အချစ်ဗုံသံနဲ့ စစ်ကို ပုန်ကန်လိုက်တယ်။
ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို
စစ်နဲ့ ရော မျိုနေရ။
လည်ချောင်းထဲ
အဝင် ဆိုးလှချည်ရဲ့။
မြစ်ကြီး တစ်စင်းလုံး
ချင်းချင်း နီလို့
စီးဆင်း မဆုံး။
အဲဒါ
ငြိမ်းချမ်းရေးအတွက် ကျတဲ့
မျက်ရည်
စီးလို့ မဆုံး။
ဖြစ်ပုံ
ခေတ်က
ငြိမ်းချမ်းရေးကို
စစ်နဲ့ ရော မျိုနေရ။
လည်ချောင်းထဲ
အဝင် ဆိုးလှချည်ရဲ့။
ကမ်းပါးတစ်လျှောက်
ကောက်လို့ မနိုင်တဲ့
အရိုးတွေ
အရိုးတွေ။
ဒီအထဲမှာ ငါ့ကျောင်းနေဖက် စစ်တပ်ထဲဝင်သွားတဲ့
သူငယ်ချင်းရဲ့
အရိုးတွေလည်း ပါမှာပဲ။ ဒီအထဲမှာ ငါ့ငယ်ပေါင်း
တောခိုသွားတဲ့ သူငယ်ချင်းရဲ့ အရိုးတွေလည်း ပါမှာပဲ။ ဒီအထဲမှာ ငါ့အတန်းဖော် ဒို့အရေးအော်တဲ့
သူငယ်ချင်းရဲ့ အရိုးတွေလည်း ပါမှာပဲ။
ဖြစ်ပုံ
"ငြိမ်းချမ်းရေး ပို
စစ်ရေး ချို"
ဟိုတုန်းကလို။
အချစ်ကို ဗုံလိုတီး
ခေတ်ကို ငုံပြီး
ဒီ အရိုးတွေ
ငါ ပုံလိုက်မယ်။
ငြိမ်းချမ်းရေး
ယုံကြည်ရင်
ဟေ့ -
စစ်ပွဲတွေ အကုန်ရပ်။ ။
ေ အ ာ င္ ေ ဝ း
(နိုဝင်ဘာ ၃- ၂ဝ၁၈)
Related Posts:
သ တ် ပုံ ကို မှ န်ေ အာ င်ေ ရး ကြ
အခုအချိန်ဟာတိုင်းပြည်တည်ထောင်စအချိန်လားတိုင်းပြည်ပျက်တဲ့ အချိန်လား။သတ်ပုံကိုမှန်အောင်ရေးကြ။အခုကာလဟာငြိမ်းချမ်းနေတဲ့ကာလလားစစ်ပွဲတွေဖြစ်နေတဲ့ကာလလား။သ… Read More
အ စ် ကို ကြီး
REST IN POEMS OUR BIG BROTHER, COMRADE.
-------
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
ရေအကြည် မိုးအလင်း ကြာညိုနံ့သင်းတဲ့တစ်နေ့ 
ကျနော်တို့ြ… Read More
ကျေ နာ် က မ စ် ရှီ ဂ န်
ကျနော်က မစ်ရှီဂန်
နံရံပေါ်မှာ၊ ဗော်လ်ရှီဗစ်ပုံတွေကပ်လိုက်။
ကျနော်က မစ်ရှီဂန်
ပလွေသံမှာ၊ အလမ္ပယ်ဆရာကိုကခိုင်းလိုက်။
ကျနော်က မစ်ရှီဂန်
နံရံပေါ်မှာ၊… Read More
လွ မ်း တ င်း
အောင်ဆန်းဟာ တံတားဖြစ်တယ်။
အမှောင်ဘက်ကမ်းကနေ
အလင်းဘက်ကမ်းဦး
ခေတ်ကိုကူးဖို့
ကျောခင်းပေးသူ။
သူ့ ကျောပေါ်မှာ
မွန်ပြည်နယ်မွေး ကလေးတစ်ယောက်
လမ်းလှေ… Read More
ငြိ မ်း ချ မ်းေ ရး
ကတုတ်ကျင်းနက်နက်ထဲ ခေါင်းတလားမပါ အဖြူရောင်။ ။
( ေ အ ာ င္ ေ ၀ း )
… Read More
0 comments:
Post a Comment