Saturday, February 28, 2015
ငါ တို့  ဆ က် ချီ တ က် မှ ဖြ စ် မ ယ်ေ ကျာ် ကို ကို
(မန္တလေးမှ လက်ပံတန်း၊ လက်ပံတန်းမှ ရန်ကုန်)
AN EPIC MARCH FROM MANDALAY TO RANGOON
 မိန်းမလျာဆန်ဆန် တန်ပြန်ဆန္ဒပြနေတဲ့
အောက်တန်းစားအစိုးရနောက်လိုက်ခွေးတွေ
အဟောင်ရပ်သွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
အစိုးရကိုယ်တိုင်က မိန်းမလျာအစိုးရမို့ 
အစိုးရနောက်လိုက်ခွေးတွေလည်း ခွေးမလျာတွေပဲပေါ့ 
အဲဒီ ခွေးမလျာ ခွေးမသာတွေ အဟောင်ရပ်သွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ဗမာပြည်မှာ နာဇီတွေကများ
ဗမာပြည် သပိတ်ပွဲစားတွေကမရှား
ဝီတဂူ ကနေ အခုနောက်ဆုံး ခိုင်မောင်ရည် အထိဗျား
ပွဲစားတန်းမှာ ရဲများမဖမ်း ကျွဲရမ်းနွားရမ်း ရမ်းနေသတဲ့
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ဗျောက်ကိုင်တွေ မျောက်မှိုင်မှိုင်နေတဲ့ လောက်ကိုင်ကို
သောက်နိုင်စားနိုင် အစိုးရဒေါက်တိုင်တွေ သွားနိုင်သလို
မိတ်ဆုံ သပိတ်စုံ သူပုန်ထမယ့်
တို့ရဲ့ဒဂုံညတွေဆီ စုန်ကြဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ်ကျော်ကိုကို။
လှေနံဓားထစ် စစ်ကျွန် တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခများ
လှေနံနှစ်ဖက်နင်း စစ်ကျွန် တက္ကသိုလ်ဆရာ၊ ဆရာမများ
ခြံစည်းရိုးခွထိုင် စစ်ကျွန် တက္ကသိုလ်ဘွဲ့ ရဆိုသူများ
အနာဂတ်နိုင်ငံတော်သစ်မှာ အလစ်ဝင်မလာစေဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
ငါးစိမ်းသည်က ပညာရေးဝန်ကြီးဖြစ်
ဖိုးတွမ်တီးသမားက ပြန်ကြားရေးဝန်ကြီးဖြစ်
ခေတ်သစ်မှာ ဒါမျိုးတွေဖြစ်မလာရအောင်
ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
နိုင်ငံတော်သူတောင်းစားအကြံပေးအဖွဲ့ တဲ့
တကယ်က သူတောင်းစားပေးတဲ့အကျန် စားတဲ့အဖွဲ့ ပဲ
ခေတ်သစ်မှာ ဒါမျိုးတွေရှိမလာရအောင်
ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ဇွတ်ခေါ်တဲ့ လွှတ်တော်က အမြဲချွတ်ချော်တယ်
အချိုးမကျတဲ့ အစိုးရက သူခိုးမကျ နွားသိုးမကျ
သေနတ်တကားကား ဓားမနောက်ပိတ်ခွေးများကလည်းတစ်မှောင့်
ခေတ်သစ်မှာ သင်းတို့ကြောင့် ပြည်သူတွေမစိုးနှောင့်ရအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
မန္တလေးမှ ရန်ကုန်
ပညာရေးသပိတ်စစ်ကြောင်းချီတော့
တောင်သာနန်းမြင့်တောင်မှာဘယ်သူတွေတားခဲ့သလဲ
အာဏာရကြံ့ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲ
ပြည်ယုန်ဖြူတောင်မှာဘယ်သူတွေတားခဲ့သလဲ
အာဏာရကြံ့ ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲ
ရန်ကုန်ဝင်လာရင်ဘယ်သူတွေတားဦးမလဲ
အဲဒီ အာဏာရကြံ့ ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲပေါ့ 
သင်းတို့ တားမရ၊ ကားခနဲကျသွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ကွန်ဒုံ ရက်လေးဆယ် ရုပ်ရှင်နဲ့ အစိုးရအခက်
လောက်ကိုင်အရေးကြောင့် တရုတ်ပြေးအစိုးရဖြစ်တော့မယ့်
အစိုးရအခက်
(၁၉၃၉ တုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်တဲ့)
အခု အစိုးရအခက် ကျောင်းသားအချက်ပေါ့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
လယ်သမားတွေလည်း ငြာသံပေးဟေ့
အလုပ်သမားတွေလည်း ငြာသံပေးဟေ့
ကျောင်းသား၊ လယ်သမား၊ အလုပ်သမား
ဗဟိန်းသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
ဆရာစံသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
သခင်ဖိုးလှကြီးသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
တပ်ပေါင်းဖွဲ့ တိုက်ကြဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ရန်ကုန်ကို ဆက်ချီတက်တဲ့အခါ
ဝန်ထုပ်ဝန်ပိုးတွေကိုထားခဲ့
ဥပမာ- ဓားအိမ်ကိုထားခဲ့၊ ဓားပဲယူခဲ့
လေးနဲ့ မြားပဲယူခဲ့၊ မြားကျည်တောက်တွေထားခဲ့
ရန်ကုန်ကို ဆက်ချီတက်တဲ့အခါ
ကဒေါင်းရဲ့အလှတရားကို ခဏထားခဲ့
ခွပ်ဒေါင်းရဲ့ ရဲစိတ်ရဲမာန်သာသယ်ခဲ့
အရေးကြုံတဲ့အခါ ကရုံပဲကတတ် မခွပ်ရဲ မခွပ်တတ်ရင်
တို့ ကျောင်းသားအစဉ်အလာရိုင်းတော့မပေါ့ 
တို့ ကျောင်းသားသမိုင်း မကွေးရအောင်
လာ- ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
ငါတို့ ခြေထောက်တွေကို နိုင်ငံရေးပါတီတွေကစောင့်ကြည့်နေတယ်
သူတို့ မှားတယ်
ငါတို့ က နှလုံးသားနဲ့ ရင်ဘတ်နဲ့ ချီတက်နေတာ
ငါတို့ လက်ပံတန်းမှာရပ်နားသွားမယ်လို့ အစိုးရကတွက်နေတယ်
အစိုးရသွက်သွက်ခါအောင်မှားတယ်
ငါတို့ ရန်ကုန်ကို အစိုးရမတားခင်ကတည်းကရောက်နှင့်နေပြီ
နိုင်ငံရေးပါတီတွေ အရှက်ပြေသွားအောင်
သူခိုးဓားပြ အစိုးရကြီး အကြောက်ပြေသွားအောင်
ငါတို့ အကြမ်းမဖက် (အကြမ်းဖက်တာလည်းလက်မခံ)
ရန်ကုန်မှာ လှမ်းမြေချီ ခြေညီညီချရအောင်
ကျော်ကိုကို ငါတို့ ဆက်ချီတက်မှဖြစ်မယ်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။
အဆိပ်ပင်ရေလောင်းမဖြစ်ဖို့ 
စစ်အာဏာရှင်စနစ်ဆိုးအမြစ်ပြတ်အောင်
ငါတို့ အက်စစ်တစ်ခွက် ပိုလောင်းမှဖြစ်မယ် ကျော်ကိုကို။
ရန်သူအားရ ကျွန်ပါးဝမဖြစ်ဖို့ 
စစ်ကျွန်ပညာရေးအမြစ်ပြုတ်သွားအောင်
ငါတို့ ကျူပင်ခုတ်ကျူငုတ်မချန် အပြုတ်နှံမှဖြစ်မယ် ကျော်ကိုကို။
ငါတို့ ကျောင်းသားတွေလွတ်မြောက်ရုံနဲ့
ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်တယ်မဆိုနိုင်ဘူး
ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်မှ
ငါတို့ ကျောင်းသားတွေ အမှန်လွတ်မြောက်မယ်
ပြည်သူ့ ဘ၀လွတ်မြောက်ရေး
ငါတို့ ကျောင်းသားသွေး ခွပ်ဒေါင်းသွေးနဲ့ 
ဆေးခြယ်ရမယ်
အဲဒီအခါ
ဗမာတစ်ပြည်လုံးနီ
တောရိုင်းတော့ မြေရိုင်းသတဲ့
တောရိုင်းမြေရိုင်းတော့ ပန်းလည်းရိုင်းသပေါ့
စကားရိုင်းရိုင်း တရားနဲ့ နှိုင်းရရင်
မုဒိမ်းအကျင့်ခံရသူက
မုဒိမ်းကျင့်တဲ့သူကိုစွဲလမ်းတမ်းတနေတာရှိတယ်
စိတ်ပညာမှာ STOCKHOLM SYNDROME
မြန်မာလို မမြ၀င်းရောဂါဆိုတယ်
(နားနဲ့မနာ ဖ၀ါးနဲ့နာ)
အစိုးရမုဒိမ်းမုဆိုးနဲ့ 
မုဒိမ်းသားကောင် ဖောက်ပြန်အချောင်သမား
နိုင်ငံရေးစားဖားတွေ
ထားခဲ့တော့ ကျော်ကိုကိုရေ ထားခဲ့တော့
ရာဇ၀င်ထဲမှာ မမြ၀င်း (တွေ) ကို ထားခဲ့တော့။    ။
ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅။
Saturday, February 14, 2015
ဗို လ် ချု ပ်ေ အာ င် ဆ န်း အဲ ချ င်း သ စ်
အဲဒါလေ … မသေလမ်းပဲ
မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ
ရှင်သူတို့ လွမ်း၊ တမ်းတဆွေးမြဲ
သူ့ သွေးနံ့ က၊ ပျံ့ သင်းထုံဆဲ
သူ့ ဂုဏ်ရည်နဲ့ ၊ တစ်ပြည်လုံးစွဲ
မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ
လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ
နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ
မကျဆုံးသော၊ နှလုံးသားထဲ
တရားမွန်လတ်၊ သေအောင်သတ်လည်း
သတ်တိုင်းမသေ
အဲဒါလေ … မသေလမ်းပဲ
မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ
——————-
———————–
———————-
ေ အ ာ င္ ေ ၀ း
ဒီဇင္ဘာ ၂၂- ၂၀၁၄။
Photo archived from Than Htay Maung
ေ အ ာ င် ဆ န်း ဘု ရား ဖူး
နှမပြာဝင်း၊ ညီသစ်ဆင်း
လင်းအရုဏ်ပြင်၊ ကြယ်နီဆင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
နှင်းမုန်တိုင်းလွင်၊ ငန်းရိုင်းနှင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
ကျဉ်းလှောင်ညတွင်၊ လမ်းပြရှင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
တင်းနှောင်ကြိုးမျှင်၊ ချိုးဖျက်ငင်
မြင်ယောင်စမ်းလေ၊ မြင်ယောင်စမ်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
နှင်းဆီဦးလျှင်၊ သွေးစွန်းထင်
မြင်ယောင်စမ်းလေ- မြင်ယောင်စမ်း။
နှမပြာဝင်း၊ ညီသစ်ဆင်း
မင်းတို့ ဖခင်၊ ကျေးဇူးရှင်
သခင်အောင်ဆန်းလေ- သခင်အောင်ဆန်း။
အိုဘယ့်ညီလှ၊ အို လုံမရို့ 
နှမပြာဝင်း၊ ညီသစ်ဆင်းးတို့ 
ချင်းချင်းနီမြန်း၊ လွတ်မြောက်လမ်းသို့ 
အောင်ဆန်းဘုရား ဖူးကြစို့ ။    ။
ေ အ ာ င္ ေ ၀း
ဇန္န၀ါရီ ၅ – ၂၀၁၅။
(Photo – RFA Burmese Radio)
Thursday, February 5, 2015
ေ ဆ း ရံု ည တြ င် ချီ တ က် ခြ င်း
အို … ဆွေးဆွေးမှုန်မှုန်
မေ့ဆေးထုံပျံ့
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုကြဆဲ။
ဆေးရုံပေါ်မှာ
တော်လှန်ရေးလေ၊ သွေးတစ်ပေါက်ချင်း
လက်မောင်းတွင်းကျ၊ သွေးသွင်းလူနာ
စိတ်မှာနီမောင်း၊ ခွပ်ဒေါင်းလက်ပတ်
အနာဂတ်သို့ ၊ ဖြတ်သန်းနေချိန်
အိပ်မက်ထဲမှာ
နှင်းသည်းလေထန်၊ မစ်ရှီဂန်ရဲ့
ဟေမန္တမုန်တိုင်းနီနီ။
အိပ်မက်ဆဲလေ
ဒေါင်းနေချောင်းမှာ၊ ဒေါင်းတွေပေါင်းဆုံ
ဆေးရုံကုတင်၊ အပြင်ဘက်မှာ
ဝက်ဝံလက်နဲ့ ၊ မျက်နှာဖြတ်ရိုက်
နှင်းဖတ်နှင်းခဲ၊ သွေးချင်းချင်းရဲ
မြင်းခွာတစ်ချက်ပေါက်၊ မီးဟုန်းဟုန်းတောက်
နောက်ဆုံးအိပ်မက်၊ မနက်ဖြန်မှာ
မစ်ရှီဂန်မဲဇာ၊ ငါ၏ဒဏ်ရာ။
နှလုံးသားထဲ
မြားရိုးကျိုးကျန်၊ အို … စိုးရိမ်ရန်ကော
အိုးဝေသံကြား၊ ပြန်လာခဲ့မည်
နှင်းဆီဓားနဲ့ ၊ တအားလွှဲခုတ်
ဖြုတ်ချအစိုးရ၊ ဆေးရုံညမှာ
ချွန်မြနီမောင်း၊ ကျောင်းသားသပိတ်
ငါ မအိပ်ခင်
ပိန်းပိတ်ဖြူအောင်၊ ဆွတ်ဆွတ်မှောင်ဆဲ
အို … နှင်းမှောင်ကန္တာရ။
အချစ်ဦးရေ …
သွေးလူးပေကျံ၊ ငါ့ ကန္တာရ
ည မစ်ရှီဂန်၊ ထန်ထန်သည်းသည်း
နှင်းမုန်တိုင်းထဲ၊ ဘိုင်းဘိုင်းပြိုကွဲ
လဲကျသေဆုံး၊ ငါရှုံးမလား
ညများဆက်ဆက်၊ ချီတက်ခရီးရှည်
ကျောင်းသားတွေနဲ့ အတူ
ပြည်သူရှိရာ၊ ငါ၏ကဗျာ
ပြန်လာချက်ချင်း၊ မင်းသွေးသစ်တို့ 
မျိုးဆက်သစ်တို့ ထံ၊ ငါအပ်နှံမည်
ရှင်ပြန်ထမြောက်၊ နောက်တစ်နေ့ မှာ။
သြော် … စိုစိုနွေးနွေး
အိုးဝေတေးနဲ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုသကြဆဲပါတကား။    ။
ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၁ – ၃ ၊ ၂၀၁၅
(တစ်ခုသောဆေးရုံ၊ နှလုံးရောဂါဆောင်)
(သရုပ်ဖော် – ဗန်ဂိုး၏ ပန်းချီ)
Wednesday, January 28, 2015
ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့  ( အ ပို င်း - ၄ ၊ နိ ဂုံး )
( ၄ )
ဘော ... အိုရဲသွေး
လာမယ့်ဘေး ပြေးတွေ့ 
အမေကမွေး ထောင်ကကျွေး
တို့ ကျောင်းသားတွေ ညီရဲ့ လားဟေ့
ညီတယ်ဟေ့ ညီတယ်ဟေ့ တဲ့
ချီလေတဲ့ ချီလေ
(ကန်မြဲကိုအေးကျော်ရေ ... )
ကျုပ်မောင်တွေ တောင်သာကိုကျော်ခဲ့ပေါ့ 
တောင်သာကို ဆရာဂျမ်း(ဦးတင်မိုး)စောင့်တယ်
နပျင်း(နွားပျင်း)တောင်ကြားဆိုတဲ့
ဟောဒီ သူရဲကောင်းတောင်ကြားကို
နောင်များဖြင့် မောင်သွားရင်
မရှောင်မရှား ဒေါင်းများမသွေမဖောက်
ကျောင်းသားခြေထောက်နဲ့ 
နင်းလျှောက်ခဲ့တဲ့ ကတ္တရာလမ်း
မင်းအရင် အလေးပြုပြီးမှ ဖြတ်သန်းရတော့မယ်
ငါ့ ညီ ကြည်ဇော်အေးရဲ့ 
ရွှေပြည်တော် မျှော်တိုင်းမဝေးပြီလ
ရေကန်သာ ကြာတိုင်းအေးရမပေါ့ 
တို့ ကဗျာသမိုင်း မကွေးရအောင်လေ
ဟေး ... ရဲခေါင်တွေလာချေပေါ့ 
ဝဲလောင်မှာ ၀ဲလောင်မှာ
ဗိုလ်ရာညွန့် က ကြိုသတဲ့
လက်မရွံ့  အသက်စွန့် မောင်တွေကိုလေ
အောင်ပါစေ အောင်ပါစေ သပြေပန်းတွေနဲ့ 
နောင်တာရှည် မသွေတမ်းပေါ့ 
လမ်းဆက်လျှောက်မယ် လမ်းဆက်လျှောက်မယ်
ပုပ္ပား
ကျောက်ပန်းတောင်း
ရေနံချောင်း
အို ... ဒေါင်းနေချောင်းမှာ
ဒေါင်းတွေ ပေါင်းဆုံကြမတဲ့
ကောင်းကျိုးအထွေထွေရယ်နဲ့  ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသောဟဲ့
ဟော ... ပခုက္ကူ စစ်ကူသံရွမ်းပြန်ပေါ့ 
ခေတ်က တွန်းဆော်နေမှတော့
မြစ်ဝကျွန်းပေါ်ရဲဘော်တွေကလည်း
တိုက်ပွဲခေါ်သံပေးပြီပေါ့ 
သြော် ... အောင်မှိုင်းဆန်းတို့ 
နန္ဒစစ်အောင်တို့ ရေ ...
နေပြည်တော်မှာ ဆွေးနွေးတာလည်း
ဆွေးနွေးပေါ့ ကွာ
သွေးတော့အေးမသွားကြနဲ့ 
ဆွေးနွေးရုံနဲ့ တော့
သွေးကြွေးမကုန်နိုင်ဘူးကွ
အရေးတော်ပုံ
ယုံကြည်ရင် ရဲရဲဖြတ်
ရန်- ငါ မပြတ်လို့ 
သံဃာလည်း အသတ်ခံရပြီးပြီ
(ရဲဘော်ကြီး မင်းသွေးသစ်ရေ ...
ရဲဘော်လေး မပိုပိုရေ ... )
အပစ်ရပ်လို့ လည်း
အပြတ်ရစ်ခံကြရပြီ
တို့ တော်လှန်ရေးခရီး
အရေးကြီးပြီပေါ့ 
သွေးစည်းကြ သွေးနီးကြ
အဝေးအနီးက ရဲဘော်အပေါင်း
ခွပ်ဒေါင်းတွေ ညီညာလှမ်းကြတော့
အောင်ပွဲသို့ ချီရာ
မန္တလာ - ဒဂုံ
ကန္တာ ရဂုံ
ဟောဒီ ခေတ်သစ်စုံမြိုင် တောလားခရီးကြမ်းမှာ
မညည်းစတမ်း
အပြီးလှမ်းကြဖို့ 
ညီညွတ်ရေးစည်းကမ်းတွေ
တစ်နည်းတစ်လမ်းတိုးတိုးပြီး
(မျိုးတေဇာမောင်ရေ ...)
မုဆိုးချုံကလည်း လချောင်းတည်း
(နွယ်ဦးလှိုင်ရေ ... )
သီးမျိုးခိုင်ညှာလည်း လပြွတ်တည်း
(ညီလေးစံညိမ်းဦးရေ ... )
ဘီလူးသွားကိုလည်း လဖြဲတည်း။ ။
---------------
( ပြီး ပါ ပြီ )
ေ အ ာ င္ ေ ၀ း
ဇန္န၀ါရီ ၂၈- ၂၀၁၅
ခေတ္တ- မစ်ရှီဂန်၊ အမေရိကန်ပြည်ထောင်စု။
Tuesday, January 27, 2015
ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့  (၃)
( ၃ )
သြော် … အရေးတော်ပုံဆိုတာ
ကျောင်းသားအတွေးအခေါ်အဟုန်က စရတာပဲ
ကျနစွာယုံပါ
ဒဂုန်တာရာပြောခဲ့သလို
ကောက်ရိတ်ပွဲတော် နွှဲပျော်ဖို့ 
နွေဦးကိုကြိုပါစို့ ရဲဘော်တို့ ရယ်
ရဲဘော်တို့ သွေးခရီးမှာ
အရေးအကြီးဆုံးက
စည်းကမ်းရှိဖို့ နဲ့ 
ညီညွတ်ဖို့ ပဲ
မညွှတ်ဦးခေါင်း
အတောင်မညောင်းတဲ့
ဒေါင်းတို့ ရဲ့ ခရီး
အတွင်းစည်းထဲမှာ
သပ်လျှိုခွဲမယ့်ဒလန်
ပဉ္စမံတွေ အ၀င်မခံနဲ့ 
ကလေကချေ
လန်ပန်တွေလည်း အ၀င်မခံလေနဲ့ 
ဒါ … မုန်တိုင်းထန်ချိန်
တို့ နိုင်ငံရေးလုပ်နေတာ
ဟုတ်တယ်
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
ဒါ … ခေတ်ပုံလွှာပြယုဂ်
နောက်မဆုတ်တမ်း
ချီရာလမ်းမှာ
ပန်း ခင်းမထားဘူး
ခြေလှမ်းများ တရားဖြစ်စေ
ဓားအိမ်က ဓားကိုငတ်သလို
ငါတို့ ဟာ အနာဂတ်ကိုငတ်ခဲ့
ထလော့
အငတ်ဘေးကျရောက်သူတွေ
ထလော့
ငါတို့ ဟာ
ရာဇ၀င်ကိုလည်းဖြတ်ခဲ့ကြပေါ့ 
ကြည့်စမ်း -
ကတ္တရာလမ်းပူပူမှာ
သနပ်ခါးထူထူနဲ့ 
ကျောင်းသူကလေး
တပ်ဦးထိပ်မှာ လက်ချင်းချိတ်လို့ 
မိတ်ကပ် မလိမ်းမခြယ်နဲ့ 
စိတ်ဓာတ် မတိမ်းမပြယ်တဲ့
မိန်းမငယ်ကလေး
ဟယ် … မိန်းမလည် သိန်းကြွယ်အစိုးရ
ကျဆုံးရမတဲ့
ရဲဘော်တို့ 
လာ စုရုံးကြဟေ
အဆုံးသတ်တိုက်ပွဲ နွှဲမယ်လေ … တဲ့
ကွယ် … အင်တာနေရှင်နယ်တေးတဝေေ၀နဲ့ 
အရေးတော်ပုံရေရှည်ခရီးမှာ
သွေးသစ်ဝေလို့  ချွေးမြစ်ရေသွင်သွင်စီး
အို … ကျောင်းအမရဲ့
ဒေါင်း ဘာ့ကြောင့် ဘာ့ကြောင့် တွန်ချေသနည်း။
(ဆ က် ရ န် )
ေ အ ာ င္ ေ ၀ း
ဇန္န၀ါရီ ၂၄- ၂၀၁၅။
Wednesday, January 21, 2015
ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့ (၂)
( ၂ )
“အရေးတော်ပုံ အောင်ပါစေ”
“အရေးတော်ပုံ အောင်ပါစေ”
တောတောင်ရေမြေ
လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်
သံလွင် စစ်တောင်း၊ ပေါင်းလောင်းမချန်
သပိတ်တပ်ပေါင်း၊ ချွေးချောင်းစီးသံ
ရန်ကုန်ကြောင်း၊ ခွပ်ဒေါင်းချီကြပြန်ပကွဲ့ 
ဂီတသံ တော်လှန်သီချင်းတွေနဲ့ 
တိုက်ပွဲခေါ်သံ အော်သံပြင်းချေပေါ့ 
မြွေမှန်ရင် တွင်းဝင်ဖြောင့်မှာပဲ
တို့ အသည်းကယုံကြည်
ကျောင်းသားပြည်သူ စုံညီ
မန္တလာ- ဒဂုံ ချီကြ
ကန္တာ ၀သုန်ဆီက
ဥုံ … နီနီ ဒေါင်းအလံ တလူလူနဲ့ 
ဗုံ ညီညီ မောင်းသံ တဆူဆူပေါ့ 
ဘယ်သူ တားမလဲ
ဘယ်သူ တားရဲသလဲ
တရားလည်းစောင့်
မြားလည်းဖြောင့်
လောကအမှောင့်
ကြိုးဝိုင်းထောင့်မှာ
ညာဖြောင့်လက်သီး
ဝှီးကနဲ ၀င်လာသလို
အစဉ်အလာကိုထောက်
အို … ဘာကိုကြောက်ရမလဲ
မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်မှာပဲ
သွေးသောက်ရယ် စုံစုံညီနဲ့ 
ကဲ … ဒီမှာလည်း
ထားဝယ်- ရန်ကုန် ချီကြပြန်သနဲ့ 
အဆန်ကြောင်း
အစုန်ကြောင်း
အကုန်ပေါင်းရင်တောင်
အပ်တိုတစ်ချောင်း မပါလေတော့
မောင်းပြန်ပစ်စရာ မရှိတာမို့ 
သြောင်း … အရဟံ သစ္စာကတိတွေနဲ့ 
ဒေါင်း သရဏံ ဂစ္ဆာမိကြပေတော့
အမိအာဂ တရားမြေသီလာမှာ
အတိဇာတသားတွေ ညီညာလိုက်ပုံက
အကုန်ရရင်ရ
မရရင် ဘာမှမလိုချင်ဘူးတဲ့
(အောင်သောင်းဦးရေ … )
တပ်ဦးမှာ အောင်လံတွေဝဲပြန်ပေါ့ 
ရဲတဲ့ အိုးဝေ။    ။
ေ အ ာ င္ ေ ၀ း
ဇန္န၀ါရီ ၂၁- ၂၀၁၅
(ဆ က် ရ န် )
(ဓာတ်ပုံ – ကျော်စွာမြင့် ဖေ့စ်ဘွတ်)