Sunday, December 30, 2012

2 0 1 2 နှ စ် ချု ပ် - 2 0 1 3ေ ဟာ ကိ န်း




 

( စ ) ပြ ည် တွ င်း စ စ်   မီး ေ တ ာ

ေ တာ် လှ န် ေ ရ း   သ ာ း ေ လွ် ာ

ဒီ မို က ေ ရ စီ    ေ ရ ေ မ် ာ

ပြ ည်ေ တာ် ပြ န်    ေ ပ ါ ေ လ ာ

---    ---    ---   ---

ငြိ မ်း ချ မ်း ေ ရ း   ဒု ေ ကၡ ာ ။ ( ဆုံ း )

Friday, November 16, 2012

ခ က် သ င်


 
 
အို … ခက်သင်။
ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။

နူရာဝဲစွဲ
လဲရာသူခိုးထောင်း
ဘ၀ မကောင်းလိုက်ပုံများ
ကံဆိုးမသွားလေရာ
မိုးလိုက်လို့ ရွာသလား ခက်သင်။

မျက်မမြင်တွေကမှ
နားရွက်နဲ့ 
မြင်နိုင်ကြသေးရဲ့။

ခက်သင်မှာ
မြင်နိုင်စရာလည်း နားမရှိတော့
ကြားနိုင်စရာလည်း မျက်စိမရှိတော့။

မှောင်အတိကျ
ဆွံ့ အ
ဘယ်လိုမှ မငြင်းဆန်နိုင်ဘူးတဲ့လား
အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးနဲ့မှ
ညားလေရသလား
သတို့သမီး ခက်သင်။

“ပြည်ထဲရေးနှင့်
ဝမ်းရေးတို့ ထက်
လွမ်းရေးခက်၏” တဲ့။

ခက်သင်အတွက်တော့
“ခက်သမျှကို” ပတ်ပျိုး
တယောကလေးထိုး
ကံကိုယိုးမယ်ဖွဲ့ 
ခိုကိုးရာမဲ့ရမှာလား ခက်သင်။

ငလျင်ထက် ဆိုးတဲ့အရာတွေ
ရှေ့မှာရှိသေးတယ်။

သမိုင်းမကွေးခင်
ရွက်ပြင်တော့
တက်နှင်လော့ ခက်သင်။

ဖီးနစ်ငှက်ဟာ ဘယ်တော့မှ သူ့ ဝိညာဉ်ကို
မီးအလောင်မခံဘူး။
အို … ခက်သင်။      ။

 (စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာနှင့် အလားတူဘ၀များစွာသို့ …)

Sunday, November 4, 2012

၂ ၁ ရာ စု ဂ ဠု န် ညီ လာ ခံ

 
“လသာ” မှာ
လ မသာဘူး။
လသာကို
ဂဠုန်ဆရာစံ လာတယ်။

ဂဠုန်ဆရာစံ
ဝါ၀ါဝင်းကုမ္မဏီထဲ ၀င်သွားတယ်။

ဂဠုန်ဆရာစံ
ပြန်ထွက် မလာတော့ဘူး။

ဂဠုန်ဆရာစံ
အင်္ဂလိပ်အစိုးရလက်ထက်မှာ တစ်ခါသေတယ်။

ဂဠုန်ဆရာစံ
အခု တစ်ခါသေတယ်။

လ မသာတဲ့
“လသာ”

ဒီမှာ
၂၁ ရာစု ဂဠုန်ညီလာခံ
တစ်က ပြန်စမယ်။ 

 သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

Saturday, October 27, 2012

P H O E N I X – 2




ဗ န်းေ မာ် တ င်ေ အာ င် နှ င့် ကြီး ပြ င်း ခဲ့ေ သာ ဖီး န စ် ငှ က် များ ( အပိုင်း – ၂ )
အောင်ဝေး၊ အောက်တိုဘာ ၂၈၊ ၂၀၁၂
” လူတစ်ယောက်ရဲ့ တန်ဖိုးကို
သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက
သူ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို
သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ 
တိုင်းတာရမှာပဲ “
                       ဗန်းမော်တင်အောင်(၁၉၂၀-၁၉၇၈)
                       [ မကွယ်လွန်မီ သားအားပြောကြားချက်များ မှ ]
            ဆရာဗန်းမော်တင်အောင်ကို ကျနော်တို့ ချစ်တာဟာလည်း၊ လွမ်းစရာကောင်းလို့ ပါ။
            “ကျနော့်မှာ အတ္တဆိုလို့  မခင်ဦးကိုချစ်ခဲ့မိတာ တစ်ခုပဲ ရှိပါတယ်ဗျာ“ တဲ့။ သူ့ အတ္တကလည်း နည်းလွန်လွန်း လိုက်တာနော်။ ဆရာဗန်းမော်တင်အောင်ဟာ တကယ့်ကိုပဲ သူတော်စင်တစ်ဦး၊ လူဘုန်းကြီးတစ်ပါး လိုပါ။ ဆရာဗန်းမော်တင်အောင်နဲ့ ပတ်သက်လို့ လွမ်းစရာတစ်ခုကလည်း ဆရာ့ သားကြီး(ကျနော်တို့ ရဲဘော်) ကိုဗဟိန်းအောင် တစ်ဆင့်ပြန်ပြောပြလို့ ကြားခဲ့ရဖူးပါတယ်။
            ၁၉၄၅။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ ဆိုပြီး၊ “ဖတပလ“ ဖွဲ့ လို့ ၊ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲကြတော့၊ သခင်ဗဟိန်းက တိုင်းရင်းသားလူမျိုးစုနွယ်များ စည်းရုံးရေးတာဝန် (၁၉၁၇၊ လီနင်တို့ ရဲ့ ရုရှားပြည် မဟာအောက်တိုဘာ တော်လှန်ရေးမှာ၊ စတာလင်ဟာ ဒီတာဝန်မျိုးယူခဲ့တယ်) နဲ့ ပဲခူးရိုးမက ကရင်တိုင်းရင်းသားတွေကိုစုစည်း
ပြီး၊ ပြောက်ကျားစစ်ပွဲနွှဲကြတော့၊ ဆရာဗန်းမော်တင်အောင်က ကိုဗဟိန်းခေါ်လို့  ရိုးမပေါ်တက်လိုက်သွား ပါတယ်။
            ဆရာ့ ဇနီးဒေါ်ခင်ဦးနဲ့ သမီးငယ် ကလေးအရွယ်လေးတွေက မျက်စိသူငယ်၊ နားသူငယ်နဲ့ အားငယ်ပြီး တောင်ငူမှာကျန်ရစ်ခဲ့ကြတာပါ။ တစ်နေ့ ရန်သူလေယာဉ်ကလား၊ မဟာမိတ်လေယာဉ် ကလား ဗုံးကြဲတော့၊ ဗုံးဆန်က သူတို့ သားအမိ ပုန်းခိုနေတဲ့ ဗုံးခိုကျင်းထိပ်တည့်တည့် ကပ်ပြီးကျလေတော့၊ ဆရာ့ သမီးအကြီးမလေးခမျာ၊ တစ်သက်လုံးနားပင်းသွားခဲ့ရပါရောလား။
            ဖက်ဆစ်တော်လှန်ရေးကြီးပြီးဆုံးသွားတဲ့အခါ၊ တစ်နေ့ မှာတော့၊ ဒေါ်ခင်ဦးတို့ သားအမိတွေရှိနေတဲ့ နေရာကို၊ လူတစ်ယောက် မြင်းဖြူကြိးတစ်ကောင်ကို အကျအနစီးလို့ ရောက်လာပါသတဲ့။ ရုတ်တရက်တော့ ဒေါ်ခင်ဦးရော၊ ကလေးတွေရော ဘယ်သူမှ မမှတ်မိကြဘူးတဲ့။ နောက်တော့မှ မြင်းဖြူကြီးပေါ်ကလူက မျက်ခုံးထူထူကြီး ၀င့်ပြီးပြုံးပြလိုက်တော့မှ ဆရာဗန်းမော်တင်အောင်ကို မှတ်မိကြတော့တယ်တဲ့။ မိသားစုပြန်လည် ပေါင်းဆုံခန်းဟာ လွမ်းမောစရာပါ။ ဒါ့ ထက်ပိုပြီး လွမ်းမောကြေကွဲစရာကောင်းတာက၊ ပြောက်ကျားစစ်ပွဲမှာ သေအတူ ရှင်မကွာ တိုက်ပွဲဝင်လာတဲ့၊ ရဲဘော်ရဲဘက်မြင်းဖြူကြီးကို၊ မိသားစုလက်ငင်းစားစရာမရှိလို့ ၊ တခြား လူလက်ထဲရောင်းစားလိုက်ရတဲ့အဖြစ်ပါပဲ။
            လွမ်းပြီးမောစရာပါ။ ကြေပြီးကွဲစရာပါ။ ဆရာဗန်းမော်တင်အောင်ရဲ့ နာမည်ကျော် “ရိုးမတိုက်ပွဲ“ (၁၉၆၃) ၀တ္ထုဟာ၊ ဒီ ပဲခူးရိုးမပေါ်က ကိုဗဟိန်းနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ပြောက်ကျားစစ်ပွဲ အတွေ့ အကြုံတွေ ထင်ဟပ်တယ်လို့ ယူဆကြပါတယ်။
            ကျနော်တို့ မျိုးဆက်ဟာ အဲဒီလို “ဗ“ ငါးလုံးနဲ့ ၊ နေ၀င်း-စန်းယု စစ်အာဏာရှင်စနစ်ခေတ်ကြီးထဲမှာ လူဖြစ်ကြီးပြင်းလာခဲ့ကြတာပါပဲ။ ကျနော်တို့ မျိုးဆက်ခေတ်မှာ ဘယ်လိုမှပြန်လည်ဖွဲ့ စည်းလို့ ၊ ပြန်လည်ထူ ထောင်လို့  မရခဲ့တဲ့ “ဗကသ“ ကို၊ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ကျောင်းသားခေါင်းဆောင်တွေက၊ ရာဇ၀င်တွင်လောက်အောင် ပြန်လည်ဖွဲ့ စည်းထူထောင် နိုင်ခဲ့ကြတာကိုတော့၊ ကျနော်တို့ မျိုးဆက်က ရိုးသားစွာပဲ အလေးပြုရပါတယ်။
            နေ၀င်း-စန်းယု စစ်အစိုးရလက်ထက်၊ ခေတ်အဆက်ဆက် ကျောင်းသားတွေ အစိုးရဆန့် ကျင်ရေး၊ နိုင်ငံရေးလုပ်လို့ အဖမ်းခံရပြီဆိုရင်တော့လား၊ စစ်ထောက်လှမ်းရေးတွေဆီက
“မင်းတို့ ဗကပ သြဇာခံကျောင်းသားတွေ“
ဆိုပြီး၊ သူများတွေထက် ပါးတစ်ချက်ပိုအရိုက်ခံရပါတယ်။ ဟုတ်တယ်။ ကျနော်တို့ တွေဟာ
“ဗထက်ခြိုက်“တွေပဲ။
“ဗထက်ခြိုက်“တွေမို့ လို့ လည်း၊ စစ်အာဏာရှင်အစိုးရကို၊ ဖောင်ဖျက်ပြီးတိုက်ပွဲဝင်ရဲ ကြတာပေါ့ ။
            အဲဒီလို ကျနော်တို့ ရှေ့ ကနေ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်အစိုးရကို ဖောင်ဖျက်ပြီးတိုက်ခဲ့တဲ့၊ ကျနော်တို့ ရဲ့ သူရဲကောင်းကြီး၊ လင်းယုန်ကြီး ဆရာဗန်းမော်တင်အောင် ကွယ်လွန်သွားတဲ့အခါကျတော့ ကျနော်က ၁၉၇၆ မတ်လ၊ ပုသိမ်ကောလိပ်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေနဲ့ ပုသိမ်အကျဉ်း ထောင်ထဲမှာပါ။
            နရသိန်ထဲမှာ၊ ညပေါင်း (၁၀၀၀) နီးပါး ဖြတ်သန်းခဲ့ပြီးတဲ့နောက်…။
            ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ ။ နောက်တစ်နေ့ ဆိုရင်၊ ကျနော်ထောင်ကလွတ်တော့မယ်။ “ဘုတ်“လည်းတိုက်ပြီးပြီ။ လွတ်ရက်လည်းသေချာပြီ။ နောက်မှုလည်းဘာမှမရှိ။ ဒီတော့ အောက်တိုဘာ (၂၅)ညနေ တန်းပိတ်ပြီးချိန်ကစလို့ ၊ ထောင်နှစ်ရှည်ကျနေတဲ့ ကရင်သူုပုန် အဖွဲ့ တွေကို ကျနော် နှုတ်ဆက် စကားပြောနေတဲ့ အချိန်။ ဒီအချိန်မှာ၊ တစ်ထောင်လုံး၊ အဆောင်တကာ့ အဆောင်လှည့်လာတဲ့ သတင်းစာက၊ ကျနော်တို့ ဆေးရုံအဆောင်ပေါ်ကိုရောက်လာပါတယ်။ ထုံးစံအတိုင်း တခြားအကျဉ်းသားတွေက၊ ကျနော်တို့  ကျောင်းသားတွေကို အရင်ဦးစားပေး ဖတ်ခွင့်ပြုထားတာဆိုတော့၊ ကျနော် သတင်းစာကောက်ယူပြီးလုပ်နေကျ နာရေးစာမျက်နှာကို အရင်လှန်ကြည့်လိုက်တဲ့အခါ၊
“သတင်းစာဆရာ၊ စာရေးဆရာ ဗန်းမော်တင်အောင်၊ အသက်(၅၈)နှစ်“ ဆိုပြီး၊ ဆရာဗန်းမော်တင်အောင် ကွယ်လွန်တဲ့နာရေးကြော်ငြာကို တွေ့ လိုက် ရပါတော့တယ်။
ကမ္ဘာကြီးဟာ အိုးထိန်းစက်ကဲ့သို့ လည်တယ်ဆိုတာ အဲဒီအခိုက်အတန့် မျိုးပါပဲ။ ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့ ၊ ရန်ကုန်ဆေးရုံကြီးပေါ်မှာ၊ ဆရာ ကွယ်လွန်ခဲ့ပါပြီကောလား။
            ကျနော် ဖြေမဆည်နိုင်တော့ပါဘူး။ ကျနော်တို့ ရဲ့ အိပ်မက်ရွှေတောင်ကြီးပြိုလဲသွားပါပြီ။ ဆရာဗန်းမော်တင်အောင် ပထမအကြိမ် ဆေးရုံတက်နေရတဲ့အချိန်တုန်းက၊ ကျနော်တို့ ဆရာ့ ဆီကို။ ထောင်ထဲကနေ စာခိုးထုတ်ပြီး ရောက်အောင်ပို့ ခဲ့တယ်။ ဆရာ့ ဆီက၊ လူငယ်တွေ သူ့ ကို နားလည်တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဆေးရုံပေါ်ကနေ အကြောင်းပြန်တဲ့စကားကို၊ ကျနော်တို့ ထောင်ဝင်စာလူကြုံကနေတစ်ဆင့် ကြားခဲ့ရတာပါ။
            အဲဒီအချိန်က ထောင်ကလွတ်ခါနီးဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ၊ ထောင်ကလွတ်ရင် လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ အရှေ့ မြောက်ပိုင်းကိုပဲသွားရမလား၊ ဒါမှမဟုတ် ယဉ်းကျေးမှု စစ်မျက်နှာကတိုက်ဖို့ ၊ ရန်ကုန်တက် စာရေးဆရာလုပ်ရမလား၊ ကိုယ့်ဘာသာကိုယ် ဝေခွဲမရ ဖြစ်နေကြတဲ့အချိန်ပါ။
            အရှည်လျားဆုံးညရဲ့ အမှောင်ဆုံးချောက်ကမ်းပါးကိုလွန်မြောက်ပြီးတဲ့နောက်၊ နောက်တစ်နေ့ ၊ အောက်တိုဘာလ(၂၆)ရက်နေ့ ၊ မွန်းလွဲ(၂)နာရီလောက်မှာ ကျနော့်ကို ပုသိမ်အကျဉ်းထောင်ထဲက လွှတ်ပေးလိုက်ပါတယ်။ ထောင်ကလွတ်လွတ်ချင်း အိမ်ပြန်၊ အမေ့ကိုကန်တော့ပြီး( အဖေက ကျနော့်ကြောင့် ရာထူးကျပြီး၊ ကချင်ပြည်နယ် ချီဖွေ-လောခေါင်ဘက် စစ်ဆင်ရေးထွက်နေရပါတယ်) အဲဒီညနေ မီတဲ့သင်္ဘောနဲ့ ကျနော် ရန်ကုန်တက်လာခဲ့ပါတယ်။
            သင်္ဘောပေါ်မှာ စစ်ထောက်လှမ်းရေးနှစ်ယောက်၊ ကျနော့်အနားက ပါလာတယ်။ ရန်ကုန်ဆိပ်ကမ်းကပ်တော့၊ အဲဒီ ထောက်လှမ်းရေးနှစ်ယောက်က၊ ကျနော့်ကို တောင်ဥက္ကလာပ၊ (၁၃)ရပ်ကွက်၊ မင်္ဂလာလမ်း၊ ဆရာဗန်းမော်တင်အောင်အိမ်ကိုသွားဖို့ ၊ သူတို့ ကိုယ်တိုင် လေးဘီးကားငှားပေးလိုက်ကြတာပါပဲ။ အဲဒီလို ကျနော့်ကို ထောက်လှမ်းရေး ၂ ယောက်က လိုက်လံစောင့်ရှောက်ခဲ့တဲ့ခရီးပါ။
            တိုတိုပြောရရင်၊ အောက်တိုဘာလ(၂၇)ရက်၊ ကြံတောသုသန်က ဆရာဗန်းမော်တင်အောင်ရဲ့  ဈာပနကို ကျနော်တက်ရောက်နိုင်ခဲ့ပါတယ်။ ဆရာ့ ကို နောက်ဆုံး အလေးဂါရ၀ပြုခဲ့ရပါတယ်။ အဲဒီအချိန် ကျနော်တို့ အရင် အင်းစိန်အကျဉ်းထောင်ကလွတ်ခဲ့ကြတဲ့၊ ဆရာ့ သား ကိုဗဟိန်းအောင်တို့ ၊ ကိုကျော်ဇောအောင်တို့ နဲ့ အတူ၊ ထောင်ထွက်သူပုန်ကျောင်းသားတွေ၊ တစ်နည်းပြောရရင် “ဗထက်ခြိုက်“တွေ၊ ဆရာ ဗန်းမော်တင်အောင်ဈာပနမှာ ထုနဲ့ ထည်နဲ့ ပြန်လည်စုစည်းနိုင်ခဲ့ကြပါတယ်။
            ဆရာ့ ဈာပနပြီးတော့၊ ကျနော် ပုသိမ်ကိုပြန်လာပါတယ်။ တပ်ထဲကအိမ်မှာ (ဒီတုန်းက အဖေ့တပ်က ချင်း သနက-၂ ပါ။ အခုတော့ ခမရ-၃၀၈ ဖြစ်သွားပြီလို့ ဆိုတယ်) ကျနော် ခဏနားတယ်။ သိပ်မကြာလိုက်ဘူး။ မြစ်ဝကျွန်းပေါ်တိုင်းပြန်လည်တည်ဆောက်ရေးအတွက်၊ တွဲဖက်ကျောင်းဆရာတွေ ၀င်လုပ်ကြရမယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့ ကျနော် မြောင်းမြနဲ့  လပွတ္တာဘက်ကိုထွက်လာခဲ့ပါတယ်။
            လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောလည်းမခိုဖြစ်။ စာရေးဆရာလုပ်ဖို့ ရန်ကုန်လည်းမတက်ဖြစ်။
            ဒါပေမဲ့…၊ စစ်အာဏာရှင်စနစ်ခေတ်ကြီးက မညှာမတာ ရိုက်ပုတ်လိုက်ပြန်လေတော့၊ ၁၉၈၂-ပထမ အကြိမ် ဗကပ ယူဂျီအပေါက်မှာ၊ ကျနော်ပါမသွားဘဲ၊ နယ်ကနေ အသာကလေးလစ်လာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ မဟာဝိဇ္ဖာ နောက်ဆုံးနှစ်တက်နေခဲ့တာ၊ အဲဒီအချိန်မှာပဲ၊ မမျှော်လင့်ဘဲ၊ ကျနော် ကဗျာဆရာဖြစ်ဖို့ အခွင့်အလမ်းကြုံခဲ့ရတာပါပဲ။
            ဒီတုန်းက၊ လှည်းတန်း၊ စံရိပ်ငြိမ်(၆)လမ်း၊ ယုဒသန်ရိပ်သာအနီး၊ (၆၀၃) ခြံကြီးရှေ့ က၊ ကိုမောင်မောင်၊ မကြည်ဝင်းတို့ နှစ်ထပ်အိမ်ကလေး၊ အောက်ထပ်မှာ၊ ကျနော်တို့ ၊ နေမျိုးဇော်(မင်းညိုစင်)တို့ ၊ ထူးအိမ်သင်တို့ အတူနေခဲ့ကြတဲ့ရက်တွေဟာ၊ ဗန်းမော်တင်အောင်ကို လွမ်းဆွတ်တမ်းတခဲ့ရသောနေ့ ရက်တွေပါပဲ။
            ကျနော်တို့ စိတ်ထဲမှာ တိမ်းတိမ်းပွေပွေနဲ့ အားငယ်မိတဲ့အခါ၊ ကြံတောသင်္ချိုင်းထဲက၊ ဆရာဗန်းမော်တင်အောင်ရဲ့ အုတ်ဂူမှာ သွားသွားထိုင်တတ်ခဲ့ကြပါတယ်။ ဆရာ ဗန်းမော်တင်အောင်ရဲ့ အုတ်ဂူက ပြန်လာရင်၊ ကျနော်တို့ ဟာ၊ ဖီးနစ်ငှက်တွေအဖြစ်နဲ့ အင်အားသစ်တွေ ၀င်လာခဲ့တာပါ။
            ဒီ အိမ်ကလေးကပဲ၊ နေမျိုးဇော်က အရှေ့ မြောက်ပိုင်းစစ်ဒေသကို တောခိုသွားခဲ့တယ်။ ထူးအိမ်သင်က သီချင်းရေးဆရာ၊ အဆိုတော်ဖြစ်လာခဲ့တယ်။ အောင်ဝေးက ကဗျာဆရာဖြစ်လာခဲ့တယ်။    ။
( ပြီးပါပြီ )
အောင်ဝေး
၁၀-၂၆-၁၂။ 

Friday, October 26, 2012

P H O E N I X

ဗ န်းေ မာ် တ င်ေ အာ င် နှ င့် ကြီး ပြ င်း ခဲ့ေ သာ ဖီး န စ် ငှ က် များ ( အပိုင်း-၁ )
အောင်ဝေး၊ အောက်တိုဘာ ၂၆၊ ၂၀၁၂
 
” ကျနော့်မှာ အတ္တဆိုလို့  မခင်ဦးကို ချစ်ခဲ့မိတာ တစ်ခုပဲ
ရှိပါတယ်ဗျာ ”
ဗန်းမော်တင်အောင်(၁၉၂၀-၁၉၇၈)
            ကျနော်တို့ မျိုးဆက်ဘ၀သည်၊ ” ဗ ” ငါးလုံးနှင့် ကြီးပြင်းလာခဲ့ရခြင်းဖြစ်သည်။ ထို” ဗထက်ခြိုက် ” ငါးလုံးထဲတွင်၊ ဆရာဗန်းမော်တင်အောင်လည်းပါဝင်လေသည်။
            ကျနော်တို့ ကျောင်းသားဘ၀မှာ အိပ်မက်တွေ အများကြီးရှိခဲ့သည်။ ကျနော်တို့ မှာ ကျနော်တို့  လေးစား အားကျ အတုယူခဲ့ရသော အလွမ်းဇာတ်တွေလည်း တစ်လှေကြီးရှိခဲ့တာပါ။
            ကျနော်တို့ ငယ်ငယ် ကျောင်းသားဘ၀မှာ၊ ပထမဆုံးအကြိမ် အကျဉ်းထောင်ထဲ ရောက်သွားကြသည်။ ၁၉၇၆ မတ်လ၊ ပုသိမ်ကောလိပ်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေနှင့်။
အခုရရှိထားကြတဲ့ နာမည်တွေနဲ့ ပဲ အတိတ်ကိုပြန်လှန်ရရင်၊ ဒီတုန်းက ပုသိမ်ထောင်ထဲမှာ၊ စိုးအိမ်၊ စိုးနေလင်း၊ မြေနု၊ ကျနော်တို့ တွေ အတူတူ။ ကျနော်တို့ ချင်း အယူအဆရေးရာ(လက်ဝဲအယူအဆပါ) ဆွေးနွေးငြင်းခုန်ကြတဲ့အခါ၊ စိုးအိမ်က ကျနော့်အယူအဆကို ပျော့တယ်၊ နုတယ် ဆိုပြီး၊ ဒါကို သူကအားမရချင်ဘူး။
ဒီတော့ စိုးအိမ်က ကျနော့်အပေါ် ”ဒီကောင်က ဒဂုန်တာရာနဲ့ သခင်ဗဟိန်း စပ်ဖောက်ထားတဲ့ကောင်“လို့  ကောတတ်သည်။
            ကျနော်တို့ ချစ်သည့် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို ကျနော်တို့ ဘ၀တွေထဲမှာ၊ ရင်ဘတ်ထဲ  ထည့်ထား တတ်ကြတာမဟုတ်လား။ ကျနော်တို့ ကိုဗဟိန်းကိုချစ်တဲ့အထဲမှာ အနုပညာဆန်တာလည်း ပါသည်။ ရောမန်တစ်ဖြစ်တယ်ပေါ့ ။ ရောမန်တစ်ဖြစ်တယ်ဆိုတဲ့သူက “တော်လှန်ရေးဖြစ်“ တဲ့အခါ၊ ကျနော်တို့ လူငယ်ဘ၀မှာ အားကျမဆုံးတော့။ လေးစားမဆုံးတော့။
            ၁၃၀၀ ပြည့်အရေးတော်ပုံကြီးပြီးလို့ ၊ ၁၉၃၉ အင်္ဂလိပ်အခက်၊ ဗမာ့အချက်၊ နိုင်ငံခြားက လက်နက် အကူအညီ၊ စစ်ရေးအကူအညီရှာဖို့ ၊ တကသ ယူနီယံ အဆောက်အအုံထဲက ထွက်လာတဲ့မျှော်လင့်ချက်တွေနဲ့ ။ ကိုဗဟိန်းနဲ့ ဆရာဒဂုန်တာရာတို့ နှစ်ယောက်၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဥက္ကဋ္ဌမော်တို့ နဲ့ ဆက်သွယ်ဖို့ ၊ တရုတ်-ဗမာနယ်စပ် ယူနန်ပြည်နယ်ဘက်ကိုထွက်ခဲ့ကြတယ်။
            ရှမ်းပြည် အရှေ့ မြောက်ပိုင်း၊ လားရှိုးလမ်းမကြီးပေါ်မှာလို့ ဆိုတယ်။ တစ်ညသား လကလည်း အလွန် သာနေတယ်။ ကိုဗဟိန်းက အင်းလျားမှာကတည်းက လသာရင် လရောင်ကိုခံစားနေကျ။
ဒီတုန်းမှာ ကိုဗဟိန်းဆီက ”ကိုဌေးမြိုင်“ တဲ့။(ဆရာဒဂုန်တာရာ ရဲ့ နာမည်ရင်းက ဌေးမြိုင်ပါ) “ဒီလို လသာနေတော့ ကျနော့်စိတ်ထဲမှာကြည်နူးချမ်းမြေ့လာတယ်ဗျာ“
            ဆရာဒဂုန်တာရာက၊ အင်း…ကိုဗဟိန်းတော့ ရန်ကုန်မှာကျန်ရစ်တဲ့ သူ့ ရည်းစား မခင်ကြီးအကြောင်း ပြောတော့မှာပဲလို့ ထင်လိုက်သတဲ့။ ဒီလိုထင်ရအောင်လည်း၊ သူနဲ့ ကိုဗဟိန်း အထက်ဗမာပြည်ကို၊ အညာဆန် သင်္ဘောကြီးနဲ့ တစ်မြို့ ဝင် တစ်မြို့ ထွက် စည်းရုံးရေးခရီးထွက်ကြတော့၊ ရန်ကုန်ကနေ ဆရာဒဂုန်တာရာ ၀ယ်လာတဲ့ စာရေးစက္ကူ၊ စာအိတ်နဲ့ တံဆိပ်ခေါင်းတွေ၊ ကိုဗဟိန်း သူ့ ရည်းစားမခင်ကြီးဆီ၊ စာအစောင်စောင်ရေး၊ ရောက်ရာဆိပ်ကမ်းမှာ စာတိုက်ပုံးထဲထည့်နဲ့ ၊ မန္တလေးမရောက်ခင် ပြောင်ပါရောလား။ ဒါကြောင့်ပဲ၊ ဆရာ ဒဂုန်တာရာ လားရှိုးလမ်းညမှာ၊ ကိုဗဟိန်း မခင်ကြီးဋီကာချဲ့ တော့မယ်လို့ ထင်မှာပေါ့ ။ သို့ သော်၊ ဒါပေမဲ့…။
            ” ဒီတော့ဗျာ၊ ကိုဌေးမြိုင်၊ ဒီလိုကြည်နူးချမ်းမြေ့နေတဲ့အချိန်မှာ ခင်ဗျားနဲ့ ကျနော်၊ လီနင်ရဲ့ အစိုးရနဲ့  တော်လှန်ရေးစာအုပ်အကြောင်း ဆွေးနွေးရအောင်“
            သေဟဲ့ နန္ဒိယ။ ဆရာဒဂုန်တာရာ ပက်လက်လန်ခဲ့မှာသေချာတယ်။ ကျနော်တို့ လည်းပက်လက်လန်  သွားတာပါပဲ။ ဟုတ်တယ်မဟုတ်လား။ ကဲ…ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်တဲ့ ကိုဗဟိန်းပါလဲ။ လရောင်ထဲမှာမှ သူုက State and Revolution ကျမ်းကိုဆွေးနွေးချင်နေပြန်သတဲ့။ လွှတ်လှသပေါ့ ။ ဒါက ကျနော်တို့ ချစ်ခဲ့၊ လေးစားခဲ့တဲ့၊ တကသ။ ဗကသ ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းပဲ။
            နောက်တစ်ယောက်၊ ကျနော်တို့ အသည်းစွဲ။ သူက ဗိုလ်ချုပ်အောင်းဆန်းပဲပေါ့ ။ ဗိုလ်ချုပ်ကိုတော့ ကျနော်တို့ က၊ ဆရာဒဂုန်တာရာရဲ့ “အောင်ဆန်း(သို့ မဟုတ်)အရိုင်း“ကိုဖတ်ပြီး ပိုနားလည်သွားတယ်။ ပိုပြီးလည်းချစ်လာတယ်။ ဗိုလ်ချုပ်ကိုယ်တိုင် သူ့ အတ္ထုပ္ဖတ္တိထဲမှာ “အရိုင်းသည် လွတ်လပ်၏။ ရဲရင့်၏။ ဖြောင့်မတ် တည်ကြည်ရိုးသား၏“ လို့ ရေးခဲ့ဖူးတာပဲ။
            ဗိုလ်ချုပ်ကိုကျတော့ ကိုဗဟိန်းနဲ့ မတူ၊ တော်လှန်ရေးဖြစ်တယ်လို့ အရင်မြင်ကြတယ်။ ကြမ်းတယ်လို့  ဆိုတာပါ။ ဒါပေမဲ့ ဒီလိုကြမ်းတယ်၊ တော်လှန်ရေးဖြစ်တယ်လို့ မြင်တဲ့သူက “ရောမန်တစ်ဖြစ်“ ဖြစ်သွားတဲ့အခါ ကျပြန်တော့လည်း…။
            ဂျပန်ခေတ်ကြီးထဲမှာ။ အင်္ဂလိပ်အပြေး၊ ဂျပန်အ၀င်၊ ရွှေတောင်ကြားက အိမ်ကြီးတစ်လုံးထဲမှာ။ ဆရာ ဒဂုန်တာရာတို့ လူငယ်တစ်သိုက် စန္ဒရားတီး၊ အချစ်သီချင်းတစ်ပုဒ်ဆိုနေကြတဲ့အချိန်။ ဗိုလ်ချုပ်အောင်ဆန်း ၀င်လာပြီး၊ ဘာမပြော ညာမပြော ဗြုန်းဆို  “ဟေ့လူတွေ၊ တော်ကြစမ်း၊ ဒီအချိန်က ချစ်တာကြိုက်တာတွေ ဆိုရ မယ့်အချိန်မဟုတ်ဘူး။ ရဲစိတ်ရဲမာန်တက်မယ့် သီချင်းတွေဆိုရမှာဗျ“
            ဗိုလ်ချုပ်က သူပြောချင်တာပြောပြီး ပြန်ထွက်သွားရော။ အခန်းထဲကလူတွေ အံ့အားသင့်ပြီးကျန်ရစ်ခဲ့တာပေါ့ ။ ဒါပေမဲ့ ဘယ်သူကမှ ဗိုလ်ချုပ်အပေါ်စိတ်မဆိုးကြ၊ မငြိုငြင်ကြဘူး။ ဒီလိုနဲ့ နောက်တော့၊ ဗိုလ်ချုပ်အောင်ဆန်းလည်း၊ ဒေါ်ခင်ကြည်နဲ့ အိမ်ထောင်လည်းကျရော၊ တစ်နေ့ သားပေါ့ လေ၊ ဆရာဒဂုန်တာရာ စန္ဒရားတီးနေတဲ့အနားလာပြီး၊ ညင်ညင်သာသာကလေးနဲ့ “ ကိုဌေးမြိုင်၊ ကဉ္စနသီချင်းတီးစမ်းပါဗျာ“ လို့ ပြောပါသတဲ့။
            အခုတော့ ကျနော်တို့ ဗိုလ်ချုပ် နူးညံ့သိမ်မွေ့ လို့ သွားပါပြီ။ အရိုင်းမဟုတ်တော့ဘူး။ အချစ်နဲ့ တို့ ထိ လိုက်လို့ လည်းဖြစ်မယ်။ ဒါကြောင့်ပဲ၊ ဗိုလ်ချုပ်က နောက်ပိုင်းမှာ “ အနုပညာမပါရင် အိမ်ထောင်ရေးဟာ တာရှည်မခံဘူး။ တော်လျန်ရေးမှာလည်း အနုပညာပါရမယ်။ အနုပညာမပါရင် တော်လှန်ရေးမအောင်မြင်နိုင်ဘူး” ပြောခဲ့တာပေါ့ ။
            ကျနော်တို့ ဗိုလ်ချုပ်ကိုချစ်တာ၊ အဲဒီလိုလွမ်းစရာတွေရှိလို့ ချစ်ကြတာပါ။
            ကျနော်တို့ ရဲ့ ကျောင်းသားဘ၀ဟာ၊ ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့ ရဲ့ “ဗကသ“ ကနေ၊ နောက်ပိုင်း သခင်ဗဟိန်း၊ သခင်အောင်ဆန်းတို့ ရဲ့ “ဗကပ“ အထိတိုင်ပဲမဟုတ်လား။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသများအဖွဲ့ ချုပ်) ABFSU ကနေ၊ နောက်ဆုံး ဗမာပြည်ကွန်မြူနစ်ပါတီ(BCP) အထိ ဆိုပါတော့။
            ၁၉၃၉ သခင်ဗဟိန်းပါဝင်တဲ့၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဦးဆုံး အထွေထွေအတွင်းရေးမှူးက ဗိုလ်ချုပ်အောင်ဆန်းပဲ မဟုတ်လား။ သို့ သော်…နောက်ပိုင်းမှာတော့၊ ဗိုလ်ချုပ်က ကွန်မြူနစ်ပါတီက နုတ်ထွက်ပြီး၊ ဖဆပလ အဖွဲ့ ချုပ်ကြီးမှာ ဥက္ကဋ္ဌဖြစ်သွားပါတယ်။ ကိုဗဟိန်းက ပါတီမှာပဲကျန်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ ချုပ်ကြီးထဲက ထုတ်ပစ်လိုက်တဲ့ အချိန်မှာ၊ ကိုဗဟိန်းက မန္တလေးဆေးရုံကြီးပေါ်မှာပါ။ နောက်ဆုံးမှာ ကိုဗဟိန်း နှလုံးရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာပဲ ကွယ်လွန်သွားပါတယ်။ ၁၉၄၆ ဒီဇင်ဘာ။
            “ဟိန်း“ နဲ့ “ဆန်း“ ရဲ့ အဖြစ်က ရင်နင့်စရာပါ။ နှမြောတသ ကြေကွဲလွမ်းဆွတ်စရာပါ။
            ကျနော်တို့ ဟာ၊ ကျနော်တို့ ခေတ်ကြီးက ပြဋ္ဌာန်းပေးထားတဲ့အတိုင်း၊ လက်ဝဲအယူအဆတွေနဲ့ လူဖြစ် ကြီးပြင်းလာခဲ့ရတယ်ဆိုတာကိုဝန်ခံရမယ်။ ဒီအယူအဆနဲ့ ပဲ ကျနော်တို့ မျိုးဆက်(၇၄-၇၅-၇၆ မျိုးဆက်) ဟာ နေ၀င်း-စန်းယု စစ်အာဏာရှင်အစိုးရကို တော်လှန်ခဲ့ကြတယ်။
            ကျနော်တို့ ခေတ်မှာ၊ ကျနော်တို့ ဟာ ကျနော်တို့ ရဲ့ လူငယ်ဘ၀ကို ပီပီသသ“ငယ်“ ခဲ့ကြ။ ရဲရဲရင့်ရင့် “နီ“ ခဲ့ကြ။ ဒီအတွက် ဆုလာဘ်ကတော့ ရာသက်ပန်ကျောင်းတွေအထုတ်ခံခဲ့ရတယ်။ ထောင်တွေတန်းတွေ အကြိမ်ကြိမ်ကျခဲ့ရတယ်။
(ကိုဆလိုင်းတင်မောင်ဦး ကြိုးစင်ပေါ်တက်ခဲ့ရတယ်)
            ဒါပေမဲ့…ကျနော်တို့ ဘယ်တော့မှဦးမညွှတ်ခဲ့ဘူး။နောက်လည်းမဆုတ်ခဲ့ဘူး။ ကျောင်းသားစိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်၊ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ဟာ အရှုံးမပေး၊ ဒူးမထောက်ခဲ့ဘူး။ ကျနော်တို့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေဟာ အမြဲထက်မြက်ခိုင်မာနေတယ်။ ရှင်သန်နိုးကြားနေတယ်။ ဒီလိုထက်မြက်ခိုင်မာနေအောင်၊ ရှင်သန်နိုးကြားနေအောင်၊ တိုးတက်တော်လှန်တဲ့စာပေတွေက၊ ထိန်းကျောင်းမွေးမြူပုံသွင်းပေးခဲ့ တာပါပဲ။
            အဲဒီလို တိုးတက်တော်လှန်တဲ့စာပေတွေထဲမှာ၊ ဆရာဗန်းမော်တင်အောင်ရဲ့ စာအုပ်တွေလည်း၊ အဓိကနဲ့  အရေးအကြီးအခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပါ။      ။
(အပိုင်း-၂ ၊ ဆက်ဖတ်ပါရန်)
အောင်ဝေး
၁၀-၂၅-၁၂

Monday, October 22, 2012

ချ င်း တွ င်းေ ခါ် သံ


အောင်ဝေး
အောက်တိုဘာ ၂၂၊ ၂၀၁၂
  အို…ချင်းတွင်း
သင့်မြင်းတွေ
ပြင်းပြင်းစီးဆင်းပါစ။
ဟိုး…တောင်ရိုင်းပေါ်က
ဒုန်းစိုင်းချလာ
ကဗျာတွေ၊ မုန်တိုင်းတွေ
ဒါ ငါတို့ရဲ့
အရိုင်းခေါ်သံတွေ
သင့်ရဲ့မြင်းတွေလည်းဖြစ်ရဲ့ ။
ချင်းတွင်းရဲ့
ငါက ကဗျာဆရာဆိုတော့
ငါ အရင်ဆုံးတီးခတ်ရမယ့်
ဗုံသံက
ငါ့ ကဗျာဆရာတွေရဲ့ ရင်အုံပဲ။
လူယဉ်ကျေးတွေက
ချစ်ခြင်းမေတ္တာကို
တယောပေါ်တင်ကြသတဲ့
ငါတို့ အရိုင်းအစိုင်းတွေကတော့
ဗုံပေါ်တင်ကြသပေါ့။
မာယာကော့ဖ်စကီးရဲ့
သင့်ရဲ့ ကဗျာဟာ
ငါတို ရဲ့ကဗျာပါပဲ။
ဟောဒီမှာ
ငါတီးခတ်လိုက်မယ်
သလ္လာဝတီဗုံသံ။
အာဖရိကန်ဗုံသံလိုညံမယ်
သလ္လာဝတီဗုံသံ။
ချင်းတွင်းရဲ့ 
ဒီမြေမှာ၊ ဒီကဗျာဆရာတွေ
ခေတ်တစ်ခေတ်ထူထောင်ခဲ့ကြ။
ပျဉ်းမနား
တောင်ငူ
သလ္လာ
ဒီကဗျာခေတ်တွေ
ဘယ်သူငြင်းမလဲ။
မောင်သင်းခိုင်တို့ ကလည်း
မောင်သင်းခိုင်တို့ ပျဉ်းမနား။
မောင်နီမွန်တို့ ကလည်း
မောင်နီမွန်တို့ တောင်ငူ။
အတောင်ပံတူတဲ့ငှက်တွေ
အတူတကွအုပ်စုဖွဲ့ ပျံသန်းခဲ့ကြ။
ရင်ခုန်သံရဲဘော်ရဲဘက်
အလံတော်တစ်ခုတည်းအောက်မှာ
စုစည်းခဲ့ကြ။
ခေတ်ပြိုင်ထဲမှာ
မောင်တင့်ဇင်တို့ ကလည်း
မောင်တင့်ဇင်တို့ သလ္လာပေါ့ ။
အို…ကွယ်လွန်လေပြီးသော သလ္လာပန်းပွင့်များ
အို…ချင်းတွင်းမြစ်ဝှမ်းသားများ
တရားလည်းစောင့်ခဲ့ကြ
မြှားလည်းဖြောင့်ခဲ့ကြ။
တစ်ခါတုန်းက
ပခုံးထမ်းလည်းညီခဲ့ကြ
ဟောဒီ ရေကြည်မြမြ ချင်းတွင်း
ခုတော့ ခုတော့
နေ့ ချင်းညချင်း
သွေးချင်းချင်းနီပါပေါ့ လား။
အို…သလ္လာမြေ
ကဗျာသူရဲကောင်းတွေရဲ့ 
“လက်ပံတောင်း“တောင်ခြေ
အရိုးတွန်သံတွေကြားပါစ။
ဒီ တောင်ခြေမှာ
ညောင်ပင်ကြီးတွေကလည်း
ကိုင်းငိုက်ယိုသီး
မျက်ရည်စီးကျတယ်။
လက်ပံတောင်းပါဖောမင့်မှာ
ဘုရင့်နောင်လာပြီး
မျက်ရည်တွေတွေကျရှာတယ်။
နောက်ဆုတ်ရန်ချန်ထားတဲ့
တံတားကို
မီးရှို့ ပစ်ရဲသူသာ
သူရဲကောင်းပီသသူဖြစ်တယ်။
ငါတို့ 
ဖောင်ဖျက်ခဲ့ကြတယ်။
ခုတော့ ဒီချင်းတွင်း
မြစ်လည်းမ၀ှမ်း
တောင်လည်းမ၀ှမ်း
မငြိမ်းချမ်းပါလား။
အို…ချင်းတွင်းရဲ့ 
တစ်ချိန်က
ဥသြတစ်ခွန်း၊ ယင်တစ်ဇွန်း
ချိုမြိန်လွန်းခဲ့တဲ့
သင့်ရဲ့ ဗြောသံတေးတွေ
ခါးသီးနေပါပေါ့ လား။
တစ်ညတုန်းက
ဘုတလင် သင်္ချိုင်းက
ဆရာဦးသိန်းဖေမြင့်အုတ်ဂူမှာ
“စံပယ်တောင်“ဟာ
လရောင်အရွှဲသား
ထင်ယောင်ဝိုးတ၀ါးနဲ့ 
သူဘာကြောင့်ဆုံးပါးခဲ့ရတယ်ဆိုတာ
ငိုယိုတိုင်တည်ရှာသတဲ့။
မနေ့ တုန်းကလည်း
အမြင့်မြို့ ကလေးက
ဦးညိုမြနတ်ကွန်းတော
နေ၀င်ရီတယောမှာ
သောကအထောင်အသောင်းနဲ့ 
လက်ပံတောင်းတောင်ခမျာ
သူ့ ကိုကယ်တင်ပါဖို့ အကြောင်း
ဦးညိုမြကို တောင်းပန်ရှာသတဲ့။
ငါတို့ ဟာ ကဗျာဆရာတွေပဲ
သမိုင်းဆရာ မလုပ်နိုင်တဲ့အလုပ်
ကဗျာဆရာကလုပ်နိုင်တယ်။
မင်းဆွေနှစ် လာပါ
ကြည်ဇော်အေး လာပါ
လက်ပံတောင်းဒဏ်ရာ
ငါတို့ ကုစားကြမယ်။
ဆရာဦးအံ့မောင် လာပါ
ဆရာဇော်ဇော်အောင် လာပါ
လက်ပံတောင်းဒဏ်ရာ
ကျနော်တို့ ကုစားရမယ်။
ဇိအုန်တောင်
ကားစင်ပေါ်က
ပရိုမီးသီးယပ်စ် အသည်းနှလုံးကို
လင်းယုန်ငှက်က ထိုးဆွသလို။
အို…ချင်းတွင်းရဲ့ 
လက်ပံတောင်းတောင်ပေါ်က
တို့ အသည်းနှလုံးတွေ
နဂါးတစ်ကောင်က ထိုးဆွနေပါလား။
တရုတ်လာသည်
ယိုင်ယိုင်လော၊ ယိုင်ယိုင်။
မြားမိုးရွာသည်
ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။
လက်ပံတောင်းက
တိုက်ပွဲစလော့
ဘ၀သည် ချင်းတွင်း
ချင်းတွင်းသည် ဘ၀။
မသွဲ့ သွဲ့ ဝင်းရဲ့ 
တို့ ချင်းတွင်းရေ နီတယ်ဆိုတာ
သွေးကနီတာ။
ချင်းတွင်းရေ ကြည်တယ်ဆိုတာ
သွေးကကြည်တာ။
ချင်းတွင်းရေကြည်
စွေးစွေးနီ
ဧရာဝတီနဲ့ ပေါင်း
လက်ပံတောင်းမှာ
စစ်မောင်းဟည်းမြည်
တပ်ကြီးချီလော့။
သံလွင် စစ်တောင်း
ရဲဘော်ကောင်းတို့ 
တပ်ပေါင်းစုဖွဲ့ 
မြားဦးလှည့်လော့။
မြစ်ပေါင်းတစ်ထောင်
တောင်ပေါင်းတစ်သောင်း
ပန်းပေါင်းတစ်ရာ
ဟိုးမှာ အနာဂတ်။
အို…ချင်းတွင်း
သင့်ရဲ့ သီချင်းတွေ
မိုးယံခွင်းစေ။
အို…ချင်းတွင်း
ရောင်းရင်းငဲ့
ဆန်ရင်းသာ
စီးဆင်းရစ်ပါတော့။
ဘယ်တော့မှ
မစုန်လိုက်ပါနဲ့ 
အို…သွေးသောက်ရဲ့ 
ရန်ကုန်မှာ
“တိုက်ပွဲ“ မရှိတော့။
ရန်ကုန်မှာ
“ပွဲတိုက်“ ပဲရှိတော့သတဲ့။
ဘယ်တော့မှ မစုန်လေနဲ့ 
အို…ချင်းတွင်းငဲ့။
ရန်ကုန်ခမျာ
တစ်နေ့ တစ်နေ့ 
စာနယ်ဇင်းရှင်းလင်းပွဲ
သတင်းစာရှင်းလင်းပွဲ
စေ့စပ်ပွဲ၊ ဆွေးနွေးပွဲ
ဘာပွဲ ညာပွဲ
ဒူးထောက်ပွဲ၊ အညံ့ခံပွဲ
ပွဲတွေပဲ တိုက်နေတော့
“ပွဲတိုက်“ တဲ့ရန်ကုန်ပေါ့ ။
အို…ချင်းတွင်းငဲ့
ဘယ်တော့မှ မစုန်လေနဲ့ ။
ရန်ကုန်မှာ
စွယ်စုံကျော်ထင်တွေကလည်းများ။
ချင်းတွင်းရေ
ကိုယ့်လမ်းသာ ကိုယ်သွားပါတော့။
ယုံကြည်ရင်
စံပယ်တောင်လည်း
အသက်ပြန်ရှင်လာမယ်။
ကြံ့ ကြံ့ ခံပါ
မြွေမှန်ရင် တွင်းဝင်ဖြောင့်မယ်။
တရားစောင့်ရင်
မြားလည်းဖြောင့်မယ်။
တရုတ်လာသည်
ယိုင်ယိုင်လော၊ ယိုင်ယိုင်။
မြားမိုးရွာသည်
ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။
ဟောဒီတောင်ခြေ
အရိုးတွန်သံတွေကြား
ယုံလား၊ ယုံလား
နဂါးကို ဂဠုန်သုတ်မယ်။
အို…ချင်းတွင်း
တိုက်ရင်းသာ သေကြစို့ 
ဗမာပီပီ
ဗမာ့သွေးကို ပြကြစို့ ။     ။

SAFFRON REVOLUTION

ေ နွေ နှာ င်း ၀ သ န် ရဲ့ မှာ တ မ်း ရှ ည်
အောင်ဝေး၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၂ (စာအုပ်အမှာစာ)
 
တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။
            ညတုန်းက ဟိုးအဝေးကြီး ဥရောပမှာနေတဲ့ “ရဲရင့်သက်ဇွဲ“က၊ အစ်ကိုရေ…ကျနော့်ကဗျာစာအုပ်အတွက် အမှာစာလုပ်ပါဦး ဆိုပြီး၊ အွန်လိုင်းပေါ်ကနေ လှမ်းသတိပေးသည်။
            မစ်ရှီဂန်ညက၊ အေးအေးနွေးနွေးကလေး နက်လာနေသည်။ အိမ်အပြင်မှာ လေညင်းတိုးနေသလား။ ကျနော် မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့၊ သစ်ပင်မှောင်မှောင်တွေ မိုးတိုးမတ်တတ်။ သစ်ရွက်တွေ နားရွက်မခတ်။
            ဟော…သိပ်တောင်မကြာလိုက်။ နားထောင်နေတဲ့ အာရ်အက်ဖ်အေရေဒီယိုက၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အကြောင်းလွှင့်နေတုန်းပဲ၊ ရုတ်ဆို မိုးစက်မိုးပေါက်တွေ ပြတင်းပေါက်မှန်တွေကို တဖျန်းဖျန်းလာရိုက်ပါလေရော။
            ဒီမှာ နွေက ကုန်တော့မယ့်ဆဲဆဲ။ အခုလို မိုး သည်းသည်းသွန်သွန်ရွာချလိုက်တော့၊ အိမ်ထဲမှာ ထိုင်နေတဲ့ စိတ်ကလေးက ဘယ်ဆီလွမ်းမိ တမ်းမသိ ဖြစ်လို့ သွားပါတယ်။ ဒီမှာ ဆိုတာက မိုးက အစိုးရတာမဟုတ်။ ရွာချင်တဲ့အချိန်ရွာတာ။ ဆောင်းဦး၊ ဆောင်းနှောင်းမှာလည်း မိုးကရွာရင် ရွာတာပဲ။ နွေဦး၊
နွေနှောင်းမှာလည်း မိုးကရွာချင်ရွာတာပဲ။ ရွာပြန်ရင်လည်း အမုန်းရွာတာကလား။ အခုဟာကတော့ နွေကုန်ခါနီးမှာ ပုန်ကန်ပြီးရွာတဲ့မိုး။ သူပုန်မိုး။ အို…တကယ့်ကို နွေနှောင်းဝသန်ပါပဲလား။
            ဒီမှာ စက်တင်ဘာက နွေနှောင်းရာသီ။ အမိတိုင်းပြည်ကလေးမှာတော့ စက်တင်ဘာက မိုးရာသီ စစ်စစ်။ ဒီက စက်တင်ဘာညချမ်း အေးချမ်းသလောက်၊ ကျနော့်တိုင်းပြည်အဝေးက၊ စက်တင်ဘာညချမ်းတွေကော အေးချမ်းပါ့ မလား။ အသည်းစိုင်မှာ နာခံခက်တဲ့ နေ့ စွဲဆိုးတွေ၊ ကျနော်တို့ ရဲ့ စက်တင်ဘာမှာ၊ ကျနော်တို့ ပြည်သူတွေ အလိုမတူဘဲ၊ ရေးထိုးခဲ့ကြတယ်။ကျနော်တို့ ပြည်သူအားလုံးဟာ စက်တင်ဘာ (၁၈)ရက်ဆိုရင် မုန်းတယ်။ ဒီနေ့ ဒီရက်စွဲကို ပြက္ခဒိန်ပေါ်ကနေ ကျနော်တို့ ဖယ်ထုတ်ပစ်ချင်တယ်။
            လွန်ခဲ့သော(၂၄)နှစ်က၊ အဲဒီလို စက်တင်ဘာလမှာ၊ စက်တင်ဘာ(၁၈)ရက်နေ့ မှာ၊ စစ်တပ်က အာဏာသိမ်းခဲ့တာ မဟုတ်လား။ စက်တင်ဘာနှင်းဆီတွေ တင့်ကားဘီးအောက်မှာ မွမွကြေခဲ့တာပေါ့ ။
            စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်၊ ရှစ်လေးလုံးအရေးတော်ပုံမြစ်မကြီးရဲ့ ရေစီးအဟုန်
တုံ့ သွားရတယ်။ မြင်းကို ဇက်ခွံ့ လိုက်သလိုပဲ။ မြစ်ဟာ ဇက်ခွံ့ ခံလိုက်ရပေါ့ ။ ဒါပေမဲ့…။
            ရာဇ၀င်အရိုင်းမခံတဲ့ မြစ်မကြီးဟာ၊ အခြေအနေတစ်မျိုးပြောင်းပြီး၊ မြစ်ငယ် မြစ်နုတွေ အများအပြားကွဲမြွှာထွက်ပြီး ဆက်လက်ခွဲဖြာစီးဆင်းခဲ့တယ်လေ။ ဆိုပါတော့…အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မြစ်ငယ်တစ်စင်း။ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာ မြစ်နုတစ်သွယ်။ နောက်ထပ် ဆိုပါဦးတော့၊ မကဒတ( ABSDF ) လို့ ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ကလည်း မြစ်ငယ် မြစ်နု တစ်ခုပဲမဟုတ်လား။
            တစ်ချိန်မှာ၊ မြစ်ငယ် မြစ်နုတွေအားလုံး၊ မြစ်မကြီးတစ်ခုအဖြစ် အင်နဲ့ အားနဲ့ ပြန်လည်ပေါင်း;စည်းလာမယ့် အနေအထားတစ်ရပ်ကို ကျနော်တို့ ပြည်သူတွေ မျှော်လင့်စောင့်စားနေခဲ့ကြတယ်။
            မြစ်ငယ် မြစ်နု အသီးသီးဟာ အကျဉ်းထောင်တွေထဲကို ဖြတ်သန်းစီးဆင်းခဲ့ကြတယ်။ ယက္ခ ကုမ္ဘန်အထပ်ထပ်၊ ခြံတံခါးသော့ခတ်ထားတဲ့နေအိမ်အကျယ်ကြီးထဲမှာ ဖြတ်သန်းစီးဆင်းခဲ့ရတယ်။ ငှက်ဖျားပိုးနဲ့ ဝါးပိုးမျှစ်စား၊ တောကြမ်းတောင်နက်တဲ့ နယ်စပ်က ကတုတ်ကျင်းတွေထဲ ဖြတ်သန်း စီးဆင်း၊ မြစ်ငယ်တစ်စင်းချင်း၊ မြစ်နုတစ်သွယ်ချင်း၊ ဘ၀တွေ၊ အသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြပြီ။
            ဘယ်အချိန်မှာများ ဒီမြစ်ငယ် မြစ်နုတွေအားလုံး၊ တစည်းတလုံးတည်းနဲ့ မဟာနဒီမြစ်မကြီးတစ်ခု အဖြစ်ကို ပြန်လည်ရောက်ရှိလာပါ့ မလဲ။ မျှော်လင့်ပေါ့ ။ မျှော်လင့်တော့ ချစ်သူ။
       နယ်စပ်မှာ န၀တ စစ်အစိုးရက လက်နက်ကိုင်အင်အားစုတစ်ခုချင်းစီကိုချဉ်းကပ်ပြီး၊ ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်တော့၊ ငြိမ်းချမ်းရေးကို  အသက်လောက်မြတ်နိုးတဲ့သူပုန်တွေ အပစ်အခတ် ရပ်စဲလိုက်ကြတယ်။ အပစ်ရပ်လိုက်တော့ ဘာဖြစ်သလဲ။ န၀တ၊ နောင် နအဖ စစ်အစိုးရက လက်နက်ကိုင်တော်လှန်ရေးသမားတွေ အပေါ် အပြတ်ရစ်တော့တာပဲပေါ့ ။ အပစ်ရပ်တော့ အပြတ်ရစ်ခံရပြီပေါ့ ။
            ပြည်တွင်းမှာ စစ်အာဏာရှင်အစိုးရက အကျဉ်းထောင်တံခါးတွေကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက် လုပ်တယ်။ လူတိုင်းဟာ နရသိန်အိပ်မက်တွေကိုယ်စီနဲ့ ။ ပြည်တွင်းက နိုင်ငံရေးဟာ အကြမ်းမဖက်၊ လက်နက် မကိုင်၊ အဖမ်းခံနိုင်ငံရေးဖြစ်တယ်။ တစ်နည်းအားဖြင့် နရသိန်ပေါ်လစ်တစ် ဆိုပါတော့။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူမှန်သမျှ စစ်အစိုးရက ဖမ်းဆီးနှိပ်စက် ထောင်ချနေတဲ့ခေတ်။ ဗမာပြည်အကျဉ်းထောင်တွေဟာ အကြမ်းမဖက်တော်လှန်ရေးတက္ကသိုလ်တွေဖြစ်လာတယ်။
            အဲဒီ တက္ကသိုလ်တွေကနေ၊ ဆေးသားရဲရဲတင်ထားတဲ့ ဓားကောင်းဓားထက်တွေ ထွက်လာတယ်။ တူသား ပေသားကျနေတဲ့သံမဏိနှလုံးသားတွေ ထွက်လာတယ်။ ငယ်ရွယ်နုပျိုတဲ့ သူပုန်မျိုးဆက်သစ်တွေ ထွက်လာတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်မြေမြှုပ်သင်္ဂြိုဟ်ပစ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ပေါ့ ။ ယုံကြည်ချက်ကတော့ ဘယ်တော့မှ မသေ။
            ရှစ်လေးလုံးအရေးတော်ပုံကြီး(၁၉)နှစ် ပြည့်တဲ့ အချိန်မှာတော့၊ အဲဒီ မသေတဲ့ယုံကြည်ချက်ကပဲ၊ နောက်ထပ်အရေးတော်ပုံအသစ်တစ်ခုကိုမွေးဖွားပေးလိုက်ပါတယ်။ ဒါကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးပါပဲ။
            ဒီတစ်ခါမှာတော့၊ အရေးတော်ပုံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ပြောင်းလဲသွားခဲ့ပြီ။၁၉၈၈ တုန်းက အရေးတော်ပုံကို ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ၂၀၀၇ ဟာ၊ သံဃာတွေ ဦးဆောင် ခဲ့တာပါ။ သံဃာတွေ ဦးဆောင်လို့ ဒါကို သံဃတော်လှန်ရေးလို့ ခေါ်လို့ မရပါဘူး။ ဒါဟာ လူထုတော်လှန်ရေးပဲ။ လူထုအရေးတော်ပုံပဲ။ ဒါကို ရွှေဝါရောင်တော်လှန်ရေး လို့ ပဲ၊ တစ်ကမ္ဘာလုံးက ခေါ်ခဲ့ကြတာပါ။
            ၂၀၀၇ အခင်းအကျင်းက ရှင်းရှင်းလင်းလင်းကလေးပါ။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ကျနေဆဲ။ မင်းကိုနိုင်တို့ တစ်အုပ်စုလုံး အကျဉ်းထောင်ထဲရောက်သွား။ အင်န်အယ်လ်ဒီ ကလည်း ခြေချုပ်ကျနေတုန်း။ ဒီအချိန်မှာ သံဃာတွေက ( ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းခဲ့တဲ့) စက်တင်ဘာ (၁၈)ရက်နေ့ မှာ၊ နအဖ စစ်အစိုးရကို စတင်တိုက်ပွဲခေါ်ပြီး လမ်းပေါ်ထွက်လာခဲ့ကြတာပါပဲ။
            စက်တင်ဘာ(၂၄)နဲ့ (၂၅)ရက်တွေမှာ၊ အထွေထွေသပိတ်ကြီးဆင်နွှဲနိုင်တဲ့အထိ တိုက်ပွဲအရှိန်က ဒီရေမြင့်သစ် တက်ခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာ(၂၆) ကစပြီး နအဖ စစ်အစိုးက သံဃာနဲ့ လူထုကို ရက်ရက် စက်စက် အကြမ်းဖက်ချေမှုန်း၊ ဘုန်းကြီးကျောင်းတွေကို အဓမ္မ၀င်ရောက် စီးနင်းတိုက်ခိုက်၊ မြင်မြင်သမျှ ဖမ်းဆီးထောင်ချ၊ မဟုတ်မမှန် လုပ်ကြံ ပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်တော့တာပဲမဟုတ်လား။
            စက်တင်ဘာဟာ သံဃသွေးနဲ့ စွေးစွေးနီခဲ့တယ်။ အသည်းနာ ကမ္ဘာမကြေတဲ့ ချင်းချင်းရဲရဲ စက်တင်ဘာပါပဲ ရွှေဝါရောင်ရေ…။
            အခုတော့ ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်ခဲ့ပြီ။
            ကျနော်တို့ မမေ့နိုင်ကြသေးပါဘူး။ မေ့လို့ လည်း မရပါဘူး။ အဲဒီလို မမေ့နိုင်တဲ့သူတွေထဲမှာ ရဲရင့်သက်ဇွဲ လည်းပါတယ်။
            ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲကြတဲ့အချိန်က၊ သူ(ရဲရင့်သက်ဇွဲ)က ဂျပန်မှာ။ ဂျပန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ထပ်တူ၊ သူ့ ရင်ထဲမှာလည်း ရွှေဝါရောင်နာကျင်မှုတွေ အပြည့်။ အခုတော့ သူက ဆေးကုသခံဖို့ ဖင်လန်နိုင်ငံကိုရောက်ရှိနေပါတယ်။ ဘယ်နေရာရောက် ရောက် သူ့ ရင်ထဲက ရွှေဝါရောင်နာကျင်မှုတွေက ဘယ်တော့မှ မပျောက်။
            အခု သူက ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၊ သူရေးခဲ့တဲ့ ရွှေဝါရောင် ခံစားမှုတွေကိုစုပြီး၊ ကဗျာစာအုပ်ကလေးထုတ်မလို့ တဲ့၊ အဲဒါ ကိုအောင်ဝေး အမှာစာရေးပေးပါတဲ့လေ။
            ခက်တာပဲ သက်ဇွဲရာ။ တကယ်က သူ အမှာစာတောင်းရမှာက၊ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ခဲ့တဲ့၊ ဒါမှမဟုတ် တက်ကြွစွာပါဝင်ခဲ့တဲ့ သံဃာတစ်ပါးပါးဆီကပဲ ဖြစ်သင့်တာပါ။ ကျနော်က ဘာကောင်မှ မဟုတ်။ ပြည်တွင်းက တချို့ ပုဂ္ဂိုလ်တွေစွပ်စွဲသလို၊ ကြောက်လို့ ပြည်ပကိုထွက်ပြေးတဲ့ သူတွေထဲက တစ်ယောက်သာပဲ။ ဘာကောင်မှ မဟုတ်။ သမိုင်းကဆုံးဖြတ်လိမ့်မည်။
            မစ်ရှီဂန်နွေညချမ်းကတော့၊ မိုးရေနူးပြီးစိုအိနေပါပြီ။ ဘယ်သူ မျက်ရည်ကျနေတာလဲ။ အိမ် အပြင်မှာ စက်တင်ဘာမိုးကလည်း မတိတ်သေး။ စိတ်ထဲက မကျေမနပ် လွမ်းဆွတ်နာကျင်လာသည်။ ဘာကိုလဲ။ ဘယ်သူ့ ကိုလဲ။
            ဆရာမောင်စွမ်းရည်ရေးခဲ့သလို “ ဘောင်းဘီသာချွတ်၊ မချွတ်သေနတ်“ ဆိုတဲ့၊ အရပ်သားအစိုးရ ဆိုတာကိုလား။ ဒီအစိုးရကိုယုံကြည်မျှော်လင့်ပြီး လက်ခံပေါင်းသင်းနေတဲ့သူတွေကိုလား။ မနေ့ တစ်နေ့ တုန်းကတော့ ပြည်တော်ပြန်တွေကို သံပုံးတီးလွှတ်ကြသည်။ ဒီနေ့ တော့ ရှစ်ဆယ့်ရှစ်တွေကို ဆန္ဒပြနေကြ ပြန်ပြီ။ ကိုယ့်အချင်းချင်းတွေချည်း တိုက်ခိုက်နေကြပါလား။ အရပ်သား(စစ်)အစိုးရကို ဘေးမဲ့ပေးထားလိုက် ကြပြီလား။
            ကျနော်တို့ ကို အယုံသွင်းနေပြီ။ ကျနော်ကတော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူ၊ သမ္မတဦးသိန်းစိန်ကိုလည်း မယုံ။ သူ့ အစိုးရကိုလည်း မယုံ။ ပြည်တွင်းမှာေ ပြာင်းလဲနေပြီဆိုတာကိုလည်း ကျနော် မယုံ။
            ရဲရင့်သက်ဇွဲကိုတော့ ပြည်သူ့ ဘက်က ရပ်တည်တဲ့ ကဗျာဆရာမို့ ၊ ယုံကြည်လို့ ၊ ဒီအမှာစာကို ရေးပေးလိုက်ပြီ။
            သူ ရောက်နေတာက…ဖင်လန်။
            ကိုယ် ရောက်နေတာက…အမေရိကန်။
            အိုဘယ့်…နွေနှောင်းဝသန်ရယ်။      ။
            အောင်ဝေး
            (စက်တင်ဘာ ၁၈-၂၀၁၂)

Thursday, October 11, 2012

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် ( အပိုင်း-၃ )

On The Run From Rangoon

ကဗျာဟာ ကဗျာဆရာရဲ့ လက်နက်။ ကဗျာ မချနဲ့ ။ အဲဒီလို ကဗျာလည်းမချ၊ လက်နက်လည်း မချဘဲနှင့် ရန်ကုန်မြို့ တွင်းမှာ ဟိုပြေး ဒီပုန်း၊ ဟိုတိမ်း ဒီရှောင်ရင်းကပဲ၊ စက်တင်ဘာ ကုန်ဆုံး။ ဂမ္ဘာရီ ကုန္ရွံဳး။
ဒီလိုနဲ့ အောက်တိုဘာက ၀ါးလုံးထိုးဝင်ရောက်လာ။ ပြေးနေတဲ့သူရဲ့ မျက်နှာ မိုးလေပိုပက်မှာလို့ (ဆရာ မောင်သာရ)ဆိုလေတဲ့အတိုင်း။ ဒီအတိုင်းပါပဲလေ။ အောက်တိုဘာမိုးကလည်း၊ ကံဆိုးတဲ့ကဗျာဆရာ သွားလေရာ အငြှိုးနဲ့ လိုက်လို့ ရွာတယ်။
          ပြေး ပြေးပြေး။ ကျနော် တယ်လီဖုန်းကလေးရှိတဲ့ ပုန်းခိုကျင်းကနေထွက်ပြီး၊နောက်တစ်နေရာ၊ တယ်လီဖုန်းမရှိတဲ့ ပုန်းကျင်းကလေးတစ်ခုထဲကို ပြောင်းဝပ်ခိုရပြန်သည်။ ရေဒီယိုကလေးကတော့ ကျနော့်အပေါ်မှာ သစ္စာရှိသည်။ ဒီလိုနှင့် မနက်ခင်းတစ်ခုမှ မနက်ခင်းတစ်ခုသို့ ။ ညသန်းခေါင်တစ်ခုမှ ညသန်းခေါင်တစ်ခုသို့ ။
တစ်နေရာမှာတော့ ကျနော် ကြေးမုံသတင်းစာ အဟောင်းတစ်စောင်ဖတ်လိုက်ရသည်။ အောက်တိုဘာ ပထမပတ်ထဲမှာလို့ ထင်သည်။
          အဲဒီ ကြေးမုံသတင်းစာထဲမှာ၊ နအဖဘက်သား ပေါ်လစီဆောင်းပါးရှင်တစ်ယောက်က၊ ပူပူနွေးနွေး ရွှေဝါရောင်တော်လှန်ရေးနှင့် ကျနော်တို့ ၊ ကိုဇာဂနာတို့ ၊ ကျော်သူတို့  အကြောင်းရေးထားသည်။ ဇာဂနာက  သူ့ မိန်းမနဲ့ ကလေးတွေရှိရာ အမေရိကကိုလိုက်သွားဖို့ ၊ စစ်အစိုးရက သူ့ ကို ပတ်စ်ပို့ ထုတ်မပေးလို့ အစိုးရ ကိုဆဲဆိုတိုက်ခိုက်နေတာတို့ ၊ ကျော်သူက ဘာမှနားမလည်ဘဲ သူများမြှောက်ပေးတိုင်းလုပ်နေတာ၊ ကျော်သူ ညနေဆိုရင် မူးနေပြီတို့ ၊ အောင်ဝေးကတော့ တစ်လျှောက်လုံး အစိုးရကိုဆန့် ကျင်နေတဲ့ အလံနီပဲတို့ ။ စုံနေ
အောင် ရှုတ်ချရေးသားထားသည်။ “ဇာဂနာ၊ ကျော်သူ၊ အောင်ဝေး“ ဒီညီနောင်သုံးဖော်ကို စစ်အစိုးရ သတင်းစာက အသေအကြေတိုက်ခိုက်လို့ ပါ။ တိုက်ပေါ့ ။ ဘာဖြစ်လဲ။ ရန်သူ ဆန့် ကျင်ခံရခြင်းဟာ၊ ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။ ဒါ ကျနော်တို့ ကို မောကွန်းတင်ပေးတာလို့ ပဲသဘောထားသည်။
          ကျနော် ဂရုမစိုက်။ သို့ သော်…။ ကျနော် ပုန်းခိုကျင်းကလေးထဲကနေ နည်းနည်းတော့ ဒေါသဖြစ်ရ သည်။ ဆောင်းပါး (အပုပ်ချဆောင်းပါး)ရေးတဲ့သူက၊ သေချာမသိဘဲ၊ ရမ်းသမ်း ဖျန်းသမ်းနဲ့ အောင်ဝေးကို အလံနီဆိုပြီး ရေးလိုက်တာကိုတော့ ကျနော် ဒေါသူပုန်ထမိတာအမှန်ပါပဲ။ ဒါ အောင်ဝေးကို အသရေဖျက်တာ သက်သက်ပဲ။ ပုဒ်မ (၅၀၀) နဲ့ တရားစွဲလို့ ရတယ်။ ကျနော် အလံနီမဟုတ်ပါဘဲရက်နဲ့ ။
          ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းမှာ ကျနော်တို့ တွေ ထောင်ထဲရောက်ကြတာ၊ ဗကပ လိုလားသူ၊ ဗကပ အနွယ်၊ ဗကပ ကျောင်းသားတွေ အဖြစ်နဲ့ ရောက်ခဲ့ကြ၊ နီခဲ့ကြတာပါ။ ငယ်ငယ်တုန်းကတော့ ကွန်မြူနစ် ဆိုပါတော့။ ကျနော်တို့ ကို ကျနော်တို့ ခေတ်ကြီးက ဒီအတိုင်းပြဋ္ဌာန်းပေးခဲ့တာ မဟုတ်လား။ ကျနော်တို့  လက်ဝဲ ကျောင်းသားတွေဖြစ်ခဲ့တာပေါ့ ။ နောင် ကြီးလာတော့၊ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတော့၊ တိုက်ပွဲအပေါ်မှာမူတည်ပြီး ကျနော်တို့ အတွေးအခေါ်တွေ ပြောင်းလဲလိုက်ကြပါတယ်။ ငယ်ငယ်တုန်းက လီနင် နဲ့ တွေ့ တယ်။ ကြီးလာတော့ လင်ကွန်း နဲ့ တွေ့ ချင်တယ်။
          အခုတော့ ကျနော်တို့ လေ့လာသင်ယူခဲ့တဲ့ မတ်ဝါဒကြီးလည်း ဂန္ထ၀င်ဖြစ်ပြီး ပြတိုက်ထဲ ရောက်သွား ပါပြီ။ ကျနော်တို့ လည်း ဒီမိုကရေစီလိုလားသူ၊ ဒီမိုကရေစီတိုက်ပွဲဝင်နေသူတွေ ဖြစ်လာကြပါပြီ။ (ဤကား စကားချပ်)
          နဂိုကမှ လွတ်လမ်းရှာမတွေ့ လို့ ပြေးရ လွှားရ ပုန်းခိုနေရတဲ့အထဲ၊ အခုလို ကိုယ့်ကို အလံနီလို့  မဟုတ်တမ်းတရားစွပ်စွဲတာကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့ဘူး။ မကျေနပ်ဘူး။ ဒါပေမဲ့၊ ပြေးနေ ပုန်းနေရတဲ့သူ ဆိုတော့ ဘယ်လိုမှ ပြန်တုန့် ပြန်လို့ မရဘူး။
          ကျနော် ဒီလိုဖြစ်နေတာ အောက်တိုဘာလ ပထမပတ်ထဲမှာပါ။ ကျနော့်အတွက် ခွင်က တဖြည်းဖြည်း နဲ့ ကျဉ်းကျဉ်းလာပြီ။ ပြေး ပြေး ပြေး။ ပုန်းခိုကျင်းတစ်ခုတည်းမှာ နှစ်ခါပြန် ပုန်းလို့ မရ။ ကျနော်စွန့် စားမှဖြစ်တော့မည်။ ကျနော် စွန့် လွှတ်ရတော့မည်။ ကျနော် တွေဝေနေလို့ မရတော့။ ကဗျာဆရာ၏စွန့် စားခန်းကို အလွမ်းနည်းနည်း၊ အကြမ်းများများနှင့်စတင်မှဖြစ်တော့မည်။ စတင်ရတော့မည်။
          ကျနော် ဖောရက်စ်ဂမ့်။ ပြေး ပြေး ပြေး။ ပြေးနိုင်မှ လွတ်မည်။
          အောက်တိုဘာ မိုးထဲလေထဲမှာ ကဗျာဆရာလည်း ကဗျာမရေးနိုင်တော့ပါ။ စိုးရိမ် ထိတ်လန့် နေရတဲ့ အချိန်၊ ကျီးလန့် စာစားနေရတဲ့အချိန်မှာ ကဗျာနတ်သမီးလည်း လမိုင်း မကပ်တော့ပါ။ အနုပညာဈာန်လည်း မနိုးကြားနိုင်တော့။ နှင်းတွေ သည်းသည်းထန်ထန်ကျနေရင်၊ ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူးလေ။
ဒါပေမဲ့ ကျနော် ကဗျာတော့ ဘယ်တော့မှမချပါ။ ကဗျာမချပါ။ ကဗျာက ကျနော့်လက်နက်ပဲမဟုတ်လား။ ဒီ လက်နက်မှ မရှိတော့ရင်၊ ကျနော့်မှာ ဘာရှိနိုင်တော့မှာလဲ။
          နောက်ဆုံးတော့၊ ဒီလက်နက်ကိုပဲ မြဲမြဲဆုပ်ကိုင်ပြီး၊ ကျနော် ထွက်ပေါက်ကို စွန့် စားတိုးဝင်ခဲ့တယ်။ လွတ်မြောက်ရာလမ်းဟာ ကြမ်းတမ်းခက်ထန် ပင်ပန်းလွန်းလှပါတယ်။ ကျနော့်မှာ ကဗျာရှိနေရင်၊ ဘာမဆို အရာရာကို ရင်ဆိုင်ရဲတယ်။ အဲဒီနေ့ က ရန်ကုန်မြို့ ကြီးကို ကျနော်နှုတ်ဆက်ခဲ့တယ်။ ထွက်တော်မူ နန်းက ခွာခဲ့တယ်။ အောက်တိုဘာလ(၉)ရက်။ ၂၀၀၇။
          အခုတော့ ဒဏ်ရာက ငါးနှစ်ပြည့်ပြီ။ ငါးနှစ်ပြည့်တဲ့အချိန်မှာ ကျနော် အဲဒီနေ့ ကို ပြန်လွမ်းမိပါတယ်။ ဖလော်ရီဒါ စာပေဟောပြောပွဲက လွမ်းလာတဲ့အလွမ်းဟာ၊ မစ်ရှီဂန် ပြန်ရောက်တော့လည်း လွမ်းနေတုန်း။
ရွှေဝါရောင်တော်လှန်ရေးကြီး ငါးနှစ်ပြည့်တဲ့ စက်တင်ဘာလထဲမှာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကကိုရောက်လို့ လာပါတယ်။
          ဒေါ်အောင်ဆန်းစုကြည်နဲ့  အမေရိကရောက် ပြည်ထောင်စုဗမာနိုင်ငံဖွား တိုင်းရင်းသားလူမျိုး
ပေါင်းစုံတွေ့ ဆုံခဲ့ကြပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံက မေးလာတဲ့မေးခွန်းတွေကို၊ ကျနော်တို့ 
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြန်လည်ဖြေကြားပေးခဲ့တာပါ။ အဲဒီမှာ အများဆုံး မေးကြတဲ့ မေးခွန်းက “တိုင်းရင်းသားအခွင့်အရေး“ ကိစ္စဖြစ်နေပါတယ်။ ဘယ်သူကမှ ဘာတစ်လုံးမှ မမေးခဲ့တဲ့ မေးခွန်းကတော့ “ရွှေဝါရောင်တော်လှန်ရေး“ နဲ့ ပတ်သက်တဲ့မေးခွန်းပါပဲဗျာ။
          နေရာတိုင်း နေရာတိုင်းမှာ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့၊ တန်းတူညီမျှမှုတို့ ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ကိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အသေအလဲ ထပ်ကာတလဲလဲ မေးခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီမေးခွန်းတိုင်းကို စိတ်ရှည်လက်ရှည် ထပ်ကာတလဲလဲဖြေခဲ့တာပါ။
          ဘယ်သူ့ ဘယ်သူကမှ ပူပူနွေးနွေး ကမ္ဘာတုန်ဟည်းခဲ့တဲ့၊ ငါးနှစ်ပဲကြာမြင့်သေးတဲ့ ရွှေဝါရောင်
တော်လှန်ရေးနဲ့ ပတ်သက်လို့ “ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ ရွှေဝါရောင်တော်လှန်ရေးအပေါ်မှာ ဘယ်လို သဘောထားပါသလဲ“ ၊ “ဒေါ်အောင်ဆန်းစုကြည်ရှင့်၊ ရွှေဝါရောင် တော်လှန်ရေးနဲ့  ပတ်သက်လို့ ၊  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကိုသိပရစေ“ အဲဒီလိုမေးခွန်းတစ်ခွန်းတလေမှ၊ ဘယ်သူမှ မမေးခဲ့ကြပါ။
          ခြွင်းချက်တော့ရှိပါသည်။ အာရ်အက်ဖ်အေ ရေဒီယို မြန်မာပိုင်းအစီအစဉ်က၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက်တွေ့ ဆုံမေးမြန်းခန်းမှာတော့၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေက၊ အခုလို ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်အခါသမယမှာ...လို့ အစချီပြီး၊ ဘယ်သူကမှ မမေးခဲ့တဲ့ အထက်က မေးခွန်းကိုမေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ အလေးအနက် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
          ဖလော်ရီဒါ အစ၊ မစ်ရှီဂန် အလယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြိုဆိုခဲ့တဲ့၊
အင်ဒီယားနား အဆုံး၊ ကျနော် လွမ်းနေတုန်း။ ထွက်တော်မူ နန်းကခွာခဲ့တဲ့နေ့ ကိုလွမ်းနေတုန်း။ ရွှေဝါရောင်ရေ၊ ငါ လွမ်းနေတုန်း။ အခုတော့ အမေ့ခံရွှေဝါရောင်ဖြစ်နေပါပေါ့ လား။
          ရွှေဝါရောင်ရေ... မကြေကွဲနဲ့။       ။
          ( ပြီးပါပြီ )
        အောင်ဝေး
        အောက်တိုဘာ ၉- ၂၀၁၂။
(Photo – Aung Way at SF Bay, 2009)အောင်ဝေးစာ စီရန်

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် ( အပိုင်း- ၂ )


On The Run From Rangoon


(အမှားပြင်ဆင်ချက်။ အပိုင်း -၁၊ ဆောင်းပါးအောက်ခြေ စာပြီးရက်စွဲကို (အောက်တိုဘာ ၇- ၂၀၁၂)ဟု ပြင်ဆင်ဖတ်ရှုပါရန်။)

ပြေး ပြေး ပြေး။
ပုန်းခိုကျင်းတစ်ခုတည်းမှာ နှစ်ခါပြန် ပုန်းလို့ မရ။ ဒီတစ်ခါ ကျနော် ရှောင်ရင်းတိမ်းရင်း
ရောက်သွားတဲ့နေရာက မထင်မှတ်ဘဲ သတ်ကွင်းနှင့် အတော်ကလေးနီးသွားသည်။ ရေဒီယိုကလေး
တစ်လုံးရှိနေသေးသည့်အတွက် ကမ္ဘာကြီးနှင့်တော့ ကျနော်အဆက်မပြတ်သေးပါ။
            ကိုမင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ ၊ ကိုဂျင်မီတို့ တစ်အုပ်စုကြီး (၂၀၀၇ သြဂုတ် ၂၀) အဖမ်းခံသွားရတဲ့
အချိန်မှာ ကိုဌေးကြွယ်ကို စစ်တပ်က မမိလိုက်ဘဲ လွတ်ကျန်ရစ်ခဲ့သည်။ သူလည်း တောက်လျှောက် ပြေးလွှား
ပုန်းအောင်းလှုပ်ရှားနေရသည်။ ကျနော်တို့ ၊ ကိုဇာဂနာတို့ က ကိုဌေးကြွယ်နှင့် ဖုန်းအဆက်အသွယ်တော့ရှိ
သည်။ ရွှေဝါရောင်တွေဖြစ်လာတော့ ကိုဌေးကြွယ်က သူထွက်မယ်ချည်းလုပ်နေလို့ ၊ ကိုဇာဂနာက တားနေရ
သည်။ သူတို့ အသံတွေကို ရေဒီယိုက ကြားနေရသည်။ ကိုဌေးကြွယ်အသံ၊ ကိုလှမျိုးနောင်အသံ၊ မနီလာသိန်း
အသံ။
            ကိုဂျင်မီနှင့်မနီလာသိန်းတို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ဇနီးမောင်နှံမှာ လသားအရွယ် သမီးငယ်ကလေး
တစ်ယောက်ရှိသည်။ ကိုဂျင်မီက အဖမ်းခံနေရသည်။ မနီလာသိန်းက ပြေးလွှားရှောင်တိမ်းနေရသည်။ သမီး
ငယ်ကလေးက၊ ဘိုးအေဘွားအေရဲ့ ရင်ခွင်ထဲမှာ နို့ ဆာလို့ အော်ငိုရင်း ကျန်ရစ်ခဲ့ရှာသည်။
            ကဗျာဆရာသည် ခံစားတတ်သူဖြစ်သည်။ ထွက်ပြေးနေရင်းကပင် သူသည် ကိုဂျင်မီ၏ရင်ထဲ၊ မနီလာ
သိန်း၏ရင်ထဲကို ၀င်ရောက်ခံစားနာကျင်နေခဲ့တာဖြစ်သည်။ ထိုကဲ့သို့ နာကျင်နေဆဲမှာပင်၊ သူ၏ပုန်းခိုရာကျင်း
ကလေးနှင့်မနီးမလှမ်း ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀င်ရောက်စီးနင်းတိုက်ခိုက်သံတွေကို သူ ကြား
လိုက်ရတော့သည်။
တစ်ည။
ထိုညက မိုးမရွာပါ။ စစ်ဦးဘီလူးဆိုသောစကားကို ကြားဖူးကြမည်။ အခု ဘုန်းကြီး
ကျောင်းတွေကို စစ်ကြေညာ ထိုးနှက်ချေမှုန်းနေတဲ့အသံတွေကို သူမခံစားနိုင်။ သူ အန်တုချင်လာသည်။ သူ
ပြန်ခုခံမှဖြစ်မည်။ သူ့ လက်နက်က ကဗျာပဲရှိသည်။ ထိုလက်နက်နှင့်ပဲ သူခုခံတိုက်ခိုက်ရမည်။ ထိုညက သူ
ကဗျာတစ်ပုဒ်ရေးသည်။ ဟောဒီ ကဗျာဖြစ်သည်။

ဘေဘီနီလာသိန်းဧချင်း

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့ နှင့် ဝေးရသနည်း။
သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
နို့ မ၀၍
ညည ထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တစ်မိုးသောက်လျှင်
နောက်ထပ်တစ်ဖန် ငိုဦးမည်။
ဖ မတွေ့ ၍
ညည နေ့ နေ့ ၊ ဘွားရင်ငွေ့ မှာ
မေမေ့သမီး ငိုရှာမည်။
မိ မလာ၍
နို့ ဆာ နို့ ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ ငိုတော့မည်။
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
နို့ မရ၍
တစ်ည ထငို၊ ကျီးအုပ်ပြိုသည်
ခွေးညို ထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင်ထပ် တော့၏။
အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း-
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း-
တစ်ရံမလပ်၊ စက်သေနတ်တို့ 
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
ဖက်ဆစ်ခေတ်သို့ 
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ၀င်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီး လန့် ၍ ငိုပြန်သည်။
သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
“စစ်အစိုးရ ကျဆုံးပါစေ“
သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
“လူထုအစိုးရ ပေါ်ထွန်းပါစေ“
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
သမီး နို့ မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။
အမေ့ နို့ သက်၍လည်း
သမီးတိုက်ပွဲ မပျက်။
ဟိံသစ္စံ၊ အမှန်ဖက်၍
“အစိုးရပျက်“
“အာဏာစက်“ ကို
ဓမ္မစက်နှင့်“ဖျက်“စေသတည်း။      ။
(ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့ ၏သမီးငယ်သို့ )
၂၉-၉-၂၀၀၇။

            ထိုညက သူ နိုးတစ်ဝက်အိပ်မက်တွေမက်သည်။ မနက်မိုးလင်းလာတော့၊ သူ နာကြည်းကြေကွဲမှုတွေ
နဲ့ နိုးလာသည်။ သူ သူ့ ကိုယ်သူ ပြန်စမ်းကြည့်ရသည်။ သူ ရှိနေသေးသည်။ သူ အသက်ရှင်နေသေးသည်ပဲ။
သူ့ ဘေးမှာ ရေဒီယိုကလေးလည်းရှိနေပါသေးသည်။ စာပွဲပေါ်မှာ တယ်လီဖုန်းကလေးတစ်လုံးလည်းရှိသည်။
ထိုတယ်လီဖုန်းကလေးနဲ့ သူ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တချို့ နှင့်ဆက်သွယ်ရသည်။ လိုအပ်သည့်အကူ
အညီကိုတောင်းရသည်။ ပြေးလမ်းကို ထိုတယ်လီဖုန်းကလေးနှင့်ရှာဖွေရသည်။ ထိုတယ်လီဖုန်းကလေးက
ထောင်ချောက်တွေကို ရှောင်ကွင်းနိုင်အောင်လည်း လမ်းပြကူညီတယ်လေ။
`          ထိုနေ့ က နံနက်ခင်းမှာပါပဲ။ စာပွဲပေါ်က တယ်လီဖုန်းကလေးမြည်လာသည်။ ကျနော် ဖုန်းကိုင်နား
ထောင်လိုက်တော့
 “အစ်ကို၊ ကျနော် သန်းဝင်းထွဋ်ပါ၊ ဒီဗွီဘီက တိုက်ရိုက်လွှင့်နေတာ။ အစ်ကိုနေကောင်းလား၊ လုံခြုံရဲ့ လား။ ရွှေဝါရောင်နဲ့ ပတ်သက်လို့ တစ်ခုခုပြောပေးမလား“
ညီငယ်သန်းဝင်းထွဋ်က ဆက်တိုက်ပြောချသွားသည်။ ကျနော်သူ့ ကို
“ညတုန်းက စစ်သားတွေ ဘုန်းကြီး
ကျောင်းဝင်စီးတဲ့အကြောင်း ရေးထားတဲ့ကဗျာတော့ရှိတယ်“
လို့ ပြောလိုက်တော့၊ သူက ချက်ချင်းပဲ
“ဒီကဗျာ ရွတ်ပေးပါလား၊ အခုတိုက်ရိုက်လွှင့်နေတာ၊ ခဏလေး၊ ရပြီ၊ အစ်ကို ရွတ်တော့“
            ဒီလိုနှင့်ပင်၊ မထင်ထားပါဘဲနှင့် ထို“ဘေဘီနီလာသိန်းဧချင်း“ကဗျာလေးက လေလှိုင်းကြား ရောက်
သွားခဲ့သည်။ ကဗျာရွတ်လို့ ဆုံးသွားတော့ ကျနော်နွမ်းလျရင်ခုန်ကျန်ရစ်သည်။ ပြေးနေဆဲမှာလည်း ကဗျာနဲ့ 
ကျနော် မကင်းကွာ။ ဘေးဒုက္ခကြုံနေတဲ့အချိန်မှာလည်း ကဗျာနဲ့ ကျနော်မခွဲ။ ကဗျာသည် ကျနော့်လက်နက်။
ဒီလက်နက်ကို ကျနော်ဘယ်တော့မှ မချ။ ကျနော် ကဗျာမချ။ ရဲဘော်ကဗျာဆရာအပေါင်းတို့ - ဘယ်တော့မှ
ကဗျာမချနဲံ့ ။ ကဗျာချလိုက်ပြီဆိုတာနဲ့ ငါတို့ ဟာ တစ်သက်လုံးနာလန်မထူနိုင်အောင် ကျဆုံးသွားရတော့
မယ်။ ကဗျာ မချနဲ့ ။ ကဗျာချလိုက်တာနဲ့ တစ်ပြိုင်နက် ငါတို့ ရဲ့ အနာဂတ်လည်း ပျောက်ကွယ်သွားလိမ့်မယ်။  ။

(အပိုင်း- ၃၊ ဆက်ဖတ်ပါရန်)

အောင်ဝေး
အောက်တိုဘာ ၈- ၂၀၁၂
(Photo - before 2007 Saffron Revolution, Ko Jimmy, Ma Nilar Thein seen with their new born baby girl before they got arrested by the Regime)

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် (အပိုင်း-၁)

On The Run From Rangoon


ဥမ္မာဒန္တီပျို့ ဆရာ ဦးရွှန်းက ဆိုသည်။ “ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ ထက်၊ လွမ်းရေးခက်၏“ တဲ့။ ကျနော်ကလည်း ခက်ခက်ကိုမှ ရင်ခုန်ချင်သူဖြစ်သည်။ ထို့ ကြောင့်လည်း ကျနော် ထွက်တော်မူနန်းက ခွာခဲ့ရသည် မဟုတ်လား။
          ၂၀၀၇၊ အောက်တိုဘာလ(၉)ရက်၊နံနက်ကြီးအစော၊ အိပ်ရာထဲ သိုးနှပ်နေတဲ့ ရန်ကုန်မြို့ ကြီး နိုး မသွားအောင်၊ ကျနော် ခြေဖော့ပြီး တိတ်တိတ်ကလေး ထွက်လာခဲ့သည်။ ရန်ကုန်နဲ့ အဝေး၊ တိုင်းပြည်နဲ့  အဝေး၊ သာ၍ဝေးရာဆီ။
          အခုတော့ ကျနော် အဲဒီလို တိုင်းပြည်ကနေ ထွက်ပြေးခဲ့၊ ထွက်တော်မူနန်းက ခွာခဲ့တဲ့ နေ့ ကို
လွမ်းလွမ်းသသ ပြန်အမှတ်ရနေမိသည်။ ဒီဝေဒနာရဲ့ အစက၊ ဖလော်ရီဒါ စာပေဟောပြောပွဲက စခဲ့တာလို့ ပဲ ဆိုရတော့မည်။
          ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက ဖလော်ရီဒါ (ဖို့ တ် လော်ဒါဒေးလ်မြို့ ) သို့ စာပေဟောပြောရန်
ရောက်သွားခဲ့သည်။ဂန္ထ၀င်အနုပညာရှင်ကြီး ဒေါ်မာမာအေးလည်းပါသည်။ ဦးဇင်းစာရေးဆရာ ကံထွန်းသစ် (အရှင်ဇာဂရ) လည်းပါသည်။ ဦးဇင်းနှင့်ကျနော်က သီတဂူဘုန်းကြီးကျောင်းမှာ အတူတည်းကြသည်။
          ဦးဇင်းကံထွန်းသစ် အမေရိကရောက်ပြီးမှ ကျနော်တို့ နှစ်ခါပဲဆုံဖြစ်ကြသေးသည်။ ပထမတစ်ခါက ၀စ္စကွန်စင်ပြည်နယ်၊ မီဝေါကီးမြို့ ကလေးက၊ ဦးဇင်း သီတင်းသုံး သာသနာပြုနေတဲ့ ဘုန်းကြီးကျောင်းမှာ။  နောက်တစ်ကြိမ်က အင်ဒီယားနားပြည်နယ်၊ ဖို့ တ်ဝိန်းမြို့ က ဇေတ၀န်ကျောင်းတိုက်မှာ။ အခု ဖလော်ရီဒါမှာ တတိယအကြိမ်ဆိုပါတော့။
          နူးညံ့သိမ်မွေ့ တဲ့ ဗုဒ္ဒဘာသာ ရဟန်းတော်တစ်ပါးနဲ့ ၊ ကြမ်းတမ်းခက်ထန် တိုက်ပွဲဆာလောင်တတ် သည့်ကဗျာဆရာတစ်ဦးတို့ ရဲ့ တွေ့ ဆုံခြင်းဟာ၊ စာရေးဆရာချင်း၊ ကဗျာဆရာချင်း တွေ့ ဆုံတာထက် ပိုတဲ့ အဓိပ္ဖာယ်တွေ ရှိနေခဲ့သည်။ တိုင်းတပါးမှာ ကျနော်လည်းရောက်နေသည်။ တိုင်းတပါးမှာ ဦးဇင်းလည်း ရောက်နေသည်။
          တစ်ခါတုန်းကတော့ ဦးဇင်းကံထွန်းသစ်ရော၊ ကျနော်ပါ၊ ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်က၊ ကြေးသွန်းဘုရားကြီးမှာ အတူတူသပိတ်စခန်းဖွင့်ခဲ့ကြသည်။ ဆရာ ဒကာ လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို တိုက်ခဲ့ကြသည်။ လွန်ခဲ့သော ငါးနှစ်က။
ထိုငါးနှစ်တုန်းကအဖြစ်က၊ အခု ဖလော်ရီဒါ စာပေဟောပြောပွဲမှာ၊ ဦးဇင်းနှင့် ကျနော်တို့ ၏ရင်ထဲတွင် မနေ့ တနေ့ ကလိုပြန်ဖြစ်လာသည်။ အတိတ်က ပြန်သစ်လာသည်။
          ဦးဇင်းနှင့် ကျနော်တို့ ၏ လွန်ခဲ့သောငါးနှစ်က အတိတ်သည် ဟောင်းမသွား။ အိုမသွား။ အတိတ်က ပြန်နုပျိုသစ်လွင်လာသည်။ အတိတ်သစ်။ သို့ သော် ဦးဇင်းရော ကျနော်ရော စိတ်တွေကတော့ အသစ်မဟုတ်။
နဂိုမူလစိတ်အတိုင်း။ ပင်ကိုစိတ်ပဲ။ မပြောင်းလဲ။ လွန်ခဲ့သောငါးနှစ်က ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အာဏာရှင်ကိုအန်တုစိန်ခေါ်တုန်းက ထားခဲ့တဲ့ စိတ်ခံစားချက်၊ စိတ်ခံယူချက်အတိုင်း၊ နည်းနည်းမှ ပြောင်းလဲမသွား။
          စစ်အာဏာရှင်စနစ် ဘုံးဘုံးလဲမသွားသေးဘူး။ စစ်အာဏာရှင်စနစ် မကျဆုံးသေးဘူး။ တော်လှန်ရေး သတိ ရှိဖို့ လိုတယ်။ စစ်အာဏာရှင်စနစ်က ရုပ်ပြောင်းရုပ်လွှဲလုပ်လာတယ်။ မျက်ခြည်မပြတ်ဖို့ လိုတယ်။ ဒီ အတိုင်း ဒီစိတ်နဲ့ ပဲ ဦးဇင်းတို့ ၊ ကျနော်တို့  တိုင်းတပါးမှာ နေထိုင်နေပါတယ်။ စိတ်ထားမပြောင်း။ စိတ်က အသစ်မဟုတ်၊ နဂိုအတိုင်း။ သို့ သော် အတိတ်ကတော့ အသစ်။ အတိတ်သစ်။ ဖလော်ရီဒါမှာ အတိတ်က ပြန်လည် သစ်လွင်သွားခဲ့ခြင်း။
          ကျနော် ရွှေဝါရောင်တော်လှန်ရေးကို ပြင်းပြင်းပြပြ ပြန်တမ်းတနေမိသည်။ ရွှေဝါရောင်ကို ကျနော် လွမ်းဆွတ်သည်။ ၂၀၀၇ စက်တင်ဘာမှာ ရွှေဝါရောင်တော်လှန်ရေးရဲ့ အထွေထွေသပိတ်ကြီး ဆင်နွှဲခဲ့သည်။
စက်တင်ဘာ(၂၄) နဲ့ (၂၅)။ (၂၅)ရက်နေ့ ညနေမှာ ဦးဇင်းကံထွန်းသစ်တို့ ၊ ကျနော်တို့ ဆူးလေဘုရားရှေ့ မှာ စစ်အာဏာရှင်ဆန့် ကျင်ရေး မိန့် ခွန်းတွေပြောခဲ့ကြသည်။ ( ၉၀ ရွေးကောက်ပွဲအနိုင်ရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကန့်ဘလူအမတ် ဒေါက်တာမြင့်နိုင်နှင့် ၂၀၀၇ ဗကသ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုတို့ လည်း မိန့် ခွန်းပြောကြပါသည်)
          လွမ်းစရာက အဲဒီညနေမှာပဲ ကျနော် ကျော်သူကို သယ်ပိုးပြီးမြေလျှိုးခဲ့ရတာပါ။ နောက်တစ်နေ့  မိုးလင်းတော့(စက်တင်ဘာ ၂၆) ကျော်သူနှင့်ကျနော် လူချင်းခွဲလိုက်ကြသည်။ ဒီမှာပါပဲ။ ကျနော့်ရဲ့ ပြည်ပြေး ဘ၀ခရီးကြမ်းက အဲဒီမှာ စပါတော့သည်။
ပြေး ပြေး ပြေး။
ကျနော် ပုန်းခိုကျင်းတွေ တစ်ခုပြီးတစ်ခု ပြောင်း ရသည်။
ပြေး ပြေး ပြေး။
          ကျနော်တို့ ကျော်သူတို့ နဲ့ အတူလက်တွဲ တိုက်ခဲ့သည့် ကိုဇာဂနာကို စစ်အစိုးရ ထောက်လှမ်းရေးတွေက ဖမ်းဆီးသွားပြီ။ ကျနော်လည်းပြေးပြီ။ သို့ သော်…။ မြစ်တစ်မြစ်တည်းမှာ ရေနှစ်ခါချိုးလို့ မရ တဲ့၊ ဒီစကား ကြားဖူးကြပါလိမ့်မည်။ ကျနော့်အဖြစ်ကတော့၊ ပုန်းခိုကျင်းတစ်ခုတည်းမှာ နှစ်ခါပြန် ပုန်းလို့ မရ။
          စစ်အစိုးရရဲ့ ခြေတံ လက်တံက ရှည်သည်။ စစ်ထောက်လှမ်းရေးတွေ၊ လုံထိန်းရဲတွေ၊ ကြံ့ဖွတ်နဲ့  စွမ်းအားရှင်တွေက ထင်ရာစိုင်း မင်းမူလို့ နေသည်။ ကျနော့်အတွက် လုံခြုံရေးသည် အသက်။ လုံခြုံရေးသည် ၀ိညာဉ်။ စက်တင်ဘာမိုးရေထဲမှာ၊ ရေဒီယိုကလေးတစ်လုံးနဲ့ ကျနော် တစ်နေရာပြီးတစ်နေရာ ပြေးပြေး ပြောင်းပြောင်းလုပ်နေရသည်။
          ကျနော်သည် ကဗျာဆရာတစ်ယောက်ဖြစ်၏။ အခု ကျနော်ထွက်ပြေးနေရသည်။ ထွက်ပြေးနေသော ကဗျာဆရာ။ ကဗျာဆရာသည် ထွက်ပြေးနေရင်းကပင် ကဗျာရေးပြီးတိုက်ပွဲဝင်၏။ ကဗျာသည် သူ၏လက်နက် မဟုတ်လား။ ထိုလက်နက်ကို သူမစွန့် လွှတ်။ ဒီလိုနှင့်၊ တိတ်ဆိတ်ငြိမ်သက်နေသည့်၊ ဖန်မီးအိမ်ကလေးနဲ့  ပုန်းခိုကျင်းတစ်ခုထဲမှာ ကျနော် ဟောဒီကဗျာကိုရေးဖြစ်ခဲ့သည်။
၂၇-၉-၂၀၀၇။

အောင်ဝေး သရဏဂုံတင်ခြင်း
ရှရီ နမော ဗုဒ္စာယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။
ဗုဒ္စံ သရဏံ ဂစ္ဆာမိ
လွတ်လပ်မှုကို လိုပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားမျှတမှုကို လိုပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ
ငြိမ်းချမ်းမှုကို လိုပါ၏။
ဒုတိယမ္ဖိ ဗုဒ္စံ သရဏံ ဂစ္ဆာမိ
စစ်အာဏာရှင်အုပ်စု အလိုမရှိ။
ဒုတိယမ္ဖိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ကြံ့ဖွတ်လူသတ်သမား အလိုမရှိ။
ဒုတိယမ္ဖိ သံဃံ သရဏံ ဂစ္ဆာမိ
စွမ်းအားရှင်ခွေးသရမ်း အလိုမရှိ။
တတိယမ္ဖိ ဗုဒ္စံ သရဏံ ဂစ္ဆာမိ
“တပ်“နှင့်သံဃာ၊ ရိုသဒ္စါ၊ ညီညာကြရာ၏။
တတိယမ္ဖိ ဓမ္မံ သရဏံ ဂစ္ဆာမိ
“တပ်“နှင့်ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏။
တတိယမ္ဖိ သံဃံ သရဏံ ဂစ္ဆာမိ
“တပ်“နှင့်ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။
ရှရီ နမော ဗုဒ္စာယ
သန့် ရှင်းသောအစိုးရ ထူထောင်ကြ။
ရှရီ နမော ဗုဒ္စာယ
အပြစ်ကင်းသောအစိုးရ ထူထောင်ကြ။
(၂၇-၉-၂၀၀၇)

          ဒီတုန်းကတော့ ကျနော်က စစ်တပ်ကိုယုံချင်နေသေးသည်။ သံဃာသတ်သည့် စစ်အာဏာရှင်ကို ကျားကန်ပေးထားတဲ့စစ်တပ်။ စစ်အစိုးရအမာခံစစ်တပ်။ ထိုစစ်တပ်ကို ကျနော်ဘာ့ကြောင့်ယုံခဲ့မိ၊ လျှော့တွက်ခဲ့မိပါလိမ့်။ တိုက်ပွဲလိုအပ်ချက်အရ၊ “သားသုံးသား" ပေါင်းစည်းရေးကို ကျနော်မျှော်လင့်ခဲ့မိလို့ လား။
ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ ဒီ သားသုံးသား၊ ကျနော်တို့ မျိုးဆက်တစ်သက်မှာတော့၊ ဘယ်တော့မှမပေါင်းစည်းနိုင်ဘူး ဆိုတာကို၊ အဲဒီတုန်းက ကျနော် သဘောမပေါက်ခဲ့တာ သေချာသည်။
          ပြေး ပြေး ပြေး။ ကဗျာဆရာ ထွက်ပြေးနေရတယ်။ အဲဒီကဗျာဆရာကို ဒီစစ်တပ်ကပဲ လိုက်ရှာနေတာ၊ ဖမ်းဖို့ ကြိုးစားနေတာ သူသိရက်သားနဲ့ ။ ဒါနဲ့ များ ဘာဖြစ်လို့ စစ်တပ်ကို ကိုယ့်ဘက်ပါအောင် လုပ်ချင်နေခဲ့မိပါလိမ့်။     ။

(အပိုင်း-၂ ၊ ဆက်ဖတ်ပါရန်)
 အောင်ဝေး
စက်တင်ဘာ ၂၇-၂၀၁၂

Thursday, September 6, 2012

ရန်ကုန်ရောက် မိုးသီးဇွန်သို့  အရေးပေါ် အကြောင်းကြားစာ

“ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို
တွေ့ ရလေသည် “
( ကာနယ် ချစ်ကောင်း )

မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။
မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ ဓား မတုံးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့ အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့ ။

၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတစ်ယောက်ရဲ့ 
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
အမုန်းပန်းတွေနဲ့ 
ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
ယုံကြည်ရာ မဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့ 
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ ဖို့ 
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့ မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။
ငါတို့ ကိုယ်တွေ့ 
ရန်/ငါ မပြတ်လို့ 
သံဃာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။
အခုတော့…
ရီးပဲ မိုးသီး။

ဒီကနေ့ 
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ ကို ထပ်စော်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဒဏ်ရာကို
ကိုယ် လျှာနဲ့ လျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။
ငါတို့ တွေ
တိုင်းပြည်ကို စွန့် ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ ပါ။
အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့ လှမ်းပက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်“ ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့ လှမ်းပက်ခဲ့ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့ 
သရော်လှောင်ပြောင်တာ
ခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မ တစ်ယောက်ရဲ့ မေးခွန်းကို
ဖြေဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
အခုတော့
လူကို ခွေးသတ်လေခြင်း။
တောမီးမနိုင်
တောင် မီးနဲ့ ရှို့ လေခြင်း။
ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့ စွဲခဲ့ပြီ။

ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့ 
ကြိုးစင် တင်ကြတော့မယ်။

တို့ ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။
ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း
ဒေါင်းတစ်ကောင်ကိုတောင်
စော်ကားရဲမှတော့...။
ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့ တောင်ချွတ်ပြီးပေါက်ကြတော့မယ်။

ငါ မပြန်တော့ဘူး
မိုးသီးရေ။
အရူးတွေရဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့ အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့ 
အဘဦးတင်ဦးတို့ 
ဆရာဦးဝင်းတင်တို့ ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့ တောင်သွားမချိုင်လေနဲ့ ။
မင်းရဲ့ တချို့ ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။

” ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်“
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပဲ။
သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
သြ- မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့ 
ငါတို့ မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။

တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့ အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။
အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။

ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။
အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ် ဆက်စီးကြရုံ။
ကိုယ့် စစ်ကိုပဲ
ကိုယ် ဆက်တိုက်ကြရုံ။

ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့ လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့ လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့ နဲ့ တွေ့ ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့ လား။
ညီလေးရေ
မင်းစွန့် လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့ မဟုတ်ဘူး။
ညီလေးရေ
မင်း အိမ်နဲ့ ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့ မဟုတ်ဘူး။
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့ မဟုတ်။

ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတစ်နေရာ လှူလိုက်ပါလား-တဲ့။
အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
တို့ ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့ နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့ အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့ ။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့ ။

ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့ 
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တစ်ခြမ်းပဲ ရှိရဲ့ ။

ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့ လား။

မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့ 
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့ လက်ထဲမှာ
ခွေးသေ ၀က်သေ ထားခဲ့တော့။
ငါတို့ ညီအစ်ကိုတွေ
နယူးယောက်မြို့ 
မင်ဟတ်တန်မြစ်ထဲက
ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ ကွာ။
မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့ ။
ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့ ။
တိုင်းပြည်ချစ်စိတ်နဲ့ 
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ ဆဋ္ဌမ ဗမာနိုင်ငံတော် “ ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။

မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ 
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတစ်ယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။ ။

အောင်ဝေး

(စက်တင်ဘာ ၆-၂၀၁၂)

Tuesday, August 28, 2012

ဆ စ် မှံ တ ယ့် ညိ န်း ခြ မ်းေ ရး



ငြိ မ်း ချ မ်း ရေး

တ န် ဖိုး အ တ က် ဆုံး အ ချိ န် ဟာ

က တု တ် ကျ င်းေ တွ

န က် န က် တူး ရ တဲ့ အ ချိ န်ေ ပါ့  ။

ကျ နော် တို့ 

ကို ယ့် ကျ င်း ကို ယ်

တူ း လို ့ မ ဆုံ း ေ တ ာ့ ။ ။


ေ အ ာ င္ ေ ၀ း
၈-၂၈-၁၂

Saturday, August 11, 2012

ပု သိ မ် သား များ မ ဖ တ် ရ



ငှက်ရေ…
မင်း လာခေါ်မလားလို့ 
ငါ စောင့်နေတာ။

၂၀၀၇ တုန်းကလည်း
မင်း လာမခေါ်။

၂၀၁၀ ရွေးကောက်ပွဲကျတော့လည်း
မင်း ပေါ်မလာ။

ငှက်ရေ…
မင်း လာခေါ်နိုးနိုးနဲ့ 
ငါ စောင့်နေခဲ့တာ။

ရုရှားက
ယက်ဗ်တူရှင်ကိုရဲ့ 
”စောင့်စားခြင်း” ကဗျာ
ငါ သတိရတယ်။

ရထားကို
ငါစောင့်နေတာ
နွေဦးကို
ငါစောင့်နေတာ
မျှော်လင့်ခြင်းကို
ငါစောင့်နေတာ
ဝင်းမော်ဦးကို
ငါ စောင့်နေတာ။

ငှက်ရေ…
မင်းကို ငါစောင့်နေတာ။

မင်း လာခေါ်လေမလား
ငါစောင့်နေတာ။

ငါတို့ ဒီမှာ
ပုသိမ်သားတွေ စုမိနေကြတယ်။

သစ်ကောင်းအိမ်ရယ်
ဆောင်းယွန်းလရယ်
ငါရယ် ဆိုပါတော့။

သစ်ကောင်းအိမ်က
တံတားကြီးတန်းသား
သခင်စိန်မောင်ကြီး အိမ်နားက။

ဆောင်းယွန်းလက
တာဝတိံသာသားထင်ရဲ့ 
မြင့်မိုးရဲ့ 
ယောက်ဖသုံးဝမ်းကွဲဟောင်းပေါ့ ကွာ။

ညောင်လေးပင်သား ငါက
လေယာဉ်ကွင်းဘေးက
စစ်တပ်ထဲမှာ ကြီးပြင်းခဲ့။

မင်းကတော့
ပြည်တော်သာတိုက်တန်းမှာ
ကြီးပြင်းခဲ့။

မင်းနေတဲ့ ပြည်တော်သာတိုက်တန်းနဲ့ 
ငါတို့ 
သစ်ကောင်းအိမ်တို့ နေတဲ့
ပုသိမ်အကျဉ်းထောင်ကြီးက
နီးနီးလေးပေါ့ ကွာ။

ဒီမှာ …
တို့ ပုသိမ်သားတွေဆုံရင်
မင်းအကြောင်း ရင်ခုန်ဖြစ်ကြတယ်။

မင်းက
သမ္မတကြီး ဒေါက်တာဘဦးတို့ 
ဗိုလ်ချုပ်ကြီး(ဟောင်း)သူရဦး

တင်ဦးတို့ လို
ထင်ရှားတဲ့ပုသိမ်သား။

ပုသိမ်သားက
ပုသိမ်သားကိုလွမ်းတာ
မဆန်းပါဘူးနော်။

ငှက်ရေ…
တို့  ပုသိမ်ပြန်ပြီး
ကော်ရည်သောက်ကြရအောင်။

ဗွက်ကြီးတန်းက ကော်ရည်
မင်းကြိုက်သလို
ငါတို့ လည်းကြိုက်တယ်။

ဒီမှာ
သစ်ကောင်းအိမ် မိန်းမ
ဟိုင်းကြီးသူ ကေခိုင်က
ကော်ရည် အချက်ကောင်းကွ။

တို့ တွေ
ပုသိမ်ကိုလွမ်းတိုင်း
ကော်ရည် ချက်သောက်ကြ။

ကော်ရည်သောက်ရင်း
မင်းအကြောင်းပြောမိကြ။

ကြွက်နီနဲ့ မြင့်မိုးတို့ ကိုလည်း
ငါတို့ သတိရတယ်။

တို့ သုံးယောက်
(သစ်ကောင်းအိမ်၊ ဆောင်းယွန်းလ၊ အောင်ဝေး)
ဒီမှာတော့
ပြည်ပြေးကဗျာဆရာတွေပေါ့ ကွာ။

ပြည်ပြေးလုပ်ရတာ
မစားသာပါဘူး ငှက်ရာ။

ဆောင်းယွန်းလက
ရှစ်ဆယ့်ရှစ်မှာ တောခို
ရဲဌေး နဲ့ အတူ။

ရဲဌေးဆိုတာ
(ဒီလေးလုံးဖိနပ် ရဲဌေးမဟုတ်)
အခုတော့ ”လူအိမ်” ဆိုပြီး
မြန်မာကဗျာလောကမှာ
ရမ်းကားနေတဲ့ ပုသိမ်သားပေါ့ ။

သစ်ကောင်းအိမ်က
ငါ့ အရင်
ထွက်တော်မူ နန်းကခွာတယ်။

ငါက
ရွှေဝါရောင်မှာ
ထွက်တော်မူ နန်းကခွာတယ်။

အခု
တို့ ပုသိမ်သားသုံးကောင်
လရောင်အောက်က င၀ံမြစ်ကြီးကို
လွမ်းတယ်။

ပုသိမ်ကောလိပ်
မြ၀ါးရုံရိပ်က
အိပ်မက်တွေကို လွမ်းတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ 
ပုသိမ်ကြောင်းချီကြပုံ
လွမ်းတယ်။

သွားလေသူကြီး
ဗိုလ်ချုပ်မြင့်အောင်နဲ့ 
တိုက်ခဲ့ရတဲ့
ပုသိမ်တိုက်ပွဲ လွမ်းတယ်။

တစ်ခါတုန်းကတော့
ပုသိမ်သား လေးယောက်
ချီကာဂိုမှာ
အတူ ဆုံခဲ့ကြဖူးတယ်။

အိုင်အိုဝါတက္ကသိုလ်ကို
မင်းထက်မောင်လာတုန်းကပေါ့ 
တို့ လေးယောက်
ချီကာဂိုမှာ ချိန်းပြီးလွမ်းကြတယ်။

ငှက်ရေ…
အခုနေ ပုသိမ်ပြန်သွားရင်
ချိုမြိန်လောက်မယ်။

ပုသိမ်ကောင်းကင်မှာ
ကြယ်တွေ စုံနေတယ်။

သပိတ်စုံရင်
သူပုန်ထလို့ ရတယ်။

ပုသိမ်မှာ
မောင်အောင်ပွင့်ရှိတယ်။

ပုသိမ်မှာ
စိုးအိမ်နဲ့ တိုးဝေရှိတယ်။

ပုသိမ်မှာ
လင်းတည်ဦးရှိတယ်
မောင်ရွှေမူရှိတယ်။

ပုသိမ်မှာ
နောက်မျိုးဆက်သစ်တွေလည်းရှိတယ်
မင်းတို့ ငါတို့ ရဲ့ တောပြန်ကြီး
နေမျိုးဇော်လည်းရှိတယ်လေ။

တို့ တွေ
ဗွက်ကြီးတန်းမှာ
ကော်ရည်သောက်ရင်း
ဒီသူငယ်ချင်းတွေနဲ့ တွေ့ နိုင်တာပေါ့ ။

မင်းကိုနိုင်တို့ လာတာနဲ့ 
ကြုံရင်လည်း
အရေးတော်ပုံ ရင်ခုန်နိုင်တာပေါ့ ။

ငှက် …
ဟိုတုန်းက
ပုသိမ်ထောင်ထဲမှာ
အတူနေခဲ့ရတဲ့
ဆေးကျောင်းသား လှခိုင်
အခုတော့ ပုသိမ်ထောင်မှာ
ထောင်ဆရာဝန်ကြီး ဒေါက်တာလှခိုင်ဖြစ်လို့ ။

တို့ ပုသိမ်သွားရင်း
အကယ်လို့ 
(ဖွဟဲ့ လွဲပါစေ)
တစ်ခုခု အမှားအယွင်းဖြစ်ရင်
ပူစရာမလိုတော့ဘူး
ပုသိမ်ထောင်ထဲမှာ
ဒေါက်တာလှခိုင်ရှိတယ်။

ပုသိမ်နွေရိုင်းမှာ
လွမ်းတိုင်းပွင့်တဲ့ပန်းတွေ ရှိတယ်။

ငှက်ရေ …
တို့ ပုသိမ်ပြန်ကြရအောင်။

မင်း လာခေါ်မလားလို့ 
ငါ့ မှာ စောင့်နေခဲ့တာ။

ဗွက်ကြီးတန်းကို
ပျံသန်းကြစို့ ငှက်ရေ။

မင်း လာခေါ်မလားလို့ 
ငါ့ မှာစောင့်နေခဲ့တာ။

ဓနိတန်းလမ်းထိပ်က
သူပုန်အိပ်ရာမှာ
တို့ အိပ်မက်တွေရှိသေးလား
ကြွက်ကို မေးကြည့်ပါဦးကွာ။

မြင့်မိုးနဲ့ မြင့်မိုးများကတော့
တို့ ကိုမျှော်မယ်။

ငှက်ရေ …
နွားရိုင်းသွင်းချိန်လွန်ရင်
တို့ ပုသိမ်ပြန်ကြရအောင်။

မောင်ချောနွယ်နဲ့ 
ပိုင်သ ကိုခေါ်ပြီး
ပုသိမ်ရွှေမြို့ တော်ကြီးကို မြန်းကြမယ်။

လွမ်းတတ်တဲ့လူတွေ
အကုန်လိုက်ခဲ့
ကော်ရည်တိုက်ဖို့ မလို
တိုက်ပွဲဝင်ဖို့ ပဲလိုတယ်။

ငှက် …
ဒီကဗျာ
ပုသိမ်သားများမဖတ်ရ။

ဖတ်ရင်
လွမ်းမှာစိုးလို့ ပါ။ ။

သြဂုတ် ၁၁- ၂၀၁၂။

(ထူးအိမ်သင် ကွယ်လွန်တဲ့ ရှစ်နှစ်ပြည့် အမှတ်တရ)

