Friday, July 31, 2020
၂ ၀ ၂ ၀ ( ၁ ၇ )
လွတ်လပ်ရေးနဲ့
ပြည်တွင်းစစ်က
ဖွားဖက်တော်တွေ ဖြစ်တယ်။
တရားမျှတမှုနဲ့
ဖိနှိပ်ချုပ်ချယ်ခြင်းက
တစ်အူထုံ့ဆင်းတွေ ဖြစ်တယ်။
ငြိမ်းချမ်းရေးနဲ့
အကြမ်းဖက်ဝါဒက
အမြှာမွေးတွေ ဖြစ်တယ်။
လွတ်လပ်ပြီး
တရားမျှတရင်
ငြိမ်းချမ်းရေး ရမယ်။
မိတ်ဆွေ ...
ငြိမ်းချမ်းရေးမှာ
သင့်နာမည် ပါတယ်။
မဲစာရင်းမှာ
သင့်နာမည် ပါတယ်။ ။
(ဇူလိုင် ၃၁၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၇ )
လွတ်လပ်ရေးနဲ့
ပြည်တွင်းစစ်က
တရားမျှတမှုနဲ့
ငြိမ်းချမ်းရေးနဲ့
အကြမ်းဖက်ဝါဒက
အမြှာမွေးတွေ ဖြစ်တယ်။
လွတ်လပ်ပြီး
တရားမျှတရင်
ငြိမ်းချမ်းရေး ရမယ်။
မိတ်ဆွေ ...
ငြိမ်းချမ်းရေးမှာ
သင့်နာမည် ပါတယ်။
မဲစာရင်းမှာ
သင့်နာမည် ပါတယ်။ ။
(ဇူလိုင် ၃၁၊ ၂၀၂၀)
Thursday, July 30, 2020
၂ ၀ ၂ ၀ ( ၁ ၆ )
ဒီမိုကရစေီ နဲ့
စစ်အာဏာရှင်စနစ်က
ကာရန် မသင့်ဘူး။
လူ့အခွင့်အရေး နဲ့
လူမျိုးရေးဝါဒက
ကာရန် မသင့်ဘူး။
ရွေးကောက်ပွဲ နဲ့
နာဂစ်ခြေဥက
ကာရန် မသင့်ဘူး။
မိတ်ဆွေ ...
မဲစာရင်းမှာ
သင့်နာမည် ပါရင်
ဒီမိုကရေစီဘက်က နိုင်ပြီ။ ။
(ဇူလိုင် ၃၁၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၆ )
ဒီမိုကေရစီ နဲ့
စစ္အာဏာရွင္စနစ္က
ကာရန် မသင့်ဘူး။
လူ့အခွင့်အရေး နဲ့
လူမျိုးရေးဝါဒက
ကာရန် မသင့်ဘူး။
ရွေးကောက်ပွဲ နဲ့
နာဂစ်ခြေဥက
ကာရန် မသင့်ဘူး။
မိတ်ဆွေ ...
မဲစာရင်းမှာ
သင့်နာမည် ပါရင်
(ဇူလိုင် ၃၁၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၁ ၅ )
ကျားသေ အသက်သွင်း
ဘုရားရေ ...
ချက်ချင်း
စိုင်းလာတဲ့ မြင်း၊ ကျားခံတွင်း ရောက်
အလင်း ပျောက်ခဲ့။
တောလမ်း ခရီးမှာ
မောပန်း ကြီးစွာ
ခြေချည်း ဗလာ၊ ကြောက်ချီး(ချေး)ပါ၏
ဘယ်ခါ ဗျိုင်းခေါက်၊ စစ်ကိုင်း ရောက်ပါ့။ ။
[မှတ်ချက်။ ။ခေတ်သစ်ပုံပြင်တွင်၊ ကျားက အသက်သွင်းသူကို
မစားဘဲ၊ တောထဲ မျက်စိလည်ခိုင်းထားပါသည်]
(ဇူလိုင် ၃၀၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၅ )
ကျားသေ အသက်သွင်း
ဘုရားရေ ...
ချက်ချင်း
အလင်း ပျောက်ခဲ့။
တောလမ်း ခရီးမှာ
မောပန်း ကြီးစွာ
(ဇူလိုင် ၃၀၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၁ ၄ )
မိုင်းဗုံး ထောင်တာထက်
မဲပုံး ထောင်တာက
တိုင်းပြည် အနာ
သက်သာတယ်။ ။
[ဥပဒေသ။ ။အနာကျက်အောင်၊ မဲပုံးက သင့်ဆီ မလာရင်၊
သင်က မဲပုံးဆီ သွားပါ]
(ဇူလိုင် ၃၀၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၄ )
မဲပုံး ထောင်တာက
တိုင်းပြည် အနာ
သက်သာတယ်။ ။
သင်က မဲပုံးဆီ သွားပါ]
(ဇူလိုင် ၃၀၊ ၂၀၂၀)
Wednesday, July 29, 2020
၂ ၀ ၂ ၀ ( ၁ ၃ )
ငါတို့ဘက်က ကြည့်တော့
အသည်းကြားမှာ
မဲပြားဟာ
လက်နက်။
သူတို့ဘက်ကို ကြည့်တော့
မဲပြားဟာ
ငရဲလားရာ
ထွက်သက်။ ။
[ကိုးကား။ ။မဲနဲ့တိုက်တာ၊ နည်းတစ်နည်း ဖြစ်တယ်။ (စိုးအ်မ်)]
(ဇူလိုင် ၂၉၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၃ )
ငါတို့ဘက်က ကြည့်တော့
အသည်းကြားမှာ
မဲပြားဟာ
လက်နက်။
မဲပြားဟာ
ငရဲလားရာ
ထွက်သက်။ ။
(ဇူလိုင် ၂၉၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၁ ၂ )
ငယ်ငယ်တုန်းက
ချိုးရုပ်ကလေး မရလို့
တသသအော်ငိုခဲ့တဲ့
နှမ။
အခု ကြီးလာတော့
ချိုးရုပ်ကလေး ဘေးချ
အိုးပုတ်
အိုးပုတ် နဲ့
အော်နေပြန်ရော။
ခက်ထှာ။ ။
(ဇူလိုင် ၂၉၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၂ )
ငယ်ငယ်တုန်းက
ချိုးရုပ်ကလေး မရလို့
တသသအော်ငိုခဲ့တဲ့
နှမ။
အခု ကြီးလာတော့
ချိုးရုပ်ကလေး ဘေးချ
အိုးပုတ်
အိုးပုတ် နဲ့
အော်နေပြန်ရော။
ခက်ထှာ။ ။
(ဇူလိုင် ၂၉၊ ၂၀၂၀)
Tuesday, July 28, 2020
၂ ၀ ၂ ၀ ( ၁ ၁ )
နရသိန် ည
ကြိုးတိုက် ၀ မှာ
လ က သာတုန်း ... ။
ခမောက် တစ်လုံး
"၉၀" တုန်းက
ထောင်လုံးကျွတ် ညံ၊ အောင်ပွဲ ခံသည်
မိုးယံ သိမ့်သိမ့် တုန်သတည်း။
သြော် ... မောင်အောင်ပွင့် ည
ငဝံ ၀ မှာ
လ က သာတုန်း ရှိပစေတော့။ ။
[ပုသိမ်အကျဉ်းထောင်နေ့ရက်များ ခွပ်ဒေါင်းလည်ပြန်]
(ဇူလိုင် ၂၈၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၁ )
နရသိန် ည
ကြိုးတိုက် ၀ မှာ
လ က သာတုန်း ... ။
ခမောက် တစ်လုံး
"၉၀" တုန်းက
င၀ံ ၀ မှာ
လ က သာတုန်း ရှိပစေတော့။ ။
(ဇူလိုင် ၂၈၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၁ ၀ )
အိပ်မက် ထဲတွင်
အလောင်းစင် သည်
ကြက်ကင် နှစ်ကောင်နှင့် ပါတကား။
ညက အိပ်မက်၊ နိုးတစ်ဝက်။
အိပ်မက်ထဲမှာ
ယာကြီး မီးလောင်၊ ယာရှင် မီးစွဲ
သူ့ ခြင်းထဲက
ခွပ်လက် ချစ၊ ကြက် နှစ်ဖ။ ။
[နီတိ။ ။ ရှို့မီးထက် တို့မီးဆိုး]
(ဇူလိုင် ၂၈၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၁ ၀ )
အိပ်မက် ထဲတွင်
အလောင်းစင် သည်
ညက အိပ်မက်၊ နိုးတစ်ဝက်။
အိပ်မက်ထဲမှာ
သူ့ ခြင်းထဲက
ခွပ်လက် ချစ၊ ကြက် နှစ်ဖ။ ။
(ဇူလိုင် ၂၈၊ ၂၀၂၀)
Monday, July 27, 2020
၂ ၀ ၂ ၀ ( ၉ )
မျောက်က ရိုင်းတော့
သစ်ကိုင်းဟာ
ကိုင်းနေရဲ့။
မုန်တိုင်း မကျခင်
သစ်ကိုင်းက
မျောက်ရိုင်းကို လွှတ်ချလိုက်တယ်။
သစ်ကိုင်း မျောက်လွတ် ဖြစ်ပြီး
သူ့နဂိုအတိုင်း
ပြန် မတ်သွားပေါ့။
ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ သစ်ကိုင်း။ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၉ )
------------------
(အောင်ဝေး)
မျောက်က ရိုင်းတော့
သစ်ကိုင်းဟာ
ကိုင်းနေရဲ့။
မုန်တိုင်း မကျခင်
သစ်ကိုင်းက
သူ့နဂိုအတိုင်း
ပြန် မတ်သွားပေါ့ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၈ )
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။
ဒီ မြောင်တစ်ရိုး
ကျားက ဆိုးသတဲ့။
လမ်းရိုး မှာ
ကျမ်းကိုး နဲ့
ကျားဆိုးကို ထိုးမယ်ပြင်တော့ ... ။
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၈ )
--------------------
(အောင်ဝေး)
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။
ဒီ မြောင်တစ်ရိုး
ကျားက ဆိုးသတဲ့။
လမ်းရိုး မှာ
ကျမ်းကိုး နဲ့
ဓားကျိုး မှာ
ငါးရိုး နင်နေတယ်။ ။
(ဇူလိုင် ၂၇၊ ၂၀၂၀)
Sunday, July 26, 2020
၂ ၀ ၂ ၀ ( ၇ )
ဒီ သစ်ပင်
ငါတို့မှ မစောင့်ရှောက်ရင်
ဘယ်သူ စောင့်ရှောက်မှာလဲ။
သူခိုးတွေက
ခုတ်လှဲပြီး
ခိုးရောင်းစားဖို့ပဲ ကြံနေတာ။
နိုင်ငံတော်သစ်ပင်။ ။
(ဇူလိုင် ၂၆၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၇ )
---------------------
(အောင်ဝေး)
ဒီ သစ်ပင်
သူခိုးတွေက
ခုတ်လှဲပြီး
နိုင်ငံတော်သစ်ပင်။ ။
(ဇူလိုင် ၂၆၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၆ )
မြစ်ကို ထမ်းပြီး
ပင်လယ်ဆီ လှမ်းခဲ့တယ်။
စစ်က သရမ်းတော့
ခေတ်က ကမ်းပြိုတယ်။
တစ်လမ်းလုံး
လှိုင်းကြမ်း စီးခဲ့ရ
မပြီးဆုံးသေးဘူး။
ဒီမိုကရေစီခရီး။ ။
(ဇူလိုင် ၂၆၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၆ )
--------------------
(အောင်ဝေး)
မြစ်ကို ထမ်းပြီး
ပင်လယ်ဆီ လှမ်းခဲ့တယ်။
စစ်က သရမ်းတော့
ခေတ်က ကမ်းပြိုတယ်။
တစ်လမ်းလုံး
လှိုင်းကြမ်း စီးခဲ့ရ
မပြီးဆုံးသေးဘူး။
ဒီမိုကရေစီခရီး။ ။
(ဇူလိုင် ၂၆၊ ၂၀၂၀)
Saturday, July 25, 2020
၂ ၀ ၂ ၀ ( ၅ )
တစ်တောလုံး မြင်
တစ်ပင်ချင်း သိ။
အဆိပ်ပင်
တစ်ပင်မှ မရှိ။
သြောင်း ... ဖွတ်မြီးနဲ့ ဖွတ်ချည်
ဒေါင်းခွပ်မည် ထင်ရည်မှန်း
လွမ်းစဖွယ်လိ။ ။
(ဇူလိုင် ၂၅၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၅ )
--------------------
(အောင်ဝေး)
တစ်တောလုံး မြင်
တစ်ပင်ချင်း သိ။
အဆိပ်ပင်
တစ်ပင်မှ မရှိ။
လွမ်းစဖွယ်လိ။ ။
(ဇူလိုင် ၂၅၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၄ )
ဒီ စံပယ်ပန်းရုံကလေး
ရေ မလောင်းချင် နေပါ။
အဆိပ်ပင်တော့
ရေ သွားမလောင်း လိုက်ပါနဲ့။
စံပယ်ပွင့်တွေ ဖွေးလာရင်
သင်လည်း ကျွနု်ပ်တို့နဲ့အတူ
မွှေးရနံ့ ဝေစု ရမှာပါ။ ။
(ဇူလိုင် ၂၅၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၄ )
-------------------
(အောင်ဝေး)
ဒီ စံပယ်ပန်းရုံကလေး
ရေ မလောင်းချင် နေပါ။
အဆိပ်ပင်တော့
သင်လည်း ကျွန်ုပ်တို့နဲ့အတူ
မွှေးရနံ့ ဝေစု ရမှာပါ။ ။
(ဇူလိုင် ၂၅၊ ၂၀၂၀)
Friday, July 24, 2020
၂ ၀ ၂ ၀ ( ၃ )
မောင်ရင်
ပါးစပ်က ပြောတော့
ဒီမိုကရေစီရမှ ဖြစ်မယ်။
မဲကျတော့
မပေးချင်ဘူး။
စစ်ဖိနပ်သာ
ပြေးကိုက်လိုက်ပေတော့။ ။
(ဇူလိုင် ၂၄၊ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၃ )
--------------------
(အောင်ဝေး)
မောင်ရင်
ပါးစပ်က ပြောတော့
မဲကျတော့
မပေးချင်ဘူး။
စစ်ဖိနပ်သာ
(ဇူလိုင် ၂၄၊ ၂၀၂၀)
၂ ၀ ၂ ၀ ( ၂ )
ပန်းကလေး
ဘယ်တော့မှ လမ်းအရွေး မမှားလေနဲ့။
လမ်းရွေး မှားရင် ...။
လမ်း အရွေးမှားရင်
အမေစားဖို့ ချန်ထားတဲ့
ထမင်းကြမ်းခဲလေး
ခွေး ဝင်စားသွားလိမ့်မယ်။ ။
(ဇူလိုင် ၂၄။ ၂၀၂၀)
##
၂ ၀ ၂ ၀ ( ၂ )
-------------
(အောင်ဝေး)
ပန်းကလေး
လမ်းရွေး မှားရင် ...။
လမ်း အရွေးမှားရင်
ထမင်းကြမ်းခဲလေး
(ဇူလိုင် ၂၄။ ၂၀၂၀)
Thursday, July 23, 2020
၂ ၀ ၂ ဝ
ခွပ်ဒေါင်း ခွပ်ချိန်
ကြယ် ဆွတ်ချိန်
အောင်ပွဲခံမယ့် အချိန်။ ။
(ဇူလိုင် ၂၃၊ ၂၀၂၀)
မိမိ၏(၆၆)နှစ်ပြည့်မွေးနေ့ အမှတ်တရ။
##
၂ ၀ ၂ ၀
-----------
(အောင်ဝေး)
ခွပ်ဒေါင်း ခွပ်ချိန်
ကြယ် ဆွတ်ချိန်
(ဇူလိုင် ၂၃၊ ၂၀၂၀)
Tuesday, July 21, 2020
Never surrender to covid-19
"The coronavirus pandemic is
far from over " (Dr. Anthony Fauci)
So, mask up, Michigan,
every time you leave home.
(Source: covid-19 update, July 21,2020
World: Cases-14,562,550
Deaths- 607,781
U S: Cases- 3,991,262
Deaths- 144,461
.ichigan: Cases- 74,152
Deaths- 6,126 )
Friday, July 17, 2020
ဗို လ် ချုပ်
ငါတို့ ရှင်ဖို့
သူ သေခဲ့တယ်။
ငါတို့ သေသွားရင်
သူ ရှင်ကျန်ခဲ့လိမ့်မယ်။ ။
အောင်ဝေး
(၇-၁၇-၂၀) 
##
 ဗို လ် ချုပ်
ငါတို့ ရှင်ဖို့
သူ သေခဲ့တယ်။
ငါတို့ သေသွားရင်
အောင်ဝေး
(၇-၁၇-၂၀)
Thursday, July 16, 2020
Wednesday, July 8, 2020
New normal?
Statues toppled
People not social distancing
U S. leaving W.H.O
Fears of second wave.
(Source: U S. nears 3 million covid-19 cases, over 131,000 deaths
NBC News, July 7, 2020)
Sunday, July 5, 2020
Friday, July 3, 2020
Thursday, July 2, 2020