Saturday, October 31, 2020

ေ တ ာ် လှ န် ေ ရ း

 
ဆူး စူး၍လျှင်
အပ်နှင့် ထွင်သည်
အသင် ဘာပြောချင်သနည်း။   ။
ေ မ ာ င် သ ာ ရ
(၁၉၃၁-၂၀၁၆)
+++
ယနေ့ ဘာတော်လှန်ရေးလဲဆိုတာ
ယနေ့ ပြည်သူအများစု(အများစု)က
ဘယ်ပါတီကို မဲပေးသလဲဆိုတဲ့အချက်နဲ့
တိုင်းတာရမယ်။
သူငယ်ချင်း မိတ်ဆွေတချို့က
၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲ
မဲမပေးဘူး ဆိုကြတယ်။
မဲ မပေးတာဟာ
တစ်ဖက်ရန်သူ စစ်အာဏာရှင်စနစ်ကို
အားပေးရာ(မဲပေးရာ)ရောက်ပါတယ်။
တော်လှန်သူအချင်းချင်း
အငြပ်းမပွားကြစေချင်ပါ။
အခုက "ဒီမိုကရေစီတော်လှန်ရေး" အဆင့်ပါ။
"ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး" အဆင့် မရောက်သေးပါ။
ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်အကြွင်းအကျန်နဲ့ စစ်အာဏာရှင်စနစ်ကို
ပြန်အသက်သွင်းချင်သူတွေပါ။
ဒီနေ့တိုက်ပွဲက
ဒီမိုကရေစီဘက်သားနဲ့ စစ်အာဏာရှင်ဘက်သား
တိုက်တဲ့ တိုက်ပွဲ။
ကဲ-သူငယ်ချင်းတို့
မိတ်ဆွေတို့
ဘယ်ဘက်က ရပ်မလဲ။    ။

အောင်ဝေး
(နိုဝင်ဘာ ၁၊ ၂၀၂၀)

##


ေ တ ာ္ လွ န္ ေ ရ း
 
ဆူး စူး၍လွ်င္
အပ္ႏွင့္ ထြင္သည္
အသင္ ဘာေျပာခ်င္သနည္း။   ။
ေ မ ာ င္ သ ာ ရ
(၁၉၃၁-၂၀၁၆)
+++
ယေန့ ဘာေတာ္လွန္ေရးလဲဆိုတာ
ယေန့ ျပည္သူအမ်ားစု(အမ်ားစု)က
ဘယ္ပါတီကို မဲေပးသလဲဆိုတဲ့အခ်က္နဲ့
တိုင္းတာရမယ္။
သူငယ္ခ်င္း မိတ္ေဆြတခ်ိဳ့က
၂၀၀၈ ေျခဥေအာက္က ေရြးေကာက္ပြဲ
မဲမေပးဘူး ဆိုၾကတယ္။
မဲ မေပးတာဟာ
တစ္ဖက္ရန္သူ စစ္အာဏာရွင္စနစ္ကို
အားေပးရာ(မဲေပးရာ)ေရာက္ပါတယ္။
ေတာ္လွန္သူအခ်င္းခ်င္း
အျငပ္းမပြားၾကေစခ်င္ပါ။
အခုက "ဒီမိုကေရစီေတာ္လွန္ေရး" အဆင့္ပါ။
"ျပည္သူ့ဒီမိုကေရစီေတာ္လွန္ေရး" အဆင့္ မေရာက္ေသးပါ။
ဘုံရန္သူဟာ စစ္အာဏာရွင္စနစ္အၾကြင္းအက်န္နဲ့ စစ္အာဏာရွင္စနစ္ကို
ျပန္အသက္သြင္းခ်င္သူေတြပါ။
ဒီေန့တိုက္ပြဲက
ဒီမိုကေရစီဘက္သားနဲ့ စစ္အာဏာရွင္ဘက္သား
တိုက္တဲ့ တိုက္ပြဲ။
ကဲ-သူငယ္ခ်င္းတို့
မိတ္ေဆြတို့
ဘယ္ဘက္က ရပ္မလဲ။    ။

ေ အ ာ င္ ေ ၀ း
(ႏို၀င္ဘာ ၁၊ ၂၀၂၀)

Thursday, October 29, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၇

 

လူထုကဗျာ။
လူထုကဗျာ
ငါ့ကဗျာကို
လာခိုးနေတယ်။
ညကနက်နက်
လက်တစ်ဖက်နဲ့
စာရွက်ပေါ်က
အာဏာရနိုး။
ညကနက်နက်
လက်နှစ်ဖက်နဲ့
စာရွက်ပေါ်က
သမ္မတဖြစ်နိုး။
နိုး နိုး နိုး နဲ့
သူခိုး။
မနက်မိုးလင်းတော့
ကဗျာသူခိုး
ကြမ္မာဆိုးပြီ
ကြိုးစင်ပေါ်ကို ရောက်နေရဲ့။    ။

အောင်ဝေး

(၁၀- ၃၀- ၂၀)

##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၇
 
လူထုကဗ်ာ။
လူထုကဗ်ာ
ငါ ့ကဗ်ာကို
လာခိုးေနတယ္။
ညကနက္နက္
လက္တစ္ဖက္နဲ့
စာရြက္ေပၚက
အာဏာရႏိုး။
ညကနက္နက္
လက္ႏွစ္ဖက္နဲ့
စာရြက္ေပၚက
သမၼတျဖစ္ႏိုး။
ႏိုး ႏိုး ႏိုး နဲ့
သူခိုး။
မနက္မိုးလင္းေတာ့
ကဗ်ာသူခိုး
ၾကမၼာဆိုးၿပီ
ႀကိဳးစင္ေပၚကို ေရာက္ေနရဲ့။    ။

ေ အ ာ င္ ေ ၀ း

(၁၀- ၃၀- ၂၀)

Monday, October 26, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၆

 

အနံ့။
မရတော့ဘူး။
သေမင်းက
သူ့ပန်းပွင့်တွေ
မပွင့်ခင်
သေသွားနှင့်လို့။
သေခြင်းရဲ့ရနံ့
ငါ မရတော့ဘူး လုမိုင်။    ။
(သူငယ်ချင်း ငြိမ်းအေးအိမ် သို့)

အောင်ဝေး
(၁၀- ၂၆- ၂၀)


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၆
 
အနံ့။
မရေတာ့ဘူး။
ေသမင္းက
သူ့ပန္းပြင့္ေတြ
မပြင့္ခင္
ေသသြားႏွင့္လို့။
ေသျခင္းရဲ့ရနံ့
ငါ မရေတာ့ဘူး လုမိုင္။    ။
(သူငယ္ခ်င္း ၿငိမ္းေအးအိမ္ သို့)

ေ အ ာ င္ ေ ၀ း

(၁၀- ၂၆- ၂၀)

Thursday, October 22, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၅




ကပ်ကြီးအတွင်းက ကဗျာ(၃)ပုဒ်။
(၁)
အခုအချိန်က ဆောင်းဥကနေ၊ ဆောင်းနုနုကလေးပေါက်လာတဲ့၊ ဆောင်းဥ
ပေါက်ချိန်၊ ဆောင်းဦးပေါက်ချိန်။
တစ်နွေလုံး စိမ်းလန်းဝေဆာလာတဲ့ သစ်ပင်တွေ ရော်ကုန်၊ ရီကုန်၊ သစ်ရွက်
တွေ အရောင်ပြောင်းကုန်ကြပြီ။ စိမ်းရာကနေ နီလာသည်၊ ဝါသွားသည်၊ ညို
တော့သည်။
အရင်တုန်းကဆိုရင်(အရင်တုန်းက ဆိုတာက၊ ကိုဗစ်ကြီး မဖြစ်ခင်ကိုပြောတာ
ပါ) ဒီလို ရွက်ကျင်တွေ နီဝါညိုဟောင်းလို့၊ လှခြင်းကောင်း လှနေတဲ့ သဘာဝ
တရားကြီးကို၊ အာရုံဝင်စား၊ လွမ်းမိသွားပလားဆိုရင် ... ။
"သစ်ရွက်နီနီ၊ ဂေါ်ဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ" ဆိုတဲ့ ဒဂုန်တာရာနဲ့ ဂေါ်ဂင်တို့ကိုလည်း
သတိရ။
ဗန်ဂိုးရဲ့ ဝါရွှေဝင်းပ နေကြာပန်းတွေ၊ ကျီးကန်းတွေ လန့်ထပျံသွားတဲ့ ဂျုံခင်း
ဝါဝါလွင်လွင်တွေကိုလည်း သတိရ။
"စိမ်းမြ သစ်ရွက်တို့ ကြွေနေဆဲ" ဆိုတဲ့ ခိုင်ထူး၊ "မြမရွက်" ဆိုတဲ့ စကားလုံး
လေး ရတုတစ်ပုဒ်ထဲ ထည့်ရေးခဲ့တဲ့ နတ်ရှင်နောင်၊ သူတို့လည်း သတိရ။
မစ်ရှီဂန်မဲဇာမှာ၊ အဲဒီလို ဆောင်းဦး(Fall လို့ခေါ်တယ်၊ အင်္ဂလန်မှာတော့
Autumn ပေါ့) ကိုယ်က ခေတ်ပေါ်ကဗျာဘက် မကူးခင်၊ လေးလုံးစပ်ကို
အရင် တွင်တွင်ရေးခဲ့သူ ဂန္ထဝင်မြန်မာစာသမားဆိုတော့-
"သစ်ရွက်ရော်ရီ၊ က္က ုဒနီဝယ်
သိင်္ဂ ီတစ်ဝက်၊ ဖက်၍ဆေးစုံ
ခြယ်သောပုံသို့" ဆိုတဲ့ ရှင်ဥတ္တမကျော်ရဲ့တောလား(၉)ပဒ်ကိုလည်း သတိရ။
("သိင်္ဂ ီတစ်ဝက်၊ မြတစ်ဝက်" ဆိုတဲ့ မရိုက်ဖြစ်ခဲ့တဲ့ ရှုမဝမောင်ဆွေတင့်ရဲ့
ရုပ်ရှင်ကိုလည်းပဲပေါ့)
ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးက ကမ္ဘာပတ်နေတဲ့အချိန်။ ကိုယ့်အနားမှာ-
"ကိုဗစ် ခြုံက လချောင်းတည်း"
"ကိုဗစ် သွားကို လဖြဲတည်း"
"ကိုဗစ် ဓားသို့ လထစ်တည်း" အဲသလို ဖြစ်နေတဲ့ တကယ့်သနစ်ကြီးပါ။
အဲဒီလို အက်မို့စဖီးယားကြီးထဲမှာ၊ ဘယ်သူလာပြီး ရွက်ကြွေတောကို
လွမ်းနိုင်ပါ့မလဲ။
(၂)
မလွမ်းနိုင်ရတဲ့ကြားထဲ၊ ပြန်ပေးကလည်း ဆွဲသေးသည်။
Paramilitary militia group ဆိုတဲ့၊ စင်ပြိုင်စစ်တပ်လို လက်နက်ကိုင်
အရပ်သားတစ်စုက၊ မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချဲန် ဝစ်မာ
(Gretchen Whitmer) ကို ပြန်ပေးဆွဲဖို့ကြံတဲ့ အမှု။
အောက်တိုဘာ(၈)ရက်က FBI က စုံစမ်းဖော်ထုတ်လိုက်လို့၊ အမေရိကန်
(၁၃)ယောက် အဖမ်းခံလိုက်ရတယ်။ ၆-ယောက်ကို ပြည်ထောင်စု
(Federal) တရားရုံးတင်။ ကျန်တဲ့ ၇-ယောက်ကို ပြည်နယ် (State) တရား
ရုံးတင်။ ဒီမောင်တွေ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အထိ ကျနိုင်တယ်လို့
ဆိုတယ်။ (ဒီ အရပ်သားလက်နက်ကိုင်တွေကိုကြည့်ပြီး၊ သွားလေသူ
ဦးအောင်သောင်းရဲ့ တောင်သာတပ်မတော် ဆိုတာကို ပြေးမြင်မိတယ်)
ဒီ ပြန်ပေးအမှုမှာ အကြောင်းရင်းခံကလည်း ရှေ့မှာဖြစ်ခဲ့တာရှိတယ်။
မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး(သူက အမျိုးသမီး)က မာတယ်။ ပြတ်တယ်။
ကိုဗစ်ကိစ္စမှာ ပြတ်ပြတ်သားသားကိုင်တယ်။ အမေရိကန်တစ်နိုင်ငံလုံး
"Stay-at-home" အမိန့်ထုတ်ကြတာပါပဲ။ မစ်ရှီဂန်ပြည်နယ်မှာမှ မဟုတ်ဘူး။
ဒီတော့ တစ်သက်လုံး "FREEDOM" ဆိုတဲ့ စကားလုံး နှုတ်ကမချတဲ့
အမေရိကန်အဖြူတွေ၊ အမည်းတွေ၊ ကိုဗစ်ကူးစက်မှုထိန်းဖို့ အိမ်ထဲနေခိုင်း
တာ၊ သူတို့ရဲ့ မွေးရာပါလွတ်လပ်ခွင့်ကို ထိပါးပါတယ်ဆိုပြီး၊ လမ်းပေါ်ထွက်
ဆန္ဒတွေ ပြကြပါကုန်ရော။
အဲဒါ ကိုယ်နေတဲ့ မစ်ရှီဂန်ပြည်နယ်ထဲက လန်စင်း ဆိုတဲ့မြို့က စတာ။
Michigan, Lansing က လွန်ခဲ့တဲ့ ဧပြီလ(၁၇)ရက်က စလိုက်တဲ့ ဂယက်၊
တစ်ပြည်လုံး ပျံ့နှံ့။
ကိုယ်နေတဲ့ လန်စင်းမှာ ဆန္ဒပြလူအုပ်ထဲ သေနတ်သမားတွေလည်းပါရဲ့။
(ရဲ မဟုတ်၊ စစ်သား မဟုတ်၊ အရပ်သား) သေနတ်သမားတွေက ပြည်နယ်
ခန်းမ (State Capitol) ကို ဝင်စီးတော့မယောင်။ တီဗွီသတင်းတွေမှာ ပါပါ
တယ်။
လန်စင်း "Stay-at-home" ဆန္ဒပြပွဲသတင်း အိမ်ဖြူတော်ရသွားတယ်။
သမ္မတ ဒေါ်နယ်ထရန့်က အဲဒီနေ့ (ဧပြီ-၁၇) သူ့ရဲ့ တွစ်တာ (Twitter)
ကနေ တွိ (Tweet) ထည့်လိုက်ပုံက-
"LIBERATE MICHIGAN" ပါတဲ့ဗျာ။
အရမ်းဘာသာပြန်ရရင်တော့ "မစ်ရှီဂန်ကို လွတ်မြောက်အောင်လုပ်ကြ"
ပေါ့လေ။ သမ္မတ ထရန့်က မစ်ရှီဂန် လက်နက်ကိုင် ဆန္ဒပြသမားတွေကို မြှောက်ထိုးပင့်ကော်လုပ်လိုက်သလိုပဲ။
ကျောင်းတော်က ရန်စလို့ပဲ ဆိုပါတော့။ ၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်း
က၊ မစ်ရှီဂန်ပြည်နယ်မှာ ဟီလာရီကလင်တန် (ဒီမိုကရက်ပါတီ) ရှုံးပြီး၊
ဒေါ်နယ်ထရန့် (ရီပတ်ဗလီကင်ပါတီ) အနိုင်ရခဲ့တယ်။ တစ်နိုင်ငံလုံး ပြည်
နယ်ပေါင်း(၅၀)မှာ မစ်ရှီဂန်မဲက နောက်ဆုံးရေတွက်ခဲ့တာ။
မစ်ရှီဂန်ပြည်နယ်ဟာ သမ္မတရွေးကောက်ပွဲမှာ "Battleground States"
လို့ခေါ်တဲ့ အနိုင်အရှုံး အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေထဲ ပါတယ်။
အခုလက်ရှိ မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး (သူမက ဒီမိုကရက်)က
၂၀၂၀ ရွေးကောက်ပွဲမှာ "မစ်ရှီဂန်တစ်ပြည်နယ်လုံး အပြာရောင်ခြယ်ပစ်
မယ်" လို့ ကြုံးဝါးထားတဲ့သူ။ (ဒီမိုကရက်က အပြာရောင်၊ ရီပတ်ဗလီကင်က အနီရောင်) ဒီတော့ ထရန့်ကြီး တင်းပြီပဲပေါ့။
ဟော- အကွက်လည်းဆိုက်ရော၊ ထရန့်က မစ်ရှီဂန်အုပ်ချုပ်ရေးမှူး
ဂရက်ချဲန် ဝစ်မာ ကို နှီပ်ချင်နေတာဆိုတော့၊ တစ်ခါတည်း "LIBERATE
MICHIGAN" ဆိုပြီး၊ သူ့ တောင်သာတပ်မတော်ကို မီးစိမ်းပြခဲ့တဲ့အချက်။
အခုတော့ မစ်ရှီဂန်ပြန်ပေးသမားတွေလည်း ထောင်ထဲရောက်ကုန်ကြပါပြီ။
ကိုယ်တွေရဲ့မြန်မာပြည်က ပြန်ပေးသမားတွေပဲ ကျန်တော့တယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ(၁၄)ရက်က တောင်ကုတ်ပြန်ပေးအမှု။ ဒါလည်း
ကျောင်းတော်က ရန်စပဲ။ ၂၀၁၅ က အမှုက ၂၀၂၀ ကို လာပတ်တာ။
၂၀၂၀ ရွေးကောက်ပွဲပျက်အောင်လုပ်တာ။ ဒီချုပ် မနိုင်အောင် ပေါင်းကြံ
တာ။ ကိုယ်တွေကတော့ သေနတ်ကြီးထမ်းပြီး၊ ဖင်ကြီး ယမ်းယမ်းပြနေတဲ့
ကောင်တွေကို မကြိုက်ပေါင်။
(၃)
ကိုဗစ်က သရမ်း၊ ပြန်ပေးက အကြမ်းဖက်၊ အရေးထဲ ရွေးကောက်ပွဲက
အရေးကြီးသလား၊ အသက်က အရေးကြီးသလားနဲ့။ ရွေးကောက်ပွဲ ဖျက်ချင်သူတွေကလည်း တစ်မျိုး။
ကပ်ဆိုးကြီးထဲမှာ၊ ကိုဗစ်ကြောင့်၊ ပြန်ပေးကြောင့်၊ လူက မပျော်ရွှင်၊
စိတ်လက် မကြည်လင်ရတဲ့ကြားထဲ၊ ကြက်ဆူပင်က တစ်မှောင့်။
အခုမှ၊ နှင်းဆီခြံ အဖျက်ခံလိုက်ရတော့မှ၊ နှင်းဆီနဲ့ ကြက်ဆူတို့က
တစ်ခြံတည်းအတူ၊ အကြံလည်းတူမှန်း သိလိုက်ကြရ။ ရွေးကောက်ပွဲမှာ
ညစ်ပတ်ကြတော့မယ်။ သြော် ... အရှုံးသမားအချင်းချင်း၊ နှလုံးသားနှင်းအပ်၊
ဝါးလုံးကား နင်းသတ်ပါစေဗျာ။ (စိတ်ညစ်ရတဲ့အထဲ၊ နဘေက ပါချင်နေသေး)
မပျော်တဲ့စိတ်ကို ပျော်အောင်လုပ်ရင်း၊ စိတ်က အတိတ်က ညီငယ်ကဗျာဆရာ
ဝိုင်ချိုတို့၊ စံညိမ်းဦးတို့ဝိုင်းက ကြားခဲဖူးတဲ့ ကဗျာလေး သွားသတိရမိတယ်။
ဒီလို ... ။
"တမာ စိန်ပန်း၊ ရောယှက်သန်း၍
စိန်ပန်း တမာ၊ ရောယှက်ဖြာသည်
သြော် ... တမာ စိန်ပန်း ပါတကား။    ။
ကလောင်အမည်- မောင်စိန်ပန်း(တမာမြေ)" တဲ့။
အဲဒီ ကဗျောင်(ကဗျာ)ကလေး ပြန်ရွတ်မိတော့မှ၊ ကိုယ့်စိတ်က ကဗျာ
ဓာတ်လေး ဟပ်ပြီး၊ ကဗျာစပ်မိသွားရော။ နှစ်ပုဒ်။
၁။ နှင်းဆီ ကြက်ဆူ၊ ခြင်္သေ့ အူ၍
ကြက်ဆူ နှင်းဆီ၊ ခြင်္သေ့ အီသည်
သြော် ... နှင်းဆီ ကြက်ဆူ ပါတကား။    ။
ကလောင်အမည်- မောင်ကြက်ဆူ(နှင်းဆီခြံ)
၂။ သူခိုးနဲ့ထောင်ပြေး၊ ညားတိုင်း မွေး၍
ထောင်ပြေးနဲ့သူခိုး၊ ညားတိုင်း တိုးသည်
သြော် ... သူခိုးနဲ့ထောင်ပြေး ပါတကား။    ။
ကလောင်အမည်- မောင်စောရ(နရသိန်ပြေး)
ကဲ- ဝိုင်ချိုရေ။ မင်းတို့ဖတ်ကြပေတော့။
သြော် ... နောက်တစ်ပုဒ်ရှိသေးတယ်ကွ။ ငါရေးတာ မဟုတ်။ မင်းထင်ကိုကိုကြီး ရေးတာ။ သူ့ကဗျာက ပိုမိုက်။
"နိုဝင်ဘာ ၈
သာကော အားကိုး၊ ပုဆိန်ရိုး
သူခိုး မောင်းပွဲ၊ တို့ဆင်နွှဲမည်" တဲ့။ ကဲ- မမိုက်လား။
ဆောင်းဦးရွက်ကြွေ၊ ချစ်သက်သေ။ အွန်စောတို့၊ ဂျွန်စောတို့ရေ၊
လွမ်းတယ်။    ။


