Thursday, March 23, 2017

မ တ် လ ( ၂ ၃ ) ရ က်



 
အဖိုးရဲ့မွေးနေ့မှာ
အဖိုးအတွက် စိုးရိမ်မိတယ်။
အခု
အဖရဲ့လက်ကို
ပြန်ကိုက်နေကြပြီ။
အဖိုးရဲ့မွေးနေ့မှာ
ငြိမ်းချမ်းရေးကို တမိတော့။
“ဆားနဲ့ပဲ စားတော့မယ်” ဆိုပြီး
လွတ်လပ်ရေးနတ်သမီးဟာ
ကိုလိုနီခေတ်ကြီးထဲ
ပြန်ဝင်သွားတယ်။

ဟောင်သံတွေ ကြားမှာပေါ့ ။    ။

Sunday, March 19, 2017

သံ လွ င်ေ န ဝ င် ချိ န် ။


တိမ်မည်းကြီးကြောင့်။
တိမ်မည်းကြီးကြောင့်။
....................
မဟုတ်ပါဘူး။
......................
ဒီနေဝင်တာ
အငုံ့ စိတ်ကြောင့်ပါ။ ။
..................
ေ အ ာ င္ ေ ဝ း
(မတ် ၁၉- ၂ဝ၁၇)

Saturday, March 4, 2017

လွ မ်း တ င်း


 

အောင်ဆန်းဟာ တံတားဖြစ်တယ်။
အမှောင်ဘက်ကမ်းကနေ
အလင်းဘက်ကမ်းဦး
ခေတ်ကိုကူးဖို့
ကျောခင်းပေးသူ။

သူ့ ကျောပေါ်မှာ
မွန်ပြည်နယ်မွေး ကလေးတစ်ယောက်
လမ်းလျှောက်လာရဲ့ ။

သူ့ တရားဟာ
သူ့ တံတားဖြစ်ခဲ့တယ်။

 အောင်ဆန်းတံတား။ ။

ေ အ ာ င္ ေ ၀ း
မတ် ၃- ၂၀၁၇။