Thursday, August 9, 2012

တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး


အာရပ်နွေဦးကို
ငါတို့ထောက်ခံခဲ့တာ
မှားပြီလား။

ငါတို့နွေဦးကို
သူတို့နားမလည်ပါလား။

လူ့ အခွင့်အရေးလား
ဂျေဟတ်လား။

ငါ့ သဘောထား
(ကဗျာဆရာအောင်ဝေး သဘောထား)
ဘယ်ခြိမ်းခြောက်မှုမျိုးမဆို
တစ်အချက် - ဆန့်ကျင်တယ်
နှစ်အချက် - မကြောက်ဘူး။

အခု …
(ပြည်တွင်းမှာ)
မူဆလင်စစ်စစ်ကြီး
အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
မကျန်းမမာဖြစ်နေတယ်။

ငါ …
ဒါကိုပဲ စိတ်ဝင်စားတယ်။

ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင်
သူရဲကောင်းကြီး
အဲဒီ မူဆလင်ကြီး
ကျန်းမာပြီး အသက်ရှည်ပါစေ
ငါ ဆုတောင်းတယ်။

မပြီးဆုံးသေးတဲ့
ဗမာ့ဒီမိုကရေစီခရီး
ဆုံးခန်းတိုင်
အဘ လျှောက်လှမ်းနိုင်ပါစေ
ငါ ဆုတောင်းတယ်။

အောင်ဝေးဟာ
ဗမာနိုင်ငံသား
မြန်မာတိုင်းရင်းသား
အားလုံးက
နားလည်နိုင်ကြပါစေသား။ ။

၈-၈-၁၂။

ချိုး ကူ သံ လမ်း က လေး (၅) ------------------------------------- " ညိုထွန်းတို့ လူစု မိဂဒါဝုန်သို့ ရောက်ပြီ "* ဒီ လမ်း...။ မင်းကိုနိုင်တို့ လူစု မြစ



" ညိုထွန်းတို့ လူစု မိဂဒါဝုန်သို့ ရောက်ပြီ "*
ဒီ လမ်း...။

မင်းကိုနိုင်တို့ လူစု မြစ်ဆုံသို့ ရောက်ပြီ
ဒီ လမ်း...။

ချိုးကူသံ သဲ့သဲ့
ကြားနေရတဲ့
လမ်းကလေးပါကွယ်။

ရောင်စုံပန်းတွေကလည်း
လွမ်းပုံ...။

နေရောင် လရောင် ကြယ်ရောင်တွေကလည်း
လွမ်းပုံ...လွမ်းပုံ...။

" ပြည်သူ့ ဘဝ
ဒေါင်းဘုရင်မ " တဲ့
ဒီလမ်းပေါ်က လွမ်းပုံ။

" ပြည်တော်ပြန်မယ်ထွေး
နန်းတက်မှ အေး " တဲ့
တဘောင်တေးနဲ့ လွမ်းပုံ။

လမ်ကတော့
မှုန်မှုန်လေးပါ။

ဒါပေမဲ့
ယုံကြည်ရင်
လမ်းဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း
လွမ်းတယ်။

ဒီလမ်း
ခမ်းခမ်းနားနား။

စစ်ပွဲများရပ်ပစ်။ ။

(အိမ်စိုးမေ နှင့် ရုပ်ရှင် ဂီတ မောင်နှမများသို့ )

အောင်ဝေး
ဖေဖော်ဝါရီ ၂၉-၂၀၁၂။

-------------------------------------
* သိန်းဖေမြင့်၏စစ်အတွင်းခရီးသည်

Saturday, August 4, 2012

POEM FOR NYC 24th 8888 DAY ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက်


(ကျား) ပျံသန်းနေတဲ့မြစ်။
(မ) စီးဆင်းနေတဲ့ငှက်။
(ကျား) စီးဆင်းနေတဲ့ငှက်။
(မ) ပျံသန်းနေတဲ့မြစ်။
(ကျား) ကျနော်တို့  စခဲ့ကြတယ်။
(မ) ကျမတို့  စခဲ့ကြတယ်။
(ကျား) ကျနော်တို့  စခဲ့ကြတယ်။
(မ) ကျမတို့  စခဲ့ကြတယ်။
(ကျား) ရှစ်လေးလုံးက၊ စ၍စီးဆင်း၊ မြစ်တစင်း။
(မ) ရှစ်လေးလုံးက၊ စ၍ပျံသန်း၊ ငှက်ရဲ့ လမ်း။
(ကျား) ရှစ်လေးလုံးက၊ စ၍ပျံသန်း၊ ငှက်ရဲ့ လမ်း။
(မ) ရှစ်လေးလုံးက၊ စ၍စီးဆင်း၊ မြစ်တစင်း။
(ကျား) မြစ်ရဲ့ ဘေးမှာ၊ သွေးနဲ့ ရေးတဲ့၊ တေးတပုဒ်။
(မ) ငှက်ခြေရာမှာ၊ မျက်ရည်ဖြာတဲ့၊ ကဗျာတပုဒ်။
(ကျား) ငှက်ခြေရာမှာ၊ မျက်ရည်ဖြာတဲ့၊ ကဗျာတပုဒ်။
(မ) မြစ်ရဲ့ ဘေးမှာ၊ သွေးနဲ့ ရေးတဲ့၊ တေးတပုဒ်။
(ကျား) ဒီအရေးမှာ၊ ဒီတေးကလည်း၊ မပြီးသေး။
(မ) ဒီအခါမှာ၊ ဒီကဗျာကလည်း၊ မဆုံးသေး။
(ကျား) ဒီအခါမှာ၊ ဒီကဗျာကလည်း၊ မဆုံးသေး။
(မ) ဒီအရေးမှာ၊ ဒီတေးကလည်း၊ မပြီးသေး။
(ကျား) ကျနော်တို့  စခဲ့ကြတယ်၊ ကျနော်တို့  အဆုံးသတ်ရမယ်။
(မ) ကျမတို့  စခဲ့ကြတယ်၊ ကျမတို့ အဆုံးသတ်ရမယ်။
(ကျား) ကျနော်တို့  စခဲ့ကြတယ်၊ ကျနော်တို့ အဆုံးသတ်ရမယ်။
(မ) ကျမတို့  စခဲ့ကြတယ်၊ ကျမတို့ အဆုံးသတ်ရမယ်။
(ကျား+မ) ကျွန်ုပ်တို့ ၊ ကျွန်ုပ်တို့ အားလုံး၊ ရှစ်လေးလုံး။
(ကျား+မ) ကျွန်ုပ်တို့ ၊ ကျွန်ုပ်တို့ အားလုံး၊ ရှစ်လေးလုံး။
(ကျား+မ) ကျွန်ုပ်တို့ ၊ ကျွန်ုပ်တို့ အားလုံး၊ ရှစ်လေးလုံး။
(ကျား+မ) ကျွန်ုပ်တို့ ၊ ကျွန်ုပ်တို့ အားလုံး၊ ရှစ်လေးလုံး။
(ကျား) ရှစ်လေးလုံးဟာ၊ အစဖြစ်တယ်။
(မ) ရှစ်လေးလုံးဟာ၊ အဆုံးဖြစ်တယ်။
(ကျား+မ) ရှစ်လေးလုံးဟာ၊ အစဖြစ်တယ်၊ ရှစ်လေးလုံးဟာ၊ အဆုံးဖြစ်တယ်။
(ကျား+မ) ရှစ်လေးလုံးဟာ၊ အစဖြစ်တယ်၊ ရှစ်လေးလုံးဟာ၊ အဆုံးဖြစ်တယ်။ ။
----------------------------------------------------------------
ကဗျာရွတ်ဆိုရန်-
ကျား ၄ ဦး၊ မ ၄ ဦး၊ ပေါင်း ၈ ဦး လိုအပ်ပါသည်။
တခေါက်က နှစ်ခေါက်၊ နှစ်ခေါက်က သုံးခေါက်၊ ဇာတ်တိုက်ရွတ်ဆိုကြည့်ပါ။
တဖြည်းဖြည်းနဲ့ အဆင်ပြေ ချိုမြိန်လာတာ တွေ့ ရပါလိမ့်မယ်။
ကဗျာမှာ (သံချပ် လင်္ကာသွား) ပုံစံ ရေးသားထားတာပါ။

Sunday, July 8, 2012

မ င်း ကို နို င် ဥ ဒါ န်း



တစ်ပွင့် ကျန်လည်း
လက်ပံ ပဲလေ
တောအမြဲ တောင်အမြဲ
မီးလျှံရဲရဲ၊ နီမှာပဲ။

တစ်ပွင့် ကျန်စမ်း
ဒါ - စိန်ပန်း ဟေ့
လမ်း တစ်လမ်းလုံး
စိမ်းလန်းသော ရဲဘော်နီနီ။

တစ်ပွင့် တည်းလား
နှလုံးသားထဲ
ဓား လှံ လေးမြား၊ ၀င်စားရော့သလား
ကျောက်သားနှင်းဆီ၊ ချင်းချင်းနီ။

အနီ အနီ
အနီ ပဲလေ
အပြာရဲ့  အနီ
အဖြူရဲ့  အနီ
ငြိမ်းချမ်းရေး အနီရောင်။

ဒီ အရောင်တွေ
တစ်ထောင်လုံး နီ၊ တစ်ပြည်လုံး မှိုင်း
သွေးလှိုင်း ခတ်သံ ကြားစေသော်။ ။

အောင်ဝေး
၇ - ၇ - ၂၀၁၂။

( သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲ မှ )

Wednesday, June 27, 2012

သူငယ်ချင်း မြတ်ခိုင်






ငါ မသေဘူး
ရေကူးတတ်တဲ့ မြတ်ခိုင်။

အခု
မြတ်ခိုင်မှာ
ဂျာနယ် မရှိ။

ခက်တာက
လယ်သမားတွေမှာ
လယ် မရှိတာပဲ။

မြတ်ခိုင်က
ဂျာနယ် အသိမ်းခံရ။

လယ်သမားတွေက
လယ် အသိမ်းခံရ။

မြတ်ခိုင်မှာ
ဂျာနယ်လိုအပ်သလို
လယ်သမားတွေလည်း
လယ်မြေလိုအပ်သပေါ့။

လွတ်လပ်မှုဆိုတာ
လိုအပ်မှုကို သဘောပေါက်နားလည်ခြင်းတဲ့ မြတ်ခိုင်။

မြတ်ခိုင်ရော
လယ်သမားတွေပါ
လွတ်လပ်မှု အသိမ်းခံရပါပကော။

ထွန်တုံးပေါ်က လာတဲ့လူ
ပြန်ကျတော့လည်း
ထွန်တုံးပေါ်ပဲကျမယ် မြတ်ခိုင်။

လယ်သမားတွေလို
ထွန်တုံးတိုက်ပွဲ ဆင်ပါ။

လွတ်လပ်မှုအတွက်
လွတ်လပ်မှုကို စတေးပါ။

ဓားတွေ လှံတွေ ကြားမှာ
“တရား” နဲ့ နေပါ။

တစ်နေ့ -
လယ်သမားတွေက
မြတ်ခိုင်ကို လိုအပ်လာမယ့်နေ့
အဲဒီနေ့ .... .... .... ။ ။

အောင်ဝေး
ဇွန် ၂၇၊ ၂၀၁၂

Wednesday, June 20, 2012

ေ သ ကြဲ




တက္ကသိုလ်ရိပ်သာလမ်းက
ကြမ်းတယ်။

သိမ်းမြစ်ကမ်းက
လွမ်းတယ်။

အောက်စဖို့ ဒ်ညချမ်း
အိမ်ပြန်လမ်းမှာ
လွမ်းသူ့ပန်းတွေ ဝေခဲ့တယ်။ ။

(ဒေါ်အောင်ဆန်းစုကြည်နှင့်
ဒေါက်တာမိုက်ကယ်အဲရစ် သို့ )

အောင်ဝေး
ဇွန် ၂၀-၂၀၁၂။

Monday, April 2, 2012

ဧ ပြီ စ စ် တ မ်း




စစ်အစိုးရက
အင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။

ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့တယ်။

အနာဂတ်က
အနာဂတ်ကို မဲထည့်ခဲ့တယ်။

ကျနော်ကတော့
မဲပုံးထဲ
ဒီကဗျာပဲ ထည့်နိုင်ခဲ့တယ်။ ။

(ဧပြီ ၂-၂၀၁၂)

Tuesday, March 20, 2012

အိမ်မပြန်နိုင်သေးသူများ သမဂ္ဂ






လူမရောက်ပေမဲ့

စိတ်ကတော့ရောက်တာပဲ။
လူမရောက်ပေမဲ့
ကဗျာကတော့ရောက်တာပဲ။
နေ့မရောက်လည်း
ညတော့ရောက်တာပဲ။
လူမစွမ်းပေမဲ့
ကဗျာကစွမ်းတယ်။
လူကမပြန်နိုင်သေးပေတဲ့
ကဗျာက ခဏခဏအိမ်ပြန်တယ်။
ငါ့သူငယ်ချင်းကြီး မောင်ဒေါင်း
သူက တွံတေးသိန်းတန်ကြိုက်တော့
“ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ်” တဲ့
တွံတေးသီချင်းအမြဲဆိုတယ်။

ဖွဟဲ့
လွဲပါစေ၊ ဖယ်ပါစေ။
ငါ့ကျတော့ မွန်ရိုးကြိုက်တယ်
မွန်ရိုးရဲ့ရုပ်ရှင်
River Of No Return ကြိုက်တယ်။

ဖွဟဲ့
လွဲပါစေ၊ ဖယ်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်
မာပါစေ၊ သာပါစေ။
လမ်းတလျှောက်
လရောင်လင်းပါစေ
နှင်းဆီသင်းပါစေ။
တံတားအောက်
တေးအမြဲစီးစေ။
ကျောင်းသားတွေလည်း
သမဂ္ဂ။
အလုပ်သမားတွေလည်း
သမဂ္ဂ။
လယ်သမားတွေလည်း
သမဂ္ဂ။
ကဗျာဆရာတွေလည်း
သမဂ္ဂ။
စာနယ်ဇင်းသမားတွေလည်း
သမဂ္ဂ။
အိမ်ပြန်ချင်သူတွေလည်း
သမဂ္ဂဖွဲ ရမယ်။
တိမ်ယံထက်မှာ
အိမ်ပြန်ငှက်ရှာရ။
ယုဇနပင်မှာ
ဖဲကြိုးဝါရှာရ။
မိတ်ဆွေထဲမှာ
ဘ၀။
ရန်သူကြားမှာ
ဘ၀။
ဘ၀က
အသိကိုပြဋ္ဌာန်းတယ်။
ငါ့ဘ၀က
ငါ့ကိုသင်ကြားတယ်။
“အရာရာဟာ
နိုင်ငံရေးရဲ့လက်အောက်ခံ” တဲ့။
ကဗျာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
ငါလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
အိမ်ပြန်ချင်တာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
အိမ်မပြန်နိုင်သေးတာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
နိုင်ငံရေးအထက်မှာ
ဘာမှမရှိ။
နိုင်ငံရေးတဖက်မှာတော့
စိမ်းစိုတဲ့လမ်းကလေးရှိလေရဲ့။ ။

အောင်ဝေး
မတ်လ ၂၀၊ ၂၀၁၂

Tuesday, January 31, 2012

ချိုးကူသံ လမ်းကလေး (၄)






“ခမ်းကို ချစ်ရင်

ပဲပုပ်ကိုလည်း ချစ်ရမယ်”

လွမ်းစရာ့ ရုပ်ရှင်
လွမ်းစရာ့ ပုံပြင်
ငယ်ငယ်တုန်းက
ချစ်ရေစင်။

ချယ်ရီတွေလည်း
ယမ်းနံ့ စွဲသလို
ပိတောက်တွေလည်း
ယမ်းနံ့ စွဲခဲ့တာပါပဲ နန်းရယ်။

လမ်းတိုင်းမှာ
ပန်းတိုင်ရှိတယ်။

ဒီလမ်းကလေးမှာ
သွေးနဲ့ ရေးတဲ့
ဇာတ်ဝင်ခန်းရှိတယ်။

ဗိုလ်ချုပ်ကသေဆိုရင်
ကျနော်တို့က သေတယ်။

ဗိုလ်ချုပ်က ရှင်ဆိုရင်
ကျနော်တို့က ရှင်တယ်။

ဒီနေ့ခေတ်က
ဗမာ တစ်ကျပ်
ကရင် တစ်ကျပ် မဟုတ်တော့ဘူး။

ဒီနေ့ခေတ်က
ကရင် တစ်ဒေါ်လာ
ဗမာ တစ်ဒေါ်လာခေတ်။

ဖြစ်နိုင်ရင်
မြစ်ဆုံမှာ
အချစ်လှုံချင်ပါရဲ့ ။

ယုံကြည်ရင်
ဒေါင်းတစ်ကောင်
ပျားရည်တစ်အိုး
လမ်းရိုးမှာ
ပန်းမိုးရွာမယ်။

ခမ်းကိုလည်း ချစ်ပါတယ်
ပဲပုပ်ကိုလည်း ချစ်ပါတယ်
ပြည်ထောင်စုကိုလည်း ချစ်ကြမယ်လေ။ ။

( ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားရဲဘော်များသို့)

အောင်ဝေး
ဇန်န၀ါရီ ၃၁၊ ၂၀၁၂