Wednesday, December 28, 2011

ကြေး သွန်း အိပ် မက်


အောင်ဝေး
ဒီဇင်ဘာ ၂၉၊ ၂၀၁၁


ကျနော့်အတွက်
ငှက်တွေရဲ့ လမ်းက
ခရမ်းနုရောင်။
အိပ်တန်းပြန်
ငှက်ကလေးတို့ ရေ
ဒီ မြစ်ကမ်းမှာ
ငါ့ အလွမ်းတို့ 
မှိုင်းမှိုင်းဝေ။
သယ်သွားပါတော့
သယ်သွားပါတော့
ငါတို့ ရဲ့ 
အိပ်မက်တွေကိုလေ
ဟောဟိုက
ညနေဆီ။
စည်တယ်လေ
စည်တယ်လေ
ရီဝေရီဝေ
မစ္စစ္စပီ ရေ
ငါ့ စိတ်တွေ
အိမ်ပြန်ကုန်ပြီ။
ဆည်းဆာအရိပ်မှာ
တိတ်တိတ်ကလေး
ငါ ပြန်လာခဲ့တာပါ။
ကြိုးကြာငှက်တွေရဲ့ 
အတောင်ပံမှာ
ငါ့ ကိုယ်ငါ
အပ်နှံလိုက်ပါရဲ့ ။
မနက်ဖြန်တော့
ခြံစည်းရိုးလေးမှာ
ငါ့ အလံကို
ငါပြန်တွေ့ တန်ကောင်းပါရဲ့ ။
လေထန်နေတုန်းပဲလား
ရေဆန်ကို
ဖြတ်နေတုန်းပဲလား
ဧရာဝတီ။
သီချင်းသံတွေ
ကြားတယ်
ပန်းများဘယ်တော့ပွင့်မလဲ။
နွေဦးကကော
ဟောဟို ရထားနဲ့ 
ပါလာမှာလား။
ဒီ ရထား
ဖီလာဒဲဖီးယား ကနေ
ခြံအမှတ်(၅၄)ကို
သွားမှာလား။
ခြံအမှတ်(၅၄)မှာ
“ပါဝါ ၅၄“ စောင့်နေတယ်။
မနေ့ တနေ့ က
လေးဖြူနဲ့ တွေ့ တယ်
၅၄ မှာပေါ့ ။
၅၄ ဟာ
တရားတဲ့တေး
ဆိုတော့မယ်။
၅၄ မှာ
မြားနဲ့ လေး
မလိုတော့ဘူးလား။
မုဆိုးရာသီ
ကုန်ခဲ့ပြီလား
၅၄ ရယ်။
ရေခဲလေ
တဟူးဟူးကြား
ဖို့ တ်ဝိန်းမြို့ နားက
“၀ါတာလူး“ဘူတာကလေးမှာ
ကျနော် လွမ်းတယ်။
ချိုတူးဇော်က
ဝါရှင်တန်ရထားပေါ်
တက်သွားတယ်။
ကျနော်တို့ က
ကိုယ့်အိပ်မက်ဆီ
ကိုယ်ပြန်ခဲ့ကြတယ်။
ဘ၀က
အသိကိုပြဌာန်း
အိပ်မက်ကို
ကြေးသွန်းထားတယ်။
လွမ်းတယ်
၃၃ လမ်း
အနုပညာပုန်ကန်မှုတွေ
ကျနော် လွမ်းတယ်။
ချစ်သူရေ
ငါတို့ ဟာ
ဒဂုန်တာရာရဲ့ 
ကုတ်အင်္ကျီက
ဆင်းသက်လာခဲ့ကြတာပါ။
လွမ်းတယ်
သာမိုင်းခမ်း ကျူဗစ်ဇင်ကို
ကျနော် လွမ်းတယ်။
မစ္စစ္စပီ ရေ
တွေ့ လား
ဒီမှာ
ငါ့ ရင်အုံအပြည့်
ငါ့ ယုံကြည်ချက်တွေ။
နှင်းမုန်တိုင်းထဲ
ငန်းရိုင်းတွေ
ပျံသန်းခဲ့ကြ။
လရောင်ထဲ
မြင်းရိုင်းတွေ
ခုန်ပေါက်ခဲ့ကြ။
တောရိုင်းတောင်ရိုင်းမှာ
ငါတို့ လည်း
ကျောခိုင်းခဲ့
အမုန်းတရားကို။
သူတို့ လည်း
ကျောခိုင်းရဲ့ 
အမှန်တရားကို။
နှင်းထူထူမှာ
ဘယ်အဖြူရောင်က
ဖြူပြီး
ဘယ်အဖြူရောင်က
မဖြူဘူးလဲ။
လွမ်းတယ်
ညောင်ညိုပင်လမ်းလွဲမှာ
ဘယ်သူတွေ
ဝမ်းနည်းကျန်ရစ်လဲ။
စစ်ပွဲတခါ ရှုံးရင်
အနှစ် သုံးဆယ်ကြာတယ်။
မစ္စစ္စပီ ရေ
ငါက
သေမင်းလက်က
ထွက်ပြေးလာခဲ့သူပါ။
ငါတို့ 
မလွတ်မြောက်သေးဘူး
မစ္စစ္စပီ။
ဒီ ညနေမှာ
ငါ့ စိတ်က
မပြောမဆိုနဲ့ 
စစ်ထွက်သွားပြန်ပြီ။
ငါ့ စိတ်ကို
ငါမနိုင်တော့ဘူး
စိတ်ခိုင်ခိုင်ထား
ဧရာဝတီ။
အိပ်မက်က
အခန်းဆက်
ရှေ့ ည ဆက်မက်ပါ။
ရထားမလာခင်
ငါ့ ဓားကို
ဓားအိမ်ထဲမှာ
သမိုင်းသင်မယ်။
နရသိန်တံခါးတွေ
တို့ သွားဖွင့်မယ်။
သတင်းကောင်း ပါးပိမ့်
နှလုံးသားများ ကြားချိမ့်။
ခြံအမှတ်(၅၄)မှာ
“ပါဝါ ၅၄“ စောင့်နေတယ်။
ချိုတူးဇော်က
ဝါရှင်တန်ရထားပေါ်
တက်သွားတယ်။
ကျနော့်အတွက်
ငှက်တွေရဲ့ လမ်းက
ခရမ်းနုရောင်။
အိပ်မက်က
အခန်းဆက်
ရှေ့ ည ဆက်မက်ပါ။ ။

(၂၀၁၂ သို့ တမ်းချင်း)
အောင်ဝေး
ခေတ္တ-မစ်ရှီဂန်
၁၂-၂၇-၁၁။

Photograph: Nyein Chan Naing/EPA

3 comments:

နွေ said...

ဆရာ
ဆရာ့အလွမ်းတွေနဲ့ထပ်တူ သမီးလည်း ဆရာ့ကို လွမ်းပါတယ်။ ဆရာနဲ့တွေ့တဲ့ခဏမှာ ဆရာ့ရဲ့ဖြူစင်တဲ့စေတနာနဲ့ သင်ကြားပြသမှုတွေအပေါ်လည်း လွမ်းတယ်။ ဆရာ ပြန်လာမှာကိုလည်း မျှော်ပါတယ်။

အေးချမ်းသူ

hnin said...

အေးချမ်းသူ

Shwe Wah Htun said...

ဆရာ အောင်ဝေးရှင့်

ကျွန်မကို ကျွန်မ အရင် မိတ်ဆက်ပါရစေ။ ကျွန်မက ဆရာတို့ ဌေးလွန်းလို့ သိတဲ့ ဖန်မီးအိမ် English စာ အလွတ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့တဲ့ ဦးဌေးအောင်ရဲ့ တပည့်ပါ။ စင်ကာပူရောက် ဆရာ့ တပည့်တွေက ဆရာအတွက် လွမ်းစေတီလေး တည်ဘို့ တိုင်ပင်ကြရင်းနဲ့ ဆရာ ကျော်ဝဏ်ဏက ဆရာ့ရဲ့ စာမူကို စာအုပ်ထုတ်ဝေပေးချင်တဲ့ အကြောင်းတိုင်ပင်ကြရင်းနဲ့ ဆရာနဲ့ ဆက်သွယ်ဘို့ အကြံပေးလို့ ဆက်သွယ်လိုက်ရပါတယ်ရှင့်။

ကျွန်မရဲ့ facebook (swahtun@gmail.com)မှာ ဝင်ရောက်ကြည့် ရှုနိုင်ပါတယ်ရှင့်။