Sunday, November 25, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၉ )





လွမ်းတယ်ဆိုတာလည်း၊ တာဝန်တစ်ခုလိုပါပဲ။

ငါက တိုင်းပြည်နဲ့လူမျိုးကို လွမ်းတယ်
ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန်
ငါ ထမ်းဆောင်နေတာပေါ့။

ဒါပေမဲ့-
တိုင်းပြည်နဲ့လူမျိုးက
ငါ့ကို လွမ်းချင်မှ လွမ်းမယ်
အရေး မကြီးပါဘူး။

ငါက ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို လွမ်းတယ်
ဒါ ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးရဲ့တာဝန်
ငါ ထမ်းရွက်နေတာပေါ့။

ဒါပေမဲ့-
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးက
ငါ့ကို လွမ်းချင်မှ လွမ်းမယ်
အရေး မကြီးပါဘူး။

ယုတ်စွအဆုံး
လူနှင်းချို ကနေ လူခါးအထိ
ငါ့ညီတွေ ငါလွမ်းတယ်။

ဒါတွေဟာ
ငါ့ပခုံးပေါ်က
သမိုင်းတာဝန်တွေ။

ငါက သမိုင်းကို
တာဝန် မပေးနိုင်ပါဘူး။

သမိုင်းကသာ
ငါ့ပခုံးပေါ်
တာဝန်တွေ တင်ပေးလိုက်တာပါ။

ငါ့ပခုံးပေါ်က အလွမ်းတွေ
လေးလံလိုက်ပါဘိ။

ကစ်ပလင်း* က
"White man's burden" တဲ့။

ငါကတော့
"Exiled man's burden" ပေါ့။

လွမ်းတယ်ဆိုတာလည်း
တာဝန်တစ်ခုပါပဲ။

တိုင်းပြည်နဲ့လူမျိုးကို ငါလွမ်းတယ်
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို ငါလွမ်းတယ်။

ငါ တာဝန်ကျေသလား
မကျေဘူးလား
... ... ... ...
ဗန်းမော်တင်အောင် မှပဲ သိတော့မယ်။ ။

* Rudyard Kipling (1865-1936)

ေ အ ာ င္ ေ ဝ း
(နိုဝင်ဘာ ၂၄- ၂ဝ၁၈)

Related Posts:

  • ၂ ၀ ၂ ၀ ( ၁ ၄ ) မိုင်းဗုံး ထောင်တာထက်မဲပုံး ထောင်တာကတိုင်းပြည် အနာသက်သာတယ်။ ။[ဥပဒေသ။ ။အနာကျက်အောင်၊ မဲပုံးက သင့်ဆီ မလာရင်၊သင်က မဲပုံးဆီ သွားပါ](ဇူလိုင် ၃၀၊ ၂၀၂၀… Read More
  • ၂ ၀ ၂ ၀ ( ၁ ၃ ) ငါတို့ဘက်က ကြည့်တော့အသည်းကြားမှာမဲပြားဟာလက်နက်။သူတို့ဘက်ကို ကြည့်တော့မဲပြားဟာငရဲလားရာထွက်သက်။ ။[ကိုးကား။ ။မဲနဲ့တိုက်တာ၊ နည်းတစ်နည်း ဖြစ်တယ်။ (စိ… Read More
  • ၂ ၀ ၂ ၀ ( ၁ ၆ ) ဒီမိုကရေစီ နဲ့စစ်အာဏာရှင်စနစ်ကကာရန် မသင့်ဘူး။လူ့အခွင့်အရေး နဲ့လူမျိုးရေးဝါဒကကာရန် မသင့်ဘူး။ရွေးကောက်ပွဲ နဲ့နာဂစ်ခြေဥကကာရန် မသင့်ဘူး။မိတ်ဆွေ ...မ… Read More
  • ၂ ၀ ၂ ၀ ( ၁ ၅ ) ကျားသေ အသက်သွင်းဘုရားရေ ...ချက်ချင်းစိုင်းလာတဲ့ မြင်း၊ ကျားခံတွင်း ရောက်အလင်း ပျောက်ခဲ့။တောလမ်း ခရီးမှာမောပန်း ကြီးစွာခြေချည်း ဗလာ၊ ကြောက်ချီး(ခ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၁ ) မှောင်နေတုန်းတံတားပေါ်မှာမှောင်နေတုန်း။ရထား လာပြီဆန္ဒတွေ စင်းလုံးပြည့်ရထား လာနေပြီ။တံတား အဖြတ်မြစ်ကရပ်ပြီးအောင်ပွဲကို မော့ကြည့်နေတယ်။မကြာခင်ရောင… Read More

0 comments: