Thursday, September 12, 2019

ချစ်လှစွာသောပြည်ပြေး (၅၈)


ခင်မေဝင်း
တို့သီချင်းကို သံစဉ် ဘယ်လိုပြောင်းပြောင်း
စာသားက တစ်ကြောင်းတည်း
"စစ်အာဏာရှင်စနစ် ကျဆုံးပါစေ"

အောင်ဝေး
(စက်တင်ဘာ ၁၂၊ ၂၀၁၉)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၈ )
---------------------------------------------
ခင္ေမ၀င္း
တို့သီခ်င္းကို သံစဥ္ ဘယ္လိုေျပာင္းေျပာင္း
စာသားက တစ္ေၾကာင္းတည္း
"စစ္အာဏာရွင္စနစ္ က်ဆုံးပါေစ"
-------------------------------------------
ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၁၂၊ ၂၀၁၉)

Sunday, September 8, 2019

ချစ်လှစွာသောပြည်ပြေး (၅၇)


မိကောက်
တိုင်းပြည်အတွက်ဆို ဘာမှ မလိုဘူး
ကိုယ်စီ ရင်ထဲ အချစ်ပင်လေးသာ ရှင်အောင်မွေး
ဘယ်တော့မှ စစ်မပြင်လေနဲ့။ ။

အောင်ဝေး
(စက်တင်ဘာ ၈၊ ၂၀၁၉)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၇ )

မိေကာက္
တိုင္းျပည္အတြက္ဆို ဘာမွ မလိုဘူး
ကိုယ္စီ ရင္ထဲ အခ်စ္ပင္ေလးသာ ရွင္ေအာင္ေမြး
ဘယ္ေတာ့မွ စစ္မျပင္ေလနဲ႔။ ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၈၊ ၂၀၁၉)

Monday, September 2, 2019

ချစ်လှစွာသောပြည်ပြေး (၅၆)

ဝင်း နဲ့ ဇော်
တိုင်းပြည်က ရေကြီးနေတယ်
(တချို့က လှေကြုံစီးနေတယ်)
လေဟုန်စီးပြီး ရွှေတိဂုံကို မင်းတို့ပြန်လာမယ်၊ ယုံတယ်။ ။

အောင်ဝေး
(စက်တင်ဘာ ၂၊ ၂၀၁၉)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၆ )


၀င္း နဲ့ ေဇာ္
တိုင္းျပည္က ေရႀကီးေနတယ္
(တခ်ိဳ့က ေလွႀကံဳစီးေနတယ္)
ေလဟုန္စီးၿပီး ေရႊတိဂံုကို မင္းတို့ျပန္လာမယ္၊ ယုံတယ္။ ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၂၊ ၂၀၁၉)

Friday, August 30, 2019

ချစ်လှစွာသောပြည်ပြေး (၅၅)


စံပယ်ဖြူနု ရေ ...
စစ်ပွဲတွေက လူတွေကို သေစေတယ်
(လူတွေက စစ်ပွဲတွေကို ရှင်စေတယ်)
လူသေတွေ ရှင်ပါစေ၊ စစ်ပွဲရှင်တွေ သေပါစေ။ ။

အောင်ဝေး
(သြဂုတ် ၃၀၊ ၂၀၁၉)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၅ )

စံပယ္ျဖဴႏု ေရ ...
စစ္ပြဲေတြက လူေတြကို ေသေစတယ္
(လူေတြက စစ္ပြဲေတြကို ရွင္ေစတယ္)
လူေသေတြ ရွင္ပါေစ၊ စစ္ပြဲရွင္ေတြ ေသပါေစ။ ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၃၀၊ ၂၀၁၉)

Sunday, August 25, 2019

ခ်စ္လွစြာေသာျပည္ေျပး (၅၄)



စစ္ကြၽန္ေခတ္မွာ၊ လူလြန္မသားေတြက
ျမစ္ကို သြန္ပစ္ခဲ့ၾက
စစ္က်န္ျမစ္မွာ၊ တို႔ေခတ္ဟာ ႏြံနစ္ရေပါ့
ခင္ဘုန္းေဝေဇာ္။ ။

ေအာင္ေ၀း
(ၾသဂုတ္ ၂၅၊ ၂၀၁၉)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၄ )

စစ္ကြၽန္ေခတ္မွာ၊ လူလြန္မသားေတြက
ျမစ္ကို သြန္ပစ္ခဲ့ၾက
စစ္က်န္ျမစ္မွာ၊ တို႔ေခတ္ဟာ ႏြံနစ္ရေပါ့
ခင္ဘုန္းေဝေဇာ္။ ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၅၊ ၂၀၁၉)

Thursday, August 22, 2019

ချစ်လှစွာသောပြည်ပြေး (၅၃)



ပိုပြည့်သူ
"ကဗျာနဲ့ နိုင်ငံတစ်နိုင်ငံ မထူထောင်နိုင်" တဲ့ *
ဒါပေမဲ့ - ကဗျာက
နာမကျန်းဖြစ်နေတဲ့ နိုင်ငံကို ကုစားပေးနိုင်တယ်။ ။

အောင်ဝေး
(သြဂုတ် ၂၂၊ ၂၀၁၉)


* မာမွတ်ဒါဝစ် (ပါလက်စတိုင်း)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၃ )

ပိုျပည့္သူ
"ကဗ်ာနဲ႔ ႏိုင္ငံတစ္ႏိုင္ငံ မထူေထာင္ႏိုင္" တဲ့ *
ဒါေပမဲ့ - ကဗ်ာက
နာမက်န္းျဖစ္ေနတဲ့ ႏိုင္ငံကို ကုစားေပးႏိုင္တယ္။ ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၂၊ ၂၀၁၉)


* မာမြတ္ဒါဝစ္ (ပါလက္စတိုင္း)

Tuesday, August 20, 2019

ချစ်လှစွာသောပြည်ပြေး (၅၂)



အမေရိကမှာ သေနတ်တွေ ခဏခဏ ပစ်တယ်
မြန်မာပြည်မှာ ပါးစပ်တွေ ခဏခဏ ပစ်တယ်
သေနတ်နဲ့ ပစ်လို့ သေတဲ့ မသာထက်
ပါးစပ်နဲ့ ပစ်လို့ သေတဲ့ မသာက ပိုများတယ် ချိုသင်း။ ။

အောင်ဝေး
(သြဂုတ် ၂၀၊ ၂၀၁၉)

##

ခ် စ္ လွ စြ ာ ေ သ ာ ျပ ည္ ေ ျပ း ( ၅ ၂ )


အေမရိကမွာ ေသနတ္ေတြ ခဏခဏ ပစ္တယ္
ျမန္မာျပည္မွာ ပါးစပ္ေတြ ခဏခဏ ပစ္တယ္
ေသနတ္နဲ႔ ပစ္လို႔ ေသတဲ့ မသာထက္
ပါးစပ္နဲ႔ ပစ္လို႔ ေသတဲ့ မသာက ပိုမ်ားတယ္ ခ်ိဳသင္း။ ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၀၊ ၂၀၁၉)