Sunday, December 31, 2017

ထား ခဲ့ ခြ င်း များ



ကျနော်တို့က
ဂျိမ်းဂျွိုက်စ်ကို သိတယ်
ခင်ဗျား နားမလည်ပါဘူး ဘိုနို။

ကျနော်တို့က
အိုင်ယာလန်အစိမ်းကို ချစ်တယ်
ခင်ဗျား မသိပါဘူး ဘိုနို။

အိုင်ယာလန် အစိမ်း
ရိုးမ အစိမ်း
အစိမ်း အစိမ်း
ထူပိန်း နိုးထ
အဘိုးအဘ အမွေ
အစိမ်းလေ
ခင်ဗျား မခံစားတတ်ပါဘူး။

ခင်ဗျား မပါလည်း
ကျနော်တို့ လမ်းဆက်လျှောက်နိုင်ပါတယ်။

ဆက်လျှောက်
ဆက်လျှောက်
လမ်း ဆက်လျှောက်မယ်။

ခင်ဗျား မရှိလည်း
ကျနော်တို့မှာ
သေချာတဲ့ဂီတတွေရှိတယ်
အားလုံးကိုကျော်ဖြတ်မယ်
သနားတယ် ဘိုနို။

ခင်ဗျား ကူညီခဲ့မှုအတွက်
ကျနော်တို့ရာဇဝင်မှာ
စာတစ်မျက်နှာ
ခင်ဗျားနာမည်ကို တစ်ဝက်ရေးထားမယ်။

ခင်ဗျားက
အမှန်တရားကို တစ်ဝက်ပဲ ချစ်တတ်ခဲ့တာကိုး။

ကျနော်တို့ရထားက
ရှေ့ဆက်ထွက်သွားပါပြီ။

ကိုစန်းဇော်ထွေးကို ထားခဲ့ရတာနဲ့
ခင်ဗျားကို ထားခဲ့ရတာ
ထားခဲ့တာချင်းတော့ မတူဘူးပေါ့  မစ္စတာဘိုနိုရယ်။ ။

ေ အ ာ င္ ေ ဝ း

(ဒီဇင္ဘာ ၃၁- ၂ဝ၁၇)

Related Posts:

  • က မ္ဘ ာ ( ၅ ) ရှေ့တန်းစစ်မျက်နှာ။ သေနတ်သံ မကြားရ။ အမြောက်သံ မကြားရ။ ဗုံးသံ မကြားရ။ အသေအလဲ တိုက်နေရတယ်။ အသက်ကို အသက်နဲ့ ထုပ်ထားရတယ်။ ရှေ့တန်းစစ်မျက်နှာ။ ။ အောင်… Read More
  • က မ္ဘ ာ ( ၂ ) သဗ္ဗေ သတ္တာ ကမ္မ သကာ။ သတ္တဝါတစ်ခု၊ ကံတစ်ခု။ မေတ္တာ ပို့သံ သာဓုသံ။ အမျှ ဝေသံ ကြေးစည်သံ။ သံသရာမှာ လင်းနေမလာ မှောင်နေမလား။ ကမ္ဘာ တစ်ခု ကံ တစ်ခု။ ။… Read More
  • က မ္ဘ ာ ကမ္ဘာလား အနာလား။ အနာ မသေရင် ကမ္ဘာ သေမယ်။ ကမ္ဘာ ဖျားနာ သမား ရှာ။ သမား ရှာ ကိုယ်မှာ တွေ့သတဲ့။ "Brace yourself!" * အောင်ဝေး (၄၊ ၄၊ ၂၀) * သင့်ကိုယ်… Read More
  • က မ္ဘ ာ ( ၄ ) xxx လက်ဆေး xxx Mask တပ် xxx Stay Home xxx နိုင်ငံတော် ကျန်းမာဖို့ "ကျမ တစ်ခု စမ်းချုပ်နေပါတယ်" ပြည်သူတွေ ကျန်းမာဖို့ "ကျမ တစ်ခု စမ်းချုပ်နေပါတယ်" … Read More
  • က မ္ဘ ာ ( ၃ ) ရုရှားအကျော်၊ စာဆိုတော် ပုသျှကင် ဟာ (အချစ်အတွက်) သေနတ်ချင်း ယှဉ်ပစ် သေသွားတယ်။ အခု ငါတို့ကမ္ဘာကြီး သေနတ်ချင်း ယှဉ်ပစ်ဖို့ စိန်ခေါ်ခံနေရပြီ။ သေ မလ… Read More

0 comments: