Monday, September 2, 2013

ဝ င်းေ မာ် ဦး သို့  ေ ရႊ ၀ါ ေ ရ ာ င် တ မ်း ချ င်း





(၃)
ဘာ့ကြောင့် ၀င်းမော်ဦးလဲ
ဘာ့ကြောင့် ရွှေဝါရောင်လဲ။
ငြိမ်းချမ်းရေး…တဲ့
မရှိတော့ဘူး။
အမေလူထုဒေါ်အမာ
မရှိတော့ဘူး။
ဆရာဒဂုန်တာရာ
မရှိတော့ဘူး။
သမီးရေ…
ဝင်းမော်ဦးရေ…
မရှိတော့ဘူး။
ရွှေဝါရောင်ရေ…
စက်တင်ဘာရေ…
မရှိတော့ဘူး။
အရာရာဟာ
ဆုံးပါး
မှုန်ဝါး။
ရွှေတိဂုံကိုမြင်ရင်
နာကျင်တယ်။
၂၀၀၇
စက်တင်ဘာကောင်းကင်အောက်က
ခွပ်ဒေါင်းအလံနှစ်လက်
၂၀၁၃
ဒဂုန်တာရာဈာပနမှာပြန်တွေ့ တယ်။
၁၉၈၈
စက်တင်ဘာ ၁၉
ကျဆုံးသွားတဲ့ကျောင်းသူအရိုး
ရန်သူကိုထိုးမယ်။
မမေ့နိုင်ဘူး
ခွင့်မလွှတ်နိုင်ဘူး
(ဒါပေမဲ့)
လက်စားမချေပါဘူး။
အရှုံးမပေးဘူး
လက်နက်မချဘူး
(ဒါပေမဲ့)
လက်စားမချေပါဘူး။
ငါတို့ သမိုင်း
ငါတို့ လွတ်လွတ်လပ်လပ်လွမ်းပရစေ။
ငါတို့  မျက်ရည်
ငါတို့ လွတ်လွတ်လပ်လပ်သုတ်ပရစေ။
ငါတို့ နာကြည်းမှု
ငါတို့ လွတ်လွတ်လပ်လပ်ထုဆစ်ပရစေ။
ရွှေဝါရောင်ရေ…
မအောင်မြင်သေးတဲ့
အတိတ်ကိုတွေးပါ။
သစ်တောကြီးတစ်ခုလုံးကို
တွေးပါ။
DAY 1 ကိုပဲတွေးပါ
DAY 2 တွေ
DAY 3 တွေ ခုမတွေးပါနဲ့ ။
အမျိုးသားပြန်လည်သင့်မြတ်ရေး
ဖက်ဒရယ်ပြည်ထောင်စု
ဒါတွေ လူကြားလို့ တော့ကောင်းပါရဲ့ ။
ခုတော့
DAY 1 ကိုပဲတွေးပါ
တစ်ပင်ချင်းကိစ္စတွေ
နောင်ဖြစ်လာမယ်။
သူရဲကောင်းသွေး
မတိတ်သေးဘူး။
သူရဲကောင်းတေး
မဆိတ်သေးဘူး။
စက်တင်ဘာရေ…
နှင်းဆီပွင့်ပေါ်အိပ်ပျော်ပါတော့။
ကြေကွဲမိပါရဲ့ 
သို့ ပေတဲ့
ကွဲကြေတဲ့နှလုံးသားက
ရဲရင့်လိုက်ပါရဲ့ ။
တင့်ကားအစင်းစင်းကတော့
နှင်းဆီခင်းကို
ဖြတ်နင်းဖို့ လာနေကြပြီ။
ဘယ်သူတွေ
အလံဖြူ ဝှေ့ ယမ်းပြနေသလဲ။
ခင်ဗျားတို့ အားလုံး
နောက်ဆုတ်ပေးလိုက်ကြပါ
ဒီမှာ
ဝင်းမော်ဦးလာနေတယ်။
ဒီတစ်ခါ
ရွှေဝါရောင်တပ်ဦးထိပ်
ခွပ်ဒေါင်းအလံ ပြန်ချိတ်တဲ့နေ့ ။
လေးကိုင်းကိုကွေးတင်၍
လေးညှို့ကို ငင်ပြီးပြီ
မြားဦးမှာ မရပ်ချင်ပါနဲ့ အရှင်။      ။

(ပြီးပါပြီ)

0 comments: