WIN AUNG & AUNG WAY - က က် က င်း စာ အု ပ် မိ တ် ဆ က် ပွဲ သို့ ။
အားလုံး မင်္ဂလာပါ။ ကြွရောက်လာသူအားလုံး ကြည်သာချမ်းမြ ရှိကြပါစေလို့  ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
အခုလို ကျနော်တို
့သူငယ်ချင်းနှစ်ယောက်ရဲ့ စာအုပ်မိတ်ဆက်ပွဲကလေးကို တက်ရောက်လာကြသူ၊
စာပေအနုပညာလောက၊ သတင်းမီဒီယာလောက၊ နိုင်ငံရေးလောကတွေက ဆရာ၊ ဆရာမများ၊
ရဲဘော် သူငယ်ချင်း မိတ်ဆွေများခင်ဗျား-
အင်္ဂလိပ်စာဆိုကြီး
လောင်းဖဲလိုး ရဲ “့မြားတစ်စင်းနဲ့ သီချင်းတစ်ပုဒ်” ဆိုတဲ့ကဗျာထဲမှာ၊
သီချင်းတစ်ပုဒ်ကို ရင်ဖွင့်ဆို ထုတ်လိုက်တယ်၊ လေထဲအဝေးကြီး၊
ဘယ်ဆီရောက်သွားပလဲ။ မြားတစ်စင်းကိုလည်း
ပစ်လွှတ်လွှင့်တင်လိုက်တယ်၊မျက်စေ့တစ်ဆုံး၊ ဘယ်ဝယ်ရောက်သွားသလဲ။
နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့၊ အဲဒီသီချင်းကို သူငယ်ချင်းရဲ့ 
နှလုံးအိမ်ထဲမှာ အစ အဆုံး ပြန်ကြားလိုက်ရတယ်တဲ့။ မြားကိုလည်း
ဝက်သစ်ချပင်တစ်ပင်မှာ မကျိုးမပဲ့ စိုက်လျက်သား တန်းလန်း
ပြန်တွေ့လိုက်ရပါသတဲ့။
အခု ဒီ ကက်ကင်း
စာအုပ်ကလေးကတော့၊ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်၊ တစ်ယောက်ရဲ့ သီချင်းကို
တစ်ယောက်ရဲ့ ရင်ထဲမှာ ပြန်နားထောင်လိုက်ရတာပါပဲ။ တစ်ယောက်ရဲ့ မြားကိုလည်း
တစ်ယောက်ရဲ့ ဝက်သစ်ချပင်မှာ ပြန်တွေ့ မြင်လိုက်ရတာပါပဲ။ တိုင်းပြည်နဲ
့လူမျိုးကို ကျေးဇူးတင်ပါတယ်။
ဒီနေ့ ကျနော့်အနေနဲ့ ၊ ကျနော့်ဘက်က ၀န်ချတောင်းပန်စရာရှိတာတစ်ခုကိုလည်း အများဆုံတုန်း ၀န်ချ တောင်းပန်သွားပရစေ။
ဟိုး လွန်ခဲ့တဲ့
အနှစ်(၃၀)လောက်၊ ၁၉၈၆ မှာ ဆရာဦးအောင်သင်းက(ပေဖူးလွှာအင်တာဗျူးမှာထင်တယ်)
“ပြည်သူကို လှုံ့ ဆော် စည်းရုံးနိုင်စွမ်း နိမ့်မြင့် တန်းစီမယ်ဆိုရင်၊
ကဗျာက ဟိုး နောက်ဆုံးတန်းလောက်မှာ ရောက်နေပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။
ဒီတုန်းက ကျနော် ဆရာ့ကို “အောင်သင်း ဘာပြောပြော” ဆိုပြီး အသက်(၃၀)အရွယ်
ငယ်စိတ်ငယ်မာန်နဲ့ သဲသဲမဲမဲတုန့် ပြန်ခဲ့တယ်။ ၁၉၈၆ ဇွန်လထုတ်၊
ချယ်ရီမဂ္ဂဇင်းကနေ “ဝေဖန်ရေးဆရာနှင့် စီးချင်းထိုးခြင်း“ ဆိုတဲ့
ကဗျာရှည်ကြီးရေးပြီး၊ ဆရာဦးအောင်သင်းကို ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။
