နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
[ကဗျာ နိဂုံးပိုင်း]
[ကဗျာ နိဂုံးပိုင်း]
မိတ်ဆွေ-
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ပန်းဆိုးတန်းမှာ ချိန်းကြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
တစ်နေ့ လုံး ဘတ်စ်ကား လိုက်စီးမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆူးလေဘုရားမှာ ဆုတောင်းမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရန်ကုန်တစ်မြို့ လုံး ဓာတ်ပုံ လျှောက်ရိုက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဒီဗွီဘီရုပ်သံ စောင့်ကြည့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ချေဂွေဗားရားနဲ့  လက်ဖက်ရည်ဆိုင်ထိုင်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
လော့စ်အိန်ဂျယ်လိစ်မှာ လူစုံမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မစ္စတာဘန်ကီမွန်းဆီ ဖုန်းဆက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အနာဂတ်မှာ ရှိနေမယ်။
မိတ်ဆွေ-
မမေ့ပါနဲ့ ။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
သံပုံးတီးပါ၊ တောထုတ်ပါ။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အသက် ပြင်းပြင်းရှူပါ
စိတ်ရှည်ရှည် စောင့်ပါ။
မိတ်ဆွေ-
မမေ့လေနဲ့ ။
နိုဝင်ဘာ-နိုဝင်ဘာ(၁၃)ရက်နေ့ ကျရင်
အဲဒီနေ့ ကျရင်
တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄)မှာ
ဒေါ်အောင်ဆန်းစုကြည်
မိန့် ခွန်း ပြောလိမ့်မယ်။ ။
အောင်ဝေး
၁၀၊၂၄၊၁၀။