Friday, February 5, 2021
Wednesday, February 3, 2021
ပြည်သူ့လွတ်မြောက်ရေး
Monday, February 1, 2021
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲ - ၂
##
စ စ် အာ ဏာ သိ မ်း မှု ဆ န့် ကျ င်ေ ရး တို က် ပွဲ - ၂
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲ
##
စ စ် အာ ဏာ သိ မ်း မှု ဆ န့် ကျ င်ေ ရး တို က် ပွဲ
မတ်ေတာပို့
##
ေ မ တၱာ ပို့
Tuesday, January 26, 2021
Wednesday, January 20, 2021
အိပ်မက်အနံ့
Monday, January 11, 2021
တစ္ဆေပေါင်မုန့်
Thursday, December 31, 2020
လ ရောင် မြ မြ
ဖီဒယ်
တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး
အရိုးကျတာ မဟုတ်ဘူး။
ဖီဒယ်
ဒီည
မင်းရဲ့ဂူဗိမာန်မှာ
လသာနေသလား။
မင်းရဲ့
ဝိညာဉ်ပေါ်မှာ
လသာနေသလား ဖီဒယ်။
ဝက်ပင်လယ်အော်မှာ
ကာရစ်ဘီယံပင်လယ်ပေါ်မှာ
လရောင်ဖြာကျနေမလား။
သူငယ်ချင်းဖီဒယ်
စန်တီယာဂို က
မင်းရဲ့ဂူဗိမာန်မှာ
လသာနေမယ်
မင်းရဲ့ဝိညာဉ်ပေါ်မှာ
လရောင်ဖြာကျနေမယ်ဆိုရင် ... ။
သူငယ်ချင်းဖီဒယ်
စန်တာကလာရာ က
ငါ့ရဲ့အုတ်ဂူပေါ်
ငါ့ရဲ့ကြေးရုပ်တုပေါ်
ငါ့ဝိညာဉ်ပေါ်မှာလည်း
လသာနေမှာပဲ
လရောင်ဖြာကျနေမှာပါပဲ။
ငါ ယုံကြည်တယ်
ဖီဒယ်။
၁၉၅၉ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်
လွန်ခဲ့တဲ့(၆၂(နှစ်က
ဒီနေ့ပေါ့။
"ဟာဗာနာ ကို ချီတက်ကြ" ဆိုတဲ့
တိုက်ပွဲခေါ်သံ။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ
ကက်စထရိုညီအစ်ကိုနဲ့
ချေဂွေဗားရား
ကျူးဘားကို သိမ်းပိုက်လိုက်ကြပြီ တဲ့။
ဖီဒယ်နဲ့ ရာအူးတို့ရေ
လွန်ခဲ့တဲ့(၆၂)နှစ်က
အဖြစ်တွေဟာ
မနေ့တစ်နေ့ကလို ပါပဲလား။
ကမ္ဘာကြီးပေါ်မှာ
မင်းတို့ ငါတို့ဟာ
စစ်အာဏာရှင်တွေကို တော်လှန်ဖို့
မွေးဖွားလာခဲ့ကြတာပါ။
ငါတို့ဟာ
ကျူးဘားအာဏာရှင်
ဘာတစ္စတာစစ်အစိုးရကို
တော်လှန်ခဲ့ကြတယ်။
ကျူးဘားတော်လှန်ရေး
၁၉၅၃ ကျောင်းသားတွေရဲ့
ဇူလိုင်(၂၆)လှုပ်ရှားမှုကစ
၁၉၅၉ ဇန်နဝါရီ(၁)
ဟာဗာနာကိုချီတက်ကြအထိ။
ငါတို့ရဲ့သမိုင်းဟာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းပါပဲ
ဖီဒယ်။
ငါတို့ရဲ့ပန်းတိုင်ဟာ
ငြိမ်းချမ်းရေးပါပဲ ဖီဒယ်။
အခုအချိန်ဆိုရင်
ငါတို့တော်လှန်ရေးစခဲ့တဲ့
မက္ကဆီကိုကမ်းလွန်
ဂရန်မာရွက်လှေပေါ်မှာ။
ကျူးဘားတောင်ပိုင်း
ဆီယာရာမစ်တရာလွင်ပြင်နဲ့
တောင်တန်း
ကြံခင်းတွေပေါ်မှာ။
အေးမြတဲ့လရောင်
ဖြာကျနေမှာပဲ ဖီဒယ်။
ယုတ်စွအဆုံးကွာ
၁၉၆၇
ငါ ကျဆုံးခဲ့ရာ
ဘိုလီးဗီးယားက
တောင်တန်းတွေပေါ်မှာ။
ဒါမှမဟုတ်
ငါ့ကိုကွပ်မျက်လိုက်ကြတဲ့
စာသင်ကျောင်းကလေးပေါ်မှာ။
ဒါမှမဟုတ်
ငါ့ကိုမြှုပ်နှံခဲ့ကြတဲ့
လေယာဉ်ကွင်းဟောင်းလေးပေါ်မှာ။
အဲဒီ အက်မို့စဖီးယား
လသာနေမှာပဲ
ငါယုံကြည်တယ် ဖီဒယ်။
လရောင်ဖြာကျနေမှာပဲ
ငါ လွမ်းတယ် ဖီဒယ်။
ငါတို့ဟာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှလုံးသားနဲ့
ငြိမ်းချမ်းရေးသမားတွေပါကွာ။
ငါတို့ဟာ
ချိုးဖြူငှက်တွေပါကွာ။
ပန်းချီဆရာကြီး ပီကာဆို
သမီးလေးမွေးတော့
"ပါလိုမာ" လို့ နာမည်ပေးတယ်။
အဓိပ္ပာယ်က
"ချိုးဖြူမယ်" ပေါ့။
ပီကာဆိုက
စပိန်ကွန်မြူနစ်ပါတီဝင်။
အဲဒီကွန်မြူနစ်ကြီးက
ကမ္ဘာ့ငြိမ်းချမ်းရေးသင်္ကေတ
ချိုးဖြူငှက်ပုံ ဆွဲသဗျ။
အပြာရောင်မိုးသားနံရံမှာ
ချိုးဖြူငှက်တွေလည်း
လွတ်လွတ်လပ်လပ်
မပျံသန်းနိုင်ပါဘူး ဖီဒယ်ရယ်။
ငြိမ်းချမ်းရေးမှာလည်း
မစိမ်းလန်းနိုင်အောင်
အန္တရာယ်က ရှိတယ်လေ။
၁၉၆၂ အောက်တိုဘာ
ကျူးဘား-အမေရိကန်
ဒုံးကျည်အရေးအခင်းဖြစ်တော့။
ငါတို့
စစ်နဲ့ ငြိမ်းချမ်းရေး
ဘယ်လမ်းရွေးမလဲ။
ကရင်မလင်နဲ့ အိမ်ဖြူတော်
စစ်အေးတိုက်ပွဲ
ငါတို့ ဘာလဲ၊ ဘယ်လဲ။
ကာရစ်ဘီယံ ကောင်းကင်ယံမှာ
အမေရိကန်
U-2 သူလျှိုလေယာဉ်တွေ ဝဲပျံလို့။
ခရူးရှက်ရဲ့
ဆိုဗီယက်ငှက်တွေကလည်း
အတောင်ပံ ဖြန့်လို့။
ဒီ အောက်တိုဘာအရေးအခင်း
ဘယ်လိုဖြေရှင်းရပါ့။
သူငယ်ချင်းဖီဒယ်
ဒီ အကျပ်အတည်း
ကုလသမဂ္ဂစာပွဲဝိုင်းမှာ။
အရိုင်းအစိုင်းဒုံးကျည်တွေ
ဖယ်ခိုင်း ရှားခိုင်းခဲ့သူဟာ
မြန်မာပြည်သားကြီး
မစ္စတာ ယူသန့်ပေါ့ ဖီဒယ်။
ငြိမ်းချမ်းရေးဗိသုကာကြီး
မစ္စတာ ယူသန့်ပေါ့ ဖီဒယ်။
ဘဝမှာ
သံခင်းတမန်ခင်းကလည်း
ပန်းတွေကို ပွင့်စေပြီး
မီးတောက်တွေကို ငြိမ်းစေပါလား။
စိတ်ထဲလွမ်းရင်
မြန်မာပြည်
ရွှေတိဂုံစေတီတော်ခြေရင်း
ကန်တော်မင်ပန်းခြံအတွင်းက
မင်းတို့ ငါတို့ မစ္စတာ ယူသန့် အုတ်ဂူမှာလည်း
လသာနေမှာပါပဲ ဖီဒယ်။
လရောင်တွေကို
ငါလွမ်းတယ်။
စစ်နဲ့ တော်လှန်ရေး
သွေးခင်းတဲ့လမ်းမှာ
တို့ လွမ်းစရာ
အဲဒီ လရောင်တွေပါပဲ ဖီဒယ်။
ငါက
ချီလီကဗျာဆရာကြီး နီရူဒါကိုချစ်တော့
စပိန်ကဗျာဆရာ ဂါစီယာလော်ရကာရဲ့
အစ်မ်းရောင်အချစ်ကဗျာကိုလည်း
သတိရမိပါရဲ့။
အချစ်ကစိမ်းတော့
လရောင်ကလည်း စိမ်းတယ်လေ။
မစ္စတာ ယူသန့်တို့တိုင်းပြည်က
ကဗျာဆရာကြီး ဒဂုန်တာရာကလည်း
"လစိမ်းပြက်ရွှန်း" တဲ့
"လရောင်စိမ်းမြ" တဲ့။
ဖီဒယ်ရယ်
ငါကတော့
ငါ့ပြောက်ကျားဝတ်စုံအရောင်
သံလွင်စိမ်းရောင်လ
လရောင်သံလွင်စိမ်း
ပို တိမ်းမူးတယ်။
တစ်ခါတစ်ခါ
ကမ္ဘာမြေတစ်ဝန်း
ငါ့ဝိညာဉ် လမ်းလျှောက်ထွက်တဲ့အခါ။
ဗီသိုဗင်ရဲ့
လရောင်ဆိုနာတာ
ငါ ပြန်ကြားယောင်တယ်။
ဖီဒယ်ရယ်
တစ်ခါတုန်းသား
ငါ့ဝိညာဉ် လမ်းမှားပြီး
အင်းယားဆိုတဲ့ကန်စောင်း
အကျဉ်းကျနေတဲ့
လွမ်းမောဖွယ်စန္ဒရားသံ
ကောင်းကောင်းခံစားခဲ့ရတယ်။
အဲဒီ စန္ဒရားခလုတ်တွေပေါ်မှာ
နာကြည်းမှုလရောင် ဖြာကျနေတယ်။
အဲဒီ စန္ဒရားခလုတ်တွေပေါ်မှာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
သွေးတွေ ပေကျံနေတယ်။
အဲဒီ စန္ဒရားခလုတ်တွေပေါ်မှာ
ဒီမိုကရေစီနှင်းဆီပန်းတွေ
စိမ်းလန်းရဲမြနေတယ်။
သူငယ်ချင်းဖီဒယ်
မင်းတို့ ငါတို့
ကုန်လွန်ပြီးတဲ့နောက်မှာ
ကမ္ဘာကြီး ဘာဖြစ်နေမလဲ။
ငြိမ်းချမ်းရေးညစာစားပွဲလား
ဂွာယာနီကာပန်းချီကားလား။
ကြိုးကြာငှက်နဲ့
ချိုးဖြူငှက်တွေကနေ
အသက်အသစ်ရ
တို့ချစ်လှတဲ့ နွေဦး
ပန်းတွေ ဖူးနေမလား။
ကမ္ဘာကြီး
ငြိမ်းချမ်းစေချင်ပါရဲ့။
ဖီးနစ်ငှက်ကို
ရင်ခွဲ ဆားပက်
ရေခဲသေတ္တာထဲ
ထည့်မသတ်ရင်ပဲ တော်လှပြီ ဖီဒယ်။
ကြည့်စမ်း
ကျူးဘားကမ်းခြေမှာ
တို့မိတ်ဆွေကြီး ဟဲမင်းဝေး
ငါးဖမ်းနေပါလား။
သူ
သူ့ဝတ္ထု(ပင်လယ်ပြာနဲ့တံငါအို)ထဲက
အဖိုးကြီး စန်တီယာဂိုလို
၁၈-ပေ မာလင်ငါးကြီးတောင်
ရချင်ရနေမှာပ။
ဟဲမင်းဝေး၀တ္ထုထဲ
အဲဒီ မာလင်ငါးကြီး
(ငါးမန်းတွေ စားပစ်လို့)
ကမ်းခြေ လှေဆိုက်တော့
အရိုးစုကြီးပဲ ရလိုက်သတဲ့။
ဖီဒယ်
တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး အရိုးကျတာ မဟုတ်ဘူး။
စဉ်းစားစမ်း ဖီဒယ်
၂၀၁၆
မင်းကွယ်လွန်တဲ့နောက်
ရာအူးဟာ
အိုဘားမားနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။
သမ္မတ ရာအူးကက်စထရိုနဲ့
သမ္မတ ဘားရက်အိုဘားမား
နှစ်(၅၀)ကြာ အေးခဲ
သံတမန်ရေခဲမြစ်
ရိုက်ခွဲပစ်လိုက်ကြပြီ။
ဖီဒယ်
ကွန်မြူနစ်ဖြစ်ဖြစ်
အရင်းရှင်ဖြစ်ဖြစ်
ငြိမ်းချမ်းရေးနဲ့
မွှေးမြရင်ခုန်
အတူပေါင်းဆုံနိုင်ကြတယ်လေ။
လူဟာ နှစ်မျိုးပဲရှိတယ် ဖီဒယ်
ငြိမ်းချမ်းရေးတည်ဆောက်သူနဲ့
ငြိမ်းချမ်းရေးဖျက်ဆီးသူ။
ဖီဒယ်သူငယ်ချင်း
လူတစ်ယောက်ဟာ
ငြိမ်းချမ်းရေးကို မချစ်ဘဲနဲ့တော့
ကွန်မြူနစ် မဖြစ်ပေဘူး။
တစ်ခါတုန်းက
ကွန်မြူနစ်တေး၊သီချင်းရေးလို့တဲ့
၁၉၄၀ ဖွား
လစ်ဗာပူးလ်မြို့သားဟာ
နယူးယောက်စီးတီးမှာ လုပ်ကြံခံရတယ်
၁၉၈၀။
ဂျွန်လင်နွန် ပေါ့
သူကတော့ သမိုင်းမှာ
ငြိမ်းချမ်းရေးပန်းတွေဝေပြီး။
သူ့ကိုလုပ်ကြံတဲ့သူသာ
ငရဲမှာ သစ်ငုတ်ဖြစ်ရှာတယ်။
ဒီလိုပဲ
တော်လှန်ရေး။
တော်လှန်ရေးမှာလည်း
အဘိဓမ္မာရှိတာပဲ။
ငြိမ်းချမ်းရေးကို အာမခံတဲ့
တော်လှန်ရေးသာ
စစ်မှန်တဲ့တော်လှန်ရေးဖြစ်တယ်။
ဖီဒယ်
စစ်မှန်တဲ့တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး အရိုးကျတာ မဟုတ်ဘူး။
ဒီည
တံငါလှေကလေးတွေပေါ်မှာ
လသာနေမယ်။
ဒီည
ငါတို့ဝိညာဉ်တွေပေါ်မှာ
လသာနေမယ်။
စန်တီယာဂို က
မင်းရဲ့ဂူဗိမာန်မှာ။
စန်တာကလာရာ က
ငါ့၂၂-ပေ ကြေးရုပ်တုမှာ
လရောင်ဖြာကျနေမယ်။
လရောင်ဟာ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဟာ လရောင်။
ငါတို့ဘဝရဲ့
အမှောင်ဆုံးအချိန်တွေမှာတောင်
အိပ်မက်ထဲ
လရောင်တမ်းချင်းဖွဲ့
လွမ်းခဲ့ကြတာ မဟုတ်လား။
၁၉၅၅ မှာ
တို့နှစ်ယောက် တွေ့ဆုံခဲ့ကြတယ်
၁၉၆၅ မှာ
ငါတို့ နှုတ်ဆက်ခွဲခွာခဲ့ကြတယ်။
မလွမ်းလို့မှ မဟုတ်ဘဲ
ဝမ်း မနည်းနဲ့ ဖီဒယ်။
အာဂျင်တီးနားသားကြီး ငါ့အတွက်
မကြေကွဲပါနဲ့
ကျူးဘားရေ။
ကွန်ဂိုမှာ
ငါ လရောင်ဆက်ရှာ။
ဘိုလီးဗီးယားမှာ
ငါ လရောင်ဆက်ရှာ။
ငါ ယုံကြည်တာ
နိုင်ငံတကာဝါဒ။
မော်စကိုက
ပြန်လည်ပြင်ဆင်ရေးသမားတွေ
နေရစ်ခဲ့ကြတော့။
ကျူးဘားက
ငါ ကိုယ်ယောင်ဖျောက်သွားတော့
အလကား ဆိုဗီယက်ကောင်တွေ
ငါ့ကို ပီကင်းလိုလားသူ တဲ့
ဟ ဟ ပဲ ရမယ်။
ဖီဒယ်ရေ
မင်းသူငယ်ချင်း ငါက ငါပါပဲ
ချေဂွေဗားရား က
ချေဂွေဗားရား ပါပဲ
မပြောင်းလဲပါဘူး။
နိုင်ငံတကာမှာ
အဖိနှိပ်ခံတွေရှိရင်
ငါ ရှိမှာပဲ။
အပြည်ပြည်ဆိုင်ရာ
တော်လှန်ရေးတွေရှိရင်
ငါ ရှိမှာပဲ။
ဒါပေမဲ့
မြစ်ရေစီးကြောင်းက
ပြောင်းသွားပြီ။
သူငယ်ချင်းဖီဒယ်
ဒီနေ့ တော်လှန်ရေးက
(လက်နက် မကိုင်တဲ့)
စိတ်ဓာတ်တော်လှန်ရေး တဲ့။
ဥပမာ-
စိတ်ဓာတ်တော်လှန်ရေးဆိုတာ
တောင်အာဖရိက က
မင်ဒဲလားတော်လှန်ရေးပေါ့။
မင်းတို့ ငါတို့ မစ္စတာ ယူသန့် တိုင်းပြည်က
အောင်ဆန်းစုကြည်တော်လှန်ရေးပဲပေါ့။
အဖိနှိပ်ခံနေရတဲ့
ပြည်သူတွေရဲ့
ဆင်းရဲတွင်းအမှောင်ထဲ။
ငါတို့က
လရောင်ကို
သေနတ်ပြောင်းတွေနဲ့ ကဲ့ကဲ့ပြီး
ထည့်ခဲ့ကြတယ်။
လင်းလက်တဲ့နေ့တွေလည်းရှိ
မှောင်နေဆဲညတွေလည်းရှိ။
ဖီဒယ်
မင်ဒဲလားတို့
အောင်ဆန်းစုကြည်တို့က
စိတ်ဓာတ်ကို ကတော့ထိုး
လရောင် သယ်ပိုးခဲ့ကြတယ်လေ။
လင်းသစ်နွေဦး
ပန်းတွေ ဖူးခဲ့တာပေါ့။
လရောင်မြမြ
ညတွေ လှခဲ့တာပေါ့။
ဖီဒယ်
လရောင်အောက်မှာ
မြင်းရိုင်းတွေ ခုန်ပေါက်နေတာလောက်
လှပတဲ့မြင်ကွင်းမျိုး မရှိဘူးတဲ့
ဂေါ်ဂင် က။
ဆီယာရာမစ်တရာတောင်တန်းတွေပေါ်မှာ
ဘိုလီးဗီးယားတောင်တန်းတွေပေါ်မှာ
မြင်းကုန်းနှီးပေါ်မှာ
လရောင်နဲ့ ငါ
ဒုန်းစိုင်းချင်ပါသေးရဲ့။
ဒါပေမဲ့ ဖီဒယ်
ကမ္ဘာမြေကို
ငါ အားနာတယ်။
ဒိနေ့ ကမ္ဘာကြီးခမျာ
နာမကျန်း ဖြစ်နေတယ်။
ဒိနေ့ ကမ္ဘာကြီးမှာ
ကပ်ဘေး သင့်နေတယ်။
ဖီဒယ်
ကမ္ဘာကြီးမှာ
ဒိနေ့ တော်လှန်ရေးဟာ
ကိုဗစ်တော်လှန်ရေး။
ကိုဗစ်တော်လှန်ရေးဟာ
ဒိနေ့ခေတ်ရဲ့
(ငြိမ်းချမ်းရေးကို အာမခံတဲ့)
စစ်မှန်တဲ့ တော်လှန်ရေးပဲ ဖီဒယ်။
ဒီ တော်လှန်ရေးထဲမှာ
မင်းတို့ ငါတို့လည်း
လိုက်ပါရမယ် ဖီဒယ်။
ဒီည
ငါ့ဝိညာဉ်ပေါ်မှာ
လသာနေတယ်။
စန်တာကလာရာရင်ပြင်တော်မှာ
လသာနေတယ်။
ဖလော်ရီဒါနဲ့ ကျူးဘားပင်လယ်ကွေ့မှာ
လသာနေတယ်။
လရောင်အောက်မှာ
ငါ
လက်ပျောက်ရှာရမယ်။
လရောင်အောက်မှာ
ငါ့လက်ပျောက်ကို
ငါ လိုက်ရှာရမယ် ဖီဒယ်။
ဗီးနပ်စ်ရုပ်တုမှာ
လက်နှစ်ဖက် မရှိဘူး။
ငါ့ရုပ်အလောင်းမှာ
လက်တစ်ဖက် မရှိဘူး။
ဖီဒယ်ရေ
၁၉၆၀
ဟာဗာနာက
ငါ့ရဲ့ ကျူးဘားဗဟိုဘဏ်ဥက္ကဋ္ဌရုံးခန်းမှာ။
ပြင်သစ်လင်မယား
ယန်ပေါဆတ်နဲ့ ဆီမွန်ဒီဗူးဗွား
တွေ့တုန်းသားပေါ့။
ဆတ်က ငါ့ကို
ပြီးပြည့်စုံတဲ့လူသား တဲ့
မှတ်ချက်ထားခဲ့တယ်။
တကယ်တော့ ဖီဒယ်ရယ်
ငါဟာ မပြည့်စုံပါဘူး။
ငါ့ကို ပစ်သတ်ခဲ့
အမေရိကန်စီအိုင်အေ နဲ့
ဘိုလီးဗီးယားစစ်တပ်
ငါ့လက်တစ်ဖက်
ဖြတ်ယူသွားခဲ့ကြပေါ့။
ဒီကောင်တွေမှာ
ကြွက်သားပဲ ရှိတယ်
ဦးနှောက် မရှိပါဘူး။
လက်တစ်ဖက်မပါဘဲ
ငါ့ရုပ်အလောင်း
သူတို့ လေယာဉ်ကွင်းဟောင်းဘေးမှာ
မြှုပ်ခဲ့ကြပေါ့။
အဲဒီနေရာမှာ
ရှုခင်းလည်း မသာပါဘူး
နေခြည်လည်း မဖြာပါဘူး။
