Thursday, March 23, 2017
Sunday, March 19, 2017
သံ လွ င်ေ န ဝ င် ချိ န် ။
တိမ်မည်းကြီးကြောင့်။
တိမ်မည်းကြီးကြောင့်။
....................
မဟုတ်ပါဘူး။
......................
ဒီနေဝင်တာ
အငုံ့ စိတ်ကြောင့်ပါ။ ။
..................
ေ အ ာ င္ ေ ဝ း
(မတ် ၁၉- ၂ဝ၁၇)
Saturday, March 4, 2017
လွ မ်း တ င်း

အောင်ဆန်းဟာ တံတားဖြစ်တယ်။
အမှောင်ဘက်ကမ်းကနေ
အလင်းဘက်ကမ်းဦး
ခေတ်ကိုကူးဖို့
ကျောခင်းပေးသူ။
သူ့ ကျောပေါ်မှာ
မွန်ပြည်နယ်မွေး ကလေးတစ်ယောက်
လမ်းလျှောက်လာရဲ့ ။
သူ့ တရားဟာ
သူ့ တံတားဖြစ်ခဲ့တယ်။
အောင်ဆန်းတံတား။ ။
ေ အ ာ င္ ေ ၀ း
မတ် ၃- ၂၀၁၇။
Saturday, February 4, 2017
အ စ် ကို ကြီး
REST IN POEMS OUR BIG BROTHER, COMRADE.
-------
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
ရေအကြည် မိုးအလင်း ကြာညိုနံ့သင်းတဲ့တစ်နေ့ 
ကျနော်တို့ ပြန်လာကြမှာပါ
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
သေနတ်ပြောင်းဝက ပန်းတွေမပွင့်သေးဘူး
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်မဆောက်ရသေးဘူး
စက်ရုံနဲ့လယ်ကွင်းတွေ သီချင်းမချိုသေးဘူး
ကုန်ကုန်ပြောရရင်
ထီးချက်စောင့်နတ်သမီးလည်း အိပ်မက်မလုံခြုံသေးဘူး
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
အစိမ်းရောင်တစ္ဆေ၊ အစိမ်းရောင်ကဝေတွေ
ကျနော်တို့ကို ခြောက်နေတယ်
ကျနော်တို့ မကြောက်ပါဘူး
ကျနော်တို့လွတ်မြောက်တဲ့အထိတော့
စောင့်ပါဦးလား အစ်ကိုကြီးရယ်။
ကျနော်တို့ ပြန်လာမှာပေါ့ 
နွေဦးကို အတောင်ပံပေါ်တင်ပြီး
ကျနော်တို့ ပျံလာမှာပေါ့ ။
ခုတော့၊ အိမ်အပြန်မှာ
"မင်းတို့ ဒဏ်ရာရလာကြပါလား" လို့
ဖြေသိမ့်ကြိုမယ့်သူ မရှိတော့ဘူးလေ။
ကျနော်တို့ ပြန်လာကြမှာပါ
ကျနော်တို့ ပျံလာတဲ့အထိ
စောင့်ပါဦးတော့လား အစ်ကိုကြီးရယ်။ ။
-------------------------
ညီ ေ လ း ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၁- ၂၀၁၇
ခေတ္တ- မစ်ရှီဂန်။
-------
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
ရေအကြည် မိုးအလင်း ကြာညိုနံ့သင်းတဲ့တစ်နေ့ 
ကျနော်တို့ ပြန်လာကြမှာပါ
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
သေနတ်ပြောင်းဝက ပန်းတွေမပွင့်သေးဘူး
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်မဆောက်ရသေးဘူး
စက်ရုံနဲ့လယ်ကွင်းတွေ သီချင်းမချိုသေးဘူး
ကုန်ကုန်ပြောရရင်
ထီးချက်စောင့်နတ်သမီးလည်း အိပ်မက်မလုံခြုံသေးဘူး
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
အစိမ်းရောင်တစ္ဆေ၊ အစိမ်းရောင်ကဝေတွေ
ကျနော်တို့ကို ခြောက်နေတယ်
ကျနော်တို့ မကြောက်ပါဘူး
ကျနော်တို့လွတ်မြောက်တဲ့အထိတော့
စောင့်ပါဦးလား အစ်ကိုကြီးရယ်။
ကျနော်တို့ ပြန်လာမှာပေါ့ 
နွေဦးကို အတောင်ပံပေါ်တင်ပြီး
ကျနော်တို့ ပျံလာမှာပေါ့ ။
ခုတော့၊ အိမ်အပြန်မှာ
"မင်းတို့ ဒဏ်ရာရလာကြပါလား" လို့
ဖြေသိမ့်ကြိုမယ့်သူ မရှိတော့ဘူးလေ။
ကျနော်တို့ ပြန်လာကြမှာပါ
ကျနော်တို့ ပျံလာတဲ့အထိ
စောင့်ပါဦးတော့လား အစ်ကိုကြီးရယ်။ ။
-------------------------
ညီ ေ လ း ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၁- ၂၀၁၇
ခေတ္တ- မစ်ရှီဂန်။
Thursday, January 26, 2017
ငြိ မ်း ချ မ်းေ ရး

ကတုတ်ကျင်းနက်နက်ထဲ
ခေါင်းတလားမပါ
အဖြူရောင်။ ။
( ေ အ ာ င္ ေ ၀ း )
Monday, January 16, 2017
က် ေ နာ် က မ စ် ရှီ ဂ န်

ကျနော်က မစ်ရှီဂန်
နံရံပေါ်မှာ၊ ဗော်လ်ရှီဗစ်ပုံတွေကပ်လိုက်။
ကျနော်က မစ်ရှီဂန်
ပလွေသံမှာ၊ အလမ္ပယ်ဆရာကိုကခိုင်းလိုက်။
ကျနော်က မစ်ရှီဂန်
နံရံပေါ်မှာ၊ ချေဂွေဗားရားပုံကိုရေးလိုက်
မြစ်နက်ထဲမှာ၊ ဥက္ကဋ္ဌမော်နဲ့ရေကူးလိုက်
နှလုံးသားမှာ၊ ပန်းများပွင့်လိုက်
အာဖရိကန်ဗုံသံ
ကော့ဆက်မြင်းခွာသံ
ဆမ္ဘာ ဆမ္ဘာ၊ တန္ဂိုအက
ရိုးမေပၚမွာ
ရဲဘော် ရဲဘော်လို့ အကျယ်ကြီးအော်လိုက်
လရောင်ထဲမှာ၊ ကြယ်ရောင်အောက်မှာ
တိုက်ပွဲခေါ်သံ၊ အရိုင်းခေါ်သံ၊ ချစ်သူခေါ်သံ။
အဲဒီခေါ်သံတွေကြားမှာ
ကျနော်က မစ်ရှီဂန်။
မစ်ရှီဂန်မဲဇာမှာ
မတရားတဲ့အသံ၊ ဘာသံမှ မကြားနိုင်ပါဘူး။
မစ်ရှီဂန်မဲဇာမှာ
ဝေးမြေရပ်ခြား၊ နှင်းမှောင်ကန္တာရကြား
တရားမဲ့တဲ့အသံ၊ ဘာသံမှ မကြားရပါဘူး။
မစ်ရှီဂန်မဲဇာမှာ
စစ်ပွဲတွေ မရှိပါဘူး။
တရားသောစစ်ထောက်ခံပွဲဆိုတာလည်း
ဒီမဲဇာမှာ မရှိပါဘူး။
မစ်ရှီဂန်မဲဇာမြိုင်
နှင်းဖုံးတဲ့ဂနိုင်မှာ
မအိပ်ဘဲထိုင်နေတဲ့ညဟာ ကျနော်ပေါ့ ။
မစ်ရှီဂန်မှာ ည
ရန်ကုန်မှာ နေ့။
ဒီနေ့ဟာ၊ ရန်ကုန်မှာ တရားသောစစ်ကိုထောက်ခံတဲ့ငပိန်းတွေ
ဆန္ဒပြတဲ့နေ့လား။
ဒီနေ့ဟာ၊ ရန်ကုန်မှာ စစ်ပွဲတွေရပ်လို့ ငြိမ်းချမ်းရေးလိုလားတဲ့
ပြည်သူတွေ ဆန္ဒပြတဲ့နေ့လား။
မစ်ရှီဂန်မှာ ည
ရန်ကုန်မှာ နေ့။
ဒီနေ့ဟာ၊ ရန်ကုန်မှာ စစ်ဖြစ်ချင်တဲ့ ငပိန်းတွေ
ရန်လိုတဲ့နေ့ ဖြစ်ချင်ဖြစ်မယ်။
ဒီနေ့ဟာ၊ ရန်ကုန်မှာ စစ်ဆန့်ကျင်သူတွေကို စစ်ထောက်ခံသူတွေက
တိုက်ခိုက်တဲ့နေ့ ဖြစ်ချင်ဖြစ်မယ်။
ဒီနေ့ဟာ
ဒုတိယဒီပဲယင်းခေတ်ကို ပြန်ရောက်တဲ့နေ့။
ဒီနေ့မှာ၊ ဖြေစရာတရားမရှိ
ဒါပေမဲ့၊ ဒီနေ့ဟာ မစ်ရှီဂန်မဲဇာမှာ
နှင်းမုန်တိုင်းထန်တဲ့နေ့ပါပဲ။
နှင်းမုန်တိုင်းထဲမှာ
ကျနော် မသေပါဘူး။
နှင်းမုန်တိုင်းအောက်မှာ
ကျနော် လမ်းပျောက်မသွားပါဘူး။
ကျနော်က မစ်ရှီဂန်
အမေရိကန်အရှေ့မြောက်ဖျား
နှင်းများတဲ့ည။
အဲဒီညမှာ၊ ရန်ကုန်ဟာ မြန်မာပြည်အရှေ့မြောက်ဖျား
ပြေးပြေးလွဲလွဲ၊ ဆွေမျိုးကွဲသား
စစ်ပွဲတွေကြား
အသက်ပျောက်၊ လမ်းပျောက်၊ အနာဂတ်ပျောက်တဲ့
အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေကိုယ်စား
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်၊ စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်လို့ ကြွေးကြော်နေမလား။
ဟေ့- စစ်ပွဲတွေဆက်ဖြစ်ဖို့
ဘယ်သူအော်နေတာလဲ။
ဟေ့- တရားသောစစ်ဆိုပြီး ပြည်တွင်းစစ်ကို ဘယ်သူတွေ
သက်ဆိုးရှည်စေချင်ရတာလဲ။
ဟိတ်- ပိုစတာထောင်ပြီး အာဘောင်အာရင်းသန်နေတဲ့
စစ်ထောက်ခံသူငပိန်းတို့
တစ်ဆိတ် ငြိမ်စမ်း
ဟောဟိုမှာ မင်းတို့ရဲ့ နေ၀င်းလာနေတယ်
သေမင်းလာနေတယ်။
ကျနော်က မစ်ရှီဂန်
မစ်ရှီဂန်မဲဇာမြိုင်မှာ
စစ်ပွဲတွေ မရှိနိုင်။
အမေရိကန်ပြည်တွင်းစစ်(၁၈၆၁- ၁၈၆၅)
ဂက်တီးစဘတ်စစ်မြေပြင်မှာအဆုံးသတ်
ဘယ်တော့မှ ပြန်မလာတော့ဘူး။
အဲဒီမှာ၊ စစ်ဟာ သေသွားတယ်
လူတွေ ရှင်လာတယ်။
လူတွေ ရှင်လာတယ်
စစ်ဟာ သေသွားတယ်၊ အဲဒီမှာ။
အဲဒီမှာ၊ စစ်ဟာပြတိုက်ထဲရောက်သွားတယ်
ကျောင်းသားတွေ သင်ခန်းစာယူကြတယ်။
ပြည်သူတွေဖတ်ရှုဆင်ခြင်ကြတယ်
စစ်ဟာ စာအုပ်တွေထဲရောက်သွားတယ်၊ အဲဒီမှာ။
အဲဒီမှာ၊ စစ်ဟာ တကယ်သေသွား
လူတွေ တကယ်ရှင်လာ၊ အဲဒီမှာ။
မစ်ရှီဂန်မဲဇာမှာ
ကျနော်က ရန်ကုန်ကိုပြန်ပြန်သွားတယ်။
ရန်ကုန်မှာ
ကျနော်က၊ ၁၉၄၈ ကို ခဏခဏရောက်တယ်
အဲဒီမှာ၊ လွတ်လပ်ရေးရတယ်
အဲဒီမှာ
ပြည်တွင်းစစ် စတာပါပဲ။
တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်
ရန်ကုန်ဟာ၊ သွေးလေမမှန်တော့ဘူး။
ကမ္ဘာပေါ် သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်
ရန်ကုန်လည်း စစ်မြေပြင်ပဲ။
ရန်ကုန်မှာ၊ ပြည်တွင်းစစ်ဟာ ရှင်နေတယ်
ရန်ကုန်မှာ၊ လူတွေဟာ သေနေတယ်။
စစ်ဟာရှင်နေတုန်း၊ ရန်ကုန်မှာ
ရန်ကုန်မှာ၊ လူတွေသေနေတုန်း။
ပုသိမ်က ငါ့ သူငယ်ချင်း စိုးအိမ် ပြောတယ်
“ငါက အိုစာတယ်၊ ပြည်တွင်းစစ်က အရွယ်တင်တယ်” တဲ့။
အဲဒီအရွယ်တင်တဲ့စစ်က
နေပြည်တော်ကို အလည်သွားတယ်
အဲဒီစစ်က ငြိမ်းချမ်းရေးကို ယူမသွားဘူး။
အဲဒီ အရွယ်တင်တဲ့စစ်က
ငရဲပြည်ကို အလည်သွားတယ်
အဲဒီစစ်က လူဆိုးဗိုလ်ကြီးရွှေရွှေကို ခေါ်မသွားဘူး။
အဲဒီ အရွယ်တင်တဲ့စစ်ဟာ
ကတုတ်ကျင်းကိုတူးတယ်။
အိုစာတဲ့ ပြည်သူတွေက
မသာကျင်းကို တူးကြတယ်လေ။
ကျနော်က မစ်ရှီဂန်
နှင်းထန်တဲ့ည
နှင်းဖုံးသွားတဲ့ အိမ်လွမ်းစိတ်ကို ပြန်တူးရတဲ့ညပေါ့ ။
ကျနော်က မစ်ရှီဂန်
မစ်ရှီဂန်မဲဇာမှာ
ကျနော်ဟာ၊ အပြာရောင်ဗော်ရှီဗစ်။
နံရံပေါ်မှာ အနီစက်
နံရံပေါ်မှာ၊ ဗော်ရှီဗစ်ပုံတွေ ကပ်လိုက်။
နံရံပေါ်မှာ လီနင်
နံရံပေါ်မှာ၊ ဘားဒေါ့ ပုံတွေ ကပ်လိုက်။
အဲဒီ ဗော်ရှီဗစ်က
ရန်ကုန်က ပြည်တွင်းစစ်ကို မကြိုက်ပါဘူး။
အဲဒီ အပြာရောင်ဗော်ရှီဗစ်က
ပြည်တွင်းစစ်ကိုထောက်ခံနေတဲ့ငပိန်းတွေကို မကြိုက်ပါဘူး။
ဟိတ်- ပြည်တွင်းစစ်ထောက်ခံတဲ့ငပိန်းတွေ
ခဏ တိတ်စမ်း
ဟိုမှာ မင်းတို့ရဲ့အဘ လာနေတယ်
မရဏ လာနေတယ်။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်၊ စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်။
ဟိတ်- အတော့်ကိုပိန်းတဲ့ ငပိန်းတွေရေ
ရေနစ်နေတဲ့မြစ်ကို မြင်ဖူးသလား
အဲဒါ ပြည်တွင်းစစ်ပဲ။
ဟိတ်- အပိန်းတကာ့ထွတ်ခေါင် ငပိန်းကောင်တွေရေ
ကိုယ့်အမြီး ကိုယ်ပြန်မျိုတဲ့မြွေကို မြင်ဖူးသလား
အဲဒါ ပြည်တွင်းစစ်ပဲ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်၊ စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်။
ဟိတ်- ငပိန်းတို့
တစ်နေ့၊ ငြိမ်းချမ်းရေးရောက်လာမယ်
မင်းတို့ဇာတ် သိမ်းရမယ်။
သတင်းကောင်းပါးပိမ့်
နှလုံးသားများကြားချိမ့်။
ဟိတ်- ငပိန်းတို့
တစ်နေ့၊ ငြိမ်းချမ်းရေးရောက်လာမယ်
မင်းတို့ဇာတ် သိမ်းရမယ်။
ပြည်သူဟာ ငြိမ်းချမ်းရေးပဲ
ငြိမ်းချမ်းရေးဟာ ပြည်သူ
တစ်နေ့ ရောက်လာမယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ
ပြည်သူဟာ ငြိမ်းချမ်းရေးပဲ
တစ်နေ့ ရောက်လာမယ်။
ကျနော်က မစ်ရှီဂန်
မစ်ရှီဂန်မှာ၊ စစ်ပွဲတွေမရှိပါဘူး။
ရန်ကုန်မှာ၊ စစ်ပွဲတွေရပ်။
နေပြည်တော်မှာ
စစ်အာဏာရှင်စနစ်တွေရပ်။ ။
ေ အ ာ င္ ေ ၀ း
(ဇန္န၀ါရီ ၁၆- ၂၀၁၇)
Sunday, January 1, 2017
သ တ် ပုံ ကို မှ န်ေ အာ င်ေ ရး ကြ

အခုအချိန်ဟာ
တိုင်းပြည်တည်ထောင်စအချိန်လား
တိုင်းပြည်ပျက်တဲ့ အချိန်လား။
သတ်ပုံကိုမှန်အောင်ရေးကြ။
အခုကာလဟာ
ငြိမ်းချမ်းနေတဲ့ကာလလား
စစ်ပွဲတွေဖြစ်နေတဲ့ကာလလား။
သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အခြေအနေဟာ
ပန်းပေါင်းတစ်ရာပွင့်တဲ့ အခြေအနေလား
ပန်းခင်းကိုမြင်းစီးပြီးတက်နင်းတဲ့အခြေအနေလား။
သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အနေအထားဟာ
လရောင်အောက်မှာ မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့အနေအထားလား
ရွက်သင်္ဘောတစ်ထောင်ရေချ အလှတရားကိုစစ်ခင်းယူနေတဲ့အနေအထားလား။
သတ်ပုံကိုမှန်အောင်ရေးကြ။
ကျနော်ငယ်ငယ် ခုနစ်တန်းကျောင်းသားဘဝ
(ပုသိမ်မှာ)
စင်ပေါ်တက် ကြိုးဝိုင်းထဲ လက်ဝှေ့ဝင်ထိုးတော့
နည်းပြဆရာက ကျနော့်ကို
"မင်း သတ်ပုံကောင်းတယ်"
"မင်း သတ်ပုံကောင်းတယ်" လို့
အခါခါ ချီးကျူး
ကျနော် မော်ဖူးတယ်။
ဒီတုန်းမှာ
ဘားမားအုန်းရွှေ
လက်ဝှေ့ထိုးရင်း ကြိုးဝိုင်းထဲ
ဦးနှောက်သွေးကြောပြတ် သေသွားတော့
အဖေက ကျနော့်ကို
လက်ဝှေ့ထိုးခွင့်မပြုတော့ပါဘူး။
ကျနော်သတ်ပုံကောင်းတာ
အဖေ မသိပါဘူး။
ကျနော့်နည်းပြက အဖေ့ကို
"ဒီကောင် သတ်ပုံကောင်းတယ်" လို့ ထောက်ခံလည်း
အဖေ လက်မခံတော့ပါဘူး။
အဲဒီကစပြီး
ကျနော်သတ်ပုံကောင်းတာ
တခြားလူတွေ မမြင်ရတော့ပါဘူး။
ကြိုးဝိုင်းနဲ့ဝေးသွားတော့
ကျနော်လည်း သတ်ပုံတွေမေ့လာပါတယ်။
အချိန်ကြာတာနဲ့အမျှ
သတ်ပုံတွေလည်း ညံ့သွားပါတယ်။
ကျနော် ရှစ်တန်း
အချစ်စမ်းပြီ။
ကိုးတန်း ဆယ်တန်း
လွမ်းမိုးသန်းပေါ့။
ထွန်းထွန်းဝင်းက
ခင်သီတာထွန်းကို ချစ်တယ်
ခင်သီတာထွန်းက ထွန်းထွန်းဝင်းကို ပြန်မချစ်ပါဘူး။
ကျနော် အသည်းကွဲ
ဇီးဘိန်ဟိုတယ်အပေါ်ထပ်လှေကားက လိမ့်ကျ။
ချစ်သူစွန့်ပစ်
လှေကားထစ်မှာ
သုံးနှစ်သုံးမိုး။
ဒီလိုနဲ့ ဆယ်တန်းအောင်
ပုသိမ်ကောလိပ်ရောက်တော့
ကျနော် ကြိုးဝိုင်းထဲပြန်ရောက်သွားတယ်။
ဒီတစ်ခါတက်တဲ့ကြိုးဝိုင်းက
နိုင်ငံရေးကြိုးဝိုင်း။
မ ဆ လ စစ်အာဏာရှင်စနစ်နဲ့ထိုးရတဲ့
ကမ္ဘာမကြေကြိုးဝိုင်းပေါ့။
ဘိုင်းခနဲ
မှိုင်းရာပြည့်ပွဲမှာ
ကျနော် ထောင်ထဲ မှောက်သွားတယ်။
ထောင်ထဲမှာလည်း
ကြိုးဝိုင်းတွေအပြည့်
(ကြိုးတိုက်ထဲနေရတာကိုး)
ကျနော်လက်ရည်ပြန်တက်လာတယ်
သတ်ပုံတွေကောင်းလာတယ်။
ထောင်ကလွတ်တော့
ကျနော် ကဗျာဆရာဖြစ်လာ
သတ်ပုံတွေလည်းပိုကောင်းလာ။
ဒီတစ်ခါ ကျနော့်နည်းပြက
စစ်အာဏာရှင်စနစ်ကိုယ်တိုင်ပဲ
ဒဂုန်တာရာပြောတဲ့ မုဆိုးစိုင်သင်ပဲ။
ကျနော့်ကဗျာတွေ ခိုင်မာလာတဲ့တစ်နေ့
ကြိုးဝိုင်းပေါ်တက် စိန်ခေါ်ပစ်တယ်
၁ ၉ ၈ ၈ ။
၁ ၉ ၈ ၈
ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က
ငါတို့ပရိသတ်ပဲ။
(အခုတော့ ငါတို့က သူ့ပရိသတ်ဖြစ်သွားပြီ)
ရှစ်ဆယ့်ရှစ်မှာ
ဦးနေ၀င်းက တိုင်းပြည်ကို
အရေးကြီးတဲ့မိန့်ခွန်းတစ်ခုပြောတယ်။
တစ်တိုင်းတစ်ပြည်လုံးငတ်နေတဲ့အချိန်
ဦးနေ၀င်းက
အရေးကြီးတဲ့မိန့်ခွန်းကိုပြောတယ်။
............................
" သ တ် ပုံ ကို မှ န်ေ အာ င်ေ ရး ကြ " တဲ့။
.....................................
အရေးကြီးတဲ့မိန့်ခွန်းက ဦးနေဝင်းကိုပြောတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။
တယောက နီရိုးဘုရင်ကို ထိုးတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။
နီရိုးဘုရင်က ဦးနေဝင်းကိုထိုးတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။
ကျနော်သတ်ပုံကောင်းတာ
ဦးနေဝင်း သိမသွားရှာပါဘူး။
ဦးနေဝင်းအသုဘမှာလည်း
ကျနော် ခဲမပေါက်လိုက်ရပါဘူး။
ကျနော့်အဖေကတော့
သူမသေခင်
ကျနော် သတ်ပုံကောင်းမှန်း သိသွားခဲ့ပါတယ်။
သတ်ပုံကောင်းလွန်းတော့
ခွပ်ဒေါင်းအလံ ရွှေဝါရောင်စွန်းပြီး
ကျနော်လည်း ညောင်းရ ယွန်းရတော့တာပေါ့။
ဦးနေ၀င်းကို ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ ယူနီယံကိုလည်း
ကျနော်တို့ပြန်မဆောက်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်ဆောက်မယ်လို့ပြောထားတယ်)
ဦးသန်းရွှေကိုလည်း ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ ရန်ကုန်မြို့ကြီးကိုလည်း
ကျနော်တို့ ပြန်မပြုပြင်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ မဖြစ်မနေပြန်ပြင်မှာပါ)
ဦးသိန်းစိန်ကြီးကိုလည်း ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ပြည်ထောင်စုကိုလည်း
ကျနော်တို့ ပြန်မထူထောင်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်ထူထောင်ဖို့လုပ်နေပါတယ်)
သူပုန်မွေးပြီး တိုင်းပြည်အုပ်ချုပ်သွားတဲ့ဦးနေ၀င်းကို
ကျနော်ခွင့်မလွှတ်ပါဘူး။
ဦးသန်းရွှေတို့၊ ဦးသိန်းစိန်တို့ ဆက်မွေးခဲ့တဲ့ပြည်တွင်းစစ်ကိုလည်း
ကျနော် မချစ်ပါဘူး။
မိတ်ဆွေ-
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေးကိုမှ မယုံကြည်ရင်
ခင်ဗျား ဘာကိုယုံကြည်မှာလဲ။
မိတ်ဆွေ-
ငြိမ်းချမ်းရေးကိုချစ်ရင်
စစ်ကိုဆန့်ကျင်ရမယ်။
အပြစ်မဲ့တဲ့ပြည်သူတွေအတွက်
အပြစ်ရှိတဲ့စစ်ပွဲတွေရပ်။
အနာဂတ်ရှိတဲ့နိုင်ငံတော်အတွက်
အနာဂတ်မဲ့တဲ့စစ်ပွဲတွေရပ်။
တရားတဲ့မျှော်လင့်ချက်တွေအတွက်
မတရားတဲ့စစ်ပွဲတွေရပ်။
ပြည်တွင်းဖြစ်စစ်ပွဲတွေ ချက်ချင်းရပ်
ပြည်တွင်းဖြစ်အမုန်းတရားတွေ ချက်ချင်းရပ်
ပြည်တွင်းဖြစ်သံသယတွေ ချက်ချင်းရပ်။
ပြည်တွင်းစစ်ကို ချစ်နေတဲ့သူတွေ
စစ်ဘေးသင့်လို့ မသေကြပါစေနဲ့။
ပြည်တွင်းစစ်ကို ပစ်ထောက်ခံနေတဲ့သူတွေ
စစ်ဒဏ်သင့်လို့ မသေကြပါစေနဲ့။
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေး
အောင်မြင်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေး
အဓွန့်ရှည်ပါစေ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်
သေနတ်ပြောင်းက ပန်းများပွင့်စေ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်
ကတုတ်ကျင်းက ပန်းနံ့သင်းစေ။
ဒီနေ့ဒီအချိန်က
ဒေါ်အောင်ဆန်းစုကြည်ကို "ချ စ်" ရမှာလား
ဒေါ်အောင်ဆန်းစုကြည်ကို "ပ စ်" ရမှာလား။
သတ်ပုံကို မှန်အောင်ရေးကြ။ ။
(၂၀၁၇ သို့ ....)
ေ အ ာ င္ ေ ၀ း
၁၂- ၂၇- ၁၆
ခေတ္တ- မစ်ရှီဂန်
အမေရိကန်ပြည်ထောင်စု။
တိုင်းပြည်တည်ထောင်စအချိန်လား
တိုင်းပြည်ပျက်တဲ့ အချိန်လား။
သတ်ပုံကိုမှန်အောင်ရေးကြ။
အခုကာလဟာ
ငြိမ်းချမ်းနေတဲ့ကာလလား
စစ်ပွဲတွေဖြစ်နေတဲ့ကာလလား။
သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အခြေအနေဟာ
ပန်းပေါင်းတစ်ရာပွင့်တဲ့ အခြေအနေလား
ပန်းခင်းကိုမြင်းစီးပြီးတက်နင်းတဲ့အခြေအနေလား။
သတ်ပုံကိုမှန်အောင်ရေးကြ။
ဒီနေ့အနေအထားဟာ
လရောင်အောက်မှာ မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့အနေအထားလား
ရွက်သင်္ဘောတစ်ထောင်ရေချ အလှတရားကိုစစ်ခင်းယူနေတဲ့အနေအထားလား။
သတ်ပုံကိုမှန်အောင်ရေးကြ။
ကျနော်ငယ်ငယ် ခုနစ်တန်းကျောင်းသားဘဝ
(ပုသိမ်မှာ)
စင်ပေါ်တက် ကြိုးဝိုင်းထဲ လက်ဝှေ့ဝင်ထိုးတော့
နည်းပြဆရာက ကျနော့်ကို
"မင်း သတ်ပုံကောင်းတယ်"
"မင်း သတ်ပုံကောင်းတယ်" လို့
အခါခါ ချီးကျူး
ကျနော် မော်ဖူးတယ်။
ဒီတုန်းမှာ
ဘားမားအုန်းရွှေ
လက်ဝှေ့ထိုးရင်း ကြိုးဝိုင်းထဲ
ဦးနှောက်သွေးကြောပြတ် သေသွားတော့
အဖေက ကျနော့်ကို
လက်ဝှေ့ထိုးခွင့်မပြုတော့ပါဘူး။
ကျနော်သတ်ပုံကောင်းတာ
အဖေ မသိပါဘူး။
ကျနော့်နည်းပြက အဖေ့ကို
"ဒီကောင် သတ်ပုံကောင်းတယ်" လို့ ထောက်ခံလည်း
အဖေ လက်မခံတော့ပါဘူး။
အဲဒီကစပြီး
ကျနော်သတ်ပုံကောင်းတာ
တခြားလူတွေ မမြင်ရတော့ပါဘူး။
ကြိုးဝိုင်းနဲ့ဝေးသွားတော့
ကျနော်လည်း သတ်ပုံတွေမေ့လာပါတယ်။
အချိန်ကြာတာနဲ့အမျှ
သတ်ပုံတွေလည်း ညံ့သွားပါတယ်။
ကျနော် ရှစ်တန်း
အချစ်စမ်းပြီ။
ကိုးတန်း ဆယ်တန်း
လွမ်းမိုးသန်းပေါ့။
ထွန်းထွန်းဝင်းက
ခင်သီတာထွန်းကို ချစ်တယ်
ခင်သီတာထွန်းက ထွန်းထွန်းဝင်းကို ပြန်မချစ်ပါဘူး။
ကျနော် အသည်းကွဲ
ဇီးဘိန်ဟိုတယ်အပေါ်ထပ်လှေကားက လိမ့်ကျ။
ချစ်သူစွန့်ပစ်
လှေကားထစ်မှာ
သုံးနှစ်သုံးမိုး။
ဒီလိုနဲ့ ဆယ်တန်းအောင်
ပုသိမ်ကောလိပ်ရောက်တော့
ကျနော် ကြိုးဝိုင်းထဲပြန်ရောက်သွားတယ်။
ဒီတစ်ခါတက်တဲ့ကြိုးဝိုင်းက
နိုင်ငံရေးကြိုးဝိုင်း။
မ ဆ လ စစ်အာဏာရှင်စနစ်နဲ့ထိုးရတဲ့
ကမ္ဘာမကြေကြိုးဝိုင်းပေါ့။
ဘိုင်းခနဲ
မှိုင်းရာပြည့်ပွဲမှာ
ကျနော် ထောင်ထဲ မှောက်သွားတယ်။
ထောင်ထဲမှာလည်း
ကြိုးဝိုင်းတွေအပြည့်
(ကြိုးတိုက်ထဲနေရတာကိုး)
ကျနော်လက်ရည်ပြန်တက်လာတယ်
သတ်ပုံတွေကောင်းလာတယ်။
ထောင်ကလွတ်တော့
ကျနော် ကဗျာဆရာဖြစ်လာ
သတ်ပုံတွေလည်းပိုကောင်းလာ။
ဒီတစ်ခါ ကျနော့်နည်းပြက
စစ်အာဏာရှင်စနစ်ကိုယ်တိုင်ပဲ
ဒဂုန်တာရာပြောတဲ့ မုဆိုးစိုင်သင်ပဲ။
ကျနော့်ကဗျာတွေ ခိုင်မာလာတဲ့တစ်နေ့
ကြိုးဝိုင်းပေါ်တက် စိန်ခေါ်ပစ်တယ်
၁ ၉ ၈ ၈ ။
၁ ၉ ၈ ၈
ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က
ငါတို့ပရိသတ်ပဲ။
(အခုတော့ ငါတို့က သူ့ပရိသတ်ဖြစ်သွားပြီ)
ရှစ်ဆယ့်ရှစ်မှာ
ဦးနေ၀င်းက တိုင်းပြည်ကို
အရေးကြီးတဲ့မိန့်ခွန်းတစ်ခုပြောတယ်။
တစ်တိုင်းတစ်ပြည်လုံးငတ်နေတဲ့အချိန်
ဦးနေ၀င်းက
အရေးကြီးတဲ့မိန့်ခွန်းကိုပြောတယ်။
............................
" သ တ် ပုံ ကို မှ န်ေ အာ င်ေ ရး ကြ " တဲ့။
.....................................
အရေးကြီးတဲ့မိန့်ခွန်းက ဦးနေဝင်းကိုပြောတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။
တယောက နီရိုးဘုရင်ကို ထိုးတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။
နီရိုးဘုရင်က ဦးနေဝင်းကိုထိုးတယ်
"သတ်ပုံကို မှန်အောင်ရေးကြ" တဲ့။
ကျနော်သတ်ပုံကောင်းတာ
ဦးနေဝင်း သိမသွားရှာပါဘူး။
ဦးနေဝင်းအသုဘမှာလည်း
ကျနော် ခဲမပေါက်လိုက်ရပါဘူး။
ကျနော့်အဖေကတော့
သူမသေခင်
ကျနော် သတ်ပုံကောင်းမှန်း သိသွားခဲ့ပါတယ်။
သတ်ပုံကောင်းလွန်းတော့
ခွပ်ဒေါင်းအလံ ရွှေဝါရောင်စွန်းပြီး
ကျနော်လည်း ညောင်းရ ယွန်းရတော့တာပေါ့။
ဦးနေ၀င်းကို ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ ယူနီယံကိုလည်း
ကျနော်တို့ပြန်မဆောက်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်ဆောက်မယ်လို့ပြောထားတယ်)
ဦးသန်းရွှေကိုလည်း ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ ရန်ကုန်မြို့ကြီးကိုလည်း
ကျနော်တို့ ပြန်မပြုပြင်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ မဖြစ်မနေပြန်ပြင်မှာပါ)
ဦးသိန်းစိန်ကြီးကိုလည်း ကျနော်မမေ့ပါဘူး
သူဖျက်ဆီးသွားတဲ့ပြည်ထောင်စုကိုလည်း
ကျနော်တို့ ပြန်မထူထောင်နိုင်သေးပါဘူး။
(ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်ထူထောင်ဖို့လုပ်နေပါတယ်)
သူပုန်မွေးပြီး တိုင်းပြည်အုပ်ချုပ်သွားတဲ့ဦးနေ၀င်းကို
ကျနော်ခွင့်မလွှတ်ပါဘူး။
ဦးသန်းရွှေတို့၊ ဦးသိန်းစိန်တို့ ဆက်မွေးခဲ့တဲ့ပြည်တွင်းစစ်ကိုလည်း
ကျနော် မချစ်ပါဘူး။
မိတ်ဆွေ-
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေးကိုမှ မယုံကြည်ရင်
ခင်ဗျား ဘာကိုယုံကြည်မှာလဲ။
မိတ်ဆွေ-
ငြိမ်းချမ်းရေးကိုချစ်ရင်
စစ်ကိုဆန့်ကျင်ရမယ်။
အပြစ်မဲ့တဲ့ပြည်သူတွေအတွက်
အပြစ်ရှိတဲ့စစ်ပွဲတွေရပ်။
အနာဂတ်ရှိတဲ့နိုင်ငံတော်အတွက်
အနာဂတ်မဲ့တဲ့စစ်ပွဲတွေရပ်။
တရားတဲ့မျှော်လင့်ချက်တွေအတွက်
မတရားတဲ့စစ်ပွဲတွေရပ်။
ပြည်တွင်းဖြစ်စစ်ပွဲတွေ ချက်ချင်းရပ်
ပြည်တွင်းဖြစ်အမုန်းတရားတွေ ချက်ချင်းရပ်
ပြည်တွင်းဖြစ်သံသယတွေ ချက်ချင်းရပ်။
ပြည်တွင်းစစ်ကို ချစ်နေတဲ့သူတွေ
စစ်ဘေးသင့်လို့ မသေကြပါစေနဲ့။
ပြည်တွင်းစစ်ကို ပစ်ထောက်ခံနေတဲ့သူတွေ
စစ်ဒဏ်သင့်လို့ မသေကြပါစေနဲ့။
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေး
အောင်မြင်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်ကြိုးပမ်းနေတဲ့
ငြိမ်းချမ်းရေး
အဓွန့်ရှည်ပါစေ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်
သေနတ်ပြောင်းက ပန်းများပွင့်စေ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်
ကတုတ်ကျင်းက ပန်းနံ့သင်းစေ။
ဒီနေ့ဒီအချိန်က
ဒေါ်အောင်ဆန်းစုကြည်ကို "ချ စ်" ရမှာလား
ဒေါ်အောင်ဆန်းစုကြည်ကို "ပ စ်" ရမှာလား။
သတ်ပုံကို မှန်အောင်ရေးကြ။ ။
(၂၀၁၇ သို့ ....)
ေ အ ာ င္ ေ ၀ း
၁၂- ၂၇- ၁၆
ခေတ္တ- မစ်ရှီဂန်
အမေရိကန်ပြည်ထောင်စု။
Subscribe to:
Posts (Atom)


