မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၂
အမေရိကမှာ "I can't breathe!" ပြီးတော့၊ "I can't teach... !"
(၁)
အဖြူနဲ့အစိမ်း လိမ်းခြယ်ထားတဲ့ မနက်ခင်း။ မိုးတွေ ရွာနေမယ်။ စာသင်
ကျောင်းကလေးကိုသွားတဲ့ ကတ္တရာလမ်းမပေါ်မှာ၊ စိန်ပန်းပွင့်တွေ ကြွေ
နေမယ်။ လေက ရုတ်ခနဲ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ဝှေ့နမ်းတိုက်ခတ်
လိုက်ရင်တော့၊ မိုးရေနဲ့ စိုရွှဲပြောင်လက်နေတဲ့ အနက်ခံပေါ်မှာ အနီ
ပြောက် ဆင်ထားတဲ့၊ ကတ္တီပါစကြီး မိုးပေါါ် လွင့်ပျံဝဲတက်သွားတော့
တယ်။
ဒါက ကျောင်းဖွင့်ချိန် မြင်ကွင်းကလေးပါ။ အခုတော့ မြန်မာပြည်မှာ
ကျောင်းတွေ ယာယီပြန်ပိတ်ထားလိုက်ရပါပြီ။
အစိုးမရတဲ့ အရာတွေထဲမှာ၊ အစိုးရလည်း အမိန့်ပေးရပ်ခိုင်းလို့မရတဲ့
ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးဆိုးကြီးလည်းပါတယ်။
စစ်တွေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တစ်ချို့မှာ ကိုဗစ်ရောဂါပိုးရှိသူတွေ
ရက်ဆက် ခပ်စိပ်စိပ်တွေ့လာနေရတယ်။ ကူးစက်ပုံက ပြည်ပက မဟုတ်၊ ပြည်တင်းကလူက ပြည်တွင်းကလူဆီ ကူးစက်တာ များလာ
တယ်။ ဒုတိယလှိုင်း ရိုက်တာလား၊ ပုတ်တာလား၊ စိုးရိမ်ရေမှတ်ရောက်
လာတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ကျောင်းတွေ ချက်ချင်းပိတ်
ခိုင်းလိုက်တယ်။
ပိတ်တာ မှန်ပါတယ်။ ကိုဗစ်ရန်က ကြီးပါတယ်။ အသက်အန္တရာယ်
လည်း နီးပါတယ်။ ကျောင်းသူ ကျေားသားတွေ၊ ဆရာ ဆရာမတွေ
ဘေးရန်ကင်းဖို့ လိုပါတယ်။
နိုင်ငံတော်အစိုးရရဲ့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး
အစီအမံတွေက အမြော်အမြင်ရှိတယ်။ လက်တွေ့ကျတယ်။ လူတိုင်း
လက်ခံလိုက်နာနိုင်တယ်။ ဘယ်ကျောင်းသား ဘယ်ကျောင်းသူမှ
အသက် အပိုမပါပါဘူး။ ဘယ်ဆရာ ဘယ်ဆရာမမှ အသက် အပိုမပါပါ
ဘူး။
ဒီ အသက်တစ်ချောင်း မဆုံးရှုံးရလေအောင်၊ နိုင်ငံတော်အစိုးရကကော၊
ပြည်သူလူထုကပါ၊ တစ်ချောင်းတည်းသော စိတ်ထားနဲ့၊ ကိုဗစ်ကပ်ဘေး
ဆိုးကြီးကို အန်တုရင်ဆိုင် ကျော်လွှားနေကြတာ ဖြစ်တယ်။
(၂)
