Wednesday, February 6, 2013

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၁ )


 

ရဲဘော်တို့ -

ရဲဘော်တို့ ကို
ကြံ့ဖွတ်အစိုးရ အာဏာပိုင်တွေက
ရောက်ရာ အရပ်မှာ
ခံဝန် လက်မှတ်တွေ
ထိုးခိုင်းနေတယ်။

ဒါပေမဲ့
ဒီလူတွေ
ရဲဘော်တို့ ကို
“ခံဝန် ခြေမှတ်“ တော့
ထိုးခိုင်းလို့ မရဘူး။

ဆက်သာလျှောက် ရဲဘော်တို့ ။

အခု
မုံရွာကလည်း
ချီတက်လာနေပြီ။

ဆက်လျှောက်။

လိုင်ဇာမှာ တပ်ပေါင်းစုံမယ်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)

ဖေဖော်ဝါရီ ၆-၂၀၁၃။

Friday, January 25, 2013

တ ချို့  က စ ပျ စ် သီး ဖြ စ် တ ယ် ၊ တ ချို့  က စ န်း စ န်း တ င့် ဖြ စ် တ ယ်




တချို့ က စပျစ်သီးဖြစ်တယ်
တချို့ က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။ေ
တချို့ က လက်ဝေခံဒီမိုကရေစီ
တချို့ က လက်ကျန်ဒီမိုကရေစီ။

ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို့ က နောက်ပြန်လှည့်မှာစိုး
တချို့ က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
ထောင်(ထောင်)နဲ့ ငြိလို့ ။

တချို့ က စွယ်စုံကျော်ထင်
တချို့ က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို့ က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို့ က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။

ဗမာပြည်မှာ နာရီတွေကရှား
ဗမာပြည်မှာ နာဇီတွေကများ။
တချို့ က စစ်ဘေးဒုက္ခသည်
တချို့ က ရဲဘေးဒုက္ခသည်။

တောမီးကို တောမီးနဲ့ မှ ငြှိမ်းလို့ ရမယ်
ရေသန့် ဘူးနဲ့ မရဘူး။
တချို့ က ရွာလွန်ရွက်တိုက်
တချို့ က ရွာပြင်ကြက်တိုက်။
ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို့ ။

တချို့ က တရားအားထုတ်
တချို့ က မျက်ကန်းမျိုးချစ်။
“ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊ ပိုအဖမ်းခံနေရပေါ့ “ တဲ့
လမ်းဘေးကစကား၊ လမ်းပေါ်ကကြား။
တချို့ က အမျိုးသားပြန်လည်သင့်မြတ်ရေး
တချို့ က အမျိုးသားပြန်လည်တိုက်ခိုက်ရေး။

“ကျားကိုသတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကိုသတ်မှာပဲ“
ရိုးမက မုဆိုးကြီးကိုဖိုးဇုံ၊ ခင်ဗျားအခုရှိသေးလား။
တချို့ က အတိတ်မှာပဲ အသက်ရှင်နေ
တချို့ က အနာဂတ်အတွက် ကြိုတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးလူမျိုး(၆)သန်းက ဟင်းရွက်ကန်စွန်းတွေလား။

တချို့ က ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တယ်
တချို့ ကငြိမ်းချမ်းရေးအတွက် ဖိလစ်ပိုင်သွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ အစိုးရ မကောင်းကြောင်းပြောတာပဲ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တချို့ က အော်တဲ့လက်ကိုပြန်ကိုက်တယ်။

(ကချင်) စစ်ရပ်ဖို့ လူထုမှာတာဝန်မရှိ
အစိုးရမှာပဲ ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်)
တချို့ က ငြင်းပယ်ခြင်းကိုငြင်းပယ်
တချို့ က သဘောမတူကြောင်းသဘောတူ။
ခေတ်က ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ လေထဲမှာ အိုက်တင်တန်းလန်းကြီး။

တချို့ က လေလံသမား
တချို့ က ဖျံဖမ်းသမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ ဒေါက်တာဇီဗားဂိုး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က လစ်ဘရယ်
တချို့ က ညစ်ပုပ်ကပ်ကျယ်။

ဘယ်ညောင်ပင်မှာ
ဘယ်ရာဇ၀င်ကို လမ်းခွဲရမှာလဲ။
တချို့ က ရထားမမီ၊ ဘူတာမီးနဲ့ ရှို့ 
တချို့ က ခွေးကတက်မှာ ကော်ကျို ပိုစတာကပ်။
ဘယ်တော့ အာဏာရမှာလဲ
မမေးတော့ပါဘူး။

ဒီကဗျာ
လေဒီကြီး မဖတ်မိစေနဲ့ ။
သူက စပျစ်သီးဖြစ်တယ်
သူက စန်းစန်းတင့်ဖြစ်တယ်။       ။

အောင်ဝေး
ဇန် ၂၃ - ၁၃

Tuesday, January 1, 2013

၂ ၀ ၁ ၃ က ဗျာ တ ပ် မေ တာ် သ စ် အ တွ က် အ မိ န့် 




ရဲဘော် ကဗျာဆရာ ညီနောင် အပေါင်းတို့ -

ခေတ် ဘယ်လောက် ပျက်ပျက်
ကဗျာ မပျက်စေနဲ့ ။

ဘယ်သူတွေ ဘယ်လို လက်နက်ချချ
ကဗျာ မချနဲ့ ။

“အမျိုးသားပြန်လည်သင့်မြတ်ရေး“
“အကြမ်းမဖက်ရေး“
“ငြိမ်းချမ်းရေး“
ဟောင်းနွမ်းအသုံးမကျတဲ့
အဲဒီ စကားလုံးတွေ
ကဗျာထဲ ထည့်မရေးနဲ့ ။

ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးမှာ
စစ်တပ် မပါမှ (မပါမှ) ဖြစ်မယ်။

နောက်ပြန်လှည့်မှာစိုးတဲ့
လူထုခေါင်းဆောင် ဆိုသူတွေ
ထားရစ်ခဲ့ကြတော့။

၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံဥပဒေ
ပြင်ဖို့ မကြိုးစားနဲ့ ။ (ဖျက်မှ ရမယ်)

ခေတ်ပျက်သူဌေးတွေနဲ့ မပေါင်းနဲ့ 
ခေတ်ပျက်ကဗျာတွေ မရေးနဲ့ ။

ကဗျာကိုင်တိုက်ပွဲကို
လူထုအုံကြွမှုနဲ့ ပေါင်းစပ်ကြ။

ဗမာ့အရေးတော်ပုံ အောင်ရမယ်။     ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
၁-၁-၁၃

Sunday, December 30, 2012

2 0 1 2 နှ စ် ချု ပ် - 2 0 1 3ေ ဟာ ကိ န်း




 

( စ ) ပြ ည် တွ င်း စ စ်   မီး ေ တ ာ

ေ တာ် လှ န် ေ ရ း   သ ာ း ေ လွ် ာ

ဒီ မို က ေ ရ စီ    ေ ရ ေ မ် ာ

ပြ ည်ေ တာ် ပြ န်    ေ ပ ါ ေ လ ာ

---    ---    ---   ---

ငြိ မ်း ချ မ်း ေ ရ း   ဒု ေ ကၡ ာ ။ ( ဆုံ း )

Friday, November 16, 2012

ခ က် သ င်


 
 
အို … ခက်သင်။
ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။

နူရာဝဲစွဲ
လဲရာသူခိုးထောင်း
ဘ၀ မကောင်းလိုက်ပုံများ
ကံဆိုးမသွားလေရာ
မိုးလိုက်လို့ ရွာသလား ခက်သင်။

မျက်မမြင်တွေကမှ
နားရွက်နဲ့ 
မြင်နိုင်ကြသေးရဲ့။

ခက်သင်မှာ
မြင်နိုင်စရာလည်း နားမရှိတော့
ကြားနိုင်စရာလည်း မျက်စိမရှိတော့။

မှောင်အတိကျ
ဆွံ့ အ
ဘယ်လိုမှ မငြင်းဆန်နိုင်ဘူးတဲ့လား
အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးနဲ့မှ
ညားလေရသလား
သတို့သမီး ခက်သင်။

“ပြည်ထဲရေးနှင့်
ဝမ်းရေးတို့ ထက်
လွမ်းရေးခက်၏” တဲ့။

ခက်သင်အတွက်တော့
“ခက်သမျှကို” ပတ်ပျိုး
တယောကလေးထိုး
ကံကိုယိုးမယ်ဖွဲ့ 
ခိုကိုးရာမဲ့ရမှာလား ခက်သင်။

ငလျင်ထက် ဆိုးတဲ့အရာတွေ
ရှေ့မှာရှိသေးတယ်။

သမိုင်းမကွေးခင်
ရွက်ပြင်တော့
တက်နှင်လော့ ခက်သင်။

ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။
အို … ခက်သင်။      ။

 (စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာနှင့် အလားတူဘ၀များစွာသို့ …)

Sunday, November 4, 2012

၂ ၁ ရာ စု ဂ ဠု န် ညီ လာ ခံ

 
“လသာ” မှာ
လ မသာဘူး။
လသာကို
ဂဠုန်ဆရာစံ လာတယ်။

ဂဠုန်ဆရာစံ
ဝါ၀ါဝင်းကုမ္မဏီထဲ ၀င်သွားတယ်။

ဂဠုန်ဆရာစံ
ပြန်ထွက် မလာတော့ဘူး။

ဂဠုန်ဆရာစံ
အင်္ဂလိပ်အစိုးရလက်ထက်မှာ တစ်ခါသေတယ်။

ဂဠုန်ဆရာစံ
အခု တစ်ခါသေတယ်။

လ မသာတဲ့
“လသာ”

ဒီမှာ
၂၁ ရာစု ဂဠုန်ညီလာခံ
တစ်က ပြန်စမယ်။ 

 သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

Saturday, October 27, 2012

P H O E N I X – 2




ဗ န်းေ မာ် တ င်ေ အာ င် နှ င့် ကြီး ပြ င်း ခဲ့ေ သာ ဖီး န စ် ငှ က် များ ( အပိုင်း – ၂ )
အောင်ဝေး၊ အောက်တိုဘာ ၂၈၊ ၂၀၁၂
” လူတစ်ယောက်ရဲ့ တန်ဖိုးကို
သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက
သူ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို
သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ 
တိုင်းတာရမှာပဲ “
                       ဗန်းမော်တင်အောင်(၁၉၂၀-၁၉၇၈)
                       [ မကွယ်လွန်မီ သားအားပြောကြားချက်များ မှ ]
            ဆရာဗန်းမော်တင်အောင်ကို ကျနော်တို့ ချစ်တာဟာလည်း၊ လွမ်းစရာကောင်းလို့ ပါ။
            “ကျနော့်မှာ အတ္တဆိုလို့  မခင်ဦးကိုချစ်ခဲ့မိတာ တစ်ခုပဲ ရှိပါတယ်ဗျာ“ တဲ့။ သူ့ အတ္တကလည်း နည်းလွန်လွန်း လိုက်တာနော်။ ဆရာဗန်းမော်တင်အောင်ဟာ တကယ့်ကိုပဲ သူတော်စင်တစ်ဦး၊ လူဘုန်းကြီးတစ်ပါး လိုပါ။ ဆရာဗန်းမော်တင်အောင်နဲ့ ပတ်သက်လို့ လွမ်းစရာတစ်ခုကလည်း ဆရာ့ သားကြီး(ကျနော်တို့ ရဲဘော်) ကိုဗဟိန်းအောင် တစ်ဆင့်ပြန်ပြောပြလို့ ကြားခဲ့ရဖူးပါတယ်။
            ၁၉၄၅။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ ဆိုပြီး၊ “ဖတပလ“ ဖွဲ့ လို့ ၊ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲကြတော့၊ သခင်ဗဟိန်းက တိုင်းရင်းသားလူမျိုးစုနွယ်များ စည်းရုံးရေးတာဝန် (၁၉၁၇၊ လီနင်တို့ ရဲ့ ရုရှားပြည် မဟာအောက်တိုဘာ တော်လှန်ရေးမှာ၊ စတာလင်ဟာ ဒီတာဝန်မျိုးယူခဲ့တယ်) နဲ့ ပဲခူးရိုးမက ကရင်တိုင်းရင်းသားတွေကိုစုစည်း
ပြီး၊ ပြောက်ကျားစစ်ပွဲနွှဲကြတော့၊ ဆရာဗန်းမော်တင်အောင်က ကိုဗဟိန်းခေါ်လို့  ရိုးမပေါ်တက်လိုက်သွား ပါတယ်။
            ဆရာ့ ဇနီးဒေါ်ခင်ဦးနဲ့ သမီးငယ် ကလေးအရွယ်လေးတွေက မျက်စိသူငယ်၊ နားသူငယ်နဲ့ အားငယ်ပြီး တောင်ငူမှာကျန်ရစ်ခဲ့ကြတာပါ။ တစ်နေ့ ရန်သူလေယာဉ်ကလား၊ မဟာမိတ်လေယာဉ် ကလား ဗုံးကြဲတော့၊ ဗုံးဆန်က သူတို့ သားအမိ ပုန်းခိုနေတဲ့ ဗုံးခိုကျင်းထိပ်တည့်တည့် ကပ်ပြီးကျလေတော့၊ ဆရာ့ သမီးအကြီးမလေးခမျာ၊ တစ်သက်လုံးနားပင်းသွားခဲ့ရပါရောလား။
            ဖက်ဆစ်တော်လှန်ရေးကြီးပြီးဆုံးသွားတဲ့အခါ၊ တစ်နေ့ မှာတော့၊ ဒေါ်ခင်ဦးတို့ သားအမိတွေရှိနေတဲ့ နေရာကို၊ လူတစ်ယောက် မြင်းဖြူကြိးတစ်ကောင်ကို အကျအနစီးလို့ ရောက်လာပါသတဲ့။ ရုတ်တရက်တော့ ဒေါ်ခင်ဦးရော၊ ကလေးတွေရော ဘယ်သူမှ မမှတ်မိကြဘူးတဲ့။ နောက်တော့မှ မြင်းဖြူကြီးပေါ်ကလူက မျက်ခုံးထူထူကြီး ၀င့်ပြီးပြုံးပြလိုက်တော့မှ ဆရာဗန်းမော်တင်အောင်ကို မှတ်မိကြတော့တယ်တဲ့။ မိသားစုပြန်လည် ပေါင်းဆုံခန်းဟာ လွမ်းမောစရာပါ။ ဒါ့ ထက်ပိုပြီး လွမ်းမောကြေကွဲစရာကောင်းတာက၊ ပြောက်ကျားစစ်ပွဲမှာ သေအတူ ရှင်မကွာ တိုက်ပွဲဝင်လာတဲ့၊ ရဲဘော်ရဲဘက်မြင်းဖြူကြီးကို၊ မိသားစုလက်ငင်းစားစရာမရှိလို့ ၊ တခြား လူလက်ထဲရောင်းစားလိုက်ရတဲ့အဖြစ်ပါပဲ။
            လွမ်းပြီးမောစရာပါ။ ကြေပြီးကွဲစရာပါ။ ဆရာဗန်းမော်တင်အောင်ရဲ့ နာမည်ကျော် “ရိုးမတိုက်ပွဲ“ (၁၉၆၃) ၀တ္ထုဟာ၊ ဒီ ပဲခူးရိုးမပေါ်က ကိုဗဟိန်းနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ပြောက်ကျားစစ်ပွဲ အတွေ့ အကြုံတွေ ထင်ဟပ်တယ်လို့ ယူဆကြပါတယ်။
            ကျနော်တို့ မျိုးဆက်ဟာ အဲဒီလို “ဗ“ ငါးလုံးနဲ့ ၊ နေ၀င်း-စန်းယု စစ်အာဏာရှင်စနစ်ခေတ်ကြီးထဲမှာ လူဖြစ်ကြီးပြင်းလာခဲ့ကြတာပါပဲ။ ကျနော်တို့ မျိုးဆက်ခေတ်မှာ ဘယ်လိုမှပြန်လည်ဖွဲ့ စည်းလို့ ၊ ပြန်လည်ထူ ထောင်လို့  မရခဲ့တဲ့ “ဗကသ“ ကို၊ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ကျောင်းသားခေါင်းဆောင်တွေက၊ ရာဇ၀င်တွင်လောက်အောင် ပြန်လည်ဖွဲ့ စည်းထူထောင် နိုင်ခဲ့ကြတာကိုတော့၊ ကျနော်တို့ မျိုးဆက်က ရိုးသားစွာပဲ အလေးပြုရပါတယ်။
            နေ၀င်း-စန်းယု စစ်အစိုးရလက်ထက်၊ ခေတ်အဆက်ဆက် ကျောင်းသားတွေ အစိုးရဆန့် ကျင်ရေး၊ နိုင်ငံရေးလုပ်လို့ အဖမ်းခံရပြီဆိုရင်တော့လား၊ စစ်ထောက်လှမ်းရေးတွေဆီက
“မင်းတို့ ဗကပ သြဇာခံကျောင်းသားတွေ“
ဆိုပြီး၊ သူများတွေထက် ပါးတစ်ချက်ပိုအရိုက်ခံရပါတယ်။ ဟုတ်တယ်။ ကျနော်တို့ တွေဟာ
“ဗထက်ခြိုက်“တွေပဲ။
“ဗထက်ခြိုက်“တွေမို့ လို့ လည်း၊ စစ်အာဏာရှင်အစိုးရကို၊ ဖောင်ဖျက်ပြီးတိုက်ပွဲဝင်ရဲ ကြတာပေါ့ ။
            အဲဒီလို ကျနော်တို့ ရှေ့ ကနေ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်အစိုးရကို ဖောင်ဖျက်ပြီးတိုက်ခဲ့တဲ့၊ ကျနော်တို့ ရဲ့ သူရဲကောင်းကြီး၊ လင်းယုန်ကြီး ဆရာဗန်းမော်တင်အောင် ကွယ်လွန်သွားတဲ့အခါကျတော့ ကျနော်က ၁၉၇၆ မတ်လ၊ ပုသိမ်ကောလိပ်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေနဲ့ ပုသိမ်အကျဉ်း ထောင်ထဲမှာပါ။
            နရသိန်ထဲမှာ၊ ညပေါင်း (၁၀၀၀) နီးပါး ဖြတ်သန်းခဲ့ပြီးတဲ့နောက်…။
            ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ ။ နောက်တစ်နေ့ ဆိုရင်၊ ကျနော်ထောင်ကလွတ်တော့မယ်။ “ဘုတ်“လည်းတိုက်ပြီးပြီ။ လွတ်ရက်လည်းသေချာပြီ။ နောက်မှုလည်းဘာမှမရှိ။ ဒီတော့ အောက်တိုဘာ (၂၅)ညနေ တန်းပိတ်ပြီးချိန်ကစလို့ ၊ ထောင်နှစ်ရှည်ကျနေတဲ့ ကရင်သူုပုန် အဖွဲ့ တွေကို ကျနော် နှုတ်ဆက် စကားပြောနေတဲ့ အချိန်။ ဒီအချိန်မှာ၊ တစ်ထောင်လုံး၊ အဆောင်တကာ့ အဆောင်လှည့်လာတဲ့ သတင်းစာက၊ ကျနော်တို့ ဆေးရုံအဆောင်ပေါ်ကိုရောက်လာပါတယ်။ ထုံးစံအတိုင်း တခြားအကျဉ်းသားတွေက၊ ကျနော်တို့  ကျောင်းသားတွေကို အရင်ဦးစားပေး ဖတ်ခွင့်ပြုထားတာဆိုတော့၊ ကျနော် သတင်းစာကောက်ယူပြီးလုပ်နေကျ နာရေးစာမျက်နှာကို အရင်လှန်ကြည့်လိုက်တဲ့အခါ၊
“သတင်းစာဆရာ၊ စာရေးဆရာ ဗန်းမော်တင်အောင်၊ အသက်(၅၈)နှစ်“ ဆိုပြီး၊ ဆရာဗန်းမော်တင်အောင် ကွယ်လွန်တဲ့နာရေးကြော်ငြာကို တွေ့ လိုက် ရပါတော့တယ်။
ကမ္ဘာကြီးဟာ အိုးထိန်းစက်ကဲ့သို့ လည်တယ်ဆိုတာ အဲဒီအခိုက်အတန့် မျိုးပါပဲ။ ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့ ၊ ရန်ကုန်ဆေးရုံကြီးပေါ်မှာ၊ ဆရာ ကွယ်လွန်ခဲ့ပါပြီကောလား။
            ကျနော် ဖြေမဆည်နိုင်တော့ပါဘူး။ ကျနော်တို့ ရဲ့ အိပ်မက်ရွှေတောင်ကြီးပြိုလဲသွားပါပြီ။ ဆရာဗန်းမော်တင်အောင် ပထမအကြိမ် ဆေးရုံတက်နေရတဲ့အချိန်တုန်းက၊ ကျနော်တို့ ဆရာ့ ဆီကို။ ထောင်ထဲကနေ စာခိုးထုတ်ပြီး ရောက်အောင်ပို့ ခဲ့တယ်။ ဆရာ့ ဆီက၊ လူငယ်တွေ သူ့ ကို နားလည်တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဆေးရုံပေါ်ကနေ အကြောင်းပြန်တဲ့စကားကို၊ ကျနော်တို့ ထောင်ဝင်စာလူကြုံကနေတစ်ဆင့် ကြားခဲ့ရတာပါ။
            အဲဒီအချိန်က ထောင်ကလွတ်ခါနီးဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ၊ ထောင်ကလွတ်ရင် လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ အရှေ့ မြောက်ပိုင်းကိုပဲသွားရမလား၊ ဒါမှမဟုတ် ယဉ်းကျေးမှု စစ်မျက်နှာကတိုက်ဖို့ ၊ ရန်ကုန်တက် စာရေးဆရာလုပ်ရမလား၊ ကိုယ့်ဘာသာကိုယ် ဝေခွဲမရ ဖြစ်နေကြတဲ့အချိန်ပါ။
            အရှည်လျားဆုံးညရဲ့ အမှောင်ဆုံးချောက်ကမ်းပါးကိုလွန်မြောက်ပြီးတဲ့နောက်၊ နောက်တစ်နေ့ ၊ အောက်တိုဘာလ(၂၆)ရက်နေ့ ၊ မွန်းလွဲ(၂)နာရီလောက်မှာ ကျနော့်ကို ပုသိမ်အကျဉ်းထောင်ထဲက လွှတ်ပေးလိုက်ပါတယ်။ ထောင်ကလွတ်လွတ်ချင်း အိမ်ပြန်၊ အမေ့ကိုကန်တော့ပြီး( အဖေက ကျနော့်ကြောင့် ရာထူးကျပြီး၊ ကချင်ပြည်နယ် ချီဖွေ-လောခေါင်ဘက် စစ်ဆင်ရေးထွက်နေရပါတယ်) အဲဒီညနေ မီတဲ့သင်္ဘောနဲ့ ကျနော် ရန်ကုန်တက်လာခဲ့ပါတယ်။
            သင်္ဘောပေါ်မှာ စစ်ထောက်လှမ်းရေးနှစ်ယောက်၊ ကျနော့်အနားက ပါလာတယ်။ ရန်ကုန်ဆိပ်ကမ်းကပ်တော့၊ အဲဒီ ထောက်လှမ်းရေးနှစ်ယောက်က၊ ကျနော့်ကို တောင်ဥက္ကလာပ၊ (၁၃)ရပ်ကွက်၊ မင်္ဂလာလမ်း၊ ဆရာဗန်းမော်တင်အောင်အိမ်ကိုသွားဖို့ ၊ သူတို့ ကိုယ်တိုင် လေးဘီးကားငှားပေးလိုက်ကြတာပါပဲ။ အဲဒီလို ကျနော့်ကို ထောက်လှမ်းရေး ၂ ယောက်က လိုက်လံစောင့်ရှောက်ခဲ့တဲ့ခရီးပါ။
            တိုတိုပြောရရင်၊ အောက်တိုဘာလ(၂၇)ရက်၊ ကြံတောသုသန်က ဆရာဗန်းမော်တင်အောင်ရဲ့  ဈာပနကို ကျနော်တက်ရောက်နိုင်ခဲ့ပါတယ်။ ဆရာ့ ကို နောက်ဆုံး အလေးဂါရ၀ပြုခဲ့ရပါတယ်။ အဲဒီအချိန် ကျနော်တို့ အရင် အင်းစိန်အကျဉ်းထောင်ကလွတ်ခဲ့ကြတဲ့၊ ဆရာ့ သား ကိုဗဟိန်းအောင်တို့ ၊ ကိုကျော်ဇောအောင်တို့ နဲ့ အတူ၊ ထောင်ထွက်သူပုန်ကျောင်းသားတွေ၊ တစ်နည်းပြောရရင် “ဗထက်ခြိုက်“တွေ၊ ဆရာ ဗန်းမော်တင်အောင်ဈာပနမှာ ထုနဲ့ ထည်နဲ့ ပြန်လည်စုစည်းနိုင်ခဲ့ကြပါတယ်။
            ဆရာ့ ဈာပနပြီးတော့၊ ကျနော် ပုသိမ်ကိုပြန်လာပါတယ်။ တပ်ထဲကအိမ်မှာ (ဒီတုန်းက အဖေ့တပ်က ချင်း သနက-၂ ပါ။ အခုတော့ ခမရ-၃၀၈ ဖြစ်သွားပြီလို့ ဆိုတယ်) ကျနော် ခဏနားတယ်။ သိပ်မကြာလိုက်ဘူး။ မြစ်ဝကျွန်းပေါ်တိုင်းပြန်လည်တည်ဆောက်ရေးအတွက်၊ တွဲဖက်ကျောင်းဆရာတွေ ၀င်လုပ်ကြရမယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့ ကျနော် မြောင်းမြနဲ့  လပွတ္တာဘက်ကိုထွက်လာခဲ့ပါတယ်။
            လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောလည်းမခိုဖြစ်။ စာရေးဆရာလုပ်ဖို့ ရန်ကုန်လည်းမတက်ဖြစ်။
            ဒါပေမဲ့…၊ စစ်အာဏာရှင်စနစ်ခေတ်ကြီးက မညှာမတာ ရိုက်ပုတ်လိုက်ပြန်လေတော့၊ ၁၉၈၂-ပထမ အကြိမ် ဗကပ ယူဂျီအပေါက်မှာ၊ ကျနော်ပါမသွားဘဲ၊ နယ်ကနေ အသာကလေးလစ်လာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ မဟာဝိဇ္ဖာ နောက်ဆုံးနှစ်တက်နေခဲ့တာ၊ အဲဒီအချိန်မှာပဲ၊ မမျှော်လင့်ဘဲ၊ ကျနော် ကဗျာဆရာဖြစ်ဖို့ အခွင့်အလမ်းကြုံခဲ့ရတာပါပဲ။
            ဒီတုန်းက၊ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်း၊ ယုဒသန်ရိပ်သာအနီး၊ (၆၀၃) ခြံကြီးရှေ့ က၊ ကိုမောင်မောင်၊ မကြည်ဝင်းတို့ နှစ်ထပ်အိမ်ကလေး၊ အောက်ထပ်မှာ၊ ကျနော်တို့ ၊ နေမျိုးဇော်(မင်းညိုစင်)တို့ ၊ ထူးအိမ်သင်တို့ အတူနေခဲ့ကြတဲ့ရက်တွေဟာ၊ ဗန်းမော်တင်အောင်ကို လွမ်းဆွတ်တမ်းတခဲ့ရသောနေ့ ရက်တွေပါပဲ။
            ကျနော်တို့ စိတ်ထဲမှာ တိမ်းတိမ်းပွေပွေနဲ့ အားငယ်မိတဲ့အခါ၊ ကြံတောသင်္ချိုင်းထဲက၊ ဆရာဗန်းမော်တင်အောင်ရဲ့ အုတ်ဂူမှာ သွားသွားထိုင်တတ်ခဲ့ကြပါတယ်။ ဆရာ ဗန်းမော်တင်အောင်ရဲ့ အုတ်ဂူက ပြန်လာရင်၊ ကျနော်တို့ ဟာ၊ ဖီးနစ်ငှက်တွေအဖြစ်နဲ့ အင်အားသစ်တွေ ၀င်လာခဲ့တာပါ။
            ဒီ အိမ်ကလေးကပဲ၊ နေမျိုးဇော်က အရှေ့ မြောက်ပိုင်းစစ်ဒေသကို တောခိုသွားခဲ့တယ်။ ထူးအိမ်သင်က သီချင်းရေးဆရာ၊ အဆိုတော်ဖြစ်လာခဲ့တယ်။ အောင်ဝေးက ကဗျာဆရာဖြစ်လာခဲ့တယ်။    ။
( ပြီးပါပြီ )
အောင်ဝေး
၁၀-၂၆-၁၂။