Friday, February 5, 2021

တပ်မတော်သားအပေါင်းသို့



 
မင်းအောင်လှိုင် ည
လ မသာဘူး။
အမှောင်အောက်မှာပဲ
ကြယ်တွေက တောက်ပရတာ။
ကျည်ဆန်ခွံပေါ
စစ်နွံတော။
နွံထဲမှာပဲ
ကြာပန်းတွေ ပွင့်ရတာ။
မတရားမှုထဲမှာ
တရားမှု ရှာရ။
အမုန်းထဲမှာ
အပြုံး ရှာရ။
ဆက်ဒမ်ဟူစိန်လည်း သွားပြီ
ကဒါဖီလည်း သွားပြီ
နေဝင်းလည်း သွားပြီ။
စစ်အာဏာရှင်မှန်ရင်
သွားရတာပဲ။
မင်းအောင်လှိုင်လည်း
သွားရမှာပဲ။
ရဲဘော်တို့ရေ
လွမ်း မနေနဲ့။
ရဲဘော်တို့ရေ
(ပြည်သူ့ဆီ)
လှမ်းလေခဲ့
ပန်းသပြေနဲ့။
ပြည်သူသာ အမိ
ပြည်သူသာ အဖ
ပြည်သူသာ အဓိက။
သူငယ်ချင်းတို့ရေ
စစ်စခန်းနားမှာ
ချစ်တမ်း ကစားရအောင်။
မိတ်ဆွေတို့ရေ
စစ်တန်းလျားမှာ
ချစ်တမ်း ကစားရအောင်။    ။

အောင်၀ေး

အဖ- တပ်ကြပ်ကြီး အေးမောင် (ငြိမ်း)
ကိုယ်ပိုင်အမှတ်- ၄ ၅ ၂ ၁ ၆
အမှတ်(၂)ချင်းသေနတ်ကိုင်တပ်ရင်း
ပုသိမ်မြို့။



##


 
မင်းအောင်လှိုင် ည
လ မသာဘူး။
အမှောင်အောက်မှာပဲ
ကြယ်တွေက တောက်ပရတာ။
ကျည်ဆန်ခွံပေါ
စစ်နွံတော။
နွံထဲမှာပဲ
ကြာပန်းတွေ ပွင့်ရတာ။
မတရားမှုထဲမှာ
တရားမှု ရှာရ။
အမုန်းထဲမှာ
အပြုံး ရှာရ။
ကဒါဖီလည်း သွားပြီ
နေဝင်းလည်း သွားပြီ။
စစ်အာဏာရှင်မှန်ရင်
သွားရတာပဲ။
မင်းအောင်လှိုင်လည်း
သွားရမှာပဲ။
ရဲဘော်တို့ရေ
လွမ်း မနေနဲ့။
ရဲဘော်တို့ရေ
(ပြည်သူ့ဆီ)
လှမ်းလေခဲ့
ပန်းသပြေနဲ့။
ပြည်သူသာ အမိ
ပြည်သူသာ အဖ
ပြည်သူသာ အဓိက။
သူငယ်ချင်းတို့ရေ
စစ်စခန်းနားမှာ
ချစ်တမ်း ကစားရအောင်။
မိတ်ဆွေတို့ရေ
စစ်တန်းလျားမှာ
ချစ်တမ်း ကစားရအောင်။    ။

အောင်ဝေး

ပုသိမ်မြို့။
 

Related Posts:

  • Aung Way - Guru 1 Year Poem… … ကဲ့သို့ သော အမေ့ကဗျာများအောင်ဝေးနိုဝင်ဘာ ၂၉၊ ၂၀၀၉အမေ့အိမ်မှာကျနော်ကနံရံကိုမှီထားတဲ့ ဂစ်တာ။ဝေးသွားတဲ့အခါဒေါင်းအလံပတ်ထားတဲ့မောင်းပြန်သေနတ်ဟာကျနော်ဖြ… Read More
  • O New York!အို … နယူးယောက်အောင်ဝေးအောက်တိုဘာ ၁၆၊ ၂၀၀၉ အို ... နယူးယောက်သင့်ရဲ့ တောက်ပမှုကိုငါတို့ အသိအမှတ်ပြုပါရဲ့ ။အို ... နယူးယောက်ငါတို့ ရဲ့ တောက်ပမှုကိုလည်းသ… Read More
  • Aung Way - Kyaw Thuကျော်သူအောင်ဝေးနိုဝင်ဘာ ၁၊ ၂၀၀၉ကျော်သူ …ခု အခြေအနေကတိုင်းပြည်က နုနုမုန်တိုင်းကထန်ထန် မဟုတ်တော့ဘူး။ကျော်သူ …ခု အခြေအနေကတိုင်းပြည်က ရင့်ရင့်မုန်တိုင်းေ… Read More
  • poem from Moemakaပွဲရွေး ... ရွေး ... ပြီး ကောက်ပါကွယ်ဆွမ်းဆန်ထဲကြွက်ချေး ရောနေတယ်။ရွေး ... ရွေး ... ပြီး ကောက်ပါကွယ်စားတော်ပဲဗန်းထဲစုန်းပြူး ပါနေတယ်။ရွေး ... ရွေး ...… Read More
  • Aung Way - To Aung San Oo with Loveအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာဗိုလ်ချုပ်၏ သားဦးဦးအောင်ဆန်းဦးခင်ဗျာကျနော် ကဗျာဆရာ အောင်ဝေးရိုသေစွာ စာရေးလိုက်ပါတယ်။++++++++သားဦး အရူး တဲ့မြန်မာစကာ… Read More