Saturday, February 4, 2017

အ စ် ကို ကြီး

 REST IN POEMS OUR BIG BROTHER, COMRADE.

-------
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
ရေအကြည် မိုးအလင်း ကြာညိုနံ့သင်းတဲ့တစ်နေ့ 
ကျနော်တို့ ပြန်လာကြမှာပါ
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
သေနတ်ပြောင်းဝက ပန်းတွေမပွင့်သေးဘူး
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်မဆောက်ရသေးဘူး
စက်ရုံနဲ့လယ်ကွင်းတွေ သီချင်းမချိုသေးဘူး
ကုန်ကုန်ပြောရရင်
ထီးချက်စောင့်နတ်သမီးလည်း အိပ်မက်မလုံခြုံသေးဘူး
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
အစိမ်းရောင်တစ္ဆေ၊ အစိမ်းရောင်ကဝေတွေ
ကျနော်တို့ကို ခြောက်နေတယ်
ကျနော်တို့ မကြောက်ပါဘူး
ကျနော်တို့လွတ်မြောက်တဲ့အထိတော့
စောင့်ပါဦးလား အစ်ကိုကြီးရယ်။
ကျနော်တို့ ပြန်လာမှာပေါ့ 
နွေဦးကို အတောင်ပံပေါ်တင်ပြီး
ကျနော်တို့ ပျံလာမှာပေါ့ ။
ခုတော့၊ အိမ်အပြန်မှာ
"မင်းတို့ ဒဏ်ရာရလာကြပါလား" လို့
ဖြေသိမ့်ကြိုမယ့်သူ မရှိတော့ဘူးလေ။
ကျနော်တို့ ပြန်လာကြမှာပါ
ကျနော်တို့ ပျံလာတဲ့အထိ
စောင့်ပါဦးတော့လား အစ်ကိုကြီးရယ်။ ။
-------------------------
ညီ ေ လ း ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၁- ၂၀၁၇
ခေတ္တ- မစ်ရှီဂန်။