Sunday, November 25, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၉ )





လွမ်းတယ်ဆိုတာလည်း၊ တာဝန်တစ်ခုလိုပါပဲ။

ငါက တိုင်းပြည်နဲ့လူမျိုးကို လွမ်းတယ်
ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန်
ငါ ထမ်းဆောင်နေတာပေါ့။

ဒါပေမဲ့-
တိုင်းပြည်နဲ့လူမျိုးက
ငါ့ကို လွမ်းချင်မှ လွမ်းမယ်
အရေး မကြီးပါဘူး။

ငါက ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို လွမ်းတယ်
ဒါ ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးရဲ့တာဝန်
ငါ ထမ်းရွက်နေတာပေါ့။

ဒါပေမဲ့-
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးက
ငါ့ကို လွမ်းချင်မှ လွမ်းမယ်
အရေး မကြီးပါဘူး။

ယုတ်စွအဆုံး
လူနှင်းချို ကနေ လူခါးအထိ
ငါ့ညီတွေ ငါလွမ်းတယ်။

ဒါတွေဟာ
ငါ့ပခုံးပေါ်က
သမိုင်းတာဝန်တွေ။

ငါက သမိုင်းကို
တာဝန် မပေးနိုင်ပါဘူး။

သမိုင်းကသာ
ငါ့ပခုံးပေါ်
တာဝန်တွေ တင်ပေးလိုက်တာပါ။

ငါ့ပခုံးပေါ်က အလွမ်းတွေ
လေးလံလိုက်ပါဘိ။

ကစ်ပလင်း* က
"White man's burden" တဲ့။

ငါကတော့
"Exiled man's burden" ပေါ့။

လွမ်းတယ်ဆိုတာလည်း
တာဝန်တစ်ခုပါပဲ။

တိုင်းပြည်နဲ့လူမျိုးကို ငါလွမ်းတယ်
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို ငါလွမ်းတယ်။

ငါ တာဝန်ကျေသလား
မကျေဘူးလား
... ... ... ...
ဗန်းမော်တင်အောင် မှပဲ သိတော့မယ်။ ။

* Rudyard Kipling (1865-1936)

ေ အ ာ င္ ေ ဝ း
(နိုဝင်ဘာ ၂၄- ၂ဝ၁၈)

Saturday, November 3, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၈ )



အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။

ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို

စစ်နဲ့ ရော မျိုနေရ။

လည်ချောင်းထဲ
အဝင် ဆိုးလှချည်ရဲ့။

မြစ်ကြီး တစ်စင်းလုံး
ချင်းချင်း နီလို့
စီးဆင်း မဆုံး။

အဲဒါ
ငြိမ်းချမ်းရေးအတွက် ကျတဲ့
မျက်ရည်
စီးလို့ မဆုံး။

ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို
စစ်နဲ့ ရော မျိုနေရ။

လည်ချောင်းထဲ
အဝင် ဆိုးလှချည်ရဲ့။

ကမ်းပါးတစ်လျှောက်
ကောက်လို့ မနိုင်တဲ့
အရိုးတွေ
အရိုးတွေ။

ဒီအထဲမှာ ငါ့ကျောင်းနေဖက် စစ်တပ်ထဲဝင်သွားတဲ့ သူငယ်ချင်းရဲ့
အရိုးတွေလည်း ပါမှာပဲ။ ဒီအထဲမှာ ငါ့ငယ်ပေါင်း တောခိုသွားတဲ့ သူငယ်ချင်းရဲ့ အရိုးတွေလည်း ပါမှာပဲ။ ဒီအထဲမှာ ငါ့အတန်းဖော် ဒို့အရေးအော်တဲ့ သူငယ်ချင်းရဲ့ အရိုးတွေလည်း ပါမှာပဲ။

ဖြစ်ပုံ
"ငြိမ်းချမ်းရေး ပို
စစ်ရေး ချို"
ဟိုတုန်းကလို။

အချစ်ကို ဗုံလိုတီး
ခေတ်ကို ငုံပြီး
ဒီ အရိုးတွေ
ငါ ပုံလိုက်မယ်။

ငြိမ်းချမ်းရေး
ယုံကြည်ရင်
ဟေ့ -
စစ်ပွဲတွေ အကုန်ရပ်။ ။

ေ အ ာ င္ ေ ဝ း
(နိုဝင်ဘာ ၃- ၂ဝ၁၈)