Monday, August 31, 2020

မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၃



မစ်ရှီဂန်မဲဇာမှာ
ငါ လွမ်းနေတယ်။
မစ်ရှီဂန်မဲဇာမှာ
ငါ ရင်ဆိုင် တိုက်ခိုက်နေတယ်။
ဒီ စစ်အတွင်းမှာ
ကိုယ်ချင်းစာတရား သာ
ငါ့လက်နက်။
အလွမ်းက
ငါ့ခံတပ်ပဲ။
ငါ့ခံတပ်ကို
ချစ်ခြင်းမေတ္တာနဲ့
ဥ ာဏ်ပညာ စောင့်တယ်။
အလွမ်းက
ရန်ကုန် ပြန်ပြန်ရောက်သွား။
ရန်ကုန် က
ရန် မကုန်သေး
ရန် မလုံသေး။
အလွမ်းက
ခြေထောက် ဗွေပါတော့
ရခိုင်မြေ ရောက်။
အို ... အနောက်တံတိုင်း
ဒုတိယလှိုင်း အရိုက်
(ဟစ်ချ်ကော့ ရုပ်ရှင်* ထဲကလို)
စင်ရော်တွေ ရိုင်းကုန်ပါလား။
အလွမ်းက
မြစ်ဆုံ ရောက်။
အလွမ်းဟာ
ဧရာဝတီကို စုန်တယ်။
အလွမ်းတွေ
မန္တလေး ဖြတ်။
အလွမ်းက
အလွမ်းတွေ ဖြတ်။
အလွမ်းဟာ
ရပ်ပြီး
အနာဂတ် ငေးတယ်။
အဝေးမှာ
စစ်ခရာသံတွေ။
ကိုဗစ်စစ်လား
ပြည်တွင်းစစ်လား။
စစ်တွေ
ရပ်။     ။

အောင်ဝေး
(စက်တင်ဘာ ၁၊ ၂၀၂၀)
* The Birds

##

မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၃
 
မစ်ရှီဂန်မဲဇာမှာ
ငါ လွမ်းနေတယ်။
မစ်ရှီဂန်မဲဇာမှာ
ဒီ စစ်အတွင်းမှာ
ကိုယ်ချင်းစာတရား သာ
ငါ့ လက်နက်။
အလွမ်းက
ငါ့ ခံတပ်ပဲ။
ငါ့ ခံတပ်ကို
ချစ်ခြင်းမေတ္တာနဲ့
ဥာဏ်ပညာ စောင့်တယ်။
အလွမ်းက
ရန်ကုန် က
ရန် မကုန်သေး
ရန် မလုံသေး။
အလွမ်းက
ခြေထောက် ဗွေပါတော့
ရခိုင်မြေ ရောက်။
အို ... အနောက်တံတိုင်း
ဒုတိယလှိုင်း အရိုက်
(ဟစ်ခ်ျကော့ ရုပ်ရှင်* ထဲကလို)
အလွမ်းက
မြစ်ဆုံ ရောက်။
အလွမ်းဟာ
ဧရာဝတီကို စုန်တယ်။
အလွမ်းတွေ
မန္တလေး ဖြတ်။
အလွမ်းက
အလွမ်းတွေ ဖြတ်။
အလွမ်းဟာ
ရပ်ပြီး
အနာဂတ် ငေးတယ်။
အဝေးမှာ
စစ်ခရာသံတွေ။
ကိုဗစ်စစ်လား
ပြည်တွင်းစစ်လား။
စစ်တွေ
ရပ်။     ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၁၊ ၂၀၂၀)
* The Birds

0 comments: