Wednesday, July 29, 2020
၂ ၀ ၂ ၀ ( ၁ ၃ )
ငါတို့ဘက်က ကြည့်တော့
အသည်းကြားမှာ
မဲပြားဟာ
လက်နက်။
သူတို့ဘက်ကို ကြည့်တော့
မဲပြားဟာ
ငရဲလားရာ
ထွက်သက်။ ။
[ကိုးကား။ ။မဲနဲ့တိုက်တာ၊ နည်းတစ်နည်း ဖြစ်တယ်။ (စိုးအ်မ်)]
(ဇူလိုင် ၂၉၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၃ )
ငါတို့ဘက်က ကြည့်တော့
အသည်းကြားမှာ
မဲပြားဟာ
လက်နက်။
မဲပြားဟာ
ငရဲလားရာ
ထွက်သက်။ ။
(ဇူလိုင် ၂၉၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၁ ၂ )
ငယ်ငယ်တုန်းက
ချိုးရုပ်ကလေး မရလို့
တသသအော်ငိုခဲ့တဲ့
နှမ။
အခု ကြီးလာတော့
ချိုးရုပ်ကလေး ဘေးချ
အိုးပုတ်
အိုးပုတ် နဲ့
အော်နေပြန်ရော။
ခက်ထှာ။ ။
(ဇူလိုင် ၂၉၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၂ )
ငယ်ငယ်တုန်းက
ချိုးရုပ်ကလေး မရလို့
တသသအော်ငိုခဲ့တဲ့
နှမ။
အခု ကြီးလာတော့
ချိုးရုပ်ကလေး ဘေးချ
အိုးပုတ်
အိုးပုတ် နဲ့
အော်နေပြန်ရော။
ခက်ထှာ။ ။
(ဇူလိုင် ၂၉၊ ၂၀၂၀)
Tuesday, July 28, 2020
၂ ၀ ၂ ၀ ( ၁ ၁ )
နရသိန် ည
ကြိုးတိုက် ၀ မှာ
လ က သာတုန်း ... ။
ခမောက် တစ်လုံး
"၉၀" တုန်းက
ထောင်လုံးကျွတ် ညံ၊ အောင်ပွဲ ခံသည်
မိုးယံ သိမ့်သိမ့် တုန်သတည်း။
သြော် ... မောင်အောင်ပွင့် ည
ငဝံ ၀ မှာ
လ က သာတုန်း ရှိပစေတော့။ ။
[ပုသိမ်အကျဉ်းထောင်နေ့ရက်များ ခွပ်ဒေါင်းလည်ပြန်]
(ဇူလိုင် ၂၈၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၁ )
နရသိန် ည
ကြိုးတိုက် ၀ မှာ
လ က သာတုန်း ... ။
ခမောက် တစ်လုံး
"၉၀" တုန်းက
င၀ံ ၀ မှာ
လ က သာတုန်း ရှိပစေတော့။ ။
(ဇူလိုင် ၂၈၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၁ ၀ )
အိပ်မက် ထဲတွင်
အလောင်းစင် သည်
ကြက်ကင် နှစ်ကောင်နှင့် ပါတကား။
ညက အိပ်မက်၊ နိုးတစ်ဝက်။
အိပ်မက်ထဲမှာ
ယာကြီး မီးလောင်၊ ယာရှင် မီးစွဲ
သူ့ ခြင်းထဲက
ခွပ်လက် ချစ၊ ကြက် နှစ်ဖ။ ။
[နီတိ။ ။ ရှို့မီးထက် တို့မီးဆိုး]
(ဇူလိုင် ၂၈၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၀ )
အိပ်မက် ထဲတွင်
အလောင်းစင် သည်
ညက အိပ်မက်၊ နိုးတစ်ဝက်။
အိပ်မက်ထဲမှာ
သူ့ ခြင်းထဲက
ခွပ်လက် ချစ၊ ကြက် နှစ်ဖ။ ။
(ဇူလိုင် ၂၈၊ ၂၀၂၀)
Monday, July 27, 2020
၂ ၀ ၂ ၀ ( ၉ )
မျောက်က ရိုင်းတော့
သစ်ကိုင်းဟာ
ကိုင်းနေရဲ့။
မုန်တိုင်း မကျခင်
သစ်ကိုင်းက
မျောက်ရိုင်းကို လွှတ်ချလိုက်တယ်။
သစ်ကိုင်း မျောက်လွတ် ဖြစ်ပြီး
သူ့နဂိုအတိုင်း
ပြန် မတ်သွားပေါ့။
ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ သစ်ကိုင်း။ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၉ )
------------------
(အောင်ဝေး)
မျောက်က ရိုင်းတော့
သစ်ကိုင်းဟာ
ကိုင်းနေရဲ့။
မုန်တိုင်း မကျခင်
သစ်ကိုင်းက
သူ့နဂိုအတိုင်း
ပြန် မတ်သွားပေါ့ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၈ )
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။
ဒီ မြောင်တစ်ရိုး
ကျားက ဆိုးသတဲ့။
လမ်းရိုး မှာ
ကျမ်းကိုး နဲ့
ကျားဆိုးကို ထိုးမယ်ပြင်တော့ ... ။
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၈ )
--------------------
(အောင်ဝေး)
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။
ဒီ မြောင်တစ်ရိုး
ကျားက ဆိုးသတဲ့။
လမ်းရိုး မှာ
ကျမ်းကိုး နဲ့
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
Sunday, July 26, 2020
၂ ၀ ၂ ၀ ( ၇ )
ဒီ သစ်ပင်
ငါတို့မှ မစောင့်ရှောက်ရင်
ဘယ်သူ စောင့်ရှောက်မှာလဲ။
သူခိုးတွေက
ခုတ်လှဲပြီး
ခိုးရောင်းစားဖို့ပဲ ကြံနေတာ။
နိုင်ငံတော်သစ်ပင်။ ။
(ဇူလိုင် ၂၆၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၇ )
---------------------
(အောင်ဝေး)
ဒီ သစ်ပင်
သူခိုးတွေက
ခုတ်လှဲပြီး
နိုင်ငံတော်သစ်ပင်။ ။
(ဇူလိုင် ၂၆၊ ၂၀၂၀)