အမေရိကမှာတော့ "I can't breathe!" ပြီးတော့၊ နောက်တစ်ခါ
"I can't teach ... !" တဲ့။ တစ်ခန်းမရပ်၊ အလွမ်းဇာတ်က၊ နှစ်ခန်း ထပ်
လာပါတယ်။
ကိုဗစ်ကပ်ကြီးအတွင်း၊ မေ ၂၅ (၂၀၂၀)၊ အမေရိကန်ပြည်ထောင်စု၊
မင်နီဆိုတာပြည်နယ်၊ မင်နီယာပူးလိစ်မြို့မှာ၊ ရဲကဖမ်းဆီးစဉ်
ဂျော့ချ်ဖလွိုက် အမည်ရ၊ အသက်(၄၆)နှစ်အရွယ် အမေရိကန်လူမည်း
(African-American) အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီ ဖြစ်
ရပ်ကို မကျေနပ်တဲ့ အမေရိကန်လူမည်းထုကြီးရဲ့ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ မေ ၂၆ ကစပြီး အမေရိကတစ်လွှား ကိုဗစ်နဲ့
အပြိုင် ကူးစက်ပျံ့နှံ့သွားပါတယ်။
ရဲကဖမ်းဆီးချုပ်နှောင်ထားစဉ်၊ ရဲအရာရှိ(သူက လူဖြူ)က လဲနေတဲ့
ဖလွိုက်ရဲ့ လည်မျိုကို ဒူးခေါင်းနဲ့ ဖိနင်းထားတာ (၈)မိနစ်နဲ့(၄၆)စက္ကန့်
ကြာတယ်။ ဖလွိုက်က "I can't breathe." ကျနော် အသက်ရှူလို့ မရတော့ဘူးလို့ အခါ(၂၀)လောက်ပြောခဲ့တယ်လို့ဆိုတယ်။
ဂျော့ချ်ဖလွိုက် သေသွားတယ်။ ရဲတွေ လူသတ်မှုနဲံ တရားစွဲခံရတယ်။
"NO JUSTICE, NO PEACE" ဆိုတဲ့ ဂျော့ချ်ဖလွိုက်ဆန္ဒပြပွဲတွေက
လ ချီလာပါတယ်။
အဲဒီ BLACK LIVES MATTER ဆန္ဒပြပွဲတွေမှ မစဲသေး၊ မပွဲသေးဘူး၊
ဇူလိုင်လထဲမှာ၊ ဖလော်ရီဒါပြည်နယ်က ဆရာ ဆရာမတွေရဲ့( ပြည်နယ်
အစိုးရက ကျောင်းတွေပြန်ဖွင့်ရေး အစီအစဉ်အပေါ်) ဆန့်ကျင်ဆန္ဒပြတဲ့
လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့တယ်။
ဇူလိုင် ၂၂ ဆန္ဒပြပွဲမှာ၊ ဖလော်ရီဒါပြည်နယ်၊ ဟေးလ်စ်ဘိုရိုမြို့က
ဆရာမတစ်ဦးဖြစ်တဲ့ ဘရစ်တနီမိုင်ယာ က "I can't teach from the
grave!" ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ သေရွာ
ကနေ စာမသင်နိုင်ဘူး။ "No one can teach from the grave." တဲ့။
ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗေးလ်မြို့ က ဆရာမတစ်ဦးဖြစ်သူ
ဝှစ်တနီရက်ဒစ် ကဆိုရင်၊ သူ့နာရေးကြော်ငြာ သူကိုယ်တိုင်ရေးပြီး
ဆန္ဒပြပါတယ်။
သြော် ... သူတို့မှာလည်း အသက်တစ်ချောင်း အပိုပါတာမှ မဟုတ်တာ
ပဲလေ။ ဟုတ်တာပေါ့။ လူမည်းမှာလည်း အသက်နဲ့ပါ။ ဆရာ ဆရာမ
တွေမှာလည်း အသက်နဲ့ပါ။
(၃)
ကျနော်တို့ မြန်မာပြည်မှာတော့ ဒီလို သေရွာကနေ စာမသင်နိုင်ဘူး လို့
ပြောမယ့် ဆရာ ဆရာမ မရှိနိုင်ဘူးလို့ထင်ပါတယ်။ (ပျဉ်းမနားက ဆရာမ
ဆုဂျေတို့၊ မြင်းခြံ-ထနောင်းတိုင်က ဆရာမ မိုးမိုးတို့ ပြောကြပါဦး)
ကိုဗစ်-19 ကပ်ဘေးဆိုးကြီးက( အများတကာ ပြောနေကြတဲ့ NEW
NORMAL ဆိုတဲ့ ပုံမှန်အနေအထားသစ်မှာ) လူတွေရဲ့ အတွေးအခေါ်၊
အမူအကျင့်တွေကို ပြောင်းလဲပစ်လိုက်ပြီလား။
ပြောင်းလဲလိုက်တယ်ဆိုရင်လည်း၊ သူတို့နှင့် ကျနော်တို့ မတူ။
ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာကတော့၊ ဆရာ ဆရာမတွေက
သေရွာက ထပြီး စာသင်နေတုန်း။
ကျနော့် သူငယ်တန်းဆရာမ ဒေါ်လှမေ(BBM ကျောင်း၊ပုသိမ်) အစ၊
ကျနော့် ဆယ်တန်းဆရာမ ဒေါ်သိန်းခ(အ ထ က-၃၊ ပုသိမ်) အလယ်၊
ကျနော့် တက္ကသိုလ်ဆရာမ မြန်မာစာပါမောက္ခဒေါ်ခင်ခင်သီ အဆုံး၊
ကျနော့်အတွက်တော့ သူတို့အားလုံးဟာ သေရွာက ထပြီး ကျနော့်ကို
စာသင်နေကြတုန်းပါ။
အောင်ဝေး
(သြဂုတ် ၃၁၊ ၂၀၂၀)
##
မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၂
အေမရိကမွာ "I can't breathe!" ၿပီးေတာ့၊ "I can't teach... !"
(၁)
အျဖဴနဲ့အစိမ္း လိမ္းျခယ္ထားတဲ့ မနက္ခင္း။ မိုးေတြ ရြာေနမယ္။ စာသင္
ေက်ာင္းကေလးကိုသြားတဲ့ ကတၱရာလမ္းမေပၚမွာ၊ စိန္ပန္းပြင့္ေတြ ေၾကြ
ေနမယ္။ ေလက ရုတ္ခနဲ ခပ္ၾကမ္းၾကမ္း ခပ္ရမ္းရမ္း ေ၀ွ့နမ္းတိုက္ခတ္
လိုက္ရင္ေတာ့၊ မိုးေရနဲ့ စိုရႊဲေျပာင္လက္ေနတဲ့ အနက္ခံေပၚမွာ အနီ
ေျပာက္ ဆင္ထားတဲ့၊ ကတၱီပါစႀကီး မိုးေပါၚ လြင့္ပ်ံ၀ဲတက္သြားေတာ့
တယ္။
ဒါက ေက်ာင္းဖြင့္ခ်ိန္ ျမင္ကြင္းကေလးပါ။ အခုေတာ့ ျမန္မာျပည္မွာ
ေက်ာင္းေတြ ယာယီျပန္ပိတ္ထားလိုက္ရပါၿပီ။
အစိုးမရတဲ့ အရာေတြထဲမွာ၊ အစိုးရလည္း အမိန့္ေပးရပ္ခိုင္းလို့မရတဲ့
ကိုဗစ္-19 ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးဆိုးႀကီးလည္းပါတယ္။
စစ္ေတြနဲ့ ရခိုင္ျပည္နယ္ထဲက ၿမိဳ့တစ္ခ်ိဳ့မွာ ကိုဗစ္ေရာဂါပိုးရွိသူေတြ
ရက္ဆက္ ခပ္စိပ္စိပ္ေတြ့လာေနရတယ္။ ကူးစက္ပုံက ျပည္ပက မဟုတ္၊ ျပည္တင္းကလူက ျပည္တြင္းကလူဆီ ကူးစက္တာ မ်ားလာ
တယ္။ ဒုတိယလိွဳင္း ရိုက္တာလား၊ ပုတ္တာလား၊ စိုးရိမ္ေရမွတ္ေရာက္
လာတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္အစိုးရက ေက်ာင္းေတြ ခ်က္ခ်င္းပိတ္
ခိုင္းလိုက္တယ္။
ပိတ္တာ မွန္ပါတယ္။ ကိုဗစ္ရန္က ႀကီးပါတယ္။ အသက္အႏၱရာယ္
လည္း နီးပါတယ္။ ေက်ာင္းသူ ေက်ားသားေတြ၊ ဆရာ ဆရာမေတြ
ေဘးရန္ကင္းဖို့ လိုပါတယ္။
ႏိုင္ငံေတာ္အစိုးရရဲ့ Covid-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး
အစီအမံေတြက အေျမာ္အျမင္ရွိတယ္။ လက္ေတြ့က်တယ္။ လူတိုင္း
လက္ခံလိုက္နာႏိုင္တယ္။ ဘယ္ေက်ာင္းသား ဘယ္ေက်ာင္းသူမွ
အသက္ အပိုမပါပါဘူး။ ဘယ္ဆရာ ဘယ္ဆရာမမွ အသက္ အပိုမပါပါ
ဘူး။
ဒီ အသက္တစ္ေခ်ာင္း မဆုံးရွံဳးရေလေအာင္၊ ႏိုင္ငံေတာ္အစိုးရကေကာ၊
ျပည္သူလူထုကပါ၊ တစ္ေခ်ာင္းတည္းေသာ စိတ္ထားနဲ့၊ ကိုဗစ္ကပ္ေဘး
ဆိုးႀကီးကို အန္တုရင္ဆိုင္ ေက်ာ္လႊားေနၾကတာ ျဖစ္တယ္။
(၂)
အေမရိကမွာေတာ့ "I can't breathe!" ၿပီးေတာ့၊ ေနာက္တစ္ခါ
"I can't teach ... !" တဲ့။ တစ္ခန္းမရပ္၊ အလြမ္းဇာတ္က၊ ႏွစ္ခန္း ထပ္
လာပါတယ္။
ကိုဗစ္ကပ္ႀကီးအတြင္း၊ ေမ ၂၅ (၂၀၂၀)၊ အေမရိကန္ျပည္ေထာင္စု၊
မင္နီဆိုတာျပည္နယ္၊ မင္နီယာပူးလိစ္ၿမိဳ့မွာ၊ ရဲကဖမ္းဆီးစဥ္
ေဂ်ာ့ခ်္ဖလြိဳက္ အမည္ရ၊ အသက္(၄၆)ႏွစ္အရြယ္ အေမရိကန္လူမည္း
(African-American) အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ပါတယ္။ ဒီ ျဖစ္
ရပ္ကို မေက်နပ္တဲ့ အေမရိကန္လူမည္းထုႀကီးရဲ့ BLACK LIVES
MATTER ဆႏၵျပပြဲေတြ ေမ ၂၆ ကစၿပီး အေမရိကတစ္လႊား ကိုဗစ္နဲ့
အၿပိဳင္ ကူးစက္ပ်ံ့ႏွံ့သြားပါတယ္။
ရဲကဖမ္းဆီးခ်ဳပ္ေႏွာင္ထားစဥ္၊ ရဲအရာရွိ(သူက လူျဖဴ)က လဲေနတဲ့
ဖလြိဳက္ရဲ့ လည္မ်ိဳကို ဒူးေခါင္းနဲ့ ဖိနင္းထားတာ (၈)မိနစ္နဲ့(၄၆)စကၠန့္
ၾကာတယ္။ ဖလြိဳက္က "I can't breathe." က်ေနာ္ အသက္ရွဴလို့ မရေတာ့ဘူးလို့ အခါ(၂၀)ေလာက္ေျပာခဲ့တယ္လို့ဆိုတယ္။
ေဂ်ာ့ခ်္ဖလြိဳက္ ေသသြားတယ္။ ရဲေတြ လူသတ္မွဳနဲံ တရားစြဲခံရတယ္။
"NO JUSTICE, NO PEACE" ဆိုတဲ့ ေဂ်ာ့ခ်္ဖလြိဳက္ဆႏၵျပပြဲေတြက
လ ခ်ီလာပါတယ္။
အဲဒီ BLACK LIVES MATTER ဆႏၵျပပြဲေတြမွ မစဲေသး၊ မပြဲေသးဘူး၊
ဇူလိုင္လထဲမွာ၊ ဖေလာ္ရီဒါျပည္နယ္က ဆရာ ဆရာမေတြရဲ့( ျပည္နယ္
အစိုးရက ေက်ာင္းေတြျပန္ဖြင့္ေရး အစီအစဥ္အေပၚ) ဆန့္က်င္ဆႏၵျပတဲ့
လွဳပ္ရွားမွဳတစ္ခု ေပၚထြက္လာခဲ့တယ္။
ဇူလိုင္ ၂၂ ဆႏၵျပပြဲမွာ၊ ဖေလာ္ရီဒါျပည္နယ္၊ ေဟးလ္စ္ဘိုရိုၿမိဳ့က
ဆရာမတစ္ဦးျဖစ္တဲ့ ဘရစ္တနီမိုင္ယာ က "I can't teach from the
grave!" ဆိုတဲ့ ဆိုင္းဘုတ္ကိုကိုင္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။ ေသရြာ
ကေန စာမသင္ႏိုင္ဘူး။ "No one can teach from the grave." တဲ့။
ဖေလာ္ရီဒါျပည္နယ္၊ ဂ်က္ဆင္ေဗးလ္ၿမိဳ့ က ဆရာမတစ္ဦးျဖစ္သူ
၀ွစ္တနီရက္ဒစ္ ကဆိုရင္၊ သူ့နာေရးေႀကာ္ျငာ သူကိုယ္တိုင္ေရးၿပီး
ဆႏၵျပပါတယ္။
ေႀသာ္ ... သူတို့မွာလည္း အသက္တစ္ေခ်ာင္း အပိုပါတာမွ မဟုတ္တာ
ပဲေလ။ ဟုတ္တာေပါ ့။ လူမည္းမွာလည္း အသက္နဲ့ပါ။ ဆရာ ဆရာမ
ေတြမွာလည္း အသက္နဲ့ပါ။
(၃)
က်ေနာ္တို့ ျမန္မာျပည္မွာေတာ့ ဒီလို ေသရြာကေန စာမသင္ႏိုင္ဘူး လို့
ေျပာမယ့္ ဆရာ ဆရာမ မရွိႏိုင္ဘူးလို့ထင္ပါတယ္။ (ပ်ဥ္းမနားက ဆရာမ
ဆုေဂ်တို့၊ ျမင္းၿခံ-ထေနာင္းတိုင္က ဆရာမ မိုးမိုးတို့ ေျပာၾကပါဦး)
ကိုဗစ္-19 ကပ္ေဘးဆိုးႀကီးက( အမ်ားတကာ ေျပာေနၾကတဲ့ NEW
NORMAL ဆိုတဲ့ ပုံမွန္အေနအထားသစ္မွာ) လူေတြရဲ့ အေတြးအေခၚ၊
အမူအက်င့္ေတြကို ေျပာင္းလဲပစ္လိုက္ၿပီလား။
ေျပာင္းလဲလိုက္တယ္ဆိုရင္လည္း၊ သူတို့ႏွင့္ က်ေနာ္တို့ မတူ။
က်ေနာ္တို့ ျမန္မာ့လူ့အဖြဲ့အစည္းမွာကေတာ့၊ ဆရာ ဆရာမေတြက
ေသရြာက ထၿပီး စာသင္ေနတုန္း။
က်ေနာ့္ သူငယ္တန္းဆရာမ ေဒၚလွေမ(BBM ေက်ာင္း၊ပုသိမ္) အစ၊
က်ေနာ့္ ဆယ္တန္းဆရာမ ေဒၚသိန္းခ(အ ထ က-၃၊ ပုသိမ္) အလယ္၊
က်ေနာ့္ တကၠသိုလ္ဆရာမ ျမန္မာစာပါေမာကၡေဒၚခင္ခင္သီ အဆုံး၊
က်ေနာ့္အတြက္ေတာ့ သူတို့အားလုံးဟာ ေသရြာက ထၿပီး က်ေနာ့္ကို
စာသင္ေနၾကတုန္းပါ။
ေ အ ာ င္ ေ ၀ း
(ၾသဂုတ္ ၃၁၊ ၂၀၂၀)
0 comments:
Post a Comment