Thursday, August 20, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၄


 နွားသိုးနှင့်မိုး၊ အစိုးမရ။ မြန်မာဆိုရိုးစကားရှိသည်။
အမေရိကမှာ မိုးက ကျနော့်တို့ မြန်မာပြည်မှာလို ရာသီ အချိန် ကာလ
သတ်သတ်မှတ်မှတ် မရှိ။ အမေရိကမှာက နွေဦး(Spring)၊ နွေ(Summer)၊ ဆောင်းဦး(Fall)၊ ဆောင်း(Winter) ဆိုပြီး ရာသီ
(၄)မျိုးရှိသည်။ မိုးက ထိုရာသီတိုင်းမှာ ရွာတတ်သည်။
အမေရိကန်မိုး၊ အစိုးမရတော့သည်။ အမေရိကန်မှာ နောက်ထပ်
အစိုးမရတာတစ်ခုက သေနတ်။ Gun။ အချိန်မရွေး သေနတ်ပစ်ခတ်
မှုတွေ( Shootings)တွေ ဖြစ်နိုင်သည်။ ကျနော် ပြည်တွင်းမှာ
တုန်းက၊ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်က ကိုလမ်ဘိုင်း
အထက်တ်းကျောင်း သေနတ်ပစ်ခတ်မှုသတင်းကို ကြားခဲ့ ဖတ်ခဲ့ဖူးသည်။
၁၉၉၉ ဧပြီ ၂၀။ ၁၅ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ။
အမေရိကမှာ ဥပဒေနှင့်ညီလျှင်၊ လူတိုင်း သေနတ်ဝယ်နိုင်သည်။ လူတိုင်း
သေနတ်ကိုင်နိုင်သည်။ သူရို့ဖွဲ့စည်းပုံဥပဒေမှာ သေနတ်ကိုင်ဆောင်ခွင့်
လိုင်စင်ပြဋ္ဌာန်းထားသည်။ ကျနော် ၂၀၀၈ အမေရိက ရောက်လာပြီးတော့လည်း School Shooting, Mass Shooting သတင်းတွေ ခဏခဏကြားရသည်။ (ကိုယ့်အနား ကပ်ပစ်နေတာတော့
မကြုံဖူးသေး)
အမေရိကန် အစိုးရနှင့်လူထုကြားမှာ၊ သေနတ်ထိန်းချုပ်လိုသူနှင့် သေနတ်
လွတ်လပ်လိုသူတို့ အငြင်းပွားဆဲ။ အားပြိုင်ဆဲ။ အမေရိကန်ပြည်ထောင်စု
မှာ National Rifle Association(NRA) အမျိုးသား သေနတ် အသင်း
ဆိုပြီးရှီသည်။ NRA က သေနတ်ထိန်းချုပ်တာ(Gun Control) ကို လက်
မခံ။ NRA က သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသည်။ ထောက်ပံ့
သည်။ NRAကို ဘယ်သူမှ မယှဉ်နိုင်။ သေနတ်ယဉ်ကျေးမှုက အမေရိကန်
ယဉ်ကျေးမှု ဖြစ်နေသည်။
ယခု။ ၂၀၂၀။ ကိုဗစ် 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီး ကမ္ဘာအနှံ့ ပျံ့ပွား
ကူးစက်လာလို့၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက၊ Global Pandemic
ကမ္ဘာ့ကပ်ရောဂါဘေးလို့၊ (မတ်လ ထဲမှာ)ကြေညာလည်း ကြေညာလိုက်
ရော၊ အမေရိကမှာ သေနတ်တွေ၊ သေနတ်တွေ ရောင်းကောင်းလိုက်ကြ
တာ မပြောပါနှင့်တော့။
ကပ်ကြီးဖြစ်လျှင်၊ စီးပွားပျက်မည်။ လူတွေ အလုပ်အကိုင်မဲ့ဖြစ်မည်။ အငတ်ဘေးဆိုက်မည်။ လူတွေက ငတ်လာရင် လုကြ ယက်ကြမည်။
အကြမ်းဖက်ကြတော့မည်။ အဲဒီလို အမေရိကန်လူကုံထံတွေ၊ လူလတ်
တန်းစားတွေက တွေးမြင်ကြသည်။ သူတို့အသက်အိုးအိမ်စည်းစိမ်ကို
သူတို့ကာကွယ်ဖို့လိုလာသည်။ သည်တော့ အဲဒီအမေရိကန်တွေ
သေနတ်တွေ၊ ကျည်ဆန်တွေ အပြေးအလွှား ဝယ်ယူကုန်ကြတော့
သည်။
ကျနော်တို့နှင့်က တခြား။ ကျနော်တို့ အမေရိကန်မဟုတ်တဲ့ အာရှသား
တွေက ဆန်တွေ၊ ဆီတွေ၊ စားနပ်ရိက္ခာတွေ ပြေးဝယ်တာလောက်ပါပဲ။
သည်လူတွေ တွေးခေါ်ပုံနှင့်၊ ကျနော်တို့ အာရှသားတွေ တွေးခေါ်ပုံချင်း
မတူ။ သူတို့က ကပ်ဘေးဆိုးကြီးကို သေနတ်နှင့် အဖြေရှာချင်သည်။
ကျနော်တို့က ကိုယ်ချင်းစာတရားနှင့် အဖြေရှာချင်တာ။ သူတို့က သေနတ်
နှင့်ကာကွယ်လျှင် လုံခြုံဘေးကင်းမည်ဟု ယူဆသည်။ ကျနော်တို့က
ကိုယ်ချင်းစာတရား၊ မေတ္တာတရားနှင့်ကာကွယ်မှ ဘေးကင်းမည်၊ လုံခြုံ
မည် ယုံကြည်တာ။ မတူ။
ထို မတူသည့် လူ့အဖွဲ့အစည်း အမြင် နှစ်ခုကြာတွင်၊ ကျနော်က သေနတ်
ဆန့်ကျင်ရေးကဗျာတစ်ပုဒ် ရေးလိုက်သည်။ (ထိုစဉ်က ကျနော် Lansing
Community College မှာ Creative Writing မေဂျာနှင့် ဘွဲ့ကြိုတန်း တက်နေချိန်ဖြစ်သည်) အတန်းထဲမှာ Assignment တင်ရသည်။ ကျနော်
က ထိုသေနတ်ဆန့်ကျင်ရေးကဗျာကို တင်လိုက်သည်။ ထိုဘာသာရပ်
ပို့ချသူ ပါမောက္ခမှာ အငြိမ်းစား အမေရိကန်ရေတပ်၊ ရေငုပ်သဘောၤအရာရှိ
တစ်ဦးဖြစ်သည်။ ပါမောက္ခက အတန်းရှေ့ထွက်ပြီး ထိုကဗျာကို ဖတ်ခိုင်း
သည်။ ကျနော် ဖတ်လိုက်သည်။ ကဗျာအဆုံးမှာ ကျနော်က NRA-
National Rifle Association အမျိုးသားသေနတ်အသင်းကို၊ အမျိုးသား
အသုဘအသင်းဟု သရော်ရေးလိုက်သည်။ အတန်းထဲမှာ ဆူညံပူညံ
အသံတွေထွက်လာသည်။ ပါမောက္ခ William Lapham က အတန်းကို
ထိန်းလိုက်သည်။
၂၀၁၇ အောက်တိုဘာ (၁)ရက်နေ့၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗေးဂတ်စ်
မြို့၊ Mandalay Bay Hotel ရှေ့မှာ ကျင်းပနေတဲ့၊ ကန်းထရီးဂီတပွဲတော်
က ပရိသတ်ထဲကို၊ ဟိုတယ်(၃၂)ထပ်ပေါ်ကနေ၊ သေနတ်သမား
Stephan Padock (အသက် ၆၄ နှစ်)ဆိုသူက ပစ်လို့၊ သူအပါအဝင် (၅၉)
ဦးသေ၊ (၄၁၃)ဦး သေနတ်ဒဏ်ရာရ။ အဲဒီ အဖြစ်အပျက်ကို ကျနော်က
ကဗျာရေးလိုက်ခြငိးဖြစ်သည်။ ကျနော့်ကဗျာကို သေနတ်ကြိုက်သူက
မကြိုက်။ သေနတ်မကြိုက်သူက ကြိုက်သည်။ (Michigan State
University- East Lansing မှာ နှစ်စဉ်ကျင်းပသည့် အနုပညာပွဲတော်
မှာ ထုတ်ဝေသည့် ၂၀၁၈ အတွက် ကဗျာစာအုပ်ထဲမှာ ဒီကဗျာ ရွေးချယ်
ဖော်ပြခံရပါတယ်)
ကျနော်က မြန်မာဖြစ်၍၊ မြန်မာလိုပဲ မြင်သည်။ သေနတ်ဆိုတာ ... ။
မသာလက်နက်။
လူသတ်လက်နက်။       ။

အောင်ဝေး
(သြဂုတ် ၂၀၊ ၂၀၂၀)


##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၄
 
ႏြားသိုးႏွင့္မိုး၊ အစိုးမရ။ ျမန္မာဆိုရိုးစကားရွိသည္။
အေမရိကမွာ မိုးက က်ေနာ့္တို့ ျမန္မာျပည္မွာလို ရာသီ အခ်ိန္ ကာလ
သတ္သတ္မွတ္မွတ္ မရွိ။ အေမရိကမွာက ေႏြဦး(Spring)၊ ေႏြ(Summer)၊ ေဆာင္းဦး(Fall)၊ ေဆာင္း(Winter) ဆိုၿပီး ရာသီ
(၄)မ်ိဳးရွိသည္။ မိုးက ထိုရာသီတိုင္းမွာ ရြာတတ္သည္။
အေမရိကန္မိုး၊ အစိုးမရေတာ့သည္။ အေမရိကန္မွာ ေနာက္ထပ္
အစိုးမရတာတစ္ခုက ေသနတ္။ Gun။ အခ်ိန္မေရြး ေသနတ္ပစ္ခတ္
မွဳေတြ( Shootings)ေတြ ျဖစ္ႏိုင္သည္။ က်ေနာ္ ျပည္တြင္းမွာ
တုန္းက၊ အေမရိကန္ျပည္ေထာင္စု၊ ကိုလိုရာဒိုျပည္နယ္က ကိုလမ္ဘိုင္း
အထက္တ္းေက်ာင္း ေသနတ္ပစ္ခတ္မွဳသတင္းကို ၾကားခဲ့ ဖတ္ခဲ့ဖူးသည္။
၁၉၉၉ ဧၿပီ ၂၀။ ၁၅ ဦးေသ၊ ၂၁ ဦး ဒဏ္ရာရ။
အေမရိကမွာ ဥပေဒႏွင့္ညီလွ်င္၊ လူတိုင္း ေသနတ္၀ယ္ႏိုင္သည္။ လူတိုင္း
ေသနတ္ကိုင္ႏိုင္သည္။ သူရို့ဖြဲ့စည္းပုံဥပေဒမွာ ေသနတ္ကိုင္ေဆာင္ခြင့္
လိုင္စင္ျပ႒ာန္းထားသည္။ က်ေနာ္ ၂၀၀၈ အေမရိက ေရာက္လာၿပီးေတာ့လည္း School Shooting, Mass Shooting သတင္းေတြ ခဏခဏၾကားရသည္။ (ကိုယ့္အနား ကပ္ပစ္ေနတာေတာ့
မႀကံဳဖူးေသး)
အေမရိကန္ အစိုးရႏွင့္လူထုၾကားမွာ၊ ေသနတ္ထိန္းခ်ဳပ္လိုသူႏွင့္ ေသနတ္
လြတ္လပ္လိုသူတို့ အျငင္းပြားဆဲ။ အားၿပိဳင္ဆဲ။ အေမရိကန္ျပည္ေထာင္စု
မွာ National Rifle Association(NRA) အမ်ိဳးသား ေသနတ္ အသင္း
ဆိုၿပီးရွီသည္။ NRA က ေသနတ္ထိန္းခ်ဳပ္တာ(Gun Control) ကို လက္
မခံ။ NRA က သမၼတ ေဒၚနယ္ထရန့္ကို ေထာက္ခံသည္။ ေထာက္ပံ့
သည္။ NRAကို ဘယ္သူမွ မယွဥ္ႏိုင္။ ေသနတ္ယဥ္ေက်းမွဳက အေမရိကန္
ယဥ္ေက်းမွဳ ျဖစ္ေနသည္။
ယခု။ ၂၀၂၀။ ကိုဗစ္ 19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါဆိုးႀကီး ကမၻာအႏွံ့ ပ်ံ့ပြား
ကူးစက္လာလို့၊ WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးက၊ Global Pandemic
ကမၻာ့ကပ္ေရာဂါေဘးလို့၊ (မတ္လ ထဲမွာ)ေၾကညာလည္း ေၾကညာလိုက္
ေရာ၊ အေမရိကမွာ ေသနတ္ေတြ၊ ေသနတ္ေတြ ေရာင္းေကာင္းလိုက္ၾက
တာ မေျပာပါႏွင့္ေတာ့။
ကပ္ႀကီးျဖစ္လွ်င္၊ စီးပြားပ်က္မည္။ လူေတြ အလုပ္အကိုင္မဲ့ျဖစ္မည္။ အငတ္ေဘးဆိုက္မည္။ လူေတြက ငတ္လာရင္ လုၾက ယက္ၾကမည္။
အၾကမ္းဖက္ၾကေတာ့မည္။ အဲဒီလို အေမရိကန္လူကုံထံေတြ၊ လူလတ္
တန္းစားေတြက ေတြးျမင္ၾကသည္။ သူတို့အသက္အိုးအိမ္စည္းစိမ္ကို
သူတို့ကာကြယ္ဖို့လိုလာသည္။ သည္ေတာ့ အဲဒီအေမရိကန္ေတြ
ေသနတ္ေတြ၊ က်ည္ဆန္ေတြ အေျပးအလႊား ၀ယ္ယူကုန္ၾကေတာ့
သည္။
က်ေနာ္တို့ႏွင့္က တျခား။ က်ေနာ္တို့ အေမရိကန္မဟုတ္တဲ့ အာရွသား
ေတြက ဆန္ေတြ၊ ဆီေတြ၊ စားနပ္ရိကၡာေတြ ေျပး၀ယ္တာေလာက္ပါပဲ။
သည္လူေတြ ေတြးေခၚပုံႏွင့္၊ က်ေနာ္တို့ အာရွသားေတြ ေတြးေခၚပုံခ်င္း
မတူ။ သူတို့က ကပ္ေဘးဆိုးႀကီးကို ေသနတ္ႏွင့္ အေျဖရွာခ်င္သည္။
က်ေနာ္တို့က ကိုယ္ခ်င္းစာတရားႏွင့္ အေျဖရွာခ်င္တာ။ သူတို့က ေသနတ္
ႏွင့္ကာကြယ္လွ်င္ လုံၿခံဳေဘးကင္းမည္ဟု ယူဆသည္။ က်ေနာ္တို့က
ကိုယ္ခ်င္းစာတရား၊ ေမတၱာတရားႏွင့္ကာကြယ္မွ ေဘးကင္းမည္၊ လုံၿခံဳ
မည္ ယုံၾကည္တာ။ မတူ။
ထို မတူသည့္ လူ့အဖြဲ့အစည္း အျမင္ ႏွစ္ခုၾကာတြင္၊ က်ေနာ္က ေသနတ္
ဆန့္က်င္ေရးကဗ်ာတစ္ပုဒ္ ေရးလိုက္သည္။ (ထိုစဥ္က က်ေနာ္ Lansing
Community College မွာ Creative Writing ေမဂ်ာႏွင့္ ဘြဲ့ႀကိဳတန္း တက္ေနခ်ိန္ျဖစ္သည္) အတန္းထဲမွာ Assignment တင္ရသည္။ က်ေနာ္
က ထိုေသနတ္ဆန့္က်င္ေရးကဗ်ာကို တင္လိုက္သည္။ ထိုဘာသာရပ္
ပို့ခ်သူ ပါေမာကၡမွာ အၿငိမ္းစား အေမရိကန္ေရတပ္၊ ေရငုပ္သေဘာၤအရာရွိ
တစ္ဦးျဖစ္သည္။ ပါေမာကၡက အတန္းေရွ့ထြက္ၿပီး ထိုကဗ်ာကို ဖတ္ခိုင္း
သည္။ က်ေနာ္ ဖတ္လိုက္သည္။ ကဗ်ာအဆုံးမွာ က်ေနာ္က NRA-
National Rifle Association အမ်ိဳးသားေသနတ္အသင္းကို၊ အမ်ိိဳးသား
အသုဘအသင္းဟု သေရာ္ေရးလိုက္သည္။ အတန္းထဲမွာ ဆူညံပူညံ
အသံေတြထြက္လာသည္။ ပါေမာကၡ William Lapham က အတန္းကို
ထိန္းလိုက္သည္။
၂၀၁၇ ေအာက္တိုဘာ (၁)ရက္ေန့၊ နီဗားဒါးျပည္နယ္၊ လာ့စ္ေဗးဂတ္စ္
ၿမိဳ့၊ Mandalay Bay Hotel ေရွ့မွာ က်င္းပေနတဲ့၊ ကန္းထရီးဂီတပြဲေတာ္
က ပရိသတ္ထဲကို၊ ဟိုတယ္(၃၂)ထပ္ေပၚကေန၊ ေသနတ္သမား
Stephan Padock (အသက္ ၆၄ ႏွစ္)ဆိုသူက ပစ္လို့၊ သူအပါအ၀င္ (၅၉)
ဦးေသ၊ (၄၁၃)ဦး ေသနတ္ဒဏ္ရာရ။ အဲဒီ အျဖစ္အပ်က္ကို က်ေနာ္က
ကဗ်ာေရးလိုက္ျခငိးျဖစ္သည္။ က်ေနာ့္ကဗ်ာကို ေသနတ္ႀကိဳက္သူက
မႀကိဳက္။ ေသနတ္မႀကိဳက္သူက ႀကိဳက္သည္။ (Michigan State
University- East Lansing မွာ ႏွစ္စဥ္က်င္းပသည့္ အႏုပညာပြဲေတာ္
မွာ ထုတ္ေ၀သည့္ ၂၀၁၈ အတြက္ ကဗ်ာစာအုပ္ထဲမွာ ဒီကဗ်ာ ေရြးခ်ယ္
ေဖာ္ျပခံရပါတယ္)
က်ေနာ္က ျမန္မာျဖစ္၍၊ ျမန္မာလိုပဲ ျမင္သည္။ ေသနတ္ဆိုတာ ... ။
မသာလက္နက္။
လူသတ္လက္နက္။       ။

ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၂၀၊ ၂၀၂၀)

0 comments: