Thursday, October 28, 2010

on Nov 7the (part 4)

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

[ကဗျာ နိဂုံးပိုင်း]

မိတ်ဆွေ-
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ပန်းဆိုးတန်းမှာ ချိန်းကြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
တစ်နေ့ လုံး ဘတ်စ်ကား လိုက်စီးမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆူးလေဘုရားမှာ ဆုတောင်းမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရန်ကုန်တစ်မြို့ လုံး ဓာတ်ပုံ လျှောက်ရိုက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဒီဗွီဘီရုပ်သံ စောင့်ကြည့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ချေဂွေဗားရားနဲ့  လက်ဖက်ရည်ဆိုင်ထိုင်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
လော့စ်အိန်ဂျယ်လိစ်မှာ လူစုံမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မစ္စတာဘန်ကီမွန်းဆီ ဖုန်းဆက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အနာဂတ်မှာ ရှိနေမယ်။
မိတ်ဆွေ-
မမေ့ပါနဲ့ ။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
သံပုံးတီးပါ၊ တောထုတ်ပါ။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အသက် ပြင်းပြင်းရှူပါ
စိတ်ရှည်ရှည် စောင့်ပါ။
မိတ်ဆွေ-
မမေ့လေနဲ့ ။
နိုဝင်ဘာ-နိုဝင်ဘာ(၁၃)ရက်နေ့ ကျရင်
အဲဒီနေ့ ကျရင်
တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄)မှာ
ဒေါ်အောင်ဆန်းစုကြည်
မိန့် ခွန်း ပြောလိမ့်မယ်။ ။

အောင်ဝေး
၁၀၊၂၄၊၁၀။

Wednesday, October 27, 2010

on Nov 7th (part 3)

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်


[ကဗျာ အပိုင်း - ၃]

မိတ်ဆွေ-
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မန္တလေးတောင်ပေါ် တက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဒီပဲယင်းမှာ နှင်းမိုးရွာမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မြန်မာ့ရုပ်သံက ဟဒယရွှင်ဆေး လာမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မြ၀တီရုပ်သံက ဟာသကား ပြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ကြေးမုံသတင်းစာ မီးလောင်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မြန်မာ့အလင်းသတင်းစာ ရေကြီးမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ငရဲပြည်မှာ လုံခြုံရေး တင်းကျပ်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
နေပြည်တော်မှာ ငလျင်တော်လည်းမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ကိုဇာဂနာကြီးဆီ ထောင်ဝင်စာပို့ မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆရာစံဇာဏီဘိုဟောစာတမ်း ဖတ်ရမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ထီးရိုးကို မိုးကြိုးပစ်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ခြင်္သေ့ကို မြားနဲ့ ခွင်းမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ကျော်သူနဲ့ နာရေးသွားကူမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရွှေဂုံတိုင်မှာ စောင့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အိမ်က သပြေပင်ကလေး ရေလောင်းမယ်။

Tuesday, October 26, 2010

on Nov 7th (part 2)

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်


[ကဗျာ အပိုင်း - ၂]

မိတ်ဆွေ-
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဝါရှင်တန်-ဒီစီမှာ လူစုကြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဘန်ကောက်ကို ချီတက်ကြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရေဒီယိုကနေ ဥသြဆွဲမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဝေနှင်းပွင့်သုန်ဆီကို အီးမေးလ်ပို့ မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မဒမ်လျူရှောက်ဘိုကို အားပေးစကားပြောမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
နယူးယောက်မြို့ သတင်း လှမ်းမေးမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မဲခေါင်မြစ်ထဲမှာပန်းခွေမျှောမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဖုန်းမော်ဝိညာဉ် ကိုယ်ထင်ပြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မိသားစုနဲ့ ဂန္ဒီရုပ်ရှင်ကြည့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
မောင်ချောနွယ်နဲ့ အွန်လိုင်းမှာ တွေ့ မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆရာဦးတင်မိုးနဲ့ ဂျီတော့ခ် ပြောမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ချီကာဂိုထရီဗြွန်းမှာကြော်ငြာ ထည့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ယူတူး-အယ်လ်ဘမ် နားထောင်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အင်းစိန်ထောင်မှာ အရိုးတွန်မယ်။

Monday, October 25, 2010

on the Nov 7th

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်


[ကဗျာ အပိုင်း - ၁]

မိတ်ဆွေ-
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ကမ္ဘာပျက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
သံပုံးတီးမယ်၊တောထုတ်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆန်ဖရန်-ဂိုးဒင်းဂိတ်တံတားမှာ
ခွပ်ဒေါင်းအလံလွှင့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရွှေတိဂုံမှာအောင်မြေနင်းမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆရာဦးဝင်းတင်နဲ့ စကားပြောမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရန်ကုန်တက္ကသိုလ်ဘက်လှည့်ကြည့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အင်ဒီယားနား-ဖို့ တ်ဝိန်းမှာဆန္ဒပြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆရာကြီးမှိုင်းအုတ်ဂူသွားကန်တော့မယ်။

Sunday, October 24, 2010

အမဲလိုက်ပုံပြင်



တစ်ရံရောက
မုဆိုးနှစ်ယောက်
သူတို့ အမဲလိုက်ခဲ့ပုံတွေ
ပြန်ပြောကြတယ်။

တစ်ယောက်က
ကြံ့လိုက်တဲ့အကြောင်း - - -
တစ်ယောက်က
ဖွတ်လိုက်တဲ့အကြောင်း - - -။

စကား ကောင်းနေလိုက်တာ
သူငယ်အိပ်ဆိတ်
တံစက်မြိတ်စွန်းမှာ
လ၀န်းချိတ်ခဲ့ပြီ။

နောက်ဆုံး
ကြံ့လိုက်မုဆိုးက
အသံပြာခဲ့ကြောင်း - -
ဖွတ်လိုက်မုဆိုးက
ဓားမ ဆုံးခဲ့ကြောင်း - -
စကားဝိုင်းသိမ်းတော့
သက်ကြီးခေါင်းချ
ထနောင်းပင်စိမ်းစိမ်းမှာ
လရောင်လည်း သိမ်းခဲ့ပေါ့။

အောင်ဝေး

မူရင်း - သောင်းပြောင်းထွေလာ မဂ္ဂဇင်း၊ ၂၀၀၆ ဖေဖော်ဝါရီ