ကားလ်မတ်ခေတ်ပြိုင် တစ်ခေတ်တုန်းက၊ ကမ္ဘာကျော်
လက်ဝဲစာပေကျမ်းဂန်တစ်စောင် ရှိခဲ့ဖူးတယ်။ ရေးသူက မတ်ရဲ့ ရဲဘော်ကြီး
အိန်ဂျယ်ပါ။ အိန်ဂျယ့်စာအုပ်နာမည်က ANTI JURING (ဂျူးရင်းသို့ ချေပချက်)။
ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့နိုင်ငံရေးလောကထဲကို ရောက်မလာခင်ကတည်းက ကျနော်(တို့ )ဟာ
မတ်ဝါဒီတွေပါ။ (မတ်ဝါဒလိုလားသူ)။ ကျနော်တို့ ဟာ ကျနော်တို့ ရဲ
့ပျိုရွယ်တဲ့တက္ကသိုလ်ကျောင်းသားဘ၀တွေကို၊ နေ၀င်း - စန်းယု
စစ်အာဏာရှင်စနစ်ဆန့် ကျင်ဖြုတ်ချရေးတိုက်ပွဲစဉ်ကြီးထဲမှာ
မြှုပ်နှံစတေးခဲ့ကြတဲ့ သူတွေပါ။
မတ်ဝါဒရဲ
့အခြေခံတရားဟာ အကြမ်းဖက်တော်လှန်ရေးဖြစ်ပါတယ်။ ကျနော်တို
့တိုးတက်တဲ့ကျောင်းသားတွေဟာ ပထမဦးမှာ ဗ က ပ (ဗမာပြည်ကွန်မြူနစ်ပါတီ)
လိုလားသူတွေအနေနဲ့ လက်ဝဲစာပေတွေကိုဖတ်၊ လက်ဝဲအတွေးအခေါ်က်ုလေ့လာပြီး၊
စစ်အစိုးရကို ပုန်ကန်ခြားနားဖို့ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကိုပဲ၊
အမြဲနှလုံးသွင်းထားခဲ့ကြတာပါ။
၁၉၆၂ မှာ
နေ၀င်းအာဏာသိမ်းတယ်။ တော်လှန်ရေးကောင်စီဆိုပြီး စစ်အာဏာရှင်စနစ်ပေါ်လာတယ်။
ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အအုံကို နေ၀င်း(နဲ
့အောင်ကြီး)မိုင်းနဲ့ ခွဲပြီး ဖျက်ဆီးပစ်လိုက်တယ်။ ကျောင်းသားထုဟာ
တစ်သက်ကမ္ဘာမကျေ၊ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်ဖြစ်ခဲ့တယ်။
ကျောင်းသားမျိုးဆက် အဆက်ဆက်ဟာ ကျောင်းသားသမဂ္ဂပြန်လည်ပေါ်ထွန်းလာရေးအတွက်စွန်
့စားကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမဲ့ နေ၀င်း -
စန်းယုဖိနှိပ်ချုပ်ချယ်မှုက ပြင်းထန်လွန်းတော့၊ ကျောင်းသားသမဂ္ဂဆိုတာ
ပြန်လည်ပေါ်ထွန်းမလာနိုင်ခဲ့ဘူး။
ကျောင်းသားသမဂ္ဂပေါ်ထွက်မလာသေးပေမဲ့၊
စစ်အစိုးရဆန့် ကျင်ရေး ကျောင်းသားတိုက်ပွဲတွေကတော့
အဆက်မပြတ်ဖြစ်ပေါ်နေခဲ့တာပါ။ ၁၉၆၂ တော်လှန်ရေးကောင်စီစစ်အာဏာသိမ်းတုန်းက
ပထမဆုံးနဲ့  အပြင်းထန်ဆုံး ဆန့်ကျင်ကန့် ကွက်ခဲ့တာ ကျောင်းသားသမဂ္ဂပါပဲ။ ဗ က
သ၊ တ က သ၊ ကျောင်းသားသမဂ္ဂတွေပဲ။ ဗ က သ ဥက္ကဋ္ဌ ကိုသက်၊ တ က သ ဥက္ကဋ္ဌ
ကိုဗဆွေလေးတို့ ဟာ နေ၀င်းနဲ့ တော်လှန်ရေးကောင်စီကို ပြန်တိုက်ဖို
့ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ က ပ)ဆီ တောခိုသွားခဲ့ကြတယ်။ လူထုဦးလှ -
လူထုဒေါ်အမာတို့ ရဲ့  သားကြီး ကိုစိုးဝင်းနဲ့ အခြားကျောင်းသားတွေလည်း
လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့  ဗ က ပ ဗဟို
ပဲခူးရိုးမကိုရောက်သွားခဲ့ကြတဲ့သမိုင်းပေါ့ ။
ကျနော်တို
့ခေတ်ကိုရောက်တော့၊ ၁၉၇၀ ရန်ကုန်တက္ကသိုလ်နှစ်(၅၀)ပြည့်ရွှေရတုသဘင်ဟာ
အစိုးရဆန့် ကျင်ရေးအသွင်ပြောင်းသွားခဲ့တယ်။ (ဒါရဲ့ ရှေ့ မှာ ၁၉၆၉ အရှေ
့တောင်အာရှကျွန်းဆွယ်အားကစားပွဲ
ကျောင်းသားအရေးအခင်းတစ်ခုဖြစ်ခဲ့တာရှိသေးတယ်)
ကျနော်တို့ ရဲ
့ကျောင်းသားတိုက်ပွဲစဉ်တွေထဲမှာ ကျောင်းသားသမဂ္ဂကိုပြန်လည်အသက်သွင်းဖို့ 
အကြိမ်ကြိမ်အဖန်ဖန်ကြိုးစားခဲ့ကြပေမဲ့၊ နေ၀င်း - စန်းယု စစ်တပ်နဲ
့စစ်ထောက်လှမ်းရေးတွေက ရက်ရက်စက်စက်ချေမှုန်းဖြိုခွဲတဲ့အတွက် ကျနော်တို
့မအောင်မြင်ခဲ့ဘူး။ ကျနော်တို့ ဟာ (ကျောင်းသားတွေဟာ) ကျနော်တို့ 
ယုံကြည်တဲ့ လက်ဝဲ၀ါဒ(မတ်ဝါဒ)အတွေးအခေါ်နဲ့ စစ်အာဏာရှင်တွေကို
တော်လှန်တိုက်ခိုက်ကြရမယ်ဆိုတာဟာ၊ ကျနော်တို့ ကျောင်းသားတွေရဲ
့ရိုးရာယဉ်ကျေးမှုလိုဖြစ်ခဲ့တယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ
က ပ)ဟာ နေ၀င်း - စန်းယုစစ်အစိုးရကို လက်နက်ကိုင်ပြီးတိုက်နေတယ်။ ကျနော်တို
့ကျောင်းသားတွေက မြို့ ပေါ်မှာ(မြေပေါ်မှာ) စစ်အစိုးရဆန့် ကျင်ရေးလုပ်တယ်။
ဒီတုန်းက ဗ က ပ ရဲ့ မြေအောက်လှုပ်ရှားမှုတချို့ လည်းရှိခဲ့တယ်။ ယူဂျီပေါ
့။
၁၉၇၄ ဇွန်(၆)
အလုပ်သမားအရေးအခင်းဖြစ်တယ်။ ကျောင်းသားတွေလည်းပါတယ်။ ၁၉၇၄ ဒီဇင်ဘာ (၅)
ဦးသန့် ဈာပနအရေးအခင်းဖြစ်တယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီး၊
ကျောင်းသားအမြားအပြားထောင်ထဲရောက်ကြရတယ်။ သေကြေဒဏ်ရာတွေရခဲ့ကြတယ်။ ၁၉၇၅
ဇွန်(၆) အလုပ်သမားအရေးအခင်းနှစ်ပတ်လည် ရွှေတိဂုံအထွေထွေသပိတ်မှာ
ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံကြရပြန်တယ်။ ၁၉၇၆ မတ်(၂၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်(၁၀၀)ပြည့်ပွဲကို စစ်အစိုးရက
တားဆီးနှိမ်နင်း ဖြိုခွင်းပစ်ခဲ့တယ်။ ကျောင်းသားတွေ အစုလိုက် အပြုံလိုက်
အကျဉ်းထောင်တွေထဲရောက်ကုန်တယ်။ (ကျနော် မှိုင်းရာပြည့်အရေးအခင်းမှာ
ပုသိမ်ကောလိပ်ကနေ ထောင်ထဲရောက်ခဲ့တယ်)
` စစ်အာဏာရှင်စနစ်ဆန်
့ကျင်ဖြုတ်ချရေး တိုက်ပွဲစဉ်ကြီးမှာ ကျနော်တို့ မှာ စုရပ်ဖြစ်တဲ့
“ကျောင်းသားသမဂ္ဂ” မရှိခဲ့ပါဘူး။ (ကျောင်းသားသမဂ္ဂဖွဲ့ စည်းနိုင်ဖို
့အခြေအနေမပေးခဲ့ပါ) ကျောင်းသားတွေဟာ ဘုံရန်သူကို ဆန့် ကျင်တိုက်ခိုက်ဖို့ ၊
တူညီတဲ့ရပ်တည်ချက်၊ ရည်မှန်းချက်၊ တော်လှန်တဲ့ကျောင်းသားစိတ်ဓာတ်ကို
စုရပ်ထားပြီး၊ ကျောင်းသားညီညွတ်ရေးထူထောင်ခဲ့ကြရတာပါ။
ခွပ်ဒေါင်းအလံတော်အောက်မှာ စုစည်းတိုက်ပွဲဝင်ခဲ့ကြတာပါ။
ကျနော်တို
့ကျောင်းသားမျိုးဆက်(၇၄- ၇၅- ၇၆ မျိုးဆက်)ရဲ့ သမိုင်းဟာ
ကျောင်းသားတိုက်ပွဲတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်အစိုးရ
အထိနာအောင်တိုက်ခိုက်နိုင်ခဲ့တဲ့သမိုင်းဖြစ်တယ်။ ရန်သူရဲ့ တုန့် ပြန်မှု၊
ဖိနှပ်ချုပ်ချယ်မှုကလည်း အပြင်းထန်ဆုံးအဆင့်ရောက်ခဲ့တယ်။
ကျောင်းသားစိတ်ဓာတ်ဟာ အနိုင်မခံ၊ အရှုံးမပေး၊ လှေခွက်ချည်းကျန်
အလံမလှဲတဲ့စိတ်ဓာတ်ဖြစ်တယ်။ ဒီခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ကျနော်တို
့ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တယ်။
၁၉၇၆
(မှိုင်းရာပြည့်အရေးအခင်း)မှာ ၇၄- ၇၅ ကျောင်းသားခေါင်းဆောင်
ကိုဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့သမိုင်း။ ဒီသမိုင်းကို
ကျနော်တို့ ဒီအတိုင်း မေ့ပျောက်ထားရစ်ခဲ့ရမှာလား ဒေါ်အောင်
ဆန်းစုကြည်ရယ်။
မ ဆ
လစစ်အစိုးရကလည်း ရက်ရက်စက်စက်ကိုင်တွယ်တယ်။ ကျောင်းသားတွေကလည်း
ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ နောက်တော့ ကျောင်းသားတွေဦးဆောင်တဲ့ ၁၉၈၈
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတယ်။ မ ဆ လ ပါတီနဲ့ အစိုးရ
တစ်စတစ်စယိုယွင်းကျဆုံးလာတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ရောက်လာတယ်။
ဘကြီးနုက စင်ပြိုင်အစိုးရဖွဲ့ ပြီး အာဏာပြန်တောင်းတယ်။
(မအောင်မြင်လိုက်ဘူး)
၁၉၈၈ သြဂုတ်(၂၈)
ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင်ရင်ပြင်နီမှာ မင်းကိုနိုင်၊ကိုကိုကြီး၊
မိုးသီးဇွန်တို့  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗ က သ
များအဖွဲ့ ချုပ်) ALL BURMA FEDERATION OF STUDENT UNIONS (A B F S U) ကို
ဖွဲ့ စည်းထူထောင်နိုင်ခဲ့ကြတယ်။ ဗ က သ များအဖွဲ့ ချုပ်ရဲ့ (၆)
ကြိမ်မြောက်ညီလာခံကို ၁၉၆၀ပြည့်နှစ်(အောက်တိုဘာ)မှာ
နောက်ဆုံးကျင်းပခဲ့တာဆိုတော့၊ အခု မင်းကိုနိုင်၊ ကိုကိုကြီး၊
မိုးသီးဇွန်တို့ ဦးဆောင်တဲ့ ၁၉၈၈ ဗ က သ များအဖွဲ့ ချုပ်ညီလာခံဟာ
(၇)ကြိမ်မြောက်အဖြစ်သမိုင်း ၀င်ခဲ့ပါတယ်။
ကျနော်တို
့မျိုးဆက်ခေတ်(၇၄- ၇၅- ၇၆)မှာ ကျနော်တို့ ဘယ်လိုမှာမဖွဲ့ စည်း၊
မတည်ထောင်နိုင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂကို သူတို့ (မင်းကိုနိုင်၊ ကိုကိုကြီး၊
မိုးသီးဇွန်)ထူထောင်နိုင်ခဲ့ကြတယ်။သူတို့ ကို ကျနော်တို
့ကျောင်းသားဟောင်းတွေက အားပေးဝန်းရံခဲ့ကြတယ်။
နောက်တော့၊
တိုတိုပြောရရင် ၈၈ စက်တင်ဘာ(၁၈) မ ဆ လ အကြွင်းအကျန်စစ်တပ်က အာဏာ
သိမ်းသွားတယ်။ ၁၉၅၈ မှာတစ်ကြိမ်၊ ၁၉၆၂ မှာတစ်ကြိမ်၊ အခုတစ်ခါ ၁၉၈၈မှာ
အာဏာသိမ်းတာဟာ တတိယအကြိမ်သိမ်းတာပဲ။ စစ်တပ်အာဏာတစ်ခါသိမ်းရင်
အနှစ်(၃၀)လောက်(၂၆ နှစ်)ကြာတယ်ဆိုတဲ့ ခါးသီးတဲ့ သမိုင်းသင်ခန်းစာတစ်ခု
ကျနော်တို့ ကြုံတွေ့ ခဲ့ကြရပြီ။
စစ်တပ်ကအာဏာမသိမ်းခင်၊
မ ဆ လ အစိုးရရဲ့ သုံးယောက်မြောက်နဲ့ နောက်ဆုံးသမ္မတအဖြစ်၊
ကျောင်းသားတွေဖြုတ်ချတာကိုခံခဲ့ရတဲ့ ဒေါက်တာမောင်မောင် ပြောခဲ့တဲ့စကားလေး
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်ကြားယောင်စေချင်မိပါရဲ့ ။
“ …
ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကိုလည်း ပျော်ပျော်ပါးပါးကြီး
အတူအုတ်မြစ်ချကြတာပေါ့ ” တဲ့။ ဒေါက်တာမောင်မောင် ကျောင်းသားနဲ
့ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားခဲ့တာပါပဲ။
ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံဆိုတာ ကျောင်းသားတိုက်ပွဲစဉ်အဆက်ဆက်ရဲ့ အသက်နဲ့ ဝိညာဉ်ပါပဲ။
ကျောင်းသားသမဂ္ဂတွေ
လွတ်လပ်စွာဖွဲ့ စည်းထူထောင်နိုင်ကြပြီဆိုရင်၊
ကျောင်းသားသမဂ္ဂအဆောက်အအုံသစ်ကြီးလည်း ပြန်လည်ပေါ်ထွက်လာပြီဆိုရင်၊ ဒါဟာ
မြန်မာ့မြေ မြန်မာ့ရေပေါ်မှာ စစ်အာဏာရှင်စနစ် လုံးလုံးချုပ်ငြိမ်းပြီး၊
တရားမျှတ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့
တိုင်းသစ်ပြည်သစ်ဖြစ်ပြီလို့ စိတ်ချလက်ချ မှတ်ယူနိုင်ပြီပဲ မဟုတ်လား။
ဒါတွေဟာ
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် မသိမမီခဲ့တဲ့ မြန်မာနိုင်ငံကျောင်းသားထုရဲ
့စစ်အာဏာရှင်စနစ်ဆန့် ကျင်ဖြုတ်ချရေးနဲ့ ကျောင်းသားသမဂ္ဂများ
ပြန်လည်ဖြစ်ပေါ်လာရေး ခေတ်အဆက်ဆက်စွန့် စားကြိုးပမ်းခဲ့ကြတဲ့
တိုက်ပွဲစဉ်ကြီးရဲ့ အကြမ်းဖျင်းရုပ်ပုံလွှာကားချပ်မျှသာပါ။
ဆက်ပြောရရင်၊ ၈၈
စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတော့ န ၀ တ စစ်အစိုးရပေါ်လာတယ်။ ရွေးကောက်ပွဲနဲ
့လူထုကိုနှစ်သိမ့်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပါတီထောင်တယ်။
ကျောင်းသားတွေရဲ့  ခွပ်ဒေါင်းအလံတစ်စိတ်တစ်ပိုင်းကိုယူပြီး
ပါတီအလံလုပ်တယ်။ (ဗ က သ ခွပ်ဒေါင်းအလံထဲက ခြေမန်းကွင်းကို ဖယ်ပြီး၊
ကြယ်ဖြူကြီးတစ်လုံးထည့်လိုက်တယ်)
သွေးမြေကျတိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားတွေကိုဂုဏ်ပြုတဲ့အနေနဲ
့အင်န်အယ်လ်ဒီအဖွဲ့ ချုပ်ရဲ့ အလံမှာ
ခွပ်ဒေါင်းပုံရေးဆွဲထည့်သွင်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်
ဖွင့်ဟ၀န်ခံခဲ့ဖူးပါတယ်။
ခုတော့၊ ဒေါ်အောင်ဆန်းစုကြည် ဒီစကားကို မေ့သွားခဲ့ပါပြီ။
(ဆ က် ရ န် )
ေ အ ာ င္ ေ ၀ း
မေ ၂၇- ၂၀၁၅။
0 comments:
Post a Comment