Thursday, August 27, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၁


 

ကပ်ကြီးအတွင်းမှာ
လူချင်း ခွာလို့ရတယ်
စိတ်ချင်း ခွာလို့ မရဘူး။
ယနေ့ August 28, 2020 Covid-19 Live Update
World: Cases 24,299,923   Deaths  827,730
U.S.:  Cases  6,096,235   Deaths  185,901
Michigan:  Cases  100,699   Deaths  6,446
မြန်မာ- ကူးစက်  (၆၄၃)ယောက်။   သေဆုံး  (၆)ယောက်။
ကိုရိုနာပိုး၊ ဗိုင်းရပ်စ်မိုးက
အက်စစ်မိုးထက် ဆိုးတယ်။
မိုးက မစဲတော့ဘူးလား။
ကမ္ဘာကြီးဟာ၊ ရွာကြီးတစ်ရွာ တဲ့။
ရိုးလှသန္တာ၊ ရခိုင်ရွာမှာ
တစ်ပတ်အတွင်း
လူ(၁၀၀)ကျော် ကူးစက်သတဲ့။
(အသေအပျောက် မရှိ)
မစ်ရှီဂန်ရွာ၊ ရေကန်သာမှာ
နေ့စဉ် ပျှမ်းမျှ (၇၅၈)ယောက် ကူးစက်
တစ်နေ့ ပျှမ်းမျှ (၁၆)ယောက်သေ။
နာဂစ်ငှက်ဆိုး၊ ညဉ့်နက်ထိုးရင်
ရိုးမရခိုင်တစ်ဆုံး၊ တောအလုံး
တောင်ကတုံးဖြစ်။
ငှက်ဆိုးနာဂစ်၊ ညဉ့်နက်ဟစ်ရင်
မစ်ရှီဂန်ရေကန်ကြီး
မီးလောင်ပြာကျ၊ ကန္တာရဖြစ်။
ဖွဟဲ့ သူငယ်ချင်း
မင်းလည်း မင်းဒွန္နယာမှာ
မင်းဒုက္ခနဲ့ မင်း။
ငါလည်း ငါ့ဒွန္နယာမှာ
ငါ့ဒုက္ခနဲ့ ငါ။
ဘယ်ဒုက္ခမှ
ပျားရည်တစ်ဇွန်း အပိုမပါဘူး။
အရေးကြီးတာက
အသိတရားပဲ။
အသိတရား မရှိရင်တော့
အဝီစိပေါ့ သူငယ်ချင်း။     ။

အောင်ဝေး
(သြဂုတ် ၂၈၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၁
 
ကပ္ႀကီးအတြင္းမွာ
လူခ်င္း ခြာလို့ရတယ္
စိတ္ခ်င္း ခြာလို့ မရဘူး။
ယေန့ August 28, 2020 Covid-19 Live Update
World: Cases 24,299,923   Deaths  827,730
U.S.:  Cases  6,096,235   Deaths  185,901
Michigan:  Cases  100,699   Deaths  6,446
ျမန္မာ- ကူးစက္  (၆၄၃)ေယာက္။   ေသဆုံး  (၆)ေယာက္။
ကိုရိုနာပိုး၊ ဗိုင္းရပ္စ္မိုးက
အက္စစ္မိုးထက္ ဆိုးတယ္။
မိုးက မစဲေတာ့ဘူးလား။
ကမၻာႀကီးဟာ၊ ရြာႀကီးတစ္ရြာ တဲ့။
ရိုးလွသႏၱာ၊ ရခိုင္ရြာမွာ
တစ္ပတ္အတြင္း
လူ(၁၀၀)ေက်ာ္ ကူးစက္သတဲ့။
(အေသအေပ်ာက္ မရွိ)
မစ္ရွီဂန္ရြာ၊ ေရကန္သာမွာ
ေန့စဥ္ ပွ်မ္းမွ် (၇၅၈)ေယာက္ ကူးစက္
တစ္ေန့ ပွ်မ္းမွ် (၁၆)ေယာက္ေသ။
နာဂစ္ငွက္ဆိုး၊ ညဥ့္နက္ထိုးရင္
ရိုးမရခိုင္တစ္ဆုံး၊ ေတာအလုံး
ေတာင္ကတုံးျဖစ္။
ငွက္ဆိုးနာဂစ္၊ ညဥ့္နက္ဟစ္ရင္
မစ္ရွီဂန္ေရကန္ႀကီး
မီးေလာင္ျပာက်၊ ကႏၱာရျဖစ္။
ဖြဟဲ့ သူငယ္ခ်င္း
မင္းလည္း မင္းဒြနၷယာမွာ
မင္းဒုကၡနဲ့ မင္း။
ငါလည္း ငါ ့ဒြႏၷယာမွာ
ငါ ့ဒုကၡနဲ့ ငါ။
ဘယ္ဒုကၡမွ
ပ်ားရည္တစ္ဇြန္း အပိုမပါဘူး။
အေရးႀကီးတာက
အသိတရားပဲ။
အသိတရား မရွိရင္ေတာ့
အ၀ီစိေပါ ့ သူငယ္ခ်င္း။     ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၈၊ ၂၀၂၀)

Related Posts:

  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ဝ အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာဘာလဲ။EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည်ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၉ မစ်ရှီဂန်မှ စစ်တွေမစ်ရှီဂန်မှ စစ်တွေ။ရထားဖြစ်လားရထားဖြစ်လားဖြစ်ရင် အကြောင်းပြန်။အို ... ငါ့ရခိုင်ကမ်းရိုးတန်းလွမ်းမိုး မသန်းနိုင်ပါလား။အင်တာနက် … Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၈ဖရန့်စစ်ဖူကူယာမာ က "သမိုင်းနိဂုံးချုပ်ပြီ" ဟု ဆိုခဲ့စဉ်က၊ ကျနော်တို့၏ဆရာဒဂုန်တာရာ က "သမိုင်းသည် မဆုံးသေး" ဟူ၍ တုန့်ပြန်ပြောဆိုခဲ့ဖူးပါသည်။၁၉၁၈ က စမိန်… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၆ ပင်လယ်ခြားလည်းရင်ဝယ် မခြား။သမုဒ္ဒရာခြားလည်းဒုက္ခာ မခြား။စစ်တွေဖြစ်နေတာတွေမဖြစ်ပါစေနဲ့။စစ်တွေမဖြစ်နဲ့။စစ်တွေရပ်။အနောက်မြို့ရိုးမပေါက်ကျိုးစေဓားမိ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၇ခေတ်ချင်းတူရင်အဖြစ်ချင်း တူတယ်။မစ်ရှီဂန်ကကိုဗစ်နဲ့စစ်တွေကကိုဗစ်။စစ်ကြီးထဲကွဲကွာသွားတဲ့မယားညီအစ်ကိုတွေပဲ။တတိယကမ္ဘာစစ်ကမဖြစ်တော့ပါဘူး။မြစ်ကပထမလှိုင်းမှာ… Read More

0 comments: