Wednesday, September 16, 2015

အ ေ ၀ း တ ည် က န် ေ ဘ ာ မ် ာ း ( ၃ နဲ့ ၄ )


( ၃ )
ရွေးကောက်ပွဲဝင်ဖို့ 
ပါတီထောင်မယ်
၂၀၂၀။
နာယက နှစ်ဦးထားမယ်
မဟတ္တမဂန္ဒီ နဲ့ 
ချေဂွေဗားရား။

ဥက္ကဋ္ဌက
ငုယင်ဗန်ထရွိုင်း
အထွေထွေအတွင်းရေးမှူးက
ဂျိမ်းဖွန်ဒါ။

ကိုယ်က
သာမန်ပါတီဝင်လေးပေါ့ ။

ရွေးကောက်ပွဲနိုင်လို့ 
အစိုးရဖွဲ့ ရင်တော့
ကျနော် သမ္မတ လုပ်မှာနော့။ ။
(၄)
“ချုပ်နေ့ ကျူးက
ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု
ကျီးကဲ့သို့ လျှင်၊ မတွေးချင်။

ခင်ပုပ်လည်း ငှက်
ညဉ့် လည်း နက်
ထွက်၍တိုက်ခိုက်သည်တကား”
(ေ မာ င် သာ ရ )

ဘ၀တွေက
စုပ်စုပ်ချုပ်လို့ 
စုံးစုံးမြုပ်ပြီ။
ခင်ပုပ်ငှက်မဟုတ်လို့ 
ထွက်မတိုက်ကြတာလား။

ညဉ့် မနက်သေးလို့ 
ထွက်မတိုက်ကြတာလား။

ဤလိုပုံနှင့်
မိုးကြီးချုပ်လျှင်
ကျွန်ုပ်အိမ်ပြန်ရောက်မည်
မဟုတ်ပါ။ ။

Related Posts:

  • ချိုးကူသံ လမ်းကလေး (၄)“ခမ်းကို ချစ်ရင်ပဲပုပ်ကိုလည်း ချစ်ရမယ်”လွမ်းစရာ့ ရုပ်ရှင်လွမ်းစရာ့ ပုံပြင်ငယ်ငယ်တုန်းကချစ်ရေစင်။ချယ်ရီတွေလည်းယမ်းနံ့ စွဲသလိုပိတောက်တွေလည်းယမ်းနံ့ စွဲခ… Read More
  • ဧ ပြီ စ စ် တ မ်းစစ်အစိုးရကအင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့တယ်။အနာဂတ်ကအနာဂတ်ကို မဲထည့်ခဲ့တယ်။ကျနော်ကတော့မဲပုံးထဲဒီကဗျာပဲ ထည့်နိုင… Read More
  • ကြေး သွန်း အိပ် မက် အောင်ဝေး ဒီဇင်ဘာ ၂၉၊ ၂၀၁၁ကျနော့်အတွက်ငှက်တွေရဲ့ လမ်းကခရမ်းနုရောင်။အိပ်တန်းပြန်ငှက်ကလေးတို့ ရေဒီ မြစ်ကမ်းမှာငါ့ အလွမ်းတို့ မှိုင်းမှိုင်းဝေ။သယ္သြားပါေ… Read More
  • သူငယ်ချင်း မြတ်ခိုင်ငါ မသေဘူးရေကူးတတ်တဲ့ မြတ်ခိုင်။အခုမြတ်ခိုင်မှာဂျာနယ် မရှိ။ခက်တာကလယ်သမားတွေမှာလယ် မရှိတာပဲ။မြတ်ခိုင်ကဂျာနယ် အသိမ်းခံရ။လယ်သမားတွေကလယ် အသိမ်းခံရ။မြတ်ခိုင… Read More
  • အိမ်မပြန်နိုင်သေးသူများ သမဂ္ဂလူမရောက်ပေမဲ့စိတ်ကတော့ရောက်တာပဲ။လူမရောက်ပေမဲ့ကဗျာကတော့ရောက်တာပဲ။နေ့မရောက်လည်းညတော့ရောက်တာပဲ။လူမစွမ်းပေမဲ့ကဗျာကစွမ်းတယ်။လူကမပြန်နိုင်သေးပေတဲ့ကဗျာက ခဏခဏ… Read More

0 comments: