Monday, August 31, 2020

မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၃



မစ်ရှီဂန်မဲဇာမှာ
ငါ လွမ်းနေတယ်။
မစ်ရှီဂန်မဲဇာမှာ
ငါ ရင်ဆိုင် တိုက်ခိုက်နေတယ်။
ဒီ စစ်အတွင်းမှာ
ကိုယ်ချင်းစာတရား သာ
ငါ့လက်နက်။
အလွမ်းက
ငါ့ခံတပ်ပဲ။
ငါ့ခံတပ်ကို
ချစ်ခြင်းမေတ္တာနဲ့
ဥ ာဏ်ပညာ စောင့်တယ်။
အလွမ်းက
ရန်ကုန် ပြန်ပြန်ရောက်သွား။
ရန်ကုန် က
ရန် မကုန်သေး
ရန် မလုံသေး။
အလွမ်းက
ခြေထောက် ဗွေပါတော့
ရခိုင်မြေ ရောက်။
အို ... အနောက်တံတိုင်း
ဒုတိယလှိုင်း အရိုက်
(ဟစ်ချ်ကော့ ရုပ်ရှင်* ထဲကလို)
စင်ရော်တွေ ရိုင်းကုန်ပါလား။
အလွမ်းက
မြစ်ဆုံ ရောက်။
အလွမ်းဟာ
ဧရာဝတီကို စုန်တယ်။
အလွမ်းတွေ
မန္တလေး ဖြတ်။
အလွမ်းက
အလွမ်းတွေ ဖြတ်။
အလွမ်းဟာ
ရပ်ပြီး
အနာဂတ် ငေးတယ်။
အဝေးမှာ
စစ်ခရာသံတွေ။
ကိုဗစ်စစ်လား
ပြည်တွင်းစစ်လား။
စစ်တွေ
ရပ်။     ။

အောင်ဝေး
(စက်တင်ဘာ ၁၊ ၂၀၂၀)
* The Birds

##

မ စ္ ရွီ ဂ န္ မဲ ဇာ - ၁ ၃
 
မစ္ရွီဂန္မဲဇာမွာ
ငါ လြမ္းေနတယ္။
မစ္ရွီဂန္မဲဇာမွာ
ငါ ရင္ဆိုင္ တိုက္ခိုက္ေနတယ္။
ဒီ စစ္အတြင္းမွာ
ကိုယ္ခ်င္းစာတရား သာ
ငါ ့လက္နက္။
အလြမ္းက
ငါ ့ခံတပ္ပဲ။
ငါ ့ခံတပ္ကို
ခ်စ္ျခင္းေမတၱာနဲ့
ဥ ာဏ္ပညာ ေစာင့္တယ္။
အလြမ္းက
ရန္ကုန္ ျပန္ျပန္ေရာက္သြား။
ရန္ကုန္ က
ရန္ မကုန္ေသး
ရန္ မလုံေသး။
အလြမ္းက
ေျခေထာက္ ေဗြပါေတာ့
ရခိုင္ေျမ ေရာက္။
အို ... အေနာက္တံတိုင္း
ဒုတိယလိွဳင္း အရိုက္
(ဟစ္ခ်္ေကာ့ ရုပ္ရွင္* ထဲကလို)
စင္ေရာ္ေတြ ရိုင္းကုန္ပါလား။
အလြမ္းက
ျမစ္ဆုံ ေရာက္။
အလြမ္းဟာ
ဧရာ၀တီကို စုန္တယ္။
အလြမ္းေတြ
မႏၱေလး ျဖတ္။
အလြမ္းက
အလြမ္းေတြ ျဖတ္။
အလြမ္းဟာ
ရပ္ၿပီး
အနာဂတ္ ေငးတယ္။
အေ၀းမွာ
စစ္ခရာသံေတြ။
ကိုဗစ္စစ္လား
ျပည္တြင္းစစ္လား။
စစ္ေတြ
ရပ္။     ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၁၊ ၂၀၂၀)
* The Birds

Sunday, August 30, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၂


 

အမေရိကမှာ "I can't breathe!" ပြီးတော့၊ "I can't teach... !"
(၁)
အဖြူနဲ့အစိမ်း လိမ်းခြယ်ထားတဲ့ မနက်ခင်း။ မိုးတွေ ရွာနေမယ်။ စာသင်
ကျောင်းကလေးကိုသွားတဲ့ ကတ္တရာလမ်းမပေါ်မှာ၊ စိန်ပန်းပွင့်တွေ ကြွေ
နေမယ်။ လေက ရုတ်ခနဲ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ဝှေ့နမ်းတိုက်ခတ်
လိုက်ရင်တော့၊ မိုးရေနဲ့ စိုရွှဲပြောင်လက်နေတဲ့ အနက်ခံပေါ်မှာ အနီ
ပြောက် ဆင်ထားတဲ့၊ ကတ္တီပါစကြီး  မိုးပေါါ် လွင့်ပျံဝဲတက်သွားတော့
တယ်။
ဒါက ကျောင်းဖွင့်ချိန် မြင်ကွင်းကလေးပါ။ အခုတော့ မြန်မာပြည်မှာ
ကျောင်းတွေ ယာယီပြန်ပိတ်ထားလိုက်ရပါပြီ။
အစိုးမရတဲ့ အရာတွေထဲမှာ၊ အစိုးရလည်း အမိန့်ပေးရပ်ခိုင်းလို့မရတဲ့
ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးဆိုးကြီးလည်းပါတယ်။
စစ်တွေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တစ်ချို့မှာ ကိုဗစ်ရောဂါပိုးရှိသူတွေ
ရက်ဆက် ခပ်စိပ်စိပ်တွေ့လာနေရတယ်။ ကူးစက်ပုံက ပြည်ပက မဟုတ်၊ ပြည်တင်းကလူက ပြည်တွင်းကလူဆီ ကူးစက်တာ များလာ
တယ်။ ဒုတိယလှိုင်း ရိုက်တာလား၊ ပုတ်တာလား၊ စိုးရိမ်ရေမှတ်ရောက်
လာတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ကျောင်းတွေ ချက်ချင်းပိတ်
ခိုင်းလိုက်တယ်။
ပိတ်တာ မှန်ပါတယ်။ ကိုဗစ်ရန်က ကြီးပါတယ်။ အသက်အန္တရာယ်
လည်း နီးပါတယ်။ ကျောင်းသူ ကျေားသားတွေ၊ ဆရာ ဆရာမတွေ
ဘေးရန်ကင်းဖို့ လိုပါတယ်။
နိုင်ငံတော်အစိုးရရဲ့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး
အစီအမံတွေက အမြော်အမြင်ရှိတယ်။ လက်တွေ့ကျတယ်။ လူတိုင်း
လက်ခံလိုက်နာနိုင်တယ်။  ဘယ်ကျောင်းသား ဘယ်ကျောင်းသူမှ
အသက် အပိုမပါပါဘူး။ ဘယ်ဆရာ ဘယ်ဆရာမမှ အသက် အပိုမပါပါ
ဘူး။
ဒီ အသက်တစ်ချောင်း မဆုံးရှုံးရလေအောင်၊ နိုင်ငံတော်အစိုးရကကော၊
ပြည်သူလူထုကပါ၊ တစ်ချောင်းတည်းသော စိတ်ထားနဲ့၊ ကိုဗစ်ကပ်ဘေး
ဆိုးကြီးကို အန်တုရင်ဆိုင် ကျော်လွှားနေကြတာ ဖြစ်တယ်။
(၂)
အမေရိကမှာတော့ "I can't breathe!" ပြီးတော့၊ နောက်တစ်ခါ
"I can't teach ... !" တဲ့။ တစ်ခန်းမရပ်၊ အလွမ်းဇာတ်က၊ နှစ်ခန်း ထပ်
လာပါတယ်။
ကိုဗစ်ကပ်ကြီးအတွင်း၊ မေ ၂၅ (၂၀၂၀)၊ အမေရိကန်ပြည်ထောင်စု၊
မင်နီဆိုတာပြည်နယ်၊ မင်နီယာပူးလိစ်မြို့မှာ၊ ရဲကဖမ်းဆီးစဉ်
ဂျော့ချ်ဖလွိုက် အမည်ရ၊ အသက်(၄၆)နှစ်အရွယ် အမေရိကန်လူမည်း
(African-American) အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီ ဖြစ်
ရပ်ကို မကျေနပ်တဲ့ အမေရိကန်လူမည်းထုကြီးရဲ့ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ မေ ၂၆ ကစပြီး အမေရိကတစ်လွှား ကိုဗစ်နဲ့
အပြိုင် ကူးစက်ပျံ့နှံ့သွားပါတယ်။
ရဲကဖမ်းဆီးချုပ်နှောင်ထားစဉ်၊ ရဲအရာရှိ(သူက လူဖြူ)က လဲနေတဲ့
ဖလွိုက်ရဲ့ လည်မျိုကို ဒူးခေါင်းနဲ့ ဖိနင်းထားတာ (၈)မိနစ်နဲ့(၄၆)စက္ကန့်
ကြာတယ်။ ဖလွိုက်က "I can't breathe." ကျနော် အသက်ရှူလို့ မရတော့ဘူးလို့ အခါ(၂၀)လောက်ပြောခဲ့တယ်လို့ဆိုတယ်။
ဂျော့ချ်ဖလွိုက် သေသွားတယ်။ ရဲတွေ လူသတ်မှုနဲံ တရားစွဲခံရတယ်။
"NO JUSTICE, NO PEACE" ဆိုတဲ့ ဂျော့ချ်ဖလွိုက်ဆန္ဒပြပွဲတွေက
လ ချီလာပါတယ်။
အဲဒီ BLACK LIVES MATTER ဆန္ဒပြပွဲတွေမှ မစဲသေး၊ မပွဲသေးဘူး၊
ဇူလိုင်လထဲမှာ၊ ဖလော်ရီဒါပြည်နယ်က ဆရာ ဆရာမတွေရဲ့( ပြည်နယ်
အစိုးရက ကျောင်းတွေပြန်ဖွင့်ရေး အစီအစဉ်အပေါ်) ဆန့်ကျင်ဆန္ဒပြတဲ့
လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့တယ်။
ဇူလိုင် ၂၂ ဆန္ဒပြပွဲမှာ၊ ဖလော်ရီဒါပြည်နယ်၊ ဟေးလ်စ်ဘိုရိုမြို့က
ဆရာမတစ်ဦးဖြစ်တဲ့ ဘရစ်တနီမိုင်ယာ က "I can't teach from the
grave!" ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ သေရွာ
ကနေ စာမသင်နိုင်ဘူး။ "No one can teach from the grave." တဲ့။
ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗေးလ်မြို့ က ဆရာမတစ်ဦးဖြစ်သူ
ဝှစ်တနီရက်ဒစ် ကဆိုရင်၊ သူ့နာရေးကြော်ငြာ သူကိုယ်တိုင်ရေးပြီး
ဆန္ဒပြပါတယ်။
သြော် ... သူတို့မှာလည်း အသက်တစ်ချောင်း အပိုပါတာမှ မဟုတ်တာ
ပဲလေ။ ဟုတ်တာပေါ့။ လူမည်းမှာလည်း အသက်နဲ့ပါ။ ဆရာ ဆရာမ
တွေမှာလည်း အသက်နဲ့ပါ။
(၃)
ကျနော်တို့ မြန်မာပြည်မှာတော့ ဒီလို သေရွာကနေ စာမသင်နိုင်ဘူး လို့
ပြောမယ့် ဆရာ ဆရာမ မရှိနိုင်ဘူးလို့ထင်ပါတယ်။ (ပျဉ်းမနားက ဆရာမ
ဆုဂျေတို့၊ မြင်းခြံ-ထနောင်းတိုင်က ဆရာမ မိုးမိုးတို့ ပြောကြပါဦး)
ကိုဗစ်-19 ကပ်ဘေးဆိုးကြီးက( အများတကာ ပြောနေကြတဲ့ NEW
NORMAL ဆိုတဲ့ ပုံမှန်အနေအထားသစ်မှာ) လူတွေရဲ့ အတွေးအခေါ်၊
အမူအကျင့်တွေကို ပြောင်းလဲပစ်လိုက်ပြီလား။
ပြောင်းလဲလိုက်တယ်ဆိုရင်လည်း၊ သူတို့နှင့် ကျနော်တို့ မတူ။
ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာကတော့၊ ဆရာ ဆရာမတွေက
သေရွာက ထပြီး စာသင်နေတုန်း။
ကျနော့် သူငယ်တန်းဆရာမ ဒေါ်လှမေ(BBM ကျောင်း၊ပုသိမ်) အစ၊
ကျနော့် ဆယ်တန်းဆရာမ ဒေါ်သိန်းခ(အ ထ က-၃၊ ပုသိမ်) အလယ်၊
ကျနော့် တက္ကသိုလ်ဆရာမ မြန်မာစာပါမောက္ခဒေါ်ခင်ခင်သီ အဆုံး၊
ကျနော့်အတွက်တော့ သူတို့အားလုံးဟာ သေရွာက ထပြီး ကျနော့်ကို
စာသင်နေကြတုန်းပါ။

အောင်ဝေး
(သြဂုတ် ၃၁၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၂
 
အေမရိကမွာ "I can't breathe!" ၿပီးေတာ့၊ "I can't teach... !"
(၁)
အျဖဴနဲ့အစိမ္း လိမ္းျခယ္ထားတဲ့ မနက္ခင္း။ မိုးေတြ ရြာေနမယ္။ စာသင္
ေက်ာင္းကေလးကိုသြားတဲ့ ကတၱရာလမ္းမေပၚမွာ၊ စိန္ပန္းပြင့္ေတြ ေၾကြ
ေနမယ္။ ေလက ရုတ္ခနဲ ခပ္ၾကမ္းၾကမ္း ခပ္ရမ္းရမ္း ေ၀ွ့နမ္းတိုက္ခတ္
လိုက္ရင္ေတာ့၊ မိုးေရနဲ့ စိုရႊဲေျပာင္လက္ေနတဲ့ အနက္ခံေပၚမွာ အနီ
ေျပာက္ ဆင္ထားတဲ့၊ ကတၱီပါစႀကီး  မိုးေပါၚ လြင့္ပ်ံ၀ဲတက္သြားေတာ့
တယ္။
ဒါက ေက်ာင္းဖြင့္ခ်ိန္ ျမင္ကြင္းကေလးပါ။ အခုေတာ့ ျမန္မာျပည္မွာ
ေက်ာင္းေတြ ယာယီျပန္ပိတ္ထားလိုက္ရပါၿပီ။
အစိုးမရတဲ့ အရာေတြထဲမွာ၊ အစိုးရလည္း အမိန့္ေပးရပ္ခိုင္းလို့မရတဲ့
ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးဆိုးႀကီးလည္းပါတယ္။
စစ္ေတြနဲ့ ရခိုင္ျပည္နယ္ထဲက ၿမိဳ့တစ္ခ်ိဳ့မွာ ကိုဗစ္ေရာဂါပိုးရွိသူေတြ
ရက္ဆက္ ခပ္စိပ္စိပ္ေတြ့လာေနရတယ္။ ကူးစက္ပုံက ျပည္ပက မဟုတ္၊ ျပည္တင္းကလူက ျပည္တြင္းကလူဆီ ကူးစက္တာ မ်ားလာ
တယ္။ ဒုတိယလိွဳင္း ရိုက္တာလား၊ ပုတ္တာလား၊ စိုးရိမ္ေရမွတ္ေရာက္
လာတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္အစိုးရက ေက်ာင္းေတြ ခ်က္ခ်င္းပိတ္
ခိုင္းလိုက္တယ္။
ပိတ္တာ မွန္ပါတယ္။ ကိုဗစ္ရန္က ႀကီးပါတယ္။ အသက္အႏၱရာယ္
လည္း နီးပါတယ္။ ေက်ာင္းသူ ေက်ားသားေတြ၊ ဆရာ ဆရာမေတြ
ေဘးရန္ကင္းဖို့ လိုပါတယ္။
ႏိုင္ငံေတာ္အစိုးရရဲ့ Covid-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး
အစီအမံေတြက အေျမာ္အျမင္ရွိတယ္။ လက္ေတြ့က်တယ္။ လူတိုင္း
လက္ခံလိုက္နာႏိုင္တယ္။  ဘယ္ေက်ာင္းသား ဘယ္ေက်ာင္းသူမွ
အသက္ အပိုမပါပါဘူး။ ဘယ္ဆရာ ဘယ္ဆရာမမွ အသက္ အပိုမပါပါ
ဘူး။
ဒီ အသက္တစ္ေခ်ာင္း မဆုံးရွံဳးရေလေအာင္၊ ႏိုင္ငံေတာ္အစိုးရကေကာ၊
ျပည္သူလူထုကပါ၊ တစ္ေခ်ာင္းတည္းေသာ စိတ္ထားနဲ့၊ ကိုဗစ္ကပ္ေဘး
ဆိုးႀကီးကို အန္တုရင္ဆိုင္ ေက်ာ္လႊားေနၾကတာ ျဖစ္တယ္။
(၂)
အေမရိကမွာေတာ့ "I can't breathe!" ၿပီးေတာ့၊ ေနာက္တစ္ခါ
"I can't teach ... !" တဲ့။ တစ္ခန္းမရပ္၊ အလြမ္းဇာတ္က၊ ႏွစ္ခန္း ထပ္
လာပါတယ္။
ကိုဗစ္ကပ္ႀကီးအတြင္း၊ ေမ ၂၅ (၂၀၂၀)၊ အေမရိကန္ျပည္ေထာင္စု၊
မင္နီဆိုတာျပည္နယ္၊ မင္နီယာပူးလိစ္ၿမိဳ့မွာ၊ ရဲကဖမ္းဆီးစဥ္
ေဂ်ာ့ခ်္ဖလြိဳက္ အမည္ရ၊ အသက္(၄၆)ႏွစ္အရြယ္ အေမရိကန္လူမည္း
(African-American) အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ပါတယ္။ ဒီ ျဖစ္
ရပ္ကို မေက်နပ္တဲ့ အေမရိကန္လူမည္းထုႀကီးရဲ့ BLACK LIVES
MATTER ဆႏၵျပပြဲေတြ ေမ ၂၆ ကစၿပီး အေမရိကတစ္လႊား ကိုဗစ္နဲ့
အၿပိဳင္ ကူးစက္ပ်ံ့ႏွံ့သြားပါတယ္။
ရဲကဖမ္းဆီးခ်ဳပ္ေႏွာင္ထားစဥ္၊ ရဲအရာရွိ(သူက လူျဖဴ)က လဲေနတဲ့
ဖလြိဳက္ရဲ့ လည္မ်ိဳကို ဒူးေခါင္းနဲ့ ဖိနင္းထားတာ (၈)မိနစ္နဲ့(၄၆)စကၠန့္
ၾကာတယ္။ ဖလြိဳက္က "I can't breathe." က်ေနာ္ အသက္ရွဴလို့ မရေတာ့ဘူးလို့ အခါ(၂၀)ေလာက္ေျပာခဲ့တယ္လို့ဆိုတယ္။
ေဂ်ာ့ခ်္ဖလြိဳက္ ေသသြားတယ္။ ရဲေတြ လူသတ္မွဳနဲံ တရားစြဲခံရတယ္။
"NO JUSTICE, NO PEACE" ဆိုတဲ့ ေဂ်ာ့ခ်္ဖလြိဳက္ဆႏၵျပပြဲေတြက
လ ခ်ီလာပါတယ္။
အဲဒီ BLACK LIVES MATTER ဆႏၵျပပြဲေတြမွ မစဲေသး၊ မပြဲေသးဘူး၊
ဇူလိုင္လထဲမွာ၊ ဖေလာ္ရီဒါျပည္နယ္က ဆရာ ဆရာမေတြရဲ့( ျပည္နယ္
အစိုးရက ေက်ာင္းေတြျပန္ဖြင့္ေရး အစီအစဥ္အေပၚ) ဆန့္က်င္ဆႏၵျပတဲ့
လွဳပ္ရွားမွဳတစ္ခု ေပၚထြက္လာခဲ့တယ္။
ဇူလိုင္ ၂၂ ဆႏၵျပပြဲမွာ၊ ဖေလာ္ရီဒါျပည္နယ္၊ ေဟးလ္စ္ဘိုရိုၿမိဳ့က
ဆရာမတစ္ဦးျဖစ္တဲ့ ဘရစ္တနီမိုင္ယာ က "I can't teach from the
grave!" ဆိုတဲ့ ဆိုင္းဘုတ္ကိုကိုင္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။ ေသရြာ
ကေန စာမသင္ႏိုင္ဘူး။ "No one can teach from the grave." တဲ့။
ဖေလာ္ရီဒါျပည္နယ္၊ ဂ်က္ဆင္ေဗးလ္ၿမိဳ့ က ဆရာမတစ္ဦးျဖစ္သူ
၀ွစ္တနီရက္ဒစ္ ကဆိုရင္၊ သူ့နာေရးေႀကာ္ျငာ သူကိုယ္တိုင္ေရးၿပီး
ဆႏၵျပပါတယ္။
ေႀသာ္ ... သူတို့မွာလည္း အသက္တစ္ေခ်ာင္း အပိုပါတာမွ မဟုတ္တာ
ပဲေလ။ ဟုတ္တာေပါ ့။ လူမည္းမွာလည္း အသက္နဲ့ပါ။ ဆရာ ဆရာမ
ေတြမွာလည္း အသက္နဲ့ပါ။
(၃)
က်ေနာ္တို့ ျမန္မာျပည္မွာေတာ့ ဒီလို ေသရြာကေန စာမသင္ႏိုင္ဘူး လို့
ေျပာမယ့္ ဆရာ ဆရာမ မရွိႏိုင္ဘူးလို့ထင္ပါတယ္။ (ပ်ဥ္းမနားက ဆရာမ
ဆုေဂ်တို့၊ ျမင္းၿခံ-ထေနာင္းတိုင္က ဆရာမ မိုးမိုးတို့ ေျပာၾကပါဦး)
ကိုဗစ္-19 ကပ္ေဘးဆိုးႀကီးက( အမ်ားတကာ ေျပာေနၾကတဲ့ NEW
NORMAL ဆိုတဲ့ ပုံမွန္အေနအထားသစ္မွာ) လူေတြရဲ့ အေတြးအေခၚ၊
အမူအက်င့္ေတြကို ေျပာင္းလဲပစ္လိုက္ၿပီလား။
ေျပာင္းလဲလိုက္တယ္ဆိုရင္လည္း၊ သူတို့ႏွင့္ က်ေနာ္တို့ မတူ။
က်ေနာ္တို့ ျမန္မာ့လူ့အဖြဲ့အစည္းမွာကေတာ့၊ ဆရာ ဆရာမေတြက
ေသရြာက ထၿပီး စာသင္ေနတုန္း။
က်ေနာ့္ သူငယ္တန္းဆရာမ ေဒၚလွေမ(BBM ေက်ာင္း၊ပုသိမ္) အစ၊
က်ေနာ့္ ဆယ္တန္းဆရာမ ေဒၚသိန္းခ(အ ထ က-၃၊ ပုသိမ္) အလယ္၊
က်ေနာ့္ တကၠသိုလ္ဆရာမ ျမန္မာစာပါေမာကၡေဒၚခင္ခင္သီ အဆုံး၊
က်ေနာ့္အတြက္ေတာ့ သူတို့အားလုံးဟာ ေသရြာက ထၿပီး က်ေနာ့္ကို
စာသင္ေနၾကတုန္းပါ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၃၁၊ ၂၀၂၀)

Thursday, August 27, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၁


 

ကပ်ကြီးအတွင်းမှာ
လူချင်း ခွာလို့ရတယ်
စိတ်ချင်း ခွာလို့ မရဘူး။
ယနေ့ August 28, 2020 Covid-19 Live Update
World: Cases 24,299,923   Deaths  827,730
U.S.:  Cases  6,096,235   Deaths  185,901
Michigan:  Cases  100,699   Deaths  6,446
မြန်မာ- ကူးစက်  (၆၄၃)ယောက်။   သေဆုံး  (၆)ယောက်။
ကိုရိုနာပိုး၊ ဗိုင်းရပ်စ်မိုးက
အက်စစ်မိုးထက် ဆိုးတယ်။
မိုးက မစဲတော့ဘူးလား။
ကမ္ဘာကြီးဟာ၊ ရွာကြီးတစ်ရွာ တဲ့။
ရိုးလှသန္တာ၊ ရခိုင်ရွာမှာ
တစ်ပတ်အတွင်း
လူ(၁၀၀)ကျော် ကူးစက်သတဲ့။
(အသေအပျောက် မရှိ)
မစ်ရှီဂန်ရွာ၊ ရေကန်သာမှာ
နေ့စဉ် ပျှမ်းမျှ (၇၅၈)ယောက် ကူးစက်
တစ်နေ့ ပျှမ်းမျှ (၁၆)ယောက်သေ။
နာဂစ်ငှက်ဆိုး၊ ညဉ့်နက်ထိုးရင်
ရိုးမရခိုင်တစ်ဆုံး၊ တောအလုံး
တောင်ကတုံးဖြစ်။
ငှက်ဆိုးနာဂစ်၊ ညဉ့်နက်ဟစ်ရင်
မစ်ရှီဂန်ရေကန်ကြီး
မီးလောင်ပြာကျ၊ ကန္တာရဖြစ်။
ဖွဟဲ့ သူငယ်ချင်း
မင်းလည်း မင်းဒွန္နယာမှာ
မင်းဒုက္ခနဲ့ မင်း။
ငါလည်း ငါ့ဒွန္နယာမှာ
ငါ့ဒုက္ခနဲ့ ငါ။
ဘယ်ဒုက္ခမှ
ပျားရည်တစ်ဇွန်း အပိုမပါဘူး။
အရေးကြီးတာက
အသိတရားပဲ။
အသိတရား မရှိရင်တော့
အဝီစိပေါ့ သူငယ်ချင်း။     ။

အောင်ဝေး
(သြဂုတ် ၂၈၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၁
 
ကပ္ႀကီးအတြင္းမွာ
လူခ်င္း ခြာလို့ရတယ္
စိတ္ခ်င္း ခြာလို့ မရဘူး။
ယေန့ August 28, 2020 Covid-19 Live Update
World: Cases 24,299,923   Deaths  827,730
U.S.:  Cases  6,096,235   Deaths  185,901
Michigan:  Cases  100,699   Deaths  6,446
ျမန္မာ- ကူးစက္  (၆၄၃)ေယာက္။   ေသဆုံး  (၆)ေယာက္။
ကိုရိုနာပိုး၊ ဗိုင္းရပ္စ္မိုးက
အက္စစ္မိုးထက္ ဆိုးတယ္။
မိုးက မစဲေတာ့ဘူးလား။
ကမၻာႀကီးဟာ၊ ရြာႀကီးတစ္ရြာ တဲ့။
ရိုးလွသႏၱာ၊ ရခိုင္ရြာမွာ
တစ္ပတ္အတြင္း
လူ(၁၀၀)ေက်ာ္ ကူးစက္သတဲ့။
(အေသအေပ်ာက္ မရွိ)
မစ္ရွီဂန္ရြာ၊ ေရကန္သာမွာ
ေန့စဥ္ ပွ်မ္းမွ် (၇၅၈)ေယာက္ ကူးစက္
တစ္ေန့ ပွ်မ္းမွ် (၁၆)ေယာက္ေသ။
နာဂစ္ငွက္ဆိုး၊ ညဥ့္နက္ထိုးရင္
ရိုးမရခိုင္တစ္ဆုံး၊ ေတာအလုံး
ေတာင္ကတုံးျဖစ္။
ငွက္ဆိုးနာဂစ္၊ ညဥ့္နက္ဟစ္ရင္
မစ္ရွီဂန္ေရကန္ႀကီး
မီးေလာင္ျပာက်၊ ကႏၱာရျဖစ္။
ဖြဟဲ့ သူငယ္ခ်င္း
မင္းလည္း မင္းဒြနၷယာမွာ
မင္းဒုကၡနဲ့ မင္း။
ငါလည္း ငါ ့ဒြႏၷယာမွာ
ငါ ့ဒုကၡနဲ့ ငါ။
ဘယ္ဒုကၡမွ
ပ်ားရည္တစ္ဇြန္း အပိုမပါဘူး။
အေရးႀကီးတာက
အသိတရားပဲ။
အသိတရား မရွိရင္ေတာ့
အ၀ီစိေပါ ့ သူငယ္ခ်င္း။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၈၊ ၂၀၂၀)

Wednesday, August 26, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ဝ


 
အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာ
ဘာလဲ။
EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည်
ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြေးမြင်မိကြသည်။ ဟစ်တလာ၏
လူမျိုးကြီးဝါဒ ဟုဆိုကြပါစို့။ ထိုဟစ်တလာဝါဒ၊ တစ်နည်း EXTREME NATIONALISM (EN)က ကျနော်တို့ မြန်မာပြည်မှာလည်း ရှိသည်။
[ဥပမာ- စစ်တပ်ကို ထောက်ခံအားပေးသည့်(စစ်တပ်ကလည်း ကာကွယ်ပေးထားသည့်) ဝိုင်၊အမ်၊ဘီ၊အေ အသင်းမျိုး၏ အမျိုး၊ ဘာသာ၊
သာသနာ ကြွေးကြော်သံသည် EN ဖြစ်သည်။ ယခုအခါ၊ မ ဘ သ တစ်ဖြစ်
လဲ၊ ကျော်မျိုးရွှေ-အေးပိုင်အဖွဲ့မျိုး၏ အမျိုးသားရေးအမည်ခံကြွေးကြော်သံ
သည် EN ဖြစ်သည်။    ။ဤကား စကားချပ်]
အမေရိကလို ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး နိုင်ငံမျိုးတွေ
မှာတောင်၊ ထို EN ကို တွေ့လာနေရပြီဖြစ်သည်။ မသိမသာကနေ တဖြည်းဖြည်း သိသာထင်ပေါ်လာသည်အထိ၊ တချို့အစိုးရတွေ ကိုယ်တိုင်
က EN ကို အားပေးလာနေတာဖြစ်သည်။
ထိုကဲ့သို့သော နိုင်ငံရေးရာသီဥတုမှာ၊ ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ
ဆိုးကြီးက တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာနေခဲ့သည်။ ထိုရောဂါပိုး
ဘယ်ကလာသလဲ။ တရုတ်ပြည်၊ ဝူဟန်မြို့က လာတယ်။ ဝူဟန်ဗိုင်းရပ်စ်
ဟုပင် ခေါ်ခဲ့ကြသည်။ တရုတ်ပြည်က ဘယ်နေရာမှာလဲ။ အာရှမှာ။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Covid-19 coronavirus ကို၊
ကမ္ဘာ့ကပ်ရောဂါ Global Pandemic အဖြစ် သတိပေးကြေညာလိုက်
သောအခါ ... ။
အမေရိကမှာ၊ ဗြိတိန်မှာ၊ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု
တွေ ရုတ်ခနဲထ ပေါ်ပေါက်လာတော့သည်။ ဒါကို RACISM ဟုခေါ်သည်။
အမေရိကက တချို့မြို့ကြီးတွေက စားသောက်ဆိုင်တွေမှာ "NO CHINESE" ဟု စာရေးကပ်ထားလိုက်ကြသည်။ တရုတ် မဝင်ရ။ ယင်းမှာ
ကိုဗစ်-19 ကပ်ကြီးအစမှာ စတင်မီးရှို့လိုက်သည့် RACISM မီးတောက်ပင်
ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး တရုတ်ပြည်က စတင်ပြန့်ပွားတာ။ တရုတ်လူမျိုး အလိုမရှိ။ ထိုသဘောထားမျိုး တချို့သော အမေရိကန်လူဖြူ အစွန်းရောက်
အမျိုးသားရေးဝါဒီတွေဆီမှာရှိသည်။ ထိုသို့ အမေရိကန်လူဖြူတချို့၏
အမျိုးသားရေးအစွန်းရောက်မှုဒဏ်ကို အမေရိကန်လူမည်း(AFRICAN-
AMERICAN)တွေ ခံရသည်။ စပိန်စကားပြော MEXICAN-LATINO တွေ
ခံရသည်။
ဟော- အခုတော့ ကျနော်တို့အာရှသားတွေဘက် လှည့်လာသည်။
ကျနော်တို့က အသားဝါသည်။ အသားညိုသည်။ YELLOW SKIN ဟု
ဆိုသည်။ အဖြူမဟုတ်လျှင်၊ ကျန်သည့်သူများကို အသားအရောင်ရှိသူ
ဟု ထို အဖြူအစွန်းရောက်တွေက သတ်မှတ်သည်။
စားသောက်ဆိုင်မှာ "NO CHINESE" ဟု စာကပ်ရုံနှင့် မပြီးသေး။ ထိုသူ
တို့က အာရှသားထင်သမျှကို ရန်ရှာလာကြတော့သည်။
လူကြားသူကြားထဲမှာပင် "GO BACK YOUR HOME" ဆိုပြီး၊ လက်ည်ှုး
ငေါက်ငေါကထိုးကာ အော်ဟစ်မောင်းထုတ်တာ ခံရပြန်သည်။ မင်းတို့တိုင်း
ပြည် မင်းတို့ပြန်သွား။
ထိုကဲ့သို့ အော်ဟစ်မောင်းထုတ်ခံရသည့်အထဲမှာ ကျနော်တို့ မြန်မာများ
လည်းပါသည်။
တရုတ်ကဲ့သို့၊ ဗီယက်နမ်ကဲ့သို့၊ မြန်မာကဲ့သို့၊ အသားအရောင်ရှိသော
အာရှသား လူမျိုးခြားတွေကို၊ ထို လူဖြူအစွန်းရောက်အမျိုးသားရေးသမား
တချို့က ရန်သူဟု မြင်ကြသည်။ ခြိမ်းခြောက်နှောင့်ယှက်ကြသည်။ ရန်
ပြုတိုက်ခိုက်ကြသည်။အိမ်နံရံတွေမှာ "GET OUT" ဆိုပြီး တချို့စာတန်း
ခံရသည်။
ကိုဗစ်-19 ကပ်ကြီးအတွင်းမှာ၊ ကိုရိုနာဗိုင်းရပ်စ်ရန်သူက၊ ကိုယ်နှင့်(၆)ပေ
အကွာမှာ လုပ်ကြံဖို့ အသင့်ချောင်းမြောင်းနေသည်။ သေရေးထက် ထို
အစွန်းရောက်အမျိုးသားရေးဝါဒ EN သမားတွေရဲ့ရန်က ခက်နေသည်။
ကယ်လီဖိုးနီးယားမှာ မြန်မာအပါအဝင် အာရှသားမိသားစုတချို့ ကိုယ့်
အိမ် ကိုယ်မနေရဲလောက်အောင် ခြိမ်းခြောက်တာခံရသည်။ နီးစပ်ရာ၊ ရင်း
နှီးရာ ပြောင့်ရွှေ့နေကြရသည်။
တက္ကဆက်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား သားအဖ၊ ကိုယ်ထိလက်
ရောက်ထိုးနှက်ခံရပြီး၊ ဒဏ်ရာအနာတရ ဖြစ်ရသည်။
အခြား အာရှနွယ်ဖွားတွေ ရင်ဆိုင်ရသည့် အန္တရာယ်တွေက အမေရိကန်
တလွှားမှာ ရှိနိုင်သေးသည်။
မနေ့တစ်နေ့ကပင်၊ ဝစ္စကွန်စင်ပြည်နယ်မှာ၊ ရဲက ပစ်လို့၊ အမေရိကန်လူ
မည်းတစ်ယောက်သေပြန်သည်။ လူမည်းထုကြီး၏ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ ဒေါသမီးတဟုန်းဟုန်း ပေါ်လာပြန်သည်။ BLM
ဆန္ဒပြသမားတွေက "NO TO RACISM" ဟု ကြွေးကြော်မြဲ။
ကျနော်တို့ အာရှသားတွေလည်း "NO TO RACISM" ဟု ကြွေးကြော်
ချင်ပါသည်။
ကျနော်တို့က(အာရှသားတွေက) ယခုဖြစ်ပွားနေသော ကပ်ရောဂါဘေး
ဆိုးကြီးကို ကိုယ်ချင်းစာတရားနှင့် ရင်ဆိုင်ဖြေရှင်းနေကြပါသည်။ မေတ္တာ
တရားနှင့် အောင်မြင်ကျော်လွှားနိုင်မည်ဟု ယုံကြည်နေကြပါသည်။
ယနေ့ AUGUST 27, 2020 Covid-19 Live Update:
ကမ္ဘာတစ်ဝန်းလုံး- ကူးစက် (၂၄)သန်း။ သေဆုံး- (၈)သိန်း(၂)သောင်း(၂)
ထောင်။
အမေရိကန်ပြည်ထောင်စု ကူးစက်-(၆)သန်းကျော်။ သေဆုံး- (၁)သိန်း(၈)
သောင်း(၄)ထောင်ကျော်။
မြန်မာနိုင်ငံ ကူးစက်- (၆၀၂)ယောက်။ သေဆုံး-(၆)ယောက်။
သေဘေးကြီးကြားမှာ၊ ကျနော် အသက်ရှင်အောင် ကြိုးစားနေထိုင်နေပါ
သည်။ သူများ အစော်ကား မခံရအောင်လည်း သတိထားနေထိုင်နေပါ
သည်။ ကျနော့်အသားအရောင်၊ ကျနော့်ဇာတိပုည ဂုဏ်မာနကို အထိပါး
မခံနိုင်ပါ။
ခက်သည်မှာ? ထို အစွန်းရောက်အမျိုးသားရေးဝါဒဆိုးကြီး၊ ကိုဗစ်-19
ရောဂါကာကွယ်ဆေး စမ်းသပ်ရှာဖွေနေသည့် နယ်ပယ်ထဲ ရောက်ရှိလာ
ခြင်းပင်ဖြစ်လေသည်။
ကိုယ်ဖော်တဲ့ဆေး၊ ကိုယ့်လူမျိုးအတွက်ပဲပေး ဆိုသည့် တစ်ကိုယ်ကောင်း
အယူအဆဆိုးကြီးက ကျနော်တို့ကို  မျက်လုံးပြူး လျှာထုတ်ကာ သရော်
လှောင်ပြောင်နေလေသည်။
သြော် ... EXTREME NATIONALISM ပြီးတော့၊ VACCINE NATIONALISM ပါလား။
လူကြား၍မှ မကောင်းချေ။    ။

အောင်ဝေး
(သြဂုတ် ၂၇၊ ၂၀၂၀)

##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၀
 
အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ(EXTREME NATIONALISM)ဆိုတာ
ဘာလဲ။
EXTREME NATIONALISM ဟု ေျပာလိုက္လွ်င္ က်ေနာ္တို့သည္
ဟစ္တလာႏွင့္ ဂ်ဴးလူမ်ိဳး(၆)သန္းကို ေျပးျမင္မိၾကသည္။ ဟစ္တလာ၏
လူမ်ိဳးႀကီး၀ါဒ ဟုဆိုၾကပါစို့။ ထိုဟစ္တလာ၀ါဒ၊ တစ္နည္း EXTREME NATIONALISM (EN)က က်ေနာ္တို့ ျမန္မာျပည္မွာလည္း ရွိသည္။
[ဥပမာ- စစ္တပ္ကို ေထာက္ခံအားေပးသည့္(စစ္တပ္ကလည္း ကာကြယ္ေပးထားသည့္) ၀ိုင္၊အမ္၊ဘီ၊ေအ အသင္းမ်ိဳး၏ အမ်ိဳး၊ ဘာသာ၊
သာသနာ ေၾကြးေႀကာ္သံသည္ EN ျဖစ္သည္။ ယခုအခါ၊ မ ဘ သ တစ္ျဖစ္
လဲ၊ ေက်ာ္မ်ိဳးေရႊ-ေအးပိုင္အဖြဲ့မ်ိဳး၏ အမ်ိဳးသားေရးအမည္ခံေၾကြးေႀကာ္သံ
သည္ EN ျဖစ္သည္။    ။ဤကား စကားခ်ပ္]
အေမရိကလို ကမၻာ့ထိပ္တန္း ဒီမိုကေရစီႏွင့္လူ့အခြင့္အေရး ႏိုင္ငံမ်ိဳးေတြ
မွာေတာင္၊ ထို EN ကို ေတြ့လာေနရၿပီျဖစ္သည္။ မသိမသာကေန တျဖည္းျဖည္း သိသာထင္ေပၚလာသည္အထိ၊ တခ်ိဳ့အစိုးရေတြ ကိုယ္တိုင္
က EN ကို အားေပးလာေနတာျဖစ္သည္။
ထိုကဲ့သို့ေသာ ႏိုင္ငံေရးရာသီဥတုမွာ၊ ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါ
ဆိုးႀကီးက တစ္ကမၻာလုံးကို ကူးစက္ပ်ံ့ႏွ့ံလာေနခဲ့သည္။ ထိုေရာဂါပိုး
ဘယ္ကလာသလဲ။ တရုတ္ျပည္၊ ၀ူဟန္ၿမိဳ့က လာတယ္။ ၀ူဟန္ဗိုင္းရပ္စ္
ဟုပင္ ေခၚခဲ့ၾကသည္။ တရုတ္ျပည္က ဘယ္ေနရာမွာလဲ။ အာရွမွာ။
WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးက Covid-19 coronavirus ကို၊
ကမၻာ့ကပ္ေရာဂါ Global Pandemic အျဖစ္ သတိေပးေၾကညာလိုက္
ေသာအခါ ... ။
အေမရိကမွာ၊ ၿဗိတိန္မွာ၊ အသားအေရာင္ခြဲျခားမွဳ၊ လူမ်ိဳးေရးခြဲျခားမွဳ
ေတြ ရုတ္ခနဲထ ေပၚေပါက္လာေတာ့သည္။ ဒါကို RACISM ဟုေခၚသည္။
အေမရိကက တခ်ိဳ့ၿမိဳ့ႀကီးေတြက စားေသာက္ဆိုင္ေတြမွာ "NO CHINESE" ဟု စာေရးကပ္ထားလိုက္ၾကသည္။ တရုတ္ မ၀င္ရ။ ယင္းမွာ
ကိုဗစ္-19 ကပ္ႀကီးအစမွာ စတင္မီးရွဳိ့လိုက္သည့္ RACISM မီးေတာက္ပင္
ျဖစ္သည္။
ကိုရိုနာဗိုင္းရပ္စ္ပိုး တရုတ္ျပည္က စတင္ျပန့္ပြားတာ။ တရုတ္လူမ်ိဳး အလိုမရွိ။ ထိုသေဘာထားမ်ိဳး တခ်ိဳ့ေသာ အေမရိကန္လူျဖဴ အစြန္းေရာက္
အမ်ိဳးသားေရး၀ါဒီေတြဆီမွာရွိသည္။ ထိုသို့ အေမရိကန္လူျဖဴတခ်ိဳ့၏
အမ်ိဳးသားေရးအစြန္းေရာက္မွဳဒဏ္ကို အေမရိကန္လူမည္း(AFRICAN-
AMERICAN)ေတြ ခံရသည္။ စပိန္စကားေျပာ MEXICAN-LATINO ေတြ
ခံရသည္။
ေဟာ- အခုေတာ့ က်ေနာ္တို့အာရွသားေတြဘက္ လွည့္လာသည္။
က်ေနာ္တို့က အသား၀ါသည္။ အသားညိဳသည္။ YELLOW SKIN ဟု
ဆိုသည္။ အျဖဴမဟုတ္လွ်င္၊ က်န္သည့္သူမ်ားကို အသားအေရာင္ရွိသူ
ဟု ထို အျဖဴအစြန္းေရာက္ေတြက သတ္မွတ္သည္။
စားေသာက္ဆိုင္မွာ "NO CHINESE" ဟု စာကပ္ရံုႏွင့္ မၿပီးေသး။ ထိုသူ
တို့က အာရွသားထင္သမွ်ကို ရန္ရွာလာၾကေတာ့သည္။
လူၾကားသူၾကားထဲမွာပင္ "GO BACK YOUR HOME" ဆိုၿပီး၊ လက္ည္ွဳး
ေငါက္ေငါကထိုးကာ ေအာ္ဟစ္ေမာင္းထုတ္တာ ခံရျပန္သည္။ မင္းတို့တိုင္း
ျပည္ မင္းတို့ျပန္သြား။
ထိုကဲ့သို့ ေအာ္ဟစ္ေမာင္းထုတ္ခံရသည့္အထဲမွာ က်ေနာ္တို့ ျမန္မာမ်ား
လည္းပါသည္။
တရုတ္ကဲ့သို့၊ ဗီယက္နမ္ကဲ့သို့၊ ျမန္မာကဲ့သို့၊ အသားအေရာင္ရွိေသာ
အာရွသား လူမ်ိဳးျခားေတြကို၊ ထို လူျဖဴအစြန္းေရာက္အမ်ိဳးသားေရးသမား
တခ်ိဳ့က ရန္သူဟု ျမင္ၾကသည္။ ၿခိမ္းေျခာက္ေႏွာင့္ယွက္ၾကသည္။ ရန္
ျပဳတိုက္ခိုက္ၾကသည္။အိမ္နံရံေတြမွာ "GET OUT" ဆိုၿပီး တခ်ိဳ့စာတန္း
ခံရသည္။
ကိုဗစ္-19 ကပ္ႀကီးအတြင္းမွာ၊ ကိုရိုနာဗိုင္းရပ္စ္ရန္သူက၊ ကိုယ္ႏွင့္(၆)ေပ
အကြာမွာ လုပ္ႀကံဖို့ အသင့္ေခ်ာင္းေျမာင္းေနသည္။ ေသေရးထက္ ထို
အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ EN သမားေတြရဲ့ရန္က ခက္ေနသည္။
ကယ္လီဖိုးနီးယားမွာ ျမန္မာအပါအ၀င္ အာရွသားမိသားစုတခ်ိဳ့ ကိုယ့္
အိမ္ ကိုယ္မေနရဲေလာက္ေအာင္ ၿခိမ္းေျခာက္တာခံရသည္။ နီးစပ္ရာ၊ ရင္း
ႏွီးရာ ေျပာင့္ေရႊ့ေနၾကရသည္။
တကၠဆက္မွာ ျမန္မာျပည္ဖြား ခ်င္းတိုင္းရင္းသား သားအဖ၊ ကိုယ္ထိလက္
ေရာက္ထိုးႏွက္ခံရၿပီး၊ ဒဏ္ရာအနာတရ ျဖစ္ရသည္။
အျခား အာရွႏြယ္ဖြားေတြ ရင္ဆိုင္ရသည့္ အႏၱရာယ္ေတြက အေမရိကန္
တလႊားမွာ ရွိႏိုင္ေသးသည္။
မေန့တစ္ေန့ကပင္၊ ၀စၥကြန္စင္ျပည္နယ္မွာ၊ ရဲက ပစ္လို့၊ အေမရိကန္လူ
မည္းတစ္ေယာက္ေသျပန္သည္။ လူမည္းထုႀကီး၏ BLACK LIVES
MATTER ဆႏၵျပပြဲေတြ ေဒါသမီးတဟုန္းဟုန္း ေပၚလာျပန္သည္။ BLM
ဆႏၵျပသမားေတြက "NO TO RACISM" ဟု ေၾကြးေႀကာ္ၿမဲ။
က်ေနာ္တို့ အာရွသားေတြလည္း "NO TO RACISM" ဟု ေၾကြးေႀကာ္
ခ်င္ပါသည္။
က်ေနာ္တို့က(အာရွသားေတြက) ယခုျဖစ္ပြားေနေသာ ကပ္ေရာဂါေဘး
ဆိုးႀကီးကို ကိုယ္ခ်င္းစာတရားႏွင့္ ရင္ဆိုင္ေျဖရွင္းေနၾကပါသည္။ ေမတၱာ
တရားႏွင့္ ေအာင္ျမင္ေက်ာ္လႊားႏိုင္မည္ဟု ယုံၾကည္ေနၾကပါသည္။
ယေန့ AUGUST 27, 2020 Covid-19 Live Update:
ကမၻာတစ္၀န္းလုံး- ကူးစက္ (၂၄)သန္း။ ေသဆုံး- (၈)သိန္း(၂)ေသာင္း(၂)
ေထာင္။
အေမရိကန္ျပည္ေထာင္စု ကူးစက္-(၆)သန္းေက်ာ္။ ေသဆုံး- (၁)သိန္း(၈)
ေသာင္း(၄)ေထာင္ေက်ာ္။
ျမန္မာႏိုင္ငံ ကူးစက္- (၆၀၂)ေယာက္။ ေသဆုံး-(၆)ေယာက္။
ေသေဘးႀကီးၾကားမွာ၊ က်ေနာ္ အသက္ရွင္ေအာင္ ႀကိဳးစားေနထိုင္ေနပါ
သည္။ သူမ်ား အေစာ္ကား မခံရေအာင္လည္း သတိထားေနထိုင္ေနပါ
သည္။ က်ေနာ့္အသားအေရာင္၊ က်ေနာ့္ဇာတိပုည ဂုဏ္မာနကို အထိပါး
မခံႏိုင္ပါ။
ခက္သည္မွာ? ထို အစြန္းေရာက္အမ်ိဳးသားေရး၀ါဒဆိုးႀကီး၊ ကိုဗစ္-19
ေရာဂါကာကြယ္ေဆး စမ္းသပ္ရွာေဖြေနသည့္ နယ္ပယ္ထဲ ေရာက္ရွိလာ
ျခင္းပင္ျဖစ္ေလသည္။
ကိုယ္ေဖာ္တဲ့ေဆး၊ ကိုယ့္လူမ်ိဳးအတြက္ပဲေပး ဆိုသည့္ တစ္ကိုယ္ေကာင္း
အယူအဆဆိုးႀကီးက က်ေနာ္တို့ကို  မ်က္လုံးျပဴး လွ်ာထုတ္ကာ သေရာ္
ေလွာင္ေျပာင္ေနေလသည္။
ေႀသာ္ ... EXTREME NATIONALISM ၿပီးေတာ့၊ VACCINE NATIONALISM ပါလား။
လူၾကား၍မွ မေကာင္းေခ်။    ။


ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၇၊ ၂၀၂၀)

Tuesday, August 25, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၉


 
မစ်ရှီဂန်မှ စစ်တွေ
မစ်ရှီဂန်မှ စစ်တွေ။
ရထားဖြစ်လား
ရထားဖြစ်လား
ဖြစ်ရင် အကြောင်းပြန်။
အို ... ငါ့ရခိုင်ကမ်းရိုးတန်း
လွမ်းမိုး မသန်းနိုင်ပါလား။
အင်တာနက် နှေးလို့
(ကိုရိုနာဗိုင်းရပ်စ်)
ကူးစက် မြန်သလား။
အင်တာနက် မြန်ရင်ကော
ကူးစက် နှေးမလား။
ရထားမဖြစ်တဲ့
လောဂျစ်အဟောင်းတွေ
ထားရစ်ခဲ့။
အင်တာနက် မရှိလည်း
ကိုယ်ချင်းစာတရား ရှိရင်
ဖြစ်တယ်။
စကားတွေ မလိုဘူး
တရားပဲ လိုတယ်
စစ်တွေ။     ။

အောင်ဝေး
(သြဂုတ် ၂၆၊ ၂၀၂၀)


##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၉
 
မစ္ရွီဂန္မွ စစ္ေတြ
မစ္ရွီဂန္မွ စစ္ေတြ။
ရထားျဖစ္လား
ရထားျဖစ္လား
ျဖစ္ရင္ အေၾကာင္းျပန္။
အို ... ငါ ့ရခိုင္ကမ္းရိုးတန္း
လြမ္းမိုး မသန္းႏိုင္ပါလား။
အင္တာနက္ ေႏွးလို့
(ကိုရိုနာဗိုင္းရပ္စ္)
ကူးစက္ ျမန္သလား။
အင္တာနက္ ျမန္ရင္ေကာ
ကူးစက္ ေႏွးမလား။
ရထားမျဖစ္တဲ့
ေလာဂ်စ္အေဟာင္းေတြ
ထားရစ္ခဲ့။
အင္တာနက္ မရွိလည္း
ကိုယ္ခ်င္းစာတရား ရွိရင္
ျဖစ္တယ္။
စကားေတြ မလိုဘူး
တရားပဲ လိုတယ္
စစ္ေတြ။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၆၊ ၂၀၂၀)

Monday, August 24, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၈


ဖရန့်စစ်ဖူကူယာမာ က "သမိုင်းနိဂုံးချုပ်ပြီ" ဟု ဆိုခဲ့စဉ်က၊ ကျနော်တို့၏
ဆရာဒဂုန်တာရာ က "သမိုင်းသည် မဆုံးသေး" ဟူ၍ တုန့်ပြန်ပြောဆိုခဲ့ဖူး
ပါသည်။
၁၉၁၈ က စမိန်တုပ်ကွေး အမည်ရသည့် ကမ္ဘာ့ကပ်ရောဂါဘေးဆိုးကြီး
ဖြစ်ခဲ့သည်။ ယခု ၂၀၂၀ မှာ ကိုဗစ်- 19 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရော
ဂါဘေးဆိုးကြီး ဖြစ်နေသည်။
အမေရိကန်ပြည်ထောင်စုမှာ ရဲကြောင့် လူမည်းတစ်ဦးသေရသည့်ကိစ္စ
အကြောင်းခံ၍ BLACK LIVES MATTER လူမည်းထု ဆန္ဒပြပွဲတွေ ဖြစ်
ပွားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးက လူတစ်ဦးက တစ်ဦး ကူးစက်သလို၊
BLM ဆန္ဒပြပွဲတွေကလည်း တစ်မြို့ပြီးတစ်မြို့ ကူးစက်ပျံ့နှံ့သွားသည်။
ရောဂါပိုး ကူးစက်။ ဒေါသမီး ကူးစက်။
BLM  ဆန္ဒပြသမားတွေရဲ့ဒေါသက ခရစ္စတိုဖာကိုလံဘတ်စ် အပေါ်ပုံကျသွားသည်။ ခရစ္စတိုဖာ
ကိုလံဘတ်စ်မှာ အီတလီလူမျိုးဖြစ်သည်။ သူက စပိန်ကနေ နယ်မြေသစ်
ရှာဖွေခဲ့သူ။ ၁၅- ရာစုမှာ အမေရိကကို ရှာဖွေတွေ့ရှိခဲ့သူ။
ယခု BLM ဆန္ဒပြသမားတွေက သူ့ကို နယ်ချဲ့လူသတ်သမားအဖြစ် စွဲချက်
တင်ကာ၊ သူ၏ရုပ်တုများကို တစ်ခုပြီးတစ်ခု ဖြိုချဖျက်ဆီးပစ်ကြတော့
သည်။
ဇွန်လ(၉)ရက်(၂၀၂၀)နေ့၊ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့မှာ၊
ခရစ္စတိုဖာကိုလံဘတ်စ်ရုပ်တုကို ဖြိုလှဲပြီး ရေကန်ထဲ ပစ်ချလိုက်ကြသည်။
ဇွန်လ(၁၀)ရက်နေ့၊ BLM ဆန္ဒပြပွဲတွေစတင်ရာ၊ မင်နီဆိုတာပြည်နယ်၊
မင်နီယာပူူးလိစ်မြို့မှာ၊ ခရစ္စတိုဖာကိုလံဘတ်စ်ရုပ်တုကို ဖြိုချမီးရှို့ခဲ့ကြ
သည်။
ကိုဗစ်- 19 ကပ်ကြီးအတွင်းမှာ ကိုလံဘတ်စ် ကပ်သင့်လေခြင်းဖြစ်သည်။
ကျနော်တို့က ကမ္ဘာ့သမိုင်းမှာ ကိုလံဘတ်စ်ကို နယ်မြေသစ်စွန့်စားရှာဖွေသူ
အဖြစ်သိထားသည်။ အမေရိကကို သူစတင်တွေ့ခဲ့တယ်။ ဒါပဲ။
အမေရိကန်ပြည်ထောင်စုမှာ၊ အောက်တိုဘာလ၊ ဒုတိယ တနင်္လာနေ့ကို
ကိုလံဘတ်စ်နေ့ဆိုပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ထားသည်။
ကိုလံဘတ်စ်ကျေးဇူးရှိသည်။
သို့သော်၊ ယခု ၂၁-ရာစုထဲရောက်လာသောအခါ၊ ကိုလံဘတ်စ်အား
မြောက်အမေရိက ဌာနေဒေသခံတိုင်းရင်းသားများ(ကျနော်တို့အခေါ်
RED INDIAN)ကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဆိုပြီး၊ ဂျီနိုဆိုက်အမှုနှင့်
စွဲချက်တင်ကာ၊ သူ့ရုပ်တုတွေကို ဖယ်ရှားကြခြင်းဖြစ်သည်။
ကိုလံဘတ်စ်အပေါ် ကျေးစွပ်ကြတော့သည်လား။
ရဲကြောင့် လူမည်းတစ်ဦးသေသည့် "I CAN'T BREATH." ကနေ စလိုက်
သည့် "BLACK LIVES MATTER" က "GENOCIDE" အထိ ကြီးကျယ်
ပြန့်ကားသွားတော့သည်။
သမိုင်းကို သမိုင်းအနေနှင့်သာ သဘောထားနိုင်ရမည် ထင်သည်။ သမိုင်း
ကို ဖျောက်ဖျက်ပစ်၍လည်းမရ။ ပြန်ပြင်ရေး၍လည်း မရပါ။ သမိုင်းသည်
သမိုင်း။
ပြည်တွင်းမှာတုန်းက(၁၉၉၆) ကျနော် အခုလို ကဗျာရေးခဲ့ဖူးတယ်။
"အမေရိကန်တွေ လွတ်လပ်ရေးရတဲ့နေ့က
ဝံပုလွေတစ်ကောင် ၃၃ လမ်းထဲဝင်လာပြီး
ဟိုချီမင်းမြို့ကြီး စီးပွားရေးတွေးဟန်နဲ့
သံခင်းတမန်ခင်းအစပ်မှာ ရပ်တယ်။
ပြီး၊ ဂျိန်းဖွန်ဒါ ဘီကီနီချွတ် ပုံချလိုက်သလို
လှစ်ခနဲ ပစ်ဝင်ချေတယ်
အဲဒါ လေထန်ကုန်းဆိုတဲ့ ကဖေးလေ"
အမေရိကန်လွတ်လပ်ရေးနေ့မှာ ဖူလိုင်လ(၄)ရက်နေ့ဖြစ်သည်။ ၁၇၇၆
ဇူလိုင်(၄)ရကိမှာ အမေရိကန်တို့ လွတ်လပ်ရေးရခဲ့သည်။ ပြီးခဲ့သည့်
၂၄၄ နှစ်ပြည့် အမေရိကန်လွတ်လပ်ရေးနေ့မှာတော့၊ BLM ဆန္ဒပြသမား
များသည်၊ မေရီလဲန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့၊ LITTLE ITALY လို့ခေါ်တဲ့နေရာက ကိုလံဘတ်စ်ရုပ်တုကို ဖြိုလှဲပြီး၊ မြစ်ထဲတွန်းချခဲ့ကြပြန်
လေသည်။ သြော် ... မကောင်းလေစွ။
ကိုဗစ်- 19 ကပ်ကြီးအတွင်း၊ အမေရိကန်မှာ နောက်ထပ် ကပ်ဆိုက်သူက
မဟတ္တမဂန္ဒီ ပင်ဖြစ်လေသည်။ BLM ဆန္ဒပြသမား(တချို့အကြမ်းဖက်သူ
များ)က ဂန္ဒီသည် တောင်အာဖရိကနိုင်ငံတွင် ဝတ်လုံတော်ရ လုပ်စဉ်က၊
လူမည်းများအပေါ် လူမျိုးရေးခွဲခြားမှုရှိခဲ့သည်ဆိုပြီး စွပ်စွဲတိုက်ခိုက်ကာ၊
ဝါရှင်တန် ဒီ၊စီ မြို့တော်၊ အိန္ဒိယနိုင်ငံသံရုံးဝင်းထဲက မဟတ္တမဂန္ဒီရုပ်တုကို
ပါ ခြိမ်းခြောက်လာသဖြင့်၊ သံရုံးဝန်ထမ်းများက ဂန္ဒီရုပ်တုကြီးကို သံကွန်ခြာ
နှင့် ဖုံးအုပ်ကာကွယ်ထားခဲ့ရပေသည်။ ဂန္ဒီြ၈ီး ဘာမှတော့မဖြစ်ပါ။
ကျနော်တို့ သိထားသည်မှာ တောင်အာဖရိကက ဗြိတိသျှကိုလိုနီနယ်ချဲ့
များ၏အသားအရောင်ခွဲခြားရေးဝါဒ(APARTHEID) ကို ဂန္ဒီ ရင်ဆိုင်ခဲ့ရ
တာကို ဖြစ်သည်။
ဂန္ဒီသည် အဟိံသဝါဒီ၊ အကြမ်းမဖက်ရေးဝါဒီ ဖြစ်သည်။ ဂန္ဒီသည်
နယ်လ်ဆင်မင်ဒဲလား၊ မာတင်လူသာကင်း၊ ဒေါ်အောင်ဆန်းစုကြည် အစ
ရှိသဖြင့် NON-VIOLENT MOVEMENT ခေါင်းဆောင်များ၏ စံပြပုဂ္ဂိုလ်
ဖြစ်သည်။
အခုတော့၊ ထိုစံပြပုဂ္ဂိုလ်လည်း BLM MOVEMENT ထဲတွင် ရန်ပြုခံရ
ရှာလေသည်။ ဂန္ဒီက NON-VIOLENCE။ သူရို့က VIOLENCE။
BLM တက်ကြွလှုပ်ရှားသူများက "NO TO RACISM" ဟုကြွေးကြော်
ကြသည်။ သူတို့မှာ အကြောင်းရှိသည်။
တစ်ဖက်မှာ လူမျိုးကြီးဝါဒနွှယ်သော အစွန်းရောက်အမျိုးသားရေးဝါဒ
(EXTREME NATIONALISM) က အမေရိကန်လို ဒီမိုကရေစီနှင့်လူ့
အခွင့်အရေးထိပ်တန်းနိုင်ငံကြီးတွေမှာတောင် ခေါင်းထောင်ထလာနေ
သည် မဟုတ်လား။
တကယ်က၊ COVID-19 ကပ်ကြီးအတွင်းမှာ ကျနော်တို့ ကြုံတွေ့နေရ
သည့်သမိုင်းမှာ RACISM အရိပ်မည်းကြီးအောက်က သမိုင်းသာ ဖြစ်
လေသည်။
ထိုအရိပ်မည်းကြီးရဲ့အောက်မှာ ကျနော်တို့တွေရဲ့ဘဝတွေကကော။
သမိုင်းသည် မဆုံးသေး။     ။

အောင်ဝေး
(သြဂုတ် ၂၅၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၈
 
ဖရန့္စစ္ဖူကူယာမာ က "သမိုင္းနိဂံုးခ်ဳပ္ၿပီ" ဟု ဆိုခဲ့စဥ္က၊ က်ေနာ္တို့၏
ဆရာဒဂုန္တာရာ က "သမိုင္းသည္ မဆုံးေသး" ဟူ၍ တုန့္ျပန္ေျပာဆိုခဲ့ဖူး
ပါသည္။
၁၉၁၈ က စမိန္တုပ္ေကြး အမည္ရသည့္ ကမၻာ့ကပ္ေရာဂါေဘးဆိုးႀကီး
ျဖစ္ခဲ့သည္။ ယခု ၂၀၂၀ မွာ ကိုဗစ္- 19 ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာ
ဂါေဘးဆိုးႀကီး ျဖစ္ေနသည္။
အေမရိကန္ျပည္ေထာင္စုမွာ ရဲေၾကာင့္ လူမည္းတစ္ဦးေသရသည့္ကိစၥ
အေၾကာင္းခံ၍ BLACK LIVES MATTER လူမည္းထု ဆႏၵျပပြဲေတြ ျဖစ္
ပြားခဲ့သည္။ ကိုရိုနာဗိုင္းရပ္စ္ပိုးက လူတစ္ဦးက တစ္ဦး ကူးစက္သလို၊
BLM ဆႏၵျပပြဲေတြကလည္း တစ္ၿမိဳ့ၿပီးတစ္ၿမိဳ့ ကူးစက္ပ်ံ့ႏွံ့သြားသည္။
ေရာဂါပိုး ကူးစက္။ ေဒါသမီး ကူးစက္။
BLM  ဆႏၵျပသမားေတြရဲ့ေဒါသက ခရစၥတိုဖာကိုလံဘတ္စ္ အေပၚပုံက်သြားသည္။ ခရစၥတိုဖာ
ကိုလံဘတ္စ္မွာ အီတလီလူမ်ိဳးျဖစ္သည္။ သူက စပိန္ကေန နယ္ေျမသစ္
ရွာေဖြခဲ့သူ။ ၁၅- ရာစုမွာ အေမရိကကို ရွာေဖြေတြ့ရွိခဲ့သူ။
ယခု BLM ဆႏၵျပသမားေတြက သူ့ကို နယ္ခ်ဲ့လူသတ္သမားအျဖစ္ စြဲခ်က္
တင္ကာ၊ သူ၏ရုပ္တုမ်ားကို တစ္ခုၿပီးတစ္ခု ၿဖိဳခ်ဖ်က္ဆီးပစ္ၾကေတာ့
သည္။
ဇြန္လ(၉)ရက္(၂၀၂၀)ေန့၊ ဗာဂ်ီးနီးယားျပည္နယ္၊ ရစ္ခ်္မြန္ၿမိဳ့မွာ၊
ခရစၥတိုဖာကိုလံဘတ္စ္ရုပ္တုကို ၿဖိဳလွဲၿပီး ေရကန္ထဲ ပစ္ခ်လိုက္ၾကသည္။
ဇြန္လ(၁၀)ရက္ေန့၊ BLM ဆႏၵျပပြဲေတြစတင္ရာ၊ မင္နီဆိုတာျပည္နယ္၊
မင္နီယာပူူးလိစ္ၿမိဳ့မွာ၊ ခရစၥတိုဖာကိုလံဘတ္စ္ရုပ္တုကို ၿဖိဳခ်မီးရွိဳ့ခဲ့ၾက
သည္။
ကိုဗစ္- 19 ကပ္ႀကီးအတြင္းမွာ ကိုလံဘတ္စ္ ကပ္သင့္ေလျခင္းျဖစ္သည္။
က်ေနာ္တို့က ကမၻာ့သမိုင္းမွာ ကိုလံဘတ္စ္ကို နယ္ေျမသစ္စြန့္စားရွာေဖြသူ
အျဖစ္သိထားသည္။ အေမရိကကို သူစတင္ေတြ့ခဲ့တယ္။ ဒါပဲ။
အေမရိကန္ျပည္ေထာင္စုမွာ၊ ေအာက္တိုဘာလ၊ ဒုတိယ တနလၤာေန့ကို
ကိုလံဘတ္စ္ေန့ဆိုၿပီး တရား၀င္ရံုးပိတ္ရက္ သတ္မွတ္ထားသည္။
ကိုလံဘတ္စ္ေက်းဇူးရွိသည္။
သို့ေသာ္၊ ယခု ၂၁-ရာစုထဲေရာက္လာေသာအခါ၊ ကိုလံဘတ္စ္အား
ေျမာက္အေမရိက ဌာေနေဒသခံတိုင္းရင္းသားမ်ား(က်ေနာ္တို့အေခၚ
RED INDIAN)ကို လူမ်ိဳးတုံးသတ္ျဖတ္ခဲ့သည္ဆိုၿပီး၊ ဂ်ီႏိုဆိုက္အမွဳႏွင့္
စြဲခ်က္တင္ကာ၊ သူ့ရုပ္တုေတြကို ဖယ္ရွားၾကျခင္းျဖစ္သည္။
ကိုလံဘတ္စ္အေပၚ ေက်းစြပ္ၾကေတာ့သည္လား။
ရဲေၾကာင့္ လူမည္းတစ္ဦးေသသည့္ "I CAN'T BREATH." ကေန စလိုက္
သည့္ "BLACK LIVES MATTER" က "GENOCIDE" အထိ ႀကီးက်ယ္
ျပန့္ကားသြားေတာ့သည္။
သမိုင္းကို သမိုင္းအေနႏွင့္သာ သေဘာထားႏိုင္ရမည္ ထင္သည္။ သမိုင္း
ကို ေဖ်ာက္ဖ်က္ပစ္၍လည္းမရ။ ျပန္ျပင္ေရး၍လည္း မရပါ။ သမိုင္းသည္
သမိုင္း။
ျပည္တြင္းမွာတုန္းက(၁၉၉၆) က်ေနာ္ အခုလို ကဗ်ာေရးခဲ့ဖူးတယ္။
"အေမရိကန္ေတြ လြတ္လပ္ေရးရတဲ့ေန့က
၀ံပုေလြတစ္ေကာင္ ၃၃ လမ္းထဲ၀င္လာၿပီး
ဟိုခ်ီမင္းၿမိဳ့ႀကီး စီးပြားေရးေတြးဟန္နဲ့
သံခင္းတမန္ခင္းအစပ္မွာ ရပ္တယ္။
ၿပီး၊ ဂ်ိန္းဖြန္ဒါ ဘီကီနီခၽြတ္ ပုံခ်လိုက္သလို
လွစ္ခနဲ ပစ္၀င္ေခ်တယ္
အဲဒါ ေလထန္ကုန္းဆိုတဲ့ ကေဖးေလ"
အေမရိကန္လြတ္လပ္ေရးေန့မွာ ဖူလိုင္လ(၄)ရက္ေန့ျဖစ္သည္။ ၁၇၇၆
ဇူလိုင္(၄)ရကိမွာ အေမရိကန္တို့ လြတ္လပ္ေရးရခဲ့သည္။ ၿပီးခဲ့သည့္
၂၄၄ ႏွစ္ျပည့္ အေမရိကန္လြတ္လပ္ေရးေန့မွာေတာ့၊ BLM ဆႏၵျပသမား
မ်ားသည္၊ ေမရီလဲန္းျပည္နယ္၊ ေဘာ္လ္တီမိုးၿမိဳ့၊ LITTLE ITALY လို့ေခၚတဲ့ေနရာက ကိုလံဘတ္စ္ရုပ္တုကို ၿဖိဳလွဲၿပီး၊ ျမစ္ထဲတြန္းခ်ခဲ့ၾကျပန္
ေလသည္။ ေႀသာ္ ... မေကာင္းေလစြ။
ကိုဗစ္- 19 ကပ္ႀကီးအတြင္း၊ အေမရိကန္မွာ ေနာက္ထပ္ ကပ္ဆိုက္သူက
မဟတၱမဂႏၵီ ပင္ျဖစ္ေလသည္။ BLM ဆႏၵျပသမား(တခ်ိဳ့အၾကမ္းဖက္သူ
မ်ား)က ဂႏၵီသည္ ေတာင္အာဖရိကႏိုင္ငံတြင္ ၀တ္လံုေတာ္ရ လုပ္စဥ္က၊
လူမည္းမ်ားအေပၚ လူမ်ိဳးေရးခြဲျခားမွဳရွိခဲ့သည္ဆိုၿပီး စြပ္စြဲတိုက္ခိုက္ကာ၊
၀ါရွင္တန္ ဒီ၊စီ ၿမိဳ့ေတာ္၊ အိႏၵိယႏိုင္ငံသံရံုး၀င္းထဲက မဟတၱမဂႏၵီရုပ္တုကို
ပါ ၿခိမ္းေျခာက္လာသျဖင့္၊ သံရံုး၀န္ထမ္းမ်ားက ဂႏၵီရုပ္တုႀကီးကို သံကြန္ျခာ
ႏွင့္ ဖုံးအုပ္ကာကြယ္ထားခဲ့ရေပသည္။ ဂႏၵီၿ၈ီး ဘာမွေတာ့မျဖစ္ပါ။
က်ေနာ္တို့ သိထားသည္မွာ ေတာင္အာဖရိကက ၿဗိတိသွ်ကိုလိုနီနယ္ခ်ဲ့
မ်ား၏အသားအေရာင္ခြဲျခားေရး၀ါဒ(APARTHEID) ကို ဂႏၵီ ရင္ဆိုင္ခဲ့ရ
တာကို ျဖစ္သည္။
ဂႏၵီသည္ အဟိံသ၀ါဒီ၊ အၾကမ္းမဖက္ေရး၀ါဒီ ျဖစ္သည္။ ဂႏၵီသည္
နယ္လ္ဆင္မင္ဒဲလား၊ မာတင္လူသာကင္း၊ ေဒၚေအာင္ဆန္းစုၾကည္ အစ
ရွိသျဖင့္ NON-VIOLENT MOVEMENT ေခါင္းေဆာင္မ်ား၏ စံျပပုဂၢိဳလ္
ျဖစ္သည္။
အခုေတာ့၊ ထိုစံျပပုဂၢိဳလ္လည္း BLM MOVEMENT ထဲတြင္ ရန္ျပဳခံရ
ရွာေလသည္။ ဂႏၵီက NON-VIOLENCE။ သူရို့က VIOLENCE။
BLM တက္ၾကြလွဳပ္ရွားသူမ်ားက "NO TO RACISM" ဟုေၾကြးေႀကာ္
ၾကသည္။ သူတို့မွာ အေၾကာင္းရွိသည္။
တစ္ဖက္မွာ လူမ်ိဳးႀကီး၀ါဒႏႊယ္ေသာ အစြန္းေရာက္အမ်ိဳးသားေရး၀ါဒ
(EXTREME NATIONALISM) က အေမရိကန္လို ဒီမိုကေရစီႏွင့္လူ့
အခြင့္အေရးထိပ္တန္းႏိုင္ငံႀကီးေတြမွာေတာင္ ေခါင္းေထာင္ထလာေန
သည္ မဟုတ္လား။
တကယ္က၊ COVID-19 ကပ္ႀကီးအတြင္းမွာ က်ေနာ္တို့ ႀကံဳေတြ့ေနရ
သည့္သမိုင္းမွာ RACISM အရိပ္မည္းႀကီးေအာက္က သမိုင္းသာ ျဖစ္
ေလသည္။
ထိုအရိပ္မည္းႀကီးရဲ့ေအာက္မွာ က်ေနာ္တို့ေတြရဲ့ဘ၀ေတြကေကာ။
သမိုင္းသည္ မဆုံးေသး။     ။
ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၅၊ ၂၀၂၀)

Sunday, August 23, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၇



ခေတ်ချင်းတူရင်
အဖြစ်ချင်း တူတယ်။
မစ်ရှီဂန်က
ကိုဗစ်နဲ့
စစ်တွေက
ကိုဗစ်။
စစ်ကြီးထဲ
ကွဲကွာသွားတဲ့
မယားညီအစ်ကိုတွေပဲ။
တတိယကမ္ဘာစစ်က
မဖြစ်တော့ပါဘူး။
မြစ်က
ပထမလှိုင်းမှာလည်း နစ်
ဒုတိယလှိုင်းမှာလည်း နစ်။
နောက်တစ်ခါဖြစ်ရင်တော့
စတုတ္ထကမ္ဘာစစ်ပဲ။     ။

အောင်ဝေး
(သြဂုတ် ၂၃၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၇
 
ေခတ္ခ်င္းတူရင္
အျဖစ္ခ်င္း တူတယ္။
မစ္ရွီဂန္က
ကိုဗစ္နဲ့
စစ္ေတြက
ကိုဗစ္။
စစ္ႀကီးထဲ
ကြဲကြာသြားတဲ့
မယားညီအစ္ကိုေတြပဲ။
တတိယကမၻာစစ္က
မျဖစ္ေတာ့ပါဘူး။
ျမစ္က
ပထမလိွဳင္းမွာလည္း နစ္
ဒုတိယလိွဳင္းမွာလည္း နစ္။
ေနာက္တစ္ခါျဖစ္ရင္ေတာ့
စတုတၳကမၻာစစ္ပဲ။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၃၊ ၂၀၂၀)

Friday, August 21, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၆


 

ပင်လယ်ခြားလည်း
ရင်ဝယ် မခြား။
သမုဒ္ဒရာခြားလည်း
ဒုက္ခာ မခြား။
စစ်တွေ
ဖြစ်နေတာတွေ
မဖြစ်ပါစေနဲ့။
စစ်တွေ
မဖြစ်နဲ့။
စစ်တွေ
ရပ်။
အနောက်မြို့ရိုး
မပေါက်ကျိုးစေ
ဓားမိုး လှံမိုး
မိစ္ဆာပိုးတွေ
မတိုးစေနဲ့
စစ်တွေ။
စစ်တွေ
ရပ်။
စစ်တွေ
မဖြစ်နဲ့။    ။

အောင်ဝေး
(သြဂုတ် ၂၁၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၆
 
ပင္လယ္ျခားလည္း
ရင္၀ယ္ မျခား။
သမုဒၵရာျခားလည္း
ဒုကၡာ မျခား။
စစ္ေတြ
ျဖစ္ေနတာေတြ
မျဖစ္ပါေစနဲ့။
စစ္ေတြ
မျဖစ္နဲ့။
စစ္ေတြ
ရပ္။
အေနာက္ၿမိဳ့ရိုး
မေပါက္က်ိဳးေစ
ဓားမိုး လွံမိုး
မိစၦာပိုးေတြ
မတိုးေစနဲ့
စစ္ေတြ။
စစ္ေတြ
ရပ္။
စစ္ေတြ
မျဖစ္နဲ့။    ။
ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၁၊ ၂၀၂၀)

မ စ် ရှီ ဂ န် မဲ ဇ ာ - ၅


 

 သေနတ်ဆန့်ကျင်ရေးကဗျာ။

THE DAY I DIED AT MANDALAY BAY WAS SUNDAY
Aung Way
The day I died at Mandalay Bay was Sunday
Today is Monday
I died a day ago
The day I died at Mandalay Bay was Sunday
Sunday night
Was it a starry, starry night, last night
Did I remember Vincent VanGogh, last night
Did Jack London or Hemingway come and join us, last night
The day I died at Mandalay Bay was Sunday
Sun down
Stars up
My heartbeat stopped at 10:05
That night
Ten minutes of terror
Under the heavy bullet rain
O! Las Vegas
I died in your arms
Music is power
But music was bloody, Sunday
Songs were bloody, Sunday
Guitars had broken into pieces, Sunday
The day I died at Mandalay Bay was Sunday
Sunday looked at Sunday death
O! Love Vegas
Before I died, Saturday
Did I post something wrong on my Facebook
Did I sing a country song in my bedroom
Friday and/or Thursday
Did I listen to Bob Dylan
He was and still is my hero
O! Lust Vegas
The day I died at Mandalay Bay was Sunday
This is Monday morning
I think I see Woody(Guthrie), father of country music
Weeping among the dead
Day in
day out
Some days may arrive
Officials come and pray
Debate gun control, so far
Just words
The day I died at Mandalay Bay was Sunday
Loudly
One of the dead stands up
And shouting, repeatedly
"More guns, more homicides"
"Stop gun culture"
"No gun, no homicide"
"Stop gun society"
Moon on
Moon off
Tuesday, Wednesday will arrive
Officials will wait and see
The gun laws
They will make America gun again
O! Last Vegas
The day I died at Mandalay Bay was Sunday
Who said, "Pure evil." who said
This is not watering the flowers in the garden
This is deadly mass shooting rampage
This is domestic terrorism
This is domestic attack
This is domestic violence
O! Vegas
Does a citizen have "License to kill"
Do people have "License to kill"
O! Vegas
The entire desert is burning
O! Lost Vegas
The day I died at Mandalay Bay was Sunday
Aftermath blood flood
I strongly blame on NRA
National Rest-in-peace Association
(2017)
ကျည်ဆန်မိုးသည်း၊ စဲပါစေ။
သေနတ်ပြောင်းက၊ ပန်းကောင်းပွင့်စေ။
လူသတ်ဝါဒ၊ ကျဆုံးပါစေ။    ။
 

အောင်ဝေး
(သြဂုတ် ၂၁၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၅

ေသနတ္ဆန့္က်င္ေရးကဗ်ာ။
THE DAY I DIED AT MANDALAY BAY WAS SUNDAY
Aung Way
The day I died at Mandalay Bay was Sunday
Today is Monday
I died a day ago
The day I died at Mandalay Bay was Sunday
Sunday night
Was it a starry, starry night, last night
Did I remember Vincent VanGogh, last night
Did Jack London or Hemingway come and join us, last night
The day I died at Mandalay Bay was Sunday
Sun down
Stars up
My heartbeat stopped at 10:05
That night
Ten minutes of terror
Under the heavy bullet rain
O! Las Vegas
I died in your arms
Music is power
But music was bloody, Sunday
Songs were bloody, Sunday
Guitars had broken into pieces, Sunday
The day I died at Mandalay Bay was Sunday
Sunday looked at Sunday death
O! Love Vegas
Before I died, Saturday
Did I post something wrong on my Facebook
Did I sing a country song in my bedroom
Friday and/or Thursday
Did I listen to Bob Dylan
He was and still is my hero
O! Lust Vegas
The day I died at Mandalay Bay was Sunday
This is Monday morning
I think I see Woody(Guthrie), father of country music
Weeping among the dead
Day in
day out
Some days may arrive
Officials come and pray
Debate gun control, so far
Just words
The day I died at Mandalay Bay was Sunday
Loudly
One of the dead stands up
And shouting, repeatedly
"More guns, more homicides"
"Stop gun culture"
"No gun, no homicide"
"Stop gun society"
Moon on
Moon off
Tuesday, Wednesday will arrive
Officials will wait and see
The gun laws
They will make America gun again
O! Last Vegas
The day I died at Mandalay Bay was Sunday
Who said, "Pure evil." who said
This is not watering the flowers in the garden
This is deadly mass shooting rampage
This is domestic terrorism
This is domestic attack
This is domestic violence
O! Vegas
Does a citizen have "License to kill"
Do people have "License to kill"
O! Vegas
The entire desert is burning
O! Lost Vegas
The day I died at Mandalay Bay was Sunday
Aftermath blood flood
I strongly blame on NRA
National Rest-in-peace Association
(2017)
က်ည္ဆန္မိုးသည္း၊ စဲပါေစ။
ေသနတ္ေျပာင္းက၊ ပန္းေကာင္းပြင့္ေစ။
လူသတ္၀ါဒ၊ က်ဆုံးပါေစ။    ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၁၊ ၂၀၂၀)

Thursday, August 20, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၄


 နွားသိုးနှင့်မိုး၊ အစိုးမရ။ မြန်မာဆိုရိုးစကားရှိသည်။
အမေရိကမှာ မိုးက ကျနော့်တို့ မြန်မာပြည်မှာလို ရာသီ အချိန် ကာလ
သတ်သတ်မှတ်မှတ် မရှိ။ အမေရိကမှာက နွေဦး(Spring)၊ နွေ(Summer)၊ ဆောင်းဦး(Fall)၊ ဆောင်း(Winter) ဆိုပြီး ရာသီ
(၄)မျိုးရှိသည်။ မိုးက ထိုရာသီတိုင်းမှာ ရွာတတ်သည်။
အမေရိကန်မိုး၊ အစိုးမရတော့သည်။ အမေရိကန်မှာ နောက်ထပ်
အစိုးမရတာတစ်ခုက သေနတ်။ Gun။ အချိန်မရွေး သေနတ်ပစ်ခတ်
မှုတွေ( Shootings)တွေ ဖြစ်နိုင်သည်။ ကျနော် ပြည်တွင်းမှာ
တုန်းက၊ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်က ကိုလမ်ဘိုင်း
အထက်တ်းကျောင်း သေနတ်ပစ်ခတ်မှုသတင်းကို ကြားခဲ့ ဖတ်ခဲ့ဖူးသည်။
၁၉၉၉ ဧပြီ ၂၀။ ၁၅ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ။
အမေရိကမှာ ဥပဒေနှင့်ညီလျှင်၊ လူတိုင်း သေနတ်ဝယ်နိုင်သည်။ လူတိုင်း
သေနတ်ကိုင်နိုင်သည်။ သူရို့ဖွဲ့စည်းပုံဥပဒေမှာ သေနတ်ကိုင်ဆောင်ခွင့်
လိုင်စင်ပြဋ္ဌာန်းထားသည်။ ကျနော် ၂၀၀၈ အမေရိက ရောက်လာပြီးတော့လည်း School Shooting, Mass Shooting သတင်းတွေ ခဏခဏကြားရသည်။ (ကိုယ့်အနား ကပ်ပစ်နေတာတော့
မကြုံဖူးသေး)
အမေရိကန် အစိုးရနှင့်လူထုကြားမှာ၊ သေနတ်ထိန်းချုပ်လိုသူနှင့် သေနတ်
လွတ်လပ်လိုသူတို့ အငြင်းပွားဆဲ။ အားပြိုင်ဆဲ။ အမေရိကန်ပြည်ထောင်စု
မှာ National Rifle Association(NRA) အမျိုးသား သေနတ် အသင်း
ဆိုပြီးရှီသည်။ NRA က သေနတ်ထိန်းချုပ်တာ(Gun Control) ကို လက်
မခံ။ NRA က သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသည်။ ထောက်ပံ့
သည်။ NRAကို ဘယ်သူမှ မယှဉ်နိုင်။ သေနတ်ယဉ်ကျေးမှုက အမေရိကန်
ယဉ်ကျေးမှု ဖြစ်နေသည်။
ယခု။ ၂၀၂၀။ ကိုဗစ် 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီး ကမ္ဘာအနှံ့ ပျံ့ပွား
ကူးစက်လာလို့၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက၊ Global Pandemic
ကမ္ဘာ့ကပ်ရောဂါဘေးလို့၊ (မတ်လ ထဲမှာ)ကြေညာလည်း ကြေညာလိုက်
ရော၊ အမေရိကမှာ သေနတ်တွေ၊ သေနတ်တွေ ရောင်းကောင်းလိုက်ကြ
တာ မပြောပါနှင့်တော့။
ကပ်ကြီးဖြစ်လျှင်၊ စီးပွားပျက်မည်။ လူတွေ အလုပ်အကိုင်မဲ့ဖြစ်မည်။ အငတ်ဘေးဆိုက်မည်။ လူတွေက ငတ်လာရင် လုကြ ယက်ကြမည်။
အကြမ်းဖက်ကြတော့မည်။ အဲဒီလို အမေရိကန်လူကုံထံတွေ၊ လူလတ်
တန်းစားတွေက တွေးမြင်ကြသည်။ သူတို့အသက်အိုးအိမ်စည်းစိမ်ကို
သူတို့ကာကွယ်ဖို့လိုလာသည်။ သည်တော့ အဲဒီအမေရိကန်တွေ
သေနတ်တွေ၊ ကျည်ဆန်တွေ အပြေးအလွှား ဝယ်ယူကုန်ကြတော့
သည်။
ကျနော်တို့နှင့်က တခြား။ ကျနော်တို့ အမေရိကန်မဟုတ်တဲ့ အာရှသား
တွေက ဆန်တွေ၊ ဆီတွေ၊ စားနပ်ရိက္ခာတွေ ပြေးဝယ်တာလောက်ပါပဲ။
သည်လူတွေ တွေးခေါ်ပုံနှင့်၊ ကျနော်တို့ အာရှသားတွေ တွေးခေါ်ပုံချင်း
မတူ။ သူတို့က ကပ်ဘေးဆိုးကြီးကို သေနတ်နှင့် အဖြေရှာချင်သည်။
ကျနော်တို့က ကိုယ်ချင်းစာတရားနှင့် အဖြေရှာချင်တာ။ သူတို့က သေနတ်
နှင့်ကာကွယ်လျှင် လုံခြုံဘေးကင်းမည်ဟု ယူဆသည်။ ကျနော်တို့က
ကိုယ်ချင်းစာတရား၊ မေတ္တာတရားနှင့်ကာကွယ်မှ ဘေးကင်းမည်၊ လုံခြုံ
မည် ယုံကြည်တာ။ မတူ။
ထို မတူသည့် လူ့အဖွဲ့အစည်း အမြင် နှစ်ခုကြာတွင်၊ ကျနော်က သေနတ်
ဆန့်ကျင်ရေးကဗျာတစ်ပုဒ် ရေးလိုက်သည်။ (ထိုစဉ်က ကျနော် Lansing
Community College မှာ Creative Writing မေဂျာနှင့် ဘွဲ့ကြိုတန်း တက်နေချိန်ဖြစ်သည်) အတန်းထဲမှာ Assignment တင်ရသည်။ ကျနော်
က ထိုသေနတ်ဆန့်ကျင်ရေးကဗျာကို တင်လိုက်သည်။ ထိုဘာသာရပ်
ပို့ချသူ ပါမောက္ခမှာ အငြိမ်းစား အမေရိကန်ရေတပ်၊ ရေငုပ်သဘောၤအရာရှိ
တစ်ဦးဖြစ်သည်။ ပါမောက္ခက အတန်းရှေ့ထွက်ပြီး ထိုကဗျာကို ဖတ်ခိုင်း
သည်။ ကျနော် ဖတ်လိုက်သည်။ ကဗျာအဆုံးမှာ ကျနော်က NRA-
National Rifle Association အမျိုးသားသေနတ်အသင်းကို၊ အမျိုးသား
အသုဘအသင်းဟု သရော်ရေးလိုက်သည်။ အတန်းထဲမှာ ဆူညံပူညံ
အသံတွေထွက်လာသည်။ ပါမောက္ခ William Lapham က အတန်းကို
ထိန်းလိုက်သည်။
၂၀၁၇ အောက်တိုဘာ (၁)ရက်နေ့၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗေးဂတ်စ်
မြို့၊ Mandalay Bay Hotel ရှေ့မှာ ကျင်းပနေတဲ့၊ ကန်းထရီးဂီတပွဲတော်
က ပရိသတ်ထဲကို၊ ဟိုတယ်(၃၂)ထပ်ပေါ်ကနေ၊ သေနတ်သမား
Stephan Padock (အသက် ၆၄ နှစ်)ဆိုသူက ပစ်လို့၊ သူအပါအဝင် (၅၉)
ဦးသေ၊ (၄၁၃)ဦး သေနတ်ဒဏ်ရာရ။ အဲဒီ အဖြစ်အပျက်ကို ကျနော်က
ကဗျာရေးလိုက်ခြငိးဖြစ်သည်။ ကျနော့်ကဗျာကို သေနတ်ကြိုက်သူက
မကြိုက်။ သေနတ်မကြိုက်သူက ကြိုက်သည်။ (Michigan State
University- East Lansing မှာ နှစ်စဉ်ကျင်းပသည့် အနုပညာပွဲတော်
မှာ ထုတ်ဝေသည့် ၂၀၁၈ အတွက် ကဗျာစာအုပ်ထဲမှာ ဒီကဗျာ ရွေးချယ်
ဖော်ပြခံရပါတယ်)
ကျနော်က မြန်မာဖြစ်၍၊ မြန်မာလိုပဲ မြင်သည်။ သေနတ်ဆိုတာ ... ။
မသာလက်နက်။
လူသတ်လက်နက်။       ။

အောင်ဝေး
(သြဂုတ် ၂၀၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၄
 
ႏြားသိုးႏွင့္မိုး၊ အစိုးမရ။ ျမန္မာဆိုရိုးစကားရွိသည္။
အေမရိကမွာ မိုးက က်ေနာ့္တို့ ျမန္မာျပည္မွာလို ရာသီ အခ်ိန္ ကာလ
သတ္သတ္မွတ္မွတ္ မရွိ။ အေမရိကမွာက ေႏြဦး(Spring)၊ ေႏြ(Summer)၊ ေဆာင္းဦး(Fall)၊ ေဆာင္း(Winter) ဆိုၿပီး ရာသီ
(၄)မ်ိဳးရွိသည္။ မိုးက ထိုရာသီတိုင္းမွာ ရြာတတ္သည္။
အေမရိကန္မိုး၊ အစိုးမရေတာ့သည္။ အေမရိကန္မွာ ေနာက္ထပ္
အစိုးမရတာတစ္ခုက ေသနတ္။ Gun။ အခ်ိန္မေရြး ေသနတ္ပစ္ခတ္
မွဳေတြ( Shootings)ေတြ ျဖစ္ႏိုင္သည္။ က်ေနာ္ ျပည္တြင္းမွာ
တုန္းက၊ အေမရိကန္ျပည္ေထာင္စု၊ ကိုလိုရာဒိုျပည္နယ္က ကိုလမ္ဘိုင္း
အထက္တ္းေက်ာင္း ေသနတ္ပစ္ခတ္မွဳသတင္းကို ၾကားခဲ့ ဖတ္ခဲ့ဖူးသည္။
၁၉၉၉ ဧၿပီ ၂၀။ ၁၅ ဦးေသ၊ ၂၁ ဦး ဒဏ္ရာရ။
အေမရိကမွာ ဥပေဒႏွင့္ညီလွ်င္၊ လူတိုင္း ေသနတ္၀ယ္ႏိုင္သည္။ လူတိုင္း
ေသနတ္ကိုင္ႏိုင္သည္။ သူရို့ဖြဲ့စည္းပုံဥပေဒမွာ ေသနတ္ကိုင္ေဆာင္ခြင့္
လိုင္စင္ျပ႒ာန္းထားသည္။ က်ေနာ္ ၂၀၀၈ အေမရိက ေရာက္လာၿပီးေတာ့လည္း School Shooting, Mass Shooting သတင္းေတြ ခဏခဏၾကားရသည္။ (ကိုယ့္အနား ကပ္ပစ္ေနတာေတာ့
မႀကံဳဖူးေသး)
အေမရိကန္ အစိုးရႏွင့္လူထုၾကားမွာ၊ ေသနတ္ထိန္းခ်ဳပ္လိုသူႏွင့္ ေသနတ္
လြတ္လပ္လိုသူတို့ အျငင္းပြားဆဲ။ အားၿပိဳင္ဆဲ။ အေမရိကန္ျပည္ေထာင္စု
မွာ National Rifle Association(NRA) အမ်ိဳးသား ေသနတ္ အသင္း
ဆိုၿပီးရွီသည္။ NRA က ေသနတ္ထိန္းခ်ဳပ္တာ(Gun Control) ကို လက္
မခံ။ NRA က သမၼတ ေဒၚနယ္ထရန့္ကို ေထာက္ခံသည္။ ေထာက္ပံ့
သည္။ NRAကို ဘယ္သူမွ မယွဥ္ႏိုင္။ ေသနတ္ယဥ္ေက်းမွဳက အေမရိကန္
ယဥ္ေက်းမွဳ ျဖစ္ေနသည္။
ယခု။ ၂၀၂၀။ ကိုဗစ္ 19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုးႀကီး ကမၻာအႏွံ့ ပ်ံ့ပြား
ကူးစက္လာလို့၊ WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးက၊ Global Pandemic
ကမၻာ့ကပ္ေရာဂါေဘးလို့၊ (မတ္လ ထဲမွာ)ေၾကညာလည္း ေၾကညာလိုက္
ေရာ၊ အေမရိကမွာ ေသနတ္ေတြ၊ ေသနတ္ေတြ ေရာင္းေကာင္းလိုက္ၾက
တာ မေျပာပါႏွင့္ေတာ့။
ကပ္ႀကီးျဖစ္လွ်င္၊ စီးပြားပ်က္မည္။ လူေတြ အလုပ္အကိုင္မဲ့ျဖစ္မည္။ အငတ္ေဘးဆိုက္မည္။ လူေတြက ငတ္လာရင္ လုၾက ယက္ၾကမည္။
အၾကမ္းဖက္ၾကေတာ့မည္။ အဲဒီလို အေမရိကန္လူကုံထံေတြ၊ လူလတ္
တန္းစားေတြက ေတြးျမင္ၾကသည္။ သူတို့အသက္အိုးအိမ္စည္းစိမ္ကို
သူတို့ကာကြယ္ဖို့လိုလာသည္။ သည္ေတာ့ အဲဒီအေမရိကန္ေတြ
ေသနတ္ေတြ၊ က်ည္ဆန္ေတြ အေျပးအလႊား ၀ယ္ယူကုန္ၾကေတာ့
သည္။
က်ေနာ္တို့ႏွင့္က တျခား။ က်ေနာ္တို့ အေမရိကန္မဟုတ္တဲ့ အာရွသား
ေတြက ဆန္ေတြ၊ ဆီေတြ၊ စားနပ္ရိကၡာေတြ ေျပး၀ယ္တာေလာက္ပါပဲ။
သည္လူေတြ ေတြးေခၚပုံႏွင့္၊ က်ေနာ္တို့ အာရွသားေတြ ေတြးေခၚပုံခ်င္း
မတူ။ သူတို့က ကပ္ေဘးဆိုးႀကီးကို ေသနတ္ႏွင့္ အေျဖရွာခ်င္သည္။
က်ေနာ္တို့က ကိုယ္ခ်င္းစာတရားႏွင့္ အေျဖရွာခ်င္တာ။ သူတို့က ေသနတ္
ႏွင့္ကာကြယ္လွ်င္ လုံၿခံဳေဘးကင္းမည္ဟု ယူဆသည္။ က်ေနာ္တို့က
ကိုယ္ခ်င္းစာတရား၊ ေမတၱာတရားႏွင့္ကာကြယ္မွ ေဘးကင္းမည္၊ လုံၿခံဳ
မည္ ယုံၾကည္တာ။ မတူ။
ထို မတူသည့္ လူ့အဖြဲ့အစည္း အျမင္ ႏွစ္ခုၾကာတြင္၊ က်ေနာ္က ေသနတ္
ဆန့္က်င္ေရးကဗ်ာတစ္ပုဒ္ ေရးလိုက္သည္။ (ထိုစဥ္က က်ေနာ္ Lansing
Community College မွာ Creative Writing ေမဂ်ာႏွင့္ ဘြဲ့ႀကိဳတန္း တက္ေနခ်ိန္ျဖစ္သည္) အတန္းထဲမွာ Assignment တင္ရသည္။ က်ေနာ္
က ထိုေသနတ္ဆန့္က်င္ေရးကဗ်ာကို တင္လိုက္သည္။ ထိုဘာသာရပ္
ပို့ခ်သူ ပါေမာကၡမွာ အၿငိမ္းစား အေမရိကန္ေရတပ္၊ ေရငုပ္သေဘာၤအရာရွိ
တစ္ဦးျဖစ္သည္။ ပါေမာကၡက အတန္းေရွ့ထြက္ၿပီး ထိုကဗ်ာကို ဖတ္ခိုင္း
သည္။ က်ေနာ္ ဖတ္လိုက္သည္။ ကဗ်ာအဆုံးမွာ က်ေနာ္က NRA-
National Rifle Association အမ်ိဳးသားေသနတ္အသင္းကို၊ အမ်ိိဳးသား
အသုဘအသင္းဟု သေရာ္ေရးလိုက္သည္။ အတန္းထဲမွာ ဆူညံပူညံ
အသံေတြထြက္လာသည္။ ပါေမာကၡ William Lapham က အတန္းကို
ထိန္းလိုက္သည္။
၂၀၁၇ ေအာက္တိုဘာ (၁)ရက္ေန့၊ နီဗားဒါးျပည္နယ္၊ လာ့စ္ေဗးဂတ္စ္
ၿမိဳ့၊ Mandalay Bay Hotel ေရွ့မွာ က်င္းပေနတဲ့၊ ကန္းထရီးဂီတပြဲေတာ္
က ပရိသတ္ထဲကို၊ ဟိုတယ္(၃၂)ထပ္ေပၚကေန၊ ေသနတ္သမား
Stephan Padock (အသက္ ၆၄ ႏွစ္)ဆိုသူက ပစ္လို့၊ သူအပါအ၀င္ (၅၉)
ဦးေသ၊ (၄၁၃)ဦး ေသနတ္ဒဏ္ရာရ။ အဲဒီ အျဖစ္အပ်က္ကို က်ေနာ္က
ကဗ်ာေရးလိုက္ျခငိးျဖစ္သည္။ က်ေနာ့္ကဗ်ာကို ေသနတ္ႀကိဳက္သူက
မႀကိဳက္။ ေသနတ္မႀကိဳက္သူက ႀကိဳက္သည္။ (Michigan State
University- East Lansing မွာ ႏွစ္စဥ္က်င္းပသည့္ အႏုပညာပြဲေတာ္
မွာ ထုတ္ေ၀သည့္ ၂၀၁၈ အတြက္ ကဗ်ာစာအုပ္ထဲမွာ ဒီကဗ်ာ ေရြးခ်ယ္
ေဖာ္ျပခံရပါတယ္)
က်ေနာ္က ျမန္မာျဖစ္၍၊ ျမန္မာလိုပဲ ျမင္သည္။ ေသနတ္ဆိုတာ ... ။
မသာလက္နက္။
လူသတ္လက္နက္။       ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၀၊ ၂၀၂၀)

Tuesday, August 18, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၃


အား ... ဘယ်လို ညကြီးလဲ။

အမေရိကန်လူမည်းအပျိုမ
မက်ဒေါ်နယ်ဟမ်ဘာဂါ ကိုက်ဖို့
ပါးစပ်ကို ဟဖြဲလိုက်တဲ့အခိုက်။

အဲဒီ ဝပြဲပြဲ မှောင်မိုက်မိုက်သုညထဲ
ဆင်းရဲတွင်းနက်သလို
ညက နက်လေရဲ့။

ဟိုဘက်ရပ်ကွက်
အမေရိကန်လူမည်းအများစုနေတဲ့
ဟိုဘက်ရပိကွက်မှာ
911 အရေးပေါ် မီးသတ်ကားတွေ
လူနာတင်ကားနဲ့ ရဲကားတွေ
မီးရောင်တွေ တလက်လက်နဲ့။

ကိုဗစ်ရောဂါသည်ချင်း
သေနတ်ချင်း ယှဉ်ပစ်ကြသတဲ့
သတင်းက ချက်ချင်း
ခြံစည်းရိုးကျော်ပြီး လွင့်လာတယ်။

ယောကျ်ားချင်း ချစ်လို့ရတဲ့ ဥပဒေမှာ
ယောကျ်ားချင်း ပစ်တာပဲ။

စိတ်ဆင်းရဲလိုက်တာ
မိုးက မလင်းတော့ဘူး။ ။

အောင်ဝေး
(သြဂုတ် ၁၈၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃

အား ... ဘယ္လို ညႀကီးလဲ။

အေမရိကန္လူမည္းအပ်ိဳမ
မက္ေဒၚနယ္ဟမ္ဘာဂါ ကိုက္ဖို့
ပါးစပ္ကို ဟၿဖဲလိုက္တဲ့အခိုက္။

အဲဒီ ၀ၿပဲၿပဲ ေမွာင္မိုက္မိုက္သုညထဲ
ဆင္းရဲတြင္းနက္သလို
ညက နက္ေလရဲ့။

ဟိုဘက္ရပ္ကြက္
အေမရိကန္လူမည္းအမ်ားစုေနတဲ့
ဟိုဘက္ရပိကြက္မွာ
911 အေရးေပၚ မီးသတ္ကားေတြ
လူနာတင္ကားနဲ့ ရဲကားေတြ
မီးေရာင္ေတြ တလက္လက္နဲ့။

ကိုဗစ္ေရာဂါသည္ခ်င္း
ေသနတ္ခ်င္း ယွဥ္ပစ္ၾကသတဲ့
သတင္းက ခ်က္ခ်င္း
ၿခံစည္းရိုးေက်ာ္ၿပီး လြင့္လာတယ္။

ေယာက်္ားခ်င္း ခ်စ္လို့ရတဲ့ ဥပေဒမွာ
ေယာက်္ားခ်င္း ပစ္တာပဲ။

စိတ္ဆင္းရဲလိုက္တာ
မိုးက မလင္းေတာ့ဘူး။ ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၁၈၊ ၂၀၂၀)

Monday, August 17, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂


"သည်လိုပုံနှင့်၊ မိုးကြီးချုပ်လျှင်၊ ကျွနု်ပ် အိမ်ပြန်ရောက်မည် မဟုတ်ပါ"
အမှန်က အိမ်ပြန်ရောက်မည် မဟုတ်ပါ ဆိုတာ မဟုတ်ပါ။
ငြင်းပယ်ခြင်းကို ငြင်းပယ်ခြင်း။ Negation of negation ဟု ဆိုသည်။
တစ်နေ့ အိမ်ပြန်ရောက်ရမည်မှာ မလွဲပါ။ မုချ။ ခု လောလောဆယ်တော့
မရောက်သေး။ သို့ဖြစ်ရာ စာကိုပြင်ရမည်။ "သည်လိုပုံနှင့်၊ မိုးကြီးချုပ်လျှင်၊
ကျွနု်ပ် အိမ်ပြန်ရောက်ဦး(ဦး)မည် မဟုတ်ပါ"

ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ကြီးအတွင်းမှာ၊ အဲဒီ ကပ်ရောဂါပိုး
ဆူးရစ်ပန်းခွေက ဓားချွန်တွေက အများနည်းတူ ကျနော့်ကိုလည်း
လာ၍ ထိမှန်သည်။ ဓားမိုးရွာချိန် ... အမေရိက။ ကျနော် သည်လို ရေးခဲ့
ပြီးပြီ။

"Knives were raining down
from the clouds,
headed for my soft skin." (June 29, 2020)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူကို၊ ဇန်နဝါရီ
၂၂၊ ၂၀၂၀၊ Washington ပြည်နယ်၊ Portland မြို့မှာ စတင် တွေ့ရှိခဲ့ပါ
သည်။ (မြန်ပြည်မှာ မတ် ၂၃၊ ၂၀၂၀၊ ချင်းတောင်) ကျနော်က Michigan ပြည်နယ်၊ Lansing မြီု့မှာ နေတာဖြစ်သည်။

အဲသည်ကာလမှာ၊ ၂၀၂၀ မှာ မြန်မာပြည်ပြန်ဖို့ဆိုပြီး လုပ်ထားသည့်
ဒုက္ခသည်ပတ်စပို့ ခေါ် ခရီးသွားလက်မှတ် (Travel Document) စာအုပ်
ကလေး(၃)အုပ်၊ အမေရိကန်အစိုးရ သက်ဆိုင်ရာက၊ ကျနော်တို့လက်ထဲ
ထည့်ပေးခဲ့ပြီးဖြစ်သည်။ အဆင်ပြေတဲ့အချိန် Go ပေတော့ပေါ့။

ကျနော်တို့လို အမေရိကန်နိုင်ငံသား မဟုတ်သူများ (Green Card ခေါ်
Permanent Resident Card နှင့် နေထိုင်သူများ) အမေရိကန်နိုင်ငံ ပြင်ပ
သို့ ခရီးသွားလိုလျှင် ထိုစာအုပ်လုပ်ရသည်။ စာအုပ်ရလျှင် ထိုစာအုပ်နှင့်
ဝါရှင်တန် ဒီ၊စီ မြို့တော်က မြန်မာသံရုံးတွင် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ
လျှောက်ရပါသည်။ သံရုံးက ဗီဇာ ရက်(၇၀)ပေးသည်။

ခင်ဆွေရီနှင့် သားငယ်လေ း လမင်းဝေးတို့က ၂၀၁၈ နွေရာသီက၊ မြန်မာ
ပြည်တစ်ခေါက် ပြန်ခဲ့ကြပြီးဖြစ်သည်။ အဲဒီတုန်းက ကျနော် မလိုက်ဖြစ်။
အိမ်စောင့် ကျန်ရစ်ခဲ့သည်။ ဒီတစ်ခါတော့ မိသားစုလိုက် ပြန်ကြမည်။
ကျနော်က ၂၀၂၀ မှာ ပြန်လာမည်ဟု ပြည်တွင်းက ရဲဘော်၊ သူငယ်ချင်း၊
မိတ်ဆွေ တစ်ချို့တလေကို ပြောထားသည်။

သားငယ်လေး ကျောင်းပိတ်ရင် ပြန်ကြမည်။ မြန်မာသံရုံးကို ဗီဇာဝင်ဖို့
ပြင်သည်။ ထိုစဉ်မှာပဲ လမ်းက ပိတ်သွားတော့သည်။

သားငယ်လေး ကျောင်းက မေလ ပထမပတ်ထဲမှာ ပိတ်မည်။ သြဂုတ်လ ပထမပတ်ထဲမှာ ပြန်ဖွင့်မည်။ ဒီလတွေက ဒီမှာ နွေရာသီ (Summer) ဖြစ်သည်။ သားငယ်က Michigan State University မှာ နောက်ဆုံးနှစ်
တက်နေတာဖြစ်သည်။ မေ ပထမပတ်မှာ Spring Semester ပြီးသည်။
သားက ဘွဲ့ရဖို့ နောက်ထပ် Semester တစ်ခု တက်ရဦးမည်။ Fall
Semester ဟု ခေါ်သည်။ သြဂုတ် ပထမပတ်မှာ စသည်။ ဒီဇင်ဘာထဲမှာ
ဆုံးသည်။ ၂၀၂၀ ဒီဇင်ဘာမှာ သားငယ်လေး လမင်းဝေး Michigan
State University က ပေးတဲ့ ဘွဲ့ကိုရပြီ။

တိုတိုဆိုပါစို့။ ကိုဗစ်က ဖျက်လို့၊ ကျနော်တို့ ပြည်တော်ပြန်ခရီး ပျက်သွား
ခဲ့ရပါသည်။ အမေရိကန်ကလည်း ထွက်ခွင့် မပေး။ မြန်မာပြည်ကလည်း
ဝင်ခွင့်မပြု။ ကိုဗစ်က ချစ်မှု တစ်ခုဆီကနေ အခြား ချစ်မှု တစ်ခုဆီ သွား
မရ၊ လာမရအောင် ဟန့်တားထားတော့သည်။

ကိုဗစ်က အမေရိကမှာ ဆိုးသထက်ဆိုးလာသည်။ Stay-at-home ဖီဆန်ရေး ဆန္ဒပြပွဲတွေ၊ Black Lives Matter လူမည်းထု ဆန္ဒပြပွဲတွေ
ဖြစ်လာသည်။ အသက်ရှူချောင်စရာ တစ်ကွက်မရှိ။

ကျနော် ပြန်လာမည် ပြောထားပြီးမှ၊ အခုလို မပြန်နိုင်ဖြစ်သွားတော့၊ ပြည်
တွင်းက မျှော်သူတွေကို အားနာသည်။ ကျနော် ညာသလို ဖြစ်သွား
သည်။ ကျနော် အမှန်ပြန်ချင်တာပါ။ ကိုမြင့်နိုင်ကြီးက ဓားချွန်ကြီး တကား
ကားနဲ့ ဟန့်တားထားသည်။ ကျနော် မပြန်ဖြစ်တော့။

မပြန်ဖြစ်တော့၊ ခရီးသွားလက်မှတ်စာအုပ်ဖိုး ဆုံးပါသည်။ တစ်နှစ်ခံ(တစ်
နှစ်သက်တမ်း)စာအုပ်အတွက် ပိုက်ဆံ ၂၂၀ ပေးရပါသည်။ လက်ဗွေနှိပ်ဖို့၊
ဓာတ်ပုံရိုက်ဖို့ Grand Rapids ဆိုသည့် အခြားတစ်မြို့ကို သွားနှိပ်ရ၊ ရိုက်
ရသည်။ ကားဓာတ်ဆီဖိုး၊ စာပို့ခ၊ သဗ္ဗရနံပေါင်း ပိုက်ဆံ တစ်ထောင်ကျော်
ပလုံသွားသည်။ ပိုက်ဆံက အရေးမကြီးပါ။ ပြန်ခွင့် မကြုံတာကိုသာ အသည်းနာတာဖြစ်သည်။

ယနေ့ August 17, 2020 Covid-19 Live Update:
World- Cases 21,649,706 Deaths 767,158
U.S. Cases 5,593,705 Deaths 173,464
Michigan Cases 93,185 Deaths 6,325
မြန်မာ ကူးစက်သူ(၃၇၆) ယောက်၊ သေဆုံးသူ(၆)ယောက်။

ကျနော် ထပ်ကြိုးစားပါဦးမည်။ ဓားမိုး စဲလို့၊ ကိုဗစ်-19 ကပ်ကြီး ပွဲသွား
လျှင်၊ ၂၀၂၁ လား၊ ၂၀၂၂ လား၊ ကျနော် ပြန်လာဖို့ ထပ်ကြိုးစားပါဦးမည်။
ကျနော့်မှာ ၂၀၂၀ ဇွန် ဗန်းမော်တင်အောင် ရာပြည့်လည်း မမီ၊ ၂၀၂၀
နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲလည်း မမီ၊ ကျနော့်မှာ ၂၀၂၀ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ပွဲလည်း မမီ၊ ပုဂံ-ညောင်ဦးက
ရွာဆော်ကြီးခွေးလို ဖြစ်ပြီ။

ကျနော် ကျနော့်သူငယ်ချင်း မောင်ဒေါင်း ကို သတိရမိသွားသည်။ သူ့ဝတ္ထု
ထဲက ဇာတ်ကောင်တွေက၊ ရွေးမြစ်ပြင်မှာ ငါးသလောက်ပိုက်လှေချရင်း၊ သူတို့
ဘဝတွေရဲ့ ကြေကွဲသီချင်းကို ဟစ်တတ်ကြသည်။ ကျနော် အခု သူတို့
သီချင်းဟစ်သံကို မစ်ရှီဂန်မဲဇာ ကနေ ကြားလိုက်သည်။

"ပြန်လမ်း မကြုံတဲ့ ယမုန်နာဦးဝယ်" တဲ့လား ကိုဒေါင်းရေ။ ။

အောင်ဝေး
(သြဂုတ် ၁၇၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂

"သည္လိုပုံႏွင့္၊ မိုးႀကီးခ်ဳပ္လွ်င္၊ ကၽြႏု္ပ္ အိမ္ျပန္ေရာက္မည္ မဟုတ္ပါ"
အမွန္က အိမ္ျပန္ေရာက္မည္ မဟုတ္ပါ ဆိုတာ မဟုတ္ပါ။
ျငင္းပယ္ျခင္းကို ျငင္းပယ္ျခင္း။ Negation of negation ဟု ဆိုသည္။
တစ္ေန့ အိမ္ျပန္ေရာက္ရမည္မွာ မလြဲပါ။ မုခ်။ ခု ေလာေလာဆယ္ေတာ့
မေရာက္ေသး။ သို့ျဖစ္ရာ စာကိုျပင္ရမည္။ "သည္လိုပုံႏွင့္၊ မိုးႀကီးခ်ဳပ္လွ်င္၊
ကၽြႏု္ပ္ အိမ္ျပန္ေရာက္ဦး(ဦး)မည္ မဟုတ္ပါ"

ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ ကပ္ႀကီးအတြင္းမွာ၊ အဲဒီ ကပ္ေရာဂါပိုး
ဆူးရစ္ပန္းေခြက ဓားခၽြန္ေတြက အမ်ားနည္းတူ က်ေနာ့္ကိုလည္း
လာ၍ ထိမွန္သည္။ ဓားမိုးရြာခ်ိန္ ... အေမရိက။ က်ေနာ္ သည္လို ေရးခဲ့
ၿပီးၿပီ။

"Knives were raining down
from the clouds,
headed for my soft skin." (June 29, 2020)

အေမရိကန္ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုးရွိသူကို၊ ဇန္န၀ါရီ
၂၂၊ ၂၀၂၀၊ Washington ျပည္နယ္၊ Portland ၿမိဳ့မွာ စတင္ ေတြ့ရွိခဲ့ပါ
သည္။ (ျမန္ျပည္မွာ မတ္ ၂၃၊ ၂၀၂၀၊ ခ်င္းေတာင္) က်ေနာ္က Michigan ျပည္နယ္၊ Lansing ၿမီဳ့မွာ ေနတာျဖစ္သည္။

အဲသည္ကာလမွာ၊ ၂၀၂၀ မွာ ျမန္မာျပည္ျပန္ဖို့ဆိုၿပီး လုပ္ထားသည့္
ဒုကၡသည္ပတ္စပို့ ေခၚ ခရီးသြားလက္မွတ္ (Travel Document) စာအုပ္
ကေလး(၃)အုပ္၊ အေမရိကန္အစိုးရ သက္ဆိုင္ရာက၊ က်ေနာ္တို့လက္ထဲ
ထည့္ေပးခဲ့ၿပီးျဖစ္သည္။ အဆင္ေျပတဲ့အခ်ိန္ Go ေပေတာ့ေပါ ့။

က်ေနာ္တို့လို အေမရိကန္ႏိုင္ငံသား မဟုတ္သူမ်ား (Green Card ေခၚ
Permanent Resident Card ႏွင့္ ေနထိုင္သူမ်ား) အေမရိကန္ႏိုင္ငံ ျပင္ပ
သို့ ခရီးသြားလိုလွ်င္ ထိုစာအုပ္လုပ္ရသည္။ စာအုပ္ရလွ်င္ ထိုစာအုပ္ႏွင့္
၀ါရွင္တန္ ဒီ၊စီ ၿမိဳ့ေတာ္က ျမန္မာသံရံုးတြင္ ျမန္မာႏိုင္ငံ ျပည္၀င္ခြင့္ ဗီဇာ
ေလွ်ာက္ရပါသည္။ သံရံုးက ဗီဇာ ရက္(၇၀)ေပးသည္။

ခင္ေဆြရီႏွင့္ သားငယ္ေလ း လမင္းေ၀းတို့က ၂၀၁၈ ေႏြရာသီက၊ ျမန္မာ
ျပည္တစ္ေခါက္ ျပန္ခဲ့ၾကၿပီးျဖစ္သည္။ အဲဒီတုန္းက က်ေနာ္ မလိုက္ျဖစ္။
အိမ္ေစာင့္ က်န္ရစ္ခဲ့သည္။ ဒီတစ္ခါေတာ့ မိသားစုလိုက္ ျပန္ၾကမည္။
က်ေနာ္က ၂၀၂၀ မွာ ျပန္လာမည္ဟု ျပည္တြင္းက ရဲေဘာ္၊ သူငယ္ခ်င္း၊
မိတ္ေဆြ တစ္ခ်ိဳ့တေလကို ေျပာထားသည္။

သားငယ္ေလး ေက်ာင္းပိတ္ရင္ ျပန္ၾကမည္။ ျမန္မာသံရံုးကို ဗီဇာ၀င္ဖို့
ျပင္သည္။ ထိုစဥ္မွာပဲ လမ္းက ပိတ္သြားေတာ့သည္။

သားငယ္ေလး ေက်ာင္းက ေမလ ပထမပတ္ထဲမွာ ပိတ္မည္။ ၾသဂုတ္လ ပထမပတ္ထဲမွာ ျပန္ဖြင့္မည္။ ဒီလေတြက ဒီမွာ ေႏြရာသီ (Summer) ျဖစ္သည္။ သားငယ္က Michigan State University မွာ ေနာက္ဆုံးႏွစ္
တက္ေနတာျဖစ္သည္။ ေမ ပထမပတ္မွာ Spring Semester ၿပီးသည္။
သားက ဘြဲ့ရဖို့ ေနာက္ထပ္ Semester တစ္ခု တက္ရဦးမည္။ Fall
Semester ဟု ေခၚသည္။ ၾသဂုတ္ ပထမပတ္မွာ စသည္။ ဒီဇင္ဘာထဲမွာ
ဆုံးသည္။ ၂၀၂၀ ဒီဇင္ဘာမွာ သားငယ္ေလး လမင္းေ၀း Michigan
State University က ေပးတဲ့ ဘြဲ့ကိုရၿပီ။

တိုတိုဆိုပါစို့။ ကိုဗစ္က ဖ်က္လို့၊ က်ေနာ္တို့ ျပည္ေတာ္ျပန္ခရီး ပ်က္သြား
ခဲ့ရပါသည္။ အေမရိကန္ကလည္း ထြက္ခြင့္ မေပး။ ျမန္မာျပည္ကလည္း
၀င္ခြင့္မျပဳ။ ကိုဗစ္က ခ်စ္မွဳ တစ္ခုဆီကေန အျခား ခ်စ္မွဳ တစ္ခုဆီ သြား
မရ၊ လာမရေအာင္ ဟန့္တားထားေတာ့သည္။

ကိုဗစ္က အေမရိကမွာ ဆိုးသထက္ဆိုးလာသည္။ Stay-at-home ဖီဆန္ေရး ဆႏၵျပပြဲေတြ၊ Black Lives Matter လူမည္းထု ဆႏၵျပပြဲေတြ
ျဖစ္လာသည္။ အသက္ရွဴေခ်ာင္စရာ တစ္ကြက္မရွိ။

က်ေနာ္ ျပန္လာမည္ ေျပာထားၿပီးမွ၊ အခုလို မျပန္ႏိုင္ျဖစ္သြားေတာ့၊ ျပည္
တြင္းက ေမွ်ာ္သူေတြကို အားနာသည္။ က်ေနာ္ ညာသလို ျဖစ္သြား
သည္။ က်ေနာ္ အမွန္ျပန္ခ်င္တာပါ။ ကိုျမင့္ႏိုင္ႀကီးက ဓားခၽြန္ႀကီး တကား
ကားနဲ့ ဟန့္တားထားသည္။ က်ေနာ္ မျပန္ျဖစ္ေတာ့။

မျပန္ျဖစ္ေတာ့၊ ခရီးသြားလက္မွတ္စာအုပ္ဖိုး ဆုံးပါသည္။ တစ္ႏွစ္ခံ(တစ္
ႏွစ္သက္တမ္း)စာအုပ္အတြက္ ပိုက္ဆံ ၂၂၀ ေပးရပါသည္။ လက္ေဗြႏွိပ္ဖို့၊
ဓာတ္ပုံရိုက္ဖို့ Grand Rapids ဆိုသည့္ အျခားတစ္ၿမိဳ့ကို သြားႏွိပ္ရ၊ ရိုက္
ရသည္။ ကားဓာတ္ဆီဖိုး၊ စာပို့ခ၊ သဗၺရနံေပါင္း ပိုက္ဆံ တစ္ေထာင္ေက်ာ္
ပလုံသြားသည္။ ပိုက္ဆံက အေရးမႀကီးပါ။ ျပန္ခြင့္ မႀကံဳတာကိုသာ အသည္းနာတာျဖစ္သည္။

ယေန့ August 17, 2020 Covid-19 Live Update:
World- Cases 21,649,706 Deaths 767,158
U.S. Cases 5,593,705 Deaths 173,464
Michigan Cases 93,185 Deaths 6,325
ျမန္မာ ကူးစက္သူ(၃၇၆) ေယာက္၊ ေသဆုံးသူ(၆)ေယာက္။

က်ေနာ္ ထပ္ႀကိဳးစားပါဦးမည္။ ဓားမိုး စဲလို့၊ ကိုဗစ္-19 ကပ္ႀကီး ပြဲသြား
လွ်င္၊ ၂၀၂၁ လား၊ ၂၀၂၂ လား၊ က်ေနာ္ ျပန္လာဖို့ ထပ္ႀကိဳးစားပါဦးမည္။
က်ေနာ့္မွာ ၂၀၂၀ ဇြန္ ဗန္းေမာ္တင္ေအာင္ ရာျပည့္လည္း မမီ၊ ၂၀၂၀
ႏို၀င္ဘာ အေထြေထြေရြးေကာက္ပြဲလည္း မမီ၊ က်ေနာ့္မွာ ၂၀၂၀ ဒီဇင္ဘာ
ရန္ကုန္တကၠသိုလ္ ႏွစ္(၁၀၀)ျပည့္ပြဲလည္း မမီ၊ ပုဂံ-ေညာင္ဦးက
ရြာေဆာ္ႀကီးေခြးလို ျဖစ္ၿပီ။

က်ေနာ္ က်ေနာ့္သူငယ္ခ်င္း ေမာင္ေဒါင္း ကို သတိရမိသြားသည္။ သူ့၀တၳဳ
ထဲက ဇာတ္ေကာင္ေတြက၊ ေရြးျမစ္ျပင္မွာ ငါးသေလာက္ပိုက္ေလွခ်ရင္း၊ သူတို့
ဘ၀ေတြရဲ့ ေၾကကြဲသီခ်င္းကို ဟစ္တတ္ၾကသည္။ က်ေနာ္ အခု သူတို့
သီခ်င္းဟစ္သံကို မစ္ရွီဂန္မဲဇာ ကေန ၾကားလိုက္သည္။

"ျပန္လမ္း မႀကံဳတဲ့ ယမုန္နာဦး၀ယ္" တဲ့လား ကိုေဒါင္းေရ။ ။

ေ အ ာ င္ ေ ၀ း

(ၾသဂုတ္ ၁၇၊ ၂၀၂၀)

Friday, August 14, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ


 

ငှက်ရေ ...
မစ်ရှီဂန်မဲဇာမှာ
ငါ မပျော်ပါဘူး။
ငါ တကယ် မပျော်ဘူးလားဆိုရင်
တကယ်ကို
ငါ မပျော်ပါဘူး။
ငါ မပျော်ဘူး ငှက်
ငှက် ငါ မပျော်ဘူး။
မင်း မြင်ယောင်ကြည့်စမ်း
ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ
ကိုယ့်ဘေးပတ်လည်
ဝိုင်းရံနေတဲ့နေရာမှာ
ငါ ပျော်နိုင်မတဲ့လား။
မင်း ဆိုရင်ကော
ပျော်နိုင်မလား
စဉ်းစားကြည့်စမ်း ငှက်။
ငါ မသေချင်သေးဘူး
ငါ အိမ်ပြန်ချင်သေးတယ်။
ကိုဗစ်ဖျက်လို့
ငါ့အိပ်မက်တွေလည်း
ပျက်ရပြီ။
၂၀၂၀ မှာ
ပြည်တော်ပြန်မယ် ဆိုပြီး
လုပ်ထားတဲ့
ဒုက္ခသည်ပတ်စပို့လေးလည်း
ဆုံးပြီ။
ငါက အမေရိကန်နိုင်ငံသားလည်း
မဟုတ်တော့
အမေရိကန်ပတ်စပို့လည်း
မရှိပါဘူးကွာ။
ငါက
မြန်မာနိုင်ငံသားပဲ။
"ဒါဆိုရင် ခင်ဗျားမှာ
မြန်မာပတ်စပို့ ရှိမှာပေါ့"
မင်း အဲဒီလို ထင်သလား။
ထင်သာထင်
မဝင်ဘူး ငှက်။
ငါက
နယ်စပ် ဖြတ်ကျော်
ပြေးလာတဲ့ကောင်
ဘယ်မှာလာ
မြန်မာပတ်စပို့ ရှိမှာတဲ့တုံး။
ပြည်တွင်းမှာတုန်းက
မှတ်ပုံတင်တောင်
မရှိတဲ့ကောင်ကွာ
ရဲစခန်းထောက်ခံစာနဲ့
နေရတဲ့ကောင်ပါ။
ဒီလိုကောင်မှာ
မြန်မာပတ်စပို့ ရှိမတဲ့လား။
၁၉၉၁
ငါ ထောင်က
တတိယအကြိမ် ပြန်ထွက်လာကတည်းက
မှတ်ပုံတင်လုပ်ပါတယ်ကွာ။
မှတ်ပုံတင်ရုံးက လူတွေက
လုပ်မပေးကြဘူးကွ။
ငါ ဘယ်လို ကြိုးစားကြိုးစား
သူတို့ဘက်က ဟင့်အင်းပဲလေ။
ငြင်းဆန်ခြင်းရဲ့အလှတရား
မဟုတ်ပါဘူးကွာ
ငြင်းဆန်ခြင်းရဲ့ မလှတရား
ငါ မှားတာပါကွာ။
မှတ်ပုံတင်တစ်ခုရဖို့
(နိုင်ငံသားစိစစ်ရေးကဒ်ပြား)
ငါ့မှာ အောက်ကျလိုက်တာ
ဒါပေမဲ့
မရခဲ့ပါဘူး ငှက်ရာ။
ငါက သူပုန်
ငါက ဂဠုန်
ငါက အစိုးရဆန့်ကျင်ရေးသမား
ငါက တော်လှန်ရေးသမား
သူတို့က ငါ့အပေါ်
ဒီလို သဘောထားကြတာကလား။
ငါကလည်း ငါပဲလေ
သူတို့ စစ်အစိုးရကို
အသွေးထဲ အသားထဲကကို ဆန့်ကျင်တာ။
ငါ မှားသလားကွာ
စစ်အာရှင်စနစ်ကို ဆန့်ကျင်တာ
ငါ မှားလား ငှက်။
[ငှက်
စကားရပ်လို့
ငါ ဖြတ်ပြီး ပြောဦးမယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲ
စစ်အာဏာရှင်စနစ် ဖြိုလှဲဖို့
ပြည်သူတွေ မဲပေးကြ
ငါ ဒီလိုတိုက်တွန်း
မှားတယ်တစ်ခွန်း
မဆိုနိုင်ဘူး မဟုတ်လား။
မဲပေးဖို့ပြောတာနဲ့
ငါက
အောင်ဝေးက
၂၀၀၈ ခြေဥအောက်
ဒူးထောက်တဲ့သူ
ဖောက်ပြန်တဲ့လူ ဖြစ်ရောလား။
အောင်ဝေးက
ပြည်ပြေးက
ပြည်သူ့မျက်နှာ မကြည့်
အစိုးရဘက်က ရပ်
ကဗျာစပ်သတဲ့။
ငှက်ရာ
ငါက
အရေထူပြီးသားကောင်ပါ
ငါ့အတွက်တော့
ဒီ အမိုက်အမဲလေးတွေပြောတာ
ဆင်ဗိုက်ကို ခြင်ကိုက်သလိုပါ။
ဟုတ်တယ်
ငါ အစိုးရဘက်က ရပ်တယ်
ငါ NLD အစိုးရဘက်က ရပ်တယ်။
ပြည်တော်ဝင်လက်မှတ်ရဖို့
ငါ ရပ်နေတာ မဟုတ်ဘူး။
ငါ့အဘိဓမ္မာ
ငါ့ဘဝအတွေ့အကြုံနဲ့
ငါ ရပ်နေတာ။
ငှက်
NLD အစိုးရဆိုတာ
၂၀၁၅ ရွေးကောက်ပွဲမှာ
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး
ပြည်သူတွေ မဲပေးခဲ့တဲ့
အစိုးရ။
ငှက်
ဒီလို ရွေးကောက်ခံအစိုးရမျိုး
ငါက ဆန့်ကျင်ရရိုးလား
ဝေးသေးတယ်။
မင်း မြင်အောင်ကြည့်
(မင်း မြင်ပါတယ်ကွာ)
စစ်အာဏာရှစ်စနစ်က တစ်ဖက်
လူထုတင်မြှောက်တဲ့အစိုးရက တစ်ဖက်
ကဲ- မင်းဘယ်ဘက်က ရပ်မလဲ
ပြော ငှက်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ဆိုရင်
ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုရင်
မင်း မဲပေးရမှာပဲ
ငါ မဲပေးရမျာပဲ။
ရွေးကောက်ပွဲဆိုတာ
တိုက်ပွဲပုံသဏ္ဍာန်တစ်ခုပဲ။
တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ရန်သူက ရွေးချယ်ပေးစမြဲပဲ။
NO VOTE ဆိုတာ
သူခိုးသူယုတ်တွေ အလုပ်ပါ
ပညာတတ်တွေရဲ့အလုပ်
မဟုတ်ပါဘူး။
ငါ့စကား
ရိုင်းသွားရင်
ခွင့်လွှတ်ကွာ ငှက်။ ။ဤကား စကားချပ်]
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော့
ငါလည်း ပြည်ပြေးဖြစ်တာပေါ့။
ပြည်ပြေးဆိုတာ
စစ်အာဏာရှင်တွေပေးတဲ့
ဆုပေါ့ကွာ။
အခုတော့
ငါတို့တိုင်းပြည်မှာ
အဲဒီ စစ်အာဏာရှင်တွေ
အဲဒီ စစ်အစိုးရဆိုတာတွေ
မရှိတော့ပါဘူး။
ဒါပေမဲ့
စစ်အာဏာရှင်စနစ်ဆိုး
အရိပ်မျိုးက
တို့တိုင်းပြည်ကလေးအပေါ်
ထိုးနေတုန်းပေါ့။
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက
ဆင်နေတုန်းပေါ့။
ငှက်ရေ
မင်း ရှိတုန်းကတော့
မင်းက ငါ့ကို
နူးညံ့ပျော့ပျောင်းနည်း သင်တယ်။
ဆရာဒဂုန်တာရာကလည်း
ပျော့ပျောင်းခြင်းဟာ
သန်စွမ်းခြင်းဖြစ်တယ်လို့ ဆိုတယ်။
ငါက
မင်းရဲ့ နူးညံ့ပျော့ပျောင်းနည်း
သင်တန်းသား။
ဒါပေမဲ့
ငါ ဝန်ခံပါတယ်။
မင်း မရှိတဲ့နောက်
ငါ မာကြောခဲ့
ခက်ထန်ခဲ့မိပါတယ်။
ငါ့ကို
မင်း ဘယ်လောက် နူးညံ့ခိုင်း
ပျော့ပျောင်းခိုင်း
တိုင်းပြည်က ရိုင်းတော့
(ငါတို့ အဖြူရောင်သက်တံ)
သက်တံကိုင်းက
လေးကိုင်းဖြစ်
စစ်အာဏာရှင်စနစ်ကို
ရွှေဝါရောင်မြားနဲ့
ငါ တအား တအား ပစ်မိတာပေါ့။
ပစ်မိလို့လည်း
ငါ ပြည်ပြေးဖြစ်ရတာပေါ့။
အချစ်ကြောင့်
ခေတ်ကြောင့်
လောကအမှောင့်
ကြိုးတိုက်ထောင့်မှာ
ကွန်မြူနစ် ဖြစ်ခဲ့တဲ့ကောင်ကွာ။
အဲဒီ အချစ်နဲ့ခေတ်ကြောင့်ပဲ
ပြည်ပြေးဖြစ်ရပြန်တဲ့
ကောင်ပါပဲ ငှက်ရာ။
ငါ အိမ်ပြန်ချင်ပါတယ်
ငါ ပြန်လာချင်တယ်။
ငါ ပြန်အလာကို
မင်း စောင့်နေမယ်ဆိုတာလည်း
ငါ သိတယ်။
ဒီနေ့အထိတော့
ငါ အိမ် မပြန်နိုင်သေးဘူး ငှက်။
ငါ အိမ် မပြန်နိုင်တာ
ငါ့အကြောင်းနဲ့ငါပါကွာ။
ငါ့သားလေး
ကျောင်းမပြီးသေးဘူး
ငါ စောင့်ရဦးမယ်။
ပြည်ပြေးဘဝမှာ
ရင်းစား ကျေစရာဆိုလို့
ဒါလေးတစ်ခုပဲ
ရှိတာပါကွာ။
ငါ့သား ကျောင်းပြီးတဲ့အထိတော့
ငါ စောင့်ပရစေ။
မစ်ရှီဂန်မဲဇာမှာ
ငါ မပျော်ပါဘူး ငှက်ရာ။
မပျော်တဲ့ကြားမှာ
ငါ ကြိုးစား အသက်ရှင်နေပါတယ်။
ကိုဗစ် 19
ကပ်ကြီးအတွင်းမှာ
ငါ ရင်ခုန်နေပါသေးတယ်။
ရင်ခုန်ရင်
အချစ်ပဲ။
ဟုတ်တယ် မဟုတ်လား ငှက်
ရင်ခုန်ရင်
အချစ်ပဲ။
အဲဒီ အချစ်ကြောင့်ပဲ
ငါ အိမ်ပြန်ချင်တာပေါ့။
အဲဒီ အချစ်ကြောင့်ပဲ
ငါ ပြန်လာချင်တာပေါ့။
တစ်နေ့တော့
ရေဝေးက
မင်းရဲ့အုတ်ဂူရှေ့မှာ
ငါ့ဘဝရဲ့
အကောင်းဆုံးကဗျာတစ်ပုဒ်
ဟုတ်တယ်
ဂေါ်ကီပြောသလို
ဒီမိုကရေစီဆန်မှုလည်း ရှိ
စိတ်ကူးယဉ်ဆန်မှုလည်း ရှိတဲ့
ကဗျာတစ်ပုဒ်
မင်းအတွက်
အိပ်မက်နဲ့ မျက်ရည်
ဖွဲ့ယှက်ထားတဲ့
ငါ့အလွမ်းရဲ့
အခမ်းနားဆုံးကဗျာတစ်ပုဒ်
ဟုတ်တယ်
တစ်နေ့
ငါ ပြန်လာတဲ့အခါ
မင်း အုတ်ဂူရှေ့မှာ
ငါ ရွတ်မယ်။
ငှက်ရေ
ဂျူးလိယက်ဆီဇာကတော့
"ငါလာတယ်
ငါမြင်တယ်
ငါ အောင်ပွဲခံတယ်" တဲ့။
ငှက်ရေ
ငါကကော
ဘာလဲ
မင်း ထပြီး ပြောပါဦးကွာ။ ။

အောင်ဝေး
(သြဂုတ် ၁၄၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ
 

ငွက္ေရ ...
မစ္ရွီဂန္မဲဇာမွာ
ငါ မေပ်ာ္ပါဘူး။
ငါ တကယ္ မေပ်ာ္ဘူးလားဆိုရင္
တကယ္ကို
ငါ မေပ်ာ္ပါဘူး။
ငါ မေပ်ာ္ဘူး ငွက္
ငွက္ ငါ မေပ်ာ္ဘူး။
မင္း ျမင္ေယာင္ၾကည့္စမ္း
ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ
ကိုယ့္ေဘးပတ္လည္
၀ိုင္းရံေနတဲ့ေနရာမွာ
ငါ ေပ်ာ္ႏိုင္မတဲ့လား။
မင္း ဆိုရင္ေကာ
ေပ်ာ္ႏိုင္မလား
စဥ္းစားၾကည့္စမ္း ငွက္။
ငါ မေသခ်င္ေသးဘူး
ငါ အိမ္ျပန္ခ်င္ေသးတယ္။
ကိုဗစ္ဖ်က္လို့
ငါ ့အိပ္မက္ေတြလည္း
ပ်က္ရၿပီ။
၂၀၂၀ မွာ
ျပည္ေတာ္ျပန္မယ္ ဆိုၿပီး
လုပ္ထားတဲ့
ဒုကၡသည္ပတ္စပို့ေလးလည္း
ဆုံးၿပီ။
ငါက အေမရိကန္ႏိုင္ငံသားလည္း
မဟုတ္ေတာ့
အေမရိကန္ပတ္စပို့လည္း
မရွိပါဘူးကြာ။
ငါက
ျမန္မာႏိုင္ငံသားပဲ။
"ဒါဆိုရင္ ခင္ဗ်ားမွာ
ျမန္မာပတ္စပို့ ရွိမွာေပါ ့"
မင္း အဲဒီလို ထင္သလား။
ထင္သာထင္
မ၀င္ဘူး ငွက္။
ငါက
နယ္စပ္ ျဖတ္ေက်ာ္
ေျပးလာတဲ့ေကာင္
ဘယ္မွာလာ
ျမန္မာပတ္စပို့ ရွိမွာတဲ့တုံး။
ျပည္တြင္းမွာတုန္းက
မွတ္ပုံတင္ေတာင္
မရွိတဲ့ေကာင္ကြာ
ရဲစခန္းေထာက္ခံစာနဲ့
ေနရတဲ့ေကာင္ပါ။
ဒီလိုေကာင္မွာ
ျမန္မာပတ္စပို့ ရွိမတဲ့လား။
၁၉၉၁
ငါ ေထာင္က
တတိယအႀကိမ္ ျပန္ထြက္လာကတည္းက
မွတ္ပုံတင္လုပ္ပါတယ္ကြာ။
မွတ္ပုံတင္ရံုးက လူေတြက
လုပ္မေပးၾကဘူးကြ။
ငါ ဘယ္လို ႀကိဳးစားႀကိဳးစား
သူတို့ဘက္က ဟင့္အင္းပဲေလ။
ျငင္းဆန္ျခင္းရဲ့အလွတရား
မဟုတ္ပါဘူးကြာ
ျငင္းဆန္ျခင္းရဲ့ မလွတရား
ငါ မွားတာပါကြာ။
မွတ္ပုံတင္တစ္ခုရဖို့
(ႏိုင္ငံသားစိစစ္ေရးကဒ္ျပား)
ငါ ့မွာ ေအာက္က်လိုက္တာ
ဒါေပမဲ့
မရခဲ့ပါဘူး ငွက္ရာ။
ငါက သူပုန္
ငါက ဂဠဳန္
ငါက အစိုးရဆန့္က်င္ေရးသမား
ငါက ေတာ္လွန္ေရးသမား
သူတို့က ငါ ့အေပၚ
ဒီလို သေဘာထားၾကတာကလား။
ငါကလည္း ငါပဲေလ
သူတို့ စစ္အစိုးရကို
အေသြးထဲ အသားထဲကကို ဆန့္က်င္တာ။
ငါ မွားသလားကြာ
စစ္အာရွင္စနစ္ကို ဆန့္က်င္တာ
ငါ မွားလား ငွက္။
[ငွက္
စကားရပ္လို့
ငါ ျဖတ္ၿပီး ေျပာဦးမယ္။
အခု ၂၀၂၀ ေရြးေကာက္ပြဲ
စစ္အာဏာရွင္စနစ္ ၿဖိဳလွဲဖို့
ျပည္သူေတြ မဲေပးၾက
ငါ ဒီလိုတိုက္တြန္း
မွားတယ္တစ္ခြန္း
မဆိုႏိုင္ဘူး မဟုတ္လား။
မဲေပးဖို့ေျပာတာနဲ့
ငါက
ေအာင္ေ၀းက
၂၀၀၈ ေျခဥေအာက္
ဒူးေထာက္တဲ့သူ
ေဖာက္ျပန္တဲ့လူ ျဖစ္ေရာလား။
ေအာင္ေ၀းက
ျပည္ေျပးက
ျပည္သူ့မ်က္ႏွာ မၾကည့္
အစိုးရဘက္က ရပ္
ကဗ်ာစပ္သတဲ့။
ငွက္ရာ
ငါက
အေရထူၿပီးသားေကာင္ပါ
ငါ ့အတြက္ေတာ့
ဒီ အမိုက္အမဲေလးေတြေျပာတာ
ဆင္ဗိုက္ကို ျခင္ကိုက္သလိုပါ။
ဟုတ္တယ္
ငါ အစိုးရဘက္က ရပ္တယ္
ငါ NLD အစိုးရဘက္က ရပ္တယ္။
ျပည္ေတာ္၀င္လက္မွတ္ရဖို့
ငါ ရပ္ေနတာ မဟုတ္ဘူး။
ငါ ့အဘိဓမၼာ
ငါ ့ဘ၀အေတြ့အႀကံဳနဲ့
ငါ ရပ္ေနတာ။
ငွက္
NLD အစိုးရဆိုတာ
၂၀၁၅ ေရြးေကာက္ပြဲမွာ
စစ္အာဏာရွင္စနစ္ကိုဆန့္က်င္ၿပီး
ျပည္သူေတြ မဲေပးခဲ့တဲ့
အစိုးရ။
ငွက္
ဒီလို ေရြးေကာက္ခံအစိုးရမ်ိဳး
ငါက ဆန့္က်င္ရရိုးလား
ေ၀းေသးတယ္။
မင္း ျမင္ေအာင္ၾကည့္
(မင္း ျမင္ပါတယ္ကြာ)
စစ္အာဏာရွစ္စနစ္က တစ္ဖက္
လူထုတင္ေျမွာက္တဲ့အစိုးရက တစ္ဖက္
ကဲ- မင္းဘယ္ဘက္က ရပ္မလဲ
ေျပာ ငွက္။
စစ္အာဏာရွင္စနစ္ကို ဆန့္က်င္တယ္ဆိုရင္
ဒီမိုကေရစီစနစ္ကို သြားေနတယ္ဆိုရင္
မင္း မဲေပးရမွာပဲ
ငါ မဲေပးရမ်ာပဲ။
ေရြးေကာက္ပြဲဆိုတာ
တိုက္ပြဲပုံသ႑ာန္တစ္ခုပဲ။
တိုက္ပြဲပုံသ႑ာန္ဆိုတာ
ရန္သူက ေရြးခ်ယ္ေပးစၿမဲပဲ။
NO VOTE ဆိုတာ
သူခိုးသူယုတ္ေတြ အလုပ္ပါ
ပညာတတ္ေတြရဲ့အလုပ္
မဟုတ္ပါဘူး။
ငါ ့စကား
ရိုင္းသြားရင္
ခြင့္လႊတ္ကြာ ငွက္။ ။ဤကား စကားခ်ပ္]
စစ္အာဏာရွင္စနစ္ကို ဆန့္က်င္ေတာ့
ငါလည္း ျပည္ေျပးျဖစ္တာေပါ ့။
ျပည္ေျပးဆိုတာ
စစ္အာဏာရွင္ေတြေပးတဲ့
ဆုေပါ ့ကြာ။
အခုေတာ့
ငါတို့တိုင္းျပည္မွာ
အဲဒီ စစ္အာဏာရွင္ေတြ
အဲဒီ စစ္အစိုးရဆိုတာေတြ
မရွိေတာ့ပါဘူး။
ဒါေပမဲ့
စစ္အာဏာရွင္စနစ္ဆိုး
အရိပ္မ်ိဳးက
တို့တိုင္းျပည္ကေလးအေပၚ
ထိုးေနတုန္းေပါ ့။
မိုးကုပ္စက္၀ိုင္းမွာေတာ့
မုန္တိုင္းမိုးတိမ္ေတြက
ဆင္ေနတုန္းေပါ ့။
ငွက္ေရ
မင္း ရွိတုန္းကေတာ့
မင္းက ငါ ့ကို
ႏူးညံ့ေပ်ာ့ေပ်ာင္းနည္း သင္တယ္။
ဆရာဒဂုန္တာရာကလည္း
ေပ်ာ့ေပ်ာင္းျခင္းဟာ
သန္စြမ္းျခင္းျဖစ္တယ္လို့ ဆိုတယ္။
ငါက
မင္းရဲ့ ႏူးညံ့ေပ်ာ့ေပ်ာင္းနည္း
သင္တန္းသား။
ဒါေပမဲ့
ငါ ၀န္ခံပါတယ္။
မင္း မရွိတဲ့ေနာက္
ငါ မာေၾကာခဲ့
ခက္ထန္ခဲ့မိပါတယ္။
ငါ ့ကို
မင္း ဘယ္ေလာက္ ႏူးညံ့ခိုင္း
ေပ်ာ့ေပ်ာင္းခိုင္း
တိုင္းျပည္က ရိုင္းေတာ့
(ငါတို့ အျဖဴေရာင္သက္တံ)
သက္တံကိုင္းက
ေလးကိုင္းျဖစ္
စစ္အာဏာရွင္စနစ္ကို
ေရႊ၀ါေရာင္ျမားနဲ့
ငါ တအား တအား ပစ္မိတာေပါ ့။
ပစ္မိလို့လည္း
ငါ ျပည္ေျပးျဖစ္ရတာေပါ ့။
အခ်စ္ေၾကာင့္
ေခတ္ေၾကာင့္
ေလာကအေမွာင့္
ႀကိဳးတိုက္ေထာင့္မွာ
ကြန္ျမဴနစ္ ျဖစ္ခဲ့တဲ့ေကာင္ကြာ။
အဲဒီ အခ်စ္နဲ့ေခတ္ေၾကာင့္ပဲ
ျပည္ေျပးျဖစ္ရျပန္တဲ့
ေကာင္ပါပဲ ငွက္ရာ။
ငါ အိမ္ျပန္ခ်င္ပါတယ္
ငါ ျပန္လာခ်င္တယ္။
ငါ ျပန္အလာကို
မင္း ေစာင့္ေနမယ္ဆိုတာလည္း
ငါ သိတယ္။
ဒီေန့အထိေတာ့
ငါ အိမ္ မျပန္ႏိုင္ေသးဘူး ငွက္။
ငါ အိမ္ မျပန္ႏိုင္တာ
ငါ ့အေၾကာင္းနဲ့ငါပါကြာ။
ငါ ့သားေလး
ေက်ာင္းမၿပီးေသးဘူး
ငါ ေစာင့္ရဦးမယ္။
ျပည္ေျပးဘ၀မွာ
ရင္းစား ေက်စရာဆိုလို့
ဒါေလးတစ္ခုပဲ
ရွိတာပါကြာ။
ငါ ့သား ေက်ာင္းၿပီးတဲ့အထိေတာ့
ငါ ေစာင့္ပရေစ။
မစ္ရွီဂန္မဲဇာမွာ
ငါ မေပ်ာ္ပါဘူး ငွက္ရာ။
မေပ်ာ္တဲ့ၾကားမွာ
ငါ ႀကိဳးစား အသက္ရွင္ေနပါတယ္။
ကိုဗစ္ 19
ကပ္ႀကီးအတြင္းမွာ
ငါ ရင္ခုန္ေနပါေသးတယ္။
ရင္ခုန္ရင္
အခ်စ္ပဲ။
ဟုတ္တယ္ မဟုတ္လား ငွက္
ရင္ခုန္ရင္
အခ်စ္ပဲ။
အဲဒီ အခ်စ္ေၾကာင့္ပဲ
ငါ အိမ္ျပန္ခ်င္တာေပါ ့။
အဲဒီ အခ်စ္ေၾကာင့္ပဲ
ငါ ျပန္လာခ်င္တာေပါ ့။
တစ္ေန့ေတာ့
ေရေ၀းက
မင္းရဲ့အုတ္ဂူေရွ့မွာ
ငါ ့ဘ၀ရဲ့
အေကာင္းဆုံးကဗ်ာတစ္ပုဒ္
ဟုတ္တယ္
ေဂၚကီေျပာသလို
ဒီမိုကေရစီဆန္မွဳလည္း ရွိ
စိတ္ကူးယဥ္ဆန္မွဳလည္း ရွိတဲ့
ကဗ်ာတစ္ပုဒ္
မင္းအတြက္
အိပ္မက္နဲ့ မ်က္ရည္
ဖြဲ့ယွက္ထားတဲ့
ငါ ့အလြမ္းရဲ့
အခမ္းနားဆုံးကဗ်ာတစ္ပုဒ္
ဟုတ္တယ္
တစ္ေန့
ငါ ျပန္လာတဲ့အခါ
မင္း အုတ္ဂူေရွ့မွာ
ငါ ရြတ္မယ္။
ငွက္ေရ
ဂ်ဴးလိယက္ဆီဇာကေတာ့
"ငါလာတယ္
ငါျမင္တယ္
ငါ ေအာင္ပြဲခံတယ္" တဲ့။
ငွက္ေရ
ငါကေကာ
ဘာလဲ
မင္း ထၿပီး ေျပာပါဦးကြာ။ ။

ေ အ ာ င္ ေ ၀ း

(ၾသဂုတ္ ၁၄၊ ၂၀၂၀)

Friday, August 7, 2020

၂ ၀ ၂ ၀ ( ၃ ၃ ) (နိဂုံး)


 

ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်။

စစ်အာဏာရှင်စနစ်
ဖြိုလှဲရမယ်။

တို့ မဲပေးကြစို့။ ။

(၈၊ ၈၊ ၂၀)
[ရှစ်လေးလုံးအရေးတော်ပုံ(၃၂)နှစ်ပြည့် အမှတ်တရ]

##

၂ ၀ ၂ ၀ ( ၃ ၃ ) (နိဂံုး)
 

ရွစ္ရက္၊ ရွစ္လ၊ ရွစ္ဆယ့္ရွစ္။

စစ္အာဏာရွင္စနစ္
ၿဖိဳလွဲရမယ္။

တို့ မဲေပးၾကစို့။ ။

(၈၊ ၈၊ ၂၀)
[ရွစ္ေလးလုံးအေရးေတာ္ပုံ(၃၂)ႏွစ္ျပည့္ အမွတ္တရ]

၂ ၀ ၂ ၀ ( ၃ ၂ )

 
ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်။

အတိတ်ဟာ
ပြန် သစ်လာတယ်။

တို့ ချစ်ကြစို့။ ။

(၈၊ ၈၊ ၂၀)

##

၂ ၀ ၂ ၀ ( ၃ ၂ )
 
ရွစ္ရက္၊ ရွစ္လ၊ ရွစ္ဆယ့္ရွစ္။

အတိတ္ဟာ
ျပန္ သစ္လာတယ္။

တို့ ခ်စ္ၾကစို့။ ။

(၈၊ ၈၊ ၂၀)

Thursday, August 6, 2020

၂ ၀ ၂ ၀ ( ၃ ၁ )

 

"အရုဏ်တက်ခါနီးအချိန်ဟာ
အမှောင်ဆုံးပဲ"
"အမှောင်ထဲမှာမှ
ကြယ်တွေရဲ့အလှကို
မြင်ခွင့်ရတာလေ"

ရှေ့တန်းမှာ ကင်းစောင့်ရင်း
စဉ်းစားမိခဲ့သတဲ့
တို့အဖေ စစ်သားကြီး ပြောပြဖူးတယ်။

အားမငယ်နဲ့ နှမထွေး
မှောင်နေသေးရင်
အဖေ့အကြောင်းတွေး။

ဗိုလ်ချုပ်အောင်ဆန်းကနေ
ဗိုလ်ကြီးအုန်းကျော်မြင့်
ဗိုလ်ကြီးမြင့်ထူး
ဗိုလ်ကြီးဝင်းဘို
... ... ... ...
အဖေက
သူမြင်ခဲ့တဲ့ကြယ်တွေနဲ့
တို့မောင်နှမအတွက်
စံပယ်ခင်းကလေး ပျိုးထားပေးခဲ့တယ်။

ဒါ နောက်ဆုံးညပဲ
ခွပ်ဒေါင်းအလံတော်အောက်မှာ
တို့မောင်နှမတွေ စုရုံးကြမယ်။

မနက်လင်းရင်
တို့စံပယ်ခင်းလေး
အဖေ့ကြယ်တွေနဲ့
သင်းပျံ့နေမှာ သေချာတယ်။ ။

(သြဂုတ် ၇၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၃ ၁ )
 
"အရုဏ္တက္ခါနီးအခ်ိန္ဟာ
အေမွာင္ဆုံးပဲ"
"အေမွာင္ထဲမွာမွ
ၾကယ္ေတြရဲ့အလွကို
ျမင္ခြင့္ရတာေလ"

ေရွ့တန္းမွာ ကင္းေစာင့္ရင္း
စဥ္းစားမိခဲ့သတဲ့
တို့အေဖ စစ္သားႀကီး ေျပာျပဖူးတယ္။

အားမငယ္နဲ့ ႏွမေထြး
ေမွာင္ေနေသးရင္
အေဖ့အေၾကာင္းေတြး။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေန
ဗိုလ္ႀကီးအုန္းေက်ာ္ျမင့္
ဗိုလ္ႀကီးျမင့္ထူး
ဗိုလ္ႀကီး၀င္းဘို
... ... ... ...
အေဖက
သူျမင္ခဲ့တဲ့ၾကယ္ေတြနဲ့
တို့ေမာင္ႏွမအတြက္
စံပယ္ခင္းကေလး ပ်ိဳးထားေပးခဲ့တယ္။

ဒါ ေနာက္ဆုံးညပဲ
ခြပ္ေဒါင္းအလံေတာ္ေအာက္မွာ
တို့ေမာင္ႏွမေတြ စုရံုးၾကမယ္။

မနက္လင္းရင္
တို့စံပယ္ခင္းေလး
အေဖ့ၾကယ္ေတြနဲ့
သင္းပ်ံ့ေနမွာ ေသခ်ာတယ္။ ။

(ၾသဂုတ္ ၇၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၃ ၀ )


 

စစ်ပွဲ၊ စစ်ပွဲ။

ကျားက အနားမှာ
ရစ်ဝဲ၊ ရစ်ဝဲ။

လက်ထဲက မြားကို
မပစ်ဘဲ၊ မပစ်ဘဲ။

ချိုးပစ်တယ်၊ ချိုးပစ်တယ်။

မပစ်တာလည်း ဒီမိုကရေစီ
ဆိုပဲ၊ ဆိုပဲ။

ချိုးပစ်တယ်၊ ချိုးပစ်တယ်။

သြော် ... ကျားဆိုးဂုတ်(ကုပ်)မျို
အများ အကျိုးယုတ်သကို
မြားကျိုးငုတ်တို။ ။

(သြဂုတ် ၇၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၃ ၀ )
 

 

စစ္ပြဲ၊ စစ္ပြဲ။

က်ားက အနားမွာ
ရစ္၀ဲ၊ ရစ္၀ဲ။

လက္ထဲက ျမားကို
မပစ္ဘဲ၊ မပစ္ဘဲ။

ခ်ိဳးပစ္တယ္၊ ခ်ိဳးပစ္တယ္။

မပစ္တာလည္း ဒီမိုကေရစီ
ဆိုပဲ၊ ဆိုပဲ။

ခ်ိဳးပစ္တယ္၊ ခ်ိဳးပစ္တယ္။

ေႀသာ္ ... က်ားဆိုးဂုတ္(ကုပ္)မ်ိဳ
အမ်ား အက်ိဳးယုတ္သကို
ျမားက်ိဳးငုတ္တို။ ။

(ၾသဂုတ္ ၇၊ ၂၀၂၀)

Wednesday, August 5, 2020

၂ ၀ ၂ ၀ ( ၂ ၉ )

 
ခွေး တစ်ကောင်နဲ့
သူရဲဘောကြောင်သူ တစ်ယောက်။

နေ့ အလင်းပျောက်
ည အခင်းရောက်။

ခွေးက ကင်းထောက်တယ်။

ဖျောက်ခနဲ
ထင်းခြောက်ပေါ် နင်းလျှောက်လိုက်တဲ့ အသံ။

ရန်သူလား
မိတ်ဆွေလား။

ကြောက်သံနဲ့မေး၊ နောက်ပြန်ပြေးသတဲ့
ခွေးက မဟောင်၊ လူက ဟောင်သတဲ့။

သြော် ... မောင်ရင်
မောင်ရင့်ကို သောင်ပြင်မှာ တွေ့လိုက်တယ်။ ။

(သြဂုတ် ၆၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၉ )
 
ေခြး တစ္ေကာင္နဲ့
သူရဲေဘာေၾကာင္သူ တစ္ေယာက္။

ေန့ အလင္းေပ်ာက္
ည အခင္းေရာက္။

ေခြးက ကင္းေထာက္တယ္။

ေဖ်ာက္ခနဲ
ထင္းေျခာက္ေပၚ နင္းေလွ်ာက္လိုက္တဲ့ အသံ။

ရန္သူလား
မိတ္ေဆြလား။

ေၾကာက္သံနဲ့ေမး၊ ေနာက္ျပန္ေျပးသတဲ့
ေခြးက မေဟာင္၊ လူက ေဟာင္သတဲ့။

ေႀသာ္ ... ေမာင္ရင္
ေမာင္ရင့္ကို ေသာင္ျပင္မွာ ေတြ့လိုက္တယ္။ ။

(ၾသဂုတ္ ၆၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၂ ၈ )



နွားရိုင်းသွင်းချိန်
တိမ်တွေ။

ပြေးဟေ့ ဆို
ယုန်နဲ့အတူ ပြေးတာပဲ။
လိုက်ဟေ့ ဆို
ခွေးနဲ့အတူ လိုက်တာပဲ။

နောက်ဆုံးတော့
မုဆိုး က
ခွေးကျိုးကို တိုင်ချည်
ယုန်ကင် တစ်ကိုက်
သူရာ တစ်ကျိုက်နဲ့
ဗိုက်ကားပြီး နှပ်လေသည်။ ။

(သြဂုတ် ၆၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၈ )

ႏြားရိုင္းသြင္းခ်ိန္
တိမ္ေတြ။

ေျပးေဟ့ ဆို
ယုန္နဲ့အတူ ေျပးတာပဲ။
လိုက္ေဟ့ ဆို
ေခြးနဲ့အတူ လိုက္တာပဲ။

ေနာက္ဆုံးေတာ့
မုဆိုး က
ေခြးက်ိဳးကို တိုင္ခ်ည္
ယုန္ကင္ တစ္ကိုက္
သူရာ တစ္က်ိဳက္နဲ့
ဗိုက္ကားၿပီး ႏွပ္ေလသည္။ ။

(ၾသဂုတ္ ၆၊ ၂၀၂၀)

Tuesday, August 4, 2020

၂ ၀ ၂ ၀ ( ၂ ၇ )



အိမ်ကြီး မီးဝင်ရှို့သွားတယ်
ဝိုင်းဝန်း ငြှိမ်းသတ်မှ ဖြစ်မယ်။

မြောင်းထဲက ညစ်ပတ်နေတဲ့
ရေနဲ့ ပက်ပက်။

ကျွဲလူးကန်ထဲက နံစော်နေတဲ့
ရေနဲ့ ပက်ပက်။

အရေးကြီးတာက
အမြန်ငြိမ်းသွားဖို့ပဲ။

ရေ မသန့်လို့
မပက်(ချင်)ဘူး ဆိုသူတွေ
နေခဲ့ကြပါ။

ခွပ်ဒေါင်းခွပ်ချိန်၊ ကြယ်ဆွတ်ချိန်
တို့ ပြည်ထောင်စုအိမ်။ ။

(သြဂုတ် ၅၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၇ )
 
အိမ္ႀကီး မီး၀င္ရွဳိ့သြားတယ္
၀ိုင္း၀န္း ၿငိွမ္းသတ္မွ ျဖစ္မယ္။

ေျမာင္းထဲက ညစ္ပတ္ေနတဲ့
ေရနဲ့ ပက္ပက္။

ကၽြဲလူးကန္ထဲက နံေစာ္ေနတဲ့
ေရနဲ့ ပက္ပက္။

အေရးႀကီးတာက
အျမန္ၿငိမ္းသြားဖို့ပဲ။

ေရ မသန့္လို့
မပက္(ခ်င္)ဘူး ဆိုသူေတြ
ေနခဲ့ၾကပါ။

ခြပ္ေဒါင္းခြပ္ခ်ိန္၊ ၾကယ္ဆြတ္ခ်ိန္
တို့ ျပည္ေထာင္စုအိမ္။ ။

(ၾသဂုတ္ ၅၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၂ ၆ )



ပေါင်း ၆၆၄ မှာ
၁၆၆ နေရာ
အကျောပေး တိုက်ရတဲ့ တိုက်ပွဲ။

တိုက်ရင် အနိုင်တိုက်ရမယ်
ငါတို့ဘက်က
၃၃၃ နေရာ ရမှဖြစ်မယ်။

ဒီခေတ်မှာ
ပညာတတ်တယ်ဆိုရင်
ဒီ သင်္ချာလောက်တော့ တွက်တတ်မှာပါ။

အပေါင်း၊ အနုတ် မမှားကြလေနှင့်။ ။

(သြဂုတ် ၅၊ ၂၀၂၀)

[မှတ်ချက်။ ။လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ နေရာ။
အမျိုးသားလွှတ်တော် ၂၂၄ (ရွေးကောက် ၁၆၈+စစ်တပ် ၅၆)။
ပြည်သူ့လွှတ်တော် ၄၄၀ (ရွေးကောက် ၃၃၀+စစ်တပ် ၁၁၀)
လွှတ်တော် နှစ်ရပ်ပေါင်း စစ်တပ် ၁၆၆ နေရာ။
N L D အနည်းဆုံး ၃၃၃ နေရာရမှ အစိုးရဖွဲ့နိုင်မည်။
အကယ်၍ ကြံ့ဖွတ်+စစ်တပ်လိုလားသောပါတီများ ၁၆၇ နေရာ
ရခဲ့သော်(ရခဲ့သော်) စစ်တပ် ၁၆၆+ ၎င်း ၁၆၇= ၃၃၃ နှင့် တိုင်းပြည် စစ်ဖိနပ်အောက် တစ်ဖန်ပြန်ရောက်
သွားတော့မည်။ သတိ]

##

၂ ၀ ၂ ၀ ( ၂ ၆ )

ေပါင္း ၆၆၄ မွာ
၁၆၆ ေနရာ
အေက်ာေပး တိုက္ရတဲ့ တိုက္ပြဲ။

တိုက္ရင္ အႏိုင္တိုက္ရမယ္
ငါတို့ဘက္က
၃၃၃ ေနရာ ရမွျဖစ္မယ္။

ဒီေခတ္မွာ
ပညာတတ္တယ္ဆိုရင္
ဒီ သခ်ၤာေလာက္ေတာ့ တြက္တတ္မွာပါ။

အေပါင္း၊ အႏုတ္ မမွားၾကေလႏွင့္။ ။

(ၾသဂုတ္ ၅၊ ၂၀၂၀)

[မွတ္ခ်က္။ ။လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ၆၆၄ ေနရာ။
အမ်ိဳးသားလႊတ္ေတာ္ ၂၂၄ (ေရြးေကာက္ ၁၆၈+စစ္တပ္ ၅၆)။
ျပည္သူ့လႊတ္ေတာ္ ၄၄၀ (ေရြးေကာက္ ၃၃၀+စစ္တပ္ ၁၁၀)
လႊတ္ေတာ္ ႏွစ္ရပ္ေပါင္း စစ္တပ္ ၁၆၆ ေနရာ။
N L D အနည္းဆုံး ၃၃၃ ေနရာရမွ အစိုးရဖြဲ့ႏိုင္မည္။
အကယ္၍ ႀကံ့ဖြတ္+စစ္တပ္လိုလားေသာပါတီမ်ား ၁၆၇ ေနရာ
ရခဲ့ေသာ္(ရခဲ့ေသာ္) စစ္တပ္ ၁၆၆+ ၄င္း ၁၆၇= ၃၃၃ ႏွင့္ တိုင္းျပည္ စစ္ဖိနပ္ေအာက္ တစ္ဖန္ျပန္ေရာက္
သြားေတာ့မည္။ သတိ]

၂ ၀ ၂ ၀ ( ၂ ၅ )


 

မိုးရွာတုန်း ရေခံပါ
လှေနစ်တော့မှ ရေ မခံပါနှင့်။

လသာတုန်း ဗိုင်းငင်ပါ
မီးလောင်တော့မှ ဗိုင်း မငင်ပါနှင့်။

လေလာတုန်း ရွက်ဖွင့်ပါ
မုန်တိုင်းတိုက်တော့မှ ရွက် မဖွင့်ပါနှင့်။ ။

(သြဂုတ် ၄၊ ၂၀၂၀)
##

၂ ၀ ၂ ၀ ( ၂ ၅ )
 

မိုးရြာတုန္း ေရခံပါ
ေလွနစ္ေတာ့မွ ေရ မခံပါႏွင့္။

လသာတုန္း ဗိုင္းငင္ပါ
မီးေလာင္ေတာ့မွ ဗိုင္း မငင္ပါႏွင့္။

ေလလာတုန္း ရြက္ဖြင့္ပါ
မုန္တိုင္းတိုက္ေတာ့မွ ရြက္ မဖြင့္ပါႏွင့္။ ။

(ၾသဂုတ္ ၄၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၂ ၄ )

 
တရားသဖြင့်
လွမ်းခွင့် ရှိမှ
ပန်း ပွင့်ရသတဲ့။

လမ်းကလေး
ညီညာသော၊ ခိုင်မာသော ခြေလှမ်းတွေ
သူ ထမ်းခဲ့။

လမ်းကလေး
ခြေလှမ်းတိုင်း
သစ္စာရှိသောနွေဦးဆီ ဦးတည်ခဲ့။

လမ်းကလေး
လူထုရဲ့ လမ်းကလေး။

ဟော ... လမ်းကလေး လွမ်းတော့
ပန်းတွေ ပွင့်လာ
နွေဦး ရောက်ပါပြီ။ ။

(သြဂုတ် ၄၊ ၂၀၂၀)


##

၂ ၀ ၂ ၀ ( ၂ ၄ )


တရားသျဖင့္
လြမ္းခြင့္ ရွိမွ
ပန္း ပြင့္ရသတဲ့။

လမ္းကေလး
ညီညာေသာ၊ ခိုင္မာေသာ ေျခလွမ္းေတြ
သူ ထမ္းခဲ့။

လမ္းကေလး
ေျခလွမ္းတိုင္း
သစၥာရွိေသာေႏြဦးဆီ ဦးတည္ခဲ့။

လမ္းကေလး
လူထုရဲ့ လမ္းကေလး။

ေဟာ ... လမ္းကေလး လြမ္းေတာ့
ပန္းေတြ ပြင့္လာ
ေႏြဦး ေရာက္ပါၿပီ။ ။

(ၾသဂုတ္ ၄၊ ၂၀၂၀)

Monday, August 3, 2020

၂ ၀ ၂ ၀ ( ၂ ၃ )



သူက
ငါတို့ ရင်အုံက လှံကို
နုတ်ပေးခဲ့။

ငါတို့က
သူ့နောက်ကျော စိုက်နေတဲ့ဓားကို
မေ့လို့။

ကျေးဇူးတရား ဆိုတာ
ခမ်းနားတဲ့ လရောင်။

နောက်ဖေးလမ်းကြားက
ခွေးတွေကတော့
ဟောင်နေဦးမှာပဲ။ ။

(သြဂုတ် ၃၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၃ )

သူက
ငါတို့ ရင္အုံက လွံကို
ႏုတ္ေပးခဲ့။

ငါတို့က
သူ့ေနာက္ေက်ာ စိုက္ေနတဲ့ဓားကို
ေမ့လို့။

ေက်းဇူးတရား ဆိုတာ
ခမ္းနားတဲ့ လေရာင္။

ေနာက္ေဖးလမ္းၾကားက
ေခြးေတြကေတာ့
ေဟာင္ေနဦးမွာပဲ။ ။

(ၾသဂုတ္ ၃၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၂ ၂ )

 

တို့ စိုက်ထားတဲ့
အရိပ်ရပင်ကလေး။

လစ်ရင် လစ်သလို
ဟို ဆိတ်က ဝင်စားလိုက်
ဟို နွားက ဝင်ဝှေ့လိုက်
ဟို ကျွဲက ဝင်ခတ်လိုက်
ဟို ခွေးက
အပင်ရင်းကပ် သေးပန်းလိုက်နဲ့။

တို့ ခြံခတ်မှ ဖြစ်တော့မယ်
တို့ ခြံ မခတ်ရင်
တို့ အရိပ် ငတ်တော့မယ်။

တို့ ခြံခတ်ကြစို့။ ။

(သြဂုတ် ၃၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၂ )
 

တို့ စိုက္ထားတဲ့
အရိပ္ရပင္ကေလး။

လစ္ရင္ လစ္သလို
ဟို ဆိတ္က ၀င္စားလိုက္
ဟို ႏြားက ၀င္ေ၀ွ့လိုက္
ဟို ကၽြဲက ၀င္ခတ္လိုက္
ဟို ေခြးက
အပင္ရင္းကပ္ ေသးပန္းလိုက္နဲ့။

တို့ ၿခံခတ္မွ ျဖစ္ေတာ့မယ္
တို့ ၿခံ မခတ္ရင္
တို့ အရိပ္ ငတ္ေတာ့မယ္။

တို့ ၿခံခတ္ၾကစို့။ ။

(ၾသဂုတ္ ၃၊ ၂၀၂၀)

Sunday, August 2, 2020

၂ ၀ ၂ ၀ ( ၂ ၁ )

 

မှောင်နေတုန်း
တံတားပေါ်မှာ
မှောင်နေတုန်း။

ရထား လာပြီ
ဆန္ဒတွေ စင်းလုံးပြည့်
ရထား လာနေပြီ။

တံတား အဖြတ်
မြစ်က
ရပ်ပြီး
အောင်ပွဲကို မော့ကြည့်နေတယ်။

မကြာခင်
ရောင်နီ ဆင်တော့မယ်လေ။ ။

(သြဂုတ် ၂၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၁ )
 

ေမွာင္ေနတုန္း
တံတားေပၚမွာ
ေမွာင္ေနတုန္း။

ရထား လာၿပီ
ဆႏၵေတြ စင္းလုံးျပည့္
ရထား လာေနၿပီ။

တံတား အျဖတ္
ျမစ္က
ရပ္ၿပီး
ေအာင္ပြဲကို ေမာ့ၾကည့္ေနတယ္။

မၾကာခင္
ေရာင္နီ ဆင္ေတာ့မယ္ေလ။ ။

(ၾသဂုတ္ ၂၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၂ ၀ )


နှမ်း မရင့်လို့
သင့်ကို ငါတို့၊ အပြစ် မဖို့။

သို့သော်-
နှမ်း ရင့်ပါလျက်
သင် မရိတ်ရင်... ။

လမ်း မသင့်လို့
သင့်ကို ငါတို့၊ အချစ် မချို့။

သို့သော်-
လမ်း သင့်ပါလျက်
သင် မရောက်ရင် ... ။

ရာဇဝင်မှာ
သင် ဘာလဲ၊ ဘယ်လဲ
ရဲရဲ ဝေဖန်
ပဉ္စမံလော၊ လန်ပန်လော။ ။

(သြဂုတ် ၂၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၂ ၀ )
---------------------
 

ႏွမ္း မရင့္လို့
သင့္ကို ငါတို့၊ အျပစ္ မဖို့။

သို့ေသာ္-
ႏွမ္း ရင့္ပါလ်က္
သင္ မရိတ္ရင္... ။

လမ္း မသင့္လို့
သင့္ကို ငါတို့၊ အခ်စ္ မခ်ိဳ့။

သို့ေသာ္-
လမ္း သင့္ပါလ်က္
သင္ မေရာက္ရင္ ... ။

ရာဇ၀င္မွာ
သင္ ဘာလဲ၊ ဘယ္လဲ
ရဲရဲ ေ၀ဖန္
ပဥၥမံေလာ၊ လန္ပန္ေလာ။ ။

(ၾသဂုတ္ ၂၊ ၂၀၂၀)

Saturday, August 1, 2020

၂ ၀ ၂ ၀ ( ၁ ၉ )



လမ်းခင်းထားတယ်
မလှမ်း မနင်းရင်
သင့်တာဝန်။

ပန်းတိုင်ရှိတယ်
မလှမ်း မကိုင်ရင်
သင့်တာဝန်။

နွေ ဦးတော့မယ်
မေ၀ မဖူးရင်
သင့်တာဝန်။

စစ်ကိုရပ်ပါ
ဖြစ်ရင်
သင် တရားခံ။

အမုန်းစကား မပြောနဲ့
ပြောရင်
သင် တရားခံ။

ရှေ့ဆက်လျှောက်
ကြောက်ရင်
သင် တရားခံ။ ။

(သြဂုတ် ၁၊ ၂၀၂၀)

##

၂ ၀ ၂ ၀ ( ၁ ၉ )
 

လမ္းခင္းထားတယ္
မလွမ္း မနင္းရင္
သင့္တာ၀န္။

ပန္းတိုင္ရွိတယ္
မလွမ္း မကိုင္ရင္
သင့္တာ၀န္။

ေႏြ ဦးေတာ့မယ္
မေ၀ မဖူးရင္
သင့္တာ၀န္။

စစ္ကိုရပ္ပါ
ျဖစ္ရင္
သင္ တရားခံ။

အမုန္းစကား မေျပာနဲ့
ေျပာရင္
သင္ တရားခံ။

ေရွ့ဆက္ေလွ်ာက္
ေၾကာက္ရင္
သင္ တရားခံ။ ။

(ၾသဂုတ္ ၁၊ ၂၀၂၀)

၂ ၀ ၂ ၀ ( ၁ ၈ )



နီယိုဝိုက်စ်ကြယ်တံခွန် *
ကိုရိုနာဗိုင်းရပ်စ်
ဇာတ်က နာတယ်။

ကပ်အတွင်း
မဲစာရင်း ကြည့်ရ
ဇာတ်က နာတယ်။

နာစရာရှိရင်
လွမ်းစရာနဲ့ ဖြေ။

အဲဒီနေ့ ရောက်ရင်
၆ ပေ တစ်မဲ
တို့ အသည်းက
ရဲလိုက်ကြစို့ သူငယ်ချင်း။ ။

(သြဂုတ် ၁၊ ၂၀၂၀)
* Comet Neowise

##

၂ ၀ ၂ ၀ ( ၁ ၈ )


နီယို၀ိုက္စ္ၾကယ္တံခြန္ *
ကိုရိုနာဗိုင္းရပ္စ္
ဇာတ္က နာတယ္။

ကပ္အတြင္း
မဲစာရင္း ၾကည့္ရ
ဇာတ္က နာတယ္။

နာစရာရွိရင္
လြမ္းစရာနဲ့ ေျဖ။

အဲဒီေန့ ေရာက္ရင္
၆ ေပ တစ္မဲ
တို့ အသည္းက
ရဲလိုက္ၾကစို့ သူငယ္ခ်င္း။ ။

(ၾသဂုတ္ ၁၊ ၂၀၂၀)
* Comet Neowise