ဖီဒယ်ရေ
ကျေးဇူးတင်တယ်။
၁၉၉၇
"ချေရဲ့ရုပ်အလောင်း" တဲ့။
ကောင်းစွာပြန်ဖော်
ကျူးဘားသယ်ပြီး
ရဲဘော်ကြီး ဖီဒယ်ကက်စထရို
မင်း ငါ့ကို
လွမ်းစွာ သင်္ဂြ ိုဟ်ပေးခဲ့။
ကျူးဘားမြေဟာ
သူတို့ရဲ့မိတ်ဆွေတစ်ယောက်ကို
ခမ်းနားစွာ ကြိုခဲ့။
အမြောက် ၂၁-ချက်ဖောက်
ကျူးဘားနေရောင်အောက်မှာ
ငါ ပြန်တောက်ပခဲ့။
ဖီဒယ်ရေ
ကျေးဇူတင်တယ်။
သူငယ်ချင်းအချစ်မှာ
မင်းဟာ ငါ့ကဗျာပဲ။
ရဲဘော်ရဲဘက်အချစ်မှာ
မင်းဟာ ငါ့လရောင်ပဲ။
ကမ္ဘာကြီး ငြိမ်းချမ်းတဲ့အခါ
ကိုဗစ်တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ။
လရောင်အောက်မှာ
ငါ့ လက်ပျောက်ကို
ငါ လိုက်ရှာရဦးမယ် ဖီဒယ်။
သံလွင်စိမ်းရောင်မြမြ
အိပ်မက်တစ်ညမှာ
လက သာတုန်း ရှိပစေတော့။ ။
အောင်ဝေး
(ဇန်နဝါရီ ၁၊ ၂၀၂၁)
##
လ ေ ရ ာ င် မြ မြ
ဖီဒယ်
တော်လှန်ရေးဆိုတာ
မာလင်ငါးကြီး
အရိုးကျတာ မဟုတ်ဘူး။
ဖီဒယ်
ဒီည
မင်းရဲ့ဂူဗိမာန်မှာ
လသာနေသလား။
မင်းရဲ့
ဝိညာဉ်ပေါ်မှာ
လသာနေသလား ဖီဒယ်။
ဝက်ပင်လယ်အော်မှာ
လရောင်ဖြာကျနေမလား။
သူငယ်ချင်းဖီဒယ်
စန်တီယာဂို က
မင်းရဲ့ဂူဗိမာန်မှာ
လသာနေမယ်
သူငယ်ချင်းဖီဒယ်
စန်တာကလာရာ က
ငါ့ ရဲ့အုတ်ဂူပေါ်
လသာနေမှာပဲ
ငါ ယုံကြည်တယ်
ဖီဒယ်။
လွန်ခဲ့တဲ့(၆၂(နှစ်က
ဒီနေ့ပေါ့ ။
တိုက်ပွဲခေါ်သံ။
ကက်စထရိုညီအစ်ကိုနဲ့
ချေဂွေဗားရား
ဖီဒယ်နဲ့ ရာအူးတို့ရေ
လွန်ခဲ့တဲ့(၆၂)နှစ်က
အဖြစ်တွေဟာ
ကမ္ဘာကြီးပေါ်မှာ
မင်းတို့ ငါတို့ဟာ
မွေးဖွားလာခဲ့ကြတာပါ။
ငါတို့ဟာ
ကျူးဘားအာဏာရှင်
တော်လှန်ခဲ့ကြတယ်။
ကျူးဘားတော်လှန်ရေး
၁၉၅၉ ဇန်န၀ါရီ(၁)
ငါတို့ရဲ့သမိုင်းဟာ
ဖီဒယ်။
အခုအချိန်ဆိုရင်
မက္ကဆီကိုကမ်းလွန်
ကျူးဘားတောင်ပိုင်း
တောင်တန်း
ကြံခင်းတွေပေါ်မှာ။
အေးမြတဲ့လရောင်
ဖြာကျနေမှာပဲ ဖီဒယ်။
ယုတ်စွအဆုံးကွာ
၁၉၆၇
ငါ ကျဆုံးခဲ့ရာ
ဘိုလီးဗီးယားက
တောင်တန်းတွေပေါ်မှာ။
ဒါမှမဟုတ်
ဒါမှမဟုတ်
အဲဒီ အက်မို့စဖီးယား
လသာနေမှာပဲ
ငါယုံကြည်တယ် ဖီဒယ်။
လရောင်ဖြာကျနေမှာပဲ
ငါ လွမ်းတယ် ဖီဒယ်။
ငါတို့ဟာ
ငါတို့ဟာ
သမီးလေးမွေးတော့
အဓိပ္ပာယ်က
"ချိုးဖြူမယ်" ပေါ့ ။
ပီကာဆိုက
အဲဒီကွန်မြူနစ်ကြီးက
ချိုးဖြူငှက်တွေလည်း
လွတ်လွတ်လပ်လပ်
အန္တရာယ်က ရှိတယ်လေ။
၁၉၆၂ အောက်တိုဘာ
ကျူးဘား-အမေရိကန်
ငါတို့
ဘယ်လမ်းရွေးမလဲ။
စစ်အေးတိုက်ပွဲ
ငါတို့ ဘာလဲ၊ ဘယ်လဲ။
အမေရိကန်
ခရူးရှက်ရဲ့
အတောင်ပံ ဖြန့်လို့။
ဘယ်လိုဖြေရှင်းရပါ့ ။
သူငယ်ချင်းဖီဒယ်
ဒီ အကျပ်အတည်း
မြန်မာပြည်သားကြီး
ဘ၀မှာ
သံခင်းတမန်ခင်းကလည်း
စိတ်ထဲလွမ်းရင်
မြန်မာပြည်
လသာနေမှာပါပဲ ဖီဒယ်။
လရောင်တွေကို
ငါလွမ်းတယ်။
စစ်နဲ့ တော်လှန်ရေး
သွေးခင်းတဲ့လမ်းမှာ
တို့ လွမ်းစရာ
ငါက
သတိရမိပါရဲ့။
အချစ်ကစိမ်းတော့
"လစိမ်းပြက်ရွှန်း" တဲ့
"လရောင်စိမ်းမြ" တဲ့။
ဖီဒယ်ရယ်
ငါကတော့
သံလွင်စိမ်းရောင်လ
လရောင်သံလွင်စိမ်း
ပို တိမ်းမူးတယ်။
တစ်ခါတစ်ခါ
ကမ္ဘာမြေတစ်ဝန်း
ဗီသိုဗင်ရဲ့
လရောင်ဆိုနာတာ
ငါ ပြန်ကြားယောင်တယ်။
ဖီဒယ်ရယ်
တစ်ခါတုန်းသား
အကျဉ်းကျနေတဲ့
သွေးတွေ ပေကျံနေတယ်။
စိမ်းလန်းရဲမြနေတယ်။
သူငယ်ချင်းဖီဒယ်
မင်းတို့ ငါတို့
ကြိုးကြာငှက်နဲ့
ချိုးဖြူငှက်တွေကနေ
အသက်အသစ်ရ
တို့ချစ်လှတဲ့ နွေဦး
ပန်းတွေ ဖူးနေမလား။
ကမ္ဘာကြီး
ဖီးနစ်ငှက်ကို
ရင်ခွဲ ဆားပက်
ရေခဲသေတ္တာထဲ
ကြည့်စမ်း
ကျူးဘားကမ်းခြေမှာ
ငါးဖမ်းနေပါလား။
သူ
ရချင်ရနေမှာပ။
ဟဲမင်းဝေး၀တ္ထုထဲ
အဲဒီ မာလင်ငါးကြီး
ကမ်းခြေ လှေဆိုက်တော့
ဖီဒယ်
တော်လှန်ရေးဆိုတာ
စဉ်းစားစမ်း ဖီဒယ်
၂၀၁၆
ရာအူးဟာ
နှစ်(၅၀)ကြာ အေးခဲ
သံတမန်ရေခဲမြစ်
ဖီဒယ်
ကွန်မြူနစ်ဖြစ်ဖြစ်
အရင်းရှင်ဖြစ်ဖြစ်
ငြိမ်းချမ်းရေးနဲ့
မွှေးမြရင်ခုန်
ဖီဒယ်သူငယ်ချင်း
လူတစ်ယောက်ဟာ
တစ်ခါတုန်းက
၁၉၄၀ ဖွား
၁၉၈၀။
ဂျွန်လင်နွန် ပေါ့ 
သူကတော့ သမိုင်းမှာ
ဒီလိုပဲ
တော်လှန်ရေး။
တော်လှန်ရေးမှာလည်း
အဘိဓမ္မာရှိတာပဲ။
တော်လှန်ရေးသာ
ဖီဒယ်
ဒီည
လသာနေမယ်။
ဒီည
လသာနေမယ်။
စန်တီယာဂို က
မင်းရဲ့ဂူဗိမာန်မှာ။
စန်တာကလာရာ က
လရောင်ဖြာကျနေမယ်။
ငါတို့ဘ၀ရဲ့
အိပ်မက်ထဲ
လရောင်တမ်းချင်းဖွဲ့
၁၉၅၅ မှာ
၁၉၆၅ မှာ
မလွမ်းလို့မှ မဟုတ်ဘဲ
ဝမ်း မနည်းနဲ့ ဖီဒယ်။
မကြေကွဲပါနဲ့
ကျူးဘားရေ။
ကွန်ဂိုမှာ
ငါ လရောင်ဆက်ရှာ။
ဘိုလီးဗီးယားမှာ
ငါ လရောင်ဆက်ရှာ။
ငါ ယုံကြည်တာ
နိုင်ငံတကာဝါဒ။
မော်စကိုက
နေရစ်ခဲ့ကြတော့။
ကျူးဘားက
ဟ ဟ ပဲ ရမယ်။
ဖီဒယ်ရေ
ချေဂွေဗားရား က
ချေဂွေဗားရား ပါပဲ
မပြောင်းလဲပါဘူး။
နိုင်ငံတကာမှာ
အဖိနှိပ်ခံတွေရှိရင်
ငါ ရှိမှာပဲ။
အပြည်ပြည်ဆိုင်ရာ
ငါ ရှိမှာပဲ။
ဒါပေမဲ့
မြစ်ရေစီးကြောင်းက
ပြောင်းသွားပြီ။
သူငယ်ချင်းဖီဒယ်
ဒီနေ့ တော်လှန်ရေးက
(လက်နက် မကိုင်တဲ့)
ဥပမာ-
တောင်အာဖရိက က
အဖိနှိပ်ခံနေရတဲ့
ပြည်သူတွေရဲ့
ငါတို့က
လရောင်ကို
ထည့်ခဲ့ကြတယ်။
ဖီဒယ်
မင်ဒဲလားတို့
လင်းသစ်နွေဦး
ပန်းတွေ ဖူးခဲ့တာပေါ့ ။
လရောင်မြမြ
ညတွေ လှခဲ့တာပေါ့ ။
ဖီဒယ်
လရောင်အောက်မှာ
ဂေါ်ဂင် က။
လရောင်နဲ့ ငါ
ဒါပေမဲ့ ဖီဒယ်
ကမ္ဘာမြေကို
ငါ အားနာတယ်။
ဒိနေ့ ကမ္ဘာကြီးခမျာ
နာမကျန်း ဖြစ်နေတယ်။
ဒိနေ့ ကမ္ဘာကြီးမှာ
ကပ်ဘေး သင့်နေတယ်။
ဖီဒယ်
ကမ္ဘာကြီးမှာ
ဒိနေ့ တော်လှန်ရေးဟာ
ကိုဗစ်တော်လှန်ရေး။
ကိုဗစ်တော်လှန်ရေးဟာ
ဒိနေ့ခေတ်ရဲ့
ဒီ တော်လှန်ရေးထဲမှာ
မင်းတို့ ငါတို့လည်း
လိုက်ပါရမယ် ဖီဒယ်။
ဒီည
ငါ့ ဝိညာဉ်ပေါ်မှာ
လသာနေတယ်။
လသာနေတယ်။
လသာနေတယ်။
လရောင်အောက်မှာ
ငါ
လက်ပျောက်ရှာရမယ်။
လရောင်အောက်မှာ
ငါ့ လက်ပျောက်ကို
ငါ လိုက်ရှာရမယ် ဖီဒယ်။
ဗီးနပ်စ်ရုပ်တုမှာ
လက်နှစ်ဖက် မရှိဘူး။
ငါ့ ရုပ်အလောင်းမှာ
လက်တစ်ဖက် မရှိဘူး။
ဖီဒယ်ရေ
၁၉၆၀
ဟာဗာနာက
ပြင်သစ်လင်မယား
တွေ့တုန်းသားပေါ့ ။
ဆတ်က ငါ့ ကို
မှတ်ချက်ထားခဲ့တယ်။
တကယ်တော့ ဖီဒယ်ရယ်
ငါဟာ မပြည့်စုံပါဘူး။
ငါ့ ကို ပစ်သတ်ခဲ့
ဘိုလီးဗီးယားစစ်တပ်
ငါ့ လက်တစ်ဖက်
ဖြတ်ယူသွားခဲ့ကြပေါ့ ။
ဒီကောင်တွေမှာ
ကြွက်သားပဲ ရှိတယ်
ဦးနှောက် မရှိပါဘူး။
လက်တစ်ဖက်မပါဘဲ
ငါ့ ရုပ်အလောင်း
မြှုပ်ခဲ့ကြပေါ့ ။
အဲဒီနေရာမှာ
ရှုခင်းလည်း မသာပါဘူး
နေခြည်လည်း မဖြာပါဘူး။
ဖီဒယ်ရေ
ကျေးဇူးတင်တယ်။
၁၉၉၇
ကောင်းစွာပြန်ဖော်
ကျူးဘားသယ်ပြီး
မင်း ငါ့ ကို
ကျူးဘားမြေဟာ
ခမ်းနားစွာ ကြိုခဲ့။
အမြောက် ၂၁-ချက်ဖောက်
ငါ ပြန်တောက်ပခဲ့။
ဖီဒယ်ရေ
ကျေးဇူတင်တယ်။
သူငယ်ချင်းအချစ်မှာ
မင်းဟာ ငါ့ ကဗျာပဲ။
ရဲဘော်ရဲဘက်အချစ်မှာ
မင်းဟာ ငါ့ လရောင်ပဲ။
လရောင်အောက်မှာ
ငါ့  လက်ပျောက်ကို
အိပ်မက်တစ်ညမှာ
လက သာတုန်း ရှိပစေတော့။ ။
ေ အ ာ င္ ေ ၀ း
(ဇန္န၀ါရီ ၁၊ ၂၀၂၁)
Tuesday, December 15, 2020
အောင်ဝေးကော့တေးလ်
မော်စီတုန်းက ပြောတယ်
မာရီလင်။
လူဟာ
နေ့စဉ်
လက်တွေ့တိုက်ပွဲကြီး(၃)ရပ်
ဖြတ်သန်းနေရသတဲ့။
၁။ လူတန်းစားတိုက်ပွဲ၊
၂။ ကုန်ထုတ်လုပ်ရေးတိုက်ပွဲ နဲ့
၃။ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ။
ဥပမာ-
ပထမတိုက်ပွဲ
အရင်းရှင်နဲ့ ပစ္စည်းမဲ့
ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ
(စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ)
ရန်/ငါ စည်းသတ်
အပြတ်တိုက်ရတာ
လူတန်းစာတိုက်ပွဲလို့မှတ်။
ဒုတိယ
ကုန်ထုတ်လုပ်ရေးတိုက်ပွဲဆိုတာ
ကုန်လုပ်ဆက်ဆံရေးအဟောင်းနဲ့
ကုန်ထုတ်စွမ်းအားစုအသစ်
ပဋိပက္ခ။
ဥပမာ-
ဒလနဲ့ ဘုန်းကြီးလမ်း
ကိုရီးယန်းတံတားကြီး
ပြီးသွားတဲ့အခါ
ငှက်ကလေးတွေ အစာငတ်တော့မယ်။
နောက်ဆုံးတိုက်ပွဲက
လူနဲ့ သဘာဝ
အားပြိုင်ကြတဲ့ပွဲပေါ့။
သဘာဝတရားက
လူသားကို ဒဏ်ခတ်
လူသားက
(သဘာဝကို အန်တုဖို့)
သိပ္ပံပညာစမ်းသပ်။
သိပ္ပံလက်နက်တပ်
ဘေးဆိုး၊ ကပ်ဆိုး
သဘာဝဆိုး
ထိုးစစ်ကို ထိုးစစ်နဲ့ ရိုက်ချိုးရတဲ့အမျိုး။
မာရီလင်
အခု ကိုဗစ်ကပ်ဘေးဟာ
တတိယတိုက်ပွဲပေါ့။
မာရီလင်
အခု ကိုရိုနာဗိုင်းရပ်စ်ဟာ
သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲပေါ့။
အမေရိကမှာ
ပထမဆုံး
ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံရသူ
စန္ဒရာလင်းဆေး က ပြောတယ်။
"ကျမ သိပ္ပံပညာကို ယုံတယ်" တဲ့။
နယူးယောက်မြို့
ကွင်းစ်ဆေးရုံကြီး
အထူးကြပ်မတ်ကုသဆောင်မှာ
တာဝန်ကျသူ
သူနာပြုဆရာမပေါ့။
သူမ လူဖြစ်လာတာ
ကမ္ဘာပေါ်မှာ
၅၂-နှစ်။
အဲဒီ ၅၂-နှစ်အရွယ်က
သိပ္ပံပညာကို ယုံသတဲ့။
မာရီလင်
စန္ဒရာလင်းဆေးကလည်း
စန္ဒရာလင်းဆေး ပေါ့။
သူ့အရင်စော
ဟော- ကမ္ဘာတစ်ခုလုံးမှာ
(ကိုဗစ်ကာကွယ်ဆေး)
ပထမဆုံးထိုးနှံခံရသူ
လန်ဒန်မြို့သူကြီး
မာဂရက်ကီးနန်။
အဲဒီ လန်ဒန်သူကလည်း ပြောတယ်
မာရီလင်။
ဒီဆေးဟာ
သူ့ရဲ့(၉၁)နှစ်ပြည့်မွေးနေ့အတွက်
တစ်ပတ်ကြိုရတဲ့
အကောင်းဆုံးလက်ဆောင် တဲ့။
မာရီလင်
၉၁-နှစ်အရွယ်ကြီးကလည်း
သိပ္ပံပညာကပေးတဲ့လက်ဆောင်
ချစ်ထုံးဖွဲ့နှောင်သပေါ့။
ငါတို့ဟာ
လူမှုလက်တွေ့ဘဝထဲ
မော် ပြောတဲ့
တိုက်ပွဲကြီး(၃)ရပ်
မပြတ် ဆင်နွဲ။
နိုင်တာပဲဖြစ်ဖြစ်
ရှုံးတာပဲဖြစ်ဖြစ်
တိုက်ပွဲဟာ တိုက်ပွဲ။
"ကောင်းတာပဲဖြစ်ဖြစ်
ဆိုူတာပဲဖြစ်ဖြစ်
ဘဝဟာ ဘဝပါပဲ" တဲ့
ရူးဆိုး ပြောသလိုပေါ့
မာရီလင်ရယ်။
ငါတို့ကြုံရတဲ့ တိုက်ပွဲက
စုံတယ်။
ကပ်ဘေးဆုံမှ
သိပ္ပံတ သတဲ့။
အနည်းဆုံးတော့
ငါတို့ဟာ
သိပ္ပံပညာကို ယုံမှဖြစ်မယ်။
လက်ကို မကြာမကြာဆေးပါဆို
ဆေးမှ။
နှာခေါင်း၊ ပါးစပ်စည်း တပ်ပါဆို
တပ်မှ။
တစ်ယောက်နဲ့တစ်ယောက်
၆-ပေခွာ နေပါဆိုလည်း
နေမှ။
မာရီလင်
ဒေါ်အောင်ဆန်းစုကြည်က ဒါဆိုရင်
ဒါမှ။
ဒေါ်အောင်ဆန်းစုကြည်ကို
မယုံကြည်လို့ မဖြစ်ဘူး မာရီလင်။
ရွေးကောက်ပွဲမှာ
ရွေးကောက်ပွဲအောင်နိုင်ရေး
သူ မလုပ်အား
ကိုဗစ်အောင်နိုင်ရေး လုပ်နေရတယ်။
ကိုဗစ်ကိုနိုင်တော့
ရွေးကောက်ပွဲလည်း နိုင်တယ်လေ။
ကိုဗစ်က တခြားသူတွေဆို
မကြောက်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဆိုရင်
ကြောက်ချင်တယ်။
ငါတို့
ဒေါ်အောင်ဆန်းစုကြည် ပြောတာကို
နားထောင်ရမယ်။
သူပြောတာ သိပ္ပံနည်းကျတယ်
ငါတို့
သိပ္ပံပညာကို ယုံရမယ်။
မယုံရင်
သရဏဂုံ တင်သွားရမယ်။
မယုံရင်
ထိန်ပင်၊ ရေဝေး
ထားဝယ်ချောင်
ကူးတို့ခ ဆောင်သွားရမယ်။
မယုံရင်
"ပြန်လမ်းမကြုံတဲ့
ယမုန်နာဦးဝယ်" ဖြစ်မယ် မာရီလင်။
River of No Return တဲ့
မာရီလင်ရယ်
ဂျင်းဘောင်းဘီအပြာကလေးနဲ့
မင်း တေးဆိုနေပုံ
မင်း တွေးပိုနေပုံ
မင်း ဆွေးငိုနေပုံ
ငါ အမှတ်ရတယ်။
မင်း ပိုးတောင့်တဲ လှမ်းသွားပုံ
ငါ ရင်ခုန်ပါရဲ့။
ကမ္ဘာပေါ်မှာ
မင်းတစ်ယောက်ပဲ လျှောက်တဲ့
ပိုးတွန့်လျှောက် *
ခု ကြောင်းလျှောက်တွေ ပျင်းတယ်။
မင်း သရုပ်ဆောင်ပြတဲ့
အချစ်ဒဿနတွေ
ငါ အမှတ်ရတယ်။
လောကထဲကနေ
အသည်းနာနာနဲ့
မင်း ခွဲခွာသွားခဲ့တာ
ငါဝမ်းနည်းတယ် မာရီလင်။
ခက်တယ် မာရီလင်
လောကကြီးမှာ
အရာရာတိုင်းဟာ
သိပ္ပံပညာနဲ့ စမ်းသပ်လို့မှ မရဘဲ။
လောကကြီးမှာ
သိပ္ပံပညာနဲ့ စမ်းသပ်လို့မရတဲ့ အရာတွေ
ရှိတာပဲ။
ဆိုတော့ကွာ
"မွန်ရိုးအသည်းကွဲခြင်း"
သိပ္ပံပညာနဲ့ စမ်းလို့ရ မရ ငြင်းမလား။
ဆိုပါတော့
မာရီလင်
စစ်အာဏာရှင်ခေတ်က
ချစ်သူတွေ
သေကွဲ၊ ရှင်ကွဲ
ကွဲရတဲ့အခန်း
သိပ္ပံပညာက စွမ်းမလား။
ထပ်ဆိုဦးတော့
မာရီလင်
လင်ပစ်၊ သားပစ်နဲ့
တိုင်းပြည်ချစ်တဲ့
အမျိုးကောင်းသမီးတစ်ယောက်ရဲ့
အလွမ်း
သိပ္ပံပညာနဲ့ စမ်းလို့ဖြစ်မလား။
ချစ်သောမာရီလင်
ရင်ခုန်သံကို
သိပ္ပံဓာတ်ခွဲခန်း ပို့လို့ မရ။
ရင်(ဘတ်)နဲ့ လုပ်တဲ့အရာမှန်သမျှ
သိပ္ပံပညာက
မတုပနိုင်။
ကိုဗစ်ကို ကုပေးနိုင်ချင်နိုင်မယ်
သိပ္ပံပညာက။
ကပ်ဘေးကို ကာကွယ်ပေးနိုင်ချင်နိုင်မယ်
သိပ္ပံပညာက။
ဒါပေမဲ့
မာရီလင်
သ်ပ္ပံပညာက
အိမ်လွမ်းစိတ်ကိုတော့
ကု မပေးနိုင်
ကာကွယ် မပေးနိုင်ပါဘူး။
ငါ အခု
အိမ်လွမ်းနေတယ် မာရီလင်။
ငါ့ကောင်တွေလည်း
ငါ့ကို လွမ်းနေကြမယ် မာရီလင်။
ငါတို့ဘဝမှာ
အိမ်ထောင်ဆိုတာ ရှိတယ်
ပုသိမ်ထောင်ဆိုတာ ရှိတယ်။
ငါတို့မှာ
လင်ကို ထောင်ဝင်စာတွေ့ရတဲ့
လင်ဆိုးမယား၊ တဖားဖား
ဘဝတွေ ရှိတယ်လေ။
ငါတို့မှာ
မော်စီတုန်း မမြင်တဲ့
အိမ်ထောင်ရေးတိုက်ပွဲဆိုတာလည်း
ရှိသပေါ့မာရီလင်ရယ်။
ငါတို့ဟာ
စစ်အာဏာရှင်စနစ်ကိုတိုက်ဖို့
ငါတို့အိမ်ထောင်ရေးတိုက်ပွဲကို
မေ့ခဲ့ကြတယ်။
"နိုင်ငံရေးပို၊ ချစ်ရေးချို" သတဲ့
ဟိုကောင် ငထိုက်(စိုးအိမ်)
သူနဲ့ မခင်မျိုးမြင့်
အခု အချစ်အနှစ်လေးဆယ်။
ပြီးတော့
မောင်စိုသစ်၊ မဝေနီ
သူတို့လည်း အချစ်အနှစ်လေးဆယ်။
သံသရာမှာ မင်းဘယ်ပြေးမလဲ
အောင်ဝေး၊ ခင်ဆွေရီ
၃၉-နှစ်။
ကိုဗစ်ကာလမှာ
ငါတို့ဟာ
ပိုချစ်လာကြတယ်။
ငထိုက် သဘော
ပြောင်းပြန် ပြောရရင်
"နိုင်ငံရေးချို၊ ချစ်ရေးပို" ပေါ့။
မာရီလင်
ချစ်ရေးပိုကာလမှာ
သိပ္ပံပညာက
ငါ့ကိုလာ စမ်းသပ်တယ်။
ပရေရီမြက်ခင်းပြင်ထဲမှာ
ငါ လွင့်မျောနေတယ်။
ကီဗင်ကော့စနာရဲ့ဝံပုလွေတွေ
ငါ့ကို ဝိုင်းဖဲ့စားသောက်နေကြတယ်။
မြေခွေးတွေ
၂၀-ရာစုမြေခွေးတွေ
ငါ့ရဲ့ယုန်ကလေးနောက်ကို
ပြေးလိုက်သွားကြပြန်ပြီ။
ရွေးကောက်ပွဲရှုံးလို့တဲ့
ကိုယ်လုံးတီးဖွတ်မတွေ
ငါ့ကို မုန်းကြပြန်ရဲ့။
ငမိုးရိပ်ကမ်းနဘေးက
ငါ့အိပ်တန်းကလေး
မြွေတွေ၊ မြွေတွေ
ရဋ္ဌပါလ မြွေတွေ
ဝင်ခွေနေတယ် မာရီလင်။
ဒါတွေကို
သိပ္ပံပညာက
လိုက်မီနိုင်မတဲ့လား
ပြောပါဦး ငါ့မာရီလင်။
ရင်ထဲမှာ တင်းကျပ်လာတယ်
မင့်ဂါဝန် တဖျတ်ဖျတ်
လေထဲမှာခတ်သလို
ငါ့နှလုံးသား
လှပ်လှပ် ခုန်များခုန်ရဲ့ မာရီလင်ရယ်။
အိမ်နဲ့ဝေးနေတယ်
အလုပ်အကိုင်ကလည်း မရှိ
ကပ်ဘေးကြီးအတွင်းမှာ
ချစ်ခြင်းအားဖြင့်
သေမလား၊ ရှင်မလား။
ငါ မွန်းကျပ်လှချည်ရဲ့
မာရီလင်။
လည်ပင်း နွယ်ပတ်သလို
ရုပ်ရှင်ထဲက
မွန်းတပ်ချ်မျိုး
ငါ မွန်းညပ်လှချည်ရဲ့။
လူပေါင်း(၁၈)သန်းနီးပါး ကူးစက်
၃-သိန်းကျော် သေ
အမေရိကမှာ။
ငါ့စိတ်တွေ လှုပ်ရှားပါရဲ့
ကြောက်သလားဆိုတော့လည်း
အင်း- ကြောက်တာပေါ့ မာရီလင်ရယ်။
အမြောက်က
ကိုယ့်တည့်တည့် ပစ်ဖောက်နေတာ
မကြောက်ဘဲ နေပါ့မလား။
မာရီလင်ရယ်
အချစ်ခံရတာဖြစ်ဖြစ်
အမုန်းခံရတာဖြစ်ဖြစ်
မထူးပါဘူး။
ဒီ ကိုဗစ်မီးလျှံထဲမှာ
သောကဗျာပါဒတွေသာ
အမြန်လောင်ကျွမ်း ပြာကျသွားပါစေတော့။
မာရီလင်
ရင်ထဲ တင်းခက်
မွန်းကျပ် လှုပ်ရှား
ဝေဒနာတွေ များနေရင်
အရစ္စတိုတယ်က
သူ့ဝမ်းနုတ်ဆေး သောက်ပါ တဲ့။
ရသခံစားမှု
အနုပညာ
ကဗျာက
သင့်ဝေဒနာ
ခေတ်အနာကို
ကုစားပေးနိုင်ပါသတဲ့။
"ကသားဆစ်" ** တဲ့
အရစ္စတိုတယ်ဝမ်းနုတ်ဆေး။
လူ့သမဂ္ဂမှာ
ငါ အသက်ရှင်နေဖို့ဆိုရင်
သောက်မှ ဖြစ်မယ်။
အမေရိကမှာ
သမ္မတကြီး ကိုဗစ်ကူးတော့
အထူးကြပ်မတ်
ဆေး နှစ်မျိုးစပ် ***
ကုနည်းအသစ် ရသတတ်။
ထရန့်ကို ကုတဲ့ဆေးမို့
ထရန့်ကော့တေးလ် **** လို့ ခေါ်သတဲ့။
မာရီလင်
ငါ့ပြည်သူတွေကို
ငါ ချစ်ပါတယ်။
သူတို့ပျော်ရွှင်နေတာ
ငါ မြင်ချင်ပါတယ်။
ငါ့ရဲ့ကဗျာ
ဒီ ကဗျာ
မော်စီတုန်းလည်းပါ
ဒေါ်အောင်ဆန်းစုကြည်လည်းပါ
ဒေါ်နယ်ထရန့်လည်းပါ
"အောင်ဝေးကော့တေးလ်" လို့သာ
မှတ်ပါတော့။
ချစ်တာ မှန်ရင်
မာရီလင်
မြစ်တွေ ပြန်လာရမယ်လေ။ ။
အောင်ဝေး
(၁၂-၁၆- ၂၀)
* Wriggling Walk
** Moral Catharsis
*** Casirivimab & Imvedimab
**** Trump Cocktail
##
ေ အ ာ င္ ေ ၀ း ေ က ာ့ ေ တ း လ်
မော်စီတုန်းက ပြောတယ်
မာရီလင်။
လူဟာ
နေ့စဉ်
ဖြတ်သန်းနေရသတဲ့။
၁။ လူတန်းစားတိုက်ပွဲ၊
ဥပမာ-
ပထမတိုက်ပွဲ
ရန်/ငါ စည်းသတ်
အပြတ်တိုက်ရတာ
ဒုတိယ
ပဋိပက္ခ။
ဥပမာ-
ဒလနဲ့ ဘုန်းကြီးလမ်း
ကိုရီးယန်းတံတားကြီး
ပြီးသွားတဲ့အခါ
နောက်ဆုံးတိုက်ပွဲက
လူနဲ့ သဘာဝ
သဘာဝတရားက
လူသားကို ဒဏ်ခတ်
လူသားက
(သဘာဝကို အန်တုဖို့)
သိပ္ပံပညာစမ်းသပ်။
သိပ္ပံလက်နက်တပ်
ဘေးဆိုး၊ ကပ်ဆိုး
သဘာဝဆိုး
မာရီလင်
အခု ကိုဗစ်ကပ်ဘေးဟာ
တတိယတိုက်ပွဲပေါ့ ။
မာရီလင်
အမေရိကမှာ
ပထမဆုံး
နယူးယောက်မြို့
ကွင်းစ်ဆေးရုံကြီး
တာဝန်ကျသူ
သူနာပြုဆရာမပေါ့ ။
သူမ လူဖြစ်လာတာ
ကမ္ဘာပေါ်မှာ
၅၂-နှစ်။
အဲဒီ ၅၂-နှစ်အရွယ်က
သိပ္ပံပညာကို ယုံသတဲ့။
မာရီလင်
စန္ဒရာလင်းဆေးကလည်း
စန္ဒရာလင်းဆေး ပေါ့ ။
သူ့အရင်စော
(ကိုဗစ်ကာကွယ်ဆေး)
ပထမဆုံးထိုးနှံခံရသူ
လန်ဒန်မြို့သူကြီး
မာဂရက်ကီးနန်။
မာရီလင်။
ဒီဆေးဟာ
တစ်ပတ်ကြိုရတဲ့
မာရီလင်
ငါတို့ဟာ
လူမှုလက်တွေ့ဘ၀ထဲ
မော် ပြောတဲ့
တိုက်ပွဲကြီး(၃)ရပ်
မပြတ် ဆင်နွဲ။
နိုင်တာပဲဖြစ်ဖြစ်
ရှုံးတာပဲဖြစ်ဖြစ်
တိုက်ပွဲဟာ တိုက်ပွဲ။
"ကောင်းတာပဲဖြစ်ဖြစ်
ဆိုတာပဲဖြစ်ဖြစ်
ဘ၀ဟာ ဘ၀ပါပဲ" တဲ့
ရူးဆိုး ပြောသလိုပေါ့ 
မာရီလင်ရယ်။
စုံတယ်။
ကပ်ဘေးဆုံမှ
သိပ္ပံတ သတဲ့။
အနည်းဆုံးတော့
ငါတို့ဟာ
ဆေးမှ။
တပ်မှ။
တစ်ယောက်နဲ့တစ်ယောက်
၆-ပေခွာ နေပါဆိုလည်း
နေမှ။
မာရီလင်
ဒါမှ။
ရွေးကောက်ပွဲမှာ
သူ မလုပ်အား
ကိုဗစ်ကိုနိုင်တော့
မကြောက်ဘူး။
ကြောက်ချင်တယ်။
ငါတို့
နားထောင်ရမယ်။
ငါတို့
သိပ္ပံပညာကို ယုံရမယ်။
မယုံရင်
သရဏဂုံ တင်သွားရမယ်။
မယုံရင်
ထိန်ပင်၊ ရေဝေး
ထားဝယ်ချောင်
မယုံရင်
"ပြန်လမ်းမကြုံတဲ့
River of No Return တဲ့
မာရီလင်ရယ်
မင်း တေးဆိုနေပုံ
မင်း တွေးပိုနေပုံ
မင်း ဆွေးငိုနေပုံ
ငါ အမှတ်ရတယ်။
ငါ ရင်ခုန်ပါရဲ့။
ကမ္ဘာပေါ်မှာ
ပိုးတွန့်လျှောက် *
မင်း သရုပ်ဆောင်ပြတဲ့
အချစ်ဒဿနတွေ
ငါ အမှတ်ရတယ်။
လောကထဲကနေ
အသည်းနာနာနဲ့
မင်း ခွဲခွာသွားခဲ့တာ
ခက်တယ် မာရီလင်
လောကကြီးမှာ
အရာရာတိုင်းဟာ
လောကကြီးမှာ
ရှိတာပဲ။
ဆိုတော့ကွာ
ဆိုပါတော့
မာရီလင်
စစ်အာဏာရှင်ခေတ်က
ချစ်သူတွေ
သေကွဲ၊ ရှင်ကွဲ
ကွဲရတဲ့အခန်း
သိပ္ပံပညာက စွမ်းမလား။
ထပ်ဆိုဦးတော့
မာရီလင်
လင်ပစ်၊ သားပစ်နဲ့
တိုင်းပြည်ချစ်တဲ့
အလွမ်း
ချစ်သောမာရီလင်
ရင်ခုန်သံကို
သိပ္ပံပညာက
မတုပနိုင်။
သိပ္ပံပညာက။
သိပ္ပံပညာက။
ဒါပေမဲ့
မာရီလင်
သ်ပ္ပံပညာက
ကု မပေးနိုင်
ငါ အခု
ငါ့ ကောင်တွေလည်း
ငါတို့ဘ၀မှာ
ငါတို့မှာ
လင်ဆိုးမယား၊ တဖားဖား
ဘ၀တွေ ရှိတယ်လေ။
ငါတို့မှာ
မော်စီတုန်း မမြင်တဲ့
ရှိသပေါ့ မာရီလင်ရယ်။
ငါတို့ဟာ
မေ့ခဲ့ကြတယ်။
သူနဲ့ မခင်မျိုးမြင့်
အခု အချစ်အနှစ်လေးဆယ်။
ပြီးတော့
မောင်စိုသစ်၊ မဝေနီ
အောင်ဝေး၊ ခင်ဆွေရီ
၃၉-နှစ်။
ကိုဗစ်ကာလမှာ
ငါတို့ဟာ
ပိုချစ်လာကြတယ်။
ငထိုက် သဘော
ပြောင်းပြန် ပြောရရင်
မာရီလင်
ချစ်ရေးပိုကာလမှာ
သိပ္ပံပညာက
ငါ့ ကိုလာ စမ်းသပ်တယ်။
ငါ လွင့်မျောနေတယ်။
မြေခွေးတွေ
၂၀-ရာစုမြေခွေးတွေ
ငမိုးရိပ်ကမ်းနဘေးက
ငါ့ အိပ်တန်းကလေး
မြွေတွေ၊ မြွေတွေ
ရဋ္ဌပါလ မြွေတွေ
ဝင်ခွေနေတယ် မာရီလင်။
ဒါတွေကို
သိပ္ပံပညာက
လိုက်မီနိုင်မတဲ့လား
ပြောပါဦး ငါ့ မာရီလင်။
မင့်ဂါဝန် တဖျတ်ဖျတ်
လေထဲမှာခတ်သလို
ငါ့ နှလုံးသား
အိမ်နဲ့ဝေးနေတယ်
ကပ်ဘေးကြီးအတွင်းမှာ
ချစ်ခြင်းအားဖြင့်
သေမလား၊ ရှင်မလား။
မာရီလင်။
လည်ပင်း နွယ်ပတ်သလို
ရုပ်ရှင်ထဲက
မွန်းတပ်ခ်ျမျိုး
ငါ မွန်းညပ်လှချည်ရဲ့။
၃-သိန်းကျော် သေ
အမေရိကမှာ။
အမြောက်က
မကြောက်ဘဲ နေပါ့ မလား။
မာရီလင်ရယ်
အချစ်ခံရတာဖြစ်ဖြစ်
အမုန်းခံရတာဖြစ်ဖြစ်
မထူးပါဘူး။
သောကဗျာပါဒတွေသာ
မာရီလင်
ရင်ထဲ တင်းခက်
မွန်းကျပ် လှုပ်ရှား
ဝေဒနာတွေ များနေရင်
အရစ္စတိုတယ်က
ရသခံစားမှု
အနုပညာ
ကဗျာက
သင့်ဝေဒနာ
ခေတ်အနာကို
ကုစားပေးနိုင်ပါသတဲ့။
"ကသားဆစ်" ** တဲ့
လူ့သမဂ္ဂမှာ
သောက်မှ ဖြစ်မယ်။
အမေရိကမှာ
အထူးကြပ်မတ်
ဆေး နှစ်မျိုးစပ် ***
ကုနည်းအသစ် ရသတတ်။
မာရီလင်
ငါ့ ပြည်သူတွေကို
ငါ ချစ်ပါတယ်။
ငါ မြင်ချင်ပါတယ်။
ငါ့ ရဲ့ကဗျာ
ဒီ ကဗျာ
မော်စီတုန်းလည်းပါ
ဒေါ်နယ်ထရန့်လည်းပါ
မှတ်ပါတော့။
ချစ်တာ မှန်ရင်
မာရီလင်
မြစ်တွေ ပြန်လာရမယ်လေ။ ။
ေ အ ာ င္ ေ ၀ း
(၁၂-၁၆- ၂၀)
* Wriggling Walk
** Moral Catharsis
*** Casirivimab & Imvedimab
**** Trump Cocktail