Sunday, December 31, 2017

ထား ခဲ့ ခြ င်း များ



ကျနော်တို့က
ဂျိမ်းဂျွိုက်စ်ကို သိတယ်
ခင်ဗျား နားမလည်ပါဘူး ဘိုနို။

ကျနော်တို့က
အိုင်ယာလန်အစိမ်းကို ချစ်တယ်
ခင်ဗျား မသိပါဘူး ဘိုနို။

အိုင်ယာလန် အစိမ်း
ရိုးမ အစိမ်း
အစိမ်း အစိမ်း
ထူပိန်း နိုးထ
အဘိုးအဘ အမွေ
အစိမ်းလေ
ခင်ဗျား မခံစားတတ်ပါဘူး။

ခင်ဗျား မပါလည်း
ကျနော်တို့ လမ်းဆက်လျှောက်နိုင်ပါတယ်။

ဆက်လျှောက်
ဆက်လျှောက်
လမ်း ဆက်လျှောက်မယ်။

ခင်ဗျား မရှိလည်း
ကျနော်တို့မှာ
သေချာတဲ့ဂီတတွေရှိတယ်
အားလုံးကိုကျော်ဖြတ်မယ်
သနားတယ် ဘိုနို။

ခင်ဗျား ကူညီခဲ့မှုအတွက်
ကျနော်တို့ရာဇဝင်မှာ
စာတစ်မျက်နှာ
ခင်ဗျားနာမည်ကို တစ်ဝက်ရေးထားမယ်။

ခင်ဗျားက
အမှန်တရားကို တစ်ဝက်ပဲ ချစ်တတ်ခဲ့တာကိုး။

ကျနော်တို့ရထားက
ရှေ့ဆက်ထွက်သွားပါပြီ။

ကိုစန်းဇော်ထွေးကို ထားခဲ့ရတာနဲ့
ခင်ဗျားကို ထားခဲ့ရတာ
ထားခဲ့တာချင်းတော့ မတူဘူးပေါ့  မစ္စတာဘိုနိုရယ်။ ။

ေ အ ာ င္ ေ ဝ း

(ဒီဇင္ဘာ ၃၁- ၂ဝ၁၇)

Saturday, December 16, 2017

ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၂ )

 

ဒီ နံရံမွာ
ဘယ်တော့မှ အမြစ်မတွယ်တော့ဘူး။
ဘဝက
တိုက်ကပ်ပန်းလို မလန်းဘူး။အသက်ရှင်ရတာ
သမိုင်းမကွေးရုံတစ်မယ်
ကိုယ့်ရင် ကိုယ်အကွဲခံပြီး
သိမ်ငယ်ရတယ်။

ထမင်းတစ်လုတ်
နှင်းတစ်ဆုပ် တဲ့
မဟုတ်သေးပါဘူး
တစ်ခုခုတော့ မှားနေပြီထင်ပါရဲ့။

ကိုလွဏ်းဆွေ ရယ်
မဲဆောက်မှာ ဖြစ်ဖြစ်
မစ်ရှီဂန်မှာ ဖြစ်ဖြစ်
အမြစ်က
ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ကျန်ရစ်တာဗျ။

ကျနော် မညာပါဘူး
ချစ်တယ်။

အချစ်အတွက် များများမလို
မြောက်ဒဂုံ အိမ်ရှေ့က
ရေနုတ်မြောင်းကလေးထဲ
ကန်စွန်းခင်းလေးတွေ
စိမ်းနေသေးတယ်ဆိုရင် လုံလောက်ပါတယ်။

လောကမှာ
ချစ်လို့ ထွက်ပြေးရတဲ့သူတွေလည်း
မနည်းတော့ပါဘူးလေ။ ။

ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၁၄၊ ၂ဝ၁၇)

design by Than Htay Maung

Thursday, December 7, 2017

ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၁ )





ဒီတစ်ခါ သေပြီးရင်
နောက်ထပ် မသေတော့ဘူး
မြစ်က။

အချစ်လည်း ဒီလိုပဲ
ဘယ်လိုလဲဆိုတော့ကာ
ဟိုလေ … ။

မြစ်ကို သေအောင်သတ်ပြီးမှ
ရေလည်း မစီးဘူး
လှိုင်းလည်း မခွပ်ဘူး
ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။

အချစ်က
တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။

မြစ်ကလည်း
တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။

” ခေတ်ကြီးက မစွံပါဘူးရှင် ”
မတရား မပြောပါနဲ့ ခင်ရယ်။

သတ္တိရှိရင်
ရဲရဲချစ်လိုက်ပါ
ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို
ချစ်လိုက်ပေါ့ ။

ဗမာပြည်မှာ
ချစ်လို့သေတဲ့ မသာ မရှိပါဘူး။ ။

ေ အ ာ င္ ေ ဝ း
(ဒီဇင္ဘာ ၅- ၂ဝ၁၇)

Art – Than Htay Maung

Saturday, October 28, 2017

The Day I Died at Mandalay Bay Was Sunday



Today is Monday

I died a day ago

O! Las Vegas

The day I died at Mandalay Bay was Sunday

 

Sunday night

Was it a starry, starry night, last night

Did I remember Vincent VanGogh, last night

Did Jack London or Hemingway come and join us, last night

The day I died at Mandalay Bay was Sunday

 

Sun down

Stars up

My heartbeat stopped at 10:05

That night

Ten minutes of terror

Under the heavy bullet rain

O! Last vegas

I died in your arms

 

Music is power

But music was bloody, Sunday

Songs were bloody, Sunday

Guitars had broken into pieces, Sunday

The day I died at Mandalay Bay was Sunday

Sunday looked at Sunday death

 

O! Love Vegas

Before I died, Saturday

Did I post something wrong on my Facebook

Did I sing a country song in my bedroom

Friday or/and Thursday

Did I listen to Bob Dylan

He was and still is my hero

 

O! Las Vegas

The day I died at Mandalay Bay was Sunday

This is Monday morning

I think I see Woody (Guthrie), father of country music

Weeping among the dead

 

Day in

Day out

Some days may arrive

Officials come and pray

Debate gun control, so far

Just words

The day I died at Mandalay Bay was Sunday

 

Loudly

One of the dead stands up

And shouting, repeatedly

“More guns, more homicides”

“Stop gun culture”

“No gun, no homicide”

“Stop gun society”

 

Moon on

Moon off

Tuesday, Wednesday will arrive

Officials will wait and see

The gun law

They will make America gun again

 

O! Last Vegas

The day I died at Mandalay Bay was Sunday

Who said, “Pure evil,” who said

This is not watering the flowers in the garden

This is deadly mass shooting rampage

This is domestic terrorism

This is domestic attack

This is domestic violence

 

O! Vegas

Does a citizen have “licence to kill”

Do people have “licence to kill”

 

O! Vegas

The entire desert is burning

 

O! Lost Vegas

The day I died at Mandalay Bay was Sunday

Aftermath blood flood

I strongly blame NRA,

National Rest-in-peace Association

 

Aung Way

Friday, October 13, 2017

Sunday, October 1, 2017

LAND AGAINST THE TERRORISTS




This is our land,
Land of Aung San Suu Kyi,
National leader.
....
This is our land,
Land of the "doves,"
Not of the "hawks."
...
This is our land,
There is no genocide,
No ethnic cleansing.
...
This is our land,
We stand with Aung San Suu Kyi,
Down with the terrorists.
...
This is our land,
Land against the terrorists.
...
AUNG WAY
Myanmar (Burma)
9-28-17

Saturday, September 9, 2017

ညိုမီ ဂုမ္ဘာန်​ ညများ


 


ဂုမ္ဘာန်
ညီမ​လေး ညိုဂုမ္ဘာန်​ရဲ့
မင်းနှုတ်​ခမ်း​တွေက ညှို့ငင်
မင်းမျက်​လုံး​တွေနဲ့
ပစ်​လွှတ်​လိုက်​တဲ့
အနှစ်​နှစ်​အလလ အမြစ်​စွဲ​နေတဲ့​မြေကြီးကိုမှ
ခွဲခဲ့ရတဲ့သစ်​ပင်​ကို
အဲဒီမြားကို
နှလုံးသားက ဆွဲနှုတ်​ရတဲ့အခါ
ဒါဟာ ဒီညပျက်​ကြီးရဲ့
ပထမဆုံးခွက်​​ပေါ့။

ဒဂုန်​တာရာအတွက်​ တစ်​ခွက်
မြသီတာမြစ်​ကြီးအတွက်​ တစ်​ခွက်
ခရမ်း​ရောင်​ ပင်​စီပန်းများအတွက်​ တစ်​ခွက်​။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
မနက်​မလင်းခင်
မက်​ခဲ့ဖူးတဲ့အိပ်​မက်​ကိုပဲ
အက်​ကွာရီဂျာ နဲ့သန့်​စင်
ပြုပြင်​ခဲ့ ဖာ​ထေးခဲ့
ရွှေထက်​လက်​ရှတဲ့
လခမြည​တွေ
ပပကြိုးကြွ​တွေ
မိခင်​နို့ထက်​ဖြူတဲ့ငှက်​​တွေ
ငါတစ်​ဦးတည်းပိုင်​ မြင်းရိုင်းရဲ့လမ်းမှာ
ရွှေ​တောင်​ကြီးလဲပြို
ပင်​လယ်​မုန်​ယိုလှိုင်းကြမ်း
မြစ်​တို့လည်း မဝှမ်းကြ
ပန်းနု​ရောင်​နှစ်​ကာလများထဲ​လေ
အဲဒီလိုနဲ့
မြရာပင်​ထက်​က
ကြယ်​​တွေ​ကြွေသက်​ခဲ့ကြပါပ​ကော။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
ငယ်​ငယ်​တုန်းက
ရိုးလည်းရိုးသားပါရဲ့
လည်​ကတုံး​ကော်​လံ တိုက်​ပုံပင်​နီ
လီနင်​ဓာတ်​ပုံ
ဘား​ဒေါ့ပုံလဲ ပါသ​ပေါ့
ဒီဇင်​ဘာ ၂ဝ ကိုပင်
တက္ကသိုလ်​ ​ရွှေရတုသဘင်​ဇာတ်​ခုံ​ပေါ်တင်​ခဲ့
အရင်းကျမ်းနဲ့ ကိုးခန်းပျို့​​တွေ​ခေါင်းအုံးအိပ်​ခဲ့
ကံ့​ကော်​ဝါရိပ်​ လ​ရောင်​ပြာရိပ်​က​နေ
ဆိတ်​ဖလူးရနံ့​တွေထဲအထိ
မိမိနဲ့ မိမိရဲ့ မှန်​ကူကွက်​များ
လှုပ်​ရှား
သက်​ငြိမ်
အဲဒီနရသိန်​ကြီးအတွက်​ တစ်​ခွက်​။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
ဟောဒီ​မြေပြင်​ကွက်​လပ်​ကြီး​ပေါ့
ဘယ်​လိုမှ မခံမရပ်​နိုင်​တဲ့အဆုံး
ကိုယ့်​ပခုံသား​ပေါ်
ကိုယ့်​ဝိညာဉ်​ကိုယ်​တင်​ထမ်း
သေခြင်းရဲ့နှုတ်​ခမ်းကို
ကိုယ့်​နှုတ်​ခမ်းအပ်​လို့
ဒိုင်​ယာလက်​သစ်​ မမှားဘူး။

ပင်​မ​ရေစီးမမှားဘူး
အိပ်​မက်​ရဲ့မှားခြင်းနဲ့
မှားခြင်းရဲ့အိပ်​မက်​ကြား
တို့အထဲက
တချို့အ​ကောင်​​တွေကလည်း
အပျိုရည်​အ​မြှေးပါး ဆန်လှချည်ရဲ့
စုတ်​လွယ်​ ပြဲလွယ်​နဲ့
ဂျီးလပ်​စ်​ တ​စ္ဆေကလည်း
အဲဒီမှာ​ချောက်​လှန့်

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
အ​ရေးထဲ
သူ့ရင်​အုံက လှံကိုနှုတ်​​ပေးဖို့
ကိုယ့်​​နောက်​​ကျောထိုးစိုက်​​နေတဲ့ဓားကို ကိုယ်​​မေ့​လျော့
ကိုယ့်​​လေညင်းကို ကိုယ်​ကာကွယ်​ဖို့
သူခုခံ​နေတဲ့ မုန်​တိုင်းကို ကိုယ်​​မေ့​လျော့
မျှော်​လင့်ခြင်းဆိုတာလည်း
ပန်းအိုးထဲ အမြစ်​​တွေ ကျုံ့ပြီး
ခေါင်းငုံ့သွားတာကိုလည်း ကိုယ်​​မေ့​လျော့
အမှတ်​တရ ​ကျောက်​တုံးမှာ​ရေးဖို့
ကိုယ့်​နာမည်​ကိုလည်း ကိုယ်​​မေ့လျာ့
အဲဒီအ​ကြောင်း​တွေကိုပဲ
တစ်​ခါတစ်​ခါ ငါ​မေ့​လျော့
အဲဒီ​မေ့​လျော့ခြင်းများအတွက်​ တစ်​ခွက်​ ။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
အသက်​​တွေက မငယ်​ကြ​တော့ဘူး​လေ
ဂျင်း​ဘောင်းဘီထဲဝတ်​လို့
ဂျီအင်​အာ တီရှပ်​ထဲဝတ်​လို့
ကန္တာရစီးကရက်​ ခဲလို့
ရေစီး​ကြောင်းက ​တော်​လှန်​​ပြောင်းလဲသွား
မျိုးဆက်​သစ်​များခြားနား
လမ်း​လျောက်​ဖိနပ်​ထဲ ​ခြေ​ထောက်​​တွေထည့်​ထည့်​ပြီး
ဟဲဗီး​ရော့ခ်​ ဒီဇီုင်းနဲ့
ဘဝကိုသမိုင်းဆိုင်​ရာ အိတ်​စုတ်​ကြီးထဲထည့်​ထည့်​ပြီး
တစ်​က ပြန်​စတဲ့ ဇာတ်​ညွှန်းမှာ
ဖီးနစ်​ငှက်​က မျက်​ရည်​ကျတဲ့ ညတစ်​ည
ခိုးယူခြင်းအရာမှာ ငါ့ထက်​သာသူ
ဟဲလို ပရိုမီးသီးယပ်​စ်
သင်​နဲ့​ပေါင်းပြီး
ဒေါင်းတစ်​​ကောင်​နဲ့ပျားရည်​တစ်​အိုး
ပြန်​ခိုးယူရမယ့်​အခန်း
ကြမ်းချင်​ကြမ်းမယ်​ လွမ်းချင်​လွမ်းမယ်
စိမ်းလန်း​သော ​ဟောဒီရင်​အုံမှာ
ဝန်​ခံပါရဲ့
ငါက​တော့
ဂရမ်​မာ ကိုတစ်​ဖန်​ပြန်​ပြီး
ရွက်​လွှင့်​ချင်​သူ​ပေကပဲ ။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
အရင်​လို​ကောင်းကင်​​အောက်
အဖန်​ဖန်​ပြန်​​ရောက်​လာတဲ့မြစ်​​တွေထဲ
ဘယ်​မြစ်​ဟာ ငါပါလိမ့်​ဆိုပြီး
ပင်​လယ်​ရင်​အုံကို
နာကျင်​ရုံသာသာ​လေး
ခေါင်းနဲ့ထိုးထိုးပြီး
တိုးတိုး​လေး ငို​နေရတဲ့ည​တွေ
နေ့​တွေ
တကယ်​​တော့ ငါပြန်​လာတာဟာ
ရည်းစားဦး အံဝှက်​ထဲကိုပါ
ငါစီးဆင်း​နေတာက
ခပ်​ရိုင်းရိုင်းစည်းချက်​နဲ့
က​ချေသည်​ရဲ့ လှိုင်းပုခက်​မျိုး
အဲ့ဒီမှာ မွန်​ရိုးရဲ့မြစ်​​တွေအတွက်
ငါ့တစ်​ဘဝလုံးဟာ တစ်​ခွက်​စာဆိုရင်
အဲဒီတစ်​ခွက်​စာကိုပဲ
အဲဒီမြစ်​​တွေအတွက်​ တစ်​ခွက်​။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
ငြိမ်းချမ်း​ရေးအနမ်းများ​ပေပဲ
အဲဒီမှာ ဒဏ်​ရာဟက်​တက်
ဓားက ဓားအိမ်​ကို နာကျင်​​စေသလိုမျိုး
ရောမန္တိက မဖြစ်​တဲ့ အ​တွေးအ​ခေါ်​တွေ
ဝိညာဉ်​က ရင်​ကို နွမ်းနယ်​​စေတာမျိုး
လှပတဲ့ အဆိပ်​ကိုပင်
မြိုချခဲ့ပြီး​တော့မှ
အက်​သင်​မြို့ကြီးကိုလည်း
ငါမျိုရ​တော့မယ်
အလို မုဆိုးမအလှပြင်​သလို
လင်​​ကောင်း သား​ကောင်းကိုလိုချင်​ပြန်​တဲ့
ဟောဒီမြို့​တော်​ကြီးမှာ
ဘယ်​ဟိုတယ်​ရဲ့ညနဲ့များ
ငါမှားယွင်းအိပ်​စက်​မိပါလိမ့်​။

ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
မ​သေချာခြင်းများကသာ
သေချာခဲ့ပါတယ်
ရာဇဝင်​မြစ်​ကျဉ်းတစ်​ခုက​နေ
နောက်​ရာဇဝင်​မြစ်​ကျဉ်းတစ်​ခုဆီ
မြိုသိပ်​ရခြင်း​တွေ လည်​ပင်းမဆံ့
တမ်းတခြင်းများသာ
အခါခါ လျှို့ဝှက်​ဖုံးဖိ
ဒီလိုနဲ့ပဲ
မောင့်​ ဂူစတီနာ​ရေ ဆိုတဲ့အသံကို
နွေဦးထဲထည့်
ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
ဘယ်​လိုများလည်းဆိုရင်
ကဗျာဆရာတစ်​​ယောက်​ဟာလည်း
နွေဦးတစ်​ခုပါကွယ့်
အဲဒီ​နွေဦးကို
ဟောဒီအသည်းကွဲညကြီးထဲထည့်
အဲဒီညကြီးကိုပဲ
ဖန်​ခွက်​ထဲထည့်
ညီမ​လေး ညိုမီဂုမ္ဘာန်​ရဲ့
ဟောဒီမှာ
ဗန်း​မော်​တင်​​အောင်​အတွက်
ဟောဒီမှာ
မောင်​​လေး​အောင်​အတွက်
ဟောဒီမှာ
ဖော်​​ဝေးအတွက်
ဟောဒီမှာ …. ။ ။

အောင်​​ဝေး

၁၉၉၅ စက်​တင်​ဘာ ပန်း​ဝေသီမဂ္ဂဇင်း
၂ဝဝဝ ပြည့်​နှစ်​ ဇူလိုင်​လ ချယ်​ရီမဂ္ဂဇင်း

Friday, August 18, 2017

ကာ န ယ် နဲ့  ပ န်း ချီ ဆ ရာ ။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTN3dRUMDwAeWOvFJaZEhdxIzdnCNzuwl8SnV3WGal7i2FQ4n3hx2E9ANXOtsx-qPNxYpYxB6Hb0fDLm4Hz2nWqsHH6sIng9BVmKzpoQc8RLiQIaiPWoUDVO9XMks8qvdiQt4jBdrfeiS_/s1600/IMG_5721.jpg

"ကာနယ်က
ငါ့ ဆရာကွ"
ဈာပနယာဉ်တန်း
ကမ္ဘာအေးလမ်းမှာ
သူ လွမ်းပြော ပြောတယ်။

လောကနတ်
ကာနယ်ကြည်မောင်
ဓမ္မိကဘသန်း
ပန်းဆိုးတန်း
လွမ်းမိုးသန်းစရာ
အတိတ်မှာ။

ကာနယ့်ဆီက
ဂီတရဲ့ပန်းချီ
ဒါမှမဟုတ်
ပန်းချီရဲ့ဂီတ
သူရခဲ့မယ်။

အဖမ်းအဆီး
အချုပ်အနှောင်
အမှောင်လက်သည်းဝှက်
ထောက်လှမ်းရေးနဲ့
သတင်းပေး
ငရဲခွေးတွေ စောင့်ကြည့်နေတဲ့ကြား
ဈာပနကားတစ်စီးပေါ်မှာ
သူ
ကာနယ့်ကို နောက်ဆုံးဂုဏ်ပြုဖို့
လိုက်ပါလာရဲ့။

ဒါကြောင့်လည်း
ခင်ဝမ်းက
ခင်ဗျားကို ချစ်ခဲ့တာနေမှာ
အို ... မောင်ဒီ။ ။

ေ အ ာ င္ ေ ဝ း


(၂ဝဝ၄၊ သြဂုတ် ၁၉ နေ့က ကွယ်လွန်ခဲ့သော အန်ကယ်ဦးကြည်မောင်သို့)

Wednesday, July 12, 2017

ဤေ န ရာ တွ င် က ဗျာ ဆ ရာေ အာ င်ေ ဝး ၏ ဖ ခ င် စ စ် သားေ ဟာ င်း ကြီး လဲ ေ လ် ာ င်း သ ည်




ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ့ကိုဂုဏ်ပြုမြှုပ်နှံပရစေ။

ညောင်လေးပင်မြို့ က သုသန်ကလေးရေ
ငါ့ အဖေကို ငါမြှုပ်နှံပရစေ။

အခုတော့
အဖေက တပ်ကြပ်ကြီးအေးမောင်(ငြိမ်း) (ကွယ်လွန်)
အဖေ့သားကျနော်က ကဗျာဆရာအောင်ဝေး (ပြည်ပြေး)။

သားနဲ့ အဖေ တစ်မြေစီ တစ်ရေစီ
အဖေနဲ့ သား ဘဝခြားခဲ့ပြီ။

ရွှေဝါရောင်အလွန်မှာ
ကျနော်က အဖေနဲ့ အမေကိုထားခဲ့တယ်။

နာဂစ်မတိုင်မီကလေးမှာ
အမေက အဖေ့ကိုထားရစ်တယ်။

အခု အဖေက
အားလုံးကိုထားသွားပြီ။

ကျနော်ပြန်လာတဲ့အထိ
စောင့်ပါဦးတော့လားအဖေရယ်

တစ်နေ့ ကျနော်ပြန်လာမှာပေါ့ ။

အဖေ ကျနော့်ကိုမျှော်နေမယ်
အဖေ ကျနော့်အကြောင်းတွေးနေမယ်
ကျနော်သိတယ်။

ကျနော်အချိန်မီပြန်မလာနိုင်တာ
ခွင့်လွှတ်ပါအဖေ။

အခုတော့ ကျနော့်နှလုံးသားထဲမှာ
အဖေ့ကို မြှုပ်နှံလိုက်ရပြီ။

ညောင်လေးပင်မြို့ က သုသန်ကလေးရေ
ငါ့ အဖေကို ငါမြှုပ်နှံပရစေ။

အမေရေ
အဖေ့ကို ဆီးကြိုပါတော့။

အဖေရေ
ကျနော့်ကိုခွင့်လွှတ်ပါတော့။

သားဟာ အဖေ့ကိုဆန့် ကျင်ခဲ့တယ်
သားကိုခွင့်လွှတ်ပါအဖေ။

စစ်တပ်ဟာ
စစ်အာဏာရှင်စနစ်ကိုကာကွယ်ပေးထား
ကျနော် စစ်တပ်ကိုဆန့် ကျင်တယ်။

စစ်တပ်ကိုဆန့် ကျင်တဲ့ကျနော်
အဖေ့ကိုဆန့် ကျင်သလိုဖြစ်ခဲ့တယ်။

အခုတော့ အဖေ့ကိုကျနော်အားနာတယ်
အဖေက သားကို
ဘယ်တုန်းကမှ မဆန့် ကျင်ပါဘူး။

အမေရေ
အဖေ့ကို ဆီးကြိုပါတော့။

အဖေရေ
သားကိုခွင့်လွှတ်ပါတော့။

တရုတ်ဖြူတွေကိုတိုက်ခဲ့လို့ 
အဖေ့ရင်ဘတ်မှာ ပြည်ပရန်နှိမ်တံဆိပ်ကလေး
တိုင်းပြည်ကချိတ်ပေးဖူးတယ်။

ပြည်တွင်းစစ်ကြီးထဲက
ညောင်လေးပင်မြို့ လေးရဲ့ စစ်တန်းလျားတစ်ခုမှာ
ကျနော်မွေးခဲ့တယ်။

တော်လှန်ရေးကောင်စီခေတ်မှာ
အဖေက ဗ က ပ တွေကိုတိုက်တဲ့
အစိုးရစစ်သား။

မ ဆ လ ခေတ်ကိုရောက်တော့
ကျနော်က အစိုးရကိုတိုက်တဲ့
ဗ က ပ (မြေအောက်)ကျောင်းသား။

အဖေက တပ်မတော်ပါတီကော်မတီ
ကျနော်က ကျောင်းသားခေါင်းဆောင်ဘာမထီ။

ကျနော်ဝန်ခံပါတယ်
ကျနော့်နိုင်ငံရေးဟာ
မ ဆ လ စစ်အစိုးရကိုအလဲမထိုးနိုင်ခဲ့ဘူး။

ကျနော် ပထမဆုံးအကြိမ်
အကျဉ်းထောင်ထဲရောက်သွား
ဆိတ်ဖလူးရနံ့  (၁၉၇၆)။

သံတိုင်ကြားက
ကျောင်းသားခေါင်းဆောင် သားဖြစ်သူကို
သူ့ အဖေ တပ်မတော်ပါတီကေဒါက
ထောင်ဝင်စာ လာတွေ့ ရှာတယ်လေ။

ကျေးဇူးတင်ပါတယ်အဖေ
နရသိန်ထဲမှာ
သားဟာပျော်ပါတယ်။

ကျနော့်ကြောင့် အဖေ့ကို
စစ်တပ်က အငြိမ်းစားပေးလိုက်ပေါ့ 
ကျနော်စိတ်မကောင်းပါဘူးအဖေ။

ရာဇဝင်တွေဖြတ်သန်းသွားတယ်
ကံကြမ္မာရထားကြီးပေါ်မှာ
အဖေ အငြိမ်းစားစစ်မှုထမ်းဟောင်းကြီးဖြစ်လာတယ်။

ကျနော် ထောင်ကလွတ်လာတယ်
ကျနော် မြစ်ဝကျွန်းပေါ်ကိုပြန်တည်ဆောက်တယ်
ကျနော်အိမ်ထာင်ကျတယ်။

ဟိုတုန်းက
ကျောင်းသားသူပုန်တစ်ယောက်ရဲ့ အဖေ
နောက်တော့
အဖေဟာ ကဗျာဆရာရဲ့ အဖေ ဖြစ်လာခဲ့ပေါ့ ။

ကဗျာဆရာကမွေးတဲ့ ကလေးတွေရဲ့ 
ဘိုးအေဖြစ်လာခဲ့ပေါ့ ။

ရှစ်လေးလုံးအရေးတော်ပုံမှာ
တိုက်ပွဲဝင်နေတဲ့သူ့ သားကဗျာဆရာရဲ့ ဓာတ်ပုံ
သတင်းစာထဲကဖြတ်ပြီး
သူ့ အဖေစစ်သားဟောင်းကြီးသိမ်းပြန်သတဲ့။

ဟိုတုန်းက တပ်မတော်နေ့ အခမ်းအနားတွေ
သူ့ စစ်ဝတ်စုံအဟောင်းကြီး ထုတ်ထုတ်ဝတ်တတ်တဲ့မင်းတို့ အဖေ
ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာထုတ်ဝတ်တာမတွေ့ တော့ဘူး
အမေ ပြောပြဖူးတယ်။

ကျနော်ကလည်းကျနော်
လူထုတော်လှန်ရေးထဲမှာပျော်တယ်။

ကျနော် ဒုတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် ဒုတိယအကြိမ်ထောင်ကပြန်ထွက်။

ကျနော် တတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် တတိယအကြိမ်ထောင်ကပြန်ထွက်။

ယဉ်ကျေးမှုရှေ့ တန်းစစ်မျက်နှာမှာ
ကျနော်က အရေးတော်ပုံတပ်သားတစ်ယောက်။

ကျနော့်ကဗျာတွေ အဖေဖတ်မှာပဲ
(အမေက အမြဲဖတ်တယ်လေ)
ကျနော့်အနာဂတ်ကို အဖေကျေနပ်မှာပဲ
ကျနော့်အိမ်ထောင်ရေးလည်း အဖေစိတ်ချမှာပါ။

ကျနော့်သား အဖေ့မြေးတွေ
အင်ဂျင်နီယာ၊ ကွန်ပျူတာ ဘွဲ့ အသီးသီးရပြီ။

ကျနော့်ဇနီး အဖေ့ချွေးမ
ပါရမီဖက်ခင်မွန် ဘွဲ့ ရပြီ။

မြေးတစ်ယောက်ရဲ့ ဘွဲ့ နှင်းသဘင်
စည်တော်ယွန်းတဲ့အခါ မျက်ရည်ကျတာ
အဲဒီစစ်သားဟောင်းဘိုးအေကြီးပေါ့ ။

ညောင်လေးပင်မှာနေတဲ့အဖေဟာ
လွမ်းတဲ့အခါ
ရန်ကုန်မှာနေတဲ့သားဆီကိုလာတယ်။

ဖအေနဲ့ သား
ရေဒီယိုကလေးတစ်လုံးအလယ်ကောင်ချ
တစ်ညလုံး ခေါင်းချင်းဆိုင်နားထောင်ကြ။

သားနဲ့ အဖေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ
ဓနုဖြူကနေ ဒီပဲယင်းအထိ
ထင်မြင်ချက်ချင်းညှိကြ။

ကြည့်ရင်းကြည့်ရင်းမှာပင် လူတို့ သည်
ပရွက်ဆိတ်တမျှ သေးငယ်သွားကြကုန်၏ တဲ့
ဆရာမောင်သာရ ရေးခဲ့ဖူးတယ်။

တချို့ တွေ နေနိုင်လွန်းတယ်
ခိုင်ထူးသီချင်းလိုပဲ။

ဒီနေ့ ခေတ်မှာ
သူရဲကောင်းလည်းများသလို
သစ္စာဖောက်လည်းပေါတယ်။

ဒီနေ့ ခေတ်မှာ
ကိုယ်ကျိုးစွန့် အနစ်နာခံသူလည်းရှိ
အချောင်သမားစားဖားလည်းရှိ။

ကျနော် ဘာကောင်လဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတယ်။

ကျနော် ဘာလဲ ဘယ်လဲ
အဖေမမေးခင်
ကျနော့်ကိုယ်ကျနော် အရင်မေးရတယ်။

အဖေနဲ့ နောက်ဆုံးတွေ့လိုက်ရ
ရွှေဝါရောင်အထွေထွေသပိတ်ကြီးအစ။

အဖေက ကျနော့်ကို
ကျော်သူအကြောင်းမေးတယ်။

အဖေက ကျနော့်ကို
ဇာဂနာအကြောင်းမေးတယ်။

အဖေက ကျနော့်ကို
ကျနော့်အကြောင်းမမေးဘူး။

ဒီလိုနဲ့ 
ရွှေတိဂုံသပိတ်စခန်းဖြိုခွဲခံရ။

ရွှေဝါရောင်အလွန်မှာ
ကျနော်က အဖေနဲ့ အမေကိုထားခဲ့ရ။

နာဂစ်မတိုင်မီကလေးမှာ
အမေက အဖေ့ကိုထားရစ်ပြန်ခဲ့။

အခု အဖေက
အားလုံးကိုထားသွားခဲ့ပြီ။

သားပြန်လာတဲ့အထိတော့
စောင့်ပါဦးလားအဖေရယ်

သား တစ်နေ့ ပြန်လာမှာပေါ့ ။

တစ်နေ့ 
အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်းရောက်မှာပေါ့ ။

အခုတော့
ကျနော့်နှလုံးသားထဲမှာ
အဖေ့ကို မြှုပ်နှံလိုက်ရပြီ။

ဤနေရာတွင်
ကဗျာဆရာအောင်ဝေး၏ဖခင်
စစ်သားဟောင်းကြီးလဲလျောင်းသည်

ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ ကောင်းရာသုဂတိရောက်ပါစေ။ ။


(၂ဝ၁၁၊ ဇူလိုင် ၂ဝ အဖေကွယ်လွန်သည်)

Friday, July 7, 2017

THE 55th CURSE




Under military boots
No flowers bloom.

Into the boots
You who are trying to offer flowers
At the bottom
Of the Union
On the empty ground
Until die
May the Ne Win ghost frighten you.

AUNG WAY
Trans: NEI HTEK NAING

7 July 2017

(Photo - Pyae Pyae/Myanmar Now)

Thursday, July 6, 2017

၅ ၅ ကြိ မ်ေ မြာ က် ကျိ န် စာ




စစ်ဖိနပ်အောက်မှာ
ပန်းမပွင့်ဘူး။

စစ်ဖိနပ်ထဲ
ပန်းထိုးဖို့
ကြိုးစားနေတဲ့သူတွေ ...
သမဂ္ဂခြေရင်း
မြေတလင်းမှာ
မသေမချင်း

နေဝင်းတစ္ဆေ ခြောက်ပါစေ။ ။

Monday, June 19, 2017

အ ေ မ့ ယ ာ



ရွာပြင် မိုးချုပ်၊
ခွေးသားအုပ်။

ခွေးအုပ် ထိုးဟောင်၊
မိုး လရောင်။

မိုး လရောင်၊
ရိုး တောင်ခြေရင်း။

အဘိုး မာပါစေ၊
အဘွား သာပါစေ၊
ယာအခြေ၊ မြေနူးနူးမှာ
ကောက်ဦးနံ့သင်း။ ။

ေ အ ာ င္ ေ ၀ း

(ဇွန် ၁၉၊ ၂၀၁၇)

[ ပန်းချီ - သန်းဌေးမောင် ]

Sunday, April 9, 2017

ယ က် ဗ် တူ ရှ င် ကို အ တွ က် က ဗျာ တ စ် ပု ဒ်


( ၁ )
ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ခွေးက
ထမင်း မကျွေးတဲ့လက်ကို လျက်တယ်။
"လူငယ်တွေကို မုသားပြောတာ မှားတယ်
မုသားတွေကို မှန်တယ်လို့သက်သေပြတာလည်းမှားတယ်
လူငယ်တွေဟာ ပြည်သူတွေပဲ"
ခင်ဗျား ဒီလိုပြောခဲ့တယ် ယက်ဗ်တူရှင်ကို။
ထမင်း မကျွေးတဲ့လက်ကို လျက်တဲ့ခွေးက
ထမင်းကျွေးတဲ့လက်ကို ကိုက်တယ် ယက်ဗ်တူရှင်ကို။
ဖက်ဒရယ်အိမ်ကြီးပေါ် ဖွတ်တက်လာတယ်
ပြည်ထောင်စုရုံတော်ကြီးမှာ ဒီနေ့တင်ဆက်မယ့်ပြဇာတ်ကတော့
"ကျန်စစ်သား ငါ့ ကိုခိုးတယ်"
ဆိုဗီယက်ယူနီယံပြိုကွဲသွားတော့
ခင်ဗျား ဘယ်ရောက်သွားလဲ ယက်ဗ်တူရှင်ကို။
ခင်ဗျားဟာ တော်လှန်ကဗျာဆရာလား
ဝါဒဖြန့်သမားလား
ခင်ဗျားသေတော့မှ
ဗမာပြည်က ကောင်လေးတွေက မေးနေကြတယ်။
သူတို့ဟာ ဇာပန်းကွက်ထဲပဲ ပန်းတွေထပ်ထပ်တိုးနေတဲ့
ကောင်လေးတွေပေါ့ ။
သူတို့ နှင်းတောထဲက ချမ်းနေတဲ့သူတွေဆီ
ကျောက်မီးသွေးတစ်ခဲ ပို့ခဲ့ဖူးသလား
ခင်ဗျားမေးကြည့်ပါလား ယက်ဗတူရှင်ကို။
အို- ယက်ဗ်တူရှင်ကိုရဲ့
မော်စီတုန်းကတော့
အနုပညာအားလုံးဟာ ဝါဒဖြန့်တာပဲတဲ့။
ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်
ကဗျာရေးတဲ့အခါ ရေးတာပဲ
(သူ့ကိုဝေဖန်တဲ့အခါလည်း ဝေဖန်တာပေါ့ )
ကျနော့်ကို N L D တပ်ဦးကကဗျာဆရာလို့
ခေတ်ပြိုင်ဖြစ်တဲ့ ကဗျာဆရာမြတ်လှိုင်းကပြောတယ်။
ကျနော့်ကဗျာတွေဟာ
လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို
ဝါဒဖြန့်တာပေါ့ ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဝါဒဖြန့်
စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးသွားမယ့်
အနာဂတ်ကိုဝါဒဖြန့်
ဒီလိုနဲ့
အောင်ဝေးဟာ ဝါဒဖြန့်ချိရေးသမားဖြစ်ရောလား။
ယက်ဗ်တူရှင်ကို
ကျနော် ကျနော့်နိုင်ငံကိုချစ်တယ်
ခင်ဗျားလည်း ခင်ဗျားနိုင်ငံကိုချစ်မှာပဲ။
နိုင်ငံချစ်စိတ်နဲ့ ကဗျာတွေရေးခဲ့ကြ
ကဗျာတွေရေးပြီး နိုင်ငံကိုချစ်ခဲ့ကြ။
နောက်ဆုံးတော့လည်း
ခင်ဗျားက အမေရိကမှာ ခေါင်းချရ
ကျနော်လည်း မစ်ရှီဂန်မှာ ပြည်ပြေးဘဝ
ဒါနဲ့ပဲ ကျနော်တို့ဟာ
နိုင်ငံမဲ့ကဗျာဆရာတွေ ဖြစ်ရတော့မှာလား။
အို- ယက်ဗ်တူရှင်ကိုငဲ့
ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ခွေးက
ထမင်း မကျွေးတဲ့လက်ကို လျက်တယ်။

( ၂ )
ယက်ဗ်တူရှင်ကို
ရဲဘော်ကြီးအကြောင်း ဗမာပြည်မှာ
ပထမဆုံးကဗျာရေးသူက
မန္တလေးက ကဗျာဆရာကြီးမောင်စွမ်းရည်ပေါ့ ။
သူလည်း ခင်ဗျားလိုပဲ အခု
နယူးယောက်မြို့မှာ ပြည်ပြေးပေါ့ ။
ခင်ဗျား အမေရိကမှာနေတယ်
အမေရိကဟာ ခင်ဗျားကမ္ဘာလား။
မောင်စွမ်းရည် အမေရိကမှာနေတယ်
အမေရိကဟာ မောင်စွမ်းရည်ကမ္ဘာလား။
ခက်တယ် ယက်ဗ်တူရှင်ကို
ထမင်းကျွေးတဲ့လက်ကိုကိုက်တဲ့ ခွေးတွေက
ထမင်းမကျွေးတဲ့လက်ကို လျက်တယ်လေ။
ခင်ဗျားလည်း စတာလင်အာဏာရှင်စနစ်ကိုဆန့်ကျင်လို့
ကွန်ဆိုမို(ကွန်မြူနစ်လူငယ်အဖွဲ့)က အထုတ်ခံရသူပဲ။
စတာလင်သတ်လို့သေတဲ့ မသာတွေထဲ
ခင်ဗျားပါမသွားတာ လွှတ်ကံကောင်းပေါ့ ။
ခင်ဗျားတို့ဆီကလူတွေကလည်း
ဒင်တွေပါပဲ ယက်ဗ်တူရှင်ကို။
စတာလင်က လူတွေသတ်တယ်
ဆိုက်ဗေးရီးယားဟာ ဆိုရှယ်လစ်မဲဇာပေါ့ ။
ခရုရှက်က ကုလသမဂ္ဂစားပွဲခုံကို
ရှူးဖိနပ်နဲ့ခေါက်တယ်။
ကျနော်တို့ဆီက မစွံခဲ့တဲ့
ငြိမ်းချမ်းရေးပို-စစ်ရေးချို ဆိုတဲ့ ၅၅ လမ်းစဉ်က
ခရုရှက်လက်ဆောင်ပေါ့ ။
နိုင်ငံတကာကွန်မြူနစ်တွေ
မော်စကိုဂိုဏိး-ပီကင်းဂိုဏ်း နှစ်ခြမ်းကွဲတော့
ကျနော်တို့က ပီကင်းလမ်းပေါ့ ။
အဲဒီမှာ ငါးပါးမှောက်တာပဲ
ပီကင်းကလာတဲ့ စစ်ရေးပို-နိုင်ငံရေးချို
၆၄ လမ်းစဉ်သပ်လျှို လူကိုခွေးသတ်
ပဲခူးရိုးမကြီး သားကြောပြတ်ပါရောလား။
မော်စကိုလည်း မစွံပါဘူး
ပီကင်းလည်း မစွံပါဘူး။
ထမင်းမကျွေးတဲ့လက်ကို လျက်တဲ့ခွေးတွေက
ထမင်းကျွေးတဲ့လက်ကို ကိုက်တယ်လေ။
ခင်ဗျားကိုတော့ ကျနော်တို့က
သံယောဇဉ် မကုန်ပါဘူး ယက်ဗ်တူရှင်ကို။
"ရုရှားတွေက စစ်ကိုလိုသလား
ရုရှားတွေက စစ်ကိုလိုသတဲ့လား"
၁၉၈၆ နိုင်ဘာ(၃)ရက်ည
ခင်ဗျားဗမာပြည်လာတုန်းက
ဆိုဗီယက်သံရုံးမှာ အကျယ်ကြီးရွတ်ခဲ့။
ကန္တာရနှစ်ကာလတွေကပေါ့ 
ကျနော်တို့ဟာ ဒဏ်ရာ ကမ္ဘာမဆန့် ရခဲ့တယ်။
ခင်းဗျားရဲ့ရုရှားတွေက
ဗမာပြည်စစ်အစိုးရကို ကျားကန်ပေးခဲ့။
ခင်ဗျားရဲ့ ရုရှားတွေက
ကုလ-လုံခြုံရေးကောင်စီမှာ
ဗမာပြည်အရေးကို နှောင့်ယှက်ခဲ့။
ခင်ဗျားရဲ့ အဲဒီရုရှားတွေပဲ
ဗမာပြည် ဖက်ဆစ်တပ်ထဲ
မောင်းပြန်သေနတ်တွေ၊ ဗော့ဒဂါအရက်ပုလင်းတွေပို့ဆဲ။
မကောင်းလည်းကိုယ်၊ ကောင်းလည်းကိုယ်
ရုရှားပြန် စစ်ဗိုလ်တွေဆိုတာ
တိုင်းပြည်ဖျက်မယ့်ပိုးတွေပေါ့ ယက်ဗ်တူရှင်ကို။
စစ်အာဏာသိမ်းတာကို ခင်ဗျားကြုံဖူးသလား
ဒီမှာတော့ စစ်တပ်က ခဏခဏအာဏာသိမ်းတယ်လေ။
သေနတ်နဲ့လည်းသိမ်းတာပဲ
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းသိမ်းတာပဲ။
စစ်အာဏာတစ်ခါသိမ်းရင်
အနှစ်(၆ဝ)ကြာတယ် ယက်ဗ်တူရှင်ကို။
ခက်တယ် ယက်ဗ်တူရှင်ကို
ထမင်းကျွေးတဲ့လက်ကိုကိုက်တဲ့ ခွေးက
ထမင်း မကျွေးတဲ့လက်ကိုလျက်တယ်လေ။

( ၃ )
အို- ရဲဘော်ကြီးယက်ဗ်တူရှင်ကို
ဗလာဒီမာပူတင်ရဲ့တပ်တွေ
ယူကရိန်းကိုကျူးကျော်၊ ကရိုင်းမီးယားကိုမတရားသိမ်းတော့
အမေရိကားက ခင်ဗျားအိမ်ကလေး
ယိမ်းထိုးမသွားဘူးလား ယက်ဗ်တူရှင်ကို။
ပူတင်ရဲ့တပ်တွေ
ယူကရိန်းနယ်စပ်က ဆုတ်ခွာမသွားသေးဘူး။
ကရိုင်းမီးယားဟာ ပထွေးလက်ထဲမှာ
အပျိုရည်မပျက်အောင် အရှက်ကို
တင့်ကားပျက်ထဲ မနည်းဝှက်ထားရတယ်။
"ငါ့ ကို ကရိုင်းမီးယားပြန်ပေး
ငါ့ ကို ကရိုင်းမီးယားပြန်ပေး"
ယူကရိန်းအမေအိုတစ်ယောက် ငိုကြွေးနေတယ်။
ယက်ဗ်တူရှင်ကို
ခင်ဗျား ရုရှားကိုပြန်သွားပါ
အရင်ကလိုပဲ မတရားမှုတွေကိုဆန့်ကျင်ပါ။
"ဘာဘီယာ" ကဗျာနဲ့ လူမျိုးရေးမုန်းတီးမှုတွေ
ခင်ဗျားဆန့်ကျင်ခဲ့သလို။
ယက်ဗ်တူရှင်ကို
ဗမာပြည်ကိုလည်း သွားလည်ပါဦး။
ခင်ဗျားရဲ့တိုက်ရေယာဉ်ကြီး မောင်သော်က ကတော့
အကျဉ်းထောင်ထဲမှာ ကျဆုံးခဲ့ပြီ။
ခင်ဗျားရဲ့ရှမ်းပြည်ကြီး မောင်လင်းယုန်လည်း
ထောင်ကလွတ်လာပြီး ကွယ်လွန်သွားခဲ့ပြီ။
ပြီးတော့ ရန်ကုန်မှာ
ဒါမှမဟုတ် နေပြည်တော်မှာ
ကဗျာရွတ်ပါဦး ယက်ဗ်တူရှင်ကို။
ထမင်း မကျွေးတဲ့လက်ကိုလျက်နေတဲ့ခွေးတွေက
ထမင်းကျွေးတဲ့လက်ကို ကိုက်နေကြတယ်လေ။
အဲဒီခွေးတွေ ငရဲပြည်ပို့ပစ်ဖို့
ကဗျာတွေရွတ်နေရမယ်လေ
မဟုတ်ဘူးလား ယက်ဗ်တူရှင်ကို။
ကျနော့်စိတ်ကူးထဲမှာ
ဗော်လဂါမြစ်ထဲ ခင်ဗျားအရိုးပြာတွေမျှောကြည့်မိတယ်
မျှောလို့မရပါဘူး။
ရေခဲနေတဲ့ သွက်ချာပါဒမြစ်ထဲမှာ
ခေတ်ကိုညင်သာအောင် ဘယ်ဝိညာဉ်စုန်ဆန်နိုင်မှာလဲ။
ဧရာဝတီကတော့ စီးဆင်းနေတုန်းပါ
ယက်ဗ်တူရှင်ကို။
ပြည်သူရဲ့သွေးနဲ့ ပူနွေးနေတဲ့သူ့နှလုံးသားက
ခေတ်အဆက်ဆက် တဆတ်ဆတ်ခုန်လို့ပေါ့ ။
အို- ယက်ဗ်တူရှင်ကိုရဲ့
မစ်ရှီဂန်မဲဇာမှာတော့ ကျနော်က
နွေဦးနှင်းမိုးတွေနဲ့ စိုရွှဲလို့ပေါ့ ။
ကျနော်တို့ဗမာပြည်က ဖက်ဒရယ်အိမ်ကြီးကတော့
မုန်တိုင်းထဲ ဖက်ဆစ်မိုးတွေ ယိုဆဲပေါ့ ။
ကျနော်တို့ပြည်ထောင်စုကလည်း
နေ့စဉ်နဲ့အမျှ
သူရဲကောင်းတစ်ယောက်ရဲ့အမည်နာမကို
ဖျောက်ဖျက်နေသလိုပဲပေါ့ ။
စိတ်မကောင်းစရာတွေ မပြောတော့ပါဘူး
ယက်ဗ်တူရှင်ကို။
ခင်ဗျားဝိညာဉ် ငြိမ်းချမ်းပါစေ
ကျနော်တို့ "ဇီမာလမ်းဆုံ" မှာပြန်ဆုံကြမယ်။
နှင်းခဲပျော်ချိန်ရောက်ရင်တော့
ဗားတော့ဗရက်ရဲ့ပဲပင်ကလေးတွေ
အညှောက်ပေါက်လာမှာပါ ယက်တူရှင်ကို။
အခုနေတော့ ကျနော်တို့
တိုင်းပြည်ချစ်စိတ်နဲ့ကဗျာတွေရေးနေရဦးမယ်။
ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ခွေးတွေက
ထမင်း မကျွေးတဲ့လက်ကို လျက်နေတယ်လေ ယက်ဗ်တူရှင်ကို။ ။


အောင်ဝေး