Sunday, March 29, 2015
ဗ ာ း ေ တ ာ့ ဗ ရ က် အ တွ က် ပြ ဇာ တ် တ စ် ပု ဒ်
မြင်ကွင်း။   ။ လက်ပံတန်းမြို့ နယ်တရားရုံး
                 မတ် ၂၅- ၂၀၁၅။
ဒုတိယကမ္ဘာစစ်ကြီးတုန်းက
ပိုလန်က ကလေးတွေ အမေပျောက်တော့
ကလေးချင်းစုပြီး
အမေပျောက်ရှာတဲ့အကြောင်း
ခင်ဗျားရေးခဲ့တယ် ဗားတော့ဗရက်။
ခင်ဗျားက ဟစ်တာလာကိုဆန့် ကျင်တဲ့
ဂျာမန်ပြဇာတ်ဆရာ၊ ကဗျာဆရာ။
ကျနော်က စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်တဲ့
မြန်မာကဗျာဆရာ။
ဗားတော့ဗရက်ရယ်
အခုပြဇာတ်ကတော့
ဗမာပြည် ဖက်ဆစ်သံဖနောင့်
မတရားမှုတွေအောက်
သမီးငယ်ကလေးတစ်ယောက်
အဖေပျောက်စဉ်ကပေါ့ ။
အပြစ်ကင်းစင်တဲ့
မျက်လုံးကလေးတွေနဲ့ 
ကလေးသူငယ်တွေနဲ့ ဘယ်လိုမှမပတ်သက်တဲ့
တရားရုံး(အမှန်က မတရားရုံး)တစ်ခုရှေ့ မှာပေါ့ ။
ဗားတော့ဗရက်ရယ်
ကလေးလက်ထဲမှာလည်း
နှင်းဆီပန်းတွေတစ်ပွေ့ တစ်ပိုက်နဲ့ ပေါ့ ။
ကလေးရဲ့ မျက်လုံးတွေထဲမှာလည်း
မျှော်လင့်ချက်တွေ တလက်လက်နဲ့ ပေါ့ ။
ကျနော်က အမေရိကမှာနေတာပါ
ကလေးက လက်ပံတန်းတရားရုံးရှေ့ မှာပါ
မစ္စတာဗားတော့ဗရက်။
ကျနော်နဲ့ ကလေး
စိတ်ချင်းဆက်သွယ်
အမေး- အဖြေ လုပ်လိုက်ကြတယ်။
ကျနော်။   ။ နှင်းဆီပန်းတွေက ဘယ်သူ့ အတွက်လဲ။
ကလေး။   ။ ဖေဖေ့အတွက်။
- ဖေဖေက ဘာလဲ။
- ဖေဖေက ခွပ်ဒေါင်း
  ဖေဖေက သူရဲကောင်း။
- နှင်းဆီနီတွေနဲ့ ဘာလုပ်ဖို့ လဲ။
- ဆုတောင်းဖို့ ။
- ဘာတွေဆုတောင်းဖို့ လဲ။
- ခွပ်ဒေါင်းတွေလွတ်မြောက်ဖို့ 
  သူရဲကောင်းတွေလွတ်မြောက်ဖို့ ။
- ဘယ်မြို့ ကလဲ၊ ဘယ်သူ့ သမီးလဲ။
- တောင်ငူက၊
  တော်လှန်တဲ့ကဗျာဆရာကြီး
  ကေတုဘုန်းမော်ရဲ့ မြေး။
အို ... မစ္စတာဗားတော့ဗရက်
ဒါဟာ ခင်ဗျားအတွက်ပြဇာတ်တစ်ပုဒ်။
တစ်မနက်
အိပ်မက်မဟုတ်တဲ့အိပ်မက်ထဲ
ကလေးနဲ့ ကျနော်
ရဲဘော်တွေဖြစ်ခဲ့ကြတယ်လေ။    ။
ရဲဘော်အောင်ထက်သမီးငယ်လေး ဆောင်းထက်ဝင့်သို့ ။
ေ အ ာ င္ ေ ၀ း
(မြန်မာနိုင်ငံကဗျာဆရာ)
Monday, March 23, 2015
သံ ပြို င် ဆို အ လွ မ်း ေ တ း အ ေ တ ာ ပို ဒ်
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
သိန်းစိန် ညာသည်
ရဲထွဋ် ဖာသည်။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
လွှတ်တော် ချာသည်
ရွှေမန်း အာသည်။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
ကြံ့ ဖွတ် သွေးဆာသည်
ပြည်သူ ထမင်းရှာသည်။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
လုံထိန်းရဲ လာသည်
လက်ပတ်နီ ပါသည်။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အတိုက်အခံတချို့  ပြာသည်
အတိုက်မခံအချို့  ၀ါသည်။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူ။။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
ဗ က သ မာသည်
သာယာဝတီထောင်ထဲ လသာသည်။
ကျောင်းသား နိုင်သည်
အစိုးရ ရှုံးသည်။
အလံဟာ မလဲဘူး
အသံဟာ မစဲဘူး။    ။
ေ အ ာ င္ ေ ၀ း
မတ် ၂၂-၂၀၁၅။
Thursday, March 19, 2015
လ က် ပံ တ န်း စ စ် တ မ်း
(သွေးနဲ့ ရေးတဲ့အက်ဆေး)
BURMA : THE STRUGGLE BETWEEN STUDENTS, GOVERNMENT AND DAW AUNG SAN SUU KYI
တိုက်ပွဲဝင်ကျောင်းသားပြည်သူရဲဘော်အပေါင်း၏တော်လှန်ရေးဂုဏ်ကို အစဉ်ယုံကြည်အလေးပြုလျက်။
အို – ရဲဘော်တို့  …
ငါတို့ ရဲ့ ရက်ပေါင်း(၅၀)၊ မိုင်းပေါင်း(၅၀၀) ခရီးရှည်ချီတက်ပွဲ ဘာ့ကြောင့်ရပ်တန့် သွားခဲ့ရသလဲ။
အို – ရဲဘော်အပေါင်းတို့  …
ငါတို့ ရဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့ မှာ ဘာ့ကြောင့်အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာလဲ။
ငါတို့ ကျောင်းသားတွေဟာ အမြဲမှန်တယ်။ ငါတို့ ကျောင်းသားတွေဟာ အမြဲရိုးသားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက- လူတစ်ယောက်မှာ အရေးအကြီးဆုံးက၊ အမှန်တရားမြတ်နိုးမှုနဲ့ ရိုးသားမှု၊ ဒီနှစ်ခုပဲ လို့ သင်ကြားခဲ့တယ်။ ငါတို့ ကျောင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းသင်ကြားခဲ့တဲ့အတိုင်း၊ အမှန်တရားကိုမြတ်နိုးတန်ဖိုးထားကြတယ်။ အဲဒီအတွက် မမှန်တဲ့၊ မတရားတဲ့ အဓမ္မလုပ်ရပ်မှန်သမျှကို ငါတို့ ခေါင်းငုံ့ မခံ၊ ဆန့် ကျင်တွန်းလှန်ခဲ့ကြတယ်။ ငါတို့ ဟာ ဗိုလ်ချုပ်အောင်ဆန်းသင်ကြားခဲ့သလို ရိုးသားတဲ့ကျောင်းသားတွေပဲ။ ရိုးသားတဲ့အတွက် ငါတို့ လိပ်ပြာအစဉ်လုံတယ်။ ငါတို့ ရဲ့ စိတ်ထားဟာ မိခင်နို့ ရည်လိုပဲဖြူစင်တယ်။ ငါတို့ ဟာ ရဲရင့်တည်ကြည်တဲ့ခွပ်ဒေါင်းတွေပဲ။ ငါတို့ ဟာ ကောက်ကျစ်ယုတ်မာတဲ့မြေခွေးအရိုင်းအစိုင်းတွေမဟုတ်ဘူး။
ရဲဘော်တို့ -
လွှတ်တော်ထဲကထွက်လာတဲ့၊ အစိုးရကအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ငါတို့ တညီတညွတ်တည်းကန့် ကွက်ခဲ့ကြတယ်။ ငါတို့ သပိတ် မှောက်ဆန္ဒပြခဲ့ကြတယ်။ အဓိကနဲ့ အရေးအကြီးဆုံးအချက်က အဲဒီအမျိုးသားပညာရေးဥပဒေထဲမှာ၊ ငါတို့ ကျောင်းသားသမဂ္ဂတွေလွတ်လပ်စွာဖွဲ့ စည်း ရပ်တည်ခွင့်မပါဘူး။ ခွင့်မပြုဘူး။ ဒီအချက်က သေရေးရှင်ရေးအဓိကအချက်ပဲ။ ကျန်တာတွေက ဒီမိုကရေစီပညာရေးစနစ်ရဲ့ အနှစ်သာရဆိုင်ရာ (ကျောင်းသား-မိဘ-ဆရာ)အခြေခံအခွင့်အရေးတွေကိုတောင်းဆိုခဲ့တာပဲ။ အားလုံးပေါင်း(၁၁)ချက်။
အားလုံးသိပြီးသား။
၂၀၁၄ နိုဝင်ဘာ။ ငါတို့ ရဲ့ (၄)ရက်တာသပိတ်မှောက်ဆန္ဒပြပွဲဟာ ငါတို့ ကျောင်းသားထုရဲ့ လိုလားချက်နဲ့ သတ္တိကို စုစည်းပြနိုင်ခဲ့တယ်။ ငါတို့ ဟာ
ငါတို့ လက်မခံတဲ့အမျိုးသားပညာရေးဥပဒေဆိုတာကိုပြင်ဆင်ဖို့ ၊ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့တယ်။ အစိုးရကိုစဉ်းစားဖို့ ငါတို့  ရက်ပေါင်း(၆၀)အချိန်ပေးခဲ့တယ်။ ဒါပေမဲ့ အစိုးရက ဒါကိုလုံးလုံးဂရုမစိုက် လျစ်လျူရှုထားခဲ့တယ်။
အားလုံးသိပြီးသား။
ဒါကြောင့် ငါတို့ ဟာ ငါတို့ ရဲ့ နဂိုဆုံးဖြတ်ချက်( ၄ ရက်သပိတ်ဆုံးဖြတ်ချက်)အတိုင်း ငါတို့ ကျောင်းသားထုရဲ့ တောင်းဆိုချက်(၁၁)ချက်ရရှိဖို့ ၊
မန္တလေးကနေ ရန်ကုန်အထိ ဆန္ဒပြသပိတ်မှောက်တဲ့အနေနဲ့ ခရီးရှည်ချီတက်ပွဲစတင်ဆင်နွှဲခဲ့ကြတယ်။ ဇန်န၀ါရီ(၂၀)မှာ ငါတို့ ရဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း စချီတက်ခဲ့တယ်။ အမြို့ မြို့ အရွာရွာတွေကိုငါတို့ ဖြတ်သန်းခဲ့ကြတယ်။ အခက်အခဲ၊ အဟန့် အတား၊ အနှောင့်အယှက် အမျိုးမျိုးကို ငါတို့ ရင်ဆိုင်ကျော်လွားခဲ့ရတယ်။ လမ်းတစ်လျှောက် မြို့ တကာ နယ်တကာက ပြည်သူတွေဟာ ငါတို့ ကျောင်းသားသပိတ်စစ်ကြောင်းကို မမောမပန်းကြိုဆိုဝန်းရံပေးခဲ့ကြတယ်။ တစ်ခဲနက်ထောက်ခံကူညီပေးခဲ့ကြတယ်။
ငါတို့ ရဲ့ ခြေထောက်တွေ ပေါက်ပြဲသွေးခြည်ဥကုန်ပြီ။ ငါတို့ နုနယ်တဲ့ကျောင်းသားခြေထောက်တွေအပူလောင် အရည်ကြည်ဖုတွေပေါက်ကုန်ပြီ။
အစိုးရက တုတ်တုတ်မျှမလှုပ်သေး။ ငါတို့ ကိုအထင်သေးတာလည်းပါမယ်။ ငါတို့ အစွမ်းကို သင်းတို့ လျှော့တွက်ထားပုံလည်းရတယ်။ ငါတို့ ဟာ
ပြည်သူတွေရဲ့ ဝန်းရံမှုနဲ့ မမှိတ်မသုန် ကိုယ့်ယုံကြည်ချက်ခရီးကိုဆက်ခဲ့ကြတယ်။ ဟော- ငါတို့ တွေ တောင်သာ၊ နပျင်း(နွားပျင်း)တောင်ကြား
မှာ အကြီးအကျယ်ပိတ်ဆို့ ဟန့် တားထားတဲ့ အစိုးရလုံထိန်းရဲ၊ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကားတွေကို၊ အောင်မြင်စွာထိုးဖောက်ကျော်ဖြတ်နိုင်ခဲ့တဲ့ အချိန်ရောက်တော့ သင်းတို့ အစိုးရငြိမ်နေလို့ မရတော့ပါဘူး။ ဒီတော့မှ အစိုးရက ငါတို့ ကျောင်းသားတွေအလေးအနက်တောင်းဆိုထားတဲ့ လေးပွင့် ဆိုင်တွေ့ ဆုံဆွေးနွေးကို ကမ်းလှမ်းခဲ့ရတော့တယ်။ (သူတို့ ရဲ့ စိတ်ထားမမှန်ဘူးဆိုတာကတော့ နောက်ပိုင်းမှာပေါ်ထွက်လာခဲ့ပါတယ်)
ငါတို့ သွားတွေ့ ဆုံတယ်။ ဆွေးနွေးတယ်။ ပထမတော့ ဟုတ်တော့မလိုလိုပဲ။ စစချင်းရန်ကုန်မှာတွေ့ တယ်။
နောက်တော့ နေပြည်တော်ရွှေ့ တယ်။
သမ္မတအမိန့် နဲ့ ဆွေးနွေးပွဲရပ်ရ၊ ရက်ရွှေ့ ရဖြစ်တယ်။
နောက်ပြန်စတော့ ရန်ကုန်မှာလုပ်တယ်။
ရှုပ်နေတာပဲ။ အမျိုးမျိုးပဲ။ ငါတို့ ကျောင်းသားတွေ(နဲ့ ) ဒေါက်တာသိန်းလွင်တို့ ဘက်က စိတ်ရှည်သီးခံခဲ့တယ်။ အစိုးရက ဗြောင်လိမ်ဗြောင်စားညစ်ပတ်တာ တိုင်းပြည်ကမြင်နေတယ်။
ပထမဆုံးစတွေ့ တဲ့ အချိန်တုန်းက MPC ၀န်ကြီးဦးအောင်မင်းပါတယ်။ သူက အစိုးရဘက်က ရေရာတဲ့ အပြုသဘောဆောင်တဲ့ သဘောတူညီချက်မပေးသေးဘဲနဲ့ ၊ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို သပိတ်အရင်လှန်ခိုင်းနေတယ်။ အဲဒီအချိန်မှာ ငါတို့ ပင်မသပိတ်စစ်ကြောင်းက ၀ဲလောင်ကိုကျော်၊ ပုပ္ပားကိုမျှော်နေပြီ။ အောင်မင်းက ပုပ္ပားကျော်လာရင် သူတာဝန်မယူဘူးလို့ စတင်ခြိမ်းခြောက်စကားပြောတယ်။
ငါတို့ ပင်မသပိတ်စစ်ကြောင်းကကျောင်းသားခေါင်းဆောင်တွေခမျာ သပိတ်စစ်ကြောင်းနဲ့ လည်း မနားတမ်းအတူချီတက်ကြရ၊ နေပြည်တော်- ရန်ကုန် အစုန်အဆန်ပြေးပြေးလွှဲလွှဲ တွေ့ ဆုံဆွေးနွေးပွဲတွေလည်းတက်ကြရ၊ ပင်ပန်းလွန်းလှပါတယ်။ ငါတို့ ပင်ပန်းခံခဲ့ကြရတယ်။ ငါတို့ ကျောင်းသားထုရဲ့  တောင်းဆိုချက်(၁၁)ချက် အပြည့်အ၀ မရမချင်း ငါတို့ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ဒါကိုငါတို့ သိပြီးသား။ ငါတို့ မမှုဘူး။ ပင်ပန်းခံ၊ ဆင်းရဲခံပြီး ဆက်ချီတက် ရမှာပဲ။ ဆက်တိုက်ပွဲဝင်သွားရမှာပဲ။ တစ်တိုင်းတစ်ပြည်လုံးက ငါတို့ ရဲ့ မိဘတွေ၊ ငါတို့ ရဲ့ ဆရာတွေ၊ ပြည်သူလူထုကြီးတစ်ရပ်လုံးက ငါတို့ ရဲ့ မှန်ကန်တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကို အမြဲနားစွင့်အားပေးထောက်ခံနေတယ်။ ဂုဏ်ယူမျှော်လင့်ကြိုဆိုနေတယ်။
ငါတို့ မန္တလေး- ရန်ကုန်ချီ ပင်မသပိတ်စစ်ကြောင်းကို တစ်ခဲနက်အားဖြည့်ကူညီတဲ့ ပညာရေးစစ်ကြောင်းတွေ တစ်ပြည်လုံးနေရာအနှံ့ ကပေါ်ထွက်လာခဲ့တယ်။ ဧရာဝတီစစ်ကြောင်း၊ မြေလတ်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း။ အားလုံးဟာ ပင်မသပိတ်စစ်ကြောင်းနဲ့ အတူ ပေါင်းဆုံပြီး သပိတ်တပ်ပေါင်းစု အသွင်နဲ့ ရန်ကုန်မှာဗိုလ်ဝင်ခံဖို့ စိတ်အားတွေထက်သန်နေခဲ့ကြတယ်။ ကျောင်းသားက ကျောင်းသားအရေးမှာ သွေးမဝေးဘူး၊ သွေးမကျဲဘူး၊ ခွပ်ဒေါင်း သွေးချင်းနီးတယ်။ ခွပ်ဒေါင်းသွေးတွေ ခွပ်ဒေါင်းအချင်းချင်းပူးကပ်နီရဲတယ်။
ငါတို့ ကျောင်းသားစစ်ကြောင်းအသီးသီးလည်းဆက်လက်ချီတက်ခဲ့ကြတယ်။ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲလည်းဆက်လုပ်ခဲ့ကြတယ်။ အဆင့်တစ်ဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ၊ အစိုးရပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်း လွှတ်တော်ကိုတင်ဖို့ အသင့်အနေအထားအထိ၊ သဘောတူညီချက်တွေ ရလာခဲ့တယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်အားလုံးကို အစိုးရ(ပညာရေးဝန်ကြီးဌာန)နဲ့ လွှတ်တော်ကသဘောတူခဲ့တယ်။ သပိတ်စစ်ကြောင်းတွေ ကျောင်းသားတွေ၊ ၀န်းရံသူတွေ၊ ပြည်သူတွေကို အရေးယူအပြစ်မပေးပါဘူးလို့ အစိုးရက ကတိပြုလက်မှတ်ရေးထိုးခဲ့တယ်။
လွှတ်တော်မှာ ဒီသဘောတူ ထားတဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကိုတင်ပြသုံးသပ်ပြီး ပြဋ္ဌာန်းအတည်ပြုလိုက်ကြရုံပဲ။
ဒီအတိုင်းဆိုရင် အဆင်ပြေပြီပေါ့ ။ လွှတ်တော်ကိုစောင့်ရုံပေါ့ ။
အစိုးရနဲ့ လွှတ်တော်ကို မဟုတ်တာတွေလုပ်မှန်း သိပေမဲ့၊ ဒီတစ်ခါတော့ မလုပ်လောက်ဘူးလို့ အဟုတ်ထင်လိုက်မိကြတဲ့ ဧရာဝတီ- မြေလတ်- ထားဝယ် အရန်စစ်ကြောင်းတွေက၊ သပိတ်လှန်တာမဟုတ်ဘူး၊ စောင့်ကြည့်ဖို့ ဆိုပြီး၊ သပိတ်စစ်ကြောင်းတွေကို စွန့် လွှတ်ရပ်နားပစ်လိုက်ကြတော့တယ်။ (ဒါဟာ ကျောင်းသားတွေစမှားတဲ့ ပထမအမှားဖြစ်သွားတယ်။ နောင်မှ အကျယ်ရှင်းပါမယ်)
လေးပွင့်ဆိုင်ရလဒ်ကောင်းထွက်ပြီပဲ၊ ဘာလိုသေးလဲဆိုပြီး သီတဂူ ဘုန်းကြီးက ကျောင်းသားသပိတ်စစ်ကြောင်းရန်ကုန်ဝင်မလာအောင်၊ ကျောင်းသား တွေသပိတ်လှန်ဖို့ ဗြောင်သပ်လျှိုလာတယ်။ ဒါကို နိုင်ငံရေးပါးမ၀တဲ့၊ သို့ မဟုတ် သွေးကြောင်တဲ့အချောင်သမားတစ်သိုက်က သံယောင်လိုက်ပြီးဝိုင်းအာကြပါတယ်။ မ ဟ န နဲ့ မ ဘ သ ဘုန်းကြီးရူးနဲ့ လှေလူးတွေက အပြူးဆုံးပဲ။ ဒီအထဲမှာ NDF ပါတီက ဦးခင်မောင်ဆွေလိုလူမျိုးကတောင် ကျောင်းသား တွေ သပိန်မလှန် မကျိုးမနွံ အာခံချီတက်နေတာကို၊ အစိုးရဘက်ကနေ၀င်ပြီး အပြစ်တင်ဆန့် ကျင်ရှုတ်ချသံ ပေါ်တင်ထွက်လာပါတယ်။ (အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည် ဘာမှဝင်မပြောသေးပါ။ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဘာသံမှထွက်မလာသေးပါ)
ပြည်သူထဲစိုးမကြောက်လို့ ၊ သီတဂူလည်းတိုးမပေါက်ခဲ့ပါဘူး။ ငါတို့ ပင်မသပိတ်စစ်ကြောင်းဟာ ပြည်- ယုန်ဖြူတောင်တိုက်ပွဲမှာ၊ အစိုးရရဲ့ လုံထိန်းရဲ၊ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကားတွေ၊ အင်အားအလုံးအရင်းနဲ့ ဟန့် တားပိတ်ဆို့ ခြိမ်းခြောက်နေတဲ့ကြားက၊ ထပ်မံပြီးရဲရဲရင့်ရင့်ထိုးဖောက်လို့ ရှေ့ ခရီး ကိုဆက်လက်ချီတက်နိုင်ခဲ့ကြတယ်။ ပြည်သူလူထုဟာ ငါတို့ ကျောင်းသားတွေကို အင်နဲ့ အားနဲ့ ဝန်းရံကူညီခဲ့ကြတယ်။ တိုတိုဆိုပါစို့ ။ ငါတို့ ဟာ ပြည်- ရန်ကုန်လမ်းတစ်လျှောက် အားပေးကြိုဆိုထောက်ခံနေတဲ့ ပြည်သူလူထုရဲ့ ကျွေးတဲ့ထမင်းနဲ့ ၊ တိုက်တဲ့ရေနဲ့ အသက်ဆက်ပြီး၊ လက်ပံတန်းမြို့  ကိုဆိုက်ရောက်လာခဲ့ကြတယ်။
ဖေဖော်ဝါရီလရဲ့ တတိယပတ်၊ နောင်ဆုံးပတ်တွေမှာ မူလတန်း၊ အလယ်တန်းကလေးငယ်တွေအတန်းတင်စာမေးပွဲရှိတယ်။ လေးတန်း၊ ရှစ်တန်း
အစိုးရစစ်စာမေးပွဲတွေက အရေးကြီးတယ်။ ( မ ဟ န ဘုန်းကြီးတွေကလည်း သူတို့ ဘုန်းကြီးစာမေးပွဲရှိတယ်ဆိုပြီး သပိတ်ကိုလာဟန့် သေးတယ်)
ငါတို့ ဟာ ပညာရေးကိုကောင်းလာအောင်တောင်းဆိုနေတာ။ (အာဏာတောင်းနေတာမဟုတ်) ပညာရေးကိုကောင်းစေချင်တဲ့စေတနာက ဝေဒနာ ဖြစ်သွားမှာကို ငါတို့ သပိတ်မှောက်ကျောင်းသားထုက မလိုလားဘူး။ လုံးဝမလိုလားဘူး။ ဒါကြောင့် ရှေ့ ဆက်ချီတက်မယ့် လက်ပံတန်း- သာယာဝတီ စတဲ့ လမ်းတစ်လျှောက်က ကျောင်းသားငယ်ကလေးတွေ အေးအေးချမ်းချမ်း အနှောင့်အယှက်ကင်းကင်း၊ အပူအပင်ကင်းကင်း စာမေးပွဲဖြေကြပါစေ ဆိုတဲ့စိတ်နဲ့ ၊ ငါတို့ ဟာ လက်ပံတန်းမှာ ခရီးတစ်ထောက်နားပေးလိုက်ကြတယ်။
ငါတို့ စိတ်တွေကတော့ ရှေ့ ကို တဟုန်ထိုး ဆက်ချီတက်နေကြဆဲ ပေါ့ ။
လွှတ်တော်ထဲရောက်နေတဲ့ ငါတို့ ရဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကြမ်း၊ လွှတ်တော်က ဘယ်ပုံခြေလှမ်းလှမ်းနေပြီလဲ ဆိုတာကိုလည်း စောင့်ကြည့်အကဲခတ်ရင်းနဲ့ ပေါ့ ။
ရပ်တာကတော့ရပ်ထားလိုက်ပြီ။ ငါတို့ ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမှာ လာလမ်းပြန်လွမ်းရင်း၊ အမောအပန်းဖြေခဏနားလိုက်ကြတာပဲ။
ဒုန်းစိုင်းနှင်နေတဲ့မြင်းကို ဗြုန်းဆို ဖက်ခွံ့ လိုက်တာလား။ ဇက်သတ်လိုက်တာလား။ (အဲဒီမှာ ငါတို့ ဟာ၊ ကျောင်းသားတွေဟာ ဒုတိယနဲ့ နောက်ဆုံးပြင်မရတဲ့ မဟာအမှားကြီးကို ကိုယ်ကမရည်ရွယ်ဘဲနဲ့ သူ့ အလိုလိုကျူးလွန်လိုက်မိသလိုဖြစ်သွားခဲ့တော့တာပဲ။ ဒါကို နောင်မှာအကျယ်ရှင်းပါမယ်)
နောက်ဆုံးမှာ အစိုးရကညစ်ပတ်တတ်တယ်၊ ညစ်ပတ်မယ်မှန်းလည်းသိသိကြီးနဲ့ ငါတို့ ဟာ သပိတ်ကိုခဏနားခဲ့တယ်။ ငါတို့ ဟာ အမျိုးသား
ပညာရေးဥပဒေ ကိုပြင်ဆင်တဲ့လေးပွင့်ဆိုင်သဘောတူညီချက် ဥပဒေကြမ်းကို လွှတ်တော်မှာ ဖေဖော်ဝါရီလ(၂၈)ရက်နောက်ဆုံးထားပြီး
သုံးသပ်ပြဋ္ဌာန်းအတည်ပြုပေးဖို့ တောင်းဆိုချက်နဲ့  လက်ပံတန်းမှာ သပိတ်စစ်ကြောင်းကို ခဏရပ်နားခဲ့ကြပြီ။
ငါတို့ သပိတ်ခဏရပ်နားထားတဲ့အချိန်မှာပဲ၊ ငါတို့ ကျောင်းသားတွေရန်ကုန်ဝင်လာမှာကိုစိုးရိမ်ကြောက်လန့် နေတဲ့၊ ငါတို့ ကျောင်းသားတိုက်ပွဲကို
မလိုလားမနှစ်သက်တဲ့ ဘက်နှစ်ဖက်က အင်အားစုကြီးနှစ်တွဲ ဘွားဘွားကြီးပေါ်ထွက်လာခဲ့ပါတော့တယ်။
ပထမတစ်ဖက်က အာဏာရအစိုးရ(ကြံ့ ဖွတ်ပါတီ)နဲ့ လွှတ်တော်တို့ ပါပဲ။ (အစိုးရနဲ့ လွှတ်တော်၊ နာမည်ပဲကွဲတာပါ၊ အလိုတူအလိုပါချည်းပါပဲ) နောက်ဘက်တစ်ဖက်ကတော့၊ အတိုက်အခံလို့ ဆိုတဲ့ နိုင်ငံရေးပါတီကြီးတချို့ နဲ့ အရပ်ဖက်လူ့ အဖွဲ့ အစည်းလို့ နာမည်ခံထားတဲ့ အဖွဲ့ ကြီးတချို့ ပါ။
အရင်ဦးစွာ အစိုးရက လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲနောက်ဆုံးသဘောတူညီချက်ကတိက၀တ်တွေကို စတင်ဖောက်ဖျက်လိုက်ပါတယ်။ ပညာရေးဝန်ကြီး(ဌာန)က ကျောင်းသားတွေနဲ့ ဒေါက်တာသိန်းလွင်တို့ ကို ချက်အောက်ထိုးလုပ်ကြံတဲ့ လျှို့ ဝှက်စာစောင်တွေရိုက်နှိပ်ပြီး၊ တက္ကသိုလ်အာဏာပိုင် တွေကြားမှာ ကန့် သတ်ဖြန့် ဝေတဲ့အမှုကိုကျူးလွန်ခဲ့ကြပါတယ်။ အစိုးရ(ပြန်ကြားရေးဝန်ကြီး)သတင်းစာတွေက ကျောင်းသားတွေနဲ့ ဒေါက်တာသိန်းလွင်တို့ နှစ်ဖွဲ့ ကိုဆန့် ကျင်တဲ့၊ တိုက်ခိုက်တဲ့ဆောင်းပါးတွေ တရစပ်ထည့်အကောက်ကြံပါတယ်။
လွှတ်တော်ကလည်း၊ ဥပဒေကြမ်းကော်မတီက(ခင်မောင်ရီ၊ မြတ်ဥာဏစိုး) အချိန်ဆွဲတဲ့နည်းဗျူဟာကိုဖောဖောသီသီထုတ်သုံးစွဲလာပါတယ်။
(ဒီကြားမှာ ပွဲစားခိုင်မောင်ရည်ကတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌသူရရွှေမန်းက ကျောင်းသားတွေကိုခေါ်ပြီး မထီလေးစားလုပ် အနိုင်ကျင့်ခဲ့ပါသေးတယ်)
အောက်လွှတ်တော်ဥက္ကဋ္ဌကလည်းတစ်မျိုးအကောက်ဥာဏ်ဆင်ပါတယ်။ ဦးခင်အောင်မြင့်က (အခြားဘယ်ဥပဒေ၊ ညာဥပဒေမှာမှ တစ်ခါဘူးမှ မလုပ်ခဲ့ဖူးတဲ့။ လုပ်ခဲ့ဖူးရိုးထုံးစံလည်းလုံးလုံးမရှိတဲ့) ပညာရေးဥပဒေပြင်ဆင်ရေး နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ ပညာရှင်များ(အစိုးရအလိုတော်ရိ)၊ တိုင်းရင်းသားအင်အားစုများ၊ အစိုးရသူလျှိုဒလန်များ စတဲ့ လူပေါင်းစုံပြောက်သောက်ပါဝင်တဲ့ ကြားနာပွဲဆိုတာကို လတ်တလောတီထွင်တင်သွင်းလာခဲ့တာပါပဲ။
အစိုးရက(ပညာရေးဝန်ကြီး) ကျောင်းသားတွေနဲ့ ဒေါက်တာသိန်းလွင်တို့ ရဲ့ ပညာရေးအမြင်တင်ပြချက်တွေကို ကွန်မြူနစ်ပညာရေး လို့ သမုတ်ပြီး၊ ပြည်သူကိုလိမ်ညာဖို့ လုပ်ပါသည်။ ပြည်သူတွေက နလပိန်းတုံးတွေမဟုတ်မှန်း ပညာရေးဝန်ကြီးကောင်းကောင်းသိသွားပါတယ်။ လွှတ်တော်က ခင်အောင်မြင့်တင်သွင်းလာတဲ့ နိုင်ငံရေးလူပျက်လူရှုပ်တွေကလည်း အခွင့်ရသခိုက် ကျောင်းသားထုနဲ့ ပြည်သူကိုစော်ကားသွားပါတယ်။ နေမျိုးဝေလို တစ်လုံးချိုင့် လူမိုက်က ကြားနာပွဲလာပြီး။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်(၁၁)ချက်ကိုမပေးဖို့ ၊ စစ်ကျွန်ပညာရေးလို့ ပြောတဲ့သူဖမ်းချုပ်ဖို့ အစိုးရအကြိုက် အကြံပေး အကြွေးယူသွားခဲ့ပါသေးတယ်။
ရဲဘော်ကျောင်းသားပြည်သူ၊ တိုက်ပွဲဝင်သူရဲကောင်းအပေါင်းတို့ -
ငါတို့ က ချွတ်ချော်တဲ့ လွှတ်တော်ကို (ဖွတ်ပေါ်လာမှတောင်ပို့ မှန်းသိတဲ့အဖြစ်မျိုးမဟုတ်သည့်တိုင်) ဇွတ်မျှော်နေမိတုန်း၊ ငါတို့ က အစိုးမရတဲ့ အစိုးရကို အာရုံရောက်နေတုန်း၊ အစိုးရနဲ့ အာဏာရကြံ့ ဖွတ်ပါတီရဲ့ ကောက်ကျစ်ယုတ်မာတဲ့ စာအုပ်ဟောင်းကြီးပြန်လှန်တဲ့အကျင့်ထွက်ပေါ်လာတော့တယ်။ အဲဒါကတော့ ငါတို့ ကျောင်းသားသပိတ်ကိုဆန့် ကျင်ဖြိုခွဲဖို့ လုပ်တဲ့တန်ပြန်ဆန္ဒပြပွဲတွေကို ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကားတွေက ဦးဆောင်ပြီးကျင်းပလာတာပဲ။ အသည်းယားဖို့ ကောင်းတယ်။ ငါတို့ က ဒေသခံ(လက်ပံတန်း)ကလေးတွေစာမေးပွဲထိခိုက်မိမှာစိုးလို့ သပိတ်ကို လိုအပ်တဲ့အချိန်အတိုင်းအတာအထိ ရပ်နားပေးထားခဲ့တယ်။ သင်းတို့ က ကလေးတွေစာမေးပွဲဖြေနေတဲ့အချိန်ကြီးမှာ ဆူပူအောင်လှုံ့ ဆော်ဖန်တီး တန်ပြန်ဆန္ဒပြခဲ့ကြတာပဲ။ အသည်းနာဖို့ မကောင်းဘူးလား။
အဲဒီလို အစိုးရနဲ့ လွှတ်တော်က ငါတို့ ကျောင်းသားသပိတ်အပေါ် ညစ်ပတ်ယုတ်မာ ကောက်ကျစ်စဉ်းလဲလုပ်နေတဲ့အချိန်မှာ ငါတို့ စိတ်ထိခိုက်စရာ စကားကြမ်းတွေ၊ ငါတို့ ရဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်က ဆက်တိုက်ဆိုသလိုထွက်ပေါ်လာခဲ့တာပါပဲ။ ငါတို့ အားလုံးဝမ်းနည်း ကြေကွဲစိတ်မကောင်းဖြစ်ကြရရုံကလွဲလို့ ဘာမှပြန်မပြောနိုင်ခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က (ဗိုလ်ချုပ်အောင်ဆန်းနှစ်၁၀၀ပြည့်ပွဲ) ဟင်္သာတမှာ ပြောခဲ့တယ်။ ပြည်မှာပြောခဲ့တယ်။ အတိတ်ကစစ်အစိုးရရဲ့ လုပ်ရပ်တွေကို ပြန်ထုတ်ဖော်ပြောဆိုနေတာဟာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေပါသတဲ့။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားတွေက လွှတ်တော်ကိုဖိအားပေးနေတာဟာ ဒီမိုကရေစီမဆန်ဘူးတဲ့ခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူပါဝင်နေတဲ့လွှတ်တော်ကပြဋ္ဌာန်း(ပြီး အစိုးရက သမ္မတကလက်မှတ်ရေးထိုးအတည်ပြု)ထားတဲ့ ပညာရေးဥပဒေကို ကျောင်းသားတွေ စတင်ကန့် ကွက်စဉ်ကတည်းက သဘောကျခဲ့ဟန်မတူပါ။ ကျောင်းသားတွေက သူတက်ရောက်နေတဲ့လွှတ်တော်ကို ဖိအားတစ်စုံတစ်ရာပေးတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံနိုင်ပုံမရှီပါ။ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဥပဒေပြင်ဖို့ စိတ်မ၀င်စား၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူတွေမေ့မသွားဖို့ သာပြောလိုဟန်တူပါသည်။ (တော်ပါသေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှုတ်မှနေ၍ ကျောင်းသားတွေသပိတ်လှန်ပါလို့ ဒဲ့မပြောခဲ့တဲ့အတွက်တော့ ကျေးဇူးတင်ရပါမယ်)
NLD က ကျောင်းသားသပိတ်မှောက်စစ်ကြောင်းကို မသိကျိုးကျွန်၊ မျက်နှာလွှဲခဲပစ်လုပ်နေသည့်အချိန် တစ်ပြိုင်တည်းမှာပင်၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း ဘာလုပ်နေပါသနည်း။ သူတို့ ရဲ့ သဘောထားအသံကို၊ မြအေးက ပြည်ပရေဒီယိုတွေ့ ဆုံမေးမြန်းခန်းတွေမှာ အတိအလင်းကိုယ်စားပြုပြောသွားခဲ့ပြီဖြစ်တယ်။ ၈၈ ငြိမ်း/ပွင့် အနေနဲ့ ဒီလို(ကျောင်းသားတွေမရပ်မနားချီတက်သပိတ်မှောက်)လုပ်လို့ ၊ တွေ့ ဆုံဆွေးနွေးပွဲပျက်ပြားသွားမှာကို အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း( MPC အထောက်အပံ့ခံ မလွန်ဆန်သာတဲ့လေသံမျိုးနဲ့ )ပြောသွားတဲ့စကားဟာ၊ အစဉ်အလာမေ့ပြီး၊ ညီငယ် နောင်ငယ်ကျောင်းသားတွေရဲ့ တိုက်ပွဲကို မသိမသာဆန့် ကျင်၊ သိသိသာသာပုတ်ချလိုက်တာပါပဲ။
အစိုးရနဲ့ လွှတ်တော်က ငါတို့ ကျောင်းသားသပိတ်စစ်ကြောင်းကို လိမ်ညာလှည့်ဖျားတယ်။ ထောင်ချောက်ဆင်လုပ်ကြံတယ်။ ကျောင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်းလည်း သွေးကွဲအောင် မုသာဝါဒစိတ်ဓာတ်ရေးရာစစ်ဆင်မှုတွေလည်း မပြတ်တမ်းလုပ်တယ်။ အစိုးရက လောက်ကိုင်ကိစ္စနဲ့ ပျားတုပ် ခံနေရတယ်။ လွှတ်တော်က အချိန်ဆွဲဆွဲလာတယ်။
ငါတို့ ဟာ အစိုးရနဲ့ လွှတ်တော်က လိမ်ညာလှည့်စားတာကို ခေါင်းငုံ့ ခံမယ့် သိုးသူငယ်တွေ မဟုတ်ဘူး။
ငါတို့ ကို ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ၈၈ ငြိမ်း/ပွင့်လို အတိုက်အခံဆိုသူတွေက မထောက်ခံလည်းအရေးမကြီးပါ။
ငါတို့ ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကို သမိုင်းအမွေခံရထားတဲ့ အတိဇာတသားတွေ မြေးတွေ မြစ်တွေဖြစ်တယ်။
ငါတို့ ဟာ နယ်ချဲ့ နဲ့ ဖက်ဆစ်ကိုတော်လှန်ခဲ့တဲ့ခွပ်ဒေါင်းစိတ်ဓာတ်ကစီးဆင်းလာတဲ့ကျောင်းသားတွေ၊ စစ်အာဏာရှင်စနစ်ကို တစ်လျှောက်လုံးဆန့် ကျင်တိုက် ခိုက်လာတဲ့ခွပ်ဒေါင်းအစဉ်အလာနဲ့ ကြီးပြင်းလာတဲ့ကျောင်းသားတွေ၊ ငါတို့ ဟာ အမှန်တရားဖြစ်တယ်။
ငါတို့ ဟာ မြင့်မြတ်တဲ့ဇာတိနွယ်ဝင်ဖြစ်တယ်။
ငါတို့ ဟာပြည်သူဖြစ်တယ်။ ပြည်သူဟာ ငါတို့ ဖြစ်တယ်။
အစိုးရနဲ့ လွှတ်တော်ရဲ့ လုပ်ရပ်ကို ငါတို့ လက်မခံနိုင်ကြတော့ဘူး။ လက်ပံတန်းမှာခေတ္တယာယီခဏရပ်နားထားတဲ့ ငါတို့ ရဲ့ ပင်မသပိတ်စစ်ကြောင်းကို ရှေ့ ဆက်ချီတက်ဖို့ ငါတို့ တညီတညွတ်တည်း ခြွင်းချက်မရှိဆုံးဖြတ်ချက်ချလိုက်ကြတယ်။ မတ်လ(၂)ရက်။ လက်ပံတန်းမှ သာယာဝတီသို့ ။ ထိုမှ …။
ထိုမှ … ။ သို့ သော် ငါတို့ နောက်ကျသွားခဲ့ပြီ။ ငါတို့ ကောင်းကောင်းကြီးနောက်ကျသွားခဲ့ရပြီ။ ငါတို့ လက်ပံတန်းကနေ ထွက်လို့ မရတော့ဘူး။
ရဲဘော်တို့ -
တိုက်ပွဲဝင်ကျောင်းသားပြည်သူအပေါင်းတို့ -
ငါတို့ ဟာ ငါတို့ ကိုယ်တိုင်တည်ဆောက်မိလျက်သားဖြစ်သွားတဲ့ အကျဉ်းစခန်းအတွင်းမှာ၊ ငါတို့ ကိုယ်တိုင် အသေအပိတ်ခံလိုက်တဲ့အဖြစ်မျိုးဆိုက်ခဲ့ ပါပကောလား။ ဘယ်သူ့ ကိုမှ အပြစ်မတင်ပါ။ တင်လို့ လည်းမရတော့ပါ။ ငါတို့ လှုပ်မရ၊ ထွက်မရအောင် အချုပ်ခံလိုက်ရပြီ။ အပိတ်ခံလိုက်ရပြီ။ ငါတို့ အင်အားရှိသမျှရုန်းကန်ကြည့်ခဲ့ကြပါသေးတယ်။ မရတော့ပါ။ ဘုန်းကြီးကျောင်းရှေ့ က ကတ္တရာလမ်းမဟာ ငါတို့ အတွက် သတ်ကွင်း (KILLING FIELD) ဖြစ်လာတော့မယ်ဆိုတာ ငါတို့ နည်းနည်းတော့ရိပ်စားမိလာခဲ့ကြပြီ။
ငါတို့ ဟာ ကမ္ဘာကသိအောင် မှန်ခဲ့သလို၊ ရာဇ၀င်မှာ သွေးစက်စွန်းထင်အောင်လည်း ငါတို့ မှားခဲ့ကြပြီ။ ဒီအမှားကို ငါတို့ ဝန်ခံရမယ်။ အမှန်တကယ် ငါတို့ မှားသွားခဲ့တယ်။ ငါတို့ ကျောင်းသားစစ်ကြောင်းတွေအရှိန်အဟုန်ကောင်းနေတုန်း၊ အစိုးရနဲ့ လွှတ်တော်က အချိုသပ်၊ ခဏပန်း ဟန်ဆောင် ပြုံးပြ၊ လေးပွင့်ဆိုင်သဘောတူတယ်ဆိုရုံလေးနဲ့ (လွှတ်တော်က ဘယ်လိုညစ်ပတ်ဦးမလဲဆိုတာကိုသိသိကြီးနဲ့ ) ငါတို့ တောင်းဆိုချက်တွေရပြီ၊ ငါတို့  နိုင်ပြီလို့ ထင်ပြီး၊ အရန်သပိတ်စစ်ကြောင်းတွေ အဆောတလျဉ်ရပ်နားလိုက်ကြတာဟာ ပထမအမှား။ အစိုးရနဲ့ အစိုးရအလိုတော်ရိတွေ၊ သွေးကြောင်သူ အချောင်သမားတွေ ဟားတိုက်ရယ်စရာ အမှားပဲ။ ဒါကို (ပင်မသပိတ်စစ်ကြောင်းမဟုတ်လို့ ) အမှားငယ်လို့ ပဲဆိုလိုက်ပါစို့ ။ မှားတာကတော့ ငါတို့  မှားမိလိုက်ကြပြီ။ ဘယ်သူ့ ကိုမှအပြစ်မတင်ပါ။ တင်၍လည်းမသင့်တော့ပါ။
ငါတို့ အမှားကြီးကြီးမှားလိုက်မိတဲ့ မဟာအမှားကတော့၊ လက်ပံတန်းမှာ ငါတို့ ကျောင်းသားသပိတ်စစ်ကြောင်းဝင်ခွေနေလိုက်တဲ့အမှားပဲ။ ဒါဟာ
ပြန်ပြင်လို့ မရအောင်၊ ခွင့်လွှတ်စရာမရှိအောင်မှားသွားတဲ့ တကယ့်ဧရာမအမှားကြီးပဲ။ ဒီအမှားအတွက် ငါတို့ ဟာ သွေးအလိမ်းလိမ်းနဲ့ အသက်ပါ
သေသွားမတတ် ပေးဆပ်ခဲ့ကြရပြီ။ အစိုးရရဲ့ (ပဲခူးတိုင်းနယ်လုံဝန်ကြီး)လိမ်ညာလှည့်ဖျား အကောက်ကြံထောင်ချောက်ဆင်မှုထဲမှာ ငါတို့ သက်ဆင်း ခဲ့ကြရပြီ။ လုံထိန်းရဲနဲ့ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကားတွေနဲ့ ဒေါသတကြီးနဲ့ လူမဆန်အောင်၊ အငြှိုးတကြီး မသေသေအောင်ရိုက်နှက်တာကို ငါတို့  ကျောင်းသားတွေ၊ ငါတို့ ကိုဝန်းရံသူတွေ၊ ငါတို့ ကိုကူညီတဲ့ပြည်သုတွေ အပြင်းအထန်ခံခဲ့ကြရပြီ။ နာကျင်ကြေကွဲခံပြင်းတောက်ခေါက်ခဲ့ကြရပြီ။
ငါတို့ ဟာ၊ ငါတို့ ကျောင်းသားထုသွေးစည်းညီညွတ်မှုနဲ့ ၊ ပြည်သူတွေတစ်ခဲနက်ဝန်းရံကာကွယ်ကူညီမှုနဲ့ ၊ အစိုးရရဲ့ အကြီးကျယ်ဆုံးအဟန့် အတားတွေဖြစ်တဲ့၊ တောင်သာ- နပျင်း(နွားပျင်း)တောင်ကြားက လုံထိန်းရဲ၊ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကား အတားအဆီးတံတိုင်းကိုလည်း အောင်မြင်စွာ ထိုးဖောက်ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ ဒီလိုပဲ၊ ပြည်- ယုန်ဖြူတောင်တိုက်ပွဲမှာ ပိတ်ဆို့ ကာဆီးထားတဲ့ လုံထိန်းရဲ၊ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကား တွေကိုလည်း အောင်အောင်မြင်မြင်နဲ့ ထိုးဖောက်ကျော်ထွက် ရှေ့ ခရီးဆက်နိုင်ခဲ့ကြတယ်။ ဒါတွေဟာ ငါတို့ ကျောင်းသားသမိုင်းရဲ့ ဂုဏ်ရောင် ပြောင်တဲ့ မဟာအောင်ပွဲတွေပါ။
အကယ်၍၊ ငါတို့ ဆက်ချီတက်ခဲ့မယ်၊ ရန်သူကိုစဉ်းစားခွင့်အချိန်မပေးခဲ့ဘူး၊ လက်ပံတန်းမှာ အဲဒီလောက် အချိန်ကြာကြာမနားဘဲ၊ အစိုးရက ခံစစ်ပြင် အသင့်စောင့် ပိတ်ဆို့ ထားတဲ့ မီးနင်းချောင်းကိုအရောက် ငါတို့ ဆက်ချီတက်နိုင်ခဲ့မယ်ဆိုရင် … ။ အဲဒီမှာ အစိုးရကဘယ်လိုပဲပြင်ဆင်ထား ပြင်ဆင်ထား၊ လုံထိန်းရဲ၊ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကားတွေ ဘယ်လောက်ပဲပိတ်ဆို့ ထား ပိတ်ဆို့ ထား၊ ငါတို့ သပိတ်စစ်ကြောင်းဟာ ကျောင်းသားပြည်သူစည်းလုံး ညီညွတ်မှုစွမ်းပကားနဲ့ ၊ ပြီးတော့ ပြည်သူကျောင်းသား မတွန့် မဆုတ်တဲ့ ဦးလည်မသုန်စိတ်ဓာတ်နဲ့ ၊ ငါတို့ ကြံ့ ကြံ့ ခံရင်ဆိုင်တွန်းလှန်ရင်၊ ငါတို့  မုချအနိုင်ရမှာပဲ။ ငါတို့ ဖောက်ထွက် ရှေ့ ဆက်ချီတက်နိုင်မှာပဲ။ ဒါကို ငါတို့ လုံးဝစိတ်ချယုံကြည်နိုင်ကြပါတယ်။ ဒါပေမဲ့၊ ခုတော့ ငါတို့ နောက်ကျခဲ့ ရပြီ။
အစိုးရနဲ့ လွှတ်တော်က ငါတို့ ကျောင်းသားထုအပေါ်ညစ်ပတ်လေလေ၊ ပြည်သူတွေက ငါတို့ ကျောင်းသားထုကို ပိုပြီးထောက်ခံအားပေးလေလေပဲ။
ငါတို့ ကို အတိုက်အခံနိုင်ငံရေးအင်အားစုဆိုသူတွေက လျစ်လျူရှုလေလေ၊ ငါတို့ ကျောင်းသားတွေဟာ၊ ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ တစ်ယောက်နဲ့ တစ် ယောက် ပိုပြီးချစ်ကြည်ယိုင်းပင်း၊ ကျောင်းသားအချင်းချင်း ပိုပိုပြီး သွေးစည်းညီညွတ်လေလေပဲ။ ငါတို့ ဘာဖြစ်လို့ ငါတို့ ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ရန်ကုန်ကို အချိန်မီ မ၀င်နိုင်ရမှာလဲ။ ကြောက်မွေးပါရင် ဇာဂနာနဲ့ ဆွဲနုတ်ပစ်။
ရဲဘော်ကျောင်းသားပြည်သူအပေါင်းတို့ -
နာကြည်းခံပြင်း၍ ဥဒါန်းမကြေနိုင်သောတိုက်ပွဲဝင်သူအပေါင်းတို့ -
ခုတော့ ငါတို့ ဟာ မထင်မှတ်ဘဲ အမှားကြီးတစ်ရပ်ကိုလုပ်မိခဲ့ကြပြီ။ အဲဒီ မရည်ရွယ်ဘဲမှားလိုက်တဲ့အမှားအတွက် ငါတို့ ဟာ ကတိမတည်တဲ့
အစိုးရတစ်ရပ်ရဲ့ လူမဆန်တဲ့အကျဉ်းထောင်ထဲမှာပေးဆပ်နေကြရပြီ။ ငါတို့ တွေ အငြှိုးအတေးအာဃာတဲ့ကြီးတဲ့ အစိုးရစစ်ပုလိပ်တွေရဲ့ လိုက်လံ
ချောင်းမြောင်းဖမ်းဆီးနေတဲ့ ၀ရမ်းပြေးတွေအဖြစ်နဲ့ ပေးဆပ်နေကြရပြီ။ အကျဉ်းထောင်ထဲက ငါတို့ ရဲဘော်ညီနောင် ကျောင်းသားပြည်သူတွေ
ဟာ ရန်သူရဲ့ မတရားတဲ့ တရားရုံးတွေပေါ်မှာ မတရားတဲ့ပြစ်ဒဏ်တွေစီရင်ခံကြရတော့မယ်။ အဖမ်းမခံရဘဲ လွတ်မြောက်နေတဲ့ ငါတို့ ရဲဘော်
ညီနောင် ကျောင်းသားပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ရင်း ပုန်းအောင်းခိုလှုံနေကြရတော့မယ်။ မတတ်နိုင်ဘူး။ ဘယ်သူ့ ကိုမှလည်း
အပြစ်မတင်ပါဘူး။
အကယ်၍ … ။ အကယ်၍၊ ငါတို့ သာ လက်ပံတန်းမှာ မရပ်မနားဘဲ၊ ရဲရင့်ကျယ်ပြန့် တဲ့ရင်အုပ်တွေနဲ့ ၊ ပြတ်သားခိုင်ကျည်တဲ့ ဥာဏ်အမြော်အမြင်တွေနဲ့ ၊ နောက်မတွန့် တဲ့ မကြောက်မရွံ့ ခြေထောက်တွေနဲ့ ၊ သေနတ်ပြောင်းတွေကို မျက်နှာချင်းတည့်တည့် ရင်ကော့ရင်ဆိုင်ရဲတဲ့ သူရဲကောင်း ခွပ်ဒေါင်းစိတ်ဓာတ်အပြည့်၊ ဗဟိန်းစိတ်ဓာတ်၊ အောင်ဆန်းစိတ်ဓာတ်၊ အောင်ကျော်စိတ်ဓာတ်အပြည့်နဲ့ ၊ ရန်ကုန်ကို ဆက်လက်ချီတက်ခဲ့ကြမယ်ဆို ရင် … ၊ ဆိုရင် … ၊ ဆိုရင် … ။
ငါတို့ လက်ပံတန်းမှာနားလိုက်တဲ့အတွက်၊ ရန်သူက ငါတို့ ကိုဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းဖို့  အချိန်ကောင်းကောင်းရသွားခဲ့တယ်။ အစိုးရက
မြို့ လူထုနဲ့ သပိတ်မှောက်ကျောင်းသားတွေကြား ခလောက်ဆန်ဝါဒမှိုင်းတိုက်ဖို့  အချိန်လုံလုံလောက်လောက်ရသွားခဲ့တယ်။ အစိုးရ(ပဲခူးတိုင်း
နယ်လုံဝန်ကြီး)က သူ့ ရဲ့ လုံထိန်းရဲ(ရဲမေ၊ ရဲသား)တွေကို စနစ်တကျတပ်ဖြန့် ချထားဖို့ ၊ သူ့ ရဲ့ ကြံ့ ဖွတ်စွမ်းအားရှင်လူရမ်းကားတွေကို
မြို့ မိမြို့ ဖအယောင်ဆောင်ပြီး ကျောင်းသားသပိတ်အ၀န်းအ၀ိုင်းထဲလျှို့ ဝှက်မြှုပ်နှံဖို့ ၊ အစိုးရပိုင်မီဒီယာ(သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား)
တွေကနေ သူခိုးလူဟစ် အသံကောင်းပစ်နိုင်ဖို့ ၊ ငါတို့ က အဲဒီ ဆင်ကြံကြံဖို့ အကွက်ချောင်းနေတဲ့ အဲဒီနယ်လုံဆိုတဲ့ကောင်ကြီး သိုက်ထွန်းကို
အချိန်တွေ ဗုံးပေါလအောပေးလိုက်သလိုဖြစ်မသွားခဲ့ပေဘူးလားကွာ။ ငါတို့ မှားခဲ့တယ်။
ကတ္တရာလမ်းပေါ်မှာ၊ နေပူချစ်ချစ်တောက်အောက်မှာ၊ အေးမြချမ်းစီးတဲ့တပေါင်းညထီးထီးတွေမှာ ငါတို့ ရက်ရက်စက်စက်အစမ်းသပ်ခံခဲ့ကြ
ရတယ်။ ငါတို့ ဟာ မိုင်(၄၀၀)ကျော် ခရီးပြင်းနှင်ခဲ့ရလို့ အမှန်တကယ်ပင်ပန်းနုံးချည့်အားနည်းနေခဲ့ပြီ။ ငါတို့ မှာ မာတာဆိုလို့ စိတ်ဓာတ်နဲ့ ဝိညာဉ်ပဲ ရှိတော့တာပါ။ ငါတို့ ဟာ ဒေသခံပြည်သူတွေ မကြောက်မရွံ့ သတ္တိရှိရှိလာကျွေးတဲ့ဟာနဲ့ ရုပ်ကိုအာဟာရစောင့်ခဲ့ရတာပါ။ အသက်ဆက်ခဲ့ရတာပါ။
နုနယ်လှတဲ့ ကျောင်းသား(အထူးသဖြင့်ကျောင်းသူတွေရဲ့ ) ခြေထောက်တွေဟာ ပေါက်ပြဲစုတ်ပြတ် ဒဏ်ရာအထပ်ထပ်ရနေတာပါ။ ငါတို့ ဆီ
မရောက်ရောက်အောင်( ပိတ်ဆို့ ထားတဲ့ လုံထိန်းရဲတွေကို ခပ်တင်းရင်ဆိုင်အရေးဆိုပြီး) လာရောက်အားပေးခဲ့တဲ့ ပြည်သူတွေ၊ အနုပညာရှင်
တွေ၊ ကဗျာဆရာတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြောင့်သာ၊ ငါတို့ ရဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည် ပြည့်တင်းနေတာပါ။ ငါတို့ ခန္ဓာကိုယ်တွေက(နယ်လုံကောင်ကြီးသိုက်ထွန်းယုတ်မာကောက်ကျစ်ပိတ်ဆို့ ထားလို့ ) လမ်းမပေါ်မှာ ပင်ပန်းနွမ်းနယ်နေခဲ့ ပြီ။ ငါတို့ မှာစိတ်ဓာတ်ပဲကျန်တော့တဲ့အချိန်မှာ၊ ရန်သူက ငါတို့ ရဲ့ အားနည်းချက်အပေါ်မှာ ချက်ကောင်းယူ တအားဖိနင်းချလိုက်တော့တာပဲ။
တကယ်တမ်း၊ မတ်လ(၁၀)ရက် နံနက်၊ ရန်သူက လိမ်လည်လှည့်ဖျား ကောက်ကျစ်ယုတ်မာလိုက်တာကို ခံလိုက်ရတဲ့အချိန်မှာ၊ ငါတို့ ဟာ တိုးထွက်ဖို့  လုံလောက်တဲ့ ရုပ်အင်အားမျိုးမရှိတော့ဘူး။ ရန်သူရဲ့ စစ်ဦးဘီလူး သရမရဲစီး ထိုးစစ်ဝင်လာတဲ့အချိန်မှာ ငါတို့ စနစ်တကျဆုတ်ခွာဖို့ လည်းအချိန်မရတော့ ဘူး။ နဂိုကတည်းက ငါတို့ ဟာ သေနင်္ဂဗျူဟာထိုးစစ်အနေအထား၊ နပျင်း(နွားပျင်း)တောင်ကြားနဲ့ ယုန်ဖြူတောင်တုန်းကအနေအထားမျိုးရှိနေတဲ့အခြေ အနေကနေ၊ လက်ပံတန်းမှာ ခဏတန့် လိုက်ရပ်လိုက်တာဟာ၊ ထိုးစစ်အနေအထားကနေ ခံစစ်ကိုပြောင်းလိုက်သလိုဖြစ်သွားခဲ့တာပဲ။ ခံစစ်တောင်မှ ငါတို့ ဟာ ခံစစ်ကိုရှင်အောင်မလုပ်ခဲ့မိကြဘူး။ ငါတို့ ခံစစ်က ခံစစ်သေ။ အဲဒီခံစစ်အသေကြီးကို စစ်ညောင်းလာအောင်ပိတ်ဆို့ ပြီး၊ ငါတို့ ခေါင်းတွေ မီးတောက်လာတဲ့အချိန်၊ ငါတို့ ဒေါင်းတွေ မခံမရပ်နိုင်ဖြစ်ပြီးထခွပ်တဲ့အချိန်မှာ၊ သင်းတို့ က ရက်ရက်စက်စက်ချေမှုန်းခဲ့တာပါပဲ။ ငါတို့ ဘယ်လိုပဲ ခွပ်ဒေါင်းသွေးဗီဇစိတ်နဲ့ ဘယ်လောက်ကြံ့ ကြံ့ ခံ ခုခံခုခံ၊ ရန်သူက လူမဆန်တဲ့ ဘီလူးသဘက်တွေ၊ အစိုးရက ဒီမိုကရေစီအတုအယောင်သူခိုးဓားပြ၊ ငါတို့ ဘယ်နည်းနဲ့ မှ ငါတို့ အတွက်ကြေကွဲနာကျင်နေတဲ့ လက်ပံတန်းမြို့ သူမြို့ သားတွေရဲ့ သောကနဲ့ ဗျာပါဒတွေကို ငါတို့ ဘယ်လိုနည်းနဲ့ မှ ဖြေသိမ့် နှစ်သိမ့်မပေးနိုင်ခဲ့တော့ပါဘူး။ ငါတို့ အပေါ်မှာ လက်ပံတန်းမြို့ ကလေးရဲ့ ရာဇ၀င်ကြွေးတင်ခဲ့ပါပကောလား။
ရဲဘော်ကျောင်းသားပြည်သူအပေါင်းတို့ -
ငါတို့ ဟာ ရန်ကုန်မရောက်ခင် လမ်းခုလတ်မှာ၊ မထင်မှတ်ဘဲ၊ မရည်ရွယ်ဘဲ မှားလိုက်တဲ့အမှားတစ်ခုကြောင့်၊ ကြက်ကလေးငှက်ကလေးတွေလို
ရိုက်နှက်ဖန်းဆီးခံရဖို့ ၊ ကိုယ့်အကျဉ်းထောင် ကိုယ်ကိုယ်တိုင်တည်ဆောက်မိသလိုဖြစ်ခဲ့ရတယ်။ လက်ပံတန်းမှာ အမှတ်မထင် လက်ထဲက လေးနဲ့ မြား ကို ခဏချထားမိလိုက်တာဟာ၊ ငါတို့ ကိုယ်ငါတို့ သေတွင်းထဲပို့ လိုက်မိသလိုဖြစ်သွားခဲ့ပြီ။ ငါတို့ သပိတ်စစ်ကြောင်းဖြိုခွဲခံရပေမဲ့၊ ငါတို့ ကျောင်းသား ခွပ်ဒေါင်းအလံကတော့ ပြိုလဲမသွားပါဘူး။ လှေခွက်ချည်းကျန် အလံမလှဲစတမ်းပဲဟေ့ မိစ္ဆာဖက်ဆစ်အစိုးရရေ။ နင်တို့ ကို ငါတို့ တစ်သက်မကျေ။
နှစ်သက်ရှိရင် နှစ်သက်မကျေဘူးဟေ့။
တကယ်တော့၊ ငါတို့ ဘာကိုထောက် ကြောက်ခဲ့ရမှာလဲ။ ကြောက်မွေးပါ ဇာဂနာနဲ့ ဆွဲနုတ်ပစ်။ ငါတို့ နဂိုဦးတည်ချက်၊ မူလရည်မှန်းချက်၊ ကနဦး
ပထမစတင်စဉ်ကဆုံးဖြတ်ခဲ့တဲ့အတိုင်း၊ ငါတို့ ပန်းတိုင်၊ ငါတို့ အောင်ပွဲရှိရာ ရန်ကုန်ကို မရောက်ရောက်အောင် အပြင်းချီတက်ခဲ့ကြရမှာပဲ။ အစိုးရ၊ ဘာဖြစ်လဲ၊ ဒီအစိုးရကတော့ ညစ်ပတ်တဲ့အစိုးရ၊ သူညစ်ပတ်နေကျ ဆက်ညစ်ပတ်နေဦးမှာပဲ။ ဂရုစိုက်နေဖို့ မလို။ ပြီးတော့ လွှတ်တော်။
ဒီလောက်သုံးစားမရတဲ့ ချွတ်ချော်ကြီး ဘာလုပ်ရမလဲ။ ပစ်ထားလိုက်။ လွှတ်တော်ကလည်း ယုတ်မာမြဲ၊ ယုတ်မာနိုင်သလောက် သူတို့ 
ကြံ့ ဖွတ်နဲ့ စစ်ဗိုလ်အမတ်တွေ ယုတ်မာကြဦးမှာပဲ။ လှည့်ကြည့်စရာမလို။ အစိုးရနဲ့ လွှတ်တော်တွေက ကောက်ကျစ်သမျှကို ငါတို့ 
ခွပ်ဒေါင်းတွေ ခေါင်းငုံ့ ခံနေစရာအကြောင်းစိုးစဉ်းမျှမရှိ။ ငါတို့ ဘာ့ကြောင့်မတိုက်ခိုက်ရဲရမှာလဲ။ ငါတို့ ဘာ့ကြောင့် ရန်ကုန်ရောက်အောင်
မချီတက်နိုင်ခဲ့ရမှာလဲ။ အပျော်တမ်းအတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဆိုသူတွေ၊ ပါတီအဖွဲ့ အစည်းဆိုတာတွေက ငါတို့ ကို အသိအမှတ်
မပြုလည်း ဘာအရေးလဲ။ ငါတို့ ရှေ့ မှာ အစဉ်အလာကောင်းတွေရှိတယ်။ ငါတို့ အသက်ပတ်ပတ်လည်မှာ ပြည်သူုတွေရှိတယ်။ ငါတို့ 
ကျောင်းသားတွေကို စစ်မှန်တဲ့ပြည်သူလူထုကြီးက အစဉ်ယုံကြည်ဝန်းရံအားပေးနေဖို့ ပဲလိုတယ်။ ပြည်သူသာအဓိက။ ပြည်သူသာ
ပဓာန။ ပြည်သူသာ ပထမ။ ပြည်သူရှိရင် အောင်ပွဲရှိမယ်။ ပြည်သူ့ ထောက်ခံမှုရှိရင်၊ ပြည်သူရှိရင် ငါတို့ ဟာ ရန်သူအစိုးရနဲ့ မစေ့စပ်စတမ်း
(အကြမ်းမဖက်)ရင်ဆိုင်တိုက်ခိုက်တော်လှန်နိုင်တယ်။
သပိတ်ပွဲစားတွေရဲ့ စကားကို ငါတို့ နားထောင်စရာမလို၊ နားယောင်စရာလည်းမလို။
စေ့စပ်ကြေအေးရေး ရွှေပြည်အေးတရားဟောတဲ့သူတွေကို ငါတို့ ဂရုပြုစရာမလို။
ငါတို့ ရန်ကုန်ကို မရောက်ရောက်အောင်ချီတက်ဖို့ ပဲလိုခဲ့တယ်။
သူရဲကောင်းအပေါင်းတို့ -
စွန့် လွှတ်အနစ်နာခံခဲ့တဲ့ကျောင်းသားပြည်သူအပေါင်းတို့ -
ထပ်ပြောမယ်။ ငါတို့ တွေဟာ ကမ္ဘာသိအောင်လည်း မှန်ခဲ့တယ်။ ထပ်ပြောဦးမယ်။ ငါတို့ တွေဟာ ပြန်ပြင်လို့ မရတော့တဲ့အမှားကြီးတစ်ရပ်ကိုလည်း မထင်မှတ်ဘဲ၊ မရည်ရွယ်ဘဲ မှားခဲ့ကြတယ်။ ဒါကိုငါတို့ ဝန်ခံရဲရမယ်။ ဒီအမှားအတွက် ငါတို့ တွေဟာ၊ အစိုးရအကျဉ်းသမားတွေအဖြစ်နဲ့ သာယာဝတီ ထောင်ငရဲခန်းမှာချုပ်နှောင်ခံနေကြရပြီ။ ဒီအမှားအတွက် ငါတို့ ဟာ၊ ၀ရမ်းပြေးတွေအဖြစ်နဲ့ ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေကြရပြီ။ ငါတို့ ရဲ့  မဟာအမှာကြီးတစ်ခုအတွက် ငါတို့ အများကြီးပေးဆပ်နေကြရပြီ။
အို- သူရဲကောင်းကျောင်းသားပြည်သူစွန့် လွှတ်သူ၊ အနစ်နာခံသူ၊ မြင့်မြတ်သူ လူစွမ်းကောင်းတို့  ငဲ့ –
ငါတို့ တွေ မတရားပေးဆပ်ခံနေကြရတဲ့အချိန်မှာ၊ နာကျင်ခံခက်ကြေကွဲနေတဲ့အချိန်မှာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအော်ပြီး၊ ၂၀၁၅ မှာ မရေရာ မသေချာသေးတဲ့ရွေးကောက်ပွဲဝင်ဖို့ မျှော်ပြီး၊ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမှန်သမျှဟာ၊ သူအော်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သူမျှော် နေတဲ့ရွေးကောက်ပွဲတွေကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားပုံရတဲ့၊ ငါတို့ ယုံကြည်ကိုးစားတဲ့၊ ငါတို့ ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငါတို့ ခရီးရှည်ချီတက်သပိတ်မှောက်လို့ ထောင်ထဲရောက်၊ ၀ရမ်းပြေးဖြစ်နေတဲ့ကျောင်းသားတွေကို အတိအလင်းမေးခွန်းထုတ်လိုက်ပါပြီ။
ငါတို့ ဘာဆက်လုပ်ကြမလဲ။
ငါတို့ ဘာဆက်လုပ်ကြမလဲ။
အို – သူရဲကောင်းခွပ်ဒေါင်းအပေါင်းတို့ ။   ။
ေ အ ာ င္ ေ ၀ း
မတ် ၁၆- ၂၀၁၅။
Sunday, March 15, 2015
တ ေ ပါ င္ း ေ ခၚ သံ
၂ ၀ ၁ ၅ – ေ က် ာ င္ း သ ာ း အ ေ ရ း ေ တာ် ပုံ သ စ်
သြော် … တောလှန့် တောင်လှန့် 
မုန်တိုင်းလှန့် ၍
ကံ့ကော်ကျောင်းမှာ
ဒေါင်းလည်း မတွန်မကနိုင်
တပေါင်းလည်း မချွန်မမြနိုင်။
ခေတ်မသန့် လို့ 
ကံ့ကော်တွေလည်း နီခဲ့ပြီ။
ခေတ်မကောင်းလို့ 
ကဒေါင်းတွေလည်း ခွပ်ခဲ့ပြီ။
ခေတ်ကိုပြောင်းဖို့ 
စစ်ကြောင်းလည်းချီ၊ သပိတ်ညီခဲ့
အောင်စည်အောင်မောင်း၊ အို တပေါင်းငဲ့
ခွပ်ဒေါင်းနီနီ၊ ကံ့ကော်နီနှင့်
နီနီနွေဦး ဇာတ်ဝင်ခန်း။
လက်ပံတောင်းနီ
လက်ပံတန်းနီ
တစ်ပြည်လုံးနီ
သပိတ်ချီကြ။
ပြည်သူ ကျောင်းသား၊ သံမှုန့် စားလော့
စွမ်းအားရှင်ဓား တုံးလတ္တံ့ ။
သပိတ်ချီကြ
တစ်ပြည်လုံးနီ
လက်ပံတန်းနီ
လက်ပံတောင်းနီ။
ကျောင်းသား ပြည်သူ၊ သံဃာကူလော့
ရန်သူရူးရဲ ရှုံးလတ္တံ့ ။
တုံးမောင်းခေါက်၍
မကြောက်မလန့် ၊ ခြောက်ကြလှန့် ကြ။
အုံးမောင်းခေါက်၍
မိုးသောက်တစ်ကန့် ၊ အရုဏ်သန့် မှ
ကံ့ကော် ၀ါရွှေ၊ ဒေါင်း အိုးဝေ၍
နွေဦးမွန်မြတ်၊ အနာဂတ်မှာ
စစ်ဇာတ်ကျွန်ဇာတ် သိမ်းလတ္တံ့ ။
ဗဟိန်းသေလို့  ၀င်စားလေသလော
အောင်ဆန်းသေလို့  ၀င်စားလေသလော
အောင်ကျော်သေလို့  ၀င်စားလေသလော
ကျောင်းသား ကျောင်းသား
တို့ ကျောင်းသားဟေ့
ကျောင်းသားသမိုင်း၊ ဘယ်မရိုင်းခဲ့
သတ်တိုင်းမသေသောရာဇ၀င်။
ရာဇ၀င်သန့် ၊ နွေဦးသန့် ၍
ကံ့ကော်ကျောင်းမှာ
ဒေါင်းလည်း တွန်စေကစေသော။
တိုက်ပွဲခေါ်၍
ကံ့ကော်ကျောင်းမှာ
တပေါင်းလည်း ချွန်စေမြစေနော။    ။
(တိုက်ပွဲဝင်သပိတ်မှောက်ကျောင်းသားပြည်သူများသို့ )
ေ အ ာ င္ ေ ၀ း
မတ် ၇ – ၂၀၁၅။
Wednesday, March 11, 2015
လ က် ပံ တ န်းေ မာ် ကွ န်း
အို- လက်ပံတန်း
သွေးစွန်းခဲ့ပါပကော
အို- လက်ပံတန်း။
ကြယ်ယံစုံရင်
ဂဠုန်အလံတင်။
ကြယ်မစုံသေးလို့ 
ဘုန်းကြီးကျောင်းနဘေးမှာ
သွေးစွန်းလျက်။
ဒီပဲယင်းက
ချင်းချင်းနီစွေး၊ ကျတဲ့သွေး
ဒီသွေးမြစ်ရေ၊ ဘောင်ဘင်ဝေဆဲ။
လက်ပံတောင်းက
တုံးမောင်းခေါက်သံ၊ တပ်လှန့် သံ
တော်လှန်တဲ့တေး၊ မဆုံးသေးဘူး။
ကြယ်ပေါင်းစုံရင်
ကဒေါင်းအလံတင်
တူတံဇဉ်အလံလွှင့်။
ကြယ်ပေါင်းမစုံလို့ 
ကတ္တရာလမ်းမဘေးမှာ
သွေးစွန်းလျက်။
အို- လက်ပံတန်း
သွေးစွန်းခဲ့ပါပကောလား
အို- လက်ပံတန်း။
သွေးအလိမ်းလိမ်း
အစိမ်းဝင်ပူး၊ ဘီလူးဝင်စား
ခွေးဝဲစား
ရဲများ ရဲများ
ကျောင်းသားကိုရိုက်၊ သေအောင်ရိုက်ပြီ
ပြည်သူကိုရိုက်၊ သေအောင်ရိုက်ပြီ
သံဃာကိုရိုက်၊ သေအောင်ရိုက်ပြီ
ရိုက်လို့ အားမရ၊ ထပ်ထပ်ရိုက်ကြ။
အစိုးရလူသတ်ဝါဒ၊ ကိုယ်ထင်ပြပြီ
နိုင်ငံတော်အကြမ်းဖက်ဝါဒ၊ မုန်ယိုပြပြီ။
ထလော့
အဖိနှပ်ခံသူရဲကောင်းအပေါင်းတို့ 
ထလော့
ဒုတိယမတ်လတော်လှန်ရေးစပြီ။
အို- လက်ပံတန်း
သွေးစွန်းခဲ့ပါပကောလားကွဲ့ 
အို- လက်ပံတန်း။
စစ်တပ်ကအာဏာသိမ်းမလား
သိမ်းလိုက်စမ်း
ရင်နှစ်ခြမ်းခွဲ၊ ဖြန်းဖြန်းကွဲပစေ
ရဲရင့်သူတို့ ကမ္ဘာမကျေ။
နောက်ထပ်အာဏာသိမ်းမလား
သိမ်းလိုက်ဦး
အသည်းနှလုံးကွဲ၊ ဗုန်းဗုန်းလဲပစေ
သူရဲကောင်းတို့ ဥဒါန်းမကြေ။
အာဇာနည်မျိုး၊ သေရိုးမရှိ
တိုက်ပွဲသာရှိ။
အာဇာနည်မျိုး၊ သေရိုးမရှိ
အောင်ပွဲသာရှိ။
အို- လက်ပံတန်း
အို- လက်ပံတန်း
အို- လက်ပံတန်း။
လာလမ်းပြန်ကြည့်
နောက်လှည့်စရာမလို
ဆုံးရှုံးစရာ၊ နှောင်ကြိုးသာရှိ
အဘိဓမ္မာ၊ သိဖို့ သာလိုသည်။
စစ်ကိုပိုက်ထွေး၊ သရဲမွေးတဲ့
စစ်ခွေးအစိုးရ၊ ကျဆုံးရမယ်
စစ်ဓားပြယုတ်၊ သူခိုးစုတ်အစိုးရ
မုချကျဆုံး၊ အစတုံးမယ်။
အားလုံး
ကျောင်းသား၊ အလုပ်သမား၊ လယ်သမား
အားလုံး
ပြည်သူ၊ သံဃာ
အားလုံး
စည်းရုံးကြ၊ ညီညွတ်ကြ
အဆုံးသတ်တိုက်ပွဲ၊ ဆင်နွှဲကြဟေ့။
သွေးစွန်းနေတဲ့
သွေးမခြောက်ခင်။
သွေးစွန်းနေတဲ့
သွေးမတိတ်ခင်။
သူ့ ထိုးစစ်ကို
ထိုးစစ်နဲ့ ထိုး၊ ပြန်ရိုက်ချိုးဖို့ 
ထိုးစစ်ပြင်လော့။
သူ့ တောမီးကို
တောမီးနဲ့ ဖြတ်၊ ပြန်ငြှိမ်းသတ်ဖို့ 
ခံတပ်ပြင်လော့။
ရာဇ၀င်ကြွေးဆပ်၊ အနာဂတ်မှာ
စစ်ဇာတ်ကျွန်ဇာတ် သိမ်းကြအံ့။
အို- ဆဲဗင်းဂျူလိုင်နီ
ရင်ပြင်နီမှ
ချီတက်ကြလော့။
အို- ရွှေတိဂုံရိပ်
၁၉၂၀ စိတ်နဲ့ 
သပိတ်ဆက်လော့။
အိပ်မက်မဟုတ်
ကောင်းကင်ရုပ်ပုံ
ကြယ်စုံမှ
ဒီမိုကရေစီ။
အိပ်မက်မဟုတ်
မြေပြင်ရုပ်ပုံ
အကုန်ရမှ
ဒီမိုကရေစီ။
ကြယ်အစုံ
မစုံရင်
သူပုန်ထ။
အကုန်ရရင်ရ
မရရင်
ဂဠုန်ကြွ။
အို- လက်ပံတန်း
လက်ပံတန်း
သွေးကြွေးကို သွေးနဲ့ ပဲပြန်ဆပ်ရမယ်
လက်ပံတန်း။      ။
ေ အာ င္ ေ ၀ း
မတ် ၁၀ – ၂၀၁၅။
Monday, March 2, 2015
ဓား မေ နာ က် ပိ တ် ေ ခြ း မ် ာ း ဖ တ် ဖို့  စာ
FROM SAFFRON REVOLUTION TO STUDENTS PROTEST MARCH
မှန်ကန်ရင် တန်မပြန်ဘူးဟဲ့၊ ဓားမနောက်ပိတ်ခွေးတွေရဲ့။
ပထမဦးဆုံး အရငိပြောထားချင်တာက၊ အခု ကျောင်းသားတွေဆင်နွှဲနေတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်းကို၊ကျနော် အပြည့်အ၀ ထောက်ခံအားပေးနေတယ်ဆိုတဲ့အချက်ပဲ။ ခြွင်းချက်မျှမရှိ။ ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်း တွေ (ပင်မ၊ အရန်၊ ယာယီ၊ အမြဲ) အားလုံးကို ထောက်ခံအားပေးလိုက်တဲ့အတွက်၊ ကျောင်းသားသပိတ်ကို ကရော်ကမယ် တန်ပြန်ဆန္ဒပြနေကြတဲ့၊ လူမလေး ခွေးမခန့် ၊ ခပ်ညံ့ညံ့အတွေးအခေါ်ချောက်တီးချောက်ချက်၊ လူကလေး ၄-၅-၆ ယောက်နဲ့ (ခွေးတောင် အဆစ်ပါလိုက်သေး) တန်ပြန်သပိတ်လုပ်နေတဲ့ အစိုးရလက်ပါးစေ အလိုတော်ရိ နောက်လိုက်ခွေးတစ်အုပ်ကို ပွင့်ပွင့်လင်းလင်း ရှုတ်ချပြီးသားဖြစ်သွားပါပြီ။
နောက်ကြောင်းကလေး နည်းနည်းပြန်ပရစေ။
၂၀၀၇ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေးကြီးတုန်းကပါ။ ၂၀၀၇ စက်တာင်ဘာ (၅) ရက်၊ ပခုက္ကူမြို့မှာ နအဖ စစ်အစိုး ရနဲ့ အစိုးရနောက်မြီးဆွဲ ကြံ့ဖွတ်အသင်း (အဲဒီအချိန်တုန်းက ပါတီမဖြစ်သေးဘူး၊ အသင်းအနေနဲ့ပဲ ရှိသေးတယ်) လူမိုက်စွမ်းအားရှင်တွေက၊ သံဃာကို ဓာတ်တိုင်ကပ် ကြိုးချည်ရိုက်တာကနေစပြီး၊ တောမီးဟာ တစ်ပြည်လုံး အကြီးအကျယ် ထလောင်ခဲ့တော့တာပဲ။
၂၀၀၇ စက်တင်ဘာ (၁၈) ရက်နေ့။ ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းသွားတဲ့နေ့ကို အထူးတလည် သွေးကြွေး ပြန်ဆပ်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့တွေ ရွာတွေက သံဃာတွေ ကံဆောင်သပိတ်မှောက်၊ လမ်းပေါ်တက် ဆု တောင်းမေတ္တာပို့၊ ဆန္ဒပြချီတက်ခဲ့ကြတယ်။
၂၀၀၇ စက်တင်ဘာ (၂၄) မှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့မုခ်၊ ကြေးသွန်းဘုရားမှာ သပိတ်စခန်းယာယီဖွင့်ပြီး၊ တစ်နိုင် ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးခေါ်လိုက်ကြပါတယ်။ GENERAL STRIKE ( G S ) ကြီး စပြီပေါ့။ G S ကော်မတီထဲမှာ ကျနော်တို့အသိုက်လည်း ပါတယ်ပေါ့။
စက်တင်ဘာ ၂၄ (၂၀၀၇) အထွေထွေသပိတ်ကြီး ပထမနေ့။ သံဃာ- ကျောင်းသား- ပြည်သူတွေဟာ လူထုအင်အား သောင်းနဲ့ သိန်းနဲ့ ချီပြီး ရွှေတိဂုံကနေ ကမ္ဘာအေးဘုရားအထိ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ မိုးထဲလေထဲမှာ။ ရွှေတိဂုံ- မြေနီကုန်း- စမ်းချောင်း- ကြည့်မြင်တိုင်- ဆင်မလိုက် – ကမာရွတ် – လှည်းတန်း – ပြည်လမ်းအတိုင်း – အင်းလျားကန်- ရှစ်မိုင်လမ်းဆုံ – န၀ဒေးရုပ်ရှင်ရုံ- ကမ္ဘာအေးလမ်း။ လမ်းတစ်လျှောက်ကြိုဆို အားပေးဝန်းရံနေတဲ့ လူအုပ်ကြီးက တိုးမပေါက် ပါဘူး။ ကြံ့ဖွတ်လူမိုက်စွမ်းအားရှင် ပဉ္စမံတပ်သား၊ နအဖ စစ်အစိုးရ ခွေးတွေရဲ့အန္တရာယ်ကလည်း မအေးပါဘူး။ (အဲဒီ အချိန်ကတည်းက ကြံ့ဖွတ်စွမ်းအားရှင် လူစုစုကို ကျနော်တို့ပြည်သူတွေက ခွေးတွေလို့ပဲ ခေါ်ခဲ့ကြတာပါ)
စက်တင်ဘာ ၂၅ (၂၀၀၇) အထွေထွေသပိတ်ကြီး ဒုတိယနေ့။ (ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံနှစ်လက် စလွှင့်တဲ့နေ့) သံဃာ-ကျောင်းသား- ပြည်သူတွေဟာ လူထုအင်အား သိန်းနဲ့သန်းနဲ့ချီပြီး ရွှေတိဂုံဘုရားနေ မြို့လယ်က မြို့တော်ခန်းမ၊ ဆူးလေဘုရားအထိ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ မိုးထဲ လေထဲ မုန်တိုင်းထဲမှာပါပဲ။ လမ်းဘေးဝဲယာ လူအုပ်ကြီး ကလည်း တစ်ခနဲနက် အားပေးဝန်းရံနေတာပါပဲ။ နအဖခွေးတွေကလည်း အလစ်ချောင်းလို့ပေါ့။
စက်တင်ဘာ ၂၆ (၂၀၀၇) အထွေထွေသပိတ်ကြီး တတိယနေ့။ ဒိနေ့မှာပဲ နအဖစစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ သံဆူးကြိုး တွေ၊စက်သေနတ်တွေနဲ့၊ သံဃာတွေဦးဆောင်နေတဲ့ ကျောင်းသားပြည်သူတွေပါဝင်တဲ့ အထွေထွေသပိတ်စခန်းနဲ့သပိတ်အင်အားစုတွေကို၊ အကြမ်းဖက်ပစ်ခတ်နှိမ်နင်း အင်အားသုံးဖြိုခွင်းလိုက်တော့တာပါပဲ။
တိုတိုပြောရရင်၊ ဆက်တိုက်ဆိုသလို နောက်ရက်တွေမှာ ဘုန်းတော်ကြီးကျောင်းတွေကို၊ နအဖစစ်တပ်က သူပုန်စခန်း ၀င်စီးသလို သရဲမရဲ ၀င်စီးပြီး၊ သံဃာတွေအများအပြားကိုရိုက်နှက်ဖမ်းဆီးလို့ အင်းစိန် ဂျီတီအိုင်အကျဉ်းစခန်းနဲ့ အင်းစိန် အကျဉ်းထောင်တွေထဲကို ထည့်လိုက်ကြပါတယ်။
အဲဒီတုန်းက ကျနော် (တို့) အခန်းကဏ္ဍ ကိုယ်တွေ့ပါဝင်ခဲ့တာတချို့ကို ပြောပါမယ်။ ကိုဇာဂနာ၊ ကိုကျော်သူနဲ့ မရွှေဇီးကွက်၊ ကိုဇော်သက်ထွေး၊ ကိုစောဝေ၊ ဆရာမ သန်းမြင့်အောင်၊ ဆရာမ နှင်းပန်းအိမ်၊ ဆရာမောင်တင်သစ်၊ ကျနော်တို့စာပေနဲ့ အနုပညာသည်တွေဟာ သံဃသပိတ်ကို အနီးကပ်ကူညီဝန်းရံ အားဖြည့်ခဲ့ကြပါတယ်။ (အသေးစိတ်မြင်ကွင်းမြင်ကွက်၊ ဖြစ်ခင်းဖြစ်ကွက်တွေကို နောင်တော့ရေးပါဦးမည်။ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် (ကို) ကျော်ကိုကိုရဲ့ ရွှေ ၀ါရောင်မျိုးဆက်ကို မွေးဖွားခြင်း၊ ပထမအကြိမ် ၂၀၁၄ ဖေဖော်ဝါရီ၊ ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး- စာအုပ်အမှာ စာထဲမှာတော့ တစ်စွန်းတစ်စရေးခဲ့ဖူးပါသည်)
ကျနော်ပြောချင်တာက၊ အထွေထွေသပိတ်ကြီး ဒုတိယနေ့ (၂၅ စက်တင်ဘာ ၂၀၀၇) ဆူးလေဘုရားမှာ မိန့် ခွန်းပြောပြီးတော့၊
ကျနော် ကျော်သူကိုခေါ်ပြီး ပြေးရပါတယ်။ ပုန်းရပါတယ်။ နောက်နေ့မနက် (၂၆ စက်တင်ဘာ ၂၀၀၇) ကျော်သူနဲ့ လူချင်း ခွဲပြီး၊ ကျနော် ရွှေတိဂုံသပိတ်စခန်းကိုလာတော့ တိုင်းပြည်က ပျက်နေပါပြီ။ မီးလောင်နေပြီ။ စစ်ဖြစ်နေပြီ။ ကျနော်ဝင်လို့ မရတော့ဘူး။ အဲဒီကစတာပဲ။ ကျနော့်ရဲ့ပြည်ပြေးဘ၀ ပထမရဲ့ပထမတွေဟာ အဲဒီက စခဲ့တော့တာပါပဲ။
ကျနော် ရန်ကုန်မြို့ထဲမှာပဲ တစ်နေရာပြီးတစ်နေရာ ပြောင်းရ ရွှေ့ ရ၊ ပြေးရ လွှားရ ပုန်းရပါတယ်။ စွန့်စားခန်းပါပဲ။ ပြေးရင်း လွှားရင်း ရှောင်ရင်း တိမ်းရင်းနဲ့ ပုန်းခိုကျင်းကလေးတွေထဲကနေ (ရေဒီယိုကလေးတစ်လုံးနဲ့) သတင်းလည်း မပြတ်နားထောင် ရပါတယ်။ သတင်းစာ (ကြေးမုံ၊ မြန်မာ့အလင်း) လည်း မပြတ်ဖတ်ရပါတယ်။ နအဖစစ်အစိုးရရဲ့ မဟုတ်မမှန် လုပ်ကြံသ တင်းတွေကို နားထောင်ရ၊ ဖတ်ရပါတယ်။ ကိုယ်ကလည်း ရတဲ့တယ်လီဖုန်းကလေးနဲ့ ပြည်ပရေဒီယိုတွေကနေတစ်ဆင့် နအဖ စစ်အစိုးရကို တုံ့ပြန်ရ၊ တိုက်ခိုက်ရတာပေါ့။
ပြေးရင်းလွှားရင်း၊ ရှောင်ရင်းပုန်းရင်းနဲ့ ခွင်က ကျဉ်းသထက် ကျဉ်းကျဉ်းလာပါတော့တယ်။ တစ်နေရာရာမှာ အသေအချာ ၀ပ်နေရတော့မယ်ဆိုတာလည်း သဘောပေါက်လာပါတယ်။ ညည စစ်ကားတန်းကြီးတွေနဲ့ ရပ်ကွက်ထဲလှည့်ပြီး လက်နက်ချ ထွက်အဖမ်းခံဖို့၊ အသံချဲ့ စက်နဲ့အော်ဟစ်အမိန့်ပေးနေတဲ့အသံတွေကိုလည်း မပြတ်တမ်းကြားနေရပါတယ်။ စက်တင်ဘာ ၂၅ ရက်ည (၂၀၀၇) ကတည်းက ကျနော်ပြေးနေ ပုန်းနေရတာ။ ရက်က ကြာလာပြီ။ အောက်တိုဘာထဲတောင် ၀င်လာပြီ။ အောက်တိုဘာ မိုးရေစက်တွေကတော့ ကျနော့်ရဲ့အိပ်မက်တွေကို ၀ှက်ထားပေးကြဆဲပေါ့။
နောက်ဆုံးတော့ အရဲကိုးပြီး ရန်သူနဲ့အနီးဆုံးအရပ်ကို တိုးဝင်လိုက်ပါတယ်။ ရန်သူနဲ့ အနီးဆုံးနေရာဟာ ကိုယ့်အတွက် ပုန်း ဖို့အလုံခြုံဆုံးနေရာပဲ။ ပုန်းခိုကျင်းကလေးတစ်ခုထဲကို ကျနော်ရောက်သွားပါတယ်။ ပိုက်ဆံပေးနေရတဲ့ ၀ပ်ကျင်းကလေးပေါ့။ အဲဒီကိုရောက်တော့မှ စိမ်ပြေနပြေ မသိခဲ့ရတဲ့ နအဖစစ်အစိုးရရဲ့အရှက်မရှိ သရက်စိ (စေ့) ကလိမ်ကညစ် လုပ်ရပ်တွေကို နဖူးတွေ့ဒူးတွေ့ ကြုံရ ကြားရ မြင်ရ ဖတ်ရတော့တာပါပဲ။
ပထမတစ်ခုက၊ နေပူတော်ကျွဲကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ၊ သူ့ဘက်က အချက် (၄) ချက်ကို မရှက်မ ကြောက် ထုတ်ပြီးပြောလိုက်တာပါပဲ။ သူပြောတဲ့အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်နာမယ်ဆိုရင် သူ နေပူတော်ကျွဲကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါမယ်ပေါ့။ ဒီတုန်းက တွေ့ဆုံရေးပွဲစားက အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်ပါ။
ဘယ်ရမလဲ။ ဟိုကလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်စုက ဒေါ်စုပဲ။ ဒေါ်ပုမှမဟုတ်တာပဲ။ ဒီအချက်ဟာ ရွှေဝါရောင် တော်လှန်ရေးဂယက်ကြောင့်၊ ဖိအားကြောင့် မလွန်ဆန်သာလို့၊ သန်းရွှေ ခြေမကိုင်မိ လက်မကိုင်မိ သွေးရူးသွေးတန်းထ လုပ်ခဲ့ရတာ။ ထားတော့။
နောက်တစ်ခုက၊ ရွှေဝါရောင်တော်လှန်ရေးကိုဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြပွဲတွေ၊ အောင်သောင်းနယ်မြေ မြင်းခြံတောင်သာ ကနေ စပေါ်ထွက်လာတာပါပဲ။ အရှက်နည်းလိုက်ကြတာဗျာ။ နအဖစစ်အစိုးရလက်ပါးစေ နောက်လိုက်ခွေး ကြံ့ဖွတ်အသင်းစွမ်းအားရှင်လူမိုက်တွေရဲ့ မမှန်ကန်တဲ့လုပ်ရပ်၊ တန်ပြန်ဆန္ဒပြတယ်ဆိုတဲ့ မိန်းမလျာလုပ်ဇာတ်ကို တစ်တိုင်းတစ်ပြည်လုံး၊ တစ်နိုင်ငံလုံး၊ အားလုံးကသိကြပါတယ်။
ရင်နာဖို့ တော့ကောင်းပါတယ်။ တစ်တိုင်း တစ်နိုင်ငံလုံး သိနေတဲ့ကြားက၊ ရင်မနာတတ်တဲ့ လူတချို့နဲ့ နအဖ စစ်အစိုးရခါး  ပိုက်ဆောင် လူမိုက်တစ်သင်းတို့ကြောင့်၊ အဲဒီတန်ပြန်ဆန္ဒပြပွဲတွေဟာ ဟိုမြို့ကြီး ဒီမြို့ကြီးတွေဆီကို အဓမ္မရောက်ရှိလာပါ တယ်။ ဘယ်လောက်နာကြည်းစရာ၊ ခံပြင်းစရာကောင်းလိုက်သလဲဆိုရင်၊ မြစ်ကြီးနားမြို့က တန်ပြန်ဆန္ဒပြပွဲစင်မြင့်ပေါ်မှာ၊ အဲဒီက တိုင်းရင်းသားခေါင်းဆောင်ဆိုသူုများဟာ၊ နအဖစစ်အစိုးရအလိုကျ၊ သူတို့က ရွှေဝါရောင်တော်လှန်ရေးကို မြိန်ရေ ယှက်ရေ အပုပ်ချထိုးနှက်ခဲ့ကြတာပါ။
ဟော- လားရှိုးမြို့ တန်ပြန်ဆန္ဒပြပွဲကျတော့ကော။ စကားကျန်ခဲ့လို့ ဒိနေရာမှာဖြတ်ပြီး ဖြည့်ပြောရမယ်ဆိုရင်၊ နအဖ စစ်တပ်က ရွှေဝါရောင်တော်လှန်ရေးအင်အားစုတွေကို ပစ်ခတ်ချေမှုန်းနေရဆဲဖြစ်တဲ့၊ (၂၀၀၇) စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းလောက်မှာ၊ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာဂမ်ဘာရီဟာ၊ နအဖစစ်အစိုးရခွင့်ပြုချက်နဲ့ မြန်မာ ပြည်ရောက်လာပါတယ်။ ရန်ကုန်မြို့ပေါ်က ကတ္တရာလမ်းတွေပေါ်မှာ ဆက်လက်ဆန္ဒပြတိုက်ပွဲဝင်နေတဲ့ သံဃာ- ကျောင်း သား- ပြည်သူတွေဟာ၊ အဲဒီကုလသံတမန်ကို အထင်ကြီးအားကိုးပြီး၊ မင်္ဂလာဒုံမှာ သွားပြီးစောင့်ကြိုပါသတဲ့။
နောက်ဆုံးတော့ ဂမ်ဘာရီကြီးက ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ပြီး၊ နေပူတော်က အသင့်လာစောင့်နေတဲ့ လေယာဉ်ပေါ်၊ ခြေထောက်တောင် မြေကြီးမနင်းလိုက်ရဘဲ အတင်းနသားပါယားနဲ့ ပါသွားပါလေရော မဟုတ်လား။ ရန်ကုန်က ဘွိုင်း ကောက်တားများခမျာတော့၊ ဂမ်ဘာရီရောက်မှပဲ၊ ကျည်ဆန်သုံးတောင့် ပိုအပစ်ခံရတဲ့ကိန်းဆိုက်ခဲ့တာပါ။
အဲဒီ ဂမ်ဘာရီကြီးကို နေပူတော်အရာရှိမင်းများက တစ်ခါတည်း၊ လားရှိုးက တန်ပြန်ဆန္ဒပြပွဲကို တန်းပြီးခေါ်သွားပါရောလား။ ဂမ်ဘာရီကြီးရှေ့ထားပြီး အဲဒီက တိုင်းရင်းသားခေါင်းဆောင်ဆိုသူများကလည်း နအဖစစ်အစိုးရခိုင်းတဲ့အတိုင်း တစ်သဝေ မတိမ်း၊ ရွှေဝါရောင်တော်လှန်ရေးကို နှစ်ပြားမတန်အောင် အပြစ်တင် ဝေဖန် ရှုတ်ချခဲ့ပြန်ပါရောလား။ တရားကျစရာပါ။ ရှက် ဖို့ကောင်းပါတယ်ဗျာ။ (တစ်ဆက်တည်း ပြောစရာရှိတာ စကားမကျန်အောင်ပြောရရင်၊ ဂမ်ဘာရီ မြန်မာပြည်ကအပြန်၊ စင် ကာပူလေဆိပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးထည့်ပေးလိုက်တဲ့ သ၀ဏ်လွှာ ကို ဖတ်ပြပါတယ်။ ဒီသ၀ဏ်လွှာထဲမှာ တိုင်းရင်းသားတွေအရေးနဲ့ပတ်သက်လို့ သူ့ မှာလည်းတာဝန်ရှိပါတယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ဖော်ပြထားပါတယ်။ ၀မ်းနည်းစရာပါ။ ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်ဆိုသူများဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ပြောဆိုချက်ကို မျက်စေ့မှိတ်ပြီး နအဖစစ်အစိုးရရဲ့ ဓားမနောက်ပိတ်ခွေးတို့ထုံးစံအတိုင်း အသံကုန်ဟစ်ကန့်ကွက်ခဲ့ကြပါတယ်ခင်ဗျာ)
ဒါတွေဟာ ကျနော်လုပ်ကြံပြီး  ရမ်းသန်းမှန်းသန်းပြောနေတာမဟုတ်ပါဘူး။  ပုန်းခိုကျင်းကလေးထဲမှာ နေ့စဉ်မှန်မှန်ဖတ်နေရ တဲ့ အစိုးရသတင်းစာတွေမျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေ၊ နှစ်လိုင်းမည်းကြီးတွေ၊ အားရပါးရ လက်သီးလက်မောင်းတန်း အော်ဟစ်နေတဲ့ဓာတ်ပုံကြီးတွေနဲ့ ပါလာခဲ့တာပါ။ ငြင်းလို့မရ၊ ရှောင်လွှဲလို့မရတဲ့ သမိုင်းအမှန်ကို အသရေဖျက်မှုပါ။ လူထု ကဖျက်တာ မဟုတ်ပါဘူး။ အစိုးရကဖျက်တာ။ အစိုးရအသရေဖျက်မှုပါ။
ရွှေဝါရောင်တော်လှန်ရေးဟာ ကမ္ဘာသိတော်လှန်ရေး၊ နိုင်ငံတကာသိအမှန်တရားပါ။ ရင်နာဖို့ ကောင်းပါတယ်။ အဲဒီမြန်မာ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့တော်လှန်တဲ့အမှန်တရားဖြစ်ရပ်ကို၊ တစ်ကမ္ဘာလုံး၊ နေရာအ၀န်းကသိပါလျက်နဲ့၊ ကျနော်တို့ ဆီကတချို့ သူတောင်းစားတွေ၊ တချို့တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့ ဖွတ်ကျား အစိုးရဖော်လံဖား လူ့ငနွားတွေက မသိဘူး ခင်ဗျ။ ဖက်ဆစ်မှိုင်းအတိုက်ခံထားရလို့  ဘ၀အမှောင်ဖုံးလူဖြစ်ရှုံးနေတဲ့သူတွေဗျ။ ဒီလူတွေ လူ့အသိတရားမရှိလို့တန်ပြန်ဆန္ဒပြပွဲတွေမှာ အစိုးရလုပ်ခိုင်းတဲ့အတိုင်း ပါကြတာပါပဲ။
အမှန်တရားမရှိလို့၊ မသိလို့ပဲ ပါပါ၊ နေ့တွက်ပိုက်ဆံရလို့ပဲ ပါပါ၊ မလွန်ဆန်နိုင်လို့ပဲ ပါပါ၊ ကန်တော့ပါရဲ့ဗျာ၊ သူ့ဟာသူ ဖင်ယားလို့ပဲပါပါ၊ တန်ပြန်ဆန္ဒပြပွဲမှာ ကံသုံးပါးနဲ့ ပါနေတဲ့သူတွေဟာ၊ အမှန်တရားကို မလိုလားတဲ့သူတွေပဲ။ ငတုံးတွေပဲ။ အဖျက်သမားတွေပဲ။ အန္တရာယ်တွေပဲ။ လူမဟုတ်ဘူး။ ဓားမနောက်ပိတ် ခွေးတွေပဲ။ ဒီလိုလူမျိုးတွေ၊ ဒီလိုမျိုးတိုင်းရင်းသား ခေါင်းဆောင်ဆိုတဲ့သူတွေကို ကျနော်တို့ ပြတ်ပြတ်သားသားရှုတ်ချရမယ်။ ပစ်ပယ်ရမယ်။ တောထုတ်ပစ်ရမယ်။
တစ်ခုတော့ ကျနော်ပြောပါမယ်။  မစ္စတာဂမ်ဘာရီ  လားရှိုးကနေပြန်လာပြီး၊ ရန်ကုန်ရောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့သွား တွေ့မယ့်နေ့က ကျနော် မစ္စတာဂမ်ဘာရီအတွက် အင်္ဂလိပ်လိုရေးထားတဲ့စာတစ်စောင်နဲ့၊ ကျော်သူအပ်နှံထားတဲ့ တိုက်ပွဲဝင် သာသန အလံတစ်လက်၊ ဂမ်ဘာရီလက်ထဲကို အသေအချာပေးအပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့ ပကတိအမှန် တရားစစ်စစ်ကို ဒီသံတမန်ကြီး ပြည့်ပြည့်၀၀ နားလည်သဘောပေါက်သွားစေဖို့ပါပဲ။ နောက်တော့ သူလည်း နအဖမှိုင်းမိ သွားလို့ ၊ ခြံနံပါတ် (၅၄) မှာ သံတံခါး တ၀ုန်းဝုန်းထု အရှက်ကွဲတဲ့အဖြစ် ရောက်ခဲ့တော့တာပါပဲ။
ကျနော် အဲဒီတုန်းက ပိုက်ဆံပေးနေရတဲ့ဝပ်ကျင်းကလေး၊ ပုန်းခိုကျင်းကလေးထဲကနေ တစ်နေ့တစ်နေ့၊ အဲဒီလို နအဖ စစ်အစိုးရ သူခိုးဓားပြတွေရဲ့ မဟုတ်မမှန် လုပ်ကြံပြီး ရွှေဝါရောင်တော်လှန်ရေးကို အသရေဖျက်နေတာတွေ၊ သံဃာတွေကို မိုက်ရိုင်းစော်ကားအသရေဖျက်နေတာတွေ၊ ဒါတွေကို ကြားနေရ၊ ဖတ်နေရတော့၊ နေ့စဉ်ပဲ နာကြည်းခံပြင်း ဒေါသထွက် မိပါတယ်။ လူကတော့ အပြင်ထွက်လို့ မရပါဘူး။ ပြေးပေါက်ပိတ်နေတဲ့အချိန်မှာ ကျနော်ငြိမ်နေခဲ့ရပေမဲ့၊ စိတ်ထဲကတော့ အကြီးအကျယ် ပြန်ပြီးခုခံတိုက်ခိုက်နေခဲ့ပါတယ်။ ကျနော့်တိုက်ခိုက်နည်းကတော့ ကျနော် ကဗျာတွေရေးတာပါပဲ။ မြန်မာလို ရော၊ အင်္ဂလိပ်လိုကော ကျနော်ကဗျာတွေရေးတာပါပဲ။ ဒါဟာ ကျနော့် တိုက်ခိုက်နည်းပါပဲ။ (လွတ်မြောက်နယ်မြေကိုရောက် တော့ ဒါတွေဟာ ခရမ်းပြာမြင်းရိုင်းဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ဖြစ်လာပါတယ်) အောက်တိုဘာ ဒုတိယအပတ် (၂၀၀၇) ထဲမှာ ကျနော် အဲဒီ အခပေးဝပ်ကျင်းကလေးကို အပြီးအပိုင်စွန့်ခွာခဲ့ရပါတော့တယ်။ သာ၍ ဝေးရာဆီကိုပါ။ အခိုက်အတန့် တော့ အစိုးရသတင်းစာတွေကိုလည်း မဖတ်ရတော့ပါဘူး။ ရေဒီယိုကလေးကနေတော့ အစိုးရရဲ့ မဟုတ်တမ်းတရမ်း သတင်းတွေကို မကြားရတစ်ချက်၊ ကြားရတစ်ချက်။
နအဖစစ်အုပ်စုဟာ ရွှေဝါရောင်တော်လှန်ရေးကို သေလောက်အောင် ကြောက်ရွံ့ဒူးတုန်ခဲ့တာလည်း အမှန်တကယ်ပါပဲ။ နာဂစ်အလွန်မှာ ရွေးကောက်ပွဲမြန်မြန်လုပ်ပြီး၊ နေပူတော်ကျွဲကြီး နန်းစွန့်သွားတာလည်း ရွှေဝါရောင်တော်လှန်ရေးက   ကောင်းကောင်းသင်ခန်းစာပေးလိုက်လို့ပါပဲ။ ရွှေဝါရောင်တော်လှန်ရေးကြောင့် နိုင်ငံရေးအပြောင်းအလဲတွေဟာ ပိုပြီးမြန် ဆန်လာခဲ့ပါတယ်လို့  ကိုမင်းကိုနိုင်ပြောခဲ့ပါတယ်။
မမှန်မကန် တန်ပြန်တဲ့ ကြံ့ဖွတ်ပါတီဝင် အာဏာရစွမ်းအားရှင် လူဆိုးဂိုဏ်းတွေရဲ့လုပ်ရပ်တွေကတော့ ပျောက်ကွယ်မသွား ပါဘူး။ မရဲဘဲ ကျွဲပြဲစီးထွက်လာတဲ့ ဒီလူမိုက်တွေရဲ့ အစိုးရအလိုကျလုပ်ရပ်တွေက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ် ဆယ့်ရှစ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဒီအတိုက်အခံအင်အားစုကြီးနှစ်ခုက ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေ စတင်လုပ်လာတဲ့အချိန်မှာ၊ သင်းတို့အာဏာရအစိုးရနောက်လိုက်ခွေးတွေရဲ့ တန်ပြန် ဟောပြောပွဲတွေ ပေါ်ထွက်လာတာပါပဲ။ (၂၀၁၀ မှာ ကြံ့ဖွတ်အသင်းဟာ ကြံ့ဖွတ်ပါတီဖြစ်လာပါတယ်။ ပါတီဖြစ်လာတော့ လူဆိုး လူမိုက် လူရမ်းကားတွေလည်း ပိုများလာပါတယ်) ကြံ့ဖွတ် လူမိုက်ဂိုဏ်းအပြင်၊ ရွံစရာ စက်ဆုပ်စရာကောင်းလှတဲ့ နေမျိုး ဝေတို့လို၊ ခင်ဝိုင်းကြည်တို့လို၊ ၀ီရသူတို့လို။ အဲဒီလိုလောက်ကိုင် (လောက်ကောင်မဟုတ်) သူတို့မှ လောက်ကိုင် အစစ်။ အခုအရပ်သားစစ်အစိုးရ၊ သိန်းစိန်အစိုးရယိုတဲ့ချေးပုံထဲက၊ တဖွားဖွားတက်နေတဲ့လောက်တွေကို ပယ်ပယ်နယ်နယ် ကိုင်ပြီး၊ သူတို့ဟာ လူထုကိုစော်ကားဝံ့နေကြတာပဲ မဟုတ်လား။ အများပြည်သူလူထုက လက်မခံလို့၊ သံပုံးတီးမောင်း ထုတ်တော့လည်း၊ အမြီးကလေးတွေကုပ်ပြီး၊ ရွှေမန်းသဘင်နားရစ်သီရစ်သီလုပ်နေတာလည်း သင်းတို့လောက်ကိုင်တွေပဲ မဟုတ်လား။ အခု ဒီလောက်ကိုင်တွေ တစ်ခါပေါ်လာပြန်ပြီ။ (ကိုးကန့် လောက်ကိုင်အရေးနဲ့ အပြိုင်)
၂၀၁၅ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားစစ်ကြောင်း ရန်ကုန်ကိုဝင်ချလာမှာ စိုးရမ်ထိတ်လန့် တုန်လှုပ် ချောက်ချားဖြစ်ပြီး၊ အာဏာရကြံ့ဖွတ်ပါတီကြီးရော၊ အရပ်သားစစ်အစိုးရကြီးရော၊ အပေါ်လွှတ်တော်၊ အောက်လွှတ်တော၊် ပြည်နယ်လွှတ်တော်၊ တိုင်းလွှတ်တော်၊လွှတ်တော်အားလုံးရော၊ သံဃမဟာနာကယရော၊ မဘသ ရော၊ ကောင်းမြင့်ထွဋ်တို့၊ အေးလွင်တို့လို မြောင်းထဲက ဖားခုံညင်းတွေရော၊ ငြိမ်းချမ်းရေးပွဲစား၊ သပိတ်ပွဲစားတွေရော၊ မင်းဆရာလုပ်ချင်တဲ့ဘုန်းကြီးအကြီးကြီးကနေ၊ ဘာမှဉာဏ်ပညာအမြော်အမြင်မရှိတဲ့ ဘုန်းကြီးသေးသေးကလေးအထိရော၊ ကလေကချေ ပညာတတ် အစိုးရဖော်လံဖားတက္ကသိုလ်အာဏာပိုင်တွေရော၊ တချို့အပျော်တမ်းနိုင်ငံရေးပါတီတွေရော၊ တချို့စာပေနဲ့ အနုပညာသည်တွေကောဟာ၊ မရိုးမသားနဲ့ သူခိုးကျင့် ကြမ်းပိုးကြံကြံပြီး၊ ကျောင်းသားတွေရဲ့ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမှာ ခဏရပ်နားထားတဲ့အချိန်မှာ၊ ဒီ ကြောက်ဒူးတုန် သုညတ သုံးစားမရတဲ့ အစိုးရဖော်လံဖား နောက်လိုက်ခွေး တစ်သိုက်က၊ ဟိုကထဟောင် ဒီကထဟောင်နဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို မျက်နှာပြောင်တိုက်ပြီး၊ တန်ပြန်ဆန္ဒပြပွဲတွေလုပ်လာနေတာကို၊ ကျနော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေကြရတော့မှာလား။
ဒီလို မမှန်မကန်နဲ့တန်ပြန်တဲ့လုပ်ရပ်မှန်သမျှ အရပ်သားစစ်အစိုးရနဲ့ အာဏာရကြံ့ဖွတ်ပါတီကစေခိုင်းလို့ လုပ်ရတာချည်း အမှန်ဖြစ်ကြောင်း ကလေးကအစ၊ ခွေးကအစ၊ အားလုံးကသိကြပါတယ်။     မမှန်ကန်တဲ့သူတွေသာ ဒီလိုသူရဲဘောကြောင် တဲ့တန်ပြန်အလုပ်မျိုးလုပ်ကြတာပါ။ မှန်ကန်တဲ့သူတွေအဖို့ကတော့ တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်လိုက်ကြတာပါပဲ။  ။
ေ အ ာ င္ ေ ၀ း
မတ် ၁ – ၂၀၁၅။