Thursday, June 9, 2011

(မောင်သစ်မင်း သို့)

အဖြူရောင်ငှက်

မြိုချလိုက်ဖို့ဆိုတော့လည်း
ကိုယ်က နွေဦးကိုကြိုချင်သေးတာ။

ထွေးထုတ်လည်းမပစ်ရက်တော့
တေးကိုပဲ ငုံထားရတယ်။

ယုံပါ
"တေးငုံငှက်"
စုံနံသာမြိုင် လေးသံစဲရင်
ရင်ထဲကသီချင်းဆိုမယ်။ ။


(မောင်သစ်မင်း သို့)
ဇွန်၈-၁၁။

0 comments: