Monday, August 31, 2020

မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၃



မစ်ရှီဂန်မဲဇာမှာ
ငါ လွမ်းနေတယ်။
မစ်ရှီဂန်မဲဇာမှာ
ငါ ရင်ဆိုင် တိုက်ခိုက်နေတယ်။
ဒီ စစ်အတွင်းမှာ
ကိုယ်ချင်းစာတရား သာ
ငါ့လက်နက်။
အလွမ်းက
ငါ့ခံတပ်ပဲ။
ငါ့ခံတပ်ကို
ချစ်ခြင်းမေတ္တာနဲ့
ဥ ာဏ်ပညာ စောင့်တယ်။
အလွမ်းက
ရန်ကုန် ပြန်ပြန်ရောက်သွား။
ရန်ကုန် က
ရန် မကုန်သေး
ရန် မလုံသေး။
အလွမ်းက
ခြေထောက် ဗွေပါတော့
ရခိုင်မြေ ရောက်။
အို ... အနောက်တံတိုင်း
ဒုတိယလှိုင်း အရိုက်
(ဟစ်ချ်ကော့ ရုပ်ရှင်* ထဲကလို)
စင်ရော်တွေ ရိုင်းကုန်ပါလား။
အလွမ်းက
မြစ်ဆုံ ရောက်။
အလွမ်းဟာ
ဧရာဝတီကို စုန်တယ်။
အလွမ်းတွေ
မန္တလေး ဖြတ်။
အလွမ်းက
အလွမ်းတွေ ဖြတ်။
အလွမ်းဟာ
ရပ်ပြီး
အနာဂတ် ငေးတယ်။
အဝေးမှာ
စစ်ခရာသံတွေ။
ကိုဗစ်စစ်လား
ပြည်တွင်းစစ်လား။
စစ်တွေ
ရပ်။     ။

အောင်ဝေး
(စက်တင်ဘာ ၁၊ ၂၀၂၀)
* The Birds

##

မ စ္ ရွီ ဂ န္ မဲ ဇာ - ၁ ၃
 
မစ္ရွီဂန္မဲဇာမွာ
ငါ လြမ္းေနတယ္။
မစ္ရွီဂန္မဲဇာမွာ
ငါ ရင္ဆိုင္ တိုက္ခိုက္ေနတယ္။
ဒီ စစ္အတြင္းမွာ
ကိုယ္ခ်င္းစာတရား သာ
ငါ ့လက္နက္။
အလြမ္းက
ငါ ့ခံတပ္ပဲ။
ငါ ့ခံတပ္ကို
ခ်စ္ျခင္းေမတၱာနဲ့
ဥ ာဏ္ပညာ ေစာင့္တယ္။
အလြမ္းက
ရန္ကုန္ ျပန္ျပန္ေရာက္သြား။
ရန္ကုန္ က
ရန္ မကုန္ေသး
ရန္ မလုံေသး။
အလြမ္းက
ေျခေထာက္ ေဗြပါေတာ့
ရခိုင္ေျမ ေရာက္။
အို ... အေနာက္တံတိုင္း
ဒုတိယလိွဳင္း အရိုက္
(ဟစ္ခ်္ေကာ့ ရုပ္ရွင္* ထဲကလို)
စင္ေရာ္ေတြ ရိုင္းကုန္ပါလား။
အလြမ္းက
ျမစ္ဆုံ ေရာက္။
အလြမ္းဟာ
ဧရာ၀တီကို စုန္တယ္။
အလြမ္းေတြ
မႏၱေလး ျဖတ္။
အလြမ္းက
အလြမ္းေတြ ျဖတ္။
အလြမ္းဟာ
ရပ္ၿပီး
အနာဂတ္ ေငးတယ္။
အေ၀းမွာ
စစ္ခရာသံေတြ။
ကိုဗစ္စစ္လား
ျပည္တြင္းစစ္လား။
စစ္ေတြ
ရပ္။     ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၁၊ ၂၀၂၀)
* The Birds

Sunday, August 30, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၂


 

အမေရိကမှာ "I can't breathe!" ပြီးတော့၊ "I can't teach... !"
(၁)
အဖြူနဲ့အစိမ်း လိမ်းခြယ်ထားတဲ့ မနက်ခင်း။ မိုးတွေ ရွာနေမယ်။ စာသင်
ကျောင်းကလေးကိုသွားတဲ့ ကတ္တရာလမ်းမပေါ်မှာ၊ စိန်ပန်းပွင့်တွေ ကြွေ
နေမယ်။ လေက ရုတ်ခနဲ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ဝှေ့နမ်းတိုက်ခတ်
လိုက်ရင်တော့၊ မိုးရေနဲ့ စိုရွှဲပြောင်လက်နေတဲ့ အနက်ခံပေါ်မှာ အနီ
ပြောက် ဆင်ထားတဲ့၊ ကတ္တီပါစကြီး  မိုးပေါါ် လွင့်ပျံဝဲတက်သွားတော့
တယ်။
ဒါက ကျောင်းဖွင့်ချိန် မြင်ကွင်းကလေးပါ။ အခုတော့ မြန်မာပြည်မှာ
ကျောင်းတွေ ယာယီပြန်ပိတ်ထားလိုက်ရပါပြီ။
အစိုးမရတဲ့ အရာတွေထဲမှာ၊ အစိုးရလည်း အမိန့်ပေးရပ်ခိုင်းလို့မရတဲ့
ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးဆိုးကြီးလည်းပါတယ်။
စစ်တွေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တစ်ချို့မှာ ကိုဗစ်ရောဂါပိုးရှိသူတွေ
ရက်ဆက် ခပ်စိပ်စိပ်တွေ့လာနေရတယ်။ ကူးစက်ပုံက ပြည်ပက မဟုတ်၊ ပြည်တင်းကလူက ပြည်တွင်းကလူဆီ ကူးစက်တာ များလာ
တယ်။ ဒုတိယလှိုင်း ရိုက်တာလား၊ ပုတ်တာလား၊ စိုးရိမ်ရေမှတ်ရောက်
လာတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ကျောင်းတွေ ချက်ချင်းပိတ်
ခိုင်းလိုက်တယ်။
ပိတ်တာ မှန်ပါတယ်။ ကိုဗစ်ရန်က ကြီးပါတယ်။ အသက်အန္တရာယ်
လည်း နီးပါတယ်။ ကျောင်းသူ ကျေားသားတွေ၊ ဆရာ ဆရာမတွေ
ဘေးရန်ကင်းဖို့ လိုပါတယ်။
နိုင်ငံတော်အစိုးရရဲ့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး
အစီအမံတွေက အမြော်အမြင်ရှိတယ်။ လက်တွေ့ကျတယ်။ လူတိုင်း
လက်ခံလိုက်နာနိုင်တယ်။  ဘယ်ကျောင်းသား ဘယ်ကျောင်းသူမှ
အသက် အပိုမပါပါဘူး။ ဘယ်ဆရာ ဘယ်ဆရာမမှ အသက် အပိုမပါပါ
ဘူး။
ဒီ အသက်တစ်ချောင်း မဆုံးရှုံးရလေအောင်၊ နိုင်ငံတော်အစိုးရကကော၊
ပြည်သူလူထုကပါ၊ တစ်ချောင်းတည်းသော စိတ်ထားနဲ့၊ ကိုဗစ်ကပ်ဘေး
ဆိုးကြီးကို အန်တုရင်ဆိုင် ကျော်လွှားနေကြတာ ဖြစ်တယ်။
(၂)
အမေရိကမှာတော့ "I can't breathe!" ပြီးတော့၊ နောက်တစ်ခါ
"I can't teach ... !" တဲ့။ တစ်ခန်းမရပ်၊ အလွမ်းဇာတ်က၊ နှစ်ခန်း ထပ်
လာပါတယ်။
ကိုဗစ်ကပ်ကြီးအတွင်း၊ မေ ၂၅ (၂၀၂၀)၊ အမေရိကန်ပြည်ထောင်စု၊
မင်နီဆိုတာပြည်နယ်၊ မင်နီယာပူးလိစ်မြို့မှာ၊ ရဲကဖမ်းဆီးစဉ်
ဂျော့ချ်ဖလွိုက် အမည်ရ၊ အသက်(၄၆)နှစ်အရွယ် အမေရိကန်လူမည်း
(African-American) အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီ ဖြစ်
ရပ်ကို မကျေနပ်တဲ့ အမေရိကန်လူမည်းထုကြီးရဲ့ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ မေ ၂၆ ကစပြီး အမေရိကတစ်လွှား ကိုဗစ်နဲ့
အပြိုင် ကူးစက်ပျံ့နှံ့သွားပါတယ်။
ရဲကဖမ်းဆီးချုပ်နှောင်ထားစဉ်၊ ရဲအရာရှိ(သူက လူဖြူ)က လဲနေတဲ့
ဖလွိုက်ရဲ့ လည်မျိုကို ဒူးခေါင်းနဲ့ ဖိနင်းထားတာ (၈)မိနစ်နဲ့(၄၆)စက္ကန့်
ကြာတယ်။ ဖလွိုက်က "I can't breathe." ကျနော် အသက်ရှူလို့ မရတော့ဘူးလို့ အခါ(၂၀)လောက်ပြောခဲ့တယ်လို့ဆိုတယ်။
ဂျော့ချ်ဖလွိုက် သေသွားတယ်။ ရဲတွေ လူသတ်မှုနဲံ တရားစွဲခံရတယ်။
"NO JUSTICE, NO PEACE" ဆိုတဲ့ ဂျော့ချ်ဖလွိုက်ဆန္ဒပြပွဲတွေက
လ ချီလာပါတယ်။
အဲဒီ BLACK LIVES MATTER ဆန္ဒပြပွဲတွေမှ မစဲသေး၊ မပွဲသေးဘူး၊
ဇူလိုင်လထဲမှာ၊ ဖလော်ရီဒါပြည်နယ်က ဆရာ ဆရာမတွေရဲ့( ပြည်နယ်
အစိုးရက ကျောင်းတွေပြန်ဖွင့်ရေး အစီအစဉ်အပေါ်) ဆန့်ကျင်ဆန္ဒပြတဲ့
လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့တယ်။
ဇူလိုင် ၂၂ ဆန္ဒပြပွဲမှာ၊ ဖလော်ရီဒါပြည်နယ်၊ ဟေးလ်စ်ဘိုရိုမြို့က
ဆရာမတစ်ဦးဖြစ်တဲ့ ဘရစ်တနီမိုင်ယာ က "I can't teach from the
grave!" ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ သေရွာ
ကနေ စာမသင်နိုင်ဘူး။ "No one can teach from the grave." တဲ့။
ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗေးလ်မြို့ က ဆရာမတစ်ဦးဖြစ်သူ
ဝှစ်တနီရက်ဒစ် ကဆိုရင်၊ သူ့နာရေးကြော်ငြာ သူကိုယ်တိုင်ရေးပြီး
ဆန္ဒပြပါတယ်။
သြော် ... သူတို့မှာလည်း အသက်တစ်ချောင်း အပိုပါတာမှ မဟုတ်တာ
ပဲလေ။ ဟုတ်တာပေါ့။ လူမည်းမှာလည်း အသက်နဲ့ပါ။ ဆရာ ဆရာမ
တွေမှာလည်း အသက်နဲ့ပါ။
(၃)
ကျနော်တို့ မြန်မာပြည်မှာတော့ ဒီလို သေရွာကနေ စာမသင်နိုင်ဘူး လို့
ပြောမယ့် ဆရာ ဆရာမ မရှိနိုင်ဘူးလို့ထင်ပါတယ်။ (ပျဉ်းမနားက ဆရာမ
ဆုဂျေတို့၊ မြင်းခြံ-ထနောင်းတိုင်က ဆရာမ မိုးမိုးတို့ ပြောကြပါဦး)
ကိုဗစ်-19 ကပ်ဘေးဆိုးကြီးက( အများတကာ ပြောနေကြတဲ့ NEW
NORMAL ဆိုတဲ့ ပုံမှန်အနေအထားသစ်မှာ) လူတွေရဲ့ အတွေးအခေါ်၊
အမူအကျင့်တွေကို ပြောင်းလဲပစ်လိုက်ပြီလား။
ပြောင်းလဲလိုက်တယ်ဆိုရင်လည်း၊ သူတို့နှင့် ကျနော်တို့ မတူ။
ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာကတော့၊ ဆရာ ဆရာမတွေက
သေရွာက ထပြီး စာသင်နေတုန်း။
ကျနော့် သူငယ်တန်းဆရာမ ဒေါ်လှမေ(BBM ကျောင်း၊ပုသိမ်) အစ၊
ကျနော့် ဆယ်တန်းဆရာမ ဒေါ်သိန်းခ(အ ထ က-၃၊ ပုသိမ်) အလယ်၊
ကျနော့် တက္ကသိုလ်ဆရာမ မြန်မာစာပါမောက္ခဒေါ်ခင်ခင်သီ အဆုံး၊
ကျနော့်အတွက်တော့ သူတို့အားလုံးဟာ သေရွာက ထပြီး ကျနော့်ကို
စာသင်နေကြတုန်းပါ။

အောင်ဝေး
(သြဂုတ် ၃၁၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၂
 
အေမရိကမွာ "I can't breathe!" ၿပီးေတာ့၊ "I can't teach... !"
(၁)
အျဖဴနဲ့အစိမ္း လိမ္းျခယ္ထားတဲ့ မနက္ခင္း။ မိုးေတြ ရြာေနမယ္။ စာသင္
ေက်ာင္းကေလးကိုသြားတဲ့ ကတၱရာလမ္းမေပၚမွာ၊ စိန္ပန္းပြင့္ေတြ ေၾကြ
ေနမယ္။ ေလက ရုတ္ခနဲ ခပ္ၾကမ္းၾကမ္း ခပ္ရမ္းရမ္း ေ၀ွ့နမ္းတိုက္ခတ္
လိုက္ရင္ေတာ့၊ မိုးေရနဲ့ စိုရႊဲေျပာင္လက္ေနတဲ့ အနက္ခံေပၚမွာ အနီ
ေျပာက္ ဆင္ထားတဲ့၊ ကတၱီပါစႀကီး  မိုးေပါၚ လြင့္ပ်ံ၀ဲတက္သြားေတာ့
တယ္။
ဒါက ေက်ာင္းဖြင့္ခ်ိန္ ျမင္ကြင္းကေလးပါ။ အခုေတာ့ ျမန္မာျပည္မွာ
ေက်ာင္းေတြ ယာယီျပန္ပိတ္ထားလိုက္ရပါၿပီ။
အစိုးမရတဲ့ အရာေတြထဲမွာ၊ အစိုးရလည္း အမိန့္ေပးရပ္ခိုင္းလို့မရတဲ့
ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးဆိုးႀကီးလည္းပါတယ္။
စစ္ေတြနဲ့ ရခိုင္ျပည္နယ္ထဲက ၿမိဳ့တစ္ခ်ိဳ့မွာ ကိုဗစ္ေရာဂါပိုးရွိသူေတြ
ရက္ဆက္ ခပ္စိပ္စိပ္ေတြ့လာေနရတယ္။ ကူးစက္ပုံက ျပည္ပက မဟုတ္၊ ျပည္တင္းကလူက ျပည္တြင္းကလူဆီ ကူးစက္တာ မ်ားလာ
တယ္။ ဒုတိယလိွဳင္း ရိုက္တာလား၊ ပုတ္တာလား၊ စိုးရိမ္ေရမွတ္ေရာက္
လာတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္အစိုးရက ေက်ာင္းေတြ ခ်က္ခ်င္းပိတ္
ခိုင္းလိုက္တယ္။
ပိတ္တာ မွန္ပါတယ္။ ကိုဗစ္ရန္က ႀကီးပါတယ္။ အသက္အႏၱရာယ္
လည္း နီးပါတယ္။ ေက်ာင္းသူ ေက်ားသားေတြ၊ ဆရာ ဆရာမေတြ
ေဘးရန္ကင္းဖို့ လိုပါတယ္။
ႏိုင္ငံေတာ္အစိုးရရဲ့ Covid-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး
အစီအမံေတြက အေျမာ္အျမင္ရွိတယ္။ လက္ေတြ့က်တယ္။ လူတိုင္း
လက္ခံလိုက္နာႏိုင္တယ္။  ဘယ္ေက်ာင္းသား ဘယ္ေက်ာင္းသူမွ
အသက္ အပိုမပါပါဘူး။ ဘယ္ဆရာ ဘယ္ဆရာမမွ အသက္ အပိုမပါပါ
ဘူး။
ဒီ အသက္တစ္ေခ်ာင္း မဆုံးရွံဳးရေလေအာင္၊ ႏိုင္ငံေတာ္အစိုးရကေကာ၊
ျပည္သူလူထုကပါ၊ တစ္ေခ်ာင္းတည္းေသာ စိတ္ထားနဲ့၊ ကိုဗစ္ကပ္ေဘး
ဆိုးႀကီးကို အန္တုရင္ဆိုင္ ေက်ာ္လႊားေနၾကတာ ျဖစ္တယ္။
(၂)
အေမရိကမွာေတာ့ "I can't breathe!" ၿပီးေတာ့၊ ေနာက္တစ္ခါ
"I can't teach ... !" တဲ့။ တစ္ခန္းမရပ္၊ အလြမ္းဇာတ္က၊ ႏွစ္ခန္း ထပ္
လာပါတယ္။
ကိုဗစ္ကပ္ႀကီးအတြင္း၊ ေမ ၂၅ (၂၀၂၀)၊ အေမရိကန္ျပည္ေထာင္စု၊
မင္နီဆိုတာျပည္နယ္၊ မင္နီယာပူးလိစ္ၿမိဳ့မွာ၊ ရဲကဖမ္းဆီးစဥ္
ေဂ်ာ့ခ်္ဖလြိဳက္ အမည္ရ၊ အသက္(၄၆)ႏွစ္အရြယ္ အေမရိကန္လူမည္း
(African-American) အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ပါတယ္။ ဒီ ျဖစ္
ရပ္ကို မေက်နပ္တဲ့ အေမရိကန္လူမည္းထုႀကီးရဲ့ BLACK LIVES
MATTER ဆႏၵျပပြဲေတြ ေမ ၂၆ ကစၿပီး အေမရိကတစ္လႊား ကိုဗစ္နဲ့
အၿပိဳင္ ကူးစက္ပ်ံ့ႏွံ့သြားပါတယ္။
ရဲကဖမ္းဆီးခ်ဳပ္ေႏွာင္ထားစဥ္၊ ရဲအရာရွိ(သူက လူျဖဴ)က လဲေနတဲ့
ဖလြိဳက္ရဲ့ လည္မ်ိဳကို ဒူးေခါင္းနဲ့ ဖိနင္းထားတာ (၈)မိနစ္နဲ့(၄၆)စကၠန့္
ၾကာတယ္။ ဖလြိဳက္က "I can't breathe." က်ေနာ္ အသက္ရွဴလို့ မရေတာ့ဘူးလို့ အခါ(၂၀)ေလာက္ေျပာခဲ့တယ္လို့ဆိုတယ္။
ေဂ်ာ့ခ်္ဖလြိဳက္ ေသသြားတယ္။ ရဲေတြ လူသတ္မွဳနဲံ တရားစြဲခံရတယ္။
"NO JUSTICE, NO PEACE" ဆိုတဲ့ ေဂ်ာ့ခ်္ဖလြိဳက္ဆႏၵျပပြဲေတြက
လ ခ်ီလာပါတယ္။
အဲဒီ BLACK LIVES MATTER ဆႏၵျပပြဲေတြမွ မစဲေသး၊ မပြဲေသးဘူး၊
ဇူလိုင္လထဲမွာ၊ ဖေလာ္ရီဒါျပည္နယ္က ဆရာ ဆရာမေတြရဲ့( ျပည္နယ္
အစိုးရက ေက်ာင္းေတြျပန္ဖြင့္ေရး အစီအစဥ္အေပၚ) ဆန့္က်င္ဆႏၵျပတဲ့
လွဳပ္ရွားမွဳတစ္ခု ေပၚထြက္လာခဲ့တယ္။
ဇူလိုင္ ၂၂ ဆႏၵျပပြဲမွာ၊ ဖေလာ္ရီဒါျပည္နယ္၊ ေဟးလ္စ္ဘိုရိုၿမိဳ့က
ဆရာမတစ္ဦးျဖစ္တဲ့ ဘရစ္တနီမိုင္ယာ က "I can't teach from the
grave!" ဆိုတဲ့ ဆိုင္းဘုတ္ကိုကိုင္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။ ေသရြာ
ကေန စာမသင္ႏိုင္ဘူး။ "No one can teach from the grave." တဲ့။
ဖေလာ္ရီဒါျပည္နယ္၊ ဂ်က္ဆင္ေဗးလ္ၿမိဳ့ က ဆရာမတစ္ဦးျဖစ္သူ
၀ွစ္တနီရက္ဒစ္ ကဆိုရင္၊ သူ့နာေရးေႀကာ္ျငာ သူကိုယ္တိုင္ေရးၿပီး
ဆႏၵျပပါတယ္။
ေႀသာ္ ... သူတို့မွာလည္း အသက္တစ္ေခ်ာင္း အပိုပါတာမွ မဟုတ္တာ
ပဲေလ။ ဟုတ္တာေပါ ့။ လူမည္းမွာလည္း အသက္နဲ့ပါ။ ဆရာ ဆရာမ
ေတြမွာလည္း အသက္နဲ့ပါ။
(၃)
က်ေနာ္တို့ ျမန္မာျပည္မွာေတာ့ ဒီလို ေသရြာကေန စာမသင္ႏိုင္ဘူး လို့
ေျပာမယ့္ ဆရာ ဆရာမ မရွိႏိုင္ဘူးလို့ထင္ပါတယ္။ (ပ်ဥ္းမနားက ဆရာမ
ဆုေဂ်တို့၊ ျမင္းၿခံ-ထေနာင္းတိုင္က ဆရာမ မိုးမိုးတို့ ေျပာၾကပါဦး)
ကိုဗစ္-19 ကပ္ေဘးဆိုးႀကီးက( အမ်ားတကာ ေျပာေနၾကတဲ့ NEW
NORMAL ဆိုတဲ့ ပုံမွန္အေနအထားသစ္မွာ) လူေတြရဲ့ အေတြးအေခၚ၊
အမူအက်င့္ေတြကို ေျပာင္းလဲပစ္လိုက္ၿပီလား။
ေျပာင္းလဲလိုက္တယ္ဆိုရင္လည္း၊ သူတို့ႏွင့္ က်ေနာ္တို့ မတူ။
က်ေနာ္တို့ ျမန္မာ့လူ့အဖြဲ့အစည္းမွာကေတာ့၊ ဆရာ ဆရာမေတြက
ေသရြာက ထၿပီး စာသင္ေနတုန္း။
က်ေနာ့္ သူငယ္တန္းဆရာမ ေဒၚလွေမ(BBM ေက်ာင္း၊ပုသိမ္) အစ၊
က်ေနာ့္ ဆယ္တန္းဆရာမ ေဒၚသိန္းခ(အ ထ က-၃၊ ပုသိမ္) အလယ္၊
က်ေနာ့္ တကၠသိုလ္ဆရာမ ျမန္မာစာပါေမာကၡေဒၚခင္ခင္သီ အဆုံး၊
က်ေနာ့္အတြက္ေတာ့ သူတို့အားလုံးဟာ ေသရြာက ထၿပီး က်ေနာ့္ကို
စာသင္ေနၾကတုန္းပါ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၃၁၊ ၂၀၂၀)

Thursday, August 27, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၁


 

ကပ်ကြီးအတွင်းမှာ
လူချင်း ခွာလို့ရတယ်
စိတ်ချင်း ခွာလို့ မရဘူး။
ယနေ့ August 28, 2020 Covid-19 Live Update
World: Cases 24,299,923   Deaths  827,730
U.S.:  Cases  6,096,235   Deaths  185,901
Michigan:  Cases  100,699   Deaths  6,446
မြန်မာ- ကူးစက်  (၆၄၃)ယောက်။   သေဆုံး  (၆)ယောက်။
ကိုရိုနာပိုး၊ ဗိုင်းရပ်စ်မိုးက
အက်စစ်မိုးထက် ဆိုးတယ်။
မိုးက မစဲတော့ဘူးလား။
ကမ္ဘာကြီးဟာ၊ ရွာကြီးတစ်ရွာ တဲ့။
ရိုးလှသန္တာ၊ ရခိုင်ရွာမှာ
တစ်ပတ်အတွင်း
လူ(၁၀၀)ကျော် ကူးစက်သတဲ့။
(အသေအပျောက် မရှိ)
မစ်ရှီဂန်ရွာ၊ ရေကန်သာမှာ
နေ့စဉ် ပျှမ်းမျှ (၇၅၈)ယောက် ကူးစက်
တစ်နေ့ ပျှမ်းမျှ (၁၆)ယောက်သေ။
နာဂစ်ငှက်ဆိုး၊ ညဉ့်နက်ထိုးရင်
ရိုးမရခိုင်တစ်ဆုံး၊ တောအလုံး
တောင်ကတုံးဖြစ်။
ငှက်ဆိုးနာဂစ်၊ ညဉ့်နက်ဟစ်ရင်
မစ်ရှီဂန်ရေကန်ကြီး
မီးလောင်ပြာကျ၊ ကန္တာရဖြစ်။
ဖွဟဲ့ သူငယ်ချင်း
မင်းလည်း မင်းဒွန္နယာမှာ
မင်းဒုက္ခနဲ့ မင်း။
ငါလည်း ငါ့ဒွန္နယာမှာ
ငါ့ဒုက္ခနဲ့ ငါ။
ဘယ်ဒုက္ခမှ
ပျားရည်တစ်ဇွန်း အပိုမပါဘူး။
အရေးကြီးတာက
အသိတရားပဲ။
အသိတရား မရှိရင်တော့
အဝီစိပေါ့ သူငယ်ချင်း။     ။

အောင်ဝေး
(သြဂုတ် ၂၈၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၁
 
ကပ္ႀကီးအတြင္းမွာ
လူခ်င္း ခြာလို့ရတယ္
စိတ္ခ်င္း ခြာလို့ မရဘူး။
ယေန့ August 28, 2020 Covid-19 Live Update
World: Cases 24,299,923   Deaths  827,730
U.S.:  Cases  6,096,235   Deaths  185,901
Michigan:  Cases  100,699   Deaths  6,446
ျမန္မာ- ကူးစက္  (၆၄၃)ေယာက္။   ေသဆုံး  (၆)ေယာက္။
ကိုရိုနာပိုး၊ ဗိုင္းရပ္စ္မိုးက
အက္စစ္မိုးထက္ ဆိုးတယ္။
မိုးက မစဲေတာ့ဘူးလား။
ကမၻာႀကီးဟာ၊ ရြာႀကီးတစ္ရြာ တဲ့။
ရိုးလွသႏၱာ၊ ရခိုင္ရြာမွာ
တစ္ပတ္အတြင္း
လူ(၁၀၀)ေက်ာ္ ကူးစက္သတဲ့။
(အေသအေပ်ာက္ မရွိ)
မစ္ရွီဂန္ရြာ၊ ေရကန္သာမွာ
ေန့စဥ္ ပွ်မ္းမွ် (၇၅၈)ေယာက္ ကူးစက္
တစ္ေန့ ပွ်မ္းမွ် (၁၆)ေယာက္ေသ။
နာဂစ္ငွက္ဆိုး၊ ညဥ့္နက္ထိုးရင္
ရိုးမရခိုင္တစ္ဆုံး၊ ေတာအလုံး
ေတာင္ကတုံးျဖစ္။
ငွက္ဆိုးနာဂစ္၊ ညဥ့္နက္ဟစ္ရင္
မစ္ရွီဂန္ေရကန္ႀကီး
မီးေလာင္ျပာက်၊ ကႏၱာရျဖစ္။
ဖြဟဲ့ သူငယ္ခ်င္း
မင္းလည္း မင္းဒြနၷယာမွာ
မင္းဒုကၡနဲ့ မင္း။
ငါလည္း ငါ ့ဒြႏၷယာမွာ
ငါ ့ဒုကၡနဲ့ ငါ။
ဘယ္ဒုကၡမွ
ပ်ားရည္တစ္ဇြန္း အပိုမပါဘူး။
အေရးႀကီးတာက
အသိတရားပဲ။
အသိတရား မရွိရင္ေတာ့
အ၀ီစိေပါ ့ သူငယ္ခ်င္း။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၈၊ ၂၀၂၀)

Wednesday, August 26, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ဝ


 
အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာ
ဘာလဲ။
EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည်
ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြေးမြင်မိကြသည်။ ဟစ်တလာ၏
လူမျိုးကြီးဝါဒ ဟုဆိုကြပါစို့။ ထိုဟစ်တလာဝါဒ၊ တစ်နည်း EXTREME NATIONALISM (EN)က ကျနော်တို့ မြန်မာပြည်မှာလည်း ရှိသည်။
[ဥပမာ- စစ်တပ်ကို ထောက်ခံအားပေးသည့်(စစ်တပ်ကလည်း ကာကွယ်ပေးထားသည့်) ဝိုင်၊အမ်၊ဘီ၊အေ အသင်းမျိုး၏ အမျိုး၊ ဘာသာ၊
သာသနာ ကြွေးကြော်သံသည် EN ဖြစ်သည်။ ယခုအခါ၊ မ ဘ သ တစ်ဖြစ်
လဲ၊ ကျော်မျိုးရွှေ-အေးပိုင်အဖွဲ့မျိုး၏ အမျိုးသားရေးအမည်ခံကြွေးကြော်သံ
သည် EN ဖြစ်သည်။    ။ဤကား စကားချပ်]
အမေရိကလို ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး နိုင်ငံမျိုးတွေ
မှာတောင်၊ ထို EN ကို တွေ့လာနေရပြီဖြစ်သည်။ မသိမသာကနေ တဖြည်းဖြည်း သိသာထင်ပေါ်လာသည်အထိ၊ တချို့အစိုးရတွေ ကိုယ်တိုင်
က EN ကို အားပေးလာနေတာဖြစ်သည်။
ထိုကဲ့သို့သော နိုင်ငံရေးရာသီဥတုမှာ၊ ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ
ဆိုးကြီးက တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာနေခဲ့သည်။ ထိုရောဂါပိုး
ဘယ်ကလာသလဲ။ တရုတ်ပြည်၊ ဝူဟန်မြို့က လာတယ်။ ဝူဟန်ဗိုင်းရပ်စ်
ဟုပင် ခေါ်ခဲ့ကြသည်။ တရုတ်ပြည်က ဘယ်နေရာမှာလဲ။ အာရှမှာ။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Covid-19 coronavirus ကို၊
ကမ္ဘာ့ကပ်ရောဂါ Global Pandemic အဖြစ် သတိပေးကြေညာလိုက်
သောအခါ ... ။
အမေရိကမှာ၊ ဗြိတိန်မှာ၊ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု
တွေ ရုတ်ခနဲထ ပေါ်ပေါက်လာတော့သည်။ ဒါကို RACISM ဟုခေါ်သည်။
အမေရိကက တချို့မြို့ကြီးတွေက စားသောက်ဆိုင်တွေမှာ "NO CHINESE" ဟု စာရေးကပ်ထားလိုက်ကြသည်။ တရုတ် မဝင်ရ။ ယင်းမှာ
ကိုဗစ်-19 ကပ်ကြီးအစမှာ စတင်မီးရှို့လိုက်သည့် RACISM မီးတောက်ပင်
ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး တရုတ်ပြည်က စတင်ပြန့်ပွားတာ။ တရုတ်လူမျိုး အလိုမရှိ။ ထိုသဘောထားမျိုး တချို့သော အမေရိကန်လူဖြူ အစွန်းရောက်
အမျိုးသားရေးဝါဒီတွေဆီမှာရှိသည်။ ထိုသို့ အမေရိကန်လူဖြူတချို့၏
အမျိုးသားရေးအစွန်းရောက်မှုဒဏ်ကို အမေရိကန်လူမည်း(AFRICAN-
AMERICAN)တွေ ခံရသည်။ စပိန်စကားပြော MEXICAN-LATINO တွေ
ခံရသည်။
ဟော- အခုတော့ ကျနော်တို့အာရှသားတွေဘက် လှည့်လာသည်။
ကျနော်တို့က အသားဝါသည်။ အသားညိုသည်။ YELLOW SKIN ဟု
ဆိုသည်။ အဖြူမဟုတ်လျှင်၊ ကျန်သည့်သူများကို အသားအရောင်ရှိသူ
ဟု ထို အဖြူအစွန်းရောက်တွေက သတ်မှတ်သည်။
စားသောက်ဆိုင်မှာ "NO CHINESE" ဟု စာကပ်ရုံနှင့် မပြီးသေး။ ထိုသူ
တို့က အာရှသားထင်သမျှကို ရန်ရှာလာကြတော့သည်။
လူကြားသူကြားထဲမှာပင် "GO BACK YOUR HOME" ဆိုပြီး၊ လက်ည်ှုး
ငေါက်ငေါကထိုးကာ အော်ဟစ်မောင်းထုတ်တာ ခံရပြန်သည်။ မင်းတို့တိုင်း
ပြည် မင်းတို့ပြန်သွား။
ထိုကဲ့သို့ အော်ဟစ်မောင်းထုတ်ခံရသည့်အထဲမှာ ကျနော်တို့ မြန်မာများ
လည်းပါသည်။
တရုတ်ကဲ့သို့၊ ဗီယက်နမ်ကဲ့သို့၊ မြန်မာကဲ့သို့၊ အသားအရောင်ရှိသော
အာရှသား လူမျိုးခြားတွေကို၊ ထို လူဖြူအစွန်းရောက်အမျိုးသားရေးသမား
တချို့က ရန်သူဟု မြင်ကြသည်။ ခြိမ်းခြောက်နှောင့်ယှက်ကြသည်။ ရန်
ပြုတိုက်ခိုက်ကြသည်။အိမ်နံရံတွေမှာ "GET OUT" ဆိုပြီး တချို့စာတန်း
ခံရသည်။
ကိုဗစ်-19 ကပ်ကြီးအတွင်းမှာ၊ ကိုရိုနာဗိုင်းရပ်စ်ရန်သူက၊ ကိုယ်နှင့်(၆)ပေ
အကွာမှာ လုပ်ကြံဖို့ အသင့်ချောင်းမြောင်းနေသည်။ သေရေးထက် ထို
အစွန်းရောက်အမျိုးသားရေးဝါဒ EN သမားတွေရဲ့ရန်က ခက်နေသည်။
ကယ်လီဖိုးနီးယားမှာ မြန်မာအပါအဝင် အာရှသားမိသားစုတချို့ ကိုယ့်
အိမ် ကိုယ်မနေရဲလောက်အောင် ခြိမ်းခြောက်တာခံရသည်။ နီးစပ်ရာ၊ ရင်း
နှီးရာ ပြောင့်ရွှေ့နေကြရသည်။
တက္ကဆက်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား သားအဖ၊ ကိုယ်ထိလက်
ရောက်ထိုးနှက်ခံရပြီး၊ ဒဏ်ရာအနာတရ ဖြစ်ရသည်။
အခြား အာရှနွယ်ဖွားတွေ ရင်ဆိုင်ရသည့် အန္တရာယ်တွေက အမေရိကန်
တလွှားမှာ ရှိနိုင်သေးသည်။
မနေ့တစ်နေ့ကပင်၊ ဝစ္စကွန်စင်ပြည်နယ်မှာ၊ ရဲက ပစ်လို့၊ အမေရိကန်လူ
မည်းတစ်ယောက်သေပြန်သည်။ လူမည်းထုကြီး၏ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ ဒေါသမီးတဟုန်းဟုန်း ပေါ်လာပြန်သည်။ BLM
ဆန္ဒပြသမားတွေက "NO TO RACISM" ဟု ကြွေးကြော်မြဲ။
ကျနော်တို့ အာရှသားတွေလည်း "NO TO RACISM" ဟု ကြွေးကြော်
ချင်ပါသည်။
ကျနော်တို့က(အာရှသားတွေက) ယခုဖြစ်ပွားနေသော ကပ်ရောဂါဘေး
ဆိုးကြီးကို ကိုယ်ချင်းစာတရားနှင့် ရင်ဆိုင်ဖြေရှင်းနေကြပါသည်။ မေတ္တာ
တရားနှင့် အောင်မြင်ကျော်လွှားနိုင်မည်ဟု ယုံကြည်နေကြပါသည်။
ယနေ့ AUGUST 27, 2020 Covid-19 Live Update:
ကမ္ဘာတစ်ဝန်းလုံး- ကူးစက် (၂၄)သန်း။ သေဆုံး- (၈)သိန်း(၂)သောင်း(၂)
ထောင်။
အမေရိကန်ပြည်ထောင်စု ကူးစက်-(၆)သန်းကျော်။ သေဆုံး- (၁)သိန်း(၈)
သောင်း(၄)ထောင်ကျော်။
မြန်မာနိုင်ငံ ကူးစက်- (၆၀၂)ယောက်။ သေဆုံး-(၆)ယောက်။
သေဘေးကြီးကြားမှာ၊ ကျနော် အသက်ရှင်အောင် ကြိုးစားနေထိုင်နေပါ
သည်။ သူများ အစော်ကား မခံရအောင်လည်း သတိထားနေထိုင်နေပါ
သည်။ ကျနော့်အသားအရောင်၊ ကျနော့်ဇာတိပုည ဂုဏ်မာနကို အထိပါး
မခံနိုင်ပါ။
ခက်သည်မှာ? ထို အစွန်းရောက်အမျိုးသားရေးဝါဒဆိုးကြီး၊ ကိုဗစ်-19
ရောဂါကာကွယ်ဆေး စမ်းသပ်ရှာဖွေနေသည့် နယ်ပယ်ထဲ ရောက်ရှိလာ
ခြင်းပင်ဖြစ်လေသည်။
ကိုယ်ဖော်တဲ့ဆေး၊ ကိုယ့်လူမျိုးအတွက်ပဲပေး ဆိုသည့် တစ်ကိုယ်ကောင်း
အယူအဆဆိုးကြီးက ကျနော်တို့ကို  မျက်လုံးပြူး လျှာထုတ်ကာ သရော်
လှောင်ပြောင်နေလေသည်။
သြော် ... EXTREME NATIONALISM ပြီးတော့၊ VACCINE NATIONALISM ပါလား။
လူကြား၍မှ မကောင်းချေ။    ။

အောင်ဝေး
(သြဂုတ် ၂၇၊ ၂၀၂၀)

##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၀
 
အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ(EXTREME NATIONALISM)ဆိုတာ
ဘာလဲ။
EXTREME NATIONALISM ဟု ေျပာလိုက္လွ်င္ က်ေနာ္တို့သည္
ဟစ္တလာႏွင့္ ဂ်ဴးလူမ်ိဳး(၆)သန္းကို ေျပးျမင္မိၾကသည္။ ဟစ္တလာ၏
လူမ်ိဳးႀကီး၀ါဒ ဟုဆိုၾကပါစို့။ ထိုဟစ္တလာ၀ါဒ၊ တစ္နည္း EXTREME NATIONALISM (EN)က က်ေနာ္တို့ ျမန္မာျပည္မွာလည္း ရွိသည္။
[ဥပမာ- စစ္တပ္ကို ေထာက္ခံအားေပးသည့္(စစ္တပ္ကလည္း ကာကြယ္ေပးထားသည့္) ၀ိုင္၊အမ္၊ဘီ၊ေအ အသင္းမ်ိဳး၏ အမ်ိဳး၊ ဘာသာ၊
သာသနာ ေၾကြးေႀကာ္သံသည္ EN ျဖစ္သည္။ ယခုအခါ၊ မ ဘ သ တစ္ျဖစ္
လဲ၊ ေက်ာ္မ်ိဳးေရႊ-ေအးပိုင္အဖြဲ့မ်ိဳး၏ အမ်ိဳးသားေရးအမည္ခံေၾကြးေႀကာ္သံ
သည္ EN ျဖစ္သည္။    ။ဤကား စကားခ်ပ္]
အေမရိကလို ကမၻာ့ထိပ္တန္း ဒီမိုကေရစီႏွင့္လူ့အခြင့္အေရး ႏိုင္ငံမ်ိဳးေတြ
မွာေတာင္၊ ထို EN ကို ေတြ့လာေနရၿပီျဖစ္သည္။ မသိမသာကေန တျဖည္းျဖည္း သိသာထင္ေပၚလာသည္အထိ၊ တခ်ိဳ့အစိုးရေတြ ကိုယ္တိုင္
က EN ကို အားေပးလာေနတာျဖစ္သည္။
ထိုကဲ့သို့ေသာ ႏိုင္ငံေရးရာသီဥတုမွာ၊ ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါ
ဆိုးႀကီးက တစ္ကမၻာလုံးကို ကူးစက္ပ်ံ့ႏွ့ံလာေနခဲ့သည္။ ထိုေရာဂါပိုး
ဘယ္ကလာသလဲ။ တရုတ္ျပည္၊ ၀ူဟန္ၿမိဳ့က လာတယ္။ ၀ူဟန္ဗိုင္းရပ္စ္
ဟုပင္ ေခၚခဲ့ၾကသည္။ တရုတ္ျပည္က ဘယ္ေနရာမွာလဲ။ အာရွမွာ။
WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးက Covid-19 coronavirus ကို၊
ကမၻာ့ကပ္ေရာဂါ Global Pandemic အျဖစ္ သတိေပးေၾကညာလိုက္
ေသာအခါ ... ။
အေမရိကမွာ၊ ၿဗိတိန္မွာ၊ အသားအေရာင္ခြဲျခားမွဳ၊ လူမ်ိဳးေရးခြဲျခားမွဳ
ေတြ ရုတ္ခနဲထ ေပၚေပါက္လာေတာ့သည္။ ဒါကို RACISM ဟုေခၚသည္။
အေမရိကက တခ်ိဳ့ၿမိဳ့ႀကီးေတြက စားေသာက္ဆိုင္ေတြမွာ "NO CHINESE" ဟု စာေရးကပ္ထားလိုက္ၾကသည္။ တရုတ္ မ၀င္ရ။ ယင္းမွာ
ကိုဗစ္-19 ကပ္ႀကီးအစမွာ စတင္မီးရွဳိ့လိုက္သည့္ RACISM မီးေတာက္ပင္
ျဖစ္သည္။
ကိုရိုနာဗိုင္းရပ္စ္ပိုး တရုတ္ျပည္က စတင္ျပန့္ပြားတာ။ တရုတ္လူမ်ိဳး အလိုမရွိ။ ထိုသေဘာထားမ်ိဳး တခ်ိဳ့ေသာ အေမရိကန္လူျဖဴ အစြန္းေရာက္
အမ်ိဳးသားေရး၀ါဒီေတြဆီမွာရွိသည္။ ထိုသို့ အေမရိကန္လူျဖဴတခ်ိဳ့၏
အမ်ိဳးသားေရးအစြန္းေရာက္မွဳဒဏ္ကို အေမရိကန္လူမည္း(AFRICAN-
AMERICAN)ေတြ ခံရသည္။ စပိန္စကားေျပာ MEXICAN-LATINO ေတြ
ခံရသည္။
ေဟာ- အခုေတာ့ က်ေနာ္တို့အာရွသားေတြဘက္ လွည့္လာသည္။
က်ေနာ္တို့က အသား၀ါသည္။ အသားညိဳသည္။ YELLOW SKIN ဟု
ဆိုသည္။ အျဖဴမဟုတ္လွ်င္၊ က်န္သည့္သူမ်ားကို အသားအေရာင္ရွိသူ
ဟု ထို အျဖဴအစြန္းေရာက္ေတြက သတ္မွတ္သည္။
စားေသာက္ဆိုင္မွာ "NO CHINESE" ဟု စာကပ္ရံုႏွင့္ မၿပီးေသး။ ထိုသူ
တို့က အာရွသားထင္သမွ်ကို ရန္ရွာလာၾကေတာ့သည္။
လူၾကားသူၾကားထဲမွာပင္ "GO BACK YOUR HOME" ဆိုၿပီး၊ လက္ည္ွဳး
ေငါက္ေငါကထိုးကာ ေအာ္ဟစ္ေမာင္းထုတ္တာ ခံရျပန္သည္။ မင္းတို့တိုင္း
ျပည္ မင္းတို့ျပန္သြား။
ထိုကဲ့သို့ ေအာ္ဟစ္ေမာင္းထုတ္ခံရသည့္အထဲမွာ က်ေနာ္တို့ ျမန္မာမ်ား
လည္းပါသည္။
တရုတ္ကဲ့သို့၊ ဗီယက္နမ္ကဲ့သို့၊ ျမန္မာကဲ့သို့၊ အသားအေရာင္ရွိေသာ
အာရွသား လူမ်ိဳးျခားေတြကို၊ ထို လူျဖဴအစြန္းေရာက္အမ်ိဳးသားေရးသမား
တခ်ိဳ့က ရန္သူဟု ျမင္ၾကသည္။ ၿခိမ္းေျခာက္ေႏွာင့္ယွက္ၾကသည္။ ရန္
ျပဳတိုက္ခိုက္ၾကသည္။အိမ္နံရံေတြမွာ "GET OUT" ဆိုၿပီး တခ်ိဳ့စာတန္း
ခံရသည္။
ကိုဗစ္-19 ကပ္ႀကီးအတြင္းမွာ၊ ကိုရိုနာဗိုင္းရပ္စ္ရန္သူက၊ ကိုယ္ႏွင့္(၆)ေပ
အကြာမွာ လုပ္ႀကံဖို့ အသင့္ေခ်ာင္းေျမာင္းေနသည္။ ေသေရးထက္ ထို
အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ EN သမားေတြရဲ့ရန္က ခက္ေနသည္။
ကယ္လီဖိုးနီးယားမွာ ျမန္မာအပါအ၀င္ အာရွသားမိသားစုတခ်ိဳ့ ကိုယ့္
အိမ္ ကိုယ္မေနရဲေလာက္ေအာင္ ၿခိမ္းေျခာက္တာခံရသည္။ နီးစပ္ရာ၊ ရင္း
ႏွီးရာ ေျပာင့္ေရႊ့ေနၾကရသည္။
တကၠဆက္မွာ ျမန္မာျပည္ဖြား ခ်င္းတိုင္းရင္းသား သားအဖ၊ ကိုယ္ထိလက္
ေရာက္ထိုးႏွက္ခံရၿပီး၊ ဒဏ္ရာအနာတရ ျဖစ္ရသည္။
အျခား အာရွႏြယ္ဖြားေတြ ရင္ဆိုင္ရသည့္ အႏၱရာယ္ေတြက အေမရိကန္
တလႊားမွာ ရွိႏိုင္ေသးသည္။
မေန့တစ္ေန့ကပင္၊ ၀စၥကြန္စင္ျပည္နယ္မွာ၊ ရဲက ပစ္လို့၊ အေမရိကန္လူ
မည္းတစ္ေယာက္ေသျပန္သည္။ လူမည္းထုႀကီး၏ BLACK LIVES
MATTER ဆႏၵျပပြဲေတြ ေဒါသမီးတဟုန္းဟုန္း ေပၚလာျပန္သည္။ BLM
ဆႏၵျပသမားေတြက "NO TO RACISM" ဟု ေၾကြးေႀကာ္ၿမဲ။
က်ေနာ္တို့ အာရွသားေတြလည္း "NO TO RACISM" ဟု ေၾကြးေႀကာ္
ခ်င္ပါသည္။
က်ေနာ္တို့က(အာရွသားေတြက) ယခုျဖစ္ပြားေနေသာ ကပ္ေရာဂါေဘး
ဆိုးႀကီးကို ကိုယ္ခ်င္းစာတရားႏွင့္ ရင္ဆိုင္ေျဖရွင္းေနၾကပါသည္။ ေမတၱာ
တရားႏွင့္ ေအာင္ျမင္ေက်ာ္လႊားႏိုင္မည္ဟု ယုံၾကည္ေနၾကပါသည္။
ယေန့ AUGUST 27, 2020 Covid-19 Live Update:
ကမၻာတစ္၀န္းလုံး- ကူးစက္ (၂၄)သန္း။ ေသဆုံး- (၈)သိန္း(၂)ေသာင္း(၂)
ေထာင္။
အေမရိကန္ျပည္ေထာင္စု ကူးစက္-(၆)သန္းေက်ာ္။ ေသဆုံး- (၁)သိန္း(၈)
ေသာင္း(၄)ေထာင္ေက်ာ္။
ျမန္မာႏိုင္ငံ ကူးစက္- (၆၀၂)ေယာက္။ ေသဆုံး-(၆)ေယာက္။
ေသေဘးႀကီးၾကားမွာ၊ က်ေနာ္ အသက္ရွင္ေအာင္ ႀကိဳးစားေနထိုင္ေနပါ
သည္။ သူမ်ား အေစာ္ကား မခံရေအာင္လည္း သတိထားေနထိုင္ေနပါ
သည္။ က်ေနာ့္အသားအေရာင္၊ က်ေနာ့္ဇာတိပုည ဂုဏ္မာနကို အထိပါး
မခံႏိုင္ပါ။
ခက္သည္မွာ? ထို အစြန္းေရာက္အမ်ိဳးသားေရး၀ါဒဆိုးႀကီး၊ ကိုဗစ္-19
ေရာဂါကာကြယ္ေဆး စမ္းသပ္ရွာေဖြေနသည့္ နယ္ပယ္ထဲ ေရာက္ရွိလာ
ျခင္းပင္ျဖစ္ေလသည္။
ကိုယ္ေဖာ္တဲ့ေဆး၊ ကိုယ့္လူမ်ိဳးအတြက္ပဲေပး ဆိုသည့္ တစ္ကိုယ္ေကာင္း
အယူအဆဆိုးႀကီးက က်ေနာ္တို့ကို  မ်က္လုံးျပဴး လွ်ာထုတ္ကာ သေရာ္
ေလွာင္ေျပာင္ေနေလသည္။
ေႀသာ္ ... EXTREME NATIONALISM ၿပီးေတာ့၊ VACCINE NATIONALISM ပါလား။
လူၾကား၍မွ မေကာင္းေခ်။    ။


ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၇၊ ၂၀၂၀)

Tuesday, August 25, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၉


 
မစ်ရှီဂန်မှ စစ်တွေ
မစ်ရှီဂန်မှ စစ်တွေ။
ရထားဖြစ်လား
ရထားဖြစ်လား
ဖြစ်ရင် အကြောင်းပြန်။
အို ... ငါ့ရခိုင်ကမ်းရိုးတန်း
လွမ်းမိုး မသန်းနိုင်ပါလား။
အင်တာနက် နှေးလို့
(ကိုရိုနာဗိုင်းရပ်စ်)
ကူးစက် မြန်သလား။
အင်တာနက် မြန်ရင်ကော
ကူးစက် နှေးမလား။
ရထားမဖြစ်တဲ့
လောဂျစ်အဟောင်းတွေ
ထားရစ်ခဲ့။
အင်တာနက် မရှိလည်း
ကိုယ်ချင်းစာတရား ရှိရင်
ဖြစ်တယ်။
စကားတွေ မလိုဘူး
တရားပဲ လိုတယ်
စစ်တွေ။     ။

အောင်ဝေး
(သြဂုတ် ၂၆၊ ၂၀၂၀)


##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၉
 
မစ္ရွီဂန္မွ စစ္ေတြ
မစ္ရွီဂန္မွ စစ္ေတြ။
ရထားျဖစ္လား
ရထားျဖစ္လား
ျဖစ္ရင္ အေၾကာင္းျပန္။
အို ... ငါ ့ရခိုင္ကမ္းရိုးတန္း
လြမ္းမိုး မသန္းႏိုင္ပါလား။
အင္တာနက္ ေႏွးလို့
(ကိုရိုနာဗိုင္းရပ္စ္)
ကူးစက္ ျမန္သလား။
အင္တာနက္ ျမန္ရင္ေကာ
ကူးစက္ ေႏွးမလား။
ရထားမျဖစ္တဲ့
ေလာဂ်စ္အေဟာင္းေတြ
ထားရစ္ခဲ့။
အင္တာနက္ မရွိလည္း
ကိုယ္ခ်င္းစာတရား ရွိရင္
ျဖစ္တယ္။
စကားေတြ မလိုဘူး
တရားပဲ လိုတယ္
စစ္ေတြ။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၆၊ ၂၀၂၀)

Monday, August 24, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၈


ဖရန့်စစ်ဖူကူယာမာ က "သမိုင်းနိဂုံးချုပ်ပြီ" ဟု ဆိုခဲ့စဉ်က၊ ကျနော်တို့၏
ဆရာဒဂုန်တာရာ က "သမိုင်းသည် မဆုံးသေး" ဟူ၍ တုန့်ပြန်ပြောဆိုခဲ့ဖူး
ပါသည်။
၁၉၁၈ က စမိန်တုပ်ကွေး အမည်ရသည့် ကမ္ဘာ့ကပ်ရောဂါဘေးဆိုးကြီး
ဖြစ်ခဲ့သည်။ ယခု ၂၀၂၀ မှာ ကိုဗစ်- 19 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရော
ဂါဘေးဆိုးကြီး ဖြစ်နေသည်။
အမေရိကန်ပြည်ထောင်စုမှာ ရဲကြောင့် လူမည်းတစ်ဦးသေရသည့်ကိစ္စ
အကြောင်းခံ၍ BLACK LIVES MATTER လူမည်းထု ဆန္ဒပြပွဲတွေ ဖြစ်
ပွားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးက လူတစ်ဦးက တစ်ဦး ကူးစက်သလို၊
BLM ဆန္ဒပြပွဲတွေကလည်း တစ်မြို့ပြီးတစ်မြို့ ကူးစက်ပျံ့နှံ့သွားသည်။
ရောဂါပိုး ကူးစက်။ ဒေါသမီး ကူးစက်။
BLM  ဆန္ဒပြသမားတွေရဲ့ဒေါသက ခရစ္စတိုဖာကိုလံဘတ်စ် အပေါ်ပုံကျသွားသည်။ ခရစ္စတိုဖာ
ကိုလံဘတ်စ်မှာ အီတလီလူမျိုးဖြစ်သည်။ သူက စပိန်ကနေ နယ်မြေသစ်
ရှာဖွေခဲ့သူ။ ၁၅- ရာစုမှာ အမေရိကကို ရှာဖွေတွေ့ရှိခဲ့သူ။
ယခု BLM ဆန္ဒပြသမားတွေက သူ့ကို နယ်ချဲ့လူသတ်သမားအဖြစ် စွဲချက်
တင်ကာ၊ သူ၏ရုပ်တုများကို တစ်ခုပြီးတစ်ခု ဖြိုချဖျက်ဆီးပစ်ကြတော့
သည်။
ဇွန်လ(၉)ရက်(၂၀၂၀)နေ့၊ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့မှာ၊
ခရစ္စတိုဖာကိုလံဘတ်စ်ရုပ်တုကို ဖြိုလှဲပြီး ရေကန်ထဲ ပစ်ချလိုက်ကြသည်။
ဇွန်လ(၁၀)ရက်နေ့၊ BLM ဆန္ဒပြပွဲတွေစတင်ရာ၊ မင်နီဆိုတာပြည်နယ်၊
မင်နီယာပူူးလိစ်မြို့မှာ၊ ခရစ္စတိုဖာကိုလံဘတ်စ်ရုပ်တုကို ဖြိုချမီးရှို့ခဲ့ကြ
သည်။
ကိုဗစ်- 19 ကပ်ကြီးအတွင်းမှာ ကိုလံဘတ်စ် ကပ်သင့်လေခြင်းဖြစ်သည်။
ကျနော်တို့က ကမ္ဘာ့သမိုင်းမှာ ကိုလံဘတ်စ်ကို နယ်မြေသစ်စွန့်စားရှာဖွေသူ
အဖြစ်သိထားသည်။ အမေရိကကို သူစတင်တွေ့ခဲ့တယ်။ ဒါပဲ။
အမေရိကန်ပြည်ထောင်စုမှာ၊ အောက်တိုဘာလ၊ ဒုတိယ တနင်္လာနေ့ကို
ကိုလံဘတ်စ်နေ့ဆိုပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ထားသည်။
ကိုလံဘတ်စ်ကျေးဇူးရှိသည်။
သို့သော်၊ ယခု ၂၁-ရာစုထဲရောက်လာသောအခါ၊ ကိုလံဘတ်စ်အား
မြောက်အမေရိက ဌာနေဒေသခံတိုင်းရင်းသားများ(ကျနော်တို့အခေါ်
RED INDIAN)ကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဆိုပြီး၊ ဂျီနိုဆိုက်အမှုနှင့်
စွဲချက်တင်ကာ၊ သူ့ရုပ်တုတွေကို ဖယ်ရှားကြခြင်းဖြစ်သည်။
ကိုလံဘတ်စ်အပေါ် ကျေးစွပ်ကြတော့သည်လား။
ရဲကြောင့် လူမည်းတစ်ဦးသေသည့် "I CAN'T BREATH." ကနေ စလိုက်
သည့် "BLACK LIVES MATTER" က "GENOCIDE" အထိ ကြီးကျယ်
ပြန့်ကားသွားတော့သည်။
သမိုင်းကို သမိုင်းအနေနှင့်သာ သဘောထားနိုင်ရမည် ထင်သည်။ သမိုင်း
ကို ဖျောက်ဖျက်ပစ်၍လည်းမရ။ ပြန်ပြင်ရေး၍လည်း မရပါ။ သမိုင်းသည်
သမိုင်း။
ပြည်တွင်းမှာတုန်းက(၁၉၉၆) ကျနော် အခုလို ကဗျာရေးခဲ့ဖူးတယ်။
"အမေရိကန်တွေ လွတ်လပ်ရေးရတဲ့နေ့က
ဝံပုလွေတစ်ကောင် ၃၃ လမ်းထဲဝင်လာပြီး
ဟိုချီမင်းမြို့ကြီး စီးပွားရေးတွေးဟန်နဲ့
သံခင်းတမန်ခင်းအစပ်မှာ ရပ်တယ်။
ပြီး၊ ဂျိန်းဖွန်ဒါ ဘီကီနီချွတ် ပုံချလိုက်သလို
လှစ်ခနဲ ပစ်ဝင်ချေတယ်
အဲဒါ လေထန်ကုန်းဆိုတဲ့ ကဖေးလေ"
အမေရိကန်လွတ်လပ်ရေးနေ့မှာ ဖူလိုင်လ(၄)ရက်နေ့ဖြစ်သည်။ ၁၇၇၆
ဇူလိုင်(၄)ရကိမှာ အမေရိကန်တို့ လွတ်လပ်ရေးရခဲ့သည်။ ပြီးခဲ့သည့်
၂၄၄ နှစ်ပြည့် အမေရိကန်လွတ်လပ်ရေးနေ့မှာတော့၊ BLM ဆန္ဒပြသမား
များသည်၊ မေရီလဲန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့၊ LITTLE ITALY လို့ခေါ်တဲ့နေရာက ကိုလံဘတ်စ်ရုပ်တုကို ဖြိုလှဲပြီး၊ မြစ်ထဲတွန်းချခဲ့ကြပြန်
လေသည်။ သြော် ... မကောင်းလေစွ။
ကိုဗစ်- 19 ကပ်ကြီးအတွင်း၊ အမေရိကန်မှာ နောက်ထပ် ကပ်ဆိုက်သူက
မဟတ္တမဂန္ဒီ ပင်ဖြစ်လေသည်။ BLM ဆန္ဒပြသမား(တချို့အကြမ်းဖက်သူ
များ)က ဂန္ဒီသည် တောင်အာဖရိကနိုင်ငံတွင် ဝတ်လုံတော်ရ လုပ်စဉ်က၊
လူမည်းများအပေါ် လူမျိုးရေးခွဲခြားမှုရှိခဲ့သည်ဆိုပြီး စွပ်စွဲတိုက်ခိုက်ကာ၊
ဝါရှင်တန် ဒီ၊စီ မြို့တော်၊ အိန္ဒိယနိုင်ငံသံရုံးဝင်းထဲက မဟတ္တမဂန္ဒီရုပ်တုကို
ပါ ခြိမ်းခြောက်လာသဖြင့်၊ သံရုံးဝန်ထမ်းများက ဂန္ဒီရုပ်တုကြီးကို သံကွန်ခြာ
နှင့် ဖုံးအုပ်ကာကွယ်ထားခဲ့ရပေသည်။ ဂန္ဒီြ၈ီး ဘာမှတော့မဖြစ်ပါ။
ကျနော်တို့ သိထားသည်မှာ တောင်အာဖရိကက ဗြိတိသျှကိုလိုနီနယ်ချဲ့
များ၏အသားအရောင်ခွဲခြားရေးဝါဒ(APARTHEID) ကို ဂန္ဒီ ရင်ဆိုင်ခဲ့ရ
တာကို ဖြစ်သည်။
ဂန္ဒီသည် အဟိံသဝါဒီ၊ အကြမ်းမဖက်ရေးဝါဒီ ဖြစ်သည်။ ဂန္ဒီသည်
နယ်လ်ဆင်မင်ဒဲလား၊ မာတင်လူသာကင်း၊ ဒေါ်အောင်ဆန်းစုကြည် အစ
ရှိသဖြင့် NON-VIOLENT MOVEMENT ခေါင်းဆောင်များ၏ စံပြပုဂ္ဂိုလ်
ဖြစ်သည်။
အခုတော့၊ ထိုစံပြပုဂ္ဂိုလ်လည်း BLM MOVEMENT ထဲတွင် ရန်ပြုခံရ
ရှာလေသည်။ ဂန္ဒီက NON-VIOLENCE။ သူရို့က VIOLENCE။
BLM တက်ကြွလှုပ်ရှားသူများက "NO TO RACISM" ဟုကြွေးကြော်
ကြသည်။ သူတို့မှာ အကြောင်းရှိသည်။
တစ်ဖက်မှာ လူမျိုးကြီးဝါဒနွှယ်သော အစွန်းရောက်အမျိုးသားရေးဝါဒ
(EXTREME NATIONALISM) က အမေရိကန်လို ဒီမိုကရေစီနှင့်လူ့
အခွင့်အရေးထိပ်တန်းနိုင်ငံကြီးတွေမှာတောင် ခေါင်းထောင်ထလာနေ
သည် မဟုတ်လား။
တကယ်က၊ COVID-19 ကပ်ကြီးအတွင်းမှာ ကျနော်တို့ ကြုံတွေ့နေရ
သည့်သမိုင်းမှာ RACISM အရိပ်မည်းကြီးအောက်က သမိုင်းသာ ဖြစ်
လေသည်။
ထိုအရိပ်မည်းကြီးရဲ့အောက်မှာ ကျနော်တို့တွေရဲ့ဘဝတွေကကော။
သမိုင်းသည် မဆုံးသေး။     ။

အောင်ဝေး
(သြဂုတ် ၂၅၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၈
 
ဖရန့္စစ္ဖူကူယာမာ က "သမိုင္းနိဂံုးခ်ဳပ္ၿပီ" ဟု ဆိုခဲ့စဥ္က၊ က်ေနာ္တို့၏
ဆရာဒဂုန္တာရာ က "သမိုင္းသည္ မဆုံးေသး" ဟူ၍ တုန့္ျပန္ေျပာဆိုခဲ့ဖူး
ပါသည္။
၁၉၁၈ က စမိန္တုပ္ေကြး အမည္ရသည့္ ကမၻာ့ကပ္ေရာဂါေဘးဆိုးႀကီး
ျဖစ္ခဲ့သည္။ ယခု ၂၀၂၀ မွာ ကိုဗစ္- 19 ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာ
ဂါေဘးဆိုးႀကီး ျဖစ္ေနသည္။
အေမရိကန္ျပည္ေထာင္စုမွာ ရဲေၾကာင့္ လူမည္းတစ္ဦးေသရသည့္ကိစၥ
အေၾကာင္းခံ၍ BLACK LIVES MATTER လူမည္းထု ဆႏၵျပပြဲေတြ ျဖစ္
ပြားခဲ့သည္။ ကိုရိုနာဗိုင္းရပ္စ္ပိုးက လူတစ္ဦးက တစ္ဦး ကူးစက္သလို၊
BLM ဆႏၵျပပြဲေတြကလည္း တစ္ၿမိဳ့ၿပီးတစ္ၿမိဳ့ ကူးစက္ပ်ံ့ႏွံ့သြားသည္။
ေရာဂါပိုး ကူးစက္။ ေဒါသမီး ကူးစက္။
BLM  ဆႏၵျပသမားေတြရဲ့ေဒါသက ခရစၥတိုဖာကိုလံဘတ္စ္ အေပၚပုံက်သြားသည္။ ခရစၥတိုဖာ
ကိုလံဘတ္စ္မွာ အီတလီလူမ်ိဳးျဖစ္သည္။ သူက စပိန္ကေန နယ္ေျမသစ္
ရွာေဖြခဲ့သူ။ ၁၅- ရာစုမွာ အေမရိကကို ရွာေဖြေတြ့ရွိခဲ့သူ။
ယခု BLM ဆႏၵျပသမားေတြက သူ့ကို နယ္ခ်ဲ့လူသတ္သမားအျဖစ္ စြဲခ်က္
တင္ကာ၊ သူ၏ရုပ္တုမ်ားကို တစ္ခုၿပီးတစ္ခု ၿဖိဳခ်ဖ်က္ဆီးပစ္ၾကေတာ့
သည္။
ဇြန္လ(၉)ရက္(၂၀၂၀)ေန့၊ ဗာဂ်ီးနီးယားျပည္နယ္၊ ရစ္ခ်္မြန္ၿမိဳ့မွာ၊
ခရစၥတိုဖာကိုလံဘတ္စ္ရုပ္တုကို ၿဖိဳလွဲၿပီး ေရကန္ထဲ ပစ္ခ်လိုက္ၾကသည္။
ဇြန္လ(၁၀)ရက္ေန့၊ BLM ဆႏၵျပပြဲေတြစတင္ရာ၊ မင္နီဆိုတာျပည္နယ္၊
မင္နီယာပူူးလိစ္ၿမိဳ့မွာ၊ ခရစၥတိုဖာကိုလံဘတ္စ္ရုပ္တုကို ၿဖိဳခ်မီးရွိဳ့ခဲ့ၾက
သည္။
ကိုဗစ္- 19 ကပ္ႀကီးအတြင္းမွာ ကိုလံဘတ္စ္ ကပ္သင့္ေလျခင္းျဖစ္သည္။
က်ေနာ္တို့က ကမၻာ့သမိုင္းမွာ ကိုလံဘတ္စ္ကို နယ္ေျမသစ္စြန့္စားရွာေဖြသူ
အျဖစ္သိထားသည္။ အေမရိကကို သူစတင္ေတြ့ခဲ့တယ္။ ဒါပဲ။
အေမရိကန္ျပည္ေထာင္စုမွာ၊ ေအာက္တိုဘာလ၊ ဒုတိယ တနလၤာေန့ကို
ကိုလံဘတ္စ္ေန့ဆိုၿပီး တရား၀င္ရံုးပိတ္ရက္ သတ္မွတ္ထားသည္။
ကိုလံဘတ္စ္ေက်းဇူးရွိသည္။
သို့ေသာ္၊ ယခု ၂၁-ရာစုထဲေရာက္လာေသာအခါ၊ ကိုလံဘတ္စ္အား
ေျမာက္အေမရိက ဌာေနေဒသခံတိုင္းရင္းသားမ်ား(က်ေနာ္တို့အေခၚ
RED INDIAN)ကို လူမ်ိဳးတုံးသတ္ျဖတ္ခဲ့သည္ဆိုၿပီး၊ ဂ်ီႏိုဆိုက္အမွဳႏွင့္
စြဲခ်က္တင္ကာ၊ သူ့ရုပ္တုေတြကို ဖယ္ရွားၾကျခင္းျဖစ္သည္။
ကိုလံဘတ္စ္အေပၚ ေက်းစြပ္ၾကေတာ့သည္လား။
ရဲေၾကာင့္ လူမည္းတစ္ဦးေသသည့္ "I CAN'T BREATH." ကေန စလိုက္
သည့္ "BLACK LIVES MATTER" က "GENOCIDE" အထိ ႀကီးက်ယ္
ျပန့္ကားသြားေတာ့သည္။
သမိုင္းကို သမိုင္းအေနႏွင့္သာ သေဘာထားႏိုင္ရမည္ ထင္သည္။ သမိုင္း
ကို ေဖ်ာက္ဖ်က္ပစ္၍လည္းမရ။ ျပန္ျပင္ေရး၍လည္း မရပါ။ သမိုင္းသည္
သမိုင္း။
ျပည္တြင္းမွာတုန္းက(၁၉၉၆) က်ေနာ္ အခုလို ကဗ်ာေရးခဲ့ဖူးတယ္။
"အေမရိကန္ေတြ လြတ္လပ္ေရးရတဲ့ေန့က
၀ံပုေလြတစ္ေကာင္ ၃၃ လမ္းထဲ၀င္လာၿပီး
ဟိုခ်ီမင္းၿမိဳ့ႀကီး စီးပြားေရးေတြးဟန္နဲ့
သံခင္းတမန္ခင္းအစပ္မွာ ရပ္တယ္။
ၿပီး၊ ဂ်ိန္းဖြန္ဒါ ဘီကီနီခၽြတ္ ပုံခ်လိုက္သလို
လွစ္ခနဲ ပစ္၀င္ေခ်တယ္
အဲဒါ ေလထန္ကုန္းဆိုတဲ့ ကေဖးေလ"
အေမရိကန္လြတ္လပ္ေရးေန့မွာ ဖူလိုင္လ(၄)ရက္ေန့ျဖစ္သည္။ ၁၇၇၆
ဇူလိုင္(၄)ရကိမွာ အေမရိကန္တို့ လြတ္လပ္ေရးရခဲ့သည္။ ၿပီးခဲ့သည့္
၂၄၄ ႏွစ္ျပည့္ အေမရိကန္လြတ္လပ္ေရးေန့မွာေတာ့၊ BLM ဆႏၵျပသမား
မ်ားသည္၊ ေမရီလဲန္းျပည္နယ္၊ ေဘာ္လ္တီမိုးၿမိဳ့၊ LITTLE ITALY လို့ေခၚတဲ့ေနရာက ကိုလံဘတ္စ္ရုပ္တုကို ၿဖိဳလွဲၿပီး၊ ျမစ္ထဲတြန္းခ်ခဲ့ၾကျပန္
ေလသည္။ ေႀသာ္ ... မေကာင္းေလစြ။
ကိုဗစ္- 19 ကပ္ႀကီးအတြင္း၊ အေမရိကန္မွာ ေနာက္ထပ္ ကပ္ဆိုက္သူက
မဟတၱမဂႏၵီ ပင္ျဖစ္ေလသည္။ BLM ဆႏၵျပသမား(တခ်ိဳ့အၾကမ္းဖက္သူ
မ်ား)က ဂႏၵီသည္ ေတာင္အာဖရိကႏိုင္ငံတြင္ ၀တ္လံုေတာ္ရ လုပ္စဥ္က၊
လူမည္းမ်ားအေပၚ လူမ်ိဳးေရးခြဲျခားမွဳရွိခဲ့သည္ဆိုၿပီး စြပ္စြဲတိုက္ခိုက္ကာ၊
၀ါရွင္တန္ ဒီ၊စီ ၿမိဳ့ေတာ္၊ အိႏၵိယႏိုင္ငံသံရံုး၀င္းထဲက မဟတၱမဂႏၵီရုပ္တုကို
ပါ ၿခိမ္းေျခာက္လာသျဖင့္၊ သံရံုး၀န္ထမ္းမ်ားက ဂႏၵီရုပ္တုႀကီးကို သံကြန္ျခာ
ႏွင့္ ဖုံးအုပ္ကာကြယ္ထားခဲ့ရေပသည္။ ဂႏၵီၿ၈ီး ဘာမွေတာ့မျဖစ္ပါ။
က်ေနာ္တို့ သိထားသည္မွာ ေတာင္အာဖရိကက ၿဗိတိသွ်ကိုလိုနီနယ္ခ်ဲ့
မ်ား၏အသားအေရာင္ခြဲျခားေရး၀ါဒ(APARTHEID) ကို ဂႏၵီ ရင္ဆိုင္ခဲ့ရ
တာကို ျဖစ္သည္။
ဂႏၵီသည္ အဟိံသ၀ါဒီ၊ အၾကမ္းမဖက္ေရး၀ါဒီ ျဖစ္သည္။ ဂႏၵီသည္
နယ္လ္ဆင္မင္ဒဲလား၊ မာတင္လူသာကင္း၊ ေဒၚေအာင္ဆန္းစုၾကည္ အစ
ရွိသျဖင့္ NON-VIOLENT MOVEMENT ေခါင္းေဆာင္မ်ား၏ စံျပပုဂၢိဳလ္
ျဖစ္သည္။
အခုေတာ့၊ ထိုစံျပပုဂၢိဳလ္လည္း BLM MOVEMENT ထဲတြင္ ရန္ျပဳခံရ
ရွာေလသည္။ ဂႏၵီက NON-VIOLENCE။ သူရို့က VIOLENCE။
BLM တက္ၾကြလွဳပ္ရွားသူမ်ားက "NO TO RACISM" ဟုေၾကြးေႀကာ္
ၾကသည္။ သူတို့မွာ အေၾကာင္းရွိသည္။
တစ္ဖက္မွာ လူမ်ိဳးႀကီး၀ါဒႏႊယ္ေသာ အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ
(EXTREME NATIONALISM) က အေမရိကန္လို ဒီမိုကေရစီႏွင့္လူ့
အခြင့္အေရးထိပ္တန္းႏိုင္ငံႀကီးေတြမွာေတာင္ ေခါင္းေထာင္ထလာေန
သည္ မဟုတ္လား။
တကယ္က၊ COVID-19 ကပ္ႀကီးအတြင္းမွာ က်ေနာ္တို့ ႀကံဳေတြ့ေနရ
သည့္သမိုင္းမွာ RACISM အရိပ္မည္းႀကီးေအာက္က သမိုင္းသာ ျဖစ္
ေလသည္။
ထိုအရိပ္မည္းႀကီးရဲ့ေအာက္မွာ က်ေနာ္တို့ေတြရဲ့ဘ၀ေတြကေကာ။
သမိုင္းသည္ မဆုံးေသး။     ။
ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၅၊ ၂၀၂၀)

Sunday, August 23, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၇



ခေတ်ချင်းတူရင်
အဖြစ်ချင်း တူတယ်။
မစ်ရှီဂန်က
ကိုဗစ်နဲ့
စစ်တွေက
ကိုဗစ်။
စစ်ကြီးထဲ
ကွဲကွာသွားတဲ့
မယားညီအစ်ကိုတွေပဲ။
တတိယကမ္ဘာစစ်က
မဖြစ်တော့ပါဘူး။
မြစ်က
ပထမလှိုင်းမှာလည်း နစ်
ဒုတိယလှိုင်းမှာလည်း နစ်။
နောက်တစ်ခါဖြစ်ရင်တော့
စတုတ္ထကမ္ဘာစစ်ပဲ။     ။

အောင်ဝေး
(သြဂုတ် ၂၃၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၇
 
ေခတ္ခ်င္းတူရင္
အျဖစ္ခ်င္း တူတယ္။
မစ္ရွီဂန္က
ကိုဗစ္နဲ့
စစ္ေတြက
ကိုဗစ္။
စစ္ႀကီးထဲ
ကြဲကြာသြားတဲ့
မယားညီအစ္ကိုေတြပဲ။
တတိယကမၻာစစ္က
မျဖစ္ေတာ့ပါဘူး။
ျမစ္က
ပထမလိွဳင္းမွာလည္း နစ္
ဒုတိယလိွဳင္းမွာလည္း နစ္။
ေနာက္တစ္ခါျဖစ္ရင္ေတာ့
စတုတၳကမၻာစစ္ပဲ။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၃၊ ၂၀၂၀)