ပွဲကလည်းကြီးခဲ့ပါတယ်။
ကျနော့်ဘက်က မောင်ယဉ်မော်၊ မောင်ခိုင်မာ စတဲ့
ကဗျာဆရာကြီးတွေ၊ ခေတ်ပြိုင်လူငယ်ကဗျာဆရာတွေ အများကြီး
ဝင်ကူတိုက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဆရာဦးအောင်သင်းကပဲ၊ လူကြီးပီပီ
သဘောထားကြီးကြီးနဲ့ စစ်ပြေငြိမ်း လေးချိုးကဗျာကြီးတစ်ပုဒ်ရေးလို
့ပွဲသိမ်းလိုက်ပါတယ်။ ခုတော့ ဆရာလည်းကွယ်လွန်သွားခဲ့ပါပြီ။
အခု၊ အဲဒီအချိန်
၁၉၈၆ အောင်သင်း- အောင်ဝေးတိုက်ပွဲကနေ ရေတွက်ရင်၊
နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ၊ လွန်ခဲ့တဲ့(၃)နှစ်လောက်က(လေးနှစ်
ငါးနှစ်ရင်လည်းဖြစ်မယ်) ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်တွေ၊
တော်ဝင်နှင်းဆီမှာ ပထမဆုံးတွေ့ တဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ
့မြန်မာ့ဒီမိုကရေစီအရေးမှာ၊ ဒီနေ့ ကာတွန်းဆရာတွေရဲ့ ကာတွန်းလက်ရာတွေက
လူထုထဲအရောက်ဆုံး၊ အထိရောက်ဆုံးဖြစ်တယ်” ဆိုတဲ့သဘော မြွက်ကြားသွားခဲ့တာကို၊
အဝေးကနေကြားရပြီး၊ အသက်(၆၀)နားကပ်လာတဲ့နှလုံးသားနဲ
့မုဒိတာပွားနိုင်ခဲ့ပါတယ်။
သြော် … ငါတို့ ဆရာ ဦးအောင်သင်းက၊ ဒီသဘောမျိုးပါပဲမဟုတ်လား၊ ဒေါ်အောင်ဆန်းစုကြည် အရင် အနှစ် ၃၀- ၃၅ နှစ်လောက်စောပြီးပြောခဲ့တာပါလား။
သြော် … ငါတို
့အစ်မ ဒေါ်အောင်ဆန်းစုကြည်ကတော့၊ ဦးအောင်သင်းလို တုတ်ထိုးအိုးပေါက်
ဒဲ့မပြောဘဲ၊ သွယ်ဝိုက်ပြီး(ကဗျာဆရာတွေကို အားနာလို့ ထင်တယ်) ကဗျာတွေက
ကာတွန်းလောက် မစွံဘူးဆိုတဲ့သဘောပေါ့ လေ၊ သူပြောချင်တာများလား။
အခုတော့၊ ကျနော် ဆရာဦးအောင်သင်းကို ၀န်ချတောင်းပန်ပါတယ်။ ဆရာ ခွင့်လွှတ်ပါ။ ခွင့်လွှတ်ပါဆရာ။
ဟုတ်ပါတယ်။
ကျနော်တို့ ကဗျာဆရာတွေ အများကြီးလိုပါသေးတယ်။ ကျနော်တို
့ဆက်လက်ကြိုးပမ်းကြပါဦးစို့ ။ ကျနော်တို့ စာပေအနုပညာ၊ သတင်းမီဒီယာ၊
နိုင်ငံရေး၊ သုံးလောက တပ်ပေါင်းစုကြီး စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ
့ကိုက်ညီတဲ့အင်အားနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ဆောင်ရွက်ကြပါဦးစို
့။
အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
ေ အ ာ င္ ေ ၀ း
မေ ၄ - ၂၀၁၅
ေ
ခေတ္တ- မစ်ရှီဂန်။
0 comments:
Post a Comment