Tuesday, May 26, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၇ )
လေးကိုင်းက သားရိုင်းဆီ
ပြေးသွားတဲ့ မြား ကို ချစ်သလို။
ရထားထွက်သွားတော့
ဘူတာရုံကလေး သိမ့်သိမ့်တုန် လွမ်းကျန်ရစ်သလို။
ချစ်စိတ်က
မိစ္ဆာအကုန် ပစ်ခွင်းနိုင်တယ်။
လွမ်းစိတ်က
လိပ်ပြာလုံ အပြစ်ကင်းပါတယ်။
ဘဝဆိုတာ
ရှင်ခြင်းနဲ့ သေခြင်းကြား
လေးညို့တစ်ငင်၊ နေတစ်ဝင် လား။
ဘဝဆိုတာ
ရှင်ခြင်းနဲ့ သေခြင်းကြား
ရထားတစ်ခုတ်၊ မိုးတစ်ချုပ် လား။
ကမ္ဘာပေါ်မှာ
လူတွေဟာ
"မပျော်တော့ဘူး" ဆိုရင်
ရှင်ကွဲ လား
သေကွဲ လား။
ခွဲခွာခြင်းမိုးမခပင်မှာ
မြားရိုး ကျိုးကျန်။
ဝေးကွာခြင်းရထားလမ်းနဘေးမှာ
ပန်းကလေး လွင့်ကျန်။
"ခုတော့ ယပ်တောင်ပေါ်မှာ
နာမည်စာလုံးတွေတောင် မှိန်ခဲ့ပေါ့
ရှင် ကံကောင်းတယ်" တဲ့။ *
ကံမကောင်းသူရဲ့
အထီးကျန်မြစ်ကြီးသာ
ခေတ်ကြီးထဲ
ပေါလော။
ကိုရိုနာနားနီး ကိုရိုနာ
ကိုဗစ်နားနီး ကိုဗစ်
စစ်ကြီးထဲ
မျောပါ။
မုန်တိုင်းနောက်က လေညင်းမှာ
ရှင်ခြင်းရဲ့ရနံ့လား
သေခြင်းရဲ့ရနံ့လား။
အခိုက်အတန့်ကလေးဖြစ်ဖြစ်
အိမ်ဘေးက
နှင်းဆီရိုင်းပင်လေးတွေ
ငေးနေချင်ပါသေးတယ်။
လူ့အဖြစ်မှာ
ချစ်သမျှ၊ လွမ်းသမျှ
နှလုံးသားတိုင်း ဘေးကင်းကြပါစေ။
ဒီနေ့ခေတ်က
နာဂစ် ပြီးတော့
ကိုဗစ်။
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး(၅၊ ၂၆၊ ၂၀)
* Khin Zin (ခင်မြဇင်) Facebook Posted May 25, 2020
 ##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၇ )
ရထားထွက်သွားတော့
ချစ်စိတ်က
လွမ်းစိတ်က
ဘ၀ဆိုတာ
ဘ၀ဆိုတာ
ကမ္ဘာပေါ်မှာ
လူတွေဟာ
"မပျော်တော့ဘူး" ဆိုရင်
ရှင်ကွဲ လား
သေကွဲ လား။
မြားရိုး ကျိုးကျန်။
ပန်းကလေး လွင့်ကျန်။
ရှင် ကံကောင်းတယ်" တဲ့။ *
ကံမကောင်းသူရဲ့
အထီးကျန်မြစ်ကြီးသာ
ခေတ်ကြီးထဲ
ပေါလော။
ကိုဗစ်နားနီး ကိုဗစ်
စစ်ကြီးထဲ
မျောပါ။
ရှင်ခြင်းရဲ့ရနံ့လား
သေခြင်းရဲ့ရနံ့လား။
အိမ်ဘေးက
ငေးနေချင်ပါသေးတယ်။
လူ့အဖြစ်မှာ
ချစ်သမျှ၊ လွမ်းသမျှ
ဒီနေ့ခေတ်က
နာဂစ် ပြီးတော့
ကိုဗစ်။
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အာ င်ေ ၀း
(၅၊ ၂၆၊ ၂၀)
Saturday, May 23, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၆ )
စစ်ကို ရပ်တန့်လို့ ရတယ်
ငြိမ်းချမ်းရေးကို ရပ်တန့်လို့ မရ။
ခေတ်ကို ကန့်သတ်လို့ ရမယ်
အချစ်နဲ့အလွမ်းကို ကန့်သတ်လို့ မရ။
အချစ် အလွမ်း စွန့်စားခန်း
ကိုဗစ် 19 ဇာတ်ဝင်ခန်းလေ။
ကပ်ဆိုးသွမ်းကြီးထဲ
ဘယ် မြစ်မှ
အချစ်သန့်သန့် မစီးနိုင်။
ကပ်မိုးကြမ်းကြီးထဲ
ဘယ် ပန်းမှ
အလွမ်းသန့်သန့် မမွှေးနိုင်။
အချစ်သန့်မှ
အလွမ်း သန့်မယ်။
ကိုရိုနာစစ်ပွဲက
အချစ်ဘေး
ကပ်ဖြစ်နေတာ
အသံတိတ်။
ခေတ်က
အလွမ်းဇာတ်
ကပ် သင့်နေတာ
တစ်ခန်း မရပ်။
မနေ့က
ချစ်သူလမ်းကြားကလေး
ကိုဗစ်နတ်ဆိုး တွေ့သတဲ့။
သူ့အိပ်မက် ကိုယ် သော့ခတ်ပိတ်
ကိုယ့်အိပ်မက် သူ သော့ခတ်ပိတ်
အရိပ်တွေ
ဝေးကွာ သွားရ။
ညအိပ်တော့
အချစ်စိတ်ထဲ
တိတ်တိတ်ကလေး လွမ်းရ။
သံသယတွေကော
သံသယလူနာတွေကော
ရောဂါ အမြန်ပျောက်ပါစေ။
ချစ်သူချင်း
ရေ အကြည်၊ မိုး အလင်း
ကြာညိုနံ့သင်းတဲ့အထိ
နှင်း မလာမချင်း စောင့်ရအောင်နော်။
ပိတောက်လည်း နောက်ကျတတ်တာပဲ
ရထားလည်း နောက်ကျတတ်တာပဲ
အမှန်တရားလည်း နောက်ကျတတ်တာပဲ။
"နောက်ကျမှ ရောက်လာလည်း အချစ်ပဲ
လက်ညှိုးတွေကို
မင်းအပြုံးချိုလေးနဲ့ လဲပါ့မယ်" တဲ့။ *
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး
(၅၊ ၂၃၊ ၂၀)
* Lu Pant Nge Facebook Posted May 22, 2020
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၆ )
ကပ်ဆိုးသွမ်းကြီးထဲ
ဘယ် မြစ်မှ
ကပ်မိုးကြမ်းကြီးထဲ
ဘယ် ပန်းမှ
အချစ်သန့်မှ
အလွမ်း သန့်မယ်။
ကိုရိုနာစစ်ပွဲက
အချစ်ဘေး
ကပ်ဖြစ်နေတာ
အသံတိတ်။
ခေတ်က
အလွမ်းဇာတ်
ကပ် သင့်နေတာ
တစ်ခန်း မရပ်။
မနေ့က
ချစ်သူလမ်းကြားကလေး
အရိပ်တွေ
ဝေးကွာ သွားရ။
ညအိပ်တော့
အချစ်စိတ်ထဲ
တိတ်တိတ်ကလေး လွမ်းရ။
သံသယတွေကော
သံသယလူနာတွေကော
ချစ်သူချင်း
ရေ အကြည်၊ မိုး အလင်း
ကြာညိုနံ့သင်းတဲ့အထိ
လက်ညှိုးတွေကို
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အ ာ င္ ေ ၀ း
(၅၊ ၂၃၊ ၂၀)
* Lu Pant Nge Facebook Posted May 22, 2020
Wednesday, May 20, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၅ )
ရွက်ကြွေနဲ့ မျက်ရည်
တစ်လှည့်စီ ထမ်းသွားရတဲ့
အလွမ်းခရီးသည်
စမ်းချောင်းကလေး။
လရောင်ထဲ တိုးဝင်ဖူးတဲ့
လမ်းဟောင်းကလေး လေ။
အခုတော့ ... လမ်းကလေး
ညပျက်ကြီးထဲ လျှိုးဝင်သွား။
နုန်းတိုးငါးလေးတွေ
ရေနည်းမြောင်းကလေးထဲ
ဖျပ်ဖျပ်လူးသလို။
ကိုယ်တို့လည်း
ဖျပ်ဖျပ်လူးရတာပါကွာ။
ဇာတ်မောကြီး ထဲမှာလေ
ကပ်ဆိုးကြီး ထဲမှာလေ
မိုးတွေ ရွာစွေတုန်း ခဏမှာလေ။
"မိုးရွာရင် လွမ်းရတယ်လို့
ဘယ်သူက စပြောတာလဲ" တဲ့။ *
ဘယ်အငြှိုးနဲ့များ
ချစ်သူနှစ်ဦးကြား
မျက်လုံးချင်းဝေးသွားအောင်
ခွဲထားရက်ပါလိမ့်။
အို ... ကိုဗစ်
ဆိုးငရဲ။
နှလုံးသားချင်း နီးလည်း
မိုးတွေ သည်းနေဆဲ
ရင်ထဲ ပူတယ်
မီးပဲ။
"မိုးရွာထဲ ထွက်ပါရစေ
မိုးရေ ရောသွားတော့
ငါ ငိုတာ
မင်း မသိတော့ဘူး" တဲ့။ **
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး
(၅၊ ၂၀၊ ၂၀)
* Nyo Pyar Wine Facebook Posted May 19, 2020
** Myat Swe (ထွဏ်းသွေးအိမ်) Facebook Posted May 20, 2020
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၅ )
ရွက်ကြွေနဲ့ မျက်ရည်
အလွမ်းခရီးသည်
စမ်းချောင်းကလေး။
လမ်းဟောင်းကလေး လေ။
အခုတော့ ... လမ်းကလေး
နုန်းတိုးငါးလေးတွေ
ရေနည်းမြောင်းကလေးထဲ
ဖျပ်ဖျပ်လူးသလို။
ကိုယ်တို့လည်း
ဖျပ်ဖျပ်လူးရတာပါကွာ။
ဇာတ်မောကြီး ထဲမှာလေ
ကပ်ဆိုးကြီး ထဲမှာလေ
ဘယ်သူက စပြောတာလဲ" တဲ့။ *
ဘယ်အငြှိုးနဲ့များ
ချစ်သူနှစ်ဦးကြား
ခွဲထားရက်ပါလိမ့်။
အို ... ကိုဗစ်
ဆိုးငရဲ။
မိုးတွေ သည်းနေဆဲ
ရင်ထဲ ပူတယ်
မီးပဲ။
"မိုးရွာထဲ ထွက်ပါရစေ
မိုးရေ ရောသွားတော့
ငါ ငိုတာ
မင်း မသိတော့ဘူး" တဲ့။ **
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အာ င်ေ ၀း
(၅၊ ၂၀၊ ၂၀)
Sunday, May 17, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၄ )
ည မထွက်ရ အမိန့်ပဲ ရှိတယ်
ည မမက်ရ အမိန့် မရှိဘူး။
အိပ်မက် အတူ မက်ကြစို့
မနက် မလင်းခင်။
နေဝင် မီးငြိမ်း ... တဲ့။
အလွမ်းက နေ မဝင်ပါဘူး
အလွမ်းမီးက ငြိမ်းမသွားပါဘူး။
နေမဝင် အလွမ်း ... ။
အလွမ်းဆိုတာ
ချစ်သူတွေ ရင်ထဲက
အေးမြတဲ့ မီးလျှံပေါ့။
ကလေးရေ ...
ခု ဝေးနေလည်း
တို့ နောက်ကို မဝေးတော့ပါဘူး။
ဝရန်တာက
ချစ်လက်ဆောင် စံပယ်အိုးကလေး
မပွင့်သေးလို့
ဆွေးနေသလား။
ပွင့်လာရင်တော့
မွှေးနေမှာပဲ၊ ယုံနော်။
လွမ်းတဲ့အခါ
မီး ခဏခဏပျက်တဲ့အကြောင်း တွေးပါ
ဘတ်စကား ကျပ်တဲ့အကြောင်း တွေးပါ
ပျော်ရတာပေါ့။
လွမ်းတဲ့အခါ
နှာခေါင်းစည်းပဝါ ချုပ်ပါ
ကပ်ကြီးကို ကဗျာလုပ်ပါ
လုံခြုံတာပေါ့။
ကြားလား
မနက်ဖြန် ပြန်ဆုံဖို့
ရင်ခုန်သံ။
"ဘယ်လောက် ကာလအထိ
ကိုဗစ် ဖြစ်နေဦးမှာလဲ
မင်းကို ချစ်မယ်" တဲ့။ *
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး(၅၊ ၁၇၊ ၂၀)
* Zaw Thet Htwe Facebook Posted May 16, 2020
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၄ )
ည မမက်ရ အမိန့် မရှိဘူး။
အိပ်မက် အတူ မက်ကြစို့
မနက် မလင်းခင်။
နေ၀င် မီးငြိမ်း ... တဲ့။
အလွမ်းက နေ မ၀င်ပါဘူး
နေမ၀င် အလွမ်း ... ။
အလွမ်းဆိုတာ
ချစ်သူတွေ ရင်ထဲက
အေးမြတဲ့ မီးလျှံပေါ့ ။
ကလေးရေ ...
ခု ဝေးနေလည်း
ဝရန်တာက
မပွင့်သေးလို့
ဆွေးနေသလား။
ပွင့်လာရင်တော့
မွှေးနေမှာပဲ၊ ယုံနော်။
လွမ်းတဲ့အခါ
ပျော်ရတာပေါ့ ။
လွမ်းတဲ့အခါ
လုံခြုံတာပေါ့ ။
ကြားလား
မနက်ဖြန် ပြန်ဆုံဖို့
ရင်ခုန်သံ။
"ဘယ်လောက် ကာလအထိ
ကိုဗစ် ဖြစ်နေဦးမှာလဲ
မင်းကို ချစ်မယ်" တဲ့။ *
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အ ာ င္ ေ ၀ း
(၅၊ ၁၇၊ ၂၀)
* Zaw Thet Htwe Facebook Posted May 16, 2020
Saturday, May 16, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၃ )
ဂျေလို က မလှပါဘူး
ညီမလေး က လှတာပါ။
ဂျိုလီ ကို မချစ်ပါဘူး
ညီမလေး ကိုပဲ ချစ်တာပါ။
ညီမလေး မလိုက်ရင်
အိုးထရက်ဖို့တ် လည်း မသွားပါဘူး။
ညီမလေး မကြိုက်ရင်
ဖရဲင့်ခ် လန်းပတ် အကြောင်းလည်း မပြောပါဘူး။
ညီမလေး က လစ်ဗာပူးလ် ဆိုရင်
ကိုကို ကလည်း လစ်ဗာပူးလ်ပေါ့။
အိမ်ကွင်းမှာ ဂိုးပေး မခံရရေး
အဝေးကွင်းမှာ ဂိုးသွင်းနိုင်ရေး
ဒီ ရေး ၂ ရေးထက်
ညီမလေး စိတ်မကောက်ရေးက
ပို အရေးကြီးတယ်။
ခုတော့ ... ။
"STILL ALERT
Control the Virus
SAVE LIVES" တဲ့။ *
အိပ်မက်ထဲမှာ အိပ်မက် မက်ရ
အလွမ်းဇာတ်မှာ အလွမ်းထပ်ရ။
ဘောလုံးပွဲ မပါတဲ့ ညတွေ
ညီမလေး လည်း မပါတော့ဘူးကွယ်။
"ကပ်ကြီးပြီးသွားရင်
အန်းဖီးလ် မှာ
ကိုကို ရှိမှာလား ဟင်,,, " တဲ့။
နှလုံးသားလေးရယ်
အမုန်းများလည်း မရွာပါနဲ့ဦး။
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး
(၅၊ ၁၆၊ ၂၀)
* Ko Khay Facebook Posted May 15, 2020
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၃ )
ဂျေလို က မလှပါဘူး
ညီမလေး က လှတာပါ။
ဂျိုလီ ကို မချစ်ပါဘူး
ညီမလေး ကိုပဲ ချစ်တာပါ။
ညီမလေး မလိုက်ရင်
ညီမလေး မကြိုက်ရင်
ဒီ ရေး ၂ ရေးထက်
ပို အရေးကြီးတယ်။
ခုတော့ ... ။
"STILL ALERT
Control the Virus
SAVE LIVES" တဲ့။ *
"ကပ်ကြီးပြီးသွားရင်
အန်းဖီးလ် မှာ
နှလုံးသားလေးရယ်
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အ ာ င္ ေ ၀ း
(၅၊ ၁၆၊ ၂၀)
* Ko Khay Facebook Posted May 15, 2020
Friday, May 15, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၂ )
ရဂုံအလယ်မှာ မဟုတ်ပါဘူး
လူပုံ အလယ် မှာပါ။
ဝရန်တာ တစ်ခု ကနေ
ဝရန်တာ တစ်ခုကို လွမ်း။
ပြတင်းပေါက် တစ်ခု ကနေ
ပြတင်းပေါက် တစ်ခုကို လွမ်း။
အိပ်မက် တစ်ခု ကနေ
အိပ်မက် တစ်ခုကို လွမ်း။
စိုင်းထီးဆိုင်ရေ
ဆိုပါဦးလား
သံလွင် ချောင်းခြား
တို့ နှစ်ယောက်သား။
ဆန်းဆန်းပြားပြား
ချစ်သူကို လွမ်းတာတောင်
ပဝါ တစ်ကမ်း၊ ကဗျာ တစ်ကမ်း
၆ ပေက ခွာလွမ်းရမတဲ့
မခမ်းမနား
ဘယ်လို ခေတ်ကြီးများပါလိမ့်။
"ညညဆို အသံနက်ကြီးနဲ့
ရပ်ကွက်ထဲ လှည့်အော် ... ။
ငါတို့ဟာ
ကပ်ဘေးဒုက္ခသည်များ ပါတကား" တဲ့။ *
သြော် ... ဒီလိုလား
ကပ်ဘေးကြီးထဲမှာ။
"ကြာပန်းပွင့်တွေ ပြည့်နေတဲ့
ချစ်ရေကန်ကိုလည်း၊ မဖြတ်သန်းနိုင်ခဲ့ပါ
နှင်းရယ်" တဲ့။ **
ကိန္နရာ ချောင်ခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး
(၅၊ ၁၅၊ ၂၀)
*Chit Win Maung Facebook Posted May 15, 2020
** ခင်ဝမ်း ၏ နှင်း
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၂ )
ရဂံုအလယ္မွာ မဟုတ္ပါဘူး
လူပုံ အလယ် မှာပါ။
ဝရန်တာ တစ်ခု ကနေ
ဝရန်တာ တစ်ခုကို လွမ်း။
ပြတင်းပေါက် တစ်ခု ကနေ
အိပ်မက် တစ်ခု ကနေ
စိုင်းထီးဆိုင်ရေ
ဆိုပါဦးလား
သံလွင် ချောင်းခြား
တို့ နှစ်ယောက်သား။
ဆန်းဆန်းပြားပြား
၆ ပေက ခွာလွမ်းရမတဲ့
မခမ်းမနား
"ညညဆို အသံနက်ကြီးနဲ့
ရပ်ကွက်ထဲ လှည့်အော် ... ။
ငါတို့ဟာ
သြော် ... ဒီလိုလား
ကပ်ဘေးကြီးထဲမှာ။
နှင်းရယ်" တဲ့။ **
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အာ င်ေ ၀း
(၅၊ ၁၅၊ ၂၀)
** ခင်ဝမ်း ၏ နှင်း
Thursday, May 14, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး
(၅၊ ၁၄၊ ၂၀)
##
ကိ နၷ ရ ာ ... ၆ ေ ပ ျခ ာ း
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အ ာ င္ ေ ၀ း
(၅၊ ၁၄၊ ၂၀)
Thursday, May 7, 2020
စ စ် ( ၂ ၀ ) (နိဂုံး)
သေခြင်းရဲ့ ရနံ့။
ဝေသာလီမှာ
မဟုတ်ပါဘူး။
ဝေဘာဂီမှာလည်း
မဟုတ်ပါဘူး။
မစ်ရှီဂန်မှာပါ
အမေရိကန်မဲဇာမှာပါ။
တစ်နေ့ လူ သုံးထောင်(၃၀၀၀) သေ
တစ္ဆေတွေ နေတဲ့ အရပ်မှာပါ။
ကပ်ကြီးက ကိုယ့်ဘေးမှာ
ရင်ဘတ်ကလေး ဖိနေရ။
ကိုယ့်အသက် ကိုယ်ပွေ့ထားရ။
ကိုယ့်လက်ကိုယ် ခဏခဏဆေးရ။
အချိန်တွေ သေရင်သေပစေ
ကိုယ် မသေအောင် အိမ်မှာနေနေရ။
နှာခေါင်းစည်းလည်း မတပ် မနေရ။
အလုပ်တွေ ပိတ်၊ အိပ်မက်တွေ ပိတ်
ဘဝက
သမ္မတကြီးဒေါ်နယ်ထရန့် * ရဲ့
အရေးပေါ် ပေးစာကမ်းစာလေးနဲ့
မှေးမှိတ် ချွေးသိပ်နေရ။
သြော် ... ကိုယ် မသေသေးတဲ့အကြောင်း
ဖေ့စ်ဘုတ်ကနေလည်း
ကြေညာ မောင်းခတ်နေရ။
"ဒီကောင် အသက်ပြင်းတယ်
နေဝင်း သတ်လို့ မသေ
ခင်ညွန့်သတ်တော့လည်း မသေ
သန်းရွှေသတ်တုန်းကလည်း မသေ
အင်း ... အခုနေ ငါသတ်ရင်လည်း
သင်း သေမယ် မထင်" ဆိုပြီး
ဗီယက်နမ်စစ်မြေပြင် ကနေ
ယန်းကီးတွေ ထွက်သွားသလို
သေမင်း
ကိုယ့်ရှေ့က လှည့်ပြန်သွားတယ်။
ကိုယ်ကတော့ ကံကောင်းပါတယ်
မင်းတို့အတွက်ပဲ
စိတ်လက်လည်း ပူမိပါရဲ့။
ပုသိမ်က လုံမငြိမ်းချမ်း
မန္တလေးက အိရှုမဝဇော်
တောင်မြို့က K မြနွယ်
မြိတ်က ငြိမ်းဆု
ပျဉ်းမနားက ဆုဂျေ
မေမြို့က ပိုပြည့်သူ
ပြည်က ဝင်းဝင်းရီ
သန်လျင်က မီးမီးမြတ်
သြစတြီးယားက အိန်ဂျယ်လှိုင်
စင်ကာပူက ချောချောစု
မြင်းခြံ ထနောင်းတိုင်က မိုးမိုး
မှော်ဘီက ဆွေဆွေလှ
ဒီဗွီဘီက ကြည်ကြည်ခင်မင်းဇော်
ပန်းတနော်သူလေး ချမ်းမြေ့သူ
မြောက်ပိုင်းက လင်းလက်ကြယ်စင်
.............................
အလွန်ပင် များပါရဲ့
ဖေ့စ်ဘုတ်ပေါ်က
အောဖျန့် ** တို့ရေ
ဘေးကင်းကြပါစေ
ကျန်းမာကြပါစေ။
(နာနိုလိုက် ***
ခင်လှိုင်ကြူ
ခင်မေကြည်
သန်းမြင့်အောင်
..............
ဖေ့စ်ဘုတ်ပေါ်က အစ်မကြီးများကိုလည်း
မောင်ကလေး အောင်ဝေးက ပူပါရဲ့)
ကိုယ်ကတော့ ကံကောင်းပါတယ်
ကိုယ့်တိုင်းပြည်ကလေး ခမျာတော့
ပြည်တွင်းစစ် တစ်ညှပ်
ကပ်ရောဂါ တစ်ညှပ်
အိုင် စီ ဂျေ တစ်ညှပ်
ညှပ် သုံးညှပ်ကြား
ကင်သောငါးလို
ကိုယ် တအားစိတ်ပူတယ်။
ပိုးကိုက်တဲ့ပန်း
နေရောင်နမ်းတော့
နွမ်းနွမ်းကြေကြေ၊ ကြမ်းကြမ်းကြွေသလို
ကိုယ့်ပြည်သူတွေ
လေရိုင်းတောထဲ သေတယ်။
နိုင်ငံတော်အတိုင်ပင်ခံကြီးအတွက်လည်း
စိတ်ပူပါရဲ့
ကိုယ် တတ်နိုင်တာက
ဒါပဲ ရှိတယ်
ကဗျာပဲ ရှိတယ်
ဒီကဗျာ သူ ဖတ်မိပါစေသား။
ဒုတိယကမ္ဘာစစ်တုန်းက
ဖက်ဆစ်ဂျပန်တွေ
စစ်တောင်းမြစ်ကိုဖြတ်ပြီး ထွက်ပြေးသလို
ဒီ ကပ်ဘေးကြီး
အမြန် ထွက်ပြေးပါစေသား။
ကပ်ကြီးလည်း ဝေး
လေးသံမြားသံလည်း စဲ
မသေဘဲ ကျန်ခဲ့ရင်
ဘယ်ကောင်းကင်မှာ
ဘယ်မြေပြင်ပေါ်
တို့ ပြန်င်္ပြုးပျော် မော်နိုင်ကြမလဲ။
ကိုယ် ကံကောင်းဆဲပါ
လေထဲမှာ
အနံ့တစ်ခု ရနေတယ်လေ။ ။
အောင်ဝေး
(မေ ၆၊ ၂၀၂၀)
* Donald J. Trump
** All friends
*** Nano Light
##
စ စ် ( ၂ ၀ ) (နိဂုံး)
သေခြင်းရဲ့ ရနံ့။
ဝေသာလီမှာ
မဟုတ်ပါဘူး။
ဝေဘာဂီမှာလည်း
မဟုတ်ပါဘူး။
မစ်ရှီဂန်မှာပါ
အမေရိကန်မဲဇာမှာပါ။
ရင်ဘတ်ကလေး ဖိနေရ။
အချိန်တွေ သေရင်သေပစေ
ဘ၀က
ဖေ့စ်ဘုတ်ကနေလည်း
ကြေညာ မောင်းခတ်နေရ။
"ဒီကောင် အသက်ပြင်းတယ်
နေ၀င်း သတ်လို့ မသေ
သေမင်း
မင်းတို့အတွက်ပဲ
မန္တလေးက အိရှုမ၀ဇော်
တောင်မြို့က K မြနွယ်
မြိတ်က ငြိမ်းဆု
ပျဉ်းမနားက ဆုဂျေ
မေမြို့က ပိုပြည့်သူ
ပြည်က ၀င်းဝင်းရီ
သန်လျင်က မီးမီးမြတ်
စင်ကာပူက ချောချောစု
မှော်ဘီက ဆွေဆွေလှ
.............................
အလွန်ပင် များပါရဲ့
ဖေ့စ်ဘုတ်ပေါ်က
အောဖျန့် ** တို့ရေ
ဘေးကင်းကြပါစေ
ကျန်းမာကြပါစေ။
(နာနိုလိုက် ***
ခင်လှိုင်ကြူ
ခင်မေကြည်
သန်းမြင့်အောင်
..............
ပြည်တွင်းစစ် တစ်ညှပ်
ကပ်ရောဂါ တစ်ညှပ်
အိုင် စီ ဂျေ တစ်ညှပ်
ညှပ် သုံးညှပ်ကြား
ကင်သောငါးလို
ကိုယ် တအားစိတ်ပူတယ်။
ပိုးကိုက်တဲ့ပန်း
နေရောင်နမ်းတော့
ကိုယ့်ပြည်သူတွေ
လေရိုင်းတောထဲ သေတယ်။
စိတ်ပူပါရဲ့
ကိုယ် တတ်နိုင်တာက
ဒါပဲ ရှိတယ်
ကဗျာပဲ ရှိတယ်
ဒုတိယကမ္ဘာစစ်တုန်းက
ဖက်ဆစ်ဂျပန်တွေ
ဒီ ကပ်ဘေးကြီး
ကပ်ကြီးလည်း ဝေး
လေးသံမြားသံလည်း စဲ
မသေဘဲ ကျန်ခဲ့ရင်
ဘယ်ကောင်းကင်မှာ
ဘယ်မြေပြင်ပေါ်
ကိုယ် ကံကောင်းဆဲပါ
လေထဲမှာ
အနံ့တစ်ခု ရနေတယ်လေ။ ။
ေ အ ာ င္ ေ ၀ း
(ေမ ၆၊ ၂၀၂၀)
* Donald J. Trump
** All friends
*** Nano Light
Tuesday, May 5, 2020
စ စ် ( ၁ ၉ )
စစ်မြေပြင် စခန်း
ချစ် ရေစင်ဖျန်း
လွမ်းတယ် သခင်။
မြစ်တွေ နှင်စတမ်း
ခေတ် ရေယဉ်စမ်း
ခန်းမယ် မထင်။
ဒီစစ်ကြီး ဖြစ်ပြီးသွားရင်
မြစ်ကြီးနားကချင်၊ ပင်လယ်တောင်စောင်း
သေခြင်းကောင်းတို့
ကော့သောင်း အဆုံး။
ဒီ ဘယာကပ်ကြီး ပြီးသွားရင်တော့
တစ်ခါထပ်လို့
ကမ္ဘာပတ်ပြီး ခရီးများမှာပေါ့
မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံ
ပုဂံ၊ အန်ကောဝပ်၊ ဗီယက်နမ်၊ ဂျပန်
ကြံစည်ထားသော်လည်း
ခုများမှာတော့
ဆန် ဆီ ဆား ဝေနေရတဲ့
ကပ်ဘေးအဝှာ မရဏာတစ်ဇာတ်ရယ်ကြောင့်
ကမ္ဘာ မပတ်နိုင်
ကဗျာစပ်ပြီး ငိုင်ရတယ်
တမှိုင်မှိုင် တတွေးတွေး
နိုင်ငံတော် ပြည်အရေးကလည်း
အဆွေး ခက်တုန်းမို့
အသွေး အသက် မဆုံးရအောင်
(ခေးရယ် ...)
စတေး-အက်-ဟုမ်း * ။ ။
အောင်ဝေး(၅၊ ၅၊ ၂၀)
* Stay-at-home
 ##
စ စ် ( ၁ ၉ )
စစ်မြေပြင် စခန်း
ချစ် ရေစင်ဖျန်း
လွမ်းတယ် သခင်။
မြစ်တွေ နှင်စတမ်း
ခေတ် ရေယဉ်စမ်း
ခန်းမယ် မထင်။
သေခြင်းကောင်းတို့
ကော့သောင်း အဆုံး။
တစ်ခါထပ်လို့
ကြံစည်ထားသော်လည်း
ခုများမှာတော့
ဆန် ဆီ ဆား ဝေနေရတဲ့
ကမ္ဘာ မပတ်နိုင်
အဆွေး ခက်တုန်းမို့
(ခေးရယ် ...)
စတေး-အက်-ဟုမ်း * ။ ။
ေ အ ာ င္ ေ ၀ း
(၅၊ ၅၊ ၂၀)
* Stay-at-home
Monday, May 4, 2020
စ စ် ( ၁ ၈ )
အိပ်မက်၌ပင်
ရောဂါဝင်သည်
အသင် ကူးစက်မြန်သလော။
အိပ်မက်က နိုး
ခေါင်းလောင်း ထိုး၏
ငှက်ဆိုး အော်ပြန်ပြီ။
မနေ့က ပိုး
၆ ယောက် တိုးသတဲ့။
စစ်မြေပြင်သည်
နေ့တွင် ငြိမ်သက်၊ ညဘက် ဆိတ်ညံ
ခေတ် နံရံမှာ
ကျည်ဆန်ရာတွေ ဗရပွ။ ။
အောင်ဝေး
(မေ ၄၊ ၂၀၂၀)
##
စ စ် ( ၁ ၈ )
အိပ်မက်၌ပင်
ရောဂါဝင်သည်
အသင် ကူးစက်မြန်သလော။
အိပ်မက်က နိုး
ခေါင်းလောင်း ထိုး၏
ငှက်ဆိုး အော်ပြန်ပြီ။
မနေ့က ပိုး
၆ ယောက် တိုးသတဲ့။
စစ်မြေပြင်သည်
ခေတ် နံရံမှာ
ကျည်ဆန်ရာတွေ ဗရပွ။ ။
ေ အ ာ င္ ေ ၀ း
(ေမ ၄၊ ၂၀၂၀)
Saturday, May 2, 2020
စ စ် ( ၁ ၇ )
သေနတ်ကလေး
ကပ်ဘေး
ရပ် မငေးနဲ့။
လက် ဆေးကွယ်
ရတက် အေးတယ်။
နှာခေါင်းစည်း တပ်မထားရင်တော့
(ကန်တော့ပါရဲ့)
အလောင်း မီးဟပ်သွားမယ်နော့။
၆ ပေ ခွာနေ
ကြောက်နေတာတွေ
ပျောက်ပြေပါစေ။
အိမ်ပြင် မထွက်နဲ့
အိမ်ပြင်(လုံးဝ)မထွက်နဲ့
အိမ်ပြင် ထွက်ရင်
ဝိံညာဉ်(ဝိညာဉ်) ပျက်မကွဲ့။
သေနတ်ကလေး
ကပ်ဘေး
ထပ် မမေးနဲ့။
မြတ်လေး မျက်နှာ
ငိုမရ၊ ရယ်မရ ဖြစ်သွားမယ်။
(ပုံ) xxx
နိုင်ငံတော်။ ။
ဥပဒေသ။ ။နိုင်ငံတော်ဆိုတာ၊ ပြည်သူရဲ့ ဒုတိယအမည်နာမ။
အောင်ဝေး(မေ ၂၊ ၂၀၂၀)
##
စ စ် ( ၁ ၇ )
သေနတ်ကလေး
ကပ်ဘေး
ရပ် မငေးနဲ့။
လက် ဆေးကွယ်
ရတက် အေးတယ်။
(ကန်တော့ပါရဲ့)
၆ ပေ ခွာနေ
ကြောက်နေတာတွေ
ပျောက်ပြေပါစေ။
အိမ်ပြင် မထွက်နဲ့
အိမ်ပြင် ထွက်ရင်
သေနတ်ကလေး
ကပ်ဘေး
ထပ် မမေးနဲ့။
မြတ်လေး မျက်နှာ
(ပုံ) xxx
နိုင်ငံတော်။ ။
ေ အ ာ င္ ေ ၀ း
(ေမ ၂၊ ၂၀၂၀)
Friday, May 1, 2020
စ စ် ( ၁ ၆ )
"အိမ်မှာ နေမလား၊ ကျော်သူ လွှတ်လိုက်ရမလား"
"ကျော်သူ လွှတ်လိုက်ပါ။
ဒါပေမဲ့- ကား ယူမလာနဲ့
အစားအစာ ယူလာလှည့်
အိမ်မှာ နေချင်ပါရဲ့ ရှင်"
နီတိ။ ။အချစ်ချင်း ကူရင်၊ စစ်အတွင်း ပူပင်စရာ မလို။
အောင်ဝေး
(မေဒေးနေ့၊ ၂၀၂၀)
##
စ စ် ( ၁ ၆ )
"ကျော်သူ လွှတ်လိုက်ပါ။
ဒါပေမဲ့- ကား ယူမလာနဲ့
အစားအစာ ယူလာလှည့်
ေ အာ င်ေ ၀း
(မေဒေးနေ့၊ ၂၀၂၀)