Saturday, February 4, 2017

အ စ် ကို ကြီး

 REST IN POEMS OUR BIG BROTHER, COMRADE.

-------
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
ရေအကြည် မိုးအလင်း ကြာညိုနံ့သင်းတဲ့တစ်နေ့ 
ကျနော်တို့ ပြန်လာကြမှာပါ
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
သေနတ်ပြောင်းဝက ပန်းတွေမပွင့်သေးဘူး
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်မဆောက်ရသေးဘူး
စက်ရုံနဲ့လယ်ကွင်းတွေ သီချင်းမချိုသေးဘူး
ကုန်ကုန်ပြောရရင်
ထီးချက်စောင့်နတ်သမီးလည်း အိပ်မက်မလုံခြုံသေးဘူး
မစောင့်နိုင်တော့ဘူးလား အစ်ကိုကြီးရယ်။
အစိမ်းရောင်တစ္ဆေ၊ အစိမ်းရောင်ကဝေတွေ
ကျနော်တို့ကို ခြောက်နေတယ်
ကျနော်တို့ မကြောက်ပါဘူး
ကျနော်တို့လွတ်မြောက်တဲ့အထိတော့
စောင့်ပါဦးလား အစ်ကိုကြီးရယ်။
ကျနော်တို့ ပြန်လာမှာပေါ့ 
နွေဦးကို အတောင်ပံပေါ်တင်ပြီး
ကျနော်တို့ ပျံလာမှာပေါ့ ။
ခုတော့၊ အိမ်အပြန်မှာ
"မင်းတို့ ဒဏ်ရာရလာကြပါလား" လို့
ဖြေသိမ့်ကြိုမယ့်သူ မရှိတော့ဘူးလေ။
ကျနော်တို့ ပြန်လာကြမှာပါ
ကျနော်တို့ ပျံလာတဲ့အထိ
စောင့်ပါဦးတော့လား အစ်ကိုကြီးရယ်။ ။
-------------------------
ညီ ေ လ း ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၁- ၂၀၁၇
ခေတ္တ- မစ်ရှီဂန်။

Related Posts:

  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ းကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူးကိန္နရာ ... ၆ ပေ ခြားတာပါ။ ။အောင်ဝေး(၅၊ ၁၄၊ ၂၀)##ကိ နၷ ရ ာ ... ၆ ေ ပ ျခ ာ းကိႏၷရာ ချောင်းခြားတာ မဟုတ်ပါဘူးကိန္နရာ ... ၆… Read More
  • စ စ် ( ၁ ၉ )စစ်မြေပြင် စခန်းချစ် ရေစင်ဖျန်းလွမ်းတယ် သခင်။မြစ်တွေ နှင်စတမ်းခေတ် ရေယဉ်စမ်းခန်းမယ် မထင်။ဒီစစ်ကြီး ဖြစ်ပြီးသွားရင်မြစ်ကြီးနားကချင်၊ ပင်လယ်တောင်စောင်းသ… Read More
  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၂ )ရဂုံအလယ်မှာ မဟုတ်ပါဘူးလူပုံ အလယ် မှာပါ။ဝရန်တာ တစ်ခု ကနေဝရန်တာ တစ်ခုကို လွမ်း။ပြတင်းပေါက် တစ်ခု ကနေပြတင်းပေါက် တစ်ခုကို လွမ်း။အိပ်မက် တစ်ခု ကနေအိပ်မက် … Read More
  • စ စ် ( ၁ ၇ ) သေနတ်ကလေးကပ်ဘေးရပ် မငေးနဲ့။လက် ဆေးကွယ်ရတက် အေးတယ်။နှာခေါင်းစည်း တပ်မထားရင်တော့(ကန်တော့ပါရဲ့)အလောင်း မီးဟပ်သွားမယ်နော့။၆ ပေ ခွာနေကြောက်နေတာတွေပျောက်ပြေ… Read More
  • စ စ် ( ၂ ၀ ) (နိဂုံး)သေခြင်းရဲ့ ရနံ့။ဝေသာလီမှာမဟုတ်ပါဘူး။ဝေဘာဂီမှာလည်းမဟုတ်ပါဘူး။မစ်ရှီဂန်မှာပါအမေရိကန်မဲဇာမှာပါ။တစ်နေ့ လူ သုံးထောင်(၃၀၀၀) သေတစ္ဆေတွေ နေတဲ့ အရပ်မှာပါ။ကပ်ကြ… Read More

0 comments: