Sunday, December 31, 2017

ထား ခဲ့ ခြ င်း များ



ကျနော်တို့က
ဂျိမ်းဂျွိုက်စ်ကို သိတယ်
ခင်ဗျား နားမလည်ပါဘူး ဘိုနို။

ကျနော်တို့က
အိုင်ယာလန်အစိမ်းကို ချစ်တယ်
ခင်ဗျား မသိပါဘူး ဘိုနို။

အိုင်ယာလန် အစိမ်း
ရိုးမ အစိမ်း
အစိမ်း အစိမ်း
ထူပိန်း နိုးထ
အဘိုးအဘ အမွေ
အစိမ်းလေ
ခင်ဗျား မခံစားတတ်ပါဘူး။

ခင်ဗျား မပါလည်း
ကျနော်တို့ လမ်းဆက်လျှောက်နိုင်ပါတယ်။

ဆက်လျှောက်
ဆက်လျှောက်
လမ်း ဆက်လျှောက်မယ်။

ခင်ဗျား မရှိလည်း
ကျနော်တို့မှာ
သေချာတဲ့ဂီတတွေရှိတယ်
အားလုံးကိုကျော်ဖြတ်မယ်
သနားတယ် ဘိုနို။

ခင်ဗျား ကူညီခဲ့မှုအတွက်
ကျနော်တို့ရာဇဝင်မှာ
စာတစ်မျက်နှာ
ခင်ဗျားနာမည်ကို တစ်ဝက်ရေးထားမယ်။

ခင်ဗျားက
အမှန်တရားကို တစ်ဝက်ပဲ ချစ်တတ်ခဲ့တာကိုး။

ကျနော်တို့ရထားက
ရှေ့ဆက်ထွက်သွားပါပြီ။

ကိုစန်းဇော်ထွေးကို ထားခဲ့ရတာနဲ့
ခင်ဗျားကို ထားခဲ့ရတာ
ထားခဲ့တာချင်းတော့ မတူဘူးပေါ့  မစ္စတာဘိုနိုရယ်။ ။

ေ အ ာ င္ ေ ဝ း

(ဒီဇင္ဘာ ၃၁- ၂ဝ၁၇)

Saturday, December 16, 2017

ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၂ )

 

ဒီ နံရံမွာ
ဘယ်တော့မှ အမြစ်မတွယ်တော့ဘူး။
ဘဝက
တိုက်ကပ်ပန်းလို မလန်းဘူး။အသက်ရှင်ရတာ
သမိုင်းမကွေးရုံတစ်မယ်
ကိုယ့်ရင် ကိုယ်အကွဲခံပြီး
သိမ်ငယ်ရတယ်။

ထမင်းတစ်လုတ်
နှင်းတစ်ဆုပ် တဲ့
မဟုတ်သေးပါဘူး
တစ်ခုခုတော့ မှားနေပြီထင်ပါရဲ့။

ကိုလွဏ်းဆွေ ရယ်
မဲဆောက်မှာ ဖြစ်ဖြစ်
မစ်ရှီဂန်မှာ ဖြစ်ဖြစ်
အမြစ်က
ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ကျန်ရစ်တာဗျ။

ကျနော် မညာပါဘူး
ချစ်တယ်။

အချစ်အတွက် များများမလို
မြောက်ဒဂုံ အိမ်ရှေ့က
ရေနုတ်မြောင်းကလေးထဲ
ကန်စွန်းခင်းလေးတွေ
စိမ်းနေသေးတယ်ဆိုရင် လုံလောက်ပါတယ်။

လောကမှာ
ချစ်လို့ ထွက်ပြေးရတဲ့သူတွေလည်း
မနည်းတော့ပါဘူးလေ။ ။

ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၁၄၊ ၂ဝ၁၇)

design by Than Htay Maung

Thursday, December 7, 2017

ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၁ )





ဒီတစ်ခါ သေပြီးရင်
နောက်ထပ် မသေတော့ဘူး
မြစ်က။

အချစ်လည်း ဒီလိုပဲ
ဘယ်လိုလဲဆိုတော့ကာ
ဟိုလေ … ။

မြစ်ကို သေအောင်သတ်ပြီးမှ
ရေလည်း မစီးဘူး
လှိုင်းလည်း မခွပ်ဘူး
ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။

အချစ်က
တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။

မြစ်ကလည်း
တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။

” ခေတ်ကြီးက မစွံပါဘူးရှင် ”
မတရား မပြောပါနဲ့ ခင်ရယ်။

သတ္တိရှိရင်
ရဲရဲချစ်လိုက်ပါ
ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို
ချစ်လိုက်ပေါ့ ။

ဗမာပြည်မှာ
ချစ်လို့သေတဲ့ မသာ မရှိပါဘူး။ ။

ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၅- ၂ဝ၁၇)

Art – Than Htay Maung