Sunday, July 8, 2012

မ င်း ကို နို င် ဥ ဒါ န်း



တစ်ပွင့် ကျန်လည်း
လက်ပံ ပဲလေ
တောအမြဲ တောင်အမြဲ
မီးလျှံရဲရဲ၊ နီမှာပဲ။

တစ်ပွင့် ကျန်စမ်း
ဒါ - စိန်ပန်း ဟေ့
လမ်း တစ်လမ်းလုံး
စိမ်းလန်းသော ရဲဘော်နီနီ။

တစ်ပွင့် တည်းလား
နှလုံးသားထဲ
ဓား လှံ လေးမြား၊ ၀င်စားရော့သလား
ကျောက်သားနှင်းဆီ၊ ချင်းချင်းနီ။

အနီ အနီ
အနီ ပဲလေ
အပြာရဲ့  အနီ
အဖြူရဲ့  အနီ
ငြိမ်းချမ်းရေး အနီရောင်။

ဒီ အရောင်တွေ
တစ်ထောင်လုံး နီ၊ တစ်ပြည်လုံး မှိုင်း
သွေးလှိုင်း ခတ်သံ ကြားစေသော်။ ။

အောင်ဝေး
၇ - ၇ - ၂၀၁၂။

( သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲ မှ )

Related Posts:

  • အထက (၃) ပုသိမ်၊ ဆရာကန်တော့ပွဲသို့... ။ (၂၉ ဒီဇင်ဘာ ၂၀၁၉) ကျွန်းရွက်ခတ်သံ ငါတို့ကျောင်းက ခေါင်းလောင်းထိုးသံ၊ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့၊ ငှက်တွေ ငှက်တွေ ကျွန်းရွက်ခတ်သံ တောင်ပံခတ်သံ။ အ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၉ ) ညီပေါက် ပြည်ပြေးတစ်ယောက်အတွက် အရေးကြီးတာ တစ်- တိုင်းပြည်နဲ့ လူမျိုးကို သစ္စာရှိဖို့ နှစ်- "ဆန်း" နဲ့ "စု" ကို လွမ်းဖို့ပါ။ ။ အောင်ဝေး (၁၂၊ ၂၃၊ ၂၀၁၉… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၆ )  သင်းသင်းသာ တိုင်းပြည်ရဲ့ လည်ပင်းကို၊ ကြိုးကွင်းစွပ်ဖို့ ကြံတဲ့ ရန်သူအားပေး၊ ဟောင်တဲ့ ခွေးတွေထဲမှာ ငါတို့ ကဗျာဆရာတွေ၊ တစ်ယောက်မှ မပါဘူး။ ။ အော… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၇ ) သွန်းနှင်းအိမ် ချစ်ခြင်းမေတ္တာ နဲ့ ဉာဏ်ပညာ က လွဲ တိုင်းပြည်ကို ဘယ်အရာ ကယ်တင်နိုင်မှာလဲ ကလေးတွေ တိုင်းပြည်ချစ်အောင် သင်ပါ။ ။ အောင်ဝေး (၁၂၊ ၁၆၊ ၁၉) … Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၅ ) ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော် ရှည်ပါစေ တိုင်းပြည်ကို မီးလောင်တိုက် သွင်းတဲ့ ဒင်း(သင်း)တို့တွေ ငရဲတွင်းမှာ ပုပ်ပါစေ * ။ ။ အောင်ဝေး (၁၂၊ ၁၂၊ ၂၀၁၉… Read More

0 comments: