Tuesday, October 27, 2015

အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း ( ၉ )




အောင်မှိုင်းဆန်း။
ခံရတဲ့ဘက်ကချည်း
အမြဲနေတယ်။
အဖိနှိပ်ခံရတယ်
အစော်ကားခံရတယ်။
အမေ့ခံရတယ်
အထင်သေးခံရတယ်။
အကြမ်းဖက်ခံရတယ်
အဖမ်းခံရတယ်။
အခု
အစာငတ်ခံနေတယ်။
မနက်ဖြန်
အောင်ပွဲခံဖို့ လိုတယ်။
ရန်သူကို ခုခံဖို့ 
ခံပင် က
ဆူးကို အမြဲ ချွန်ထားတယ်။
ခါငှက်က
ခံရတဲ့ဘက်က
အမြဲကူပြီး တွန်ပေးတယ်။
အောင်မှိုင်းဆန်း။ ။

ေ အ ာ င္ ေ ၀ း

(မြန်မာနိုင်ငံကဗျာဆရာ)

Tuesday, October 13, 2015

အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း - ၇ နဲ့ ၈





(၇)

နှင်းမိုးတွေ ရွာတဲ့နေ့ က
ကျော်သူ ဖုန်းဆက်တယ်။

နယူးယောက်မြို့ ကြီးကနေ
ကျော်သူ ဖုန်းဆက်တယ်။

ဦးဝင်းတင်အုတ်ဂူကနေ
ကျော်သူ ဖုန်းဆက်တယ်။

ရွှေဝါရောင်တော်လှန်ရေးကနေ
ကျော်သူဖုန်းဆက်တယ်။

တာရာမင်းဝေအုတ်ဂူကနေ
ကျော်သူ ဖုန်းဆက်တယ်။

အမျိုးသားရုပ်ရှင်ခြံကနေ
ကျော်သူ ဖုန်းဆက်တယ်။

နှင်းမိုးတွေ ရွာတဲ့နေ့ 
နယူးယောက်မြို့ ကြီးကနေ
ကျော်သူ ဖုန်းဆက်တော့
အိပ်မက်ဟာ
မစ်ရှီဂန်မဲဇာမှာ
နိုးထလာတယ်။

ညီလေးရေ-
တို့ တွေ မိုင်ချီ ဝေးကွာနေလည်း
တို့ တွေ တရားအတူ ခိုင်ကျည်နေဆဲ။

ညီလေးရေ-
တရားကို စောင့်ပါ။

တရားစောင့်ရင်
မြားဖြောင့်လာမယ်။

မြားဖြောင့်ရင်
ကျားကြောင့်၊ ခြင်္သေ့ကြောင့်
စိုးနှောင့်စရာ ဘာမှမရှိ။ ။


( ၈ )

ရဲဘော်ယုန်ကို
မုန်လာဥဂိုထောင် စောင့်ခိုင်းတဲ့အဖြစ်။

ငါလည်း စာမတတ်
ငါ့ ယောက်ဖ ငညိုပြောတာလည်း
ငါမယုံ ဆိုတဲ့အဖြစ်။

ရွေးကောက်ပွဲနိုင်ရုံနဲ့ 
ရန်ကုန်မရောက်သေးတဲ့အဖြစ်။

"ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ
ဝယ်တယ်၊ ပဲလှော်နဲ့ လဲတယ်" ဆိုတဲ့အဖြစ်။

"ဒီလိုအဖြစ်မျိုးထဲမှာ
ချစ်ကျိုးနည်းရမှာလား" တဲ့
ချိုပြုံးသီချင်းလေး လှတယ်။

တကယ်တော့
စစ်တပ်က
အာဏာရှင်စနစ်ကို မွေးခဲ့တာမဟုတ်။
အာဏာရှင်စနစ်ကသာ
စစ်တပ်ကို မွေးလိုက်တာ။

နောက်တော့
စစ်အာဏာရှင်စနစ်ဖြစ်သွားရော မဟုတ်လား ကြွက်။

နေ၀င်းသေသွားလည်း
ကျော်ငြိမ်းခွဲခဲ့တဲ့ အသည်းက
အခုထိ ကွဲကောင်းတုန်း။ ။

(သိမ်းတင်သား သို့ )

ေ အ ာ င္ ေ ၀ း
(မြန်မာနိုင်ငံကဗျာဆရာ)

Friday, October 2, 2015

အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း (၅) ( ၆ )




(၅)

ဆရာမသေခင်
ငြိမ်ချမ်းရေးရတာမြင်သွားချင်တယ်
မှိုင်းတဖွဖွမှာ။

တပ်ပေါင်းစုဖွဲ့ ကြပါ
တပ်ပေါင်းစုဖွဲ့ ကြပါ
ဆရာတာရာ တဖွဖွမှာ။

ခက်တယ် မမခင်ဦးစံပယ်ရယ်
မဟာမိတ်ပြုတာကိုပဲ
မဲလုတယ်ထင်လိုထင်။

လက်မှတ်ထိုးတဲ့စာရွက်ပေါ်က
ငြိမ်းချမ်းရေး ကျလာမယ်ထင်လိုထင်။

ယှဉ်လိုက်ရင်တော့
ခြင်္သေ့တွေ
ဒေါ်အောင်ဆန်းစုကြည် ခြေဖျားမမီဘူး။

ကျနော်တော့
အောင်မင်းနဲ့ 
တစ်ကောင်ချင်း ချလိုက်ချင်တာပါပဲ။ ။
(ဒေါ်ဝင့်ဝါထွန်းသို့ )

(၆)

"သံကြိုးကွင်းတစ်ခုရဲ့ အားဟာ
အပါးဆုံးသံကွင်းမှာတည်တယ်"
(သင်္ချာရူပဗေဒအဆို)

ရွေးကောက်ပွဲဟာ
စစ်အာဏာရှင်တွေရဲ့ 
အပါးဆုံးသံကွင်းပဲ။

ဒီသံကွင်းကိုဖြတ်ကြ။

အောင်ဆန်းစိတ်ဓာတ်နဲ့ ဖြတ်
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ဖြတ်
ပင်လုံစိတ်ဓာတ်နဲ့ ဖြတ်။

ဘယ်လိုဖြတ်ဖြတ်
ပြတ်ဖို့ အဓိက။

ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ဖြတ်
ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဖြတ်
ရွှေဝါရောင်စိတ်ဓာတ်နဲ့ ဖြတ်။

ဘယ်လိုဖြတ်ဖြတ်
ပြတ်ရင်ပြီးပြီ ကိုမြတ်ခိုင်။ ။