Wednesday, April 8, 2020
က မ္ဘ ာ ( ၅ )
ရှေ့တန်းစစ်မျက်နှာ။
သေနတ်သံ မကြားရ။
အမြောက်သံ မကြားရ။
ဗုံးသံ မကြားရ။
အသေအလဲ တိုက်နေရတယ်။
အသက်ကို အသက်နဲ့ ထုပ်ထားရတယ်။
ရှေ့တန်းစစ်မျက်နှာ။ ။
အောင်ဝေး
(ဧပြီ ၈၊ ၂၀၂၀)
သူရဲကောင်းများသို့ ... ။
##
က မၻ ာ ( ၅ )
ရှေ့တန်းစစ်မျက်နှာ။
သေနတ်သံ မကြားရ။
အမြောက်သံ မကြားရ။
ဗုံးသံ မကြားရ။
အသေအလဲ တိုက်နေရတယ်။
ရှေ့တန်းစစ်မျက်နှာ။ ။
ေ အာ င်ေ ၀း
(ဧပြီ ၈၊ ၂၀၂၀)
သူရဲကောင်းများသို့ ... ။
Tuesday, April 7, 2020
က မ္ဘ ာ ( ၄ )
xxx လက်ဆေး xxx Mask တပ် xxx Stay Home xxx
နိုင်ငံတော် ကျန်းမာဖို့
"ကျမ တစ်ခု စမ်းချုပ်နေပါတယ်"
ပြည်သူတွေ ကျန်းမာဖို့
"ကျမ တစ်ခု စမ်းချုပ်နေပါတယ်"
xxx လက်ဆေး xxx Mask တပ် xxx Stay Home xxx
ချစ်ခြင်းမေတ္တာနဲ့
ချုပ်တဲ့ အရာ။
ဥ ာဏ်ပညာနဲ့
ချုပ်တဲ့ အရာ။
ကမ္ဘာကြီး ဝမ်းသာပါစေသတည်း။ ။
အောင်ဝေး
(ဧပြီ ၇၊ ၂၀၂၀)
##
က မၻ ာ ( ၄ )
ချစ်ခြင်းမေတ္တာနဲ့
ချုပ်တဲ့ အရာ။
ဥာဏ်ပညာနဲ့
ချုပ်တဲ့ အရာ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၇၊ ၂၀၂၀)
Monday, April 6, 2020
က မ္ဘ ာ ( ၃ )
ရုရှားအကျော်၊ စာဆိုတော်
ပုသျှကင် ဟာ
(အချစ်အတွက်)
သေနတ်ချင်း ယှဉ်ပစ် သေသွားတယ်။
အခု ငါတို့ကမ္ဘာကြီး
သေနတ်ချင်း ယှဉ်ပစ်ဖို့
စိန်ခေါ်ခံနေရပြီ။
သေ မလား
နေ မလား။
သေနတ် တစ်ကမ်း
၆ ပေလှမ်း
ဖန်း ဆို သူပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။
၁၄ ရက် စခန်း
သေနတ်ဝှေ့ယမ်း
ဖန်း ဆို မင်းပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။
ပေးစမ်း သေနတ်
သေနတ် ပေးစမ်း
နေအ်မ်ခန်းမှာ
ဖန်း ဆို ငါပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။
တို့အားလုံး
တစ်ယောက်ကို တစ်ယောက်ချစ်ရင်
မကြာခင်
ကမ္ဘာကြီး ပြန်ကျန်းမာလာမယ် ခင်။ ။
အောင်ဝေး
(ဧပြီ ၆၊ ၂၀၂၀)
##
က မၻ ာ ( ၃ )
ပုသျှကင် ဟာ
(အချစ်အတွက်)
အခု ငါတို့ကမ္ဘာကြီး
စိန်ခေါ်ခံနေရပြီ။
သေ မလား
နေ မလား။
သေနတ် တစ်ကမ်း
၆ ပေလှမ်း
သေမင်းဟာ သေသွားတယ်။
၁၄ ရက် စခန်း
သေနတ်ဝှေ့ယမ်း
သေမင်းဟာ သေသွားတယ်။
ပေးစမ်း သေနတ်
သေနတ် ပေးစမ်း
နေအ်မ်ခန်းမှာ
သေမင်းဟာ သေသွားတယ်။
တို့အားလုံး
မကြာခင်
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၆၊ ၂၀၂၀)
Sunday, April 5, 2020
က မ္ဘ ာ ( ၂ )
သဗ္ဗေ သတ္တာ ကမ္မ သကာ။
သတ္တဝါတစ်ခု၊ ကံတစ်ခု။
မေတ္တာ ပို့သံ
သာဓုသံ။
အမျှ ဝေသံ
ကြေးစည်သံ။
သံသရာမှာ
လင်းနေမလာ
မှောင်နေမလား။
ကမ္ဘာ တစ်ခု
ကံ တစ်ခု။ ။
အောင်ဝေး
(ဧပြီ ၅၊ ၂၀၂၀)
COVID-19
ကမ္ဘာ ကူးစက် ၁၂၇၀၀၆၉။ သေဆုံး ၆၉၃၀၉။
U.S.A ကူးစက် ၃၃၆၆၇၃။ သေဆုံး ၉၆၁၆။
Michigan ကူးစက် ၁၅၇၁၈။ သေဆုံး ၆၁၇။
##
က မၻ ာ ( ၂ )
သေဗၺ သတၱာ ကမၼ သကာ။
သတၱ၀ါတစ္ခု၊ ကံတစ္ခု။
မေတ္တာ ပို့သံ
သာဓုသံ။
အမျှ ဝေသံ
ကြေးစည်သံ။
သံသရာမှာ
လင်းနေမလာ
မှောင်နေမလား။
ကမ္ဘာ တစ်ခု
ကံ တစ်ခု။ ။ဋ္ဌ
ေ အာ င်ေ ၀း (ဧပြီ ၅၊ ၂၀၂၀)
COVID-19
ကမ္ဘာ ကူးစက် ၁၂၇၀၀၆၉။ သေဆုံး ၆၉၃၀၉။
U.S.A ကူးစက် ၃၃၆၆၇၃။ သေဆုံး ၉၆၁၆။
Michigan ကူးစက် ၁၅၇၁၈။ သေဆုံး ၆၁၇။
Saturday, April 4, 2020
က မ္ဘ ာ
ကမ္ဘာလား
အနာလား။
အနာ မသေရင်
ကမ္ဘာ သေမယ်။
ကမ္ဘာ ဖျားနာ
သမား ရှာ။
သမား ရှာ
ကိုယ်မှာ တွေ့သတဲ့။
"Brace yourself!" *
အောင်ဝေး
(၄၊ ၄၊ ၂၀)
* သင့်ကိုယ်သင် ချုပ်ထိန်းပါ။
##
က မၻ ာ
ကမၻာလား
အနာလား။
အနာ မသေရင်
ကမ္ဘာ သေမယ်။
ကမ္ဘာ ဖျားနာ
သမား ရှာ။
သမား ရှာ
ကိုယ်မှာ တွေ့သတဲ့။
"Brace yourself!" *
ေ အာ င်ေ ၀း
(၄၊ ၄၊ ၂၀)
Thursday, April 2, 2020
က ပ် ( ၅ )
ကပ်ကြီးက
ကပ်လာပြီ။
တပ်ကြီးက
ပျက်လာပြီ။
သေမင်းက
သရဖူ * ဆောင်းလို့။
ကောင်းဘွိုင်ရုပ်ရှင်ထဲမှာလို
သရဖူဆောင်းထားတဲ့
သေမင်းက
မြင်းကြီး စီးလို့။
ဒိုင်းခနဲ
ငါ
ပစ်ချလိုက်တယ်
ကောင်းဘွိုင်ရုပ်ရှင်ထဲကလို။
ညတုန်းက
တို့တစ်ရွာလုံး
မအိပ်လိုက်ရဘူးလေ။ ။
အောင်ဝေး
(ဧပြီ ၂၊ ၂၀၂၀)
* Corona- သရဖူ (စပိန်စကား)
##
က ပ် ( ၅ )
------------
ကပ်ကြီးက
ကပ်လာပြီ။
တပ်ကြီးက
ပျက်လာပြီ။
သေမင်းက
သရဖူ * ဆောင်းလို့။
သရဖူဆောင်းထားတဲ့
သေမင်းက
မြင်းကြီး စီးလို့။
ဒိုင်းခနဲ
ငါ
ပစ်ချလိုက်တယ်
ညတုန်းက
တို့တစ်ရွာလုံး
မအိပ်လိုက်ရဘူးလေ။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၊ ၂၀၂၀)
* Corona- သရဖူ (စပိန္စကား)
Wednesday, April 1, 2020
က ပ် ( ၄ )
သံပရာသီး ၅ လုံး
ဆီးသီး ၅ လုံး
ဘုရားကပ်တယ်။
လက် မပြတ် ဆေးတယ်
နှာခေါင်းစည်း တပ်တယ်။
အိမ်မှာ နေတယ်
ရတနသုတ် ရွတ်တယ်။
သံသယနဲ့ ၆ ပေ အကွာမှာထိုင်တယ်
သံယောဇဉ်ကို ၆ ပေ ခွာထားတယ်။
တမာရွက် တို့ပါ ဆိုလို့လည်း
တို့သေးတယ်။
ဒါပေမဲ့ ခက်တာက
စိတ်နဲ့ ကိုယ်နဲ့ မကပ်တာပဲ။ ။
အောင်ဝေး
(ဧပြီ ၁၊ ၂၀၂၀)
##
က ပ် ( ၄ )
--------------
သံပရာသီး ၅ လုံး
ဆီးသီး ၅ လုံး
ဘုရားကပ်တယ်။
လက် မပြတ် ဆေးတယ်
နှာခေါင်းစည်း တပ်တယ်။
အိမ်မှာ နေတယ်
ရတနသုတ် ရွတ်တယ်။
တို့သေးတယ်။
ဒါပေမဲ့ ခက်တာက
ေ အ ာ င္ ေ ၀ း (ဧၿပီ ၁၊ ၂၀၂၀)