အောင်ဝေး
(၁၀- ၂၃-၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၅
 
ကပ္ႀကီးအတြင္းက ကဗ်ာ(၃)ပုဒ္။
(၁)
အခုအခ်ိန္က ေဆာင္းဥကေန၊ ေဆာင္းႏုႏုကေလးေပါက္လာတဲ့၊ ေဆာင္းဥ
ေပါက္ခ်ိန္၊ ေဆာင္းဦးေပါက္ခ်ိန္။
တစ္ေႏြလုံး စိမ္းလန္းေ၀ဆာလာတဲ့ သစ္ပင္ေတြ ေရာ္ကုန္၊ ရီကုန္၊ သစ္ရြက္
ေတြ အေရာင္ေျပာင္းကုန္ၾကၿပီ။ စိမ္းရာကေန နီလာသည္၊ ၀ါသြားသည္၊ ညိဳ
ေတာ့သည္။
အရင္တုန္းကဆိုရင္(အရင္တုန္းက ဆိုတာက၊ ကိုဗစ္ႀကီး မျဖစ္ခင္ကိုေျပာတာ
ပါ) ဒီလို ရြက္က်င္ေတြ နီ၀ါညိဳေဟာင္းလို့၊ လွျခင္းေကာင္း လွေနတဲ့ သဘာ၀
တရားႀကီးကို၊ အာရံု၀င္စား၊ လြမ္းမိသြားပလားဆိုရင္ ... ။
"သစ္ရြက္နီနီ၊ ေဂၚဂင္နီႏွင့္
တဟီတီဆိုတဲ့ ကၽြန္းကေလးေလ" ဆိုတဲ့ ဒဂုန္တာရာနဲ့ ေဂၚဂင္တို့ကိုလည္း
သတိရ။
ဗန္ဂိုးရဲ့ ၀ါေရႊ၀င္းပ ေနၾကာပန္းေတြ၊ က်ီးကန္းေတြ လန့္ထပ်ံသြားတဲ့ ဂ်ံဳခင္း
၀ါ၀ါလြင္လြင္ေတြကိုလည္း သတိရ။
"စိမ္းျမ သစ္ရြက္တို့ ေၾကြေနဆဲ" ဆိုတဲ့ ခိုင္ထူး၊ "ျမမရြက္" ဆိုတဲ့ စကားလုံး
ေလး ရတုတစ္ပုဒ္ထဲ ထည့္ေရးခဲ့တဲ့ နတ္ရွင္ေနာင္၊ သူတို့လည္း သတိရ။
မစ္ရွီဂန္မဲဇာမွာ၊ အဲဒီလို ေဆာင္းဦး(Fall လို့ေခၚတယ္၊ အဂၤလန္မွာေတာ့
Autumn ေပါ ့) ကိုယ္က ေခတ္ေပၚကဗ်ာဘက္ မကူးခင္၊ ေလးလုံးစပ္ကို
အရင္ တြင္တြင္ေရးခဲ့သူ ဂႏၳ၀င္ျမန္မာစာသမားဆိုေတာ့-
"သစ္ရြက္ေရာ္ရီ၊ ကၠ ုဒနီ၀ယ္
သိဂၤ ီတစ္၀က္၊ ဖက္၍ေဆးစုံ
ျခယ္ေသာပုံသို့" ဆိုတဲ့ ရွင္ဥတၱမေက်ာ္ရဲ့ေတာလား(၉)ပဒ္ကိုလည္း သတိရ။
("သိဂၤ ီတစ္၀က္၊ ျမတစ္၀က္" ဆိုတဲ့ မရိုက္ျဖစ္ခဲ့တဲ့ ရွဳမ၀ေမာင္ေဆြတင့္ရဲ့
ရုပ္ရွင္ကိုလည္းပဲေပါ ့)
ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုးက ကမၻာပတ္ေနတဲ့အခ်ိန္။ ကိုယ့္အနားမွာ-
"ကိုဗစ္ ၿခံဳက လေခ်ာင္းတည္း"
"ကိုဗစ္ သြားကို လၿဖဲတည္း"
"ကိုဗစ္ ဓားသို့ လထစ္တည္း" အဲသလို ျဖစ္ေနတဲ့ တကယ့္သနစ္ႀကီးပါ။
အဲဒီလို အက္မို့စဖီးယားႀကီးထဲမွာ၊ ဘယ္သူလာၿပီး ရြက္ေၾကြေတာကို
လြမ္းႏိုင္ပါ ့မလဲ။
(၂)
မလြမ္းႏိုင္ရတဲ့ၾကားထဲ၊ ျပန္ေပးကလည္း ဆြဲေသးသည္။
Paramilitary militia group ဆိုတဲ့၊ စင္ၿပိဳင္စစ္တပ္လို လက္နက္ကိုင္
အရပ္သားတစ္စုက၊ မစ္ရွီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဂရက္ခ်ဲန္ ၀စ္မာ
(Gretchen Whitmer) ကို ျပန္ေပးဆြဲဖို့ႀကံတဲ့ အမွဳ။
ေအာက္တိုဘာ(၈)ရက္က FBI က စုံစမ္းေဖာ္ထုတ္လိုက္လို့၊ အေမရိကန္
(၁၃)ေယာက္ အဖမ္းခံလိုက္ရတယ္။ ၆-ေယာက္ကို ျပည္ေထာင္စု
(Federal) တရားရံုးတင္။ က်န္တဲ့ ၇-ေယာက္ကို ျပည္နယ္ (State) တရား
ရံုးတင္။ ဒီေမာင္ေတြ တစ္သက္တစ္ကၽြန္းျပစ္ဒဏ္အထိ က်ႏိုင္တယ္လို့
ဆိုတယ္။ (ဒီ အရပ္သားလက္နက္ကိုင္ေတြကိုၾကည့္ၿပီး၊ သြားေလသူ
ဦးေအာင္ေသာင္းရဲ့ ေတာင္သာတပ္မေတာ္ ဆိုတာကို ေျပးျမင္မိတယ္)
ဒီ ျပန္ေပးအမွဳမွာ အေၾကာင္းရင္းခံကလည္း ေရွ့မွာျဖစ္ခဲ့တာရွိတယ္။
မစ္ရွီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး(သူက အမ်ိဳးသမီး)က မာတယ္။ ျပတ္တယ္။
ကိုဗစ္ကိစၥမွာ ျပတ္ျပတ္သားသားကိုင္တယ္။ အေမရိကန္တစ္ႏိုင္ငံလုံး
"Stay-at-home" အမိန့္ထုတ္ၾကတာပါပဲ။ မစ္ရွီဂန္ျပည္နယ္မွာမွ မဟုတ္ဘူး။
ဒီေတာ့ တစ္သက္လုံး "FREEDOM" ဆိုတဲ့ စကားလုံး ႏွဳတ္ကမခ်တဲ့
အေမရိကန္အျဖဴေတြ၊ အမည္းေတြ၊ ကိုဗစ္ကူးစက္မွဳထိန္းဖို့ အိမ္ထဲေနခိုင္း
တာ၊ သူတို့ရဲ့ ေမြးရာပါလြတ္လပ္ခြင့္ကို ထိပါးပါတယ္ဆိုၿပီး၊ လမ္းေပၚထြက္
ဆႏၵေတြ ျပၾကပါကုန္ေရာ။
အဲဒါ ကိုယ္ေနတဲ့ မစ္ရွီဂန္ျပည္နယ္ထဲက လန္စင္း ဆိုတဲ့ၿမိဳ့က စတာ။
Michigan, Lansing က လြန္ခဲ့တဲ့ ဧၿပီလ(၁၇)ရက္က စလိုက္တဲ့ ဂယက္၊
တစ္ျပည္လုံး ပ်ံ့ႏွံ့။
ကိုယ္ေနတဲ့ လန္စင္းမွာ ဆႏၵျပလူအုပ္ထဲ ေသနတ္သမားေတြလည္းပါရဲ့။
(ရဲ မဟုတ္၊ စစ္သား မဟုတ္၊ အရပ္သား) ေသနတ္သမားေတြက ျပည္နယ္
ခန္းမ (State Capitol) ကို ၀င္စီးေတာ့မေယာင္။ တီဗီြသတင္းေတြမွာ ပါပါ
တယ္။
လန္စင္း "Stay-at-home" ဆႏၵျပပြဲသတင္း အိမ္ျဖဴေတာ္ရသြားတယ္။
သမၼတ ေဒၚနယ္ထရန့္က အဲဒီေန့ (ဧၿပီ-၁၇) သူ့ရဲ့ တြစ္တာ (Twitter)
ကေန တြိ (Tweet) ထည့္လိုက္ပုံက-
"LIBERATE MICHIGAN" ပါတဲ့ဗ်ာ။
အရမ္းဘာသာျပန္ရရင္ေတာ့ "မစ္ရွီဂန္ကို လြတ္ေျမာက္ေအာင္လုပ္ၾက"
ေပါ ့ေလ။ သမၼတ ထရန့္က မစ္ရွီဂန္ လက္နက္ကိုင္ ဆႏၵျပသမားေတြကို ေျမွာက္ထိုးပင့္ေကာ္လုပ္လိုက္သလိုပဲ။
ေက်ာင္းေတာ္က ရန္စလို့ပဲ ဆိုပါေတာ့။ ၂၀၁၆ သမၼတေရြးေကာက္ပြဲတုန္း
က၊ မစ္ရွီဂန္ျပည္နယ္မွာ ဟီလာရီကလင္တန္ (ဒီမိုကရက္ပါတီ) ရွံဳးၿပီး၊
ေဒၚနယ္ထရန့္ (ရီပတ္ဗလီကင္ပါတီ) အႏိုင္ရခဲ့တယ္။ တစ္ႏိုင္ငံလုံး ျပည္
နယ္ေပါင္း(၅၀)မွာ မစ္ရွီဂန္မဲက ေနာက္ဆုံးေရတြက္ခဲ့တာ။
မစ္ရွီဂန္ျပည္နယ္ဟာ သမၼတေရြးေကာက္ပြဲမွာ "Battleground States"
လို့ေခၚတဲ့ အႏိုင္အရွံဳး အဆုံးအျဖတ္ေပးႏိုင္တဲ့ ျပည္နယ္ေတြထဲ ပါတယ္။
အခုလက္ရွိ မစ္ရွီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး (သူမက ဒီမိုကရက္)က
၂၀၂၀ ေရြးေကာက္ပြဲမွာ "မစ္ရွီဂန္တစ္ျပည္နယ္လုံး အျပာေရာင္ျခယ္ပစ္
မယ္" လို့ ႀကံဳး၀ါးထားတဲ့သူ။ (ဒီမိုကရက္က အျပာေရာင္၊ ရီပတ္ဗလီကင္က အနီေရာင္) ဒီေတာ့ ထရန့္ႀကီး တင္းၿပီပဲေပါ ့။
ေဟာ- အကြက္လည္းဆိုက္ေရာ၊ ထရန့္က မစ္ရွီဂန္အုပ္ခ်ဳပ္ေရးမွဴး
ဂရက္ခ်ဲန္ ၀စ္မာ ကို ႏွီပ္ခ်င္ေနတာဆိုေတာ့၊ တစ္ခါတည္း "LIBERATE
MICHIGAN" ဆိုၿပီး၊ သူ့ ေတာင္သာတပ္မေတာ္ကို မီးစိမ္းျပခဲ့တဲ့အခ်က္။
အခုေတာ့ မစ္ရွီဂန္ျပန္ေပးသမားေတြလည္း ေထာင္ထဲေရာက္ကုန္ၾကပါၿပီ။
ကိုယ္ေတြရဲ့ျမန္မာျပည္က ျပန္ေပးသမားေတြပဲ က်န္ေတာ့တယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၁၄)ရက္က ေတာင္ကုတ္ျပန္ေပးအမွဳ။ ဒါလည္း
ေက်ာင္းေတာ္က ရန္စပဲ။ ၂၀၁၅ က အမွဳက ၂၀၂၀ ကို လာပတ္တာ။
၂၀၂၀ ေရြးေကာက္ပြဲပ်က္ေအာင္လုပ္တာ။ ဒီခ်ဳပ္ မႏိုင္ေအာင္ ေပါင္းႀကံ
တာ။ ကိုယ္ေတြကေတာ့ ေသနတ္ႀကီးထမ္းၿပီး၊ ဖင္ႀကီး ယမ္းယမ္းျပေနတဲ့
ေကာင္ေတြကို မႀကိဳက္ေပါင္။
(၃)
ကိုဗစ္က သရမ္း၊ ျပန္ေပးက အၾကမ္းဖက္၊ အေရးထဲ ေရြးေကာက္ပြဲက
အေရးႀကီးသလား၊ အသက္က အေရးႀကီးသလားနဲ့။ ေရြးေကာက္ပြဲ ဖ်က္ခ်င္သူေတြကလည္း တစ္မ်ိဳး။
ကပ္ဆိုးႀကီးထဲမွာ၊ ကိုဗစ္ေၾကာင့္၊ ျပန္ေပးေၾကာင့္၊ လူက မေပ်ာ္ရႊင္၊
စိတ္လက္ မၾကည္လင္ရတဲ့ၾကားထဲ၊ ၾကက္ဆူပင္က တစ္ေမွာင့္။
အခုမွ၊ ႏွင္းဆီၿခံ အဖ်က္ခံလိုက္ရေတာ့မွ၊ ႏွင္းဆီနဲ့ ၾကက္ဆူတို့က
တစ္ၿခံတည္းအတူ၊ အႀကံလည္းတူမွန္း သိလိုက္ၾကရ။ ေရြးေကာက္ပြဲမွာ
ညစ္ပတ္ၾကေတာ့မယ္။ ေႀသာ္ ... အရွံဳးသမားအခ်င္းခ်င္း၊ ႏွလုံးသားႏွင္းအပ္၊
၀ါးလုံးကား နင္းသတ္ပါေစဗ်ာ။ (စိတ္ညစ္ရတဲ့အထဲ၊ နေဘက ပါခ်င္ေနေသး)
မေပ်ာ္တဲ့စိတ္ကို ေပ်ာ္ေအာင္လုပ္ရင္း၊ စိတ္က အတိတ္က ညီငယ္ကဗ်ာဆရာ
၀ိုင္ခ်ိဳတို့၊ စံညိမ္းဦးတို့၀ိုင္းက ၾကားခဲဖူးတဲ့ ကဗ်ာေလး သြားသတိရမိတယ္။
ဒီလို ... ။
"တမာ စိန္ပန္း၊ ေရာယွက္သန္း၍
စိန္ပန္း တမာ၊ ေရာယွက္ျဖာသည္
ေႀသာ္ ... တမာ စိန္ပန္း ပါတကား။    ။
ကေလာင္အမည္- ေမာင္စိန္ပန္း(တမာေျမ)" တဲ့။
အဲဒီ ကေဗ်ာင္(ကဗ်ာ)ကေလး ျပန္ရြတ္မိေတာ့မွ၊ ကိုယ့္စိတ္က ကဗ်ာ
ဓာတ္ေလး ဟပ္ၿပီး၊ ကဗ်ာစပ္မိသြားေရာ။ ႏွစ္ပုဒ္။
၁။ ႏွင္းဆီ ၾကက္ဆူ၊ ျခေသၤ့ အူ၍
ၾကက္ဆူ ႏွင္းဆီ၊ ျခေသၤ့ အီသည္
ေႀသာ္ ... ႏွင္းဆီ ၾကက္ဆူ ပါတကား။    ။
ကေလာင္အမည္- ေမာင္ၾကက္ဆူ(ႏွင္းဆီၿခံ)
၂။ သူခိုးနဲ့ေထာင္ေျပး၊ ညားတိုင္း ေမြး၍
ေထာင္ေျပးနဲ့သူခိုး၊ ညားတိုင္း တိုးသည္
ေႀသာ္ ... သူခိုးနဲ့ေထာင္ေျပး ပါတကား။    ။
ကေလာင္အမည္- ေမာင္ေစာရ(နရသိန္ေျပး)
ကဲ- ၀ိုင္ခ်ုိေရ။ မင္းတို့ဖတ္ၾကေပေတာ့။
ေႀသာ္ ... ေနာက္တစ္ပုဒ္ရွိေသးတယ္ကြ။ ငါေရးတာ မဟုတ္။ မင္းထင္ကိုကိုႀကီး ေရးတာ။ သူ့ကဗ်ာက ပိုမိုက္။
"နို၀င္ဘာ ၈
သာေကာ အားကိုး၊ ပုဆိန္ရိုး
သူခိုး ေမာင္းပြဲ၊ တို့ဆင္ႏႊဲမည္" တဲ့။ ကဲ- မမိုက္လား။
ေဆာင္းဦးရြက္ေၾကြ၊ ခ်စ္သက္ေသ။ အြန္ေစာတို့၊ ဂၽြန္ေစာတို့ေရ၊
လြမ္းတယ္။    ။

ေ အ ာ င္ ေ ၀ း
(၁၀- ၂၃-၂၀)

Wednesday, October 21, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၄


 
ပြန်ပေး။
ဟေ့ လူတွေ
ခင်ဗျားတို့က ပြန်ပေးတွေကိုး။
ကျုပ်လူတွေ ပြန်ပေး။     ။

အောင်ဝေး

(၁၀- ၂၂- ၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၄
 
ျပန္ေပး။
ေဟ့ လူေတြ
ခင္ဗ်ားတို့က ျပန္ေပးေတြကိုး။
က်ဳပ္လူေတြ ျပန္ေပး။     ။

ေ အ ာ င္ ေ ၀ း
(၁၀- ၂၂- ၂၀)

Tuesday, October 20, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၃


 
တောရိုင်းမြေ။
ဝံပုလွေတစ်ကောင်
မြေခွေးတစ်ကောင်
ဖွတ်တစ်ကောင်
သုံးကောင် တစ်တွဲ။
တပေါင်းအရောင်
ခေါင်းမရှောင်တဲ့
ဒေါင်း တစ်ကောင်ထဲ(တည်း)။     ။

အောင်ဝေး
(၁၀- ၂၀- ၂၀)

##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၃
 
ေတာရိုင္းေျမ။
၀ံပုေလြတစ္ေကာင္
ေျမေခြးတစ္ေကာင္
ဖြတ္တစ္ေကာင္
သုံးေကာင္ တစ္တြဲ။
တေပါင္းအေရာင္
ေခါင္းမေရွာင္တဲ့
ေဒါင္း တစ္ေကာင္ထဲ(တည္း)။     ။

ေ အ ာ င္ ေ ၀ း

(၁၀- ၂၀- ၂၀)

Sunday, October 18, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၂


 
ကျောက်တုံးထဲမှာ၊ မျောက်သုံးကောင်ရှိတယ်။
မျောက်သုံးကောင်
ကျောက်တုံးထဲမှာ ရှိလေရဲ့။
နောက်ဆုံးမှာ
ကျောက်တုံးကို ခွာချလိုက်တော့
မျောက်သုံးကောင်
ကျောက်တုံးထဲက ထွက်လာတယ်။
ကျောက်တုံးထဲက ထွက်လာတဲ့
မျောက်သုံးကောင်။
(၁) ...
(၂) ...
(၃) ...
သူငယ်ချင်း
ကြောက်တုံးထဲမှာ
မင်းရဲ့နာမည် မပါချင်ရင် ... ။
သူငယ်ချင်း
မင်းရဲ့အနာဂတ်
မင်း လွတ်လပ်ချင်ရင် ... ။
သူငယ်ချင်း
မင်း မြဲမြဲမှတ်
ဘယ်တော့မှ
မျောက်လက် ဗျောက်အပ် မဖြစ်စေနဲ့။    ။

အောင်ဝေး
(၁၀- ၁၈- ၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၂
 
ေက်ာက္တုံးထဲမွာ၊ ေမ်ာက္သုံးေကာင္ရွိတယ္။
ေမ်ာက္သုံးေကာင္
ေက်ာက္တုံးထဲမွာ ရွိေလရဲ့။
ေနာက္ဆုံးမွာ
ေက်ာက္တုံးကို ခြာခ်လိုက္ေတာ့
ေမ်ာက္သုံးေကာင္
ေက်ာက္တုံးထဲက ထြက္လာတယ္။
ေက်ာက္တုံးထဲက ထြက္လာတဲ့
ေမ်ာက္သုံးေကာင္။
(၁) ...
(၂) ...
(၃) ...
သူငယ္ခ်င္း
ေၾကာက္တုံးထဲမွာ
မင္းရဲ့နာမည္ မပါခ်င္ရင္ ... ။
သူငယ္ခ်င္း
မင္းရဲ့အနာဂတ္
မင္း လြတ္လပ္ခ်င္ရင္ ... ။
သူငယ္ခ်င္း
မင္း ၿမဲၿမဲမွတ္
ဘယ္ေတာ့မွ
ေမ်ာက္လက္ ေဗ်ာက္အပ္ မျဖစ္ေစနဲ့။    ။

ေ အ ာ င္ ေ ၀ း
(၁၀- ၁၈- ၂၀)

Friday, October 16, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၁


 
ဂျူးလိယက်ဆီဇာက
နောက်ကို လှည့်ကြည့်လိုက်တယ်။
"သြ ... ဘရုတပ်စ်
မင်းလည်း ပါသကိုး"

အောင်ဝေး
(၁၀- ၁၆- ၂၀)



##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၁
 
ဂ်ဴးလိယက္ဆီဇာက
ေနာက္ကို လွည့္ၾကည့္လိုက္တယ္။
"ၾသ ... ဘရုတပ္စ္
မင္းလည္း ပါသကိုး"

ေ အ ာ င္ ေ ၀ း
(၁၀- ၁၆- ၂၀)

Tuesday, October 13, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ဝ

 
အဝေးရောက် နှင်းဆီ။
အမြစ် ဖြတ်လည်း
မပြတ်။
အပွင့် ခြွေလည်း
မကြွေ။
အိမ်လွမ်းရနံ့က
မသေဆေး။
အဝေးရောက် နှင်းဆီ။    ။

အောင်ဝေး
(၁၀- ၁၃- ၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၀
 
အေ၀းေရာက္ ႏွင္းဆီ။
အျမစ္ ျဖတ္လည္း
မျပတ္။
အပြင့္ ေျခြလည္း
မေၾကြ။
အိမ္လြမ္းရနံ့က
မေသေဆး။
အေ၀းေရာက္ ႏွင္းဆီ။    ။

ေ အ ာ င္ ေ ၀ း
(၁၀- ၁၃- ၂၀)

Thursday, October 8, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၉


 
ကိုဗစ်အာဏာရှင်စနစ်က၊ ဆူးရစ်သရဖူမှာ၊ ဓားချွန်တွေစီလို့။
မီးလျှံကြားမှာ၊ ပဒုမ္မာကြာက၊ ကြယ်လို ပွင့်တယ်။
ပြာပုံထက်မှာ၊ ဖီးနစ်ငှက်က၊ အသက်သစ်ရတော့၊ မြစ်လိုလှိုင်းထ
ပျံသွားပြီ။
ညီလေး ကဗျာဆရာမြတ်လှိုင်းရေ။
အစဦးကတော့ "ညီလေး မြတ်လှိုင်းရေ" လို့ ခေါ်လိုက်ဖို့ပါပဲ။ နောက်မှ
"ညီလေး ကဗျာဆရာမြတ်လှိုင်းရေ" လို့ ပြင်ခေါ်လိုက်တာပါ။ ကဗျာဆရာ
ဆိုတာ အစ်ကို့အတွက်တော့၊ တစ်စုံတစ်ရာ ကြီးမြတ်တယ်လို့ ယူဆထား
လို့ပါ။
မြတ်လှိုင်း ညီလေး။
မင်း FACEBOOK မှာ ရေးတင်လိုက်တဲ့ "မြတ်လှိုင်းရဲ့သဘောထား ကြေ
ညာချက်" ကို အစ်ကို ဖတ်လိုက်ရတယ်။ (Soe Myat Facebook Posted
October 7, 2020)
မင်း့ ကြေညာချက်၊ အမှတ်စဉ်(၃)မှာ-
"၃။ စစ်အာဏာရှင်(အဟောင်း၊ အသစ်၊ လက်ကျန်)တွေနဲ့ ရင်ကြား မစေ့
နိုင်ဘူး။
စစ်အာဏာရှင်(အဟောင်း၊အသစ်၊ လက်ကျန်)တွေနဲ့ ရင်ကြားစေ့
သူမှန်သမျှ၊ ဒီမိုကရေစီသစ္စာဖောက်အဖြစ် သတ်မှတ်တယ်။
ဒီမိုကရေစီကို သစ္စာဖောက်သူတွေကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး၊
ထောက်ခံနေတဲ့လူတွေကို နီပေါ တွေအဖြစ်သတ်မှတ်တယ်" လို့ဖော်ပြထား
တယ်နော်။
ညိလေး မြတ်လှိုင်း။
"နီပေါ" ဆိုတဲ့ စကားလုံးဟာ၊ အစ်ကို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့
စကားလုံးပဲ။ (နောက်ထပ် လက်မခံနိုင်တဲ့ စကားလုံးတစ်လုံး ရှိသေးတယ်။
နောက်မှ ဆက်ပြောမယ်)
"နီပေါ" လို့ မင်းပြောဆိုလိုက်တာဟာ၊ လက်ရှိ NLD ပါတီနဲ့ ဒေါ်အောင်ဆန်း
စုကြည်ကို ထောက်ခံနေတဲ့လူတွေကို ရည်ညွှန်းလိုက်တာလို့ အစ်ကို နား
လည်ပါတယ်။
ဟုတ်ပါပြီ ညီလေးရေ။
အဲဒီ NLD ပါတီဆိုတာ၊ မင်းတို့ငါတို့တွေ၊ ဘဝပျက်ခံ၊ ထောင်ကျခံ၊ ဒုက္ခ
အမျိုးမျိုးခံပြီး၊ စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်တွန်းလှန်တိုက်ခိုက်ပြီး
တည်ဆောက်ယူလာခဲ့ရတဲ့ ပါတီပါ။
NLD ဆိုတာ သူခိုးသူယုတ်တွေ၊ လူဆိုးကြမ်းပိုးတွေ၊ လူလိမ်လူညာတွေ
တည်ဆောက်ခဲ့တဲ့ပါတီ မဟုတ်ပါဘူး။
NLD ဆိုတာ မီးလျှံကြားက ပွင့်လာတဲ့ ပဒုမ္မာကြာပါ ညီလေး။
NLD ဆိုတာ ပြာပုံထဲက ဝိညာဉ်အသစ်ရတဲ့ ဖီးနစ်ငှက်ပါ ညိလေး။
ဒီလို ကိုယ်တိုင်ပါဝင်ခဲ့တဲ့၊ သမိုင်းဝင် အစဉ်အလာကြီးမားလှတဲ့ ပါတီ
အပေါ် ထောက်ခံသူ၊ ဝန်းရံသူတွေကို "နီပေါတွေ" လို့ ရှုတ်ချစော်ကား
လိုက်တာဟာ၊ မင်း ရာဇဝင်ဘေး(ရာဗဝင်ဘေး) သင့်သွားပြီ ညီလေး။ မင်းမှာ တာဝန်ရှိသွားပြီ ညီလေး။
"နီပေါတွေ" လို့ စွပ်စွဲပုတ်ခတ်လိုက်တာဟာ၊ သူတို့ ထောက်ခံ ဝန်းရံနေ
တဲ့ ပါတီ(NLD) ကိုပါ "နီပေါပါတီ" လို့ သမုတ်ပစ်လိုက်သလိုပါပဲ။
မြတ်လှိုင်း ညီလေး။
အခုခေတ်မှာ NLD ကို ထောက်ခံဝန်းရံနေတဲ့ အဓိကအင်အားစုဟာ၊
ရှစ်လေးလုံးလူထုအရေးတော်ပုံနောက်ပိုင်း ပေါ်ထွန်းလာတဲ့ (၁)
MILLENNIUM GENERATION နဲ့ (၂) SAFFRON GENERATION
ဒီနှစ်ခုပဲ။
၂၁-ရာစု ထောင်စုသစ် မဝင်ခင်နဲ့ ဝင်ပြီးနောက်မှာ၊ စစ်အာဏာရှင်စနစ်
ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်
မျိုးဆက်သစ်တွေ အင်နဲ့အားနဲ့ မွေးဖွားလာခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်လည်း အိုပါပြီ။ NLD အောင်လံဆိုတာ အဲဒီ
လူငယ်မျိုးဆက်သစ်တွေက လက်ဆင့်ကမ်း သယ်ဆောင်သွားရမယ့်
သမိုင်းရဲ့ အနာဂတ်အောင်လံပါ။
NLD ဟာ တည်ကြည်ကြံ့ခိုင်ဆဲပါ ညီလေး။ NLD ဟာ "နီ" ဆဲပါ ညီလေး။
ညီလေး မြတ်လှိုင်း။
မင်းက မင်း့ သဘောထားကြေညာချက်အောက်ဆုံးမှာ-
"မြတ်လှိုင်း
(စစ်အာဏာရှင်စနစ်မုန်းတီးရေးသမားတစ်ယောက်)" လို့ စာတန်းသွားတယ်။
မင်းလိုပဲ၊ အစ်ကိုတို့အားလုံးလည်း စစ်အာဏာရှင်စနစ်ကို မုန်းတီးကြသူတွေ
ပါ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့ စိတ်အားထက်သန် တော်လှန်
နေကြသူတွေပါ။
အစ်ကို့ဘဝတစ်လျှောက်လုံး "နီ" ခဲ့ပါတယ်။ အဲဒီလို "နီ" ခဲ့လို့လည်း၊ သူငယ်
ချင်းအရင်းတချို့ကတောင် အစ်ကို့ကို ဆန့်ကျင်ခဲ့၊ တိုက်ခိုက်ခဲ့တာတွေ မင်း
ကိုယ်တွေ့ပဲ မဟုတ်လား မြတ်လှိုင်း။
အစ်ကိုက NLD ပါတီဝင်ဟောင်း။ အနိဟောင်း။ PARTY VETERAN တစ်ယောက်။ အခု အစ်ကိုက ၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး
အတွက် ကဗျာနဲ့ ထောက်ခံအားပေးတယ်။ (ပြီးခဲ့တဲ့လက "၂၀၂၀" ဆိုတဲ့
အစ်ကို့ ကဗျာစာအုပ်။ ဆန်းစသော်တာက ထွက်တယ်။ NLD ELECTION
CAMPAIGN စာအုပ်ပါပဲ)
အစ်ကိုက NLD ရွေးကောက်ပွဲနိုင်ပြီး၊ အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်တယ်။ လိုလား
တယ်။ ဒါကြောင့် NLD အနီတွေကို အားပေးတယ်။ ဝန်းရံတယ်။ ဟောင်္ဒီလို
ကဗျာရေးတယ်။ (မင်းလိုပဲ ကြေညာချက်ထုတ်တယ်)
"နိုဝင်ဘာကြေညာချက်"
တစ်တောလုံး နီ
တစ်ပြည်လုံး ရဲ။
ခြင်္သေ့ ခေါင်း
ဒေါင်းနင်းမဲ့ ပွဲ။   ။
ညီလေးရေ။
မင်းပြောသလိုဆိုရင်၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဝန်းရံလို့၊
ငါလည်း "နီပေါ" တစ်ယောက် ဖြစ်သွားပြီပေါ့ကွာ။ စိတ်တော့ မကောင်းပါ
ဘူး။
မင်းလို NLD ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ယူခဲ့ဖူးသူတစ်ယောက်ဆီက
"နီပေါတွေ" ဆိုတဲ့စကား ကြားရတာ ငါ ဝမ်းနည်းမိတယ်။
မြတ်လှိုင်းရေ။
နောက်တစ်ခု။ ငါ လက်မခံနိုင်ဆုံး၊ မကြိုက်ဆုံး စကားလုံးတစ်လုံး၊ စကားကြုံ
လို့ မင်းကို ငါပြောမယ်။ မင်းက ကဗျာဆရာတစ်ယောက်ဖြစ်လို့၊ မင်းကို ငါ
ပြောမယ်။
ငါ့ဘဝမှာ၊ အရေးတော်ပုံခေါ်ခေါ်၊ တော်လှန်ရေးခေါ်ခေါ်၊ စစ်အာဏာရှင်
စနစ်ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကြီး (၃)ကြိမ် ကြုံခဲ့တယ်။
တက္ကသိုလ်ကျောင်းသားဘဝမှာ ၇၄-၇၅-၇၆ အရေးအခင်းတွေကို ဖြတ်သန်းခဲ့
တယ်။ ငါ ထောင်ထဲရောက်သွားတယ်။
ကဗျာဆရာဘ၀ နုစဉ်မှာ ရှစ်လေးလုံးလူထုအုံကြွမှုကြီးထဲကို ငါဖြတ်သန်းခဲ့
တယ်။ NLD ခေတ်ဦးမှာ ငါ ပါဝင်ခဲ့တယ်။ ငါ ထောင်ထဲရောက်သွားပြန်တယ်။
ကဗျာဆရာဘ၀ ရင့်စဉ်မှာ ၂၀၀၇-ရွှေဝါရောင်တော်လှန်ရေးကြီးကို ငါ ပါဝင်
ဖြတ်သန်းခဲ့ပြန်တယ်။ ငါ ပြည်ပြေးဖြစ်သွားတယ်။
အခုအချိန်မှာ ငါက "မြစ်ကျိုးအင်း" တစ်ခုပါ။ ပြည်ပရောက်နေတဲ့ ပြည်ပြေး
ကဗျာဆရာတစ်ယောက်အနေနဲ့၊ ကိုယ့်သမိုင်းရေအလျဉ်ကို၊ ကိုယ် မသွင်နိုင်၊
ကိုယ် မစီးဆင်းနိုင်တဲ့ ရေသေ၊ မြစ်သေသမားတစ်ယောက်ပါ။
ညီလေး။ မင်းတို့ကတော့ ပြည်တွင်းမှာ ကိုယ့်ပြည်သူတွေနဲ့အတူ၊ ပင်မရေစီး
ကြောင်းကို စီးသွင် ဆင်းလျဉ်နိုင်သေးတဲ့ ရေရှင်၊ မြစ်ရှင်သမားတွေပါ။
ပြည်ပြေးဘဝဦးမှာ၊ ပြည်တွင်းကထုတ်တဲ့ ကဗျာစာအုပ်တစ်အုပ်ကို မြင်လိုက်
ရတဲ့အချိန်၊ ရုတ်တရက် မင်တက်မိသွားတယ်။ ပြီးတော့ ကြေကွဲတုန်ရီရ
တယ်။ နှလုံးသား ဆတ်ဆတ်ခါအောင် နာကြည်းဒေါသဖြစ်ခဲ့ရတယ် ညီရေ။
အဲဒီစာအုပ်နာမည်က "တော်လှန်ကြောင်" တဲ့။
တော်လှန်ရေးကို သရော်လိုက်၊ လှောင်ပြောင်လိုက်၊ တော်လှန်ရေးကို
သေးသိမ်အောင် သိက္ခာချလိုက်၊ ပုံဖျက်လိုက်တဲ့ စာအုပ်ပါပဲ။
မင်း ကြားဖူး မှတ်ဖူးမှာပါ မြတ်လှိုင်း။ ၁၉၆၉ တုန်းက တို့ CP အစ်ကိုကြီးတွေ
"တော်လှန်ကဗျာ" စာအုပ်ထုတ်ခဲ့တုန်းက၊ ဆရာငြိမ်းကျော်တို့၊ ငသိုင်းချောင်း
ဝံသာတို့၊ အညာတမာတို့ RF အုပ်စုက "ကဗျာအနုပဋိလောမ" ဆိုပြီး
တန်ပြန်တိုက်ခိုက်တဲ့ ကဗျာစာအုပ် ထုတ်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတယ်လေ။
ခုလည်း ကြည့်ပါဦးကွာ။ "တော်လှန်ကြောင်" တဲ့။
တော်လှန်ရေးဆိုတဲ့ စကားလုံးဟာ၊ လှောင်စရာ ပြောင်စရာမှ မဟုတ်ရတာ
ကိုကွာ။ လုပ်ရက်တယ်။
 တော်လှန်ရေးကို ထဲထဲဝင်ဝင် မလုပ်ဖူးဘဲနဲ့၊ မတ်ဝါဒကို စနစ်တကျနားမလည်ဘဲနဲ့၊ ကွန်မြူနစ်ဆိုတာ ဘာလဲ ဂဃနဏ
မသိဘဲနဲ့၊ ဒါကို ငါ ပြည်တွင်းက လူငယ်ကဗျာဆရာတချို့(တချို့)့ရဲ့ ပညာ
တတ်မဆန်တဲ့ လုပ်ရပ်လို့ သတ်မှတ်ခဲ့တယ်။
ငါတို့ဟာ စာပေစိစစ်ရေးရှိတဲ့ စနစ်အောက်မှာ၊ ငါတို့ရဲ့အိပ်မက်တွေကို၊
နီရဲတောက်ပ ထက်မြက်လှပနေအောင် တည်ဆောက်ယူခဲ့ကြတယ်။
ဟော- အခု၊ စာပေစိစစ်ရေး မရှိတော့တဲ့ အခြေအနေမှာ၊ နောက်မွေးလာ
တဲ့ မျိုးဆက်သစ်လူငယ်ကဗျာဆရာတချို့(တချို့)က၊ ငါတို့ရဲ့ နီရဲတောက်ပ ထက်မြက်လှပခဲ့တဲ့ အိပ်မက်တွေကို လွယ်လွယ်ကူကူ လှောင်ပြောင်နေပါရောလား။
ပေါ်ပေါ်ထင်ထင် သရော်နေပါရောလား။
ညီလေး မြတ်လှိုင်း။
ငါတို့ရဲ့" ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး" က ဆုံးခန်းမတိုင်သေးပါဘူး။
NLD ရဲ့ "ဒီမိုကရေစီတော်လှန်ရေး" ကလည်း ခရီး မဆုံးသေးပါဘူး။
၂၀၀၈ နာဂစ် ခြေ/ဥ အောက်မှာ ရွေးကောက်ပွဲဝင်တာကို၊ ဒီမိုကရေစီ
သစ္စာဖောက်တယ်လို့ မင်း(တို့)မြင်နေရင်လည်း၊ ငါ ဘာမှ မပြောလိုတော့ပါ
ဘူး ညီလေး။
ငါပြောနိုင်တာ တစ်ခုကတော့၊ ငါ အိမ်မပြန်နိုင်သေးပေမဲ့၊ အိမ်ကို ငါ လွမ်းတယ်။ ငါ့အလွမ်းဟာ၊ ငါ့သိက္ခာပဲ။ ငါ့သိက္ခာထဲမှာ "ကဗျာဆရာ"
ဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ တန်ဖိုးအထားဆုံးပါပဲ။
မီးလျှံကြားမှာ
ပဒုမ္မာကြာက
ကြယ်လိုပွင့်တယ်။
ပြာပုံထက်မှာ
ဖီးနစ်ငှက်က
အသက်သစ်ရတော့
မြစ်လို လှိုင်းထ ပျံသွားပြီ။
ညီလေးရေ။
ကိုဗစ်အာဏာရှင်စနစ်က
ဆူးရစ်သရဖူမှာ
ဓားချွန်တွေ စီလို့။
ညီလေးရေ။
ကျန်းမာအောင်နေပါ။
ကျန်းမာမှ တိုက်ခိုက်နိုင်မယ်။    ။

မင်းရဲ့အစ်ကို၊ မင်းရဲ့ရဲဘော်

အောင်ဝေး
(အောက်တိုဘာ ၉၊ ၂၀၂၀)


 

##

 မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၉
 
ကိုဗစ္အာဏာရွင္စနစ္က၊ ဆူးရစ္သရဖူမွာ၊ ဓားခၽြန္ေတြစီလို့။
မီးလွ်ံၾကားမွာ၊ ပဒုမၼာၾကာက၊ ၾကယ္လို ပြင့္တယ္။
ျပာပုံထက္မွာ၊ ဖီးနစ္ငွက္က၊ အသက္သစ္ရေတာ့၊ ျမစ္လိုလိွဳင္းထ
ပ်ံသြားၿပီ။
ညီေလး ကဗ်ာဆရာျမတ္လိွဳင္းေရ။
အစဦးကေတာ့ "ညီေလး ျမတ္လိွဳင္းေရ" လို့ ေခၚလိုက္ဖို့ပါပဲ။ ေနာက္မွ
"ညီေလး ကဗ်ာဆရာျမတ္လိွဳင္းေရ" လို့ ျပင္ေခၚလိုက္တာပါ။ ကဗ်ာဆရာ
ဆိုတာ အစ္ကို့အတြက္ေတာ့၊ တစ္စုံတစ္ရာ ႀကီးျမတ္တယ္လို့ ယူဆထား
လို့ပါ။
ျမတ္လိွဳင္း ညီေလး။
မင္း FACEBOOK မွာ ေရးတင္လိုက္တဲ့ "ျမတ္လိွဳင္းရဲ့သေဘာထား ေၾက
ညာခ်က္" ကို အစ္ကို ဖတ္လိုက္ရတယ္။ (Soe Myat Facebook Posted
October 7, 2020)
မင္း့ ေၾကညာခ်က္၊ အမွတ္စဥ္(၃)မွာ-
"၃။ စစ္အာဏာရွင္(အေဟာင္း၊ အသစ္၊ လက္က်န္)ေတြနဲ့ ရင္ၾကား မေစ့
ႏိုင္ဘူး။
စစ္အာဏာရွင္(အေဟာင္း၊အသစ္၊ လက္က်န္)ေတြနဲ့ ရင္ၾကားေစ့
သူမွန္သမွ်၊ ဒီမိုကေရစီသစၥာေဖာက္အျဖစ္ သတ္မွတ္တယ္။
ဒီမိုကေရစီကို သစၥာေဖာက္သူေတြကို ေခါင္းေဆာင္အျဖစ္ သတ္မွတ္ၿပီး၊
ေထာက္ခံေနတဲ့လူေတြကို နီေပါ ေတြအျဖစ္သတ္မွတ္တယ္" လို့ေဖာ္ျပထား
တယ္ေနာ္။
ညိေလး ျမတ္လိွုင္း။
"နီေပါ" ဆိုတဲ့ စကားလုံးဟာ၊ အစ္ကို့အေနနဲ့ ဘယ္လိုမွ လက္မခံႏိုင္တဲ့
စကားလုံးပဲ။ (ေနာက္ထပ္ လက္မခံႏိုင္တဲ့ စကားလုံးတစ္လုံး ရွိေသးတယ္။
ေနာက္မွ ဆက္ေျပာမယ္)
"နီေပါ" လို့ မင္းေျပာဆိုလိုက္တာဟာ၊ လက္ရွိ NLD ပါတီနဲ့ ေဒၚေအာင္ဆန္း
စုၾကည္ကို ေထာက္ခံေနတဲ့လူေတြကို ရည္ညႊန္းလိုက္တာလို့ အစ္ကို နား
လည္ပါတယ္။
ဟုတ္ပါၿပီ ညီေလးေရ။
အဲဒီ NLD ပါတီဆိုတာ၊ မင္းတို့ငါတို့ေတြ၊ ဘ၀ပ်က္ခံ၊ ေထာင္က်ခံ၊ ဒုကၡ
အမ်ိဳးမ်ိဳးခံၿပီး၊ စစ္အစိုးရ အဆက္ဆက္ကို ဆန့္က်င္တြန္းလွန္တိုက္ခိုက္ၿပီး
တည္ေဆာက္ယူလာခဲ့ရတဲ့ ပါတီပါ။
NLD ဆိုတာ သူခိုးသူယုတ္ေတြ၊ လူဆိုးၾကမ္းပိုးေတြ၊ လူလိမ္လူညာေတြ
တည္ေဆာက္ခဲ့တဲ့ပါတီ မဟုတ္ပါဘူး။
NLD ဆိုတာ မီးလွ်ံၾကားက ပြင့္လာတဲ့ ပဒုမၼာၾကာပါ ညီေလး။
NLD ဆိုတာ ျပာပုံထဲက ၀ိညာဥ္အသစ္ရတဲ့ ဖီးနစ္ငွက္ပါ ညိေလး။
ဒီလို ကိုယ္တိုင္ပါ၀င္ခဲ့တဲ့၊ သမိုင္း၀င္ အစဥ္အလာႀကီးမားလွတဲ့ ပါတီ
အေပၚ ေထာက္ခံသူ၊ ၀န္းရံသူေတြကို "နီေပါေတြ" လို့ ရွဳတ္ခ်ေစာ္ကား
လိုက္တာဟာ၊ မင္း ရာဇ၀င္ေဘး(ရာဗ၀င္ေဘး) သင့္သြားၿပီ ညီေလး။ မင္းမွာ တာ၀န္ရွိသြားၿပီ ညီေလး။
"နီေပါေတြ" လို့ စြပ္စြဲပုတ္ခတ္လိုက္တာဟာ၊ သူတို့ ေထာက္ခံ ၀န္းရံေန
တဲ့ ပါတီ(NLD) ကိုပါ "နီေပါပါတီ" လို့ သမုတ္ပစ္လိုက္သလိုပါပဲ။
ျမတ္လိွဳင္း ညီေလး။
အခုေခတ္မွာ NLD ကို ေထာက္ခံ၀န္းရံေနတဲ့ အဓိကအင္အားစုဟာ၊
ရွစ္ေလးလုံးလူထုအေရးေတာ္ပုံေနာက္ပိုင္း ေပၚထြန္းလာတဲ့ (၁)
MILLENNIUM GENERATION နဲ့ (၂) SAFFRON GENERATION
ဒီႏွစ္ခုပဲ။
၂၁-ရာစု ေထာင္စုသစ္ မ၀င္ခင္နဲ့ ၀င္ၿပီးေနာက္မွာ၊ စစ္အာဏာရွင္စနစ္
ဖိႏွိပ္ခ်ဳပ္ခ်ယ္မွဳေအာက္ကေန၊ ႏိုင္ငံေရးတက္ၾကြလွဳပ္ရွားတဲ့ လူငယ္
မ်ိဳးဆက္သစ္ေတြ အင္နဲ့အားနဲ့ ေမြးဖြားလာခဲ့တယ္။
ေဒၚေအာင္ဆန္းစုၾကည္လည္း အိုပါၿပီ။ NLD ေအာင္လံဆိုတာ အဲဒီ
လူငယ္မ်ိဳးဆက္သစ္ေတြက လက္ဆင့္ကမ္း သယ္ေဆာင္သြားရမယ့္
သမိုင္းရဲ့ အနာဂတ္ေအာင္လံပါ။
NLD ဟာ တည္ၾကည္ႀကံ့ခိုင္ဆဲပါ ညီေလး။ NLD ဟာ "နီ" ဆဲပါ ညီေလး။
ညီေလး ျမတ္လိွဳင္း။
မင္းက မင္း့ သေဘာထားေၾကညာခ်က္ေအာက္ဆုံးမွာ-
"ျမတ္လိွဳင္း
(စစ္အာဏာရွင္စနစ္မုန္းတီးေရးသမားတစ္ေယာက္)" လို့ စာတန္းသြားတယ္။
မင္းလိုပဲ၊ အစ္ကိုတို့အားလုံးလည္း စစ္အာဏာရွင္စနစ္ကို မုန္းတီးၾကသူေတြ
ပါ။ စစ္အာဏာရွင္စနစ္ အျမစ္ျဖတ္ေခ်မွဳန္းဖို့ စိတ္အားထက္သန္ ေတာ္လွန္
ေနၾကသူေတြပါ။
အစ္ကို့ဘ၀တစ္ေလွ်ာက္လုံး "နီ" ခဲ့ပါတယ္။ အဲဒီလို "နီ" ခဲ့လို့လည္း၊ သူငယ္
ခ်င္းအရင္းတခ်ိဳ့ကေတာင္ အစ္ကို့ကို ဆန့္က်င္ခဲ့၊ တိုက္ခိုက္ခဲ့တာေတြ မင္း
ကိုယ္ေတြ့ပဲ မဟုတ္လား ျမတ္လိွဳင္း။
အစ္ကိုက NLD ပါတီ၀င္ေဟာင္း။ အနိေဟာင္း။ PARTY VETERAN တစ္ေယာက္။ အခု အစ္ကိုက ၂၀၂၀ ေရြးေကာက္ပြဲ NLD ေအာင္ႏိုင္ေရး
အတြက္ ကဗ်ာနဲ့ ေထာက္ခံအားေပးတယ္။ (ၿပီးခဲ့တဲ့လက "၂၀၂၀" ဆိုတဲ့
အစ္ကို့ ကဗ်ာစာအုပ္။ ဆန္းစေသာ္တာက ထြက္တယ္။ NLD ELECTION
CAMPAIGN စာအုပ္ပါပဲ)
အစ္ကိုက NLD ေရြးေကာက္ပြဲႏိုင္ၿပီး၊ အစိုးရဖြဲ့ႏိုင္ဖို့ ေမွ်ာ္လင့္တယ္။ လိုလား
တယ္။ ဒါေၾကာင့္ NLD အနီေတြကို အားေပးတယ္။ ၀န္းရံတယ္။ ေဟာဒၤီလို
ကဗ်ာေရးတယ္။ (မင္းလိုပဲ ေၾကညာခ်က္ထုတ္တယ္)
"ႏို၀င္ဘာေၾကညာခ်က္"
တစ္ေတာလုံး နီ
တစ္ျပည္လုံး ရဲ။
ျခေသၤ့ ေခါင္း
ေဒါင္းနင္းမဲ့ ပြဲ။   ။
ညီေလးေရ။
မင္းေျပာသလိုဆိုရင္၊ NLD နဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံ၀န္းရံလို့၊
ငါလည္း "နီေပါ" တစ္ေယာက္ ျဖစ္သြားၿပီေပါ ့ကြာ။ စိတ္ေတာ့ မေကာင္းပါ
ဘူး။
မင္းလို NLD ရဲ့ ဗဟိုျပန္ၾကားေရးတာ၀န္ယူခဲ့ဖူးသူတစ္ေယာက္ဆီက
"နီေပါေတြ" ဆိုတဲ့စကား ၾကားရတာ ငါ ၀မ္းနည္းမိတယ္။
ျမတ္လိွဳင္းေရ။
ေနာက္တစ္ခု။ ငါ လက္မခံႏိုင္ဆုံး၊ မႀကိဳက္ဆုံး စကားလုံးတစ္လုံး၊ စကားႀကံဳ
လို့ မင္းကို ငါေျပာမယ္။ မင္းက ကဗ်ာဆရာတစ္ေယာက္ျဖစ္လို့၊ မင္းကို ငါ
ေျပာမယ္။
ငါ ့ဘ၀မွာ၊ အေရးေတာ္ပုံေခၚေခၚ၊ ေတာ္လွန္ေရးေခၚေခၚ၊ စစ္အာဏာရွင္
စနစ္ဆန့္က်င္တိုက္ဖ်က္ေရး လူထုလွဳပ္ရွားမွဳႀကီး (၃)ႀကိမ္ ႀကံဳခဲ့တယ္။
တကၠသိုလ္ေက်ာင္းသားဘ၀မွာ ၇၄-၇၅-၇၆ အေရးအခင္းေတြကို ျဖတ္သန္းခဲ့
တယ္။ ငါ ေထာင္ထဲေရာက္သြားတယ္။
ကဗ်ာဆရာဘ၀ ႏုစဥ္မွာ ရွစ္ေလးလုံးလူထုအုံၾကြမွဳႀကီးထဲကို ငါျဖတ္သန္းခဲ့
တယ္။ NLD ေခတ္ဦးမွာ ငါ ပါ၀င္ခဲ့တယ္။ ငါ ေထာင္ထဲေရာက္သြားျပန္တယ္။
ကဗ်ာဆရာဘ၀ ရင့္စဥ္မွာ ၂၀၀၇-ေရႊ၀ါေရာင္ေတာ္လွန္ေရးႀကီးကို ငါ ပါ၀င္
ျဖတ္သန္းခဲ့ျပန္တယ္။ ငါ ျပည္ေျပးျဖစ္သြားတယ္။
အခုအခ်ိန္မွာ ငါက "ျမစ္က်ိဳးအင္း" တစ္ခုပါ။ ျပည္ပေရာက္ေနတဲ့ ျပည္ေျပး
ကဗ်ာဆရာတစ္ေယာက္အေနနဲ့၊ ကိုယ့္သမိုင္းေရအလ်ဥ္ကို၊ ကိုယ္ မသြင္ႏိုင္၊
ကိုယ္ မစီးဆင္းႏိုင္တဲ့ ေရေသ၊ ျမစ္ေသသမားတစ္ေယာက္ပါ။
ညီေလး။ မင္းတို့ကေတာ့ ျပည္တြင္းမွာ ကိုယ့္ျပည္သူေတြနဲ့အတူ၊ ပင္မေရစီး
ေၾကာင္းကို စီးသြင္ ဆင္းလ်ဥ္ႏိုင္ေသးတဲ့ ေရရွင္၊ ျမစ္ရွင္သမားေတြပါ။
ျပည္ေျပးဘ၀ဦးမွာ၊ ျပည္တြင္းကထုတ္တဲ့ ကဗ်ာစာအုပ္တစ္အုပ္ကို ျမင္လိုက္
ရတဲ့အခ်ိန္၊ ရုတ္တရက္ မင္တက္မိသြားတယ္။ ၿပီးေတာ့ ေၾကကြဲတုန္ရီရ
တယ္။ ႏွလုံးသား ဆတ္ဆတ္ခါေအာင္ နာၾကည္းေဒါသျဖစ္ခဲ့ရတယ္ ညီေရ။
အဲဒီစာအုပ္နာမည္က "ေတာ္လွန္ေၾကာင္" တဲ့။
ေတာ္လွန္ေရးကို သေရာ္လိုက္၊ ေလွာင္ေျပာင္လိုက္၊ ေတာ္လွန္ေရးကို
ေသးသိမ္ေအာင္ သိကၡာခ်လိုက္၊ ပုံဖ်က္လိုက္တဲ့ စာအုပ္ပါပဲ။
မင္း ၾကားဖူး မွတ္ဖူးမွာပါ ျမတ္လိွဳင္း။ ၁၉၆၉ တုန္းက တို့ CP အစ္ကိုႀကီးေတြ
"ေတာ္လွန္ကဗ်ာ" စာအုပ္ထုတ္ခဲ့တုန္းက၊ ဆရာၿငိမ္းေက်ာ္တို့၊ ငသိုင္းေခ်ာင္း
၀ံသာတို့၊ အညာတမာတို့ RF အုပ္စုက "ကဗ်ာအႏုပဋိေလာမ" ဆိုၿပီး
တန္ျပန္တိုက္ခိုက္တဲ့ ကဗ်ာစာအုပ္ ထုတ္ခဲ့ဖူးတဲ့ ရာဇ၀င္ရွိတယ္ေလ။
ခုလည္း ၾကည့္ပါဦးကြာ။ "ေတာ္လွန္ေၾကာင္" တဲ့။
ေတာ္လွန္ေရးဆိုတဲ့ စကားလုံးဟာ၊ ေလွာင္စရာ ေျပာင္စရာမွ မဟုတ္ရတာ
ကိုကြာ။ လုပ္ရက္တယ္။
 ေတာ္လွန္ေရးကို ထဲထဲ၀င္၀င္ မလုပ္ဖူးဘဲနဲ့၊ မတ္၀ါဒကို စနစ္တက်နားမလည္ဘဲနဲ့၊ ကြန္ျမဴနစ္ဆိုတာ ဘာလဲ ဂဃနဏ
မသိဘဲနဲ့၊ ဒါကို ငါ ျပည္တြင္းက လူငယ္ကဗ်ာဆရာတခ်ိဳ့(တခ်ိဳ့)႔ရဲ့ ပညာ
တတ္မဆန္တဲ့ လုပ္ရပ္လို့ သတ္မွတ္ခဲ့တယ္။
ငါတို့ဟာ စာေပစိစစ္ေရးရွိတဲ့ စနစ္ေအာက္မွာ၊ ငါတို့ရဲ့အိပ္မက္ေတြကို၊
နီရဲေတာက္ပ ထက္ျမက္လွပေနေအာင္ တည္ေဆာက္ယူခဲ့ၾကတယ္။
ေဟာ- အခု၊ စာေပစိစစ္ေရး မရွိေတာ့တဲ့ အေျခအေနမွာ၊ ေနာက္ေမြးလာ
တဲ့ မ်ိဳးဆက္သစ္လူငယ္ကဗ်ာဆရာတခ်ိဳ့(တခ်ိဳ့)က၊ ငါတို့ရဲ့ နီရဲေတာက္ပ ထက္ျမက္လွပခဲ့တဲ့ အိပ္မက္ေတြကို လြယ္လြယ္ကူကူ ေလွာင္ေျပာင္ေနပါေရာလား။
ေပၚေပၚထင္ထင္ သေရာ္ေနပါေရာလား။
ညီေလး ျမတ္လိွဳင္း။
ငါတို့ရဲ့" ျပည္သူ့ဒီမိုကေရစီေတာ္လွန္ေရး" က ဆုံးခန္းမတိုင္ေသးပါဘူး။
NLD ရဲ့ "ဒီမိုကေရစီေတာ္လွန္ေရး" ကလည္း ခရီး မဆုံးေသးပါဘူး။
၂၀၀၈ နာဂစ္ ေျခ/ဥ ေအာက္မွာ ေရြးေကာက္ပြဲ၀င္တာကို၊ ဒီမိုကေရစီ
သစၥာေဖာက္တယ္လို့ မင္း(တို့)ျမင္ေနရင္လည္း၊ ငါ ဘာမွ မေျပာလိုေတာ့ပါ
ဘူး ညီေလး။
ငါေျပာႏိုင္တာ တစ္ခုကေတာ့၊ ငါ အိမ္မျပန္ႏိုင္ေသးေပမဲ့၊ အိမ္ကို ငါ လြမ္းတယ္။ ငါ ့အလြမ္းဟာ၊ ငါ ့သိကၡာပဲ။ ငါ ့သိကၡာထဲမွာ "ကဗ်ာဆရာ"
ဆိုတဲ့ ဂုဏ္ပုဒ္ကို ငါ တန္ဖိုးအထားဆုံးပါပဲ။
မီးလွ်ံၾကားမွာ
ပဒုမၼာၾကာက
ၾကယ္လိုပြင့္တယ္။
ျပာပုံထက္မွာ
ဖီးနစ္ငွက္က
အသက္သစ္ရေတာ့
ျမစ္လို လိွဳင္းထ ပ်ံသြားၿပီ။
ညီေလးေရ။
ကိုဗစ္အာဏာရွင္စနစ္က
ဆူးရစ္သရဖူမွာ
ဓားခၽြန္ေတြ စီလို့။
ညီေလးေရ။
က်န္းမာေအာင္ေနပါ။
က်န္းမာမွ တိုက္ခိုက္ႏိုင္မယ္။    ။

မင္းရဲ့အစ္ကို၊ မင္းရဲ့ရဲေဘာ္

ေ အ ာ င္ ေ ၀ း
(ေအာက္တိုဘာ ၉၊ ၂၀၂၀)

 
 

Monday, October 5, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၈



အမေရိကမှာ၊ "NO VOTE" ဟူ၍ ပြောသူ မရှိပါ။
(၁)
ယခု ရက်ပိုင်းတွေမှာ၊ အမေရိကန်ပြည်ထောင်စုတွင်၊ နိုင်ငံရေးသည်
ကိုဗစ်၊ ကိုဗစ်သည် နိုင်ငံရေး ဖြစ်နေသည်။
လက်ရှိ သမ္မတ ဒေါ်နယ်ထရန့် ကိုဗစ်-19 ရောဂါ ကူးစက်ခံရပြီး ဆေးရုံ
ပို့လိုက်ရသည်။ ဆေးရုံမှာ လေးရက်ပဲ နေလိုက်ရပြီး၊ အိမ်ဖြူတော်တွင်
ဆက်လက်ကုသမှု ခံယူရန်၊ ဆေးရုံက ပြန်ဆင်းသွားသည်။
အမေရိကန် သတင်းဌာနတွေ၊ သတင်းစာတွေက မနေနိုင်။ အကယ်၍၊
သမ္မတကြီး(ထရန့်) ရောဂါအခြေအနေ ဆိုးရွားနေခဲ့လျှင်၊ အမေရိကန်
နိုင်ငံရေး ရှေ့အလားအလာ မည်သို့ဖြစ်လာနိုင်မလဲ။ ဤသို့ မေးခွန်းထုတ်
ကြသည်။
သမ္မတထရန့် ရောဂါဘယကြောင့် အလုပ်မလုပ်နိုင်လျှင်၊ လက်ရှိ ဒုတိယ
သမ္မတမိုက်ပင့်စ်က ယာယီသမ္မတအဖြစ် တာဝန်ယူရမည်။ အကယ်၍
ထပ်ပြီး ဒုတိယသမ္မတဖြစ်သူကပါ ရောဂါဘယကြောင့်၊ သို့မဟုတ် အခြား
အကြောင်းကြောင့် ယာယီသမ္မတတာဝန် မယူနိုင်ဘူးဆိုလျှင်၊ ကွန်ဂရက်
လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ(SPEAKER OF THE HOUSE) နန်စီပလိုစီ က
ယာယီသမ္မတအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။
ဒါက သူတို့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်
PRESIDENCY ဖြစ်သည်။ (မြန်မာလို အင်္ဂါစဉ်ဟု ခေါ်မလား)
နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပဲ ဖြစ်သည်။ ထရန့်က ထရန့်
ပဲ ဖြစ်သည်။ ထရန့် အိမ်ဖြူတော်မှာ ဆေးကုသမှု ခံယူရင်း ရုံးထိုင်မည်
ဖြစ်သည်။
ရီပတ်ဗလီကင်တွေ ကံဆိုးသည်ဟု ပြောရတော့မည်။ ကံဆိုးမ သွားလေရာ
ကိုဗစ် လိုက်လို့ရွာသည်။ သမ္မတထရန့်၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်
ရေး မန်နေဂျာဖြစ်သူ Bill Stepien လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်
ရသည်။ (၂၀၁၆ ရွေးကောက်ပွဲတုန်းက ထရန့် အောင်နိုင်ရေး မန်နေဂျာ
လုပ်ခဲ့သူ Kellyanne Conway လည်း ယခု ပိုးကူးစက်ခံနေရသည်)
လက်ရှိ ရီပတ်ဗလီကင်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်သမ္မတလောင်း
ဂျိုးဘိုင်ဒင်တို့၏ ပထမအကြိမ် စကားစစ်ထိုးပွဲ(PRESIDENTIAL DEBATE)
ကို စက်တင်ဘာ ၂၉၊ ၂၀၂၀ နေ့က၊ အိုဟိုင်းရိုးပြည်နယ်၊ ကလိဗ်လဲန်းမြို့
တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို စကားစစ်ထိုးပွဲတွင် ဂျိုးဘိုင်ဒင် ပြောခဲ့သည့် စကားတစ်ခွန်း ကျနော်
တေးမှတ်ထားသည်။
"Show up and vote.  You will determine the outcome of this
election.  Vote, vote, vote ... "
မဲပေးကြောင်းပြပါ။ ရွေးကောက်ပွဲရလဒ်အပေါ်၊ သင်တို့က ပြဋ္ဌာန်းနိုင်
ကြမယ်။ မဲပေးပါ။ မဲပေးကြပါ။
(၂)
ဂျိုးဘိုင်ဒင် တစ်ဦးတည်းကသာ မဲပေးဖို့ တိုက်တွန်းလှုံ့ဆော်နေသည်
မဟုတ်ပါ။ အမေရိကတွင် ပရိသတ်စိတ်ဝင်စားမှု အများဆုံးရှိသော
ဘတ်စကက်ဘောအားကစားသမားများကလည်း၊ မဲပေးဖို့ လှုံ့ဆော်
တိုက်တွန်းကြပါသည်။
သူတို့က "VOTE" ဆိုသော စာလုံးကို ကြီးကြီးရှင်းရှင်း ရိုက်နှိပ်ထားသော
အားကစားဝတ်စုံကို၊ သူတို့ပြိုင်ပွဲကျင်းပရာနေရာတွင် ဝတ်ဆင်ပြသကြ
ပါသည်။ မဲပေးပါ။ မဲပေးကြပါ။
ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါပဲ ဖြစ်သည်မဟုတ်
လား။
သူတို့ အမေရိကန် အဖြူ အမည်း မပြောပါနှင့်။ သူတို့ လာတီနို မက္ကဆီကန်
မပြောပါနှင့်။ သူတို့ ဥရောပ၊ အရှေ့အလယ်ပိုင်းတွေက ရွှေ့ပြောင်းအခြေ
ချသူတွေကို မပြောပါနှင့်။ ကျနော်တို့ အာရှသားတွေလည်း အမေရိကန်
ရွေးကောက်ပွဲမှာ မဲပေးကြရိုးထုံးစံဖြစ်သည်။
အမေရိကန်နိုင်ငံသား ခံယူထားသူ ကျနော်တို့မြန်မာနွယ်ဖွားတိုင်းရင်းသား
များလည်း၊ သူတို့မဲပေးခွင့်ကို လက်လွှတ်အဆုံးရှုံး မခံကြပါ။ သူတို့ ဘဝင်
ကျသည့် သမ္မတကို သူတို့ မဲပေးကြမြဲဖြစ်သည်။
ဥပမာ၊ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲတွင်၊ မဲပေးပိုင်ခွင့်ရှိသူ
အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွားများသည် တချို့က ဟီလာရီကလင်တန်
ကို ပေးသည်။ တချို့ကျ ဒေါ်နယ်ထရန့် ကို ပေးသည်။ ဒါက သူတို့ ဒီမိုကရေစီ
ပဲဖြစ်သည်။
ထိုရွေးကောက်ပွဲ ဟီလာရီကလင်တန်ရှုံးပြီး နောက်နေ့ ကျောင်းရောက်တော့၊
အင်္ဂလိပ်စာ သဒ္ဒဗေဒဘာသာရပ် သင်ကြားပို့ချသူ ပါမောက္ခမစ္စစ်ဂယ်ရီ သည်
ကျနော့်အား ဟီလာရီကလင်တန် သမ္မတ မဖြစ်၍ ကြေကွဲဝမ်းနည်းရသည့်
အကြောင်းများ ပြောကြားနေခဲ့လေသည်။ ကျနော်ကလည်း ဟီလာရီဘက်က
ဖြစ်သည်။ အမေရိကန်နိုင်ငံသား မဟုတ်၍၊ မဲတော့ ပေးခွင့်မရှိ။
မည်သို့ပင်ဖြစ်စေ၊ ကိုယ်ကြိုက်တဲ့ပါတီ ကိုယ်မဲပေးနိုင်တယ်။ ကိုယ် သဘော
ကျတဲ့ သမ္မတ ကိုယ်မဲပေးနိုင်တယ်။ ဒါက ဒီမိုကရေစီပဲ မဟုတ်လား။
မဲ မပေးဘဲ နေတာကသာ၊ ဒီမိုကရေစီကို ဆန့်ကျင်တာ လုံးလုံး ဖြစ်သည်။
"NO VOTE" ဆိုတာ၊ ဒီမိုကရေစီမှ မဟုတ်တာ။ "NO VOTE" ဆိုတာက၊
သူခိုးသူယုတ်တွေ အလုပ်ပါ။ ပညာတတ်တွေရဲ့အလုပ် မဟုတ်ပါဘူး။
သမ္မတကြီးတစ်ယောက်လုံး ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်
ခံနေရသည့် တိုင်းပြည်မှာ၊ ကိုဗစ်ကိစ္စက အရေးကြီးသလို၊ ရွေးကောက်ပွဲ
ကလည်း တန်းတူ၊ သို့မဟုတ် တန်းတူထက် အရေးကြီးကြောင်း ထင်ရှားနေပါသည်။
ဒေါ်နယ်ထရန့် ဆေးရုံပေါ်ရောက်နေသည်။ ဂျိုးဘိုင်ဒင် မဲဆွယ်စည်းရုံရေး
ဆင်းနေသည်။ (ရွေးကောက်ပွဲ ၄၈-ရက်အလို၊ အမေရိကန်ပြည်တွင်းစစ်၊ စစ်ပြေငြိမ်းရာ၊ ဂက်တီးစဘာ့ဂ် မှာ ဂျိုးဘိုင်ဒင် မိန့်ခွန်းပြောခဲ့သည်)
မေရီလဲန်းပြည်နယ်၊ ဝေါ်တာရိဒ် စစ်ဆေးရုံပေါ်ကနေ၊ သမ္မတကြီး ဒေါ်နယ်
ထရန့်က၊ သူ၏ TWITTER ကတစ်ဆင့်၊ မဲဆန္ဒရှင် ရီပတ်ဗလီကင် အမေရိကန်
ပြည်သူတွေကို၊ ဆရာဝန်များ၏ ကူညီစောင်မမှုဖြင့်၊ သူ နေကောင်းထိုင်သာ
ရှိနေပါကြောင်း သတင်းပေးလိုက်သည်။
"With their helps, I am feeling well." တဲ့။
ဒါ ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးရေးလုပ်လိုက်တာပဲ မဟုတ်လား။
(၃)
ကျနော်တို့ မြန်မာပြည်မှာလည်း၊ ကိုဗစ်တော်လှန်ရေးကြီး ဆင်နွှဲနေပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း၊ နေကောင်းထိုင်သာရှိ
နေပါသည်။     ။

အောင်ဝေး

(အောက်တိုဘာ ၆၊ ၂၀၂၀)
COVID-19 LIVE UP DATES  OCTOBER 6, 2020
World: Cases-35.347.404   Deaths-1,039,406
U.S.: Cases-7,341,406   Deaths-208,433
Myanmar: Cases- 18.781   Deaths- 444
SOURCE: WHO Covid-19 dashboard

