Tuesday, May 14, 2019
Sunday, May 12, 2019
ချ စ် လှ စွာေ သာ ပြ ည်ေ ပြး ( ၂ )
နာဂစ် မွှေတဲ့နေ့မှာ
ငါ့ အမေ မြေကျတယ်
ငါ နှစ်လိုတယ် လေဘာတီ။ ။
ေ အ ာ င္ ေ ၀ း
(ေမ ၁၂၊ ၂၀၁၉)
painting by Nguyen Thanh Binh
[unicode]
ချစ်လှစွာသောပြည်ပြေး (၂)
နာဂစ် မွှေတဲ့နေ့မှာ
ငါ့အမေ မြေကျတယ်
ပြာသိုလပြည့် အမေနေ့ ကိုသာ
ငါ နှစ်လိုတယ် လေဘာတီ။ ။
အောင်ဝေး
(မေ ၁၂၊ ၂၀၁၉)
Wednesday, May 8, 2019
Sunday, May 5, 2019
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၃ ၀ ) ( နိ ဂုံး )

အချစ်တကာ့ အချစ်ထဲမှာ
တိုင်းသူပြည်သား အချင်းချင်း
ချစ်တဲ့ အချစ်ကိုသာ
ကဗျာဆရာ တောင်းဆိုတယ်။ ။
ေ အာ င်ေ ၀း
(မေ ၄၊ ၂၀၁၉)
Tuesday, March 26, 2019
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၉ )

"ပုဂံ မှာမွေး၊ ပုဂံသွေးမို့
အလေး မမူ
အသက်ပင် လှူခဲ့ပေါ့ " တဲ့
ဆရာဇော်ဂျီ ရေးခဲ့တယ်။
"အောင်ဆန်း က မွေး၊ အောင်ဆန်းသွေးမို့
အလေး မမူ
အသက်ပင် လှူခဲ့ပေါ့ " လို့
ငါ ရေးမယ်။
သူငယ်ချင်း ...
မင်း လက်မခံရင်
မင်းအမြင်ကို မင်းပြောပါ။
ငါကတော့ ... ။
"ငါ့ အိမ်ကို ငါ မိုးပြီးပြီ
ရွာလိုရွာလော့ မိုးနတ်သား" (မင်းသုဝဏ်)
ေ အာ င်ေ ၀း
(မတ် ၂၃- ၂၀၁၉)
ပန်းချီ- ခေတ်ဘုန်းမို။
Thursday, March 14, 2019
ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၈ )
နွမ်းမိ နွမ်းမော
ကံ့ကော်တောက ညတွေ။
ချစ်သူ့ တစ်ရင်
ငု တစ်ပင်
ငု တစ်ပင်လုံး ၀ါ
သူ့ တစ်ရင်လုံး ကဗျာ
နှစ်ကာလတွေ။
နာကြည်း တောက်ခေါက်
အဓိပတိလမ်း
စိန်ပန်း တစ္ဆေ
နေ့တွေ။
သစ်ရွက်တွေ ကြွေကြွေ
ချစ်ရက်တွေ ရှည်ရှည်
ခေတ်ရတက်တွေ ပွေပွေ
သတ်၍ မသေသော အလွမ်းတွေ။
"ကံ့ကော် ပွင့်ရာ
ငုဝါ ပွင့်ရာ
စိန်ပန်း ပွင့်ရာ"
... ... ... ...
အနှစ် တစ်ရာ။ ။
ေ အာ င်ေ ၀း
(မတ် ၁၂-၂၀၁၉)
Unicode
အိုဘယ့်ဘယ် ... အိုဘယ့် မြသီလာ။
နွမ်းမိ နွမ်းမော
ကံ့ကော်တောက ညတွေ။
ချစ်သူ့ တစ်ရင်
ငု တစ်ပင်
ငု တစ်ပင်လုံး ဝါ
သူ့ တစ်ရင်လုံး ကဗျာ
နှစ်ကာလတွေ။
နာကြည်း တောက်ခေါက်
အဓိပတိလမ်း
စိန်ပန်း တစ္ဆေ
မျက်ရည်တောက်တောက် ကျခဲ့ရတဲ့
နေ့တွေ။
အိုဘယ့်ဘယ် ... အိုဘယ့် မြသီလာ။
သစ်ရွက်တွေ ကြွေကြွေ
ချစ်ရက်တွေ ရှည်ရှည်
ခေတ်ရတက်တွေ ပွေပွေ
သတ်၍ မသေသော အလွမ်းတွေ။
အိုဘယ့်ဘယ် .. အိုဘယ့် မြသီလာ။
"ကံ့ကော် ပွင့်ရာ
ငုဝါ ပွင့်ရာ
စိန်ပန်း ပွင့်ရာ"
... ... ... ...
အနှစ် တစ်ရာ။ ။
(ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်သို့)
အောင်ဝေး
(မတ် ၁၂-၂၀၁၉)
photo by zarny win
Sunday, February 24, 2019
Subscribe to:
Posts (Atom)





