Wednesday, June 26, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၆ )



ရဲဘော်တို့ -
နွေဦးကို ချီတက်ကြ။
 “ငါတို့ ဟာ
ပေဖြစ်ခံရဲရုံသာမက
တူဖြစ်အောင်လည်းလုပ်ရမယ်”
(ဒီမီထရော့ဗ်)
ဟိုတုန်းက
ပေါ်တီယာ ရင်ခုန်သံ
နိုင်ငံတကာ။
ဒီနေ့ က
လူ့ အခွင့်အရေး
ဗဟုရာဇ်တေး။
 “ငါ့ ကို ဒီမိုကရေစီ ပြန်ပေး”
“ငါ့ ကို ဒီမိုကရေစီ ပြန်ပေး”
“ငါ့ ကို ဒီမိုကရေစီ ပြန်ပေး”
စစ်ကလည်း ညောင်း
စနစ်ကလည်း ဟောင်း
ခေတ်က မကောင်းတော့
ချစ်ရက်ကယ်နှောင်း
ချစ်ရက်ကယ်နှောင်း။
တပေါင်းတစ်ညမှာ
ဒေါင်းကတဲ့ နွေဦး
ယူတာဖူးနဲ့ အတူ
မူးယစ်ရီဝေရမှာလား။
နွားရိုင်းသွင်းချိန်
တိမ်တွေလှနေတော့ရော
ဘာလုပ်ရမှာလဲ
ငါ့ နှမ သင်းသင်းသာရယ်။
ခက်တာက
သူတို့ ပဲ ငြိမ်းချမ်းရေး
သူတို့ ပဲ အကြမ်းဖက်။
ခက်တာက
သူတို့ ပဲ ဒီမိုကရေစီ
သူတို့ ပဲ အာဏာရှင်။
ခက်တာက
သူတို့ ပဲ အင်န်ဂျီအို
သူတို့ ပဲ ခရိုနီ။
ခက်တာက
ခက်တာက
ကျမ သမ္မတဖြစ်ချင်တာပဲ
ကျနော် သမ္မတဖြစ်ချင်တာပဲ။
ခက်တာက
ခက်တာက
ငါလည်း စာမတတ်
ငါ့ ယောက်ဖငညိုပြောတာလည်း ငါမယုံ။
လမ်းကလေးရေ ...
နွေဦး မပေါက်ခင်သာ
ဒဂုန်တာရာဆီရောက်အောင်သွားပါတော့။
ရဲဘော်တို့ -
ယုံကြည်ရာဆီ ချီကြလော့။    ။

အောင်ဝေး

ဇွန် ၂၅- ၂၀၁၃။

Tuesday, June 11, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၅ )



ငြိမ်းချမ်းရေး
တန်ဖိုးအတက်ဆုံးအချိန်ဟာ
ကတုတ်ကျင်းတွေ
နက်နက်တူးရတဲ့အချိန်ပေါ့ ။

ကျနော်တို့ 
ကိုယ့်ကျင်းကိုယ်
တူးလို့ မဆုံးတော့။

“ခင်ဘုန်းဝေဇော်” တဲ့
နောက်ဆုံးကတုတ်ကျင်းပေလား။

လင်းယုန်စောင့်တဲ့ နှင်းဆီခင်း
လွမ်းတေး စီးဆင်းသွားတယ်။

လမ်းတိုင်းဟာ
အေသင်ကို ဦးတည်နေတယ်။

ကြားလား
အရိုင်းခေါ်သံ
ကြားလား။

ပြိုလဲသွားသော
မြယာပင်တောကိုလည်းကောင်း
ခိုင်မြဲနေဆဲ
ကံ့ကော်တောကိုလည်းကောင်း
ဦးညွှတ်ပါ၏။

သူရဲကောင်းတို့ ၏ခြေအစုံကို
ဦးခိုက်ပါ၏။

ဂျုံခင်းထဲ
ကျီးကန်းတွေ တဖျောဖျော
ဒီမိုးက
ရေ မစီး
တိုင်းပြည်က ဖျားနာ။

အမျိုးကောင်းသားတစ်စု

ရထားမျှော်ကောင်းတုန်း
ဘူတာက ထွက်သွားပြီ။
အားမငယ်ပါဘူး
ငါတို့ မှာ
ဒဂုန်တာရာရှိတာပဲ။

အသည်းမငယ်ပါဘူး
ငါတို့ မှာ
နွေဦးရှိတာပဲ။

“မောင့်ဂူစတီနာရေ…
နွေဦးသစ်ရဲ့ 
တစ်နံနက်မှာ
တို့ ပြန်ဆုံတွေ့ ကြမယ်နော်”
(ဂျူးလိယက်ဖူးချစ်)

ငြိမ်းချမ်းရေးကိုသာလွမ်း
ကိုယ့်ကျင်းကိုယ်
စိမ်းလန်းစေ။

ဒေါင်းအလံလား
မောင်းပြန်လား
သေနတ်ပြောင်းက
ပန်းများပွင့်စေ။

အို… အနာဂတ်
သင်ရှိရာအရပ်၌
ငါတို့ ၏အလွမ်းဇာတ် သိမ်းပါအံ့။       ။
 

Tuesday, June 4, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၄ )




နိုင်မွန်အောင်သွင်ရေ …
ဆစ်ဒနီမှာ
ဖြစ်တည်ရဲ့လား။
ကလော- အောင်ပန်း
ဒဂုန်တာရာလမ်းကလေး
လွမ်းနေပြီလား။

ဒီအချိန်ဆို
မှိုင်းလုံးတောင်ထိပ်မှာ
မိုးရိပ်တွေ ဆင်နေရော့ မယ်။

ဘ၀ကို မကျေနပ်တိုင်း
ကဗျာရိုင်းရိုင်းဖွဲ့
မုန်တိုင်းကို လွှဲသိပ်ခဲ့တဲ့ 
ရက်တွေ။

“အချစ်ရေ …
မြေနဲ့ ကောင်းကင်၊ မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာ ပါပဲကွယ်၊ ယုံပါ”
(မောင်လေးအောင်)
အခုတော့
သြဇီဒွန္နယာမှာ
အဘိဓမ္မာ ရှာသူရှာ။

အခုတော့
မစ်ရှီဂန်မဲဇာမှာ
ကာရန် ရှာသူရှာ။

“ဘယ်တော့ ပြန်မလဲ”
တစ်ယောက်ရင်ထဲ
တစ်ယောက် ၀င်မကြည့်ရဲဘူး။

ရှင်ကွဲလား
သေကွဲလား။

ဝေးခဲ့သမျှ
အဝေးတကာ့  အဝေးဆုံးဟာ
နွေဦးနဲ့ ဝေးရတာပဲ မဟုတ်လား
ရဲဘော်ရာ။     ။