##

င္ေ၀းစာ စီရန္မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၈
 
အေမရိကမွာ၊ "NO VOTE" ဟူ၍ ေျပာသူ မရွိပါ။
(၁)
ယခု ရက္ပိုင္းေတြမွာ၊ အေမရိကန္ျပည္ေထာင္စုတြင္၊ ႏိုင္ငံေရးသည္
ကိုဗစ္၊ ကိုဗစ္သည္ ႏိုင္ငံေရး ျဖစ္ေနသည္။
လက္ရွိ သမၼတ ေဒၚနယ္ထရန့္ ကိုဗစ္-19 ေရာဂါ ကူးစက္ခံရၿပီး ေဆးရံု
ပို့လိုက္ရသည္။ ေဆးရံုမွာ ေလးရက္ပဲ ေနလိုက္ရၿပီး၊ အိမ္ျဖဴေတာ္တြင္
ဆက္လက္ကုသမွဳ ခံယူရန္၊ ေဆးရံုက ျပန္ဆင္းသြားသည္။
အေမရိကန္ သတင္းဌာနေတြ၊ သတင္းစာေတြက မေနႏိုင္။ အကယ္၍၊
သမၼတႀကီး(ထရန့္) ေရာဂါအေျခအေန ဆိုးရြားေနခဲ့လွ်င္၊ အေမရိကန္
ႏိုင္ငံေရး ေရွ့အလားအလာ မည္သို့ျဖစ္လာႏိုင္မလဲ။ ဤသို့ ေမးခြန္းထုတ္
ၾကသည္။
သမၼတထရန့္ ေရာဂါဘယေၾကာင့္ အလုပ္မလုပ္ႏိုင္လွ်င္၊ လက္ရွိ ဒုတိယ
သမၼတမိုက္ပင့္စ္က ယာယီသမၼတအျဖစ္ တာ၀န္ယူရမည္။ အကယ္၍
ထပ္ၿပီး ဒုတိယသမၼတျဖစ္သူကပါ ေရာဂါဘယေၾကာင့္၊ သို့မဟုတ္ အျခား
အေၾကာင္းေၾကာင့္ ယာယီသမၼတတာ၀န္ မယူႏိုင္ဘူးဆိုလွ်င္၊ ကြန္ဂရက္
လႊတ္ေတာ္ဥကၠ႒ ျဖစ္သူ(SPEAKER OF THE HOUSE) နန္စီပလိုစီ က
ယာယီသမၼတအျဖစ္ ႏိုင္ငံ့တာ၀န္ကို ထမ္းေဆာင္ရမည္ျဖစ္သည္။
ဒါက သူတို့ အေမရိကန္ဖြဲ့စည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္
PRESIDENCY ျဖစ္သည္။ (ျမန္မာလို အဂၤါစဥ္ဟု ေခၚမလား)
ေနာက္ဆုံးေတာ့ ေက်ာ္ဟိန္းက ေက်ာ္ဟိန္းပဲ ျဖစ္သည္။ ထရန့္က ထရန့္
ပဲ ျဖစ္သည္။ ထရန့္ အိမ္ျဖဴေတာ္မွာ ေဆးကုသမွဳ ခံယူရင္း ရံုးထိုင္မည္
ျဖစ္သည္။
ရီပတ္ဗလီကင္ေတြ ကံဆိုးသည္ဟု ေျပာရေတာ့မည္။ ကံဆိုးမ သြားေလရာ
ကိုဗစ္ လိုက္လို့ရြာသည္။ သမၼတထရန့္၏ ၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏိုင္
ေရး မန္ေနဂ်ာျဖစ္သူ Bill Stepien လည္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံလိုက္
ရသည္။ (၂၀၁၆ ေရြးေကာက္ပြဲတုန္းက ထရန့္ ေအာင္ႏို္င္ေရး မန္ေနဂ်ာ
လုပ္ခဲ့သူ Kellyanne Conway လည္း ယခု ပိုးကူးစက္ခံေနရသည္)
လက္ရွိ ရီပတ္ဗလီကင္သမၼတ ေဒၚနယ္ထရန့္ႏွင့္ ဒီမိုကရက္သမၼတေလာင္း
ဂ်ိဳးဘိုင္ဒင္တို့၏ ပထမအႀကိမ္ စကားစစ္ထိုးပြဲ(PRESIDENTIAL DEBATE)
ကို စက္တင္ဘာ ၂၉၊ ၂၀၂၀ ေန့က၊ အိုဟိုင္းရိုးျပည္နယ္၊ ကလိဗ္လဲန္းၿမိဳ့
တြင္ က်င္းပျပဳလုပ္ခဲ့သည္။
ထို စကားစစ္ထိုးပြဲတြင္ ဂ်ိဳးဘိုင္ဒင္ ေျပာခဲ့သည့္ စကားတစ္ခြန္း က်ေနာ္
ေတးမွတ္ထားသည္။
"Show up and vote.  You will determine the outcome of this
election.  Vote, vote, vote ... "
မဲေပးေၾကာင္းျပပါ။ ေရြးေကာက္ပြဲရလဒ္အေပၚ၊ သင္တို့က ျပ႒ာန္းႏိုင္
ၾကမယ္။ မဲေပးပါ။ မဲေပးၾကပါ။
(၂)
ဂ်ိဳးဘိုင္ဒင္ တစ္ဦးတည္းကသာ မဲေပးဖို့ တိုက္တြန္းလွံဳ့ေဆာ္ေနသည္
မဟုတ္ပါ။ အေမရိကတြင္ ပရိသတ္စိတ္၀င္စားမွဳ အမ်ားဆုံးရွိေသာ
ဘတ္စကက္ေဘာအားကစားသမားမ်ားကလည္း၊ မဲေပးဖို့ လွံဳ့ေဆာ္
တိုက္တြန္းၾကပါသည္။
သူတို့က "VOTE" ဆိုေသာ စာလုံးကို ႀကီးႀကီးရွင္းရွင္း ရိုက္ႏွိပ္ထားေသာ
အားကစား၀တ္စုံကို၊ သူတို့ၿပိဳင္ပြဲက်င္းပရာေနရာတြင္ ၀တ္ဆင္ျပသၾက
ပါသည္။ မဲေပးပါ။ မဲေပးၾကပါ။
ဒီမိုကေရစီစနစ္မွာ၊ လူသည္ ေရြးေကာက္ပြဲသတၱ၀ါပဲ ျဖစ္သည္မဟုတ္
လား။
သူတို့ အေမရိကန္ အျဖဴ အမည္း မေျပာပါႏွင့္။ သူတို့ လာတီႏို မကၠဆီကန္
မေျပာပါႏွင့္။ သူတို့ ဥေရာပ၊ အေရွ့အလယ္ပိုင္းေတြက ေရႊ့ေျပာင္းအေျခ
ခ်သူေတြကို မေျပာပါႏွင့္။ က်ေနာ္တို့ အာရွသားေတြလည္း အေမရိကန္
ေရြးေကာက္ပြဲမွာ မဲေပးၾကရိုးထုံးစံျဖစ္သည္။
အေမရိကန္ႏိုင္ငံသား ခံယူထားသူ က်ေနာ္တို့ျမန္မာႏြယ္ဖြားတိုင္းရင္းသား
မ်ားလည္း၊ သူတို့မဲေပးခြင့္ကို လက္လႊတ္အဆုံးရွံဳး မခံၾကပါ။ သူတို့ ဘ၀င္
က်သည့္ သမၼတကို သူတို့ မဲေပးၾကၿမဲျဖစ္သည္။
ဥပမာ၊ ၂၀၁၆ အေမရိကန္သမၼတေရြးေကာက္ပြဲတြင္၊ မဲေပးပိုင္ခြင့္ရွိသူ
အေမရိကန္ႏိုင္ငံသား ျမန္မာႏြယ္ဖြားမ်ားသည္ တခ်ိဳ့က ဟီလာရီကလင္တန္
ကို ေပးသည္။ တခ်ိဳ့က် ေဒၚနယ္ထရန့္ ကို ေပးသည္။ ဒါက သူတို့ ဒီမိုကေရစီ
ပဲျဖစ္သည္။
ထိုေရြးေကာက္ပြဲ ဟီလာရီကလင္တန္ရွံဳးၿပီး ေနာက္ေန့ ေက်ာင္းေရာက္ေတာ့၊
အဂၤလိပ္စာ သဒၵေဗဒဘာသာရပ္ သင္ၾကားပို့ခ်သူ ပါေမာကၡမစၥစ္ဂယ္ရီ သည္
က်ေနာ့္အား ဟီလာရီကလင္တန္ သမၼတ မျဖစ္၍ ေၾကကြဲ၀မ္းနည္းရသည့္
အေၾကာင္းမ်ား ေျပာၾကားေနခဲ့ေလသည္။ က်ေနာ္ကလည္း ဟီလာရီဘက္က
ျဖစ္သည္။ အေမရိကန္ႏိုင္ငံသား မဟုတ္၍၊ မဲေတာ့ ေပးခြင့္မရွိ။
မည္သို့ပင္ျဖစ္ေစ၊ ကိုယ္ႀကိဳက္တဲ့ပါတီ ကိုယ္မဲေပးႏိုင္တယ္။ ကိုယ္ သေဘာ
က်တဲ့ သမၼတ ကိုယ္မဲေပးႏိုင္တယ္။ ဒါက ဒီမိုကေရစီပဲ မဟုတ္လား။
မဲ မေပးဘဲ ေနတာကသာ၊ ဒီမိုကေရစီကို ဆန့္က်င္တာ လုံးလုံး ျဖစ္သည္။
"NO VOTE" ဆိုတာ၊ ဒီမိုကေရစီမွ မဟုတ္တာ။ "NO VOTE" ဆိုတာက၊
သူခိုးသူယုတ္ေတြ အလုပ္ပါ။ ပညာတတ္ေတြရဲ့အလုပ္ မဟုတ္ပါဘူး။
သမၼတႀကီးတစ္ေယာက္လုံး ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္
ခံေနရသည့္ တိုင္းျပည္မွာ၊ ကိုဗစ္ကိစၥက အေရးႀကီးသလို၊ ေရြးေကာက္ပြဲ
ကလည္း တန္းတူ၊ သို့မဟုတ္ တန္းတူထက္ အေရးႀကီးေၾကာင္း ထင္ရွားေနပါသည္။
ေဒၚနယ္ထရန့္ ေဆးရံုေပၚေရာက္ေနသည္။ ဂ်ိဳးဘိုင္ဒင္ မဲဆြယ္စည္းရံုေရး
ဆင္းေနသည္။ (ေရြးေကာက္ပြဲ ၄၈-ရက္အလို၊ အေမရိကန္ျပည္တြင္းစစ္၊ စစ္ေျပၿငိမ္းရာ၊ ဂက္တီးစဘာ့ဂ္ မွာ ဂ်ိဳးဘိုင္ဒင္ မိန့္ခြန္းေျပာခဲ့သည္)
ေမရီလဲန္းျပည္နယ္၊ ေ၀ၚတာရိဒ္ စစ္ေဆးရံုေပၚကေန၊ သမၼတႀကီး ေဒၚနယ္
ထရန့္က၊ သူ၏ TWITTER ကတစ္ဆင့္၊ မဲဆႏၵရွင္ ရီပတ္ဗလီကင္ အေမရိကန္
ျပည္သူေတြကို၊ ဆရာ၀န္မ်ား၏ ကူညီေစာင္မမွဳျဖင့္၊ သူ ေနေကာင္းထိုင္သာ
ရွိေနပါေၾကာင္း သတင္းေပးလိုက္သည္။
"With their helps, I am feeling well." တဲ့။
ဒါ ေဒၚနယ္ထရန့္ မဲဆြယ္စည္းရံုးေရးလုပ္လိုက္တာပဲ မဟုတ္လား။
(၃)
က်ေနာ္တို့ ျမန္မာျပည္မွာလည္း၊ ကိုဗစ္ေတာ္လွန္ေရးႀကီး ဆင္ႏႊဲေနပါသည္။ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္လည္း၊ ေနေကာင္းထိုင္သာရွိ
ေနပါသည္။     ။

ေ အ ာ င္ ေ ၀ း
(ေအာက္တိုဘာ ၆၊ ၂၀၂၀)
COVID-19 LIVE UP DATES  OCTOBER 6, 2020
World: Cases-35.347.404   Deaths-1,039,406
U.S.: Cases-7,341,406   Deaths-208,433
Myanmar: Cases- 18.781   Deaths- 444
SOURCE: WHO Covid-19 dashboard

Sunday, October 4, 2020

မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၇

 

သမ္မတတစ်ယောက်လုံး
ကိုဗစ်ဗုံးထိတဲ့ တိုင်းပြည်မှာ
ကျနော် ရောက်နေပါတယ်။
မစ်ရှီဂန်မဲဇာ
လ မသာပါ။
လ သာလည်း
ခွေးတွေက မဟောင်ကြပါ။
မစ်ရှီဂန်မှာ
ဟောင်တဲ့ခွေး မရှိ။
ငါ လွမ်းစရာ
ရန်ကုန်ဟာ
မကျန်းမာဘူး။
မကျန်းမာသူ
ရန်ကုန်မှာ
ခွေးတွေက
လ မြင်လည်း ဟောင်
မီးအိမ် မြင်လည်း ဟောင်
လက်လက်မြင်ရင်
ဟောင်နေတော့တာပဲ။
ရန်ကုန်မှာ
ခွေးတွေကလေ။
အဝိဇ္ဖာ၊ အတ္တ မာန၊ အမုန်းတွေ
ရှုံးပါစေ။
ကိုယ်ချင်းစာတရားက
နိုင်ပါစေ။    ။

အောင်ဝေး
(အောက်တိုဘာ ၅၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇာ - ၂ ၇
 
သမၼတတစ္ေယာက္လုံး
ကိုဗစ္ဗုံးထိတဲ့ တိုင္းျပည္မွာ
က်ေနာ္ ေရာက္ေနပါတယ္။
မစ္ရွီဂန္မဲဇာ
လ မသာပါ။
လ သာလည္း
ေခြးေတြက မေဟာင္ၾကပါ။
မစ္ရွီဂန္မွာ
ေဟာင္တဲ့ေခြး မရွိ။
ငါ လြမ္းစရာ
ရန္ကုန္ဟာ
မက်န္းမာဘူး။
မက်န္းမာသူ
ရန္ကုန္မွာ
ေခြးေတြက
လ ျမင္လည္း ေဟာင္
မီးအိမ္ ျမင္လည္း ေဟာင္
လက္လက္ျမင္ရင္
ေဟာင္ေနေတာ့တာပဲ။
ရန္ကုန္မွာ
ေခြးေတြကေလ။
အ၀ိဇၹာ၊ အတၱ မာန၊ အမုန္းေတြ
ရွံဳးပါေစ။
ကိုယ္ခ်င္းစာတရားက
ႏိုင္ပါေစ။    ။

ေ အ ာ င္ ေ ၀ း

(ေအာက္တိုဘာ ၅၊ ၂၀၂၀)