Wednesday, February 3, 2021

ပြည်သူ့လွတ်မြောက်ရေး

 



ငါတို့ဟာ ကြောက်တတ်လားဟေ့။
ငါတို့ဟာ ကြောက်တတ်လားလို့
စစ်သားတွေကို မေးကြည့်ပါလား
ငါတို့ဟာ ကြောက်တတ်လားလို့။
စစ်သားတွေက
ငါတို့က သူတို့ကို မကြောက်မှာကို ကြောက်နေတယ်။
ငါတို့ဟာ ကြောက်တတ်လားဟေ့။
ငါတို့ဟာ ကြောက်တတ်လားလို့
သေနတ်ပြောင်းတွေကို မေးကြည့်ပါလား
ငါတို့ဟာ ကြောက်တတ်လားလို့။
သေနတ်ပြောင်းတွေက
ငါတို့က သူတို့ကို မကြောက်မှာကို ကြောက်နေတယ်။
ငါတို့ လုံးလုံး မကြောက်ဘူး
ဒါကြောင့် ငါတို့ လွတ်မြောက်တယ်။     ။

(စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲသို့)

အောင်ဝေး
(ဖေဖော်ဝါရီ ၄၊ ၂၀၂၁)

##

ျပ ည္ သူ ့လြ တ္ ေ ျမ ာ က္ ေ ရ း

 
ငါတို့ဟာ ေၾကာက္တတ္လားေဟ့။
ငါတို့ဟာ ေၾကာက္တတ္လားလို့
စစ္သားေတြကို ေမးၾကည့္ပါလား
ငါတို့ဟာ ေၾကာက္တတ္လားလို့။
စစ္သားေတြက
ငါတို့က သူတို့ကို မေၾကာက္မွာကို ေၾကာက္ေနတယ္။
ငါတို့ဟာ ေၾကာက္တတ္လားေဟ့။
ငါတို့ဟာ ေၾကာက္တတ္လားလို့
ေသနတ္ေျပာင္းေတြကို ေမးၾကည့္ပါလား
ငါတို့ဟာ ေၾကာက္တတ္လားလို့။
ေသနတ္ေျပာင္းေတြက
ငါတို့က သူတို့ကို မေၾကာက္မွာကို ေၾကာက္ေနတယ္။
ငါတို့ လုံးလုံး မေၾကာက္ဘူး
ဒါေၾကာင့္ ငါတို့ လြတ္ေျမာက္တယ္။     ။

(စစ္အာဏာသိမ္းမွဳဆန့္က်င္ေရးတိုက္ပြဲသို့)
ေ အ ာ င္ ေ ၀ း
(ေဖေဖာ္၀ါရီ ၄၊ ၂၀၂၁)

Related Posts:

  • တစ္ဆေပေါင်မုန့် " xxx လူ့ဘဝက သိပ်တိုတယ် xxx"ဟန်ထွန်းသီချင်းလေးအတူဆိုရအောင်။ဝင်ခဲ့ပါမေရီအင်တွိုင်းနက်တံခါးကို ဖွင့်ထားပါတယ်။ဝင်ခဲ့မေရီအင်တွိုင်းနက်ရေဝင်ခဲ့။ဒီညမှ… Read More
  • မေတ္တာပို့ နာဂစ်ကပ်ဘေးတုန်းက တစ်ခါတိုင်းပြည်ကို သတ်တယ်။အခု ကိုဗစ်ကပ်ဘေးမှာ တိုင်းပြည်ကိုတစ်ခါ သတ်ပြန်ပြီ။အဓမ္မဝါဒီတွေ ကျရှုံးပါစေ။အောင်ဝေး(ဖေဖော်ဝါရီ ၁၊ ၂၀၂၁)##ေ… Read More
  • အိပ်မက်အနံ့(Zawgyi-One below) ဒွန်အိပ်မက်ထဲမှာ အနံ့တစ်ခုရတယ်ဒွန်။မြစ်တွေမှာ အနံ့ရှိသတဲ့မြစ်တွေမှာ အနံ့ရှိတယ်လို့မြန်မာကဗျာဆရာတစ်ယောက်ကပြောတယ်။မောင်သာချိုပေါ… Read More
  • လ ရောင် မြ မြဖီဒယ်တော်လှန်ရေးဆိုတာမာလင်ငါးကြီးအရိုးကျတာ မဟုတ်ဘူး။ဖီဒယ်ဒီညမင်းရဲ့ဂူဗိမာန်မှာလသာနေသလား။မင်းရဲ့ဝိညာဉ်ပေါ်မှာလသာနေသလား ဖီဒယ်။ဝက်ပင်လယ်အော်မှာကာရစ်ဘီယံပ… Read More
  • တောပြဇာတ်  ညဦးကျောင်းကဝတ်တက်မောင်း ခေါက်ပြီ။တာခွမှာသာဝကြီးကြောက်ပြီး အူနေတုန်း။     ။အောင်ဝေး(၁၊ ၂၆၊ ၂၁)##ေ တ ာ ျပ ဇ ာ တ္ ညဦးေက်ာ… Read More

0 comments: