Friday, October 2, 2015

အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း (၅) ( ၆ )




(၅)

ဆရာမသေခင်
ငြိမ်ချမ်းရေးရတာမြင်သွားချင်တယ်
မှိုင်းတဖွဖွမှာ။

တပ်ပေါင်းစုဖွဲ့ ကြပါ
တပ်ပေါင်းစုဖွဲ့ ကြပါ
ဆရာတာရာ တဖွဖွမှာ။

ခက်တယ် မမခင်ဦးစံပယ်ရယ်
မဟာမိတ်ပြုတာကိုပဲ
မဲလုတယ်ထင်လိုထင်။

လက်မှတ်ထိုးတဲ့စာရွက်ပေါ်က
ငြိမ်းချမ်းရေး ကျလာမယ်ထင်လိုထင်။

ယှဉ်လိုက်ရင်တော့
ခြင်္သေ့တွေ
ဒေါ်အောင်ဆန်းစုကြည် ခြေဖျားမမီဘူး။

ကျနော်တော့
အောင်မင်းနဲ့ 
တစ်ကောင်ချင်း ချလိုက်ချင်တာပါပဲ။ ။
(ဒေါ်ဝင့်ဝါထွန်းသို့ )

(၆)

"သံကြိုးကွင်းတစ်ခုရဲ့ အားဟာ
အပါးဆုံးသံကွင်းမှာတည်တယ်"
(သင်္ချာရူပဗေဒအဆို)

ရွေးကောက်ပွဲဟာ
စစ်အာဏာရှင်တွေရဲ့ 
အပါးဆုံးသံကွင်းပဲ။

ဒီသံကွင်းကိုဖြတ်ကြ။

အောင်ဆန်းစိတ်ဓာတ်နဲ့ ဖြတ်
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ဖြတ်
ပင်လုံစိတ်ဓာတ်နဲ့ ဖြတ်။

ဘယ်လိုဖြတ်ဖြတ်
ပြတ်ဖို့ အဓိက။

ဆဲဗင်းဂျူလိုင်စိတ်ဓာတ်နဲ့ ဖြတ်
ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဖြတ်
ရွှေဝါရောင်စိတ်ဓာတ်နဲ့ ဖြတ်။

ဘယ်လိုဖြတ်ဖြတ်
ပြတ်ရင်ပြီးပြီ ကိုမြတ်ခိုင်။ ။

Related Posts:

  • P H O E N I X ဗ န်းေ မာ် တ င်ေ အာ င် နှ င့် ကြီး ပြ င်း ခဲ့ေ သာ ဖီး န စ် ငှ က် များ ( အပိုင်း-၁ ) အောင်ဝေး၊ အောက်တိုဘာ ၂၆၊ ၂၀၁၂   ” ကျနော့်မ… Read More
  • ၂ ၁ ရာ စု ဂ ဠု န် ညီ လာ ခံ   “လသာ” မှာလ မသာဘူး။လသာကိုဂဠုန်ဆရာစံ လာတယ်။ဂဠုန်ဆရာစံဝါ၀ါဝင်းကုမ္မဏီထဲ ၀င်သွားတယ်။ဂဠုန်ဆရာစံပြန်ထွက် မလာတော့ဘူး။ဂဠုန်ဆရာစံအင်္ဂလိပ်အစိုးရ… Read More
  • ချ င်း တွ င်းေ ခါ် သံ အောင်ဝေး အောက်တိုဘာ ၂၂၊ ၂၀၁၂   အို…ချင်းတွင်း သင့်မြင်းတွေ ပြင်းပြင်းစီးဆင်းပါစ။ ဟိုး…တောင်ရိုင်းပေါ်က ဒုန်းစိုင်းချလာ ကဗျာတွေ၊ မုန်တိုင်းတွေ… Read More
  • ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် ( အပိုင်း-၃ ) On The Run From Rangoon ကဗျာဟာ ကဗျာဆရာရဲ့ လက်နက်။ ကဗျာ မချနဲ့ ။ အဲဒီလို ကဗျာလည်းမချ၊ လက်နက်လည်း မချဘဲနှင့် ရန်ကုန်မြို့ တွင်းမှာ ဟိုပြေး ဒီပုန်း၊ ဟိ… Read More
  • SAFFRON REVOLUTIONေ နွေ နှာ င်း ၀ သ န် ရဲ့ မှာ တ မ်း ရှ ည် အောင်ဝေး၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၂ (စာအုပ်အမှာစာ)   တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့… Read More

0 comments: