ်ပြီး၊ ရေပေါ်မှာ ရွက်စိမ်းပြန့်ပြန့်ဖားဖားနဲ့၊ အပွင့် ဖြူနီညို
ပြာ ခရမ်း၊ ပွင့်စွမ်းနိုင်အားတဲ့ ကြာရိုးကြာနွယ်ကို၊ ရေငုပ်သမားက တော်ပီဒို
နဲ့ ပစ်ခွင်းဖျက်ဆီးတာနဲ့ တူပါတယ်။
အောက်ခြေဘဝတွေက နွံထဲမှာ။ အဲဒီ နွံထဲကပဲ ကြာပန်းက ပွင့်ရတာပါ။
အဲဒါ လူ့အဖြစ်မှာ နုသစ်ရတဲ့ အချစ်ပွင့်တာပါပဲ။ အချစ်ကို ဖျက်ဆီးတဲ့
တော်ပီဒိုကြီးကတော့ စစ်ပေါ့လေ။
အခုတော့ အချစ်ကို ဖျက်ဆီးပစ်နေတာ၊ စစ်တစ်ခုတည်း မဟုတ်တော့ဘူး။
ကိုဗစ်က စစ်နဲ့လာပေါင်းပြီး၊ ကျနော်တို့ လူသားအချစ်ကို ယူစားပစ်နေပြီ။
ယနေ့ September 6, 2020 ကမ္ဘာတစ်ဝှမ်းလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး
ကူးစက်ခံရသူ(၂၇)သန်း(26,938,794)၊ သေဆုံးသူ(၉)သိန်နီးနီး (880,624)၊ ပြန်ကျန်းမာလာသူ (၁၈)သန်းလို့ သိရပါတယ်။
ကျနော်တို့ မြန်မာပြည်မှာ ကူးစက်ခံရသူ(၁၄၁၉)ယောက်၊ သေဆုံး(၈)
ယောက်နဲ့ ပြန်ကျန်းမာလာသူက (၃၈၅)ဦးပါ။
မထင်မှတ်ထားပဲ၊ ထင်မှတ်ထားလည်း အငိုက်မိသွားတာပါပဲ၊ ဒီ(၂၀၂၀)
သြဂုတ်နဲ့ စက်တင်ဘာ စပ်ကူးမပ်ကူးမှာ ကျနော်တို့ COVID_!9
CORONAVIRUS ဒုတ်ယလှိုင်း ရိုက်တာကို ခံလိုက်ရတာပါပဲ။ ပထမလှိုင်း
တုန်းက ကူးစက်ခံရသူ (၄၀၀)ဝန်းကျင်၊ သေဆုံးသူ(၆)ဦးနဲ့ ကျနော်တို့ (၄)လကျော် (၅)လနီးပါး မှန်မှန်ကန်ကန် ကြံ့ကြံ့ခံ
ခုခံနိုင်ခဲ့ပါသေးတယ်။
ဟော- ခုတော့ ဒုတိယလှိုင်း ရုတ်ခနဲ သုတ်သုတ်ရိုင်းရိုင်း ရိုက်ပုတ်လိုက်
လေတော့၊ ကူးစက်သူ(၁၄၀၀)ကျော်၊ သေဆုး(၈)ယောက်နဲ့၊ ကျနော်တို့
နိုင်ငံ လှိုင်းအောက် ရောက်ရချေတော့မယ်။ ဘုရား၊ ဘုရား။ တတိယလှိုင်း
ထပ်ဝင်မလာပါစေနဲ့။ ဝင်မလာပါစေနဲ့လို့ ဆိုရတာက၊ မလာဘူးလို့ ယတိ
ပြတ် မပြောနိုင်လို့ပါ။
၁၉၁၈ စပိန်တုပ်ကွေး ကပ်ဘေးတုန်းက လှိုင်းက (၄)ဆင့် နင့်နေအောင်
ရိုက်ခဲ့တာမို့ပါ။ ၁၉၁၈ အစောပိုင်းမှာ ပထမလှိုင်း၊ ၁၉၁၈ နောက်ပိုင်းမှာ
ဒုတ်ယလှိုင်း၊ တတိယလှိုင်းက ၁၉၁၉ နဲ့ နောက်ဆုံး စတုတ္ထလှိုင်းက ၁၉၂၀၊ ကျနာ်တို့ဆီမှာ ပထမတက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်တဲ့အချိန်ပေါ့။
စပိန်တုပ်ကွေးက အဲဒီလို လှိုင်း(၄)ဆင့် ရိုက်ခဲ့တဲ့ သမိုင်းရှိတာကိုး။ အခု
ကိုဗစ်-19 ကရော လှိုင်း ဘယ်နှဆင့် ရိုက်ဦးမှာလဲ။ မသိနိုင်ဘူး။
ဒီနေ့ (စက်တင်ဘာ ၆၊ ၂၀၂၀) အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့်
လူပေါင်း(၆)သန်းကျော် ကူးစက်ခံရ။ လူပေါင်း(၂)သိန်းပြည့်လု သေဆုံး။
(ပြန်ကျန်းမာ ၃-သန်း၊ ၇- သိန်းကျော်)
ကဲ၊ ကြည့်ပါဦး။ အခုပဲ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူဦးရေဟာ၊
ဟီရိုရှီးမား၊ နဂါးစကီး အနုမြူဗုံးဒဏ်နဲ့သေရတဲ့ လူဦးရေလောက် ဖြစ်နေပါ
ပြီ။ (ဟီရိုရှီးမား၊ နဂါးစကီး လူပေါင်း ၁၂၉,၀၀၀ နဲ့ ၂၂၆,၀၀၀ ကြားသေဆုံး)
အမေရိကန်မှာ ပြည်တွင်းစစ် အခု မရှိပါ။
ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ရှိပါသည်။
ကျနော်တို့ ဒီ ပြည်တွင်းစစ်ကို မတားနိုင်ပြီလား။ ကျနော်တို့ ဒီ ကိုဗစ်စစ်
ကိုရော မတားနိုင်ပြီလား။
ကိုဗစ်က စား၊ စစ်က ဝါးရင်၊ ကျနော်တို့ ဘဝတွေ လုံးပါး ပါးရချေတော့
မည်။ အသိဥ ာဏ်နဲ့ ခံစားပါ။ နှလုံးသားနဲ့ ဆင်ခြင်ပါ။
ရောဂါပိုးကူးစက်ခံရသူတွေအပေါ် စာနာထောက်ထားပါ။ နှစ်သိမ့်ဖေးမ
ပါ။ ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာလ အမိန့်နဲ့စည်းကမ်းတွေကို အပြည့်အဝ
လိုက်နာပါ။ မိမိကိုယ်မိမိ ကာကွယ်ပါ။ သူတစ်ပါးကိုလည်း ကာကွယ်ပါ။
စိတ်ကို တည်ငြိမ်အောင်ထားပါ။ (စိတ်တည်ငြိမ်ဖို့ ကဗျာလေး ဘာလေး
ရှာဖတ်ပေး)
ရောဂါပိုးရှိသူက ရန်သူ မဟုတ်ပါ။ ရောဂါပိုးကသာ ရန်သူပါ။ ရန်သူကိုတော့ မညှာလေနဲ့။ ဆရာမြသန်းတင့် ပြောခဲ့ဖူးတာ ရှိတယ်။
ပဲခူးရိုးမကြီးပေါ်က မုဆိုးကြီး ကိုဖိုးဇုံရဲ့ အဘိဓမ္မာ။ ကိုယ်က ကျားကို မသတ်ရင်၊ ကျားက ကိုယ့်ကို သတ်သွားမှာပဲတဲ့။
ဒီတော့၊ ရန်/ငါ ပြတ်ရတော့မယ်။ စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေ၊ ဒီလို
အဖြစ်သနစ်တွေ ဆုံးခန်းတိုင်ဖို့။
ကိုဗစ်-19 ဟာ ရန်သူပဲ။
ပြည်တွင်းစစ် မွေးစားနေတဲ့ သေနတ်အားကိုး၊ ငါးမြွေထိုးတွေဟာလည်း
ရန်သူပဲ။
ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြောရတော့မယ်။
"အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ"

အောင်ဝေး
(စက်တင်ဘာ ၆၊ ၂၀၂၀)




 ##

 

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၆

စစ္ေၾကာင့္ေၾက၊ ကပ္ေၾကာင့္ေသ။
(၁)
မေန႔ကထင္သည္။ တစ္ေန႔ကရင္လည္း ျဖစ္မယ္။ ကဗ်ာဆရာ ညလယ္မိုး
ရဲ႕ "သာစြလီ" ကဗ်ာကို FB ေပၚမယ္ ဖတ္လိုက္ရသည္။
"ဗုံးခိုက်င္းထဲမွာေတာ့၊ တစ္ေယာက္နဲ႔တစ္ေယာက္၊ ၆-ေပခြာ ေနလို႔မရ
ဘူး" ဆိုတဲ့ ေၾကေၾကကြဲကြဲအသံကို၊ အခုျဖစ္ေနတဲ့ ကိုဗစ္-19 ကပ္ေရာဂါ
ေဘးႀကီးထဲမွာ၊ သူ၏ကဗ်ာထဲကေန နားႏွင့္ဆတ္ဆတ္ ၾကားလိုက္ရ၏။
ေၾသာ္ ... က်ေနာ္တို႔ေတြရဲ႕ ဘဝအေထြေထြကလည္း၊ ကိုဗစ္ေၾကာင့္ေသ၊
ျပည္တြင္းစစ္ေၾကာင့္ ေၾကေနရတာပဲ မဟုတ္လား။
ဟိုး ေရွးအတီေတကာလ ကဗ်ာဆရာႀကီးဟိုးမားကေန၊ ယေန႔အခါသမယ
ကဗ်ာဆရာမေလး မြန္းသူအိမ္ အထိ။ လူ႔အျဖစ္ဘဝမွာ လူတိုင္းကင္းလို႔
မရတဲ့ အရာႏွစ္ခု။
အခ်စ္ နဲ႔ စစ္။ LOVE & WAR.
အခ်စ္က ဘူးစင္စိမ္းစိမ္းကေလးေပၚမွာ၊ ဘူးၫြန႔္ႏုႏုကေလးေတြ၊ ႏွာေမာင္းအိအိကေလးေတြနဲ႔ခ်ိတ္ၿပီး၊ တျဖည္းျဖည္း ရစ္ပတ္ႏြယ္တက္
ေနတာနဲ႔ တူပါတယ္။ လွတယ္။ `
စစ္ကေတာ့၊ သံဆူးႀကိဳးၿခံစည္း႐ိုးတန္းမွာ၊ အေလ့က်ေပါက္ေနတဲ့ ေတာ႐ိုင္းႏြယ္ပန္းဝါဝါကေလး၊ ႏြားေက်ာင္းသားေတြလက္ခ်က္နဲ႔ ညႇိဳးႏြမ္း
သြားရတာနဲ႔ တူပါတယ္။ မလွဘူး။
ဆရာေဇာ္ဂ်ီ ဆိုခဲ့ဖူးတယ္။ "အနိ႒ာ႐ုံကို လွေအာင္ ဖြဲ႕ႏိုင္တာ အႏုပညာ
ပဲ" တဲ့။ ဆရာ ညလယ္မိုးရဲ႕ကဗ်ာက ဒီသေဘာပါပဲ။ ျပည္တြင္းစစ္က မလွ
ပါဘူး။ ကိုဗစ္စစ္ကလည္း မလွပါဘူး။ အဲဒီ မလွတဲ့ အနိ႒ာ႐ုံႀကီးကို ကဗ်ာ
ဆရာက လွေအာင္(ခံစားရေအာင္) ေရးဖြဲ႕လိုက္တာပါ။ အဲဒါ ကဗ်ာပါပဲ။
လူသားတစ္ေခတ္ဟာ အခ်စ္နဲ႔ စစ္ ၾကားမ်ာ ဗ်ာမ်ားေနရတယ္။ အဲဒီလို
အခ်စ္နဲ႔စစ္ ၾကား ဗ်ာမ်ားေနရတဲ့ လူသားရဲ႕ ျဖစ္တည္မႈဘဝထဲကို၊ ငရဲကို
ႏွစ္ျခမ္းၿဖဲၿပီး၊ သရဲလို အခန္းထဲဝင္လာတတ္တာက၊ ကပ္ေရာဂါ ကပ္ေဘး
ဆိုးေတြ ျဖစ္ေနတယ္။
အခု။ ကိုဗစ္ကာလ၊ ကို႐ိုနာအခါသမယ၊ က်ေနာ္တို႔ဟာ ငရဲနဲ႔ သရဲ၊ တစ္ခု
ေ႐ြး ဆိုတဲ့ကိန္း ဆိုက္ေနတာပါ။ စစ္လား၊ ကိုဗစ္လား။ မႀကိဳက္လည္း
တစ္ခုခုကို ေ႐ြးရေတာ့မယ့္၊ ေရလယ္မွာ ေလွေမွာက္တဲ့ ဘဝပါပဲ။
(၂)
ဒီ အျဖစ္မ်ိဳးေတြက အခုမွ မဟုတ္ပါဘူး။ ဟိုး တုန္းကလည္း ရွိခဲ့ဖူး၊ ႀကဳံခဲ့
ဖူးတာပါ။
၁၉၁၄ ဇူလိုင္(၂၈)မွာ ပထမကမာၻစစ္ႀကီး စျဖစ္တယ္။ စစ္က ၁၉၁၈ ႏိုဝင္ဘာ(၁၁)က်မွ ၿပီးဆုံးတယ္။ အဲဒီ ပထမစစ္ႀကီး မၿပီးေသးခင္မီမွာကိုပဲ
စပိန္တုပ္ေကြး(SPANISH FLU/1918 FLU PANDEMIC) လို႔ေခၚတဲံ့
ကပ္ေရာဂါေဘးႀကီး ကမာၻမွာ ဆိုက္ပါေရာလား။ စပိန္တုပ္ေကြးက
၁၉၁၈ ေဖေဖာ္ဝါရီမွာ စျဖစ္တာ၊ ၁၉၂၀ ဧၿပီက်မွပဲ ရပ္ေတာ့တယ္။
ပထမကမာၻစစ္ေၾကာင့္ စစ္သား(၉)သန္းနဲ႔ အရပ္သား(၁၃)သန္း ေသတယ္
လို႔ဆိုတယ္။
စပိန္တုပ္ေကြးေၾကာင့္ လူေပါင္း သန္း(၅၀၀)(အဲဒီတုန္းက ကမာၻ႔လူဦးေရရဲ႕
သုံးပုံတစ္ပုံ) ေရာဂါပိုး ကူးစက္ခံရၿပီး၊ လူေပါင္း (၁၇)သန္းနဲ႔ သန္း(၅၀)ၾကား
ေသေၾကတယ္။ တခ်ိဳ႕ရင္းျမစ္ေတြက သန္း(၅၀)နဲ႔(၁၀၀)ၾကားအထိ ရွိႏိုင္
တယ္လို႔ဆိုပါေသးတယ္။
ကဲ၊ စစ္ေၾကာင့္ေၾက၊ ကပ္ေၾကာင့္ေသပဲ မဟုတ္လား။
ဒုတိယကမာၻစစ္ က်ေတာ့ေကာ။ ၁၉၃၉ စက္တင္ဘာ(၁)မွာ ဒုတိယစစ္ စ
ျဖစ္တယ္။ ၁၉၄၅ စက္တင္ဘာ(၂)က်မွ ၿပီးဆုံးတယ္။ ၆-ႏွစ္နဲ႔ တစ္ရက္
တိတိ ၾကာတယ္။ စစ္သား သန္း(၂၀)၊ အရပ္သား သန္း(၄၀) ေသတယ္လို႔
ဆိုပါတယ္။
ဒုတိယကမာၻစစ္ ၿပီးခါနီး(၁၉၄၅) မဟာမိတ္အင္အားစုက အေမရိကန္က ဝင္း႐ိုးတန္း သုံးႏိုင္ငံထဲက ဂ်ပန္ကို အႏုျမဴဗုံး ႏွစ္ႀကိမ္ ႀကဲခ်တိုက္ခိုက္ရာ
မွာ၊ ဟီ႐ိုရွီးမား(ၾသဂုတ္ ၆) နဲ႔ နဂါးစကီး(ၾသဂုတ္ ၉) ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕မွာ လူေပါင္း (၁)သိနး(၂)ေသာင္း(၉)ေထာင္ နဲ႔ (၂)သိန္း(၂)ေသာင္း(၆)ေထာင္
ၾကား အသက္ဆုံးရႈံးခဲ့ရတယ္လို႔ မွတ္တမ္းရွိပါတယ္။
(၃)
က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ၁၉၄၈ လြတ္လပ္ေရးရကတည္းက စခဲ့တဲ့ ျပည္
တြင္းစစ္ (၁၉၄၈- ၂၀၂၀) အႏွစ္(၇၀)ေက်ာ္(၇၂-ႏွစ္)မွာ စစ္သား ဘယ္ႏွ
ေယာက္၊ အရပ္သား ဘယ္ႏွေယာက္ ေသေၾကခဲ့ရၿပီလဲ။
ျပည္တြင္းစစ္ဆိုတာ ဘာနဲ႔တူသလဲဆိုေတာ့၊ ေရေအာက္အနက္ ႏြံထဲမွာ
အျမစ္ခိုင္ခိုင္တြယ္ၿပီး၊ ေရေပၚမွာ ႐ြက္စိမ္းျပန႔္ျပန႔္ဖားဖားနဲ႔၊ အပြင့္ ျဖဴနီညိဳ
ျပာ ခရမ္း၊ ပြင့္စြမ္းႏိုင္အားတဲ့ ၾကာ႐ိုးၾကာႏြယ္ကို၊ ေရငုပ္သမားက ေတာ္ပီဒို
နဲ႔ ပစ္ခြင္းဖ်က္ဆီးတာနဲ႔ တူပါတယ္။
ေအာက္ေျခဘဝေတြက ႏြံထဲမွာ။ အဲဒီ ႏြံထဲကပဲ ၾကာပန္းက ပြင့္ရတာပါ။
အဲဒါ လူ႔အျဖစ္မွာ ႏုသစ္ရတဲ့ အခ်စ္ပြင့္တာပါပဲ။ အခ်စ္ကို ဖ်က္ဆီးတဲ့
ေတာ္ပီဒိုႀကီးကေတာ့ စစ္ေပါ့ေလ။
အခုေတာ့ အခ်စ္ကို ဖ်က္ဆီးပစ္ေနတာ၊ စစ္တစ္ခုတည္း မဟုတ္ေတာ့ဘူး။
ကိုဗစ္က စစ္နဲ႔လာေပါင္းၿပီး၊ က်ေနာ္တို႔ လူသားအခ်စ္ကို ယူစားပစ္ေနၿပီ။
ယေန႔ September 6, 2020 ကမာၻတစ္ဝွမ္းလုံး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး
ကူးစက္ခံရသူ(၂၇)သန္း(26,938,794)၊ ေသဆုံးသူ(၉)သိန္နီးနီး (880,624)၊ ျပန္က်န္းမာလာသူ (၁၈)သန္းလို႔ သိရပါတယ္။
က်ေနာ္တို႔ ျမန္မာျပည္မွာ ကူးစက္ခံရသူ(၁၄၁၉)ေယာက္၊ ေသဆုံး(၈)
ေယာက္နဲ႔ ျပန္က်န္းမာလာသူက (၃၈၅)ဦးပါ။
မထင္မွတ္ထားပဲ၊ ထင္မွတ္ထားလည္း အငိုက္မိသြားတာပါပဲ၊ ဒီ(၂၀၂၀)
ၾသဂုတ္နဲ႔ စက္တင္ဘာ စပ္ကူးမပ္ကူးမွာ က်ေနာ္တို႔ COVID_!9
CORONAVIRUS ဒုတ္ယလႈိင္း ႐ိုက္တာကို ခံလိုက္ရတာပါပဲ။ ပထမလႈိင္း
တုန္းက ကူးစက္ခံရသူ (၄၀၀)ဝန္းက်င္၊ ေသဆုံးသူ(၆)ဦးနဲ႔ က်ေနာ္တို႔ (၄)လေက်ာ္ (၅)လနီးပါး မွန္မွန္ကန္ကန္ ႀကံ့ႀကံ့ခံ
ခုခံႏိုင္ခဲ့ပါေသးတယ္။
ေဟာ- ခုေတာ့ ဒုတိယလႈိင္း ႐ုတ္ခနဲ သုတ္သုတ္႐ိုင္း႐ိုင္း ႐ိုက္ပုတ္လိုက္
ေလေတာ့၊ ကူးစက္သူ(၁၄၀၀)ေက်ာ္၊ ေသဆုး(၈)ေယာက္နဲ႔၊ က်ေနာ္တို႔
ႏိုင္ငံ လႈိင္းေအာက္ ေရာက္ရေခ်ေတာ့မယ္။ ဘုရား၊ ဘုရား။ တတိယလႈိင္း
ထပ္ဝင္မလာပါေစနဲ႔။ ဝင္မလာပါေစနဲ႔လို႔ ဆိုရတာက၊ မလာဘူးလို႔ ယတိ
ျပတ္ မေျပာႏိုင္လို႔ပါ။
၁၉၁၈ စပိန္တုပ္ေကြး ကပ္ေဘးတုန္းက လႈိင္းက (၄)ဆင့္ နင့္ေနေအာင္
႐ိုက္ခဲ့တာမို႔ပါ။ ၁၉၁၈ အေစာပိုင္းမွာ ပထမလႈိင္း၊ ၁၉၁၈ ေနာက္ပိုင္းမွာ
ဒုတ္ယလႈိင္း၊ တတိယလႈိင္းက ၁၉၁၉ နဲ႔ ေနာက္ဆုံး စတုတၳလႈိင္းက ၁၉၂၀၊ က်နာ္တို႔ဆီမွာ ပထမတကၠသိုလ္ေက်ာင္းသားသပိတ္ ျဖစ္တဲ့အခ်ိန္ေပါ့။
စပိန္တုပ္ေကြးက အဲဒီလို လႈိင္း(၄)ဆင့္ ႐ိုက္ခဲ့တဲ့ သမိုင္းရွိတာကိုး။ အခု
ကိုဗစ္-19 ကေရာ လႈိင္း ဘယ္ႏွဆင့္ ႐ိုက္ဦးမွာလဲ။ မသိႏိုင္ဘူး။
ဒီေန႔ (စက္တင္ဘာ ၆၊ ၂၀၂၀) အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေၾကာင့္
လူေပါင္း(၆)သန္းေက်ာ္ ကူးစက္ခံရ။ လူေပါင္း(၂)သိန္းျပည့္လု ေသဆုံး။
(ျပန္က်န္းမာ ၃-သန္း၊ ၇- သိန္းေက်ာ္)
ကဲ၊ ၾကည့္ပါဦး။ အခုပဲ အေမရိကန္ျပည္ေထာင္စုမွာ ေသဆုံးသူဦးေရဟာ၊
ဟီ႐ိုရွီးမား၊ နဂါးစကီး အႏုျမဴဗုံးဒဏ္နဲ႔ေသရတဲ့ လူဦးေရေလာက္ ျဖစ္ေနပါ
ၿပီ။ (ဟီ႐ိုရွီးမား၊ နဂါးစကီး လူေပါင္း ၁၂၉,၀၀၀ နဲ႔ ၂၂၆,၀၀၀ ၾကားေသဆုံး)
အေမရိကန္မွာ ျပည္တြင္းစစ္ အခု မရွိပါ။
က်ေနာ္တို႔ႏိုင္ငံမွာ ျပည္တြင္းစစ္ ရွိပါသည္။
က်ေနာ္တို႔ ဒီ ျပည္တြင္းစစ္ကို မတားႏိုင္ၿပီလား။ က်ေနာ္တို႔ ဒီ ကိုဗစ္စစ္
ကိုေရာ မတားႏိုင္ၿပီလား။
ကိုဗစ္က စား၊ စစ္က ဝါးရင္၊ က်ေနာ္တို႔ ဘဝေတြ လုံးပါး ပါးရေခ်ေတာ့
မည္။ အသိဥ ာဏ္နဲ႔ ခံစားပါ။ ႏွလုံးသားနဲ႔ ဆင္ျခင္ပါ။
ေရာဂါပိုးကူးစက္ခံရသူေတြအေပၚ စာနာေထာက္ထားပါ။ ႏွစ္သိမ့္ေဖးမ
ပါ။ ထုတ္ျပန္ထားတဲ့ ကိုဗစ္ကာလ အမိန႔္နဲ႔စည္းကမ္းေတြကို အျပည့္အဝ
လိုက္နာပါ။ မိမိကိုယ္မိမိ ကာကြယ္ပါ။ သူတစ္ပါးကိုလည္း ကာကြယ္ပါ။
စိတ္ကို တည္ၿငိမ္ေအာင္ထားပါ။ (စိတ္တည္ၿငိမ္ဖို႔ ကဗ်ာေလး ဘာေလး
ရွာဖတ္ေပး)
ေရာဂါပိုးရွိသူက ရန္သူ မဟုတ္ပါ။ ေရာဂါပိုးကသာ ရန္သူပါ။ ရန္သူကိုေတာ့ မညႇာေလနဲ႔။ ဆရာျမသန္းတင့္ ေျပာခဲ့ဖူးတာ ရွိတယ္။
ပဲခူး႐ိုးမႀကီးေပၚက မုဆိုးႀကီး ကိုဖိုးဇုံရဲ႕ အဘိဓမၼာ။ ကိုယ္က က်ားကို မသတ္ရင္၊ က်ားက ကိုယ့္ကို သတ္သြားမွာပဲတဲ့။
ဒီေတာ့၊ ရန္/ငါ ျပတ္ရေတာ့မယ္။ စစ္ေၾကာင့္ေၾက၊ ကပ္ေၾကာင့္ေသ၊ ဒီလို
အျဖစ္သနစ္ေတြ ဆုံးခန္းတိုင္ဖို႔။
ကိုဗစ္-19 ဟာ ရန္သူပဲ။
ျပည္တြင္းစစ္ ေမြးစားေနတဲ့ ေသနတ္အားကိုး၊ ငါးေႁမြထိုးေတြဟာလည္း
ရန္သူပဲ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာသလို ေျပာရေတာ့မယ္။
"အနီးကပ္ဆုံး ရန္သူကို ရွာၿပီးတိုက္ၾက"

ေအာင္ေဝး
(စက္တင္ဘာ ၆၊ ၂၀၂၀)



Thursday, September 3, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၅



ငမိုးရိပ်က ပန်းကလေး
မကျန်းမာရှာဘူး။
မစ်ရှီဂန်က လွမ်းရတာ
လွမ်းရုံပဲ
မလုံခြုံပါဘူး။
ကျော်ဆွေရဲ့
"ပုလဲမျက်ရည်" ရုပ်ရှင်ထဲ
"ဆရာကျော် ရန်သူတွေတက်လာပြီ"
"ဆရာကျော် ရန်သူတွေတက်လာပြီ"
ခင်ယုမေ အော်သလို
ငါ အော်ရတော့မလား။
ရန်ကုန်
ရန်သူတွေတက်လာပြီ။
စစ်တွေ
ရန်သူတွေတက်လာပြီ။
မြင်းခြံ
ရန်သူတွေတက်လာပြီ။
ရန်သူတွေတက်လာပြီ။
ခေတ်ကြီးကလေ
ခေတ်ကြီးက
စစ်ကြီးထဲ
မြစ် မီးစွဲသလိုပဲ။
"စစ်ကာလထဲ
ချစ်သူကို ချစ်တာတောင်မှ
ဥပေက္ခာစိတ်နဲ့
တစ်ဝက်ပဲ ချစ်နိုင်ခဲ့တယ်" တဲ့လား
မစ္စတာဗားတော့ဗရက် ရယ်
ဘာထူးလဲ
ကိုဗစ်ကာလ ဟာလည်း
စစ်ကာလပါပဲ
ကျနော်တို့ တစ်ဝက်တောင် ချစ်နိုင်ပါ့မလား။
"ပျားအုံမှာ လိပ်ပြာနားလို့မှ မရတာ" (တိုးနှောင်မိုး)
ဟုတ်တာပေါ့
တိရစ္ဆာန်ဥယျာဉ်က
ကျားရုံမှာ
နွားပုံ ချိတ်လို့မှ မရပဲ။
မကျန်းမာတဲ့ ပန်းကလေးတွေကို
စာနာရမယ်။
ချစ်သူတွေကို
ကာကွယ်ရမယ်။
MASK UP. MYANMAR
BEAT  'RONA

အောင်ဝေး

(စက်တင်ဘာ ၄၊ ၂၀၂၀)
ယနေ့ September 4, 2020 Covid-19 Live Update
Myanmar: Cases -1133    Deaths - 7


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၅
 
ငမိုးရိပ္က ပန္းကေလး
မက်န္းမာရွာဘူး။
မစ္ရွီဂန္က လြမ္းရတာ
လြမ္းရံုပဲ
မလုံၿခံဳပါဘူး။
ေက်ာ္ေဆြရဲ့
"ပုလဲမ်က္ရည္" ရုပ္ရွင္ထဲ
"ဆရာေက်ာ္ ရန္သူေတြတက္လာၿပီ"
"ဆရာေက်ာ္ ရန္သူေတြတက္လာၿပီ"
ခင္ယုေမ ေအာ္သလို
ငါ ေအာ္ရေတာ့မလား။
ရန္ကုန္
ရန္သူေတြတက္လာၿပီ။
စစ္ေတြ
ရန္သူေတြတက္လာၿပီ။
ျမင္းၿခံ
ရန္သူေတြတက္လာၿပီ။
ရန္သူေတြတက္လာၿပီ။
ေခတ္ႀကီးကေလ
ေခတ္ႀကီးက
စစ္ႀကီးထဲ
ျမစ္ မီးစြဲသလိုပဲ။
"စစ္ကာလထဲ
ခ်စ္သူကို ခ်စ္တာေတာင္မွ
ဥေပကၡာစိတ္နဲ့
တစ္၀က္ပဲ ခ်စ္ႏိုင္ခဲ့တယ္" တဲ့လား
မစၥတာဗားေတာ့ဗရက္ ရယ္
ဘာထူးလဲ
ကိုဗစ္ကာလ ဟာလည္း
စစ္ကာလပါပဲ
က်ေနာ္တို့ တစ္၀က္ေတာင္ ခ်စ္ႏိုင္ပါ ့မလား။
"ပ်ားအုံမွာ လိပ္ျပာနားလို့မွ မရတာ" (တိုးေႏွာင္မိုး)
ဟုတ္တာေပါ ့
တိရစၦာန္ဥယ်ာဥ္က
က်ားရံုမွာ
ႏြားပုံ ခ်ိတ္လို့မွ မရပဲ။
မက်န္းမာတဲ့ ပန္းကေလးေတြကို
စာနာရမယ္။
ခ်စ္သူေတြကို
ကာကြယ္ရမယ္။
MASK UP. MYANMAR
BEAT  'RONA

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၄၊ ၂၀၂၀)
ယေန့ September 4, 2020 Covid-19 Live Update
Myanmar: Cases -1133    Deaths - 7

Tuesday, September 1, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၄


 

"ယခု Covid ကိစ္စကလည်း နိုင်ငံရေးပါပဲ"
(ၤFrmom Aung San Suu Kyi Facebook, posted on June 10,2020)
(၁)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ "ကိုဗစ်
နိုင်ငံရေး" ဟု ရည်ညွှန်းလိုက်ပေပြီ။
ယနေ့ကမ္ဘာတွင် နိုင်ငံရေးသည် ကိုဗစ်ဖြစ်သည်။ ကိုဗစ်သည် နိုင်ငံရေး
ဖြစ်သည်။
ဆိုကြပါစို့။ ဥပမာ- ကဗျာဆရာတစ်ယောက်။ ထိုကဗျာဆရာသည် နိုင်ငံရေး ကင်းရှင်းသူ၊ တစ်နည်း နိုင်ငံရေးနှင့် မပတ်သက်သူ ဖြစ်ကောင်း
ဖြစ်နေနိုင်သည်။ That poet may be an apolitical.
သို့သော်၊ ထိုကဗျာဆရာသည် ယခုလို ကပ်ဘေးဆိုက်နေသောအချိန်တွင်
ကိုဗစ်-19 နှင့် ကင်း၍ ရပါမည်လော။ ထိုကဗျာဆရာသည် ကိုဗစ်-19 နှင့်
မပတ်သက်ဘဲ နေ၍ ရပါမည်လော။ မရပါ။
ထိုကဗျာဆရာသည် လူ့အဖွဲ့အစည်းထဲတွင် နေသည်။ သူနေထိုင်သည့်
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Covid-19 coronavirus ရောဂါကပ်ဘေး
ကြီးနှင့် ကြုံကြိုက်ကာ ဝရုန်းသုဉ်းကား ဖြစ်နေသည်။ သို့ဖြင့် ထိုအနှီ ကဗျာ
ဆရာသည်လည်း၊ လူ့အဖွဲ့အစည်းနှင့်အတူ လိုက်ပါကာ ဝရုန်းသုဉ်းကား
ဇာတ် ခင်းနေရလေသည်။ မခင်း၍ မရ။
လူတိုင်း ကိုဗစ်နှင့် ကင်းပြတ်၍ မရ။ ဆက်ဆံနေရသည်။ ထိတွေ့နေရ
သည်။ သူ့စည်းကိုယ့်စည်း ခြားနေရသည်။ လူနှင့် ကိုဗစ်၊ ၆-ပေ အကွာ၊
ပဝါတစ်ကမ်း လက်တစ်လှမ်း အမဲလိုက်အက ကနေရသည်။
လူနှင့် ကိုဗစ်၊ သို့မဟုတ် လူနှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်ဆံရေးက နည်း
လမ်း(၂)သွယ်ရှိသည်။ ပထမလမ်းက Positive လမ်း၊ ရောဂါပိုးရှိသူ။
ဒုတိယလမ်းက Negative လမ်း၊ ရောဂါပိုး မရှိသူ။
လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်ဟု ဆိုခဲ့သည်။
ယခုအခါ လူသည် ကိုဗစ်သတ္တဝါလည်းဖြစ်သည်ဟု ဖြည့်စွက်ရတော့
မည်။ လူသည်ကား ကိုဗစ်နိုင်ငံရေးသတ္တဝါ ပါတကား။
(၂)
အမေရိကန်ပြည်ထောင်စုမှာ လာမည့် နိုင်ဝင်ဘာ(၃)ရက်(၂၀၂၀)မှာ
အထွေထွေရွေးကောက်ပွဲ(သမ္မတရွေးချယ်ပွဲ)ရှိသည်။ ကျနော်တို့ မြန်
မာပြည်မှာလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
နိုဝင်ဘာ(၈)ရက်နေ့(၂၀၂၀)မှာ ကျင်းပမည်ဖြစ်သည်။
နိုဝင်ဘာစီးချင်းထိုးပွဲ၊ ရွေးကောက်ပွဲများ ကျင်းပမည့် အချိန်အခါသည်
ကိုဗစ်-19 ကပ်ရောဂါဘေးဆိုးကြီးအတွင်း ကျရောက်နေသည်။ ယခု
လက်ငင်းလတ်တလော(သြဂုတ်၊ စက်တင်ဘာ)မှာပင်၊ ကိုရိုနာဗိုင်းရပ်စ်
ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်းက ကမ္ဘာနှင့်ချီပြီး မြင့်တက်နေသည်။
အမေရိကန်မှာလည်း မြင့်တက်။ မြန်မာပြည်မှာလည်း မြင့်တက်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲ မဲထည့်ရမည့်နေ့၊ ကိုမြင့်နိုင်ကြီးက သူ့ရဲ့ကူးစက်မှုမြန်နှုန်းကို လျှော့ချ
ပေးလေမလား။ ဒါမှမဟုတ် ခေတ္တ ရပ်ဆိုင်းပေးထားမလား။ ဝေးပါသေး၏။
ယခုပင် ကိုဗစ်-19 ဒုတ်ယလှိုင်းက ကမ္ဘာနှင့်အဝန်း မစာမနာ ဒေါနှင့် မာန်
နှင့် ရိုက်ခတ်နေပြီဖြစ်သည်။ ဒုတိယလှိုင်း၏ လှိုင်းရိုက်၊ လှိုင်းပုတ်သည့်
ဒဏ်ကို ကမ္ဘာတစ်ဝှမ်းလုံး ကုန်းခံနေရပြီဖြစ်သည်။
"လှိုင်းရိုက်ပုတ်တင်
ဆေးရုံခုတင်မှာ
အရှင်လတ်လတ်
လူနာအမှတ် ၉၉၅"
ဒုတိယလှိုင်း(တတိယလှိုင်း)ဒဏ်ကို အမေရိကန် ရီပတ်ဘလီကင် သမ္မတ
ဒေါ်နယ်ထရန့်လည်း လန့်သည်။ စိုးရိမ်သည်။ သူက ရွေးကောက်ပွဲကို
ရွှေ့ဆိုင်းဖို့ လေသံပစ်သည်။ သို့သော်၊ ဒီမိုကရက်တွေက မကြားချင်
ယောင် ဆောင်နေလိုက်ကြသည်။
ကျနော်တို့မြန်မာပြည်မှာလည်း။ ကိုဗစ်ကို အကြောင်းရှာ၍၊ ရွေးကောက်ပွဲ
နောက်ဆုတ်ပေးရန် ပါတီတချို့နှင့် လူပုဂ္ဂိုလ်အချို့က တောင်းဆိုနေကြ
ပြန်သည်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့၊ မနေ့တစ်နေ့ကပင် ၂၀၂၀
ရွေးကောက်ပွဲ အောင်နိုင်ရေးအလံကို လွှင့်ထူလိုက်ပေပြီ။ ၂၀၂၀ ရွေး
ကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပေပြီ။
ကိုဗစ်သည် နိုင်ငံရေး ဖြစ်သည်။ ကိုဗစ်နိုင်ငံရေး။
(၃)
အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်က၊ သူ၏တိုက်
ဖော်တိုက်ဖက် ဒုတိယသမ္မတလောင်းအဖြစ်၊ ကာမာလာဟားရစ်၏
အမည်ကို ထုတ်ပြန်ကြေညာလိုက်ပြီးနောက်၊ ဘိုင်ဒင်-ဟားရစ် အတွဲ
ပထမဆုံး ပွဲထွက် တိုက်ကွက်မှာ၊ အမေရိကန် တစ်နိုင်ငံလုံး လူတိုင်း
ဥပဒေကဲ့သို့ MASK မဖြစ်မနေတပ်ဆင်ရမည်ဆိုသော လှုံ့ဆော်မှုပင်
ဖြစ်သည်။
ကိုဗစ်သည် နိုင်ငံရေး။
ကျနော်တို့မြန်မာပြည်တွင်၊ မကြာသေးခင်မီက NLD အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် ရပ်ကွက်တစ်ခုက
မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့သည့်ကိစ္စတွင်၊ ဒေသခံလူငယ်တစ်ဦး
(NLD ပါတီဝင်ဟောင်းဟု နောက်မှသိရ)က၊ ကိုဗစ်ကာလကန့်သတ်ချက် လူ(၃၀)ထက်ပို၍စုဝေးခဲ့သည်ဟုအကြောင်းပြကာ၊ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲရန်ကြိုးပမ်းခဲ့သည်။ သို့ရာတွင် အထမမြောက်။
ကိုဗစ်သည် နိုင်ငံရေး။
(၃)
လူသည် လူ့အဖွဲ့အစည်းဝင် ဖြစ်သည်။
တစ်ယောက်သည် အများဖြစ်သည်။
ကိုဗစ်ရန်ကို တစ်ယောက်ချင်း၊ တစ်ဦးချင်း ကိုယ်တိုင် ကာကွယ်ရသည်။
မိမိကိုယ်မိမိ(ကိုဗစ်ရန်မှ)ကာကွယ်ခြင်းသည်၊ အများကို ထိုရန်မှ ကာကွယ်
ခြင်းဖြစ်သည်။
တစ်ယောက်ချင်း ဘေးကင်းလုံခြုံမှ၊ အများ ဘေးကင်းလုံခြုံမည်။ အများ
ဘေးကင်းလုံခြုံသည်ဆိုလျှင်၊ တိုင်းပြည် ဘေးကင်းလုံခြုံတာပဲဖြစ်သည်။
ကိုဗစ်ကို ကိုယ်နှင့်မဆိုင်ဟု .ယူဆသူ။
ရွေးကောက်ပွဲကို ငါနှင့်မဆိုင်ဟု ပြောဆိုသူ။
နှာခေါင်းစည်း မတပ်သူ။
မဲ မပေးသူ။
ဒီ ဇမ္ဗူမှာ ဒီလိုလူ ရှိနိုင်သလား။
အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင် ပြောတာလေး
အောင်ဝေး သဘောကျမိ၍၊ ပြန် မျှဝေလိုက်ပရစေ။
"Democracy is on the ballot. And the truth is, our economic
recovery is on the ballot. Law and order are on the ballot."
ဒါကြောင့်ပဲ ကျနော့်တို့ဆီမှာ "အသည်းကြားက၊ မဲတစ်ပြား" လို့ ဆိုကြ
သည် မဟုတ်လား။
အကယ်၍၊ အမေရိကန် သမ္မတရွေးချယ်ပွဲမှာ၊ ဂျိုးဘိုင်ဒင်သာ အနိုင်ရ
ခဲ့မည် ဆိုပါက၊ သူသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော ကိုဗစ်သမ္မတ
ကြီး ဖြစ်လာပေတော့မည် မဟုတ်လား။
နိုဝင်ဘာစီးချင်းထိုးပွဲတွေကို ကိုမြင့်နိုင်ကြီးက စောင့်မျှော်နေလေသည်။   ။

အောင်ဝေး

(စက်တင်ဘာ ၂၊ ၂၀၂၀)
ယနေ့ September 2< 2020 Covid-19 Live Upfate
World: Cases- 25,602,665   Deaths- 852,758
U.S:  Cases- 6,286,933      Deaths- 189,604
Michigan:   Cases- 103,710      Deaths- 6,509
မြန်မာ         ကူးစက်- (၉၉၅)ယောက်၊   သေဆုံး- (၆)ယောက်။


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၄
 
"ယခု Covid ကိစၥကလည္း ႏိုင္ငံေရးပါပဲ"
(ၤFrmom Aung San Suu Kyi Facebook, posted on June 10,2020)
(၁)
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ "ကိုဗစ္
ႏိုင္ငံေရး" ဟု ရည္ညႊန္းလိုက္ေပၿပီ။
ယေန့ကမၻာတြင္ ႏိုင္ငံေရးသည္ ကိုဗစ္ျဖစ္သည္။ ကိုဗစ္သည္ ႏိုင္ငံေရး
ျဖစ္သည္။
ဆိုၾကပါစို့။ ဥပမာ- ကဗ်ာဆရာတစ္ေယာက္။ ထိုကဗ်ာဆရာသည္ ႏိုင္ငံေရး ကင္းရွင္းသူ၊ တစ္နည္း ႏိုင္ငံေရးႏွင့္ မပတ္သက္သူ ျဖစ္ေကာင္း
ျဖစ္ေနႏိုင္သည္။ That poet may be an apolitical.
သို့ေသာ္၊ ထိုကဗ်ာဆရာသည္ ယခုလို ကပ္ေဘးဆိုက္ေနေသာအခ်ိန္တြင္
ကိုဗစ္-19 ႏွင့္ ကင္း၍ ရပါမည္ေလာ။ ထိုကဗ်ာဆရာသည္ ကိုဗစ္-19 ႏွင့္
မပတ္သက္ဘဲ ေန၍ ရပါမည္ေလာ။ မရပါ။
ထိုကဗ်ာဆရာသည္ လူ့အဖြဲ့အစည္းထဲတြင္ ေနသည္။ သူေနထိုင္သည့္
လူ့အဖြဲ့အစည္းႀကီးတစ္ခုလုံး Covid-19 coronavirus ေရာဂါကပ္ေဘး
ႀကီးႏွင့္ ႀကံဳႀကိဳက္ကာ ၀ရုန္းသုဥ္းကား ျဖစ္ေနသည္။ သို့ျဖင့္ ထိုအႏွီ ကဗ်ာ
ဆရာသည္လည္း၊ လူ့အဖြဲ့အစည္းႏွင့္အတူ လိုက္ပါကာ ၀ရုန္းသုဥ္းကား
ဇာတ္ ခင္းေနရေလသည္။ မခင္း၍ မရ။
လူတိုင္း ကိုဗစ္ႏွင့္ ကင္းျပတ္၍ မရ။ ဆက္ဆံေနရသည္။ ထိေတြ့ေနရ
သည္။ သူ့စည္းကိုယ့္စည္း ျခားေနရသည္။ လူႏွင့္ ကိုဗစ္၊ ၆-ေပ အကြာ၊
ပ၀ါတစ္ကမ္း လက္တစ္လွမ္း အမဲလိုက္အက ကေနရသည္။
လူႏွင့္ ကိုဗစ္၊ သို့မဟုတ္ လူႏွင့္ ကိုရိုနာဗိုင္းရပ္စ္ ဆက္ဆံေရးက နည္း
လမ္း(၂)သြယ္ရွိသည္။ ပထမလမ္းက Positive လမ္း၊ ေရာဂါပိုးရွိသူ။
ဒုတိယလမ္းက Negative လမ္း၊ ေရာဂါပိုး မရွိသူ။
လူသည္ ႏိုင္ငံေရးသတၱ၀ါျဖစ္သည္ဟု ဆိုခဲ့သည္။
ယခုအခါ လူသည္ ကိုဗစ္သတၱ၀ါလည္းျဖစ္သည္ဟု ျဖည့္စြက္ရေတာ့
မည္။ လူသည္ကား ကိုဗစ္ႏိုင္ငံေရးသတၱ၀ါ ပါတကား။
(၂)
အေမရိကန္ျပည္ေထာင္စုမွာ လာမည့္ ႏိုင္၀င္ဘာ(၃)ရက္(၂၀၂၀)မွာ
အေထြေထြေရြးေကာက္ပြဲ(သမၼတေရြးခ်ယ္ပြဲ)ရွိသည္။ က်ေနာ္တို့ ျမန္
မာျပည္မွာလည္း ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲကို
ႏို၀င္ဘာ(၈)ရက္ေန့(၂၀၂၀)မွာ က်င္းပမည္ျဖစ္သည္။
ႏို၀င္ဘာစီးခ်င္းထိုးပြဲ၊ ေရြးေကာက္ပြဲမ်ား က်င္းပမည့္ အခ်ိန္အခါသည္
ကိုဗစ္-19 ကပ္ေရာဂါေဘးဆိုးႀကီးအတြင္း က်ေရာက္ေနသည္။ ယခု
လက္ငင္းလတ္တေလာ(ၾသဂုတ္၊ စက္တင္ဘာ)မွာပင္၊ ကိုရိုနာဗိုင္းရပ္စ္
ေရာဂါပိုး ကူးစက္ပ်ံ့ႏွံ့မွဳနွဳန္းက ကမၻာႏွင့္ခ်ီၿပီး ျမင့္တက္ေနသည္။
အေမရိကန္မွာလည္း ျမင့္တက္။ ျမန္မာျပည္မွာလည္း ျမင့္တက္။
ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးေရးကာလ၊ ေရြးေကာက္ပြဲ မဲထည့္ရမည့္ေန့၊ ကိုျမင့္ႏိုင္ႀကီးက သူ့ရဲ့ကူးစက္မွဳျမန္ႏွဳန္းကို ေလွ်ာ့ခ်
ေပးေလမလား။ ဒါမွမဟုတ္ ေခတၱ ရပ္ဆိုင္းေပးထားမလား။ ေ၀းပါေသး၏။
ယခုပင္ ကိုဗစ္-19 ဒုတ္ယလိွဳင္းက ကမၻာႏွင့္အ၀န္း မစာမနာ ေဒါႏွင့္ မာန္
ႏွင့္ ရိုက္ခတ္ေနၿပီျဖစ္သည္။ ဒုတိယလိွဳင္း၏ လိွဳင္းရိုက္၊ လိွဳင္းပုတ္သည့္
ဒဏ္ကို ကမၻာတစ္၀ွမ္းလုံး ကုန္းခံေနရၿပီျဖစ္သည္။
"လိွဳင္းရိုက္ပုတ္တင္
ေဆးရံုခုတင္မွာ
အရွင္လတ္လတ္
လူနာအမွတ္ ၉၉၅"
ဒုတိယလိွဳင္း(တတိယလိွဳင္း)ဒဏ္ကို အေမရိကန္ ရီပတ္ဘလီကင္ သမၼတ
ေဒၚနယ္ထရန့္လည္း လန့္သည္။ စိုးရိမ္သည္။ သူက ေရြးေကာက္ပြဲကို
ေရႊ့ဆိုင္းဖို့ ေလသံပစ္သည္။ သို့ေသာ္၊ ဒီမိုကရက္ေတြက မၾကားခ်င္
ေယာင္ ေဆာင္ေနလိုက္ၾကသည္။
က်ေနာ္တို့ျမန္မာျပည္မွာလည္း။ ကိုဗစ္ကို အေၾကာင္းရွာ၍၊ ေရြးေကာက္ပြဲ
ေနာက္ဆုတ္ေပးရန္ ပါတီတခ်ိဳ့ႏွင့္ လူပုဂၢိဳလ္အခ်ိဳ့က ေတာင္းဆိုေနၾက
ျပန္သည္။
NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ့ခ်ဳပ္ကေတာ့၊ မေန့တစ္ေန့ကပင္ ၂၀၂၀
ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးအလံကို လႊင့္ထူလိုက္ေပၿပီ။ ၂၀၂၀ ေရြး
ေကာက္ပြဲေၾကညာစာတမ္းကို ထုတ္ျပန္လိုက္ေပၿပီ။
ကိုဗစ္သည္ ႏိုင္ငံေရး ျဖစ္သည္။ ကိုဗစ္ႏိုင္ငံေရး။
(၃)
အေမရိကန္ ဒီမိုကရက္ပါတီ သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္က၊ သူ၏တိုက္
ေဖာ္တိုက္ဖက္ ဒုတိယသမၼတေလာင္းအျဖစ္၊ ကာမာလာဟားရစ္၏
အမည္ကို ထုတ္ျပန္ေၾကညာလိုက္ၿပီးေနာက္၊ ဘိုင္ဒင္-ဟားရစ္ အတြဲ
ပထမဆုံး ပြဲထြက္ တိုက္ကြက္မွာ၊ အေမရိကန္ တစ္ႏိုင္ငံလုံး လူတိုင္း
ဥပေဒကဲ့သို့ MASK မျဖစ္မေနတပ္ဆင္ရမည္ဆိုေသာ လွဳံ့ေဆာ္မွဳပင္
ျဖစ္သည္။
ကိုဗစ္သည္ ႏိုင္ငံေရး။
က်ေနာ္တို့ျမန္မာျပည္တြင္၊ မၾကာေသးခင္မီက NLD အမ်ိဳးသားဒီမိုကေရစီ
အဖြဲ့ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၊ ေနျပည္ေတာ္ ရပ္ကြက္တစ္ခုက
မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ ေတြ့ဆုံခဲ့သည့္ကိစၥတြင္၊ ေဒသခံလူငယ္တစ္ဦး
(NLD ပါတီ၀င္ေဟာင္းဟု ေနာက္မွသိရ)က၊ ကိုဗစ္ကာလကန့္သတ္ခ်က္ လူ(၃၀)ထက္ပို၍စုေ၀းခဲ့သည္ဟုအေၾကာင္းျပကာ၊ေဒၚေအာင္ဆန္းစုၾကည္ကို ရံုးတင္တရားစြဲရန္ၾကိဳးပမ္းခဲ့သည္။ သို့ရာတြင္ အထမေျမာက္။
ကိုဗစ္သည္ ႏိုင္ငံေရး။
(၃)
လူသည္ လူ့အဖြဲ့အစည္း၀င္ ျဖစ္သည္။
တစ္ေယာက္သည္ အမ်ားျဖစ္သည္။
ကိုဗစ္ရန္ကို တစ္ေယာက္ခ်င္း၊ တစ္ဦးခ်င္း ကိုယ္တိုင္ ကာကြယ္ရသည္။
မိမိကိုယ္မိမိ(ကိုဗစ္ရန္မွ)ကာကြယ္ျခင္းသည္၊ အမ်ားကို ထိုရန္မွ ကာကြယ္
ျခင္းျဖစ္သည္။
တစ္ေယာက္ခ်င္း ေဘးကင္းလုံၿခံဳမွ၊ အမ်ား ေဘးကင္းလုံၿခံဳမည္။ အမ်ား
ေဘးကင္းလုံၿခံဳသည္ဆိုလွ်င္၊ တိုင္းျပည္ ေဘးကင္းလုံၿခံဳတာပဲျဖစ္သည္။
ကိုဗစ္ကို ကိုယ္ႏွင့္မဆိုင္ဟု .ယူဆသူ။
ေရြးေကာက္ပြဲကို ငါႏွင့္မဆိုင္ဟု ေျပာဆိုသူ။
ႏွာေခါင္းစည္း မတပ္သူ။
မဲ မေပးသူ။
ဒီ ဇမၺဴမွာ ဒီလိုလူ ရွိႏိုင္သလား။
အေမရိကန္ ဒီမိုကရက္ပါတီ သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္ ေျပာတာေလး
ေအာင္ေ၀း သေဘာက်မိ၍၊ ျပန္ မွ်ေ၀လိုက္ပရေစ။
"Democracy is on the ballot. And the truth is, our economic
recovery is on the ballot. Law and order are on the ballot."
ဒါေၾကာင့္ပဲ က်ေနာ့္တို့ဆီမွာ "အသည္းၾကားက၊ မဲတစ္ျပား" လို့ ဆိုၾက
သည္ မဟုတ္လား။
အကယ္၍၊ အေမရိကန္ သမၼတေရြးခ်ယ္ပြဲမွာ၊ ဂ်ိဳးဘိုင္ဒင္သာ အႏိုင္ရ
ခဲ့မည္ ဆိုပါက၊ သူသည္ ကမၻာေပၚတြင္ ပထမဦးဆုံးေသာ ကိုဗစ္သမၼတ
ႀကီး ျဖစ္လာေပေတာ့မည္ မဟုတ္လား။
ႏို၀င္ဘာစီးခ်င္းထိုးပြဲေတြကို ကိုျမင့္ႏိုင္ႀကီးက ေစာင့္ေမွ်ာ္ေနေလသည္။   ။


ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၂၊ ၂၀၂၀)
ယေန့ September 2< 2020 Covid-19 Live Upfate
World: Cases- 25,602,665   Deaths- 852,758
U.S:  Cases- 6,286,933      Deaths- 189,604
Michigan:   Cases- 103,710      Deaths- 6,509
ျမန္မာ         ကူးစက္- (၉၉၅)ေယာက္၊   ေသဆုံး- (၆)ေယာက္။