Tuesday, December 15, 2020
အောင်ဝေးကော့တေးလ်
မော်စီတုန်းက ပြောတယ်
မာရီလင်။
လူဟာ
နေ့စဉ်
လက်တွေ့တိုက်ပွဲကြီး(၃)ရပ်
ဖြတ်သန်းနေရသတဲ့။
၁။ လူတန်းစားတိုက်ပွဲ၊
၂။ ကုန်ထုတ်လုပ်ရေးတိုက်ပွဲ နဲ့
၃။ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ။
ဥပမာ-
ပထမတိုက်ပွဲ
အရင်းရှင်နဲ့ ပစ္စည်းမဲ့
ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ
(စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ)
ရန်/ငါ စည်းသတ်
အပြတ်တိုက်ရတာ
လူတန်းစာတိုက်ပွဲလို့မှတ်။
ဒုတိယ
ကုန်ထုတ်လုပ်ရေးတိုက်ပွဲဆိုတာ
ကုန်လုပ်ဆက်ဆံရေးအဟောင်းနဲ့
ကုန်ထုတ်စွမ်းအားစုအသစ်
ပဋိပက္ခ။
ဥပမာ-
ဒလနဲ့ ဘုန်းကြီးလမ်း
ကိုရီးယန်းတံတားကြီး
ပြီးသွားတဲ့အခါ
ငှက်ကလေးတွေ အစာငတ်တော့မယ်။
နောက်ဆုံးတိုက်ပွဲက
လူနဲ့ သဘာဝ
အားပြိုင်ကြတဲ့ပွဲပေါ့။
သဘာဝတရားက
လူသားကို ဒဏ်ခတ်
လူသားက
(သဘာဝကို အန်တုဖို့)
သိပ္ပံပညာစမ်းသပ်။
သိပ္ပံလက်နက်တပ်
ဘေးဆိုး၊ ကပ်ဆိုး
သဘာဝဆိုး
ထိုးစစ်ကို ထိုးစစ်နဲ့ ရိုက်ချိုးရတဲ့အမျိုး။
မာရီလင်
အခု ကိုဗစ်ကပ်ဘေးဟာ
တတိယတိုက်ပွဲပေါ့။
မာရီလင်
အခု ကိုရိုနာဗိုင်းရပ်စ်ဟာ
သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲပေါ့။
အမေရိကမှာ
ပထမဆုံး
ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံရသူ
စန္ဒရာလင်းဆေး က ပြောတယ်။
"ကျမ သိပ္ပံပညာကို ယုံတယ်" တဲ့။
နယူးယောက်မြို့
ကွင်းစ်ဆေးရုံကြီး
အထူးကြပ်မတ်ကုသဆောင်မှာ
တာဝန်ကျသူ
သူနာပြုဆရာမပေါ့။
သူမ လူဖြစ်လာတာ
ကမ္ဘာပေါ်မှာ
၅၂-နှစ်။
အဲဒီ ၅၂-နှစ်အရွယ်က
သိပ္ပံပညာကို ယုံသတဲ့။
မာရီလင်
စန္ဒရာလင်းဆေးကလည်း
စန္ဒရာလင်းဆေး ပေါ့။
သူ့အရင်စော
ဟော- ကမ္ဘာတစ်ခုလုံးမှာ
(ကိုဗစ်ကာကွယ်ဆေး)
ပထမဆုံးထိုးနှံခံရသူ
လန်ဒန်မြို့သူကြီး
မာဂရက်ကီးနန်။
အဲဒီ လန်ဒန်သူကလည်း ပြောတယ်
မာရီလင်။
ဒီဆေးဟာ
သူ့ရဲ့(၉၁)နှစ်ပြည့်မွေးနေ့အတွက်
တစ်ပတ်ကြိုရတဲ့
အကောင်းဆုံးလက်ဆောင် တဲ့။
မာရီလင်
၉၁-နှစ်အရွယ်ကြီးကလည်း
သိပ္ပံပညာကပေးတဲ့လက်ဆောင်
ချစ်ထုံးဖွဲ့နှောင်သပေါ့။
ငါတို့ဟာ
လူမှုလက်တွေ့ဘဝထဲ
မော် ပြောတဲ့
တိုက်ပွဲကြီး(၃)ရပ်
မပြတ် ဆင်နွဲ။
နိုင်တာပဲဖြစ်ဖြစ်
ရှုံးတာပဲဖြစ်ဖြစ်
တိုက်ပွဲဟာ တိုက်ပွဲ။
"ကောင်းတာပဲဖြစ်ဖြစ်
ဆိုူတာပဲဖြစ်ဖြစ်
ဘဝဟာ ဘဝပါပဲ" တဲ့
ရူးဆိုး ပြောသလိုပေါ့
မာရီလင်ရယ်။
ငါတို့ကြုံရတဲ့ တိုက်ပွဲက
စုံတယ်။
ကပ်ဘေးဆုံမှ
သိပ္ပံတ သတဲ့။
အနည်းဆုံးတော့
ငါတို့ဟာ
သိပ္ပံပညာကို ယုံမှဖြစ်မယ်။
လက်ကို မကြာမကြာဆေးပါဆို
ဆေးမှ။
နှာခေါင်း၊ ပါးစပ်စည်း တပ်ပါဆို
တပ်မှ။
တစ်ယောက်နဲ့တစ်ယောက်
၆-ပေခွာ နေပါဆိုလည်း
နေမှ။
မာရီလင်
ဒေါ်အောင်ဆန်းစုကြည်က ဒါဆိုရင်
ဒါမှ။
ဒေါ်အောင်ဆန်းစုကြည်ကို
မယုံကြည်လို့ မဖြစ်ဘူး မာရီလင်။
ရွေးကောက်ပွဲမှာ
ရွေးကောက်ပွဲအောင်နိုင်ရေး
သူ မလုပ်အား
ကိုဗစ်အောင်နိုင်ရေး လုပ်နေရတယ်။
ကိုဗစ်ကိုနိုင်တော့
ရွေးကောက်ပွဲလည်း နိုင်တယ်လေ။
ကိုဗစ်က တခြားသူတွေဆို
မကြောက်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဆိုရင်
ကြောက်ချင်တယ်။
ငါတို့
ဒေါ်အောင်ဆန်းစုကြည် ပြောတာကို
နားထောင်ရမယ်။
သူပြောတာ သိပ္ပံနည်းကျတယ်
ငါတို့
သိပ္ပံပညာကို ယုံရမယ်။
မယုံရင်
သရဏဂုံ တင်သွားရမယ်။
မယုံရင်
ထိန်ပင်၊ ရေဝေး
ထားဝယ်ချောင်
ကူးတို့ခ ဆောင်သွားရမယ်။
မယုံရင်
"ပြန်လမ်းမကြုံတဲ့
ယမုန်နာဦးဝယ်" ဖြစ်မယ် မာရီလင်။
River of No Return တဲ့
မာရီလင်ရယ်
ဂျင်းဘောင်းဘီအပြာကလေးနဲ့
မင်း တေးဆိုနေပုံ
မင်း တွေးပိုနေပုံ
မင်း ဆွေးငိုနေပုံ
ငါ အမှတ်ရတယ်။
မင်း ပိုးတောင့်တဲ လှမ်းသွားပုံ
ငါ ရင်ခုန်ပါရဲ့။
ကမ္ဘာပေါ်မှာ
မင်းတစ်ယောက်ပဲ လျှောက်တဲ့
ပိုးတွန့်လျှောက် *
ခု ကြောင်းလျှောက်တွေ ပျင်းတယ်။
မင်း သရုပ်ဆောင်ပြတဲ့
အချစ်ဒဿနတွေ
ငါ အမှတ်ရတယ်။
လောကထဲကနေ
အသည်းနာနာနဲ့
မင်း ခွဲခွာသွားခဲ့တာ
ငါဝမ်းနည်းတယ် မာရီလင်။
ခက်တယ် မာရီလင်
လောကကြီးမှာ
အရာရာတိုင်းဟာ
သိပ္ပံပညာနဲ့ စမ်းသပ်လို့မှ မရဘဲ။
လောကကြီးမှာ
သိပ္ပံပညာနဲ့ စမ်းသပ်လို့မရတဲ့ အရာတွေ
ရှိတာပဲ။
ဆိုတော့ကွာ
"မွန်ရိုးအသည်းကွဲခြင်း"
သိပ္ပံပညာနဲ့ စမ်းလို့ရ မရ ငြင်းမလား။
ဆိုပါတော့
မာရီလင်
စစ်အာဏာရှင်ခေတ်က
ချစ်သူတွေ
သေကွဲ၊ ရှင်ကွဲ
ကွဲရတဲ့အခန်း
သိပ္ပံပညာက စွမ်းမလား။
ထပ်ဆိုဦးတော့
မာရီလင်
လင်ပစ်၊ သားပစ်နဲ့
တိုင်းပြည်ချစ်တဲ့
အမျိုးကောင်းသမီးတစ်ယောက်ရဲ့
အလွမ်း
သိပ္ပံပညာနဲ့ စမ်းလို့ဖြစ်မလား။
ချစ်သောမာရီလင်
ရင်ခုန်သံကို
သိပ္ပံဓာတ်ခွဲခန်း ပို့လို့ မရ။
ရင်(ဘတ်)နဲ့ လုပ်တဲ့အရာမှန်သမျှ
သိပ္ပံပညာက
မတုပနိုင်။
ကိုဗစ်ကို ကုပေးနိုင်ချင်နိုင်မယ်
သိပ္ပံပညာက။
ကပ်ဘေးကို ကာကွယ်ပေးနိုင်ချင်နိုင်မယ်
သိပ္ပံပညာက။
ဒါပေမဲ့
မာရီလင်
သ်ပ္ပံပညာက
အိမ်လွမ်းစိတ်ကိုတော့
ကု မပေးနိုင်
ကာကွယ် မပေးနိုင်ပါဘူး။
ငါ အခု
အိမ်လွမ်းနေတယ် မာရီလင်။
ငါ့ကောင်တွေလည်း
ငါ့ကို လွမ်းနေကြမယ် မာရီလင်။
ငါတို့ဘဝမှာ
အိမ်ထောင်ဆိုတာ ရှိတယ်
ပုသိမ်ထောင်ဆိုတာ ရှိတယ်။
ငါတို့မှာ
လင်ကို ထောင်ဝင်စာတွေ့ရတဲ့
လင်ဆိုးမယား၊ တဖားဖား
ဘဝတွေ ရှိတယ်လေ။
ငါတို့မှာ
မော်စီတုန်း မမြင်တဲ့
အိမ်ထောင်ရေးတိုက်ပွဲဆိုတာလည်း
ရှိသပေါ့မာရီလင်ရယ်။
ငါတို့ဟာ
စစ်အာဏာရှင်စနစ်ကိုတိုက်ဖို့
ငါတို့အိမ်ထောင်ရေးတိုက်ပွဲကို
မေ့ခဲ့ကြတယ်။
"နိုင်ငံရေးပို၊ ချစ်ရေးချို" သတဲ့
ဟိုကောင် ငထိုက်(စိုးအိမ်)
သူနဲ့ မခင်မျိုးမြင့်
အခု အချစ်အနှစ်လေးဆယ်။
ပြီးတော့
မောင်စိုသစ်၊ မဝေနီ
သူတို့လည်း အချစ်အနှစ်လေးဆယ်။
သံသရာမှာ မင်းဘယ်ပြေးမလဲ
အောင်ဝေး၊ ခင်ဆွေရီ
၃၉-နှစ်။
ကိုဗစ်ကာလမှာ
ငါတို့ဟာ
ပိုချစ်လာကြတယ်။
ငထိုက် သဘော
ပြောင်းပြန် ပြောရရင်
"နိုင်ငံရေးချို၊ ချစ်ရေးပို" ပေါ့။
မာရီလင်
ချစ်ရေးပိုကာလမှာ
သိပ္ပံပညာက
ငါ့ကိုလာ စမ်းသပ်တယ်။
ပရေရီမြက်ခင်းပြင်ထဲမှာ
ငါ လွင့်မျောနေတယ်။
ကီဗင်ကော့စနာရဲ့ဝံပုလွေတွေ
ငါ့ကို ဝိုင်းဖဲ့စားသောက်နေကြတယ်။
မြေခွေးတွေ
၂၀-ရာစုမြေခွေးတွေ
ငါ့ရဲ့ယုန်ကလေးနောက်ကို
ပြေးလိုက်သွားကြပြန်ပြီ။
ရွေးကောက်ပွဲရှုံးလို့တဲ့
ကိုယ်လုံးတီးဖွတ်မတွေ
ငါ့ကို မုန်းကြပြန်ရဲ့။
ငမိုးရိပ်ကမ်းနဘေးက
ငါ့အိပ်တန်းကလေး
မြွေတွေ၊ မြွေတွေ
ရဋ္ဌပါလ မြွေတွေ
ဝင်ခွေနေတယ် မာရီလင်။
ဒါတွေကို
သိပ္ပံပညာက
လိုက်မီနိုင်မတဲ့လား
ပြောပါဦး ငါ့မာရီလင်။
ရင်ထဲမှာ တင်းကျပ်လာတယ်
မင့်ဂါဝန် တဖျတ်ဖျတ်
လေထဲမှာခတ်သလို
ငါ့နှလုံးသား
လှပ်လှပ် ခုန်များခုန်ရဲ့ မာရီလင်ရယ်။
အိမ်နဲ့ဝေးနေတယ်
အလုပ်အကိုင်ကလည်း မရှိ
ကပ်ဘေးကြီးအတွင်းမှာ
ချစ်ခြင်းအားဖြင့်
သေမလား၊ ရှင်မလား။
ငါ မွန်းကျပ်လှချည်ရဲ့
မာရီလင်။
လည်ပင်း နွယ်ပတ်သလို
ရုပ်ရှင်ထဲက
မွန်းတပ်ချ်မျိုး
ငါ မွန်းညပ်လှချည်ရဲ့။
လူပေါင်း(၁၈)သန်းနီးပါး ကူးစက်
၃-သိန်းကျော် သေ
အမေရိကမှာ။
ငါ့စိတ်တွေ လှုပ်ရှားပါရဲ့
ကြောက်သလားဆိုတော့လည်း
အင်း- ကြောက်တာပေါ့ မာရီလင်ရယ်။
အမြောက်က
ကိုယ့်တည့်တည့် ပစ်ဖောက်နေတာ
မကြောက်ဘဲ နေပါ့မလား။
မာရီလင်ရယ်
အချစ်ခံရတာဖြစ်ဖြစ်
အမုန်းခံရတာဖြစ်ဖြစ်
မထူးပါဘူး။
ဒီ ကိုဗစ်မီးလျှံထဲမှာ
သောကဗျာပါဒတွေသာ
အမြန်လောင်ကျွမ်း ပြာကျသွားပါစေတော့။
မာရီလင်
ရင်ထဲ တင်းခက်
မွန်းကျပ် လှုပ်ရှား
ဝေဒနာတွေ များနေရင်
အရစ္စတိုတယ်က
သူ့ဝမ်းနုတ်ဆေး သောက်ပါ တဲ့။
ရသခံစားမှု
အနုပညာ
ကဗျာက
သင့်ဝေဒနာ
ခေတ်အနာကို
ကုစားပေးနိုင်ပါသတဲ့။
"ကသားဆစ်" ** တဲ့
အရစ္စတိုတယ်ဝမ်းနုတ်ဆေး။
လူ့သမဂ္ဂမှာ
ငါ အသက်ရှင်နေဖို့ဆိုရင်
သောက်မှ ဖြစ်မယ်။
အမေရိကမှာ
သမ္မတကြီး ကိုဗစ်ကူးတော့
အထူးကြပ်မတ်
ဆေး နှစ်မျိုးစပ် ***
ကုနည်းအသစ် ရသတတ်။
ထရန့်ကို ကုတဲ့ဆေးမို့
ထရန့်ကော့တေးလ် **** လို့ ခေါ်သတဲ့။
မာရီလင်
ငါ့ပြည်သူတွေကို
ငါ ချစ်ပါတယ်။
သူတို့ပျော်ရွှင်နေတာ
ငါ မြင်ချင်ပါတယ်။
ငါ့ရဲ့ကဗျာ
ဒီ ကဗျာ
မော်စီတုန်းလည်းပါ
ဒေါ်အောင်ဆန်းစုကြည်လည်းပါ
ဒေါ်နယ်ထရန့်လည်းပါ
"အောင်ဝေးကော့တေးလ်" လို့သာ
မှတ်ပါတော့။
ချစ်တာ မှန်ရင်
မာရီလင်
မြစ်တွေ ပြန်လာရမယ်လေ။     ။
အောင်ဝေး
(၁၂-၁၆- ၂၀)
* Wriggling Walk
** Moral Catharsis
*** Casirivimab & Imvedimab
**** Trump Cocktail
##
ေ အ ာ င္ ေ ၀ း ေ က ာ့ ေ တ း လ်
 မော်စီတုန်းက ပြောတယ်
မာရီလင်။
လူဟာ
နေ့စဉ်
ဖြတ်သန်းနေရသတဲ့။
၁။ လူတန်းစားတိုက်ပွဲ၊
ဥပမာ-
ပထမတိုက်ပွဲ
ရန်/ငါ စည်းသတ်
အပြတ်တိုက်ရတာ
ဒုတိယ
ပဋိပက္ခ။
ဥပမာ-
ဒလနဲ့ ဘုန်းကြီးလမ်း
ကိုရီးယန်းတံတားကြီး
ပြီးသွားတဲ့အခါ
နောက်ဆုံးတိုက်ပွဲက
လူနဲ့ သဘာဝ
သဘာဝတရားက
လူသားကို ဒဏ်ခတ်
လူသားက
(သဘာဝကို အန်တုဖို့)
သိပ္ပံပညာစမ်းသပ်။
သိပ္ပံလက်နက်တပ်
ဘေးဆိုး၊ ကပ်ဆိုး
သဘာဝဆိုး
မာရီလင်
အခု ကိုဗစ်ကပ်ဘေးဟာ
တတိယတိုက်ပွဲပေါ့ ။
မာရီလင်
အမေရိကမှာ
ပထမဆုံး
နယူးယောက်မြို့
ကွင်းစ်ဆေးရုံကြီး
တာဝန်ကျသူ
သူနာပြုဆရာမပေါ့ ။
သူမ လူဖြစ်လာတာ
ကမ္ဘာပေါ်မှာ
၅၂-နှစ်။
အဲဒီ ၅၂-နှစ်အရွယ်က
သိပ္ပံပညာကို ယုံသတဲ့။
မာရီလင်
စန္ဒရာလင်းဆေးကလည်း
