Thursday, April 30, 2020
စ စ် ( ၁ ၅ )
This is a war, but silent war.
ဒါ စစ်ပွဲတစ်ခုပဲ၊ ဒါပေမဲ့ အသံတိတ်စစ်။
ဒီ စစ်မှာ
အမေရိကန်တွေ
ဗီယက်နမ်စစ်ပွဲတုန်းကထက်
ပို ကျဆုံးနေသတဲ့။
ဒီ စစ်မှာ
ဥရောပနိုင်ငံတွေတလွှား
ဒုတိယကမ္ဘာစစ်ပွဲအတွင်းကထက်
ပို ဘေးကျပ်နံကျပ် ဖြစ်ရသတဲ့။
ဒီ စစ်မှာ
တို့ မြန်မာပြည်သူတွေ
ဒီပဲယင်းစစ်ပွဲကလောက်
အပျောက်အဆုံး မရှိပါစေနဲ့။ ။
အောင်ဝေး
(ဧပြီ ၃၀၊ ၂၀၂၀)
The coronavirus pandemic
ကမ္ဘာ- ကူးစက် ၃ ၃၀၄ ၃၈၁။ သေဆုံး ၂၃၃ ၈၃၉။
U.S- ကူးစက် ၁ ၀၉၅ ၀၁၉။ သေဆုံး ၆၃ ၈၅၆။
Michigan- ကူးစက် ၄၁ ၃၇၉။ သေဆုံး ၃ ၇၈၉။
မြန်မာ- ကူးစက် ၁၅၁။ သေဆုံး ၆။
##
စ စ် ( ၁ ၅ )
ဒီ စစ်မှာ
အမေရိကန်တွေ
ပို ကျဆုံးနေသတဲ့။
ဒီ စစ်မှာ
ဒီ စစ်မှာ
တို့ မြန်မာပြည်သူတွေ
ေ အာ င်ေ ၀း
(ဧပြီ ၃၀၊ ၂၀၂၀)
ကမ္ဘာ- ကူးစက် ၃ ၃၀၄ ၃၈၁။ သေဆုံး ၂၃၃ ၈၃၉။
U.S- ကူးစက် ၁ ၀၉၅ ၀၁၉။ သေဆုံး ၆၃ ၈၅၆။
Michigan- ကူးစက် ၄၁ ၃၇၉။ သေဆုံး ၃ ၇၈၉။
မြန်မာ- ကူးစက် ၁၅၁။ သေဆုံး ၆။
Tuesday, April 28, 2020
စ စ် ( ၁ ၄ )
မီးကို အရူး ဝိုင်းထားပြီ
လက်ထဲမှာ ဓာတ်ဆီပုံးနဲ့
............................
မိုးပေါ် ထောင်ပစ်လိုက်ကြတယ်လေ။ ။
အောင်ဝေး
(ဓပြီ ၂၈၊ ၂၀၂၀)
##
စ စ် ( ၁ ၄ )
............................
ေ အ ာ င္ ေ ၀ း
(ဓၿပီ ၂၈၊ ၂၀၂၀)
Monday, April 27, 2020
စ စ် ( ၁ ၃ )
စစ်မက်မီးတွေနဲ့
ခေတ်ပျက်ကြီး မဖြစ်ခင်
(ဖြစ်လည်း မဖြစ်ချင်)။
မောစရာ ဇာတ်မျိုး
တောဝါ ထပ်တိုး
ရောဂါ ကပ်ဆိုးက ဝင်။
တိုင်းသူပြည်သား ကပ်သင့်စဉ်
(ကမ္ဘာသူသား ကပ်သင့်စဉ်)
စစ်ကိုခင်၊ စစ်ကိုငတ်
အို ... သေနတ်သမား၊ လူရမ်းကား။
မင့်တို့ သားသမီး
ကပ်ကြီး သင့်မှ
မင့်တို့ မိန်းမ
ကပ်ကြီး ကျမှ
ပြောင်း၀ သေနတ်
မင့်တို့လည်မျို၊ ကိုယ့်ကိုယ်ကိုယ်
မြွေလို ပတ်မှ
(စစ်ပွဲတွေ) ရပ်ကြမှာလား။ ။
အောင်ဝေး
(ဧပြီ ၂၇၊ ၂၀၂၀)
##
စ စ် ( ၁ ၃ )
စစ်မက်မီးတွေနဲ့
(ဖြစ်လည်း မဖြစ်ချင်)။
မောစရာ ဇာတ်မျိုး
တောဝါ ထပ်တိုး
ရောဂါ ကပ်ဆိုးက ၀င်။
စစ်ကိုခင်၊ စစ်ကိုငတ်
မင့်တို့ သားသမီး
ကပ်ကြီး သင့်မှ
မင့်တို့ မိန်းမ
ကပ်ကြီး ကျမှ
ပြောင်းဝ သေနတ်
မြွေလို ပတ်မှ
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၇၊ ၂၀၂၀)
Saturday, April 25, 2020
စ စ် ( ၁ ၂ )
ဝေဒနာ ရတော့
ရောဂါ၊ ကပ္ပ၊ မရဏ။
စေတနာ လှတော့
"မေတ္တာ၊ စာဂ၊ ဝီရိယ" *
ညီလိုက်ကြစို့ လူငယ်အပေါင်း
ချီလိုက်ကြစို့ လူကြီးအပေါင်း။
ကြည်ဖြူ
ရည်တူ
ပြည်သူ သူရဲကောင်း။ ။
ေ အ ာ င် ေ ၀ း
အောင်ဝေး
^ COVID-19 ကာကွယ်ထိန်းချုပ်ရေး
စေတနာ့ဝန်ထမ်းအဖွဲ့အတွက် ဆောင်ပုဒ်။
(ဒေါ်အောင်ဆန်းစုကြည် Facebook ဧပြီ၂၃၊ ၂၀၂၀- မှ)
##
စ စ် ( ၁ ၂ )
ဝေဒနာ ရတော့
ရောဂါ၊ ကပ္ပ၊ မရဏ။
စေတနာ လှတော့
"မေတ္တာ၊ စာဂ၊ ၀ီရိယ" *
ကြည်ဖြူ
ရည်တူ
ပြည်သူ သူရဲကောင်း။ ။
ေ အာ င်ေ ၀း
(ဧပြီ ၂၅၊ ၂၀၂၀)
Friday, April 24, 2020
စ စ် ( ၁ ၁ )
အောင်မောင်း တောင့်ထား။
ကပ်ကြီး ပြီးရင် ...
ပြည်သူတွေ ပိုပြီး စည်းလုံးလာမယ်။
ကပ်ကြီး ပြီးရင် ...
နိုင်ငံတော် ပိုပြီး တည်ငြိမ်လာမယ်။
ကပ်ကြီး ပြီးရင် ...
ငြိမ်းချမ်းရေး ပ်ုပြီး ခိုင်မာလာမယ်။
အဲဒီ မျှော်လင့်ချက်တွေနဲ့
အောင်မောင်း ဆက်ပြီး တောင့်ထား။
စောင့်သော တရား
ဖြောင့်သော မြားနဲ့
နှောင့်သော ကျားကို ခွင်းပါအံ့။ ။
အောင်ဝေး
(ဧပြီ ၂၄၊ ၂၀၂၀)
##
စ စ် ( ၁ ၁ )
ကပ်ကြီး ပြီးရင် ...
ကပ်ကြီး ပြီးရင် ...
ကပ်ကြီး ပြီးရင် ...
စောင့်သော တရား
ဖြောင့်သော မြားနဲ့
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၄၊ ၂၀၂၀)
Thursday, April 23, 2020
စ စ် ( ၁ ၀ )
ခွေးတွေက အူလိုက်တာ
စစ်ကြီးထဲ
အပူလှိုင်း ဖြတ်ချိန်
ညီလေး
မင်းပါရောပြီး "ဂိန်" သွားမယ်
သတိထား။ ။
အောင်ဝေး
(ဧပြီ ၂၃၊ ၂၀၂၀)
COVID-19
ကမ္ဘာ- ကူးစက် ၂ ၆၄၅ ၇၀၃။ သေဆုံး ၁၈၄ ၃၂၅။ ပြန်ကျန်းမာ ၇၂၃ ၁၉၂။
အမေရိကန်- ကူးစက် ၈၇၀ ၉၂၄။ သေဆုံး ၄၉ ၂၃၁။ ပြန်ကျန်းမာ ၈၅ ၀၁၀။
မြန်မာ- ကူးစက် ၁၃၂။ သေဆုံး ၅။ ပြန်ကျန်းမာ ၉။
##
စ စ် ( ၁ ၀ )
ခွေးတွေက အူလိုက်တာ
စစ်ကြီးထဲ
အပူလှိုင်း ဖြတ်ချိန်
ညီလေး
သတိထား။ ။
ေ အာ င်ေ ၀း
(ဧပြီ ၂၃၊ ၂၀၂၀)
COVID-19
ကမ္ဘာ- ကူးစက် ၂ ၆၄၅ ၇၀၃။ သေဆုံး ၁၈၄ ၃၂၅။ ပြန်ကျန်းမာ ၇၂၃ ၁၉၂။
မြန်မာ- ကူးစက် ၁၃၂။ သေဆုံး ၅။ ပြန်ကျန်းမာ ၉။
Wednesday, April 22, 2020
စ စ် ( ၉ )
ငါ့မိန်းမရဲ့ ဝေါ့ကင်းရှူးက တွေးတယ်။
ရှော့ပင်း မထွက်ရလို့
ငါ့မိန်းမရဲ့ ဝေါ့ကင်းရှူးက တွေးတယ်။
"ငါ လျှောက်တယ်၊ ဒါကြောင့် ငါရှိတယ်။
အခု ငါ မလျှောက်ရဘူး၊ ဒါကြောင့် ငါ မရှိတော့ဘူး" တဲ့။
အပြင် မထွက်နဲ့
ထွက်ရင်
ထိတာပဲ။
မအူနဲ့
အူရင်
ထိတာပဲ။
ငါ မသောက်ဘဲ
ဘီယာဘူးခွံတွေကြည့်ရင်း
မူးလာပြီ (ရူးလာပြီ)။
"ရပ်ကွက်သူ ရပ်ကွက်သားများခင်ဗျား" တဲ့
"လမ်းသူ လမ်းသားများခင်ဗျား" တဲ့
နိုင်ငံတော်က တစ်နေ့ ၅ ခါ အော်တယ်။
ဂျင်းဘောင်းဘီဝတ်ထားတဲ့
မျောက်တစ်ကောင်
နေပြည်တော်က ဟမ်ဘာဂါ ဝါးနေပုံ။
ခက်တာက
သူနာပြုဆရာမချောချောလေးက
မိုက်ခရိုဝေ့ဖ်နဲ့ ရေခဲသေတ္တာတောင်းတဲ့လူတွေ နာမည်
ထုတ်ဖော် မပြောသွားတာပဲ။
အမေကတော့
ညစဉ် ညတိုင်း
ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့နေတာပါ။
ဝင်းထဲ
လူနာတင်ကား ဥသြဆွဲ ဝင်လာရင်
ဘယ်သူလဲ မမေးနဲ့။
ကမ္ဘာနဲ့ ချီပြီး ပစ်နေတာ
ကျည်ဆန်က
ကိုယ့် မမှန်ဘူး မပြောနိုင်ဘူး။
အိမ်ထဲမှာချည်း နေနေရတော့
အိမ်တွင်းစစ်က ပြင်းထန်လာတယ်။
ဒီလို အချိန်မျိုး
အိမ်ထဲမှာပဲ
စီးချင်းထိုးပါ သူငယ်ချင်း။
အပြင်မထွက်နဲ့
ထွက်ရင် ... ။ ။
အောင်ဝေး(ဧပြီ ၂၂၊ ၂၀၂၀)
Earth Day
##
စ စ် ( ၉ )
ရှော့ပင်း မထွက်ရလို့
အပြင် မထွက်နဲ့
ထွက်ရင်
ထိတာပဲ။
မအူနဲ့
အူရင်
ထိတာပဲ။
ငါ မသောက်ဘဲ
မူးလာပြီ (ရူးလာပြီ)။
မျောက်တစ်ကောင်
ခက်တာက
အမေကတော့
ညစဉ် ညတိုင်း
ဝင်းထဲ
ဘယ်သူလဲ မမေးနဲ့။
ကျည်ဆန်က
ဒီလို အချိန်မျိုး
အိမ်ထဲမှာပဲ
အပြင်မထွက်နဲ့
ထွက်ရင် ... ။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၂၊ ၂၀၂၀)
Earth Day
Tuesday, April 21, 2020
စ စ် ( ၈ )
ကိုမြင့်နိုင်ကြီးရဲ့။
အခြေခံလူတန်းစား
အများစုဆိုတာ
ဘတ်စကားပေါ်မှာ ကြီးပြင်း
ဘတ်စကားပေါ်မှာ အိုမင်း
ဘတ်စကားပေါ်မှာပဲ
စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းရတာ
ရှင် ဘယ်သိမှာလဲ။
ခေတ်တွေက မတူကြတော့ဘူး
ကိုမြင့်နိုင်ကြီးရဲ့။
အရင် မ ထ သ ခေတ်က
ပြည်တွင်းစစ်ပဲ ရှိတာ
တော်လှန်ရေးဆိုလည်း
လူထုက
ဒီမိုကရေစီတော်လှန်ရေးပဲ သိတာ
ရှင် ဘယ်သိမှာလဲ။
အခု Y B S ခေတ်မှာ
ပြည်တွင်းစစ်က ဆိုးလာတယ်
(ကုလသမဂ္ဂ ကားကိုတောင် ပစ်တယ်)
ကူးစက်မြန်ရောဂါစစ်ကြီး ထပ်ဖြစ်လာတယ်
အဖြစ်က မနှစ်ကနဲ့ မတူဘူး
ရှင် ဘယ်သိမှာလဲ။
ဘတ်စကားပေါ်မှာ
ဒီကပ်ကြီး ပြီးသွားရင် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ဒီနေ့ ဆင်နွှဲနေတာ
ကိုရိုနာတော်လှန်ရေး။
ဒါတွေ ရှင် ဘယ်သိမှာလဲ
ကိုမြင့်နိုင်ကြီးရဲ့။ ။
အောင်ဝေး
(ဧပြီ ၂၁၊ ၂၀၂၀)
##
စ စ် ( ၈ )
အခြေခံလူတန်းစား
အများစုဆိုတာ
ဘတ်စကားပေါ်မှာပဲ
ရှင် ဘယ်သိမှာလဲ။
အရင် မ ထ သ ခေတ်က
ပြည်တွင်းစစ်ပဲ ရှိတာ
တော်လှန်ရေးဆိုလည်း
လူထုက
ရှင် ဘယ်သိမှာလဲ။
အခု Y B S ခေတ်မှာ
ရှင် ဘယ်သိမှာလဲ။
ဘတ်စကားပေါ်မှာ
ဒီနေ့ ဆင်နွှဲနေတာ
ကိုရိုနာတော်လှန်ရေး။
ဒါတွေ ရှင် ဘယ်သိမှာလဲ
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၁၊ ၂၀၂၀)
Monday, April 20, 2020
စ စ် ( ၇ )
လှိုင်သာယာမှာ
မဟုတ်ပါဘူး။
ရွှေပြည်သာမှာလည်း
မဟုတ်ပါဘူး။
ဒင်ဗာမှာ ပါပဲ
ကိုလိုရာဒိုမှာ ပါပဲ။
[Stay-at-home အမိန့်ကို လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြတဲ့
ကားတန်းကြီးထဲက မိန်းမတစ်ယောက်ဟာ သူ့ကားရှေ့ ပိတ်ရပ်ပြီး
သူတို့ကို တန်ပြန်ဆန္ဒပြနေတဲ့ ရှေ့တန်းစစ်မျက်နှာက အမျိုးသား
သူနာပြုကို အခုလို အော်ဟစ် ဆဲဆိုလိုက်တယ်။
"ကွန်မြူနစ်စနစ် ကြိုက်ရင်၊ တရုတ်ပြည် သွားနေ" တဲ့] *
သြော် ... အရင်းရှင်တွေ၊ အရင်းရှင်တွေ
ရောဂါ * ကို
ရိုသေရကောင်းမှန်း မသိကြတော့ပါလား။ ။
အောင်ဝေး
(ဧပြီ ၂၀၊ ၂၀၂၀)
* nbcnews.com April 20, 2020
** Covid-19 The novel coronavirus
ကမ္ဘာ- ကူးစက် ၂ သန်း ၄ သိန်းကျော်။ သေဆုံး ၁ သိန်း ၆ သောင်းကျော်။
အမေရိကန်- ကူးစက် ၇ သိန်း ၉ သောင်းကျော်။ သေဆုံး ၄ သောင်း ၂ ထောင်ကျော်။
မစ်ရှီဂန်- ကူးစက် ၃ သောင်း ၂ ထောင်ကျော်။ သေဆုံး ၂၄၆၈။
 ##
စ စ် ( ၇ )
လှိုင်သာယာမှာ
မဟုတ်ပါဘူး။
ရွှေပြည်သာမှာလည်း
မဟုတ်ပါဘူး။
ဒင်ဗာမှာ ပါပဲ
ကိုလိုရာဒိုမှာ ပါပဲ။
ရောဂါ * ကို
ေ အာ င်ေ ၀း
(ဧပြီ ၂၀၊ ၂၀၂၀)
Sunday, April 19, 2020
စ စ် ( ၆ )
မခင်ပန်းကလေး
စစ်က ကြမ်းတော့
အလင်းနှစ်တစ်သန်း အကွာက
လွမ်းဆိုလည်း လွမ်းပါ့မယ်။
အရေးကြီးတာက
ထပ်ပြီး မဝေးအောင်
ကပ်ဘေးရှောင်ဂါထာ ရွတ်ကြမယ်။
"Stay Home. Stay Safe.
Wash hands. Cover coughs.
Stay 6 ft. from others."
အောင်ဝေး(ဧပြီ ၁၉၊ ၂၀၂၀)
##
စ စ် ( ၆ )
မခင်ပန်းကလေး
စစ်က ကြမ်းတော့
အရေးကြီးတာက
ထပ်ပြီး မဝေးအောင်
"Stay Home. Stay Safe.
Stay 6 ft. from others."
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၉၊ ၂၀၂၀)
Saturday, April 18, 2020
စ စ် ( ၅ )
ကပ်ကြီးဖြစ်၍
အချစ် တစ်လမ်း၊ စစ် တစ်လမ်း။
စစ်လမ်းကျ၍ ... ။
ရုရှားက နှင်းဆီပန်းတွေလည်း
ကြေရ နွမ်းရ။
ဟော်လန်က လီလီပန်းတွေလည်း
ကြေရ နွမ်းရ။
ဝါရှင်တန်၊ ဒီ၊ စီ က ချယ်ရီပန်းတွေလည်း
ကြေရ နွမ်းရ။
နီရူဒါလွမ်းတဲ့ ပိတောက်ပန်းတွေလည်း
ကြေရ နွမ်းရ။
အချစ် တစ်လမ်း၊ စစ် တစ်လမ်း
နေလမ်းနှင့် သေလမ်း။
သေခြင်းတရားက
လမ်းများတယ်။
နေခြင်းတရားရေ ...
လမ်း မမှားလေနဲ့။ ။
အောင်ဝေး
(ဧပြီ ၁၈၊ ၂၀၂၀)
 ##
စ စ် ( ၅ )
ကပ်ကြီးဖြစ်၍
စစ်လမ်းကျ၍ ... ။
ကြေရ နွမ်းရ။
ကြေရ နွမ်းရ။
ကြေရ နွမ်းရ။
ကြေရ နွမ်းရ။
နေလမ်းနှင့် သေလမ်း။
သေခြင်းတရားက
လမ်းများတယ်။
နေခြင်းတရားရေ ...
လမ်း မမှားလေနဲ့။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၈၊ ၂၀၂၀)
Friday, April 17, 2020
စ စ် ( ၄ )
ဟိုက
အတွဲလိုက် ချောင်းချောင်း ပစ်နေတာ
တို့မှာ
ခံစစ်ကြောင်းထဲ
ကာပစ် ပစ်ပေးနေရတော့တယ်။ ။
ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။
အောင်ဝေး
(ဧပြီ ၁၇၊ ၂၀၂၀)
##
စ စ် ( ၄ )
ဟိုက
တို့မှာ
ခံစစ်ကြောင်းထဲ
ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၇၊ ၂၀၂၀)
စ စ် ( ၃ )
စ စ် ( ၃ )
နှစ်ကူးပြီ
စစ် မကူးစေနဲ့။ ။
အောင်ဝေး
(မြန်မာနှစ်ဆန်းတစ်ရက်နေ့)
ဧပြီ ၁၇၊ ၂၀၂၀။
##
စ စ် ( ၃ )
နှစ်ကူးပြီ
စစ် မကူးစေနဲ့။ ။
ေ အာ င်ေ ၀း
ဧပြီ ၁၇၊ ၂၀၂၀။
စ စ် ( ၄ )
ဟိုက
အတွဲလိုက် ချောင်းချောင်း ပစ်နေတာ
တို့မှာ
ခံစစ်ကြောင်းထဲ
ကာပစ် ပစ်ပေးနေရတော့တယ်။ ။
ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။
အောင်ဝေး
(ဧပြီ ၁၇၊ ၂၀၂၀)
##
စ စ် ( ၄ )
ဟိုက
တို့မှာ
ခံစစ်ကြောင်းထဲ
ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၇၊ ၂၀၂၀)
Thursday, April 16, 2020
စ စ် ( ၂ )
ဖြစ်လာရင်
ဆုတောင်းဖို့ချည်းပဲ။
ကယ်လီဖိုးနီးယားက လူကလည်း
ရွှေဘိုက လူကို လှမ်းဆူ။
လပွတ္တာက လူကလည်း
မစ်ရှီဂန်က လူကို လှမ်းပူ။
ဘယ်က ပစ်နေမှန်း မသိ
ပစ်နေတာ။
ဘုရားရှိခိုးလည်း
လက် မဆေးရင်
အလကားပဲ။ ။
အောင်ဝေး
(ဧပြီ ၁၆၊ ၂၀၂၀)
##
စ စ် ( ၂ )
ဖြစ်လာရင်
ဆုတောင်းဖို့ချည်းပဲ။
လပွတ္တာက လူကလည်း
ဘယ်က ပစ်နေမှန်း မသိ
ပစ်နေတာ။
ဘုရားရှိခိုးလည်း
လက် မဆေးရင်
အလကားပဲ။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၆၊ ၂၀၂၀)
Wednesday, April 15, 2020
စ စ်
ကလေးစကား မပြောနဲ့။
ဒါ ကိုယ့်ဘေး
ကပ်ဖြစ်နေတာ။
မင်းမှာ ရွေးချယ်ပိုင်ခွင့်
မရှိ။
ကိုယ်ချင်းစာတရား ပဲ
တို့အားလုံး လက်နက်။ ။
အောင်ဝေး
 (ဧပြီ ၁၅၊ ၂၀၂၀)
##
စ စ်
ကလေးစကား မပြောနဲ့။
ဒါ ကိုယ့်ဘေး
ကပ်ဖြစ်နေတာ။
မရှိ။
ကိုယ်ချင်းစာတရား ပဲ
တို့အားလုံး လက်နက်။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၅၊ ၂၀၂၀)
Tuesday, April 14, 2020
က မ္ဘ ာ ( ၁ ၀ )
ဒီ ကဗျာ၊ လက်ဆေးပြီးမှ ဖတ်ပါ။
ကိစ္စ ပေါ်ရင်
မန္တလေး ဆို
ဗြဟ္မစိုရ် ပေါ့။
ရန်ကုန် ဆို
ကိုကျော်သူ ပေါ့။
ငါ့သ ၤချီုင်းက သာတယ်
သူ့ သ ၤချိုင်းက သာတယ်
သူရူးနဲ့ မငြင်းလေနဲ့။
လုပ်တိုင်းက လုပ်တိုင်း
တစပြင်က တစပြင်။
နယူးယောက် စီးတီးမှာ သေသေ
ရောမ မြို့ကြီးမှာ သေသေ
သေရင် မြေကြီး။
နယ်သာလန်ဖွား ဗင်းဆင့်ဗန်ဂိုး
ပြင်သစ်မြေကြီးမှာ မြှုပ်နှံ။
ဂျာမနီဖွား ကားလ်မတ်
အင်္ဂလန်မြေကြီးမှာ မြှုပ်နှံ။
ကမ္ဘာပေါ်
ဘယ်မြေကြီးမှ
လူတွေကို မမွေးဖွားရ
လူသေကို မမြှုပ်နှံရ
ထုတ်ပြန်တာ မရှိ။
သုသာန်က သုသာန်
ရုပ်နာမ်က ရုပ်နာမ်။
မန္တလေးလည်း မြေကြီး
ရန်ကုန်လည်း မြေကြီး။
စကားကို ကတ် မပြောနဲ့
ကပ်ပြီးလည်း မပြောနဲ့
ခွာပြော။ ။
အောင်ဝေး
(ဧပြီ ၁၄၊ ၂၀၂၀)
##
က မၻ ာ ( ၁ ၀ )
ကိစ္စ ပေါ်ရင်
မန္တလေး ဆို
ဗြဟ္မစိုရ် ပေါ့ ။
ရန်ကုန် ဆို
ကိုကျော်သူ ပေါ့ ။
ငါ့ သ င်္ချီုင်းက သာတယ်
သူ့ သ င်္ချိုင်းက သာတယ်
သူရူးနဲ့ မငြင်းလေနဲ့။
တစပြင်က တစပြင်။
သေရင် မြေကြီး။
ဂျာမနီဖွား ကားလ်မတ်
ကမ္ဘာပေါ်
ဘယ်မြေကြီးမှ
လူတွေကို မမွေးဖွားရ
လူသေကို မမြှုပ်နှံရ
ထုတ်ပြန်တာ မရှိ။
သုသာန်က သုသာန်
ရုပ်နာမ်က ရုပ်နာမ်။
မန္တလေးလည်း မြေကြီး
ရန်ကုန်လည်း မြေကြီး။
စကားကို ကတ် မပြောနဲ့
ကပ်ပြီးလည်း မပြောနဲ့
ခွာပြော။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၄၊ ၂၀၂၀)
Sunday, April 12, 2020
က မ္ဘ ာ ( ၉ )
သင်္ကြန်မိုးကလေး
တစိမ့်စိမ့်။
ဒါပေမဲ့
အသံတိတ်။
စိတ်ထဲမှာ
ကမ္ဘာစစ် ဖြစ်နေတာပါ။
ချစ်သူတွေ
အပြင် မထွက်ကြနဲ့။
ကံဆိုးမ ရပ်ကွက်ကလေး
သော့ခတ် ပိတ်လိုက်ကြပြီ။
လမ်းထိပ်က
မီးနေသည် ပိတောက်ပင်ကြီး
ရင်ကွဲပြီး သေရှာပြီ။
မင်း အသက်
ငါ့ကို မပေးပါနဲ့။
ငါ့အသက်
မင်း ယူပါ။
ရန်သူတွေ ကပ်လာရင်
သူတို့ မမြင်အောင်
တို့ ခပ်ခွာခွာ ပုန်းနေရမယ် ခင်။ ။
အောင်ဝေး
(ဧပြီ ၁၂၊ ၂၀၂၀)
##
က မၻ ာ ( ၉ )
သၾကၤန္မိုးကေလး
တစိမ့်စိမ့်။
ဒါပေမဲ့
အသံတိတ်။
စိတ်ထဲမှာ
ကမ္ဘာစစ် ဖြစ်နေတာပါ။
ချစ်သူတွေ
အပြင် မထွက်ကြနဲ့။
ကံဆိုးမ ရပ်ကွက်ကလေး
လမ်းထိပ်က
ရင်ကွဲပြီး သေရှာပြီ။
မင်း အသက်
ငါ့ ကို မပေးပါနဲ့။
ငါ့ အသက်
မင်း ယူပါ။
ရန်သူတွေ ကပ်လာရင်
သူတို့ မမြင်အောင်
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၂၊ ၂၀၂၀)
Saturday, April 11, 2020
က မ္ဘ ာ ( ၈ )
ဝေသာလီမှာ
မဟုတ်ပါဘူး။
ဝေဘာဂီမှာလည်း
မဟုတ်ပါဘူး။
ဂရင်းလီ မှာပါ။
ကိုလိုရာဒို မှာပါ။
ကမ္ဘာကြီးရဲ့
ဘယ်နေရာမှာဖြစ်ဖြစ်
စစ်က ဖြစ်နေတာပါ။
မစ္စတာ ဗားတော့ဗရက် ရေ
ခင်ဗျားက
ဒုတိယကမ္ဘာစစ်ကြီးထဲ
အမေပျောက်ရှာတဲ့
ကလေးတွေအကြောင်း ရေးခဲ့။
ကျနော်ကတော့
ဟောဒီ တတိယကမ္ဘာစစ်ကြီးထဲမှာ
သားပျောက်ရှာရင်း သေဆုံးသွားတဲ့
အမေတစ်ယောက်အကြောင်း ရေးရတော့မယ်။
ကပ်ကြွေး ရှိရင်
ပြေပါစေတော့။ ။
အောင်ဝေး
(ဧပြီ ၁၁၊ ၂၀၂၀)
မအိ(အိသာရ) သို့။
##
က မၻ ာ ( ၈ )
ေ၀သာလီမွာ
မဟုတ္ပါဘူး။
ဝေဘာဂီမှာလည်း
မဟုတ်ပါဘူး။
ဂရင်းလီ မှာပါ။
ကိုလိုရာဒို မှာပါ။
ကမ္ဘာကြီးရဲ့
ဘယ်နေရာမှာဖြစ်ဖြစ်
စစ်က ဖြစ်နေတာပါ။
မစ္စတာ ဗားတော့ဗရက် ရေ
ခင်ဗျားက
ဒုတိယကမ္ဘာစစ်ကြီးထဲ
အမေပျောက်ရှာတဲ့
ကျနော်ကတော့
ကပ်ကြွေး ရှိရင်
ပြေပါစေတော့။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၁၁၊ ၂၀၂၀)
မအိ(အိသာရ) သို့။
Friday, April 10, 2020
က မ္ဘ ာ ( ၇ )
နိုင်ငံတော်ရယ်လေ။
ပြည်တော်ပြန်တွေ၊ အိမ် မပြန်ရတဲ့
လယ်ဝေးသူ နှမကလေး၊ မောင့်ကိုလွမ်းတော့
အချစ် မရွှင်လန်း၊ မျှစ်ချဉ် ဗန်းချ
စောင့်ကြည့်ရေး စခန်း၊ ၁၄ ရက် လှမ်းတဲ့
လမ်း အဝက
နွမ်းလျလျ ငို၊ တမ်းတလို့ ဆိုတယ်
နေညို ညဦး
နေပြည်တော် စေတီထူးမှာ
မကူးပါစေနဲ့
မကူးပါစေနဲ့
အို ... မသိဘူး
ရှစ်တယ် တော်။ ။
အောင်ဝေး
(ဧပြီ ၁၀၊ ၂၀၂၀)
အစ်ကိုကြီးမောင်သင်းခိုင်နှင့် အန်တီချို သို့။
##
က မၻ ာ ( ၇ )
နိုင်ငံတော်ရယ်လေ။
လမ်း အ၀က
နေညို ညဦး
မကူးပါစေနဲ့
မကူးပါစေနဲ့
အို ... မသိဘူး
ရှစ်တယ် တော်။ ။
ေ အာ င်ေ ၀း
(ဧပြီ ၁၀၊ ၂၀၂၀)
Thursday, April 9, 2020
က မ္ဘ ာ ( ၆ )
"ခေါင်းလောင်း ထိုးသံ
ဘယ်သူ့ ထံ" (ဟဲမင်းဝေး)
မခင်ပန်းကလေး။
အိပ်မက်ဆိုးက
မင်း လန့်နိုးလာတဲ့အခါ
ခေါင်းလောင်းကို
အလျင်စလို မထိုးလိုက်ပါနဲ့ဦး။
အရင်ဆုံး
တို့ ယာခရိုးမှာ
ချိုးလင်းပြာငှက်ကလေး
ဒီမနက် ကူသေးလား
ကမ္ဘာကြီးကို မေးကြည့်လိုက်ပါ။
ခေါင်းလောင်း ထိုးပါ
ဘေးရန် ကွာ။ ။
အောင်ဝေး
(ဧပြီ ၉၊ ၂၀၂၀)
##
က မၻ ာ ( ၆ )
"ခေါင်းလောင်း ထိုးသံ
ဘယ်သူ့ ထံ" (ဟဲမင်းဝေး)
မခင်ပန်းကလေး။
အိပ်မက်ဆိုးက
ခေါင်းလောင်းကို
အရင်ဆုံး
တို့ ယာခရိုးမှာ
ဒီမနက် ကူသေးလား
ခေါင်းလောင်း ထိုးပါ
ဘေးရန် ကွာ။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၉၊ ၂၀၂၀)
Wednesday, April 8, 2020
က မ္ဘ ာ ( ၅ )
ရှေ့တန်းစစ်မျက်နှာ။
သေနတ်သံ မကြားရ။
အမြောက်သံ မကြားရ။
ဗုံးသံ မကြားရ။
အသေအလဲ တိုက်နေရတယ်။
အသက်ကို အသက်နဲ့ ထုပ်ထားရတယ်။
ရှေ့တန်းစစ်မျက်နှာ။ ။
အောင်ဝေး
(ဧပြီ ၈၊ ၂၀၂၀)
သူရဲကောင်းများသို့ ... ။
##
က မၻ ာ ( ၅ )
ရှေ့တန်းစစ်မျက်နှာ။
သေနတ်သံ မကြားရ။
အမြောက်သံ မကြားရ။
ဗုံးသံ မကြားရ။
အသေအလဲ တိုက်နေရတယ်။
ရှေ့တန်းစစ်မျက်နှာ။ ။
ေ အာ င်ေ ၀း
(ဧပြီ ၈၊ ၂၀၂၀)
သူရဲကောင်းများသို့ ... ။
Tuesday, April 7, 2020
က မ္ဘ ာ ( ၄ )
xxx လက်ဆေး xxx Mask တပ် xxx Stay Home xxx
နိုင်ငံတော် ကျန်းမာဖို့
"ကျမ တစ်ခု စမ်းချုပ်နေပါတယ်"
ပြည်သူတွေ ကျန်းမာဖို့
"ကျမ တစ်ခု စမ်းချုပ်နေပါတယ်"
xxx လက်ဆေး xxx Mask တပ် xxx Stay Home xxx
ချစ်ခြင်းမေတ္တာနဲ့
ချုပ်တဲ့ အရာ။
ဥ ာဏ်ပညာနဲ့
ချုပ်တဲ့ အရာ။
ကမ္ဘာကြီး ဝမ်းသာပါစေသတည်း။ ။
အောင်ဝေး
(ဧပြီ ၇၊ ၂၀၂၀)
##
က မၻ ာ ( ၄ )
ချစ်ခြင်းမေတ္တာနဲ့
ချုပ်တဲ့ အရာ။
ဥာဏ်ပညာနဲ့
ချုပ်တဲ့ အရာ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၇၊ ၂၀၂၀)
Monday, April 6, 2020
က မ္ဘ ာ ( ၃ )
ရုရှားအကျော်၊ စာဆိုတော်
ပုသျှကင် ဟာ
(အချစ်အတွက်)
သေနတ်ချင်း ယှဉ်ပစ် သေသွားတယ်။
အခု ငါတို့ကမ္ဘာကြီး
သေနတ်ချင်း ယှဉ်ပစ်ဖို့
စိန်ခေါ်ခံနေရပြီ။
သေ မလား
နေ မလား။
သေနတ် တစ်ကမ်း
၆ ပေလှမ်း
ဖန်း ဆို သူပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။
၁၄ ရက် စခန်း
သေနတ်ဝှေ့ယမ်း
ဖန်း ဆို မင်းပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။
ပေးစမ်း သေနတ်
သေနတ် ပေးစမ်း
နေအ်မ်ခန်းမှာ
ဖန်း ဆို ငါပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။
တို့အားလုံး
တစ်ယောက်ကို တစ်ယောက်ချစ်ရင်
မကြာခင်
ကမ္ဘာကြီး ပြန်ကျန်းမာလာမယ် ခင်။ ။
အောင်ဝေး
(ဧပြီ ၆၊ ၂၀၂၀)
##
က မၻ ာ ( ၃ )
ပုသျှကင် ဟာ
(အချစ်အတွက်)
အခု ငါတို့ကမ္ဘာကြီး
စိန်ခေါ်ခံနေရပြီ။
သေ မလား
နေ မလား။
သေနတ် တစ်ကမ်း
၆ ပေလှမ်း
သေမင်းဟာ သေသွားတယ်။
၁၄ ရက် စခန်း
သေနတ်ဝှေ့ယမ်း
သေမင်းဟာ သေသွားတယ်။
ပေးစမ်း သေနတ်
သေနတ် ပေးစမ်း
နေအ်မ်ခန်းမှာ
သေမင်းဟာ သေသွားတယ်။
တို့အားလုံး
မကြာခင်
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၆၊ ၂၀၂၀)
Sunday, April 5, 2020
က မ္ဘ ာ ( ၂ )
သဗ္ဗေ သတ္တာ ကမ္မ သကာ။
သတ္တဝါတစ်ခု၊ ကံတစ်ခု။
မေတ္တာ ပို့သံ
သာဓုသံ။
အမျှ ဝေသံ
ကြေးစည်သံ။
သံသရာမှာ
လင်းနေမလာ
မှောင်နေမလား။
ကမ္ဘာ တစ်ခု
ကံ တစ်ခု။ ။
အောင်ဝေး
(ဧပြီ ၅၊ ၂၀၂၀)
COVID-19
ကမ္ဘာ ကူးစက် ၁၂၇၀၀၆၉။ သေဆုံး ၆၉၃၀၉။
U.S.A ကူးစက် ၃၃၆၆၇၃။ သေဆုံး ၉၆၁၆။
Michigan ကူးစက် ၁၅၇၁၈။ သေဆုံး ၆၁၇။
##
က မၻ ာ ( ၂ )
သေဗၺ သတၱာ ကမၼ သကာ။
သတၱ၀ါတစ္ခု၊ ကံတစ္ခု။
မေတ္တာ ပို့သံ
သာဓုသံ။
အမျှ ဝေသံ
ကြေးစည်သံ။
သံသရာမှာ
လင်းနေမလာ
မှောင်နေမလား။
ကမ္ဘာ တစ်ခု
ကံ တစ်ခု။ ။ဋ္ဌ
ေ အာ င်ေ ၀း (ဧပြီ ၅၊ ၂၀၂၀)
COVID-19
ကမ္ဘာ ကူးစက် ၁၂၇၀၀၆၉။ သေဆုံး ၆၉၃၀၉။
U.S.A ကူးစက် ၃၃၆၆၇၃။ သေဆုံး ၉၆၁၆။
Michigan ကူးစက် ၁၅၇၁၈။ သေဆုံး ၆၁၇။
Saturday, April 4, 2020
က မ္ဘ ာ
ကမ္ဘာလား
အနာလား။
အနာ မသေရင်
ကမ္ဘာ သေမယ်။
ကမ္ဘာ ဖျားနာ
သမား ရှာ။
သမား ရှာ
ကိုယ်မှာ တွေ့သတဲ့။
"Brace yourself!" *
အောင်ဝေး
(၄၊ ၄၊ ၂၀)
* သင့်ကိုယ်သင် ချုပ်ထိန်းပါ။
##
က မၻ ာ
ကမၻာလား
အနာလား။
အနာ မသေရင်
ကမ္ဘာ သေမယ်။
ကမ္ဘာ ဖျားနာ
သမား ရှာ။
သမား ရှာ
ကိုယ်မှာ တွေ့သတဲ့။
"Brace yourself!" *
ေ အာ င်ေ ၀း
(၄၊ ၄၊ ၂၀)
Thursday, April 2, 2020
က ပ် ( ၅ )
ကပ်ကြီးက
ကပ်လာပြီ။
တပ်ကြီးက
ပျက်လာပြီ။
သေမင်းက
သရဖူ * ဆောင်းလို့။
ကောင်းဘွိုင်ရုပ်ရှင်ထဲမှာလို
သရဖူဆောင်းထားတဲ့
သေမင်းက
မြင်းကြီး စီးလို့။
ဒိုင်းခနဲ
ငါ
ပစ်ချလိုက်တယ်
ကောင်းဘွိုင်ရုပ်ရှင်ထဲကလို။
ညတုန်းက
တို့တစ်ရွာလုံး
မအိပ်လိုက်ရဘူးလေ။ ။
အောင်ဝေး
(ဧပြီ ၂၊ ၂၀၂၀)
* Corona- သရဖူ (စပိန်စကား)
##
က ပ် ( ၅ )
------------
ကပ်ကြီးက
ကပ်လာပြီ။
တပ်ကြီးက
ပျက်လာပြီ။
သေမင်းက
သရဖူ * ဆောင်းလို့။
သရဖူဆောင်းထားတဲ့
သေမင်းက
မြင်းကြီး စီးလို့။
ဒိုင်းခနဲ
ငါ
ပစ်ချလိုက်တယ်
ညတုန်းက
တို့တစ်ရွာလုံး
မအိပ်လိုက်ရဘူးလေ။ ။
ေ အ ာ င္ ေ ၀ း
(ဧၿပီ ၂၊ ၂၀၂၀)
* Corona- သရဖူ (စပိန္စကား)
Wednesday, April 1, 2020
က ပ် ( ၄ )
သံပရာသီး ၅ လုံး
ဆီးသီး ၅ လုံး
ဘုရားကပ်တယ်။
လက် မပြတ် ဆေးတယ်
နှာခေါင်းစည်း တပ်တယ်။
အိမ်မှာ နေတယ်
ရတနသုတ် ရွတ်တယ်။
သံသယနဲ့ ၆ ပေ အကွာမှာထိုင်တယ်
သံယောဇဉ်ကို ၆ ပေ ခွာထားတယ်။
တမာရွက် တို့ပါ ဆိုလို့လည်း
တို့သေးတယ်။
ဒါပေမဲ့ ခက်တာက
စိတ်နဲ့ ကိုယ်နဲ့ မကပ်တာပဲ။ ။
အောင်ဝေး
(ဧပြီ ၁၊ ၂၀၂၀)
##
က ပ် ( ၄ )
--------------
သံပရာသီး ၅ လုံး
ဆီးသီး ၅ လုံး
ဘုရားကပ်တယ်။
လက် မပြတ် ဆေးတယ်
နှာခေါင်းစည်း တပ်တယ်။
အိမ်မှာ နေတယ်
ရတနသုတ် ရွတ်တယ်။
တို့သေးတယ်။
ဒါပေမဲ့ ခက်တာက
ေ အ ာ င္ ေ ၀ း (ဧၿပီ ၁၊ ၂၀၂၀)