Sunday, July 8, 2018
Monday, June 18, 2018
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ဝ )

အကယ်၍ ဇွန်လ(၁၉)ရက်နေ့တွင် … ။
ငါ့ သခင်
ငါ့ ရင်ဝ
မှာ
လှိုင်းမ
တစ်ငြိမ်။
အိမ်မိုးခေါင်
မှာ
လရောင် တစ်ထိုး။
ရိုးခြေနက်
မှာ
ရွက်သစ် တစ်ဝေ။
မြစ်ရေကြော
မှာ
ပန်းလှေ တစ်မျှော။
လောကကမ်း
မှာ
လွမ်းကြိုး
တစ်နှောင်။
တောင်တံတိုင်း
မှာ
မြင်းရိုင်း
တစ်ပြေး။
လေးညှို့ကိုင်း
မှာ
မြားကျိုင်း
တစ်ဖြောင့်။
ငါ စောင့်ရှောက်မယ်
ငါ စောင့်ရှောက်မယ်
ငါ့ ကြောင့်
… ။
သခင့် အိမ်ခေါင်မိုး
လရောင် မညှိုးစေရ။
ရိုးမတောကြီး
မီး မသင့်စေရ။
လောကသစ်ပျိုး၊
မြစ်ဆေးမိုး မှာ
(ခေတ် ဘယ်လောက်
ဆိုးဆိုး)
ချစ်ကြိုး
မပြေစေရ။
ငါ့ မြင်း
ငါစိုင်း၊ ညမုန်တိုင်းထဲ
သမိုင်း မကွေးစေရ။
သက်တံ လှိုင်းခတ်၊
လေးကိုင်းကို ကွေး
လေးညှို့ကို
ငင်ပြီးပြီ။
သားရဲရန်
စဲ၊ မီးအိမ် ဆွဲ၍
အောင်ပွဲကို
ပြင်ပြီးပြီ။
အိုဘယ့် အရှင်
ငါ့ သခင်
ရွာဝင် ခြေလှမ်း
စ ပါလော့။ ။
ေ အာ င်
ေ ဝ း
Than Htay Maung’s art
Friday, June 8, 2018
ေ တ ာ င် စ မု တ် က ၊ေ ထာ င် ထု ပ် မ ရ ရ င် ၊ေ ကြာ င် ကု တ် မှာ လားေ ဘ ဘီ

ဒဂုန်တာရာ
ကစ
မောင်လေးအောင်
အဆုံး
ပန်းတစ်ကုံးပဲ
ဖြစ်ပါတယ်။ (သခွပ်နီ)
အသိက ဘဝကို
မပြဋ္ဌာန်းနိုင်ပါဘူး
ဘဝကသာ အသိကို
ပြဋ္ဌာန်းတာဖြစ်တယ်။
ကျနော်တို့က
ခေတ်ကို
မပြဋ္ဌာန်းနိုင်ပါဘူး
ခေတ်ကသာ ကျနော်တို့ကို
ပြဋ္ဌာန်းတာပါ။
အခုနေ
မြန်မာကဗျာအကြောင်းပြောရင်
အလောင်းထမ်းပြီး
ပြောရတော့မှာလား။
ကျနော် မောင်လေးအောင်အလောင်းကို
မထမ်းခဲ့ရဘူး
ကျနော် ဒဂုန်တာရာအလောင်းကို
မထမ်းလိုက်ရဘူး
အရမ်း ဝမ်းနည်းတယ်။
သမိုင်းကိုထမ်း၊
ကဗျာလမ်းမှာ
အလွမ်းအားအင်
သစ်တော့ကွယ်။
ဖက်ဆစ်သံဖနောင့်
ကြိုးတိုက်ထောင့်မှာ
အချစ်ကြောင့်ပဲ
ကဗျာဆရာဖြစ်ခဲ့တယ်။
စစ်အာဏာရှင်စနစ်
နေဝင်းခေတ်ကနေ
မြစ်ထဲမှာပေါလော
သူရဲဘောကြောင်တဲ့
ကဗျာကောင်သစ္စာဖောက်တွေလည်းရှိခဲ့။
ပေါ်တီယာ ရင်ခုန်သံ
နိုင်ငံတကာ
မြန်မာကဗျာ
သူရဲကောင်းတွေလည်းရှိခဲ့။
ဘယ်သူ ဘာလဲ
ရာဇဝင်ဖြတ်သန်း
ဇာတ်ဝင်ခန်းမှာ
မင်း ဇာပန်းကွက်ထဲ
ပန်းထိုးသူလား
နှင်းတောထဲ
ကျောက်မီးသွေးပို့သူလား
ဖြေ။
မြန်မာကဗျာသစ်မှာ
ခေတ်ကြီး
ဘယ်နှခေတ်ရှိသလဲ
ဖြေ။
တစ်ခေတ်ပဲ
၁၉၆၂ ကနေ
ကနေ့(၂ဝ၁၈)အထိ
တစ်ခေတ်တည်း။
အဲဒီခေတ်ရဲ့
ပင်မရေစီး
တောမီးရစ်သမ်၊
ဘာကာရန်လဲ။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
နှလုံးသွေးနဲ့
တွေးခေါ်တဲ့တရား
ဖြောင့်သောမြား
လူထုအမြင်၊
လူထုခံစားမှု
ငါတို့ ပင်မရေစီးအမှုလေ။
ဒဂုန်တာရာကလည်း
ပင်မရေစီး၊
ဒီခရီးမှာ
စည်းရုံးစုစည်းကာနေ။
မောင်လေးအောင်ကလည်း
ပင်မရေစီး၊
ဒီခရီးမှာ
စည်းရုံးစုစည်းကာနေ။
ထလော့
အဖိနှိပ်ခံနေရတဲ့ပြည်သူတွေ
ထလော့။
ထလော့
အဖိနှိပ်ခံကဗျာဆရာတွေ
ထလော့။
ဒီနေ့ မြန်မာကဗျာတိုက်ပွဲဟာ
အဟောင်းနဲ့အသစ်တိုက်ပွဲ
ဖြစ်တယ်။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး
ကဗျာဓားသွေးတဲ့
အသစ်က တစ်ဖက်
စစ်အာဏာရှင်အလောင်း၊
ရေပုပ်မြောင်းထဲ
သူကောင်းပြုခံချင်တဲ့
အဟောင်းက တစ်ဖက်
ဘက် နှစ်ဘက်
မိတ်ဆွေ သင်ဘယ်ဘက်ကလဲ။
ဂန် သော၊
ဒန် သော
နောဇာ နာမိ၊
ငါမသိ
ငါသိတာ
အဟောင်း အသစ်။
ယဉ်းကျေးမှုစစ်မျက်နှာ
ခေတ်ကဗျာပဲ။
မ ဆ လ ခေတ်မှာ
မြန်မာကဗျာ
ဘယ်နှမျိုးရှိခဲ့လဲ။
န ဝ တ
န အ ဖ
မနေ့တစ်နေ့က
မအိမ်လုံးဖွတ်တွေခေတ်
မြန်မာကဗျာ
ဘယ်နှမျိုးရှိခဲ့လဲ။
ဟော- ဒီကနေ့
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာရော
မြန်မာကဗျာ
ဘယ်နှမျိုးရှိနေသလဲ။
ရဲရဲ ဖြေပါ၊
သင်မညာနဲ့
ရာဇဝင်မှာ၊
သင်ဟာ တရားခံဖြစ်တော့မယ်။
သင်သိပါတယ်၊
ကဗျာ နှစ်မျိုး
(၁) ဖိနှိပ်သူအာဏာရှင်ဘက်ကရပ်တည်တဲ့ကဗျာ
(၂) အဖိနှိပ်ခံပြည်သူတွေဘက်ကရပ်တည်တဲ့ကဗျာ
သင်ဟာ ဖောက်ပြန်သူလား။
မြစ်တစ်မြစ်ဟာ
ခဏခဏ ဓားထစ်ခံရတဲ့
သစ်ပင်လိုပဲ
ကြာတော့
ရေငတ်ပြီး
သေတယ်။
ခေတ်တစ်ခေတ်ဟာ
စစ်ဖိနပ်အောက်မှာ
ခြောက်သွေ့နေတဲ့ပန်းခင်းလိုပဲ
အရင်းမရှိ၊
အဖျားမရှိ သေတယ်။
မြစ်ထဲမှာ
မသေဘဲ ကျန်ရစ်တာ
စစ်မှန်တဲ့
တော်လှန်ရေးပဲ။
ခေတ်ထဲမှာ
မသေဘဲ ကျန်ခဲ့တာ
တော်လှန်တဲ့ကဗျာဆရာတွေပဲ။
ဒဂုန်တာရာက
ငါတို့ကို
အဘိဓမ္မာပေးတယ်။
မောင်လေးအောင်က
ငါတို့ကို
အနုပညာပေးတယ်လေ။
ငါတို့ဟာ
ဒဂုန်တာရာရဲ့
အင်အားတက်ကြွ၊
တိုးတက်လှတဲ့
ပင်မရေစီး
မြစ်တွေပဲလေ။
ငါတို့ဟာ
မောင်လေးအောင်ရဲ့
ကြွေးကြော်စူးရဲ၊
အားမာန်ခဲတဲ့
တိုက်ပွဲထဲက
ပြည်သူတွေပဲပေါ့ ။
ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို
ချစ်ပါတယ်။
ခက်တာက
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ
အလစ်ချောင်းနေတဲ့
အချောင်သမားတွေပေါတာပဲ။
ကဗျာဆရာတွေက
ဒီမိုခရီးကို
ဆုံးခန်းတိုင်နှင်ချင်တယ်။
ခက်တာက
ဒီမိုခုတုံးလုပ်၊
လမ်းခုလတ်မှာ
မိုင်းဗုံးခလုတ်ဖြုတ်ချင်သူတွေပေါတာပဲ။
ဘာပဲဖြစ်ဖြစ်ပေါ
့
မောင်ခိုင်မာပြောသလိုပေါ
့
လောကအမှောင့်၊
ကြိုးဝိုင်းထောင့်မှာ
ညာဖြောင့်လက်သီး၊
ဝှီးခနဲ ဝင်လာတတ်သတဲ့။
တော်လှန်သတိ၊
ကဗျာသတိ
အမြဲရှိကြ။
ဒဂုန်တာရာရဲ့မျက်နှာကိုလည်းထောက်ပါ
မောင်လေးအောင်ရဲ့မျက်နှာကိုလည်းထောက်ပါ။
ဒဲ့ ပြောမယ်
ထပ်ပြောမယ်
အမျိုးသားစာပေဆု
ဘာလုပ်ရမှာလဲ။
တောင်စမုတ်က
ထောင်ထုပ်မှ
မရရင်
ကြောင်ကုတ်မှာလား
ဘေဘီ။
ဘေဘီမှတ်ထား
မြားဖြောင့်တဲ့လက်
ပြည်သူ့ဘက်ကတွေး
ခွေးလည်း
မဟောင်
ကြောင်လည်း
မကုတ်။
ကဗျာဆိုတာ
ဒီမိုညအမှောင်
တောသုံးတောင်မှာ
လရောင်မရှိလည်း
အဘိဓမ္မာနံ့သင်း
လင်းယုန်ဆင်းတဲ့
နှင်းဆီတောအုပ်။
။
ေ အာ င်
ေ ဝ း
(ဇွန် ၇-
၂ဝ၁၈)
Thursday, May 31, 2018
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၉ )

(art work - than
htay maung)
ခေတ်ကြီးက
ဟာသပဲ။
ခေတ်ကြီးက
ဟာသကိုဖြစ်လို့
ခေတ်က
ဟဿရသကိုပေးတယ်။
စစ်က
ဘယာနကရသကိုပေးတယ်။
ခေတ်
သင်္ခါရ
စစ်
သင်္ခါရ
အချစ်သာ
အစဉ်ထာဝရပါခင်။
ခေတ်ကြောင့်
ကြေ၊ စစ်ကြောင့် သေ
စစ်ဘေးရှောင်
ဒုက္ခသည်စခန်းတွေမှာ
စစ်ခွေးက
ဟောင်တယ်။
အချစ်က
သေ၊ စစ်က ရှည်
သေကွဲတွေ၊
ရှင်ကွဲတွေ
စစ်ဒဏ်သင့်ပန်းကလေးတွေ
နွမ်းနယ်နေတဲ့နှလုံးသားတွေ
ဗုံးသံ၊
အမြောက်သံ၊ စက်သေနတ်သံတွေ
ဟောဟို
ဝေးလံလံ
တိုင်းရင်းသားတွေရဲ့
တောယံ
တောင်ယံထဲမှာပဲ ရှိတာလား။
ခေတ်ကြီးက
ဟာသပဲ ခင်။
စစ်ဘေးဒဏ်က
ရန်ကုန်၊
မန္တလေး မြို့ကြီးတွေလယ်ကောင်မှာလည်း သင့်တာပဲ။
စစ်ဘေးဒဏ်က
ပန်းခြံထဲ
ကဗျာရွတ်ပွဲကိုလည်း သင့်တာပဲ။
အဲဒီ
စစ်ဘေးဒဏ်က
ရန်ကုန်တက္ကသိုလ်ထဲကိုလည်း
ရောက်လာတယ်လေ။
ဟာသပဲ
ဒေါ်အောင်ဆန်းစုကြည်က
စစ်ပွဲတွေရပ်ဖို့
များများပြောပေးကြပါတဲ့။
ဟော
အခု ပြောတဲ့ကျောင်းသားတွေ
ကဗျာဆရာတွေကို
စုရဲ့
ရဲတွေကဖမ်းတယ်။
ဟာသပဲ
ဒေါ်အောင်ဆန်းစုကြည်က
ကျောင်းသားတွေနိုင်ငံရေးလုပ်ရမယ်လို့ပြောတယ်။
ဟော
အခု စုရဲ့လူတွေက
ကျောင်းထဲမှာနိုင်ငံရေးမလုပ်ရ
အမိန့်ထုတ်သတဲ့။
ဟ
ဟ ပဲ ရမယ်
ဒေါက်တာသိန်းဝင်းရယ်။
ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ
သမ္မတဖြစ်ကုန်မှာပေါ့ ။
ဟ
ဟ ပဲ ရမယ်
အစိုးရမင်းများရယ်။
ခေတ်ကြီးက
ဟာသပဲ
ဒေါ်အောင်ဆန်းစုကြည်ကိုတော့
အားလည်းနာတယ်၊
သနားလည်း သနားတယ်။
စစ်ပွဲတွေ
မရပ်ရင်
စီးနေတဲ့မြစ်တွေ
ရပ်တံ့သွားလိမ့်မယ်။
စစ်ပွဲတွေ
မရပ်ရင်
ပျံသန်းနေတဲ့ငှက်တွေလည်း
အတောင်ပံညောင်းတော့မယ်။
စစ်ပွဲတွေ
မရပ်ရင်
အနာဂတ်တေးသံတွေလည်း
ဆွံ့အ သွားတော့မယ်။
စစ်ပွဲတွေ
မရပ်ရင်
(ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့)
လူထုရဲ့ရုန်းကန်သံတွေလည်း
သေဆုံးသွားလိမ့်မယ်လေ။
စစ်ပွဲတွေ
ရပ်။
သေနတ်ကိုင်ထားတဲ့လက်တွေနဲ့
စာရွက်ပေါ်
လက်မှတ်ထိုးတယ်။
ဟ
ဟ ပဲ ရမယ်
ဂီးဇောင်ဂျောင်းတို့ရယ်။
သေနတ်မပါတဲ့
ကျောင်းသားတွေရဲ့လက်က
စစ်ပွဲတွေကို
ရပ်နိုင်တယ်။
သေနတ်မပါတဲ့
ကဗျာဆရာတွေရဲ့လက်က
စစ်ဒဏ်သင့်ပြည်သူတွေကို
ကယ်တင်နိုင်တယ်။
စစ်ပွဲတွေ
ရပ်။
တို့ချစ်ခြင်း
ကွင်းအောင်တစေ
နေ့တိုင်းမွှေတဲ့
သက်ကြီးဝန်တို
မြင်တိုင်းမုန်းစရာ့
“စစ်ချုပ်ဗိုလ်”
ရေလိုခန်းခြောက်ပါစေသား။
။
ေ
အ ာ င္ ေ ဝ း
(ေမ
၃၁- ၂ဝ၁၈)
Sunday, May 20, 2018
ခ် စ္ လို့ ေ ရ း တဲ့ က ဗ် ာ ( ၈ )
"ပြည်တွင်းစစ်
အနှစ် ခုနစ်ဆယ်၊ တော်ပြီ"
"ပြည်တွင်းစစ်
အနှစ် ခုနစ်ဆယ်၊ တော်ပြီ"
"ပြည်တွင်းစစ်
အနှစ် ခုနစ်ဆယ်၊ တော်ပြီ"
မရပ်နဲ့၊
အဲဒီ အော်သံတွေ မရပ်နဲ့။
လက်နက်ကိုင်နိုင်ငံရေးခေတ်
ကုန်ပြီ။
လက်နက်ကိုင်နိုင်ငံရေးဆိုတာ
အဆိပ်တွေစီးဆင်းနေတဲ့မြစ်
ခေတ်ကုန်ပြီ။
ပြည်တွင်းစစ်ဆိုတာ
သစ်ပင်ပြောင်းပြန်စိုက်တာ။
ဟိုတုန်းက
ဦးနေဝင်း သူပုန်မွေးပြီး
အစိုးရလုပ်ခဲ့တယ်။
အခု ဘယ်သူတွေ
အစိုးရမွေးပြီး
သူပုန်လုပ်နေသလဲ။
မရပ်နဲ့။
ပြည်တွင်းစစ်ကိုမုန်းတီးတဲ့နှလုံးသားတွေ၊
မရပ်နဲ့။
မရပ်နဲ့။
ပြည်တွင်းစစ်ကိုဆန့်ကျင်တဲ့အမှန်တရားတွေ၊
မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးတောင်းဆိုတဲ့လူထုဆန္ဒတွေ၊
မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးကိုတန်ဖိုးထားတဲ့အချစ်စိတ်တွေ၊
မရပ်နဲ့။
မရပ်နဲ့။
စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက်အကူအညီတွေ၊
မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲတွေ၊
မရပ်နဲ့။
မရပ်နဲ့။
ငြိမ်းချမ်းရေးဂီတတေးသံတွေ၊
မရပ်နဲ့။
မရပ်နဲ့။
စစ်သားမိန်းမ
မုဆိုးမတွေအပေါ် စာနာမှုတွေ၊ မရပ်နဲ့။
မရပ်နဲ့။
သူပုန်မယား
မုဆိုးမများအပေါ် ထောက်ထားမှုတွေ၊ မရပ်နဲ့။
မရပ်နဲ့။
မရပ်နဲ့။
အာဏာရှင်စစ်ဗိုလ်ချုပ်တွေ
တစ်ယောက်မကျန်သေကုန်တဲ့အထိ
အဲဒီ စစ်ပွဲတွေ
မရပ်နဲ့။
မရပ်နဲ့။
မရပ်နဲ့။
အာဏာရှင်သူပုန်ခေါင်းဆောင်တွေ
တစ်ယောက်မကျန်သေကုန်တဲ့အထိ
အဲဒီ စစ်ပွဲတွေ
မရပ်နဲ့။
မရပ်နဲ့။
စစ်ပွဲတွေရပ်ဖို့ပြောတဲ့သူတွေကိုဖမ်းတဲ့အစိုးရကိုလည်းအပြစ်ပြောဖို့
မရပ်နဲ့။
ပြည်တွင်းစစ်
အနှစ်ခုနစ်ဆယ်
တော်သင့်ပြီ
ခင်ရယ်။ ။
ေ အာ င်
ေ ဝ း
(ေမ ၂ဝ- ၂ဝ၁၈)
Sunday, April 29, 2018
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၇ )

တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ သေရင်
ငရဲ မလားဘူး။
တိုင်းပြည်နဲ့
လူမျိုးကို ချစ်တဲ့စိတ်ဆိုတာ
အတိတ်ကို "ရှင်" စေတဲ့ စိတ်ပေါ့ ။
ပစ္စုပ္ပန်တွေ မသေဖို့
အတိတ်တွေ ရှင်နေရမယ်။
ဆဲဗင်းဂျူလိုင်ဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။
၇၄-၇၅-၇၆ ဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။
တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါ
အချစ်စိတ်ဟာ
အတိတ်ကို ရှင်သန်စေတယ်။
အတိတ်တွေ ရှင်သန်မှ
ပစ္စုပ္ပန်ဟာ ရှင်သန်မယ်။
ရှစ်လေးလုံးဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။
ရွှေဝါရောင်ဟာ အတိတ်ပေါ့ 
ခုထိ ရှင်တုန်း။
စစ်သံဖနောင့်အောက်က လွတ်မြောက်ရေး
ဒီအရေးဟာ
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတံ
တိုင်းပြည်နဲ့လူမျိုးကိုချစ်ခြင်းမှာ
အရင်းခံတယ်။
တိုင်းပြည်ကို တကယ်ချစ်ရင်
သစ်ပင်ကလေး တစ်ပင်မှာလည်း
တစ်တောလုံးရဲ့ဝိညာဉ် ရှိတာပဲ။
လူမျိုးကို တကယ်ချစ်ရင်
စစ်မဖြစ်တဲ့ ညတွေမှာ
လမင်း သာမယ်။
တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရင်
မီးပျက်တာ၊ ဘတ်စကားကျပ်တာလောက်ကို
အပြစ် မမြင်ပါဘူး။
တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါ
အချစ်စိတ်ဟာ
အေးမြတဲ့ မိုးကြီးပေါ့ ။
အဲဒီ ချစ်မိုးကြီးရွာရင်
စစ်ဆိုးမီးတကာ ငြိမ်းမယ်။
အဲဒီ ချစ်မိုးကြီးရွာရင်
အမုန်းမီးတောက်တွေ
အဆုံးပြီးပျောက်မယ်။
တိုင်းပြည်နဲ့လူမျိုးကို ချစ်ပါ
အချစ်စိတ်ဟာ
အဓိပ္ပာယ်ရှိလာမယ် ခင်။ ။
ေ အ ာ င္ ေ ဝ း
ဧၿပီ ၂၉- ၂ဝ၁၈။
Tuesday, April 3, 2018
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၆ )

နိုင်ငံတော်ဟာ အချစ်ငတ်နေတယ်
အချစ်ငတ်နေတဲ့
နိုင်ငံတော်ပေါ့ ။
ဒီနေ့မှာ
အချစ်ငှက်ဟာ မွေးဖွားလာတယ်
ဒီနေ့မှာ
အချစ်ငှက်တစ်ကောင်
လရောင်အောက်
မိုးသောက်တေး
ဆိုတယ်။
တကယ်တော့
သူရောက်နေတာ
အမှောင်ခေတ်ကြီးပဲ
သွေးချောင်းစီးနေတဲ့
ခေတ်ကြီးလေ။
သူ ဘယ်သိပါ
့မလဲ
စစ်ကိုမုန်းလို့
တိုက်ခဲ့တာ
သမ္မတအသစ်ကြီး
တက်လာတာ
သူ ဘယ်သိပါ
့မလဲ။
တစ်နေ့တည်း၊
တစ်နေ့တည်း
နေ့မှာ (ဒုတိယ)သမ္မတရွေး
ညမှာ အကယ်ဒမီပေး
တစ်နေ့တည်း၊
တစ်နေ့တည်း။
သူ ဘယ်သိပါ
့မလဲ
ကလေးတွေက
မသိဘူး ချစ်တယ်
လူကြီးတွေက
မသိဘူး စစ်ဖြစ်နေကြတယ်
သူ ဘယ်သိပါ
့မလဲ။
နိုင်ငံတော်ဟာ
အချစ်ငတ်နေတယ်
အချစ်ငတ်နေတဲ့
နိုင်ငံတော်ပေါ့ ။
စစ်ဆိုတာ
မချစ်လို့ဖြစ်တာ
ချစ်ရင် မဖြစ်ပါဘူး။
မြစ်ဆိုတာ
ချစ်တတ်ရင်
ခေတ်ကြီးထဲ
တသွင်သွင်။
အချစ်နဲ့စိုက်ရင်
ကျောက်သားပြင်မှာလည်း
သစ်ပင်ဟာ
ရှင်တယ်။
အချစ်လက်နဲ့
ထိုးတဲ့ခေါင်းလောင်း
စက်သေနတ်
စိန်ပြောင်းသံထက် ချိုသာမယ်။
မချစ်တတ်ရင်
သွေးချင်းချင်းစိုနေတဲ့
နှလုံးသားလည်း
ပပ်ကြားအက်တာပဲ။
မချစ်တတ်ရင်
သေနတ်ပြောင်းက
ပန်းတွေ ဘယ်လိုပွင့်မှာလဲ။
မိုးခေါင်တောမှာ
မောတယ် အသက်ရယ်။
စစ်ကိုမုန်းပါ၊
မတိုက်ပါနဲ့
ငြိမ်းချမ်းရေးကိုချစ်ပါ၊
မဖျက်ပါနဲ့။
ဒီမနက်
ယာခရိုးက
ချိုးလင်းပြာငှက်ကလေး
မိုးခေါ်တေး
ဆိုတယ်။
အမုန်းတွေ
ရပ်
စစ်ပွဲတွေ
ရပ်။ ။
(ထူးအိမ်သင်သို့
…)
ေ အာ င်
ေ ဝ း
ဧၿပီ ၁- ၂ဝ၁၈
Subscribe to:
Posts (Atom)