စန္ဒရာလင်းဆေး ပေါ့ ။
သူ့အရင်စော
(ကိုဗစ်ကာကွယ်ဆေး)
ပထမဆုံးထိုးနှံခံရသူ
လန်ဒန်မြို့သူကြီး
မာဂရက်ကီးနန်။
မာရီလင်။
ဒီဆေးဟာ
တစ်ပတ်ကြိုရတဲ့
မာရီလင်
ငါတို့ဟာ
လူမှုလက်တွေ့ဘ၀ထဲ
မော် ပြောတဲ့
တိုက်ပွဲကြီး(၃)ရပ်
မပြတ် ဆင်နွဲ။
နိုင်တာပဲဖြစ်ဖြစ်
ရှုံးတာပဲဖြစ်ဖြစ်
တိုက်ပွဲဟာ တိုက်ပွဲ။
"ကောင်းတာပဲဖြစ်ဖြစ်
ဆိုတာပဲဖြစ်ဖြစ်
ဘ၀ဟာ ဘ၀ပါပဲ" တဲ့
ရူးဆိုး ပြောသလိုပေါ့ 
မာရီလင်ရယ်။
စုံတယ်။
ကပ်ဘေးဆုံမှ
သိပ္ပံတ သတဲ့။
အနည်းဆုံးတော့
ငါတို့ဟာ
ဆေးမှ။
တပ်မှ။
တစ်ယောက်နဲ့တစ်ယောက်
၆-ပေခွာ နေပါဆိုလည်း
နေမှ။
မာရီလင်
ဒါမှ။
ရွေးကောက်ပွဲမှာ
သူ မလုပ်အား
ကိုဗစ်ကိုနိုင်တော့
မကြောက်ဘူး။
ကြောက်ချင်တယ်။
ငါတို့
နားထောင်ရမယ်။
ငါတို့
သိပ္ပံပညာကို ယုံရမယ်။
မယုံရင်
သရဏဂုံ တင်သွားရမယ်။
မယုံရင်
ထိန်ပင်၊ ရေဝေး
ထားဝယ်ချောင်
မယုံရင်
"ပြန်လမ်းမကြုံတဲ့
River of No Return တဲ့
မာရီလင်ရယ်
မင်း တေးဆိုနေပုံ
မင်း တွေးပိုနေပုံ
မင်း ဆွေးငိုနေပုံ
ငါ အမှတ်ရတယ်။
ငါ ရင်ခုန်ပါရဲ့။
ကမ္ဘာပေါ်မှာ
ပိုးတွန့်လျှောက် *
မင်း သရုပ်ဆောင်ပြတဲ့
အချစ်ဒဿနတွေ
ငါ အမှတ်ရတယ်။
လောကထဲကနေ
အသည်းနာနာနဲ့
မင်း ခွဲခွာသွားခဲ့တာ
ခက်တယ် မာရီလင်
လောကကြီးမှာ
အရာရာတိုင်းဟာ
လောကကြီးမှာ
ရှိတာပဲ။
ဆိုတော့ကွာ
ဆိုပါတော့
မာရီလင်
စစ်အာဏာရှင်ခေတ်က
ချစ်သူတွေ
သေကွဲ၊ ရှင်ကွဲ
ကွဲရတဲ့အခန်း
သိပ္ပံပညာက စွမ်းမလား။
ထပ်ဆိုဦးတော့
မာရီလင်
လင်ပစ်၊ သားပစ်နဲ့
တိုင်းပြည်ချစ်တဲ့
အလွမ်း
ချစ်သောမာရီလင်
ရင်ခုန်သံကို
သိပ္ပံပညာက
မတုပနိုင်။
သိပ္ပံပညာက။
သိပ္ပံပညာက။
ဒါပေမဲ့
မာရီလင်
သ်ပ္ပံပညာက
ကု မပေးနိုင်
ငါ အခု
ငါ့ ကောင်တွေလည်း
ငါတို့ဘ၀မှာ
ငါတို့မှာ
လင်ဆိုးမယား၊ တဖားဖား
ဘ၀တွေ ရှိတယ်လေ။
ငါတို့မှာ
မော်စီတုန်း မမြင်တဲ့
ရှိသပေါ့ မာရီလင်ရယ်။
ငါတို့ဟာ
မေ့ခဲ့ကြတယ်။
သူနဲ့ မခင်မျိုးမြင့်
အခု အချစ်အနှစ်လေးဆယ်။
ပြီးတော့
မောင်စိုသစ်၊ မဝေနီ
အောင်ဝေး၊ ခင်ဆွေရီ
၃၉-နှစ်။
ကိုဗစ်ကာလမှာ
ငါတို့ဟာ
ပိုချစ်လာကြတယ်။
ငထိုက် သဘော
ပြောင်းပြန် ပြောရရင်
မာရီလင်
ချစ်ရေးပိုကာလမှာ
သိပ္ပံပညာက
ငါ့ ကိုလာ စမ်းသပ်တယ်။
ငါ လွင့်မျောနေတယ်။
မြေခွေးတွေ
၂၀-ရာစုမြေခွေးတွေ
ငမိုးရိပ်ကမ်းနဘေးက
ငါ့ အိပ်တန်းကလေး
မြွေတွေ၊ မြွေတွေ
ရဋ္ဌပါလ မြွေတွေ
ဝင်ခွေနေတယ် မာရီလင်။
ဒါတွေကို
သိပ္ပံပညာက
လိုက်မီနိုင်မတဲ့လား
ပြောပါဦး ငါ့ မာရီလင်။
မင့်ဂါဝန် တဖျတ်ဖျတ်
လေထဲမှာခတ်သလို
ငါ့ နှလုံးသား
အိမ်နဲ့ဝေးနေတယ်
ကပ်ဘေးကြီးအတွင်းမှာ
ချစ်ခြင်းအားဖြင့်
သေမလား၊ ရှင်မလား။
မာရီလင်။
လည်ပင်း နွယ်ပတ်သလို
ရုပ်ရှင်ထဲက
မွန်းတပ်ခ်ျမျိုး
ငါ မွန်းညပ်လှချည်ရဲ့။
၃-သိန်းကျော် သေ
အမေရိကမှာ။
အမြောက်က
မကြောက်ဘဲ နေပါ့ မလား။
မာရီလင်ရယ်
အချစ်ခံရတာဖြစ်ဖြစ်
အမုန်းခံရတာဖြစ်ဖြစ်
မထူးပါဘူး။
သောကဗျာပါဒတွေသာ
မာရီလင်
ရင်ထဲ တင်းခက်
မွန်းကျပ် လှုပ်ရှား
ဝေဒနာတွေ များနေရင်
အရစ္စတိုတယ်က
ရသခံစားမှု
အနုပညာ
ကဗျာက
သင့်ဝေဒနာ
ခေတ်အနာကို
ကုစားပေးနိုင်ပါသတဲ့။
"ကသားဆစ်" ** တဲ့
လူ့သမဂ္ဂမှာ
သောက်မှ ဖြစ်မယ်။
အမေရိကမှာ
အထူးကြပ်မတ်
ဆေး နှစ်မျိုးစပ် ***
ကုနည်းအသစ် ရသတတ်။
မာရီလင်
ငါ့ ပြည်သူတွေကို
ငါ ချစ်ပါတယ်။
ငါ မြင်ချင်ပါတယ်။
ငါ့ ရဲ့ကဗျာ
ဒီ ကဗျာ
မော်စီတုန်းလည်းပါ
ဒေါ်နယ်ထရန့်လည်းပါ
မှတ်ပါတော့။
ချစ်တာ မှန်ရင်
မာရီလင်
မြစ်တွေ ပြန်လာရမယ်လေ။     ။
ေ အ ာ င္ ေ ၀ း
(၁၂-၁၆- ၂၀)
* Wriggling Walk
** Moral Catharsis
*** Casirivimab & Imvedimab
**** Trump Cocktail
0 comments: