Thursday, June 6, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၁ ၅ )

[unicode below]


 ဒီ မနက္
ဆင္မလိုက္ သေဘၤာက်င္းဘက္က ေသနတ္သံေတြ ၾကားတယ္
ေရႊတိဂံု ကုန္းေတာ္ေပၚက ေၾကြးေၾကာ္သံေတြ ၾကားတယ္
ေၾသာ္ ... ငါ ခုထိ ၇၄ - ၇၅ အိပ္မက္ဆိုးေတြ မက္တုန္းပါလား။ ။ 


ေ အ ာ င္ ေ ၀ း
(ဇြန္ ၆၊ ၂၀၁၉)

##


ချစ်လှစွာသောပြည်ပြေး (၁၅)

ဒီ မနက်
ဆင်မလိုက် သင်္ဘောကျင်းဘက်က သေနတ်သံတွေ ကြားတယ်
ရွှေတိဂုံ ကုန်းတော်ပေါ်က ကြွေးကြော်သံတွေ ကြားတယ်
သြော် ... ငါ ခုထိ ၇၄ - ၇၅ အိပ်မက်ဆိုးတွေ မက်တုန်းပါလား။ ။

အောင်ဝေး
(ဇွန် ၆၊ ၂၀၁၉)

Monday, June 3, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၁ ၄ )

[unicode below]



K ကေလး
ငါတို့ဟာ လက္နက္ကိုင္ေတြလား
ငါတို့ဟာ လက္နက္ကိုင္ေတြပါကြယ္
ကဗ်ာဟာ တိုက္ပြဲလက္နက္ေပါ ့။ ။

ေ အ ာ င္ ေ ၀ း
(ဇြန္ ၃၊ ၂၀၁၉)

##

ချစ်လှစွာသောပြည်ပြေး (၁၄)

K ကလေး
ငါတို့ဟာ လက်နက်ကိုင်တွေလား
ငါတို့ဟာ လက်နက်ကိုင်တွေပါကွယ်
ကဗျာဟာ တိုက်ပွဲလက်နက်ပေါ့။ ။

အောင်ဝေး
(ဇွန် ၃၊ ၂၀၁၉)

Saturday, June 1, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၁ ၃ )

[unicode below]



ထက္ရာဇာ၊ ထက္ေဇာ္
ငါတို႔ဟာ အိမ္အျပန္ခက္တဲ့ ငွက္ေတြ
ကိုယ့္အေတာင္ပံ ကိုယ္ျပန္စမ္းၾကည့္မွ
အလြမ္းနဲ႔ ပိ ေန။ ။

ေ အ ာ င္ ေ ၀ း
(ဇြန္ ၁၊ ၂၀၁၉)

[unicode]

ချစ်လှစွာသောပြည်ပြေး (၁၃)

ထက်ရာဇာ၊ ထက်ဇော်
ငါတို့ဟာ အိမ်အပြန်ခက်တဲ့ ငှက်တွေ
ကိုယ့်အတောင်ပံ ကိုယ်ပြန်စမ်းကြည့်မှ
အလွမ်းနဲ့ ပိ နေ။ ။

အောင်ဝေး
(ဇွန် ၁၊ ၂၀၁၉)


Friday, May 31, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၁ ၂ )

[unicode below]


ေနာက္ တစ္ေမမွာ
ငါ ေသရင္ေသ
မေသရင္ လူဆိုးဗိုလ္ႀကီးေရႊေရႊ ေသရမယ္
ဒီပဲယင္းသစၥာ။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၃၀၊ ၂၀၁၉)

[unicode]

ချစ်လှစွာသော ပြည်ပြေး  ( ၁၂ )

နောက် တစ်မေမှာ
ငါ သေရင်သေ
မသေရင် လူဆိုးဗိုလ်ကြီးရွှေရွှေ သေရမယ်
ဒီပဲယင်းသစ္စာ။ ။

အောင်ဝေး 
(မေ ၃၀၊ ၂၀၁၉)

Monday, May 27, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၁ ၁ )


မင္းကိုႏိုင္
"ေခြးသရမ္းႀကီး လြတ္ေနတယ္"
အႏုပညာတန္းလ်ားမွာ ငါတို့ရွိတယ္
ရဲေဘာ္ ႏိုင္ငံေရးတန္းလ်ားကို ျပန္ပါ။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၂၇၊ ၂၀၁၉)

ချစ်လှစွာသော ပြည်ပြေး ( ၁၁ )

မင်းကိုနိုင်
"ခွေးသရမ်းကြီး လွတ်နေတယ်"
အနုပညာတန်းလျားမှာ ငါတို့ရှိတယ်
ရဲဘော် နိုင်ငံရေးတန်းလျားကို ပြန်ပါ။ ။

အောင်ဝေး
(မေ ၂၇၊ ၂၀၁၉)


Our Beloved Exile (11)

Min Ko Naing
"Hellhound at large."
We station ourselves at barracks of art.
But you, comrade, go back to barracks of politics.

AUNG WAY
Translation SOE THAN

Saturday, May 25, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၁ ၀ )

[unicode below]


ၿမိဳ့ေတာ္စည္ပင္က အစ္မႀကီး
အမိွဳက္ေတြ သိမ္းတဲ့ အစ္မႀကီး
မစ္ရွီဂန္မဲဇာ က
က်ေနာ့္ အိပ္မက္ေတြ လာသိမ္းပါဦး။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၂၅၊ ၂၀၁၉)

[unicode]

ချစ်လှစွာသောပြည်ပြေး (၁၀)

မြို့တော်စည်ပင်က အစ်မကြီး
အမှိုက်တွေ သိမ်းတဲ့ အစ်မကြီး
မစ်ရှီဂန်မဲဇာက
ကျနော့် အိပ်မက်တွေ လာသိမ်းပါဦး။ ။

အောင်ဝေး
(မေ ၂၅၊ ၂၀၁၉)

Thursday, May 23, 2019

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၉ )

[unicode below]



ေက်ာ္သူ
ေရႊ၀ါေရာင္တုန္းက တို့ပုန္းခဲ့တဲ့ ဗုံးခိုက်င္းကေလး
ျပန္ေရာက္ေသးလား
တို့မုန္းခဲ့တဲ့ စစ္အာဏာရွင္စနစ္ေရာ ျပန္လာေသးလား။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၂၃၊ ၂၀၁၉)

[unicode]

ချစ်လှစွာသောပြည်ပြေး (၉)

ကျော်သူ
ရွှေဝါရောင်တုန်းက တို့ပုန်းခဲ့တဲ့ ဗုံးခိုကျင်းကလေး
ပြန်ရောက်သေးလား
တို့မုန်းခဲ့တဲ့ စစ်အာဏာရှင်စနစ်ရော ပြန်လာသေးလား။ ။

အောင်ဝေး
(မေ ၂၃၊ ၂၀၁၉)