Sunday, November 1, 2009

Aung Way - Kyaw Thu

ကျော်သူ
အောင်ဝေး
နိုဝင်ဘာ ၁၊ ၂၀၀၉


ကျော်သူ …
ခု အခြေအနေက
တိုင်းပြည်က နုနု
မုန်တိုင်းကထန်ထန် မဟုတ်တော့ဘူး။


ကျော်သူ …
ခု အခြေအနေက
တိုင်းပြည်က ရင့်ရင့်
မုန်တိုင်း ရော်ရော်။

ကျော်သူ …
မင်း ကြေကွဲနေသလား။

ကျော်သူ …
မင်းနာကြည်းနေသလား။

ကျော်သူ …
မင်းကို ပြည်သူက ချစ်နေတာ
ဂုဏ်ယူပါ။

ကျော်သူ …
မင်း ဘယ်တော့မှ မပျောက်ကွယ်ဘူး
အားတင်းပါ။

ကျော်သူ …
မင်းဟာ ပြည်သူ့ရင်ထဲမှာ
ထာဝရရုပ်ရှင်မင်းသား။

ကျော်သူ …
မင်းကို ဘယ်အာဏာရှင်ကမှ ပိတ်ပင်လို့မရ
တားဆီးလို့မရ။

ကျော်သူ …
မင်းဟာ ငါတို့ ရဲ့ အမြဲတမ်းရဲဘော်။


ကျော်သူ …
မင်းဟာ ဦးထွန်းဝေ ပြီးရင်
ရွှေဝါရောင်သူရဲကောင်း။

ကျော်သူ …
ရန်သူ ဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။

ကျော်သူ …
ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်။

ကျော်သူ …
မင်းကို ဒေါ်အောင်ဆန်းစုကြည်ကလည်း
ချစ်တယ်။

ကျော်သူ
မင်းရဲ့ အမှန်တရားဟာ
မင်းရဲ့မျက်ရည်ကို သုတ်ပေးပါလိမ့်မယ်။

ကျော်သူ …
မင်း ကတုတ်ကျင်း နက်နက်တူးပါ
ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံပါ။

တနေ့ 
ပြည်သူတွေ အောင်ပွဲခံပါလိမ့်မယ် ကျော်သူ။

ပြည်သူထဲမှာ
မင်းလည်းပါတယ် ကျော်သူ။

ကျော်သူ …
ခု အခြေအနေက
--- --- ---- ။ ။

အောက်တိုဘာ ၃၀၊ ၂၀၀၉

Read More...

Saturday, October 17, 2009

Revolution participants

လွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများ

အရေးတော်ပုံ ရင်ခုန်သူများ


၁) နိဒါန်း
၂) မြသန်းတင့်
၃) မောင်သော်က
၎) ထွန်းဝေ
၅) ပိုင်သ၊ ဆူး

Read More...

Friday, October 16, 2009

Students' Movements in Burma'

လွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများ

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ


၁) နိဒါန်း
၂) ‘အိုးဝေကျေးဇူး’
၃) ‘၁၉၂ဝ ပထမ တက္ကသိုလ်သပိတ်’
၎)‘၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်’

၅)‘၁၉၃၈ တတိယ တက္ကသိုလ် သပိတ် ၁၃ဝဝ ပြည့် အရေးတော်ပုံ’
၆)‘ကျောင်းသားသမဂ္ဂ၊ ရဲဘော်သုံးကျိပ်နှင့် ဖက်ဆစ်တော်လှန်ရေး’
၇)‘ကျောင်းသား သမဂ္ဂနှင့် လွတ်လပ်ရေး’
၈)‘၁၉၅ဝ ခုနှစ်များ ကျောင်းသားလှုပ်ရှားမှု’

၉)‘အိမ်စောင့် အစိုးရလက်ထက် ကျောင်းသားသမဂ္ဂ’
၁၀)‘၁၉၆ဝ ပါလီမန်ရွေးကောက်ပွဲနှင့် ကျောင်းသားသမဂ္ဂ’
၁၁)‘၁၉၆၂ ဇူလိုင်လ (၇)ရက် အရေးအခင်း’
၁၂)‘၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် ကျောင်းသားသမဂ္ဂ’

၁၃)“၁၉၇ဝ ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုသဘင်”
၁၄)‘၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း နှင့် ကျောင်းသားများ’
၁၅)“၁၉၇၄ ဦးသန့်ဈာပန”(ပထမပိုင်း)
၁၆)“၁၉၇၄ ဦးသန့်ဈာပန”(ဒုတိယပိုင်း)

၁၇)‘၁၉၇၅ ရွှေတိဂုံ အထွေထွေသပိတ်’
၁၈)“၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်း”
၁၉)‘၁၉၇၈ အောက်တိုဘာ ဗန်းမော်တင်အောင် ဈာပန’
၂ဝ)‘၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံ (ပထမပိုင်း)’

၂၁)၁၉၈၈ - ရှစ်လေးလုံးအရေးတော်ပုံ (ဒုတိယပိုင်း)
၂၂)‘ကျောင်းသားတပ်မတော်ပေါ်ထွန်းလာခြင်း’
၂၃)‘ရှစ်လေးလုံး အလွန်ကျောင်းသားတိုက်ပွဲများ’
၂၄)‘ဒေါ်အောင်စုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ’

၂၅) ‘ဗကသ နှင့် ရွှေဝါရောင်တော်လှန်ရေး’
၂၆) ‘အနာဂတ်ကျောင်းသားတိုက်ပွဲ’ [ နိဂုံးပိုင်း ]


Read More...

Aung Way on the fifth nation

လွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများ

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း


အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎

အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈

အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂

အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆

အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀

အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ (နိဂုံးပိုင်း)

Read More...

O New York!

အို … နယူးယောက်
အောင်ဝေး
အောက်တိုဘာ ၁၆၊ ၂၀၀၉


အို ... နယူးယောက်
သင့်ရဲ့ တောက်ပမှုကို
ငါတို့ အသိအမှတ်ပြုပါရဲ့ ။

အို ... နယူးယောက်
ငါတို့ ရဲ့ တောက်ပမှုကိုလည်း
သင် အသိအမှတ်ပြုပါလော့။

ဖိနပ်နဲ့ ပစ်တာပဲ
သေနတ်နဲ့ ပစ်တာမှ မဟုတ်တာ။

ကော်ဖီခွက်နဲ့ ပေါက်တာပဲ
ဓားနဲ့ ပေါက်တာမှ မဟုတ်တာ။

တံတွေးနဲ့  ပက်တာပဲ
အက်စစ်နဲ့ ပက်တာမှ မဟုတ်တာ။

ပါးစပ်နဲ့  အော်တာပဲ
ခါးပတ်နဲ့ ဆော်တာမှ မဟုတ်တာ။

အို... နယူးယောက်
တတိုင်း တပြည်လုံးကို
သေတွင်းပို့ နေသူတွေ အပေါ်
သင် ဘာ့ကြောင့် ကာကွယ်ပေးနေရတာလဲ။

အို ... နယူးယောက်
သင့်ရှေ့ မှောက်မှာ
စစ်ရာဇ၀တ်ကောင်တွေ ရောက်နေတာ
ဘာအကျိုးရှိပါသလဲ။

ငါတို့ ဧည့်နိုင်ငံသားတွေ
သင့်တရားဥပဒေကို လေးစားပါရဲ့ ။

အို ... နယူးယောက် ငဲ့
သင့် တရားဥပဒေက
ငါတို့ မြန်မာနိုင်ငံသားတွေကို မစော်ကားမိပါစေနဲ့ ။ ။

အောက်တိုဘာ ၁၀၊ ၂၀၀၉

Read More...

Tuesday, September 29, 2009

on the way back

အပြန်လမ်း
အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။

လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။

အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။

အားငယ်ရင်
ဒေါ်အောင်ဆန်းစုကြည်နာမည်
တကျော်ကျော်ခေါ်မြဲ။

လူကတော့ ဘာမှမလှုပ်တတ်မရှားတတ်
ပြသနာမရှိဘူး
ရတယ်။

မပျော်ဘူးဆိုတဲ့ အဓိပ္ပာယ်က
ဒီမိုကရေစီရမှဖြစ်မယ်ဆိုတဲ့အနက်
ထွက်တယ်။

မနက်ဖြန်
ဖြစ်ချင်လည်းဖြစ်မယ်။

အခု
သီချင်းသံကြားနေတယ်မဟုတ်လား။

အလားတူပါပဲ
ဝံပုလွေတွေ အူကြပါစေ။

ရှေ့ကိုနည်းနည်းဆက်လျှောက်လိုက်ရင်
မြှားတစ်ဆုပ်ရလိမ့်မယ်။

ဘယ်တော့မှ
ကိုယ့်ကိုလမ်းပြနေတဲ့ ကြယ်ကို ပြန်မပစ်လေနဲ့။



[ မူရင်း - ၂၀၀၉၊ သြဂုတ်လထုတ် မန္တလေးဂေဇက် - ကဗျာကဏ္ဍ ]

Read More...

Thursday, September 17, 2009

National Offensiveness

အမျိုးသားပြန်လည်တိုက်ခိုက်ရေး
အောင်ဝေး
စက်တင်ဘာ ၁၅၊ ၂၀၀၉

လော့စ်အိန်ဂျယ်လိစ်မှာ
တောမီးတွေ လောင်နေတယ်။

ကမ္ဘာအနှံ့မှာ
ဘောလုံးပွဲတွေ ကျင်းပနေတယ်။

(တောမီးကို တောမီးနဲ့ ပဲ
ငြိမ်းသတ်ရတယ်) တဲ့ …
တစ်ခါက ပဲခူးရိုးမပေါ်က
အဘိဓမ္မာစကား။

ပြည်သူ့ နှလုံးသား
မီးလောင်နေတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်
EPL ပွဲစဉ်
မန်ယူ ၂ - အာဆင်နယ် ၁
သရဲနီတွေရဲ့ တိုက်စစ်
အမြောက်ကြီး မခံနိုင်။

နိုင်ငံတကာဘောလုံးသီဝရီ
(တိုက်စစ်ဆင်ခြင်းဟာ
အကောင်းဆုံးခံစစ်) ဟူလို။

ဟိုတုန်းက ဗကပ ရဲ့
နာမည်ကျော် မိုင်းယောင်းမြို့သိမ်းတိုက်ပွဲ
(ထိုးစစ်ကို ထိုးစစ်နဲ့ ရိုက်ချိုးရသတဲ့ )

ဟော … တောင်အမေရိကဇုန်
World Cup ခြေစစ်ပွဲ
ဘရာဇီး ၃ - အာဂျင်တီးနား ၁
မဟာပြိုင်ဘက် အချင်းချင်း
တိုက်စစ်ပြင်းတဲ့ မြင်းက နိုင်တယ်။

ရုပ်ရှင်မင်းသားကြီး အာနိုး
ကယ်လီဖိုးနီးယား မီးခိုးနံ့ စွဲ …
မန်ယူ အလံထူဆဲ-
ဘရာဇီး ခြေစစ်ပွဲ အောင်သွားပြီ …

ကျနော်တို့ ဒီမိုကရေစီစစ်ပွဲ အောင်ဖို့ပဲ
ကျန်တော့တယ်။

နအဖ နဲ့ ကျနော်တို့ 
ပြိုင်ဘက် မဟုတ်
ရန်ဘက် …
(ပြိုင်ဘက် လုံးဝ မဟုတ်၊ ရန်ဘက်သာ)

သူတို့က ရန်သူစစ်စစ်
ကျနော်တို့က အတိုက်အခံစစ်စစ်။

ဘရာဇီးရဲ့ 
(တောင်အာဖရိက မြေပေါ်က)
၂၀၁၀ အိပ်မက်ဟာ
ချိုမြိန်ကောင်း ချိုမြိန်မယ်။

ကျနော်တို့ မြေပေါ်က ၂၀၁၀ ဟာ
ခါးသီးစွတကား။

ပြည်သူ့နှလုံးသားမီးလောင်ပြင်
စစ်ဖိနပ်တွေ မနင်းစေနဲ့ ။

ငါတို့ အားလုံး အသင့်ပြင်…

ရွှေဝါရောင်ဒီလှိုင်းတွေ တရိပ်ရိပ် တက်လာပြီ
ပင်လယ်အော်သံ ကြားသည်။

အမျိုးကောင်းသားတို့ 
အစွမ်းကုန် တိုက်ခိုက်ကြစို့ …

ငါတို့ ခေတ်မှာ ငါတို့ အဘိဓမ္မာ
(အမျိုးသားပြန်လည်တိုက်ခိုက်ရေးသာ
အကောင်းဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေး) ဖြစ်တယ်။ ။

(ပြည်တွင်းက ဘ၀တူ MNL ဘောလုံးဝါသနာအိုးများသို့ )

၀၉-၀၉-၀၉

Read More...