Friday, August 18, 2017

ကာ န ယ် နဲ့  ပ န်း ချီ ဆ ရာ ။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTN3dRUMDwAeWOvFJaZEhdxIzdnCNzuwl8SnV3WGal7i2FQ4n3hx2E9ANXOtsx-qPNxYpYxB6Hb0fDLm4Hz2nWqsHH6sIng9BVmKzpoQc8RLiQIaiPWoUDVO9XMks8qvdiQt4jBdrfeiS_/s1600/IMG_5721.jpg

"ကာနယ်က
ငါ့ ဆရာကွ"
ဈာပနယာဉ်တန်း
ကမ္ဘာအေးလမ်းမှာ
သူ လွမ်းပြော ပြောတယ်။

လောကနတ်
ကာနယ်ကြည်မောင်
ဓမ္မိကဘသန်း
ပန်းဆိုးတန်း
လွမ်းမိုးသန်းစရာ
အတိတ်မှာ။

ကာနယ့်ဆီက
ဂီတရဲ့ပန်းချီ
ဒါမှမဟုတ်
ပန်းချီရဲ့ဂီတ
သူရခဲ့မယ်။

အဖမ်းအဆီး
အချုပ်အနှောင်
အမှောင်လက်သည်းဝှက်
ထောက်လှမ်းရေးနဲ့
သတင်းပေး
ငရဲခွေးတွေ စောင့်ကြည့်နေတဲ့ကြား
ဈာပနကားတစ်စီးပေါ်မှာ
သူ
ကာနယ့်ကို နောက်ဆုံးဂုဏ်ပြုဖို့
လိုက်ပါလာရဲ့။

ဒါကြောင့်လည်း
ခင်ဝမ်းက
ခင်ဗျားကို ချစ်ခဲ့တာနေမှာ
အို ... မောင်ဒီ။ ။

ေ အာ င်ေ ဝး


(၂ဝဝ၄၊ သြဂုတ် ၁၉ နေ့က ကွယ်လွန်ခဲ့သော အန်ကယ်ဦးကြည်မောင်သို့)

Related Posts:

  • စ စ် ( ၆ )မခင်ပန်းကလေးစစ်က ကြမ်းတော့အလင်းနှစ်တစ်သန်း အကွာကလွမ်းဆိုလည်း လွမ်းပါ့မယ်။အရေးကြီးတာကထပ်ပြီး မဝေးအောင်ကပ်ဘေးရှောင်ဂါထာ ရွတ်ကြမယ်။"Stay Home. Stay Safe.… Read More
  • စ စ် ( ၁ ၀ ) ခွေးတွေက အူလိုက်တာစစ်ကြီးထဲအပူလှိုင်း ဖြတ်ချိန်ညီလေးမင်းပါရောပြီး "ဂိန်" သွားမယ်သတိထား။ ။အောင်ဝေး(ဧပြီ ၂၃၊ ၂၀၂၀)COVID-19ကမ္ဘာ- ကူးစက် ၂ ၆၄၅ ၇၀၃။ သေဆုံ… Read More
  • စ စ် ( ၉ )ငါ့မိန်းမရဲ့ ဝေါ့ကင်းရှူးက တွေးတယ်။ရှော့ပင်း မထွက်ရလို့ငါ့မိန်းမရဲ့ ဝေါ့ကင်းရှူးက တွေးတယ်။"ငါ လျှောက်တယ်၊ ဒါကြောင့် ငါရှိတယ်။အခု ငါ မလျှောက်ရဘူး၊ ဒါကြ… Read More
  • စ စ် ( ၈ )ကိုမြင့်နိုင်ကြီးရဲ့။အခြေခံလူတန်းစားအများစုဆိုတာဘတ်စကားပေါ်မှာ ကြီးပြင်းဘတ်စကားပေါ်မှာ အိုမင်းဘတ်စကားပေါ်မှာပဲစစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းရတာရှင် ဘယ်… Read More
  • စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀)## စ စ္ ( ၄ ) ဟိုကအတ… Read